Liam သည်နိုးနိုးကိုစွေကြည့်လေသည်။

" Liam လည်းအခုမှမြင်ဖူးတာ...ဒါဘယ်သူပို့တာလဲ...ဘာအတွက်ကြောင့်လဲ..."

" အစ်ကို့ကို ပို့တာမဟုတ်ဘူး။ အစ်ကို့ကောင်လေးကို ပို့တာ....ဒီပုံတွေကြောင့် အစ်ကို့ကောင်လေး စိတ်မသက်မသာဖြစ်နေရတယ်"

"နှစ်ယောက် ရန်ဖြစ်ထားတာလား"

Liam က အားတက်သရောမေးလေသည်။ နိုးနိုးသည် ခုံအလယ်ကိုလက်ဖြင့်ရိုက်လိုက်ပြီး ကြားဖြတ်ဝင်ပြောလေ​၏။

" ပြောချင်တာက ဒီပုံတွေက အနောက်ကနေ နောက်ယောင်ခံလိုက်ပြီး ရိုက်ထားတဲ့ပုံမျိုးပဲ။ နောက်တစ်ခုက ဒီလိုမျိုး အိပ်ရာထဲအထိပါ ရိုက်ထားတယ်ဆိုတော့ ပုံရိုက်တဲ့လူက တခြားသူဖြစ်နိုင်ပါဦးမလား..."

နိုးနိုး​၏သံသယအကြည့်နှင့်အမေးကြောင့် Liam ရုပ်တည်သွားသည်။

" အခု Liam ပို့တာလို့ပြောချင်တာလား..."

"ဟုတ်နေတာပဲကို..."

" Liam တောင်အခုမှ သိတာပါ။ ပြီးတော့ Liam က ဘာအတွက်နဲ့ ဒီပုံတွေကို ပို့ရမှာလဲ..."

"ရှင်းယံကိုကြိုက်နေလို့လေ..."

Liam မျက်နှာရဲတက်သွားသည်။

" ဒီကအစ်မက Liam ကိုဒီလိုလာပြောနေတာတော့ မဟုတ်သေးဘူး...ရှင်းကရော Liam လုပ်တာလို့ထင်နေတာလား"

ရှင်းယံဘက်မှ တစ်စုံတစ်ရာပြန်မပြောရသေးခင်တွင် သုတက ခပ်တည်တည်ဝင်ပြောလေသည်။

"ပုံပို့တဲ့နံပါတ်က မင်းရဲ့အဒေါ်နာမည်နဲ့ မှတ်ပုံတင်ထားတယ်..."

"ဒါကို ဘယ်လိုသိ..."

Liamသည် လွှတ်ခနဲပြောပြီးသွားမှ မျက်နှာမဲ့သွားကာ
အောက်နှုတ်ခမ်းကိုကိုက်ပြီး အကြည့်လွှဲသွားသည်။

" တွေ့လား...ပေါ်ပြီပဲ...လက်ရှိ အဲ့ဒီ့အဒေါ်အိမ်မှာ တည်းနေတာမဟုတ်လား...နင့်အဒေါ်ပို့တာလို့တော့ မပြောနဲ့နော်"

နိုးနိုးသည် အောင်နိုင်သူပမာ မျက်နှာမော်၍ပြောသည်။
ရှင်းယံသည်ကား မျက်ခုံးများကိုတွန့်ချိုးရင်း Liam ကိုစိုက်ကြည့်နေသည်။

MISSION IMPOSSIBLE : mission to get crushOn viuen les histories. Descobreix ara