ဝမ်လုသည် သူမ၏လက်ကို ဝှေ့ယမ်းကာ အေးစက်စွာပြောလိုက်သည်: " မလိုဘူး။ "

ဝမ်လုသည် ပထမအိမ်တော်ကို မကျေနပ်ဆုံးဖြစ်သည်။ သို့သော်၊ သူမ၏သားတွေ ဒုက္ခရောက်နေချိန်၌ အေးစက်သောမျက်လုံးများဖြင့် ကြည့်နေခဲ့သော အခြားလူများနှင့်ပတ်သက်၍ သူမတွင် ကောင်းမွန်သောခံစားချက်မရှိခဲ့ပေ။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ဘယ်လိုပဲတွေးနေပါစေ ဒီလူတွေဟာ ညီအကိုရင်းလို ခင်မင်ရင်းနှီးမှုအသွင်အပြင်ကိုဆင်မြန်းနေကြတုန်းပါပဲ။

..........

ရှောင်ချန်းဖုန်းက လျှိုရှို့ကိုကြည့်ပြီး " မင်း အပြင်မသွားဘူးလား? "

လျှိုရှို့က နှာ​ခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောသည်။ " အငယ်နှစ်ယောက်! သူတို့ကို နှုတ်ဆက်ဖို့ လူကြီးတွေက စုဝေးဖို့လိုလို့လား? ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က ကျွန်မကို ရန်ငြိုးဖွဲ့ထားတာမို့ အပေါ်ယံ ဘာမှလုပ်ပေးစရာမလိုပါဘူး။ "

" ရှောင်ကျင့်ထျင်က တုချိုးရွာမှာကောင်းကောင်း​နေ​ နေတယ်လို့ကြားတယ်။ " ရှောင်ချန်းဖုန်းက ပြောသည်။

" ရှင်မှားတာဖြစ်လိမ့်မယ်၊ ဒီအရှုံးသမားက အပြင်မှာ တကယ်ကောင်းကောင်းလုပ်နိုင်ပါ့မလား? " လျှိုရှို့က ပြောသည်။

ရှောင်ချန်းဖုန်းက သူ့မျက်လုံးတွေကိုမှေးလိုက်ပြီး " အမှားမဖြစ်နိုင်ဘူး။ သူတကယ်ပြောင်းလဲသွားပြီ။ "

လျှိုရှို့က အံကြိတ်ပြီး ပြောလိုက်တယ် " ရှောင်ချင်းယန် တစ်ယောက်နဲ့​တောင် တော်​တော်လုံ​လောက်​အောင် ခက်ခဲ​နေပြီ။ ရှောင်ကျင့်ထျင်က သူ့ရဲ့ သဘောသဘာဝကို ပြောင်းလဲပြီး သူနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် ဒုက္ခ​ရောက်လိမ့်မယ်။ "

ရှောင်ချန်းဖုန်းက သ​ဘောမတူစွာဖြင့် " အရမ်းအဆိုးမြင်မနေပါနဲ့။ ရှောင်ချင်းယန်က လူများကို လိုက်လျောညီထွေဆက်ဆံနိုင်တဲ့ လူမဟုတ်သလို ရှောင်ကျင့်ထျင်ကလည်း ပြိုင်ဖက်တစ်​ယောက်ဖြစ်တယ်။ ဒီလူဆိုး၃​ယောက်အတွက် သောက်စရာရေတောင်မရှိဘူး။ ရှောင်ကျင့်ထျင် ပြန်လာရင် ရှောင်ချင်းယန်နဲ့ပူး​ပေါင်းမလား ဒါမှမဟုတ် ညီအစ်ကိုနှစ်ဦး အချင်းချင်းတိုက်ခိုက်မလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now