/15/အဆက်၂

3.4K 566 8
                                    

🍁 Unicode 🍁

ဝမ်ရွှီရွှီ ဝင်လာတော့ ကြမ်းပြင်ပေါ်က သွေးများကို မြင်လိုက်၏။ထို့နောက် အကောင်းပကတိရှိနေသော လုရှီမင်နှင့် စုရွမ်ရွမ် ဖျော့တော့သော အပြုံးမျက်နှာနှင့်အတူ ကြည့်လိုက်သည်။

"အောင်မြင်တယ် မဟုတ်လား?"

လုရှီမင်က စကားမပြောခဲ့ပေ။

ဝမ်ရွှီရွှီက စွန့်လွှတ်ဖို့ ငြင်းဆန်လိုက်ပြီး သူမက ရှေ့ကို ရောက်လာသည်။သူမ ခြေထောက်တွင်မူ သွေးများတတောက်တောက်ကျနေ၏။

သူမက ကြမ်းပြင်ပေါ် ဒူးထောက် ကျသွားသည်။ သူမ လာနေတော့ ချည့်နဲ့နေသော ခြေထောက်ကို ဆုပ်ကိုင်ထားပြီး၊သူမ အသံကမွန်းကျပ်နေကာ မရမက ဇွဲကောင်းနေ၏။

"အောင်မြင်တယ် မဟုတ်လား?"

လုရှီမင်က သူ့မျက်လုံးကို နှိမ့်လိုက်၏။ သူ့မျက်နှာအမူအရာက စိတ်၀င်တစားမရှိဖြစ်နေကာ တိတ်ဆိတ်မှုသာလျှင် ကျန်ရှိနေ၏။

"ဝမ်ရွှီရွှီ၊ကုသန်းထွက်သွားပြီ၊ သူ..."

ရှန်းဝိန်က လုရှီမင် ၊စုရွမ်ရွမ် နှင့် သွေးတွေ ဖုံးလွှမ်းနေသော ဝမ်ရွှီရွှီကို မြင်လိုက်သည်။

သူက ချက်ချင်းပဲ ရှေ့ကို လှမ်းလာပြီး ဝမ်ရွှီရွှီကို သူ့လက်မောင်းတဲ ထွေးပိုက်လိုက်တာ လုရှီမင် အား ခပ်စူးစူးအကြည့်ဖြင့် ကြည့်လိုက်သည်။

ဝမ်ရွှီရွှီက ရှန်းဝိန်ကို လက်တစ်ဖက်နှင့် ဆွဲလိုက်ပြီး မျက်နှာသေ အမူအရာနှင့် လုရှီမင်ကိုကြည့်လိုက်ကာ ရုတ်တရက် ပြုံးလိုက်၏။

"မင်း အောင်မြင်မယ်ဆိုတာ ငါသိတယ်"

" မျှော်လင့်ထားသလိုပဲ...ငါအဖတ်မမှားခဲ့ဘူး"

ဝမ်ရွှီရွှီမှာလည်း စွမ်းရည်ရှိသည်။

ဒါပေမယ့် သူမ စွမ်းရည်က ခွန်အား မဟုတ်ပေ။

ထိုသည်က စူးစမ်းရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။

သူမက တခြားသူများ၏ စွမ်းရည်များကို စူးစမ်းရှာဖွေဖော်ထုတ်နိုင်သည်။သန်မာသော စွမ်းအားများ ၊ သန်မာသောလူများကို သူမခံစားမိနိုင်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now