/8/အဆက်

3.8K 600 24
                                    

🍁 Unicode 🍁

စစ်ဆေးပြီးနောက် လူတိုင်းက ကွင်းပြင်တွင်ရပ်ပြီး ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ခံရဖို့ စောင့်နေကြသည်။

စကားပြောဖို့ရောက်လာသူမှာ ခေါက်ဆွဲနွယ်ပင် ဖြစ်သည် ။ကြမ်းတမ်းသော ရည်ရွယ်ချက်က မိမိကိုယ်တိုင် ကိုယ်ရည်သွေးဖို့နဲ့ တခြားသူတွေကို သိမ်ငယ်စေဖို့ဖြစ်သည်။

တွေ့ဆုံပွဲပြီးနောက် ခေါက်ဆွဲနွယ်ပင်က စုရွမ်ရွမ်ဆီကို လျှောက်သွားခဲ့ပြီး သူ့မျက်နှာပေါ်က သွားရည်ကျတဲ့အကြည့်က အတားအဆီးမရှိဖြစ်နေသည်။သူက သေးငယ်တဲ့ နွယ်တစ်ခုကိုထုတ်လိုက်ပြီး စုရွမ်ရွမ်မျက်နှာပေါ်က ခေါင်းစွတ်ကို ဖယ်ထုတ်လိုက်သည်။

စုရွမ်ရွမ်ကြောက်ရွံ့မှုကြောင့် သတိမထားမိစွာ နောက်ဆုတ်သွားသည်။

လူကို ရိုက်တယ်။

လုရှီမင်က သူ့လက်ကိုမြှင့်လိုက်ပြီး လူကို သူ့လက်မောင်းထဲဖက်လိုက်သည်။အမျိုးသားတွင် ဆောင်းရာသီတွင် ကြွင်းကျန်ရစ်သောနှင်းလိုမျိုး  အေးစက်စက်နှင့် လန်းဆန်းသောရနံ့ရှိနေသည်။

စုရွမ်ရွမ် မျက်ရည်စမ်းစမ်းနှင့် သူမမျက်လုံးအားမှိတ်လိုက်ပြီး လုရှီမင်လက်မောင်းထဲတွင် တုန်တုန်ယင်ယင် ကွေးနေသည်။

သူမ မျက်လုံးတစ်ဖက်ဖွင့်လိုက်ပြီး ခေါက်ဆွဲနွယ်ပင်ကို ကြည့်လိုက်တော့ သူ့မှာလက်မရှိဘူးဆိုတာ သူမတွေ့လိုက်သည်။

လက် ရှိသင့်သောနေရာတွင် ကြီးမားတဲ့ နွယ်ပင်ကြီးနှစ်ခုရှိနေသည်။သူ့လက်တွေကိုေပြာင်းလိုက်တော့ လက်မောင်းနဲ့ လက်ဖဝါးကိုတောင်မှပေါ်ထွက်လာအောင်ဖန်တီးနိုင်လေသည်။
ဒါက သစ်သားစွမ်းရည်နဲ့ မသန်စွမ်းသူတစ်ယောက်ထွက်ပေါ်လာစေသည်။

"ငါက ကျန်းရှုပါ"ခေါက်ဆွဲနွယ်ပင်အကြည့်က နောက်ဆုံးမှာတော့ စုရွမ်ရွမ်ပေါ်မှ ရွေ့သွားသည်။သူက လုရှီမင်ကိုကြည့်လိုက်ပြီး စုရွမ်ရွမ်ခါးပတ်လည်တွင် ဖက်ထားသော လုရှီမင်လက်ကိုကြည့်လိုက်ကာ သူ့မျက်နှာတွင် ရက်စက်မှုတစ်ခု လက်သွားသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now