/13/

3.7K 587 13
                                    

🍁 Unicode 🍁

လုရှီမင်က ဖျားနေခဲ့ပြီး သူ့ရဲ့ အဖြူရောင်မျက်နှာက ပါးလွှာနူးညံ့ကာ အနီရောင်သန်းနေသည်။

သူက စုရွမ်ရွမ်လက်ကိုမှီထားပြီး အားနည်း သနားချင့်စဖွယ်ကောင်းကာ အကူညီမဲ့နေသည် ။အမျိုးသားက အလွန်ချောမောကြည့်ကောင်းနေပြီး တစ်ဝက်စိုထိုင်းနေသော အနက်ရောင်ဆံပင်နဲ့အတူ ပိန်ပါးသောခန္ဓာကိုယ်က စောင်အောက်တွင်ထုပ်ပိုးထားသည်။

"ဒါက အဖျားပျောက်ဆေး"
နီးယန် အနားက ဆရာဝန်ဆီမှ အဖျားပျောက်ဆေးယူလာခဲ့၏။

စုရွမ်ရွမ် ချက်ချင်းဘဲ အ‌ဖျားပျောက်ဆေးကို လုရှီမင်ပါးစပ်ထဲသို့ သိပ်ထည့်လိုက်သည်။

သို့သော်လည်း အမျိုးသားက သူ့ပါးစပ်ကို မဖွင့်‌ေပ။‌ေရွးချယ်စရာမရှိဘဲ စုရွမ်ရွမ် ဆေးကို ခက်ခက်ခဲခဲ သိပ်ထည့်လိုက်သည်။

"အား!"

ခက်ခက်ခဲခဲ ဖိအားပေးခြင်း၏ အကျိူဆက်ကတော့ စုရွမ်ရွမ်မှာ အမျိုးသား၏ ကိုက်ခြင်းခံလိုက်ရ၏။

Huh Huh

စိတ်ဓာတ်ကျစွာဖြင့် သူမလက်လေးပေါ်က ကိုက်ရာကို လေမှုတ်လိုက်၏။လုရှီမင်ကိုက်လည်းဘဲ ပြင်းပြင်းပြပြသည်းခံလိုက်ကာ လူကို စတင်ချော့မြူလိုက်သည်။

"ဒါက အဖျားပျောက်ဆေး၊သောက်လိုက်နော်"

အမျိုးသားက မျက်လုံးများပိတ်ထားပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။အိမ်မက်ဆိုးမက်နေသလိုပင်။

နူညံ့သိမ့်မွေ့သော အပူချိန်နဲ့လက်တစ်ဖက်က သူ့ကိုထိတွေ့နေတာကို သူခံစားမိ၏ ။နူးညံ့သော ငှက်သိုက်မုန့်လေးလိုပင်။ အသံ‌ေလးကလည်း ကောင်မွန်လှပြီး ချိုချိုမြိန်မြိန်လေးနဲ့ စူးရှနေ၏။

ထိုအသံလေးမှာ သက်တောင့်သက်သာ ရှိသောကြောင့် လုရှီမင်မှာ နိုးထဖို့ရန်မလိုလားပေ။

သူက နေရာတွင်အိပ်နေခဲ့ရုံသာမက သူဘေးပတ်လည်က ဝါဂွမ်းလို ဗလုံးဗထွေး အသံလေးကြောင့်လည်းဖြစ်၏။

စုရွမ်ရွမ် သူ့ပါးစပ်ကို မဝံ့မရဲဆိတ်လိုက်သည်။အမျိုးသားက သူ့သွားများကို စေ့ထားပြီး ဖွင့်ဖို့ငြင်းဆန်နေ၏။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now