ထိုသူသည် သန်မာသောလက်ကောက်ဝတ်ဖြင့် ပန်းအိုး​၏ရိုက်နှက်ချက်ကို ဟန့်တားလိုက်သည်။

" ခတ်..ကိုကိုပါ..."

သို့ရာတွင် ပန်းအိုးမှာ ရှင်းယံ​၏လက်ကောက်ဝတ်ကို ထိဖြစ်အောင် ထိသွားသည်။ ရှင်းယံသည် "အား" ခနဲ
အသံထွက်သွား​၏။

"ကိုကို...?" 

လင်း အံ့အားသင့်စွာပြောရင်း ပန်းအိုးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ပန်းအိုးသည် ကြမ်းပြင်ပေါ်ကျ၍
အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေ​၏။

"ကိုကို...ကိုကို...ကိုကို...ကိုကို"

ငှက်ပေါက်လေးအော်သလိုမျိုး တတွတ်တွတ်ရေရွတ်ရင်း လင်းသည် ရှင်းယံကို အားကိုးတကြီးဖက်ရင်း မျက်နှာကိုရင်ခွင်ထဲအပ်လေ​၏။

" ကျွန်တော့်ကို ဘယ်သူတွေလာဖမ်းတာမှန်းလဲ မသိဘူး...ကိုကို....အား...တကယ်ပဲ...သေပြီမှတ်တာ...ချီးလို လူတွေ..."

ရှင်းယံသည် နာနေသော လက်ကောက်ဝတ်ကို တခြားလက်တစ်ဖက်ဖြင့်ကိုင်ရင်း မျက်နှာရှုံ့မဲ့နေ​၏။ လက်ကောက်ဝတ်မှာ နာရုံလောက်ပဲဖြစ်ပြီး သိပ်မထိသွား၍တော်သေးသည်။

" ဒါနဲ့...ကိုကိုက ဒီကိုဘယ်လိုရောက်လာတာလဲ..."

လင်းသည် ရင်ခွင်ထဲမှထွက်ကာ သူ့ကိုမော့ကြည့်လျက် ပြော​၏​။ ရှင်းယံ က လင်း​၏အမေးကိုပြန်မဖြေဘဲ ခေါင်းတွင်တွင်ကုတ်နေလေသည်။ လင်း သူ့ကို မီးတောက်ထွက်မတတ်မျက်ဝန်းများနှင့် စိုက်ကြည့်လာ​၏။

" ဖမ်းတဲ့သူတွေကထူးဆန်းတယ်...မေ့ဆေးပေးပြီးဖမ်းတာမှန်ပေမဲ့ ကောင်းကောင်းမွန်မွန်ထားနေသလိုပဲ....ပင်လယ်ကိုခေါ်လာပြီး ဟိုတယ်ကလည်း အကောင်းစားကြီး...ပြီးတော့ ကိုကိုကလည်း ဒီမှာအဆင်သင့်ရောက်နေတယ်...လေယာဉ်ပျံစီးသလိုခံစားချက်လည်း ရလိုက်ပြီးတော့ ကိုကို ကျွန်တော်ကိုပွေ့ချီလိုက်တယ်လို့လည်း ခံစားလိုက်ရတယ်...အိမ်မက်လို့ထင်နေတာပါဆို...စိတ်ထင်နေတာလို့ ထင်ခဲ့တာ...."

လင်းသည် ထိုစကားများကိုပြုံး၍ ပြောပြီးသည့်နောက် ချက်ချင်းဆိုသလို ရုပ်တည်သွားလေ​၏။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now