/14/

3.5K 547 26
                                    

🍁 Unicode 🍁

နောက်တစ်နေ့တွင် ၊ တစ်ယောက်ယောက်မှ ကုန်ကြမ်းဆီကို ယူလာသည်။

နီးယန် ဆီကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ဒီကုန်ကြမ်းဆီရဲ့ အရည်အသွေးက ဆိုးလိုက်တာ။လုံးဝ မသုံးနိုင်လောက်ဘူး။

"ဘာလဲ? ဒီလူတွေက ငါတို့ အထောက်အပံ့ပစ္စည်းတွေကိုယူပြီး ဒီလို အရည်အသွေးညံ့တဲ့ ဆီတွေကိုပေးတယ်၊ ငါတို့ မသုံးနိုင်ဘူး?"

လူတိုင်းက ဒေါသထွက်နေကြသည်။

အခုတော့ ဒီလူတွေက ငါတို့ကို နှိမ်နေကြတယ်။သူတို့လို စွမ်းရည်မရှိလို့ဖြစ်မှာပေါ့။

"ကျန်းရှုက ဆိုးသွမ်းတာဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ သူက စွမ်းရည်ရှိတယ်၊ သူသာ မသေခဲ့ဘူးဆိုရင် ကုန်ကြမ်းဆီနယ်မြေက ငါတို့ကို ဒီလောက်နှိမ့်ချကြည့်မှာ မဟုတ်ဘူး"

လက်နက်ကိုင်စစ်သားအချို့က မကျေမနပ် မြည်တွန်တောက်တီးနေကြ၏။

၎င်းမှာ သိသိသာသာကို နီးယန်သို့ ဦးတည်ပြောနေခြင်းပင်။

အားလုံးပြီနောက်၊ နီးယန်မှာ ယခု သူတို့၏ လက်ရှိခေါင်းဆောင်ဖြစ်သည်။

နီးယန်က မည်သူ့ကိုမှ စိတ်ဆိုးတာမျိုးမဖြစ်ပေ။

သူမ နှာမှုတ်လိုက်ပြီး သူမ သေနတ်ကို ဆန့်ကျင်ဘက်မှ စကားပြောနေသူအားဖိလိုက်သည်။

"မင်း ကျန်းရှုနောက်ကို ကျေကျေနပ်နပ်လိုက်ပြီးတော့ ငရဲကိုသွားနိုင်တယ်"

ဒီစကားလုံးထွက်လာတဲ့ အခိုက်အတန့်မှာဘဲ မကျေမနပ်ဖြစ်နေကြသူများမှာ ချက်ချင်းဘဲ သူ့တို့၏ ပါးစပ်ကို ပိတ်လိုက်ကြသည်။

ဒီမိန်းမက၊ တကယ့်ကို သွားရှုပ်လို့မရဘူးဘဲ။

လူတွေအား လက်ချာရိုက်ပြီးနောက် နီးယန်က စကားဆက်ပြောလိုက်သည် "ငါတို့ တကယ့်ကို ထိန်းချုပ်သည်းခံပြီး မသွားနိုင်ဘူး၊ သူတို့ ရက်စက်တည်းက မဖြောင့်မတ်မှုအတွက် ငါတို့ကို အပြစ်လာမတင်နဲ့ပေါ့"

ဒါက ဘာကိုဆိုလိုတာလဲ?

နီးယန်က ရယ်လိုက်ပြီး"ကုန်ကြမ်းဆီ သွားခိုးရအောင်၊ ကုန်ကြမ်းဆီ သွားခိုးမယ်?"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Место, где живут истории. Откройте их для себя