/20/

3.6K 543 17
                                    

🍁 Unicode 🍁

ရှောင်ယွီက သူကိုယ်တိုင် အပြင်ထွက်ပြီး ရိက္ခာပစ္စည်းရှာမယ်ဆိုတာ နီးယန်ကြားလိုက်သည်။

ပထမတော့ နီးယန်က သဘောမတူခဲ့ပေ။

"ကျွန်မရှင်နဲ့ အတူလိုက်ခဲ့မယ်" သူမက ရှောင်ယွီကို ကြည့်လိုက်သည် ။ သူမမျက်နှာပေါ်တွင်တော့ စိုးရိမ်နေမှုကို ဖုံးကွယ်မထားနိုင်ပေ။

"မင်းက ကျောက်မီးသွေး နယ်မြေကို စီမံရအုံးမယ်လေ၊သူတို့က မင်းမရှိလို့မဖြစ်ဘူး၊ ငါ တစ်ယောက်တည်း သွားနိုင်ပါတယ် ၊ လူနည်းနည်း ပဲရှိရင် အန္တရာယ်လည်း ပိုနည်းလိမ့်မယ်" ရှောင်ယွီက နီးယန်ကို ငြင်းဆိုလိုက်သည်။

နီးယန်က ပိုပြောချင်နေပေမယ့် ရှောင်ယွီက သူမကို ကြားဖြတ် ပြောလိုက်သည် " ရိက္ခာပစ္စည်းသာ မရှိရင် မင်းဘက်ကအရာတွေက ကိုင်တွယ်ဖို့မလွယ်ဘူး၊ စိတ်မပူပါနဲ့၊ ထောက်ပံ့ပို့ဆောင်ရေးကို ငါ့တာဝန်ထားပါ"

သူပြောလိုက်တဲ့ ဒီစကားတွေကို နီးယန်က ချက်ချင်းပဲ အဓိပ္ပာယ်ဖွင့်လိုက်သည် "ငါက မင်းနောက် ကလူပဲ!"

နီးယန်က ခံစားသွားရပြီး သူမက ရှောင်ယွီကို ချက်ချင်းလက်ထပ်နိုင်လိုက်သလိုမျိုး သူမနှလုံးသားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်၏။

ရှောင်ယွီ၏ အေးတိအေးစက်မျက်နှာတွင်လည်း သေးငယ်သော အပြုံးလေးတစ်ခုပေါ်လာပြီး သူက ပြောလိုက်သည် "ငါသွားတော့မယ်"

"အင်း"

နီးယန်က နေရာမှာ ရပ်နေပြီး ကော်ရစ်တာ အဆုံး၌ ရှောင်ယွီ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို စောင့်ကြည့်နေခဲ့သည်။

စုရွမ်ရွမ်က ခွေးပေါက်လေးကို ဖတ်ထားပြီး အသံသေးသေးဖြင့် ပြောလိုက်သည်" ရှင်က ကလေးနာမည်တောင်မှ စဉ်းစားထားပြီးပြီလား?"

"အင်း၊ အဲဒါက ခေါ်တယ်..."နီးယန်က ရူးကြောင်ကြောင် မျက်နှာအမူအရာနဲ့ စကားပြောနေခဲ့ပြီး တစ်ချက်ကြည့်ဖို့ သူမ ခေါင်းကို လှည့်လိုက်သည်။

စုရွမ်ရွမ်ဆီသို့ အကြည့် ရောက်တဲ့အခါ သူမက (NY) သူမကို (SRR) စိုက်ကြည့်လိုက်ပြီး " ငါကိုများ နင့်လိုထင်နေလား ၊ ဒီလောက် ပွင့်လင်း မနေဘူးဟေ့" လို့ပြောပြီး နီးယန်က ရှက်သွေးဖြာပြီး ထွက်သွားတော့သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now