The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
All I want for Christmas is U

ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)

5.3K 754 49
By HanXun

ဘယ်သူကပိုချစ်တယ်ရယ်လို့ ကိုယ်တို့တွက်ချက်နေစရာမှမလိုခဲ့တာ။ ချစ်နေခဲ့တဲ့…ချစ်နေသွားမဲ့နှစ်တွေမှာ ကိုယ်တို့မေတ္တာကအပြန်အလှန် သက်ရောက်နှင့်ပြီးသားမဟုတ်လား ?

……………………………………

"အနွေးထည်က ငါးထည်လောက်ထည့်ပေးလိုက်တယ် အရမ်းအထူကြီးမဟုတ်တော့ နေရာတော့သိပ်မယူပါဘူး ဒီမှာက တီရှပ် သုံးထည်လောက်ပါတယ်နော် လိုလိုမယ်မယ် မာဖလာနဲ့လက်အိတ်
ကဒီအကန့်ထဲမှာ……"

ကုတင်ပေါ် ခရီးဆောင်အိတ်ကြီးကြီးကိုချပြီး Sehun ဘက်ကိုလှည့်လိုက်၊ ပစ္စည်းတွေထည့်လိုက်၊ တတွတ်တွတ်ပြောလိုက်ဖြင့် Luhan
အလုပ်များနေသည်။

သူတို့လက်ထပ်ပြီး (ဒုတိယအကြိမ်မြောက် )
သည့်နောက်ပိုင်းမှာ ပထဆုံးအကြိမ်အဖြင့် Sehunက Luhanမပါပဲအလုပ်ကိစ္စ ခရီးရက်ရှည်သွားရမည်ဖြစ်သဖြင့် Luhanက အဝတ် အစား အိတ်ကိုသေသေချာချာထည့်ပေးနေခြင်းဖြစ်သည်။

ကျန်သည့်အိမ်မှုကိစ္စမထူးချွန်ပေမဲ့ အဝတ်အစားရွေးပေးသည့်အပိုင်းတွင် ပါရမီပါသည့် Luhan က တနှစ်ပတ်လုံး Sehun ၏ပင်တိုင်စံ
စတိုင်လစ်ဖြစ်ခဲ့သည်ပင်။

ယခုလည်း အဝတ်အစားသေတ္တာဖြင့်ရှုပ်နေခဲ့
သည့် Luhanက Sehun အနားသို့ကပ်၍လာမှန်းမသိအောင် ဗျာများနေခဲ့ပြန်သည်။

တလှုပ်လှုပ်ဖြင့်အလုပ်ရှုပ်နေသည့်ကိုယ်သေးသေးလေးကို နောက်ဘက်ဆီမှ ငေးကြည့်နေ
သည့် Sehunက ဖွဖွလေးပြုံးလို့နေသည်။ကိုယ်ငွေ့ ကြောင့် သတိထားမိသွားသည့် Luhanသည် နောက်သို့လှည့်ကြည့်သည်။ အနီးဆုံးမှာရပ်နေလျက် ပြုံးလို့နေသည့် Sehunကိုတွေ့ရသည့်အခါ Luhanသည်လည်း ရယ်ပြုံးသွားပါသည်။

"ဖက်ထားချင်လိုက်တာ "

"အင်း လာလေ……"

လက်နှစ်ဖက်ဆန့်တန်းပြီး ရင်ခွင်ကိုဖွင့်လို့ကြို
သည့်နောက် Sehunက နွေးနေသည့်ကိုယ်လေးကိုအသာအယာထွေးပွေ့လိုက်ပြီး ခေါင်းလုံးလေးအား ရင်ခွင်ထက်မှာမှေးတင်စေသည်။

သူ၏ရင်ခွင်နှင့်အံဝင်ခွင်ကျဖြစ်နေသော အချစ်သည် အကောင်းဆုံးသောလက်ဆောင်မွန်လိုဖြစ်လေသည်။

မိနစ်အနည်းငယ်ခန့်ကြာအောင် ရင်ခွင်ထဲထွေးဖက်လို့ထားရင်း၊ အထွေးဖက်ခံထားရင်း မျက်လုံးတို့မှေးမှိတ်ထားခဲ့သည်။

Sehun က ဆံပင်ညိုပျော့ပျော့လေးများရှိသည့် ခေါင်းလုံးလုံးလေးအားခပ်ဖွဖွပွတ်သပ်ပြီးသည့်နောက် နဖူးစပ်ကို တချက်နမ်းရှိုက်သည်။

"ကိုယ်အကြာကြီးသိပ်မနေဘူး စာချုပ်ချုပ်ပြီးတာနဲ့ပြန်လာခဲ့မယ်နော်"

"အေးအေးဆေးဆေးအလုပ်ကိုသေချာလုပ်ပါ ကျွန်တော့်ကိုစိတ်ပူမနေနဲ့"

"ခင်ဗျားကိုအများကြီးလွမ်းနေရမဲ့ ကိုယ့်ကိုကိုယ်ပိုစိတ်ပူတယ်ဗျာ"

ဖက်ထားရာမှ အတင်းခွာလိုက်ပြီး မျက်မှောင်ကျုံ့ကြည့်လိုက်သည့်အခါ Sehun မှာ တိုးညင်းစွာရယ်မောလျက် Luhanကို ညင်ညင်
သာသာပြန်လည်ပွေ့ပိုက်ထားလိုက်သည်။

နှုတ်ကတဖွဖွမပြောခဲ့သော်လည်း လွမ်းနေကြမည်မှာ အသိသာပါပင်။

Sehun ထွက်သွားပြီးသည့်နေ့များတွင် Luhan အိမ်မှာတစ်ဦးတည်းကျန်ရစ်ခဲ့လေသည်။ အန်တီလီက သူ့ဆွေမျိုးတစ်ယောက် ကျန်းမာရေး
မကောင်းဟုဆိုလျက် ခွင့်ယူထားသဖြင့်နေ့ခင်းဘက်တွေ Luhan အိမ်မှာရှိနေလဲ တစ်ဦးတည်းဖြစ်သည်။

မကြာမှီ တကိုယ်တော်ပြပွဲလုပ်ရန် စီစဉ်ထားပြီးဖြစ်သဖြင့် Luhanအားနေသည်တော့မဟုတ်ပါ။ ကျန်းမာပြီးနောက်ပိုင်းမှ ပထမဆုံပြန်လည်လုပ်
မည့်ပြပွဲဖြစ်သည့်အတွက် သတင်းကအထူး
မွှေးနေခဲ့ပြီးသားဖြစ်သည်။ နာမည်ကကြီးနေခဲ့ဖြစ်သည်။

Sehunသွားပြီးသည့်နေ့မှစ၍ စိတ်နှစ်ကာရေးဆွဲခဲ့သော ပန်းချီကားတချပ်သည် တဖြည်းဖြည်းနှင့်ဆေးစုံလင်လာခဲ့သည်။ ပွဲအတွက်နောက်ဆုံးကားချပ်ဖြစ်ပါပြီး Sehunနှင့်ဖုန်းပြောသည့်တချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် မပြီးပြတ်သေး သည့် ပန်းချီကားထဲ၌သာ နှစ်နေခဲ့သည့် Luhan သည်ယနေ့မှာဖြင့် ကားချပ်ထဲက မှဲ့နက်ကလေးကို ပြုံးလျက်ကြည့်နေခဲ့ပါသည်။

ပန်းချီကိုအာရုံစိုက်နေမိသည့် Luhan သည် ခပ်ကျယ်ကျယ်မြည်လာသည့်ဖုန်းသံကိုကြားမှသာ ပစ္စုပ္ပန်နှင့်အသိစိတ်ပြန်ကပ်သည်။ Sehunမှလွဲ၍ ဒီရက်ပိုင်းအတွင်းခေါ်ဆိုသူမရှိပါသော် လည်း သူမသိသည့်နံပါတ်တန်းတစ်ခုကြောင့် ကိုင်ရနိုးနိုးဝေခွဲရခက်သွားခဲ့ပါသေးသည်။

တွေဝေနေရင်းမှပင် ပထမတကြိမ်ခေါ်ဆိုမှုက ပြတ်တောက်သွားသည်။ မဆိုင်းမတွ ဒုတိယ
တခေါက်ဖုန်းဝင်လာသည့်နောက်မှာLuhan စဉ်းစားမနေတော့ပဲဖုန်းကိုင်လိုက်ပါသည်။

"ဟယ်လို "

"ဟုတ် မင်္ဂလာပါ Han Yongရဲ့ အုပ်ထိန်းသူလားခင်ဗျ"

ထိုသို့စကားစချီလာသည့်ဖုန်းခေါ်ဆိုမှုတစ်ခုအပြီး၌ Luhanတယောက် Han Yong ၏ ကျောင်းသို့ရောက်လာရသည်။

လမ်းညွှန်ပေးလိုက်သည့် ကျောင်းအုပ် ရုံးခန်းဆိုသည်ကို ဝင်သွားလိုက်သည့်အခါ Han Yong
နှင့် တခြားကျောင်းသား၂ယောက်အခန်းထောင့်နားမှာ မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

သုံးယောက်လုံးမျက်နှာမှာ ဒဏ်ရာများနှင့်ဖြစ်၍ Luhanက သက်ပြင်းချပြီး ခေါင်းကုတ်လေသည်။ တဖက်မှအုပ်ထိန်းသူများလည်းရောက်နှင့်နေပြီဖြစ်လို့ ဆရာ့ ရှေ့မှာရှိသည့်ခုံဆီ Luhan အမြန်လျှောက်သွားလိုက်ရသည်။

"မင်္ဂလာပါ ကျွန်တော် Han Yong ရဲ့ အုပ်ထိန်းသူပါ"

"ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ ကျွန်တော်က Han Yong ရဲ့အတန်းပိုင်ပါ ထိုင်ပါခင်ဗျ"

သွေးဆူသည့်လူငယ်ကျောင်းသားအချင်းချင်း
စိတ်အခန့်မသင့်ဖြစ်ကြ၍ ရန်ဖြစ်ကြသည်ပင်။
အနုပညာကျောင်းဖြစ်သည့်အတွက် ကျောင်း ဆင်းသည်နှင့် အနူပညာအလုပ်လုပ်ကြမည့်သူ
များဖြစ်သောကြောင့် ထိုရန်ပွဲကိုအဆက်မရှည်စေပဲအေးအေးဆေးဆေးပြီးသွားရန်သာ မိဘများကလိုလားနေခဲ့၍တော်တော့သည်။

အသိပေးစကားအနည်းအကျဉ်းပြောကြားပြီး Han Yongအပါအ၀င်သုံးယောက်ကို ခံ၀န်လက်မှတ်ထိုးခိုင်းပြီးသည့်နောက်မှာ ရုံးခန်းထဲမှ
ထွက်ခဲ့ကြပါသည်။

ရှေ့ကအရင်ထွက်သွားနှင့်သည့်ကျန်မိဘများနှင့်
ကျောင်းသားများနောက်ကဖြည်းဖြည်းချင်းလိုက်ခဲ့ကြပြီး Luhan က Han Yongကိုစောင်းငဲ့ကြည့်သည်။

နှုတ်ခမ်းထောင့်မှပေါက်ပြဲဒဏ်ရာကို လက်နှင့်
ဆွဲပွတ်နေသဖြင့် Luhan ကပျာကယာပင်

"ဟေ့ ဟေ့ မလုပ်နဲ့လေ လက်နဲ့မထိနဲ့ တခါတည်း
လိုက်ခဲ့ ငါဆေး၀ယ်ထည့်ပေးလိုက်မယ်"

အင်းမလုပ်အဲမလုပ်ဖြင့် ကျောက်ရုပ်ကို Luhan
စိတ်မသက်မသာဖြင့်ကြည့်သည်။ ဘာကိစ္စရန်ဖြစ်ရတာလဲဟုမေးမြန်းသော်လည်း တော်
တော်နဲ့မဖြေ။ လေသံမာသွားကာမှ Luhanကိုမော့ကြည့်လာပြီး

"ဒီလိုပါပဲ ကြားနေကျအတိုင်းပဲ  ကျွန်တော့်ကို
ပညာတော်သင်နဲ့တက်နေတဲ့ ဆွေမျိုးမရှိ
တကောင်ကြွက်လို့ပြောလို့....... ဘယ်သွားမလို့လဲ?"

Han Yongစကားပင်မဆုံးသေးပဲ Luhan ကရှေ့ကသွားနှင့်သည့် ကျောင်းသားနှစ်ယောက်ရှေ့ကိုမှီအောင်လျှောက်သွားလိုက်သည်။ ဇဝေဇဝါဖြစ်သွားသည့် ကျောင်းသားမိဘများကို ခေါင်းညိမ့်နှုတ်ဆက်လိုက်ပြီး ကျောင်းသားတွေဘက်လှည့်လို့

"အစ်ကို့ကိုသိလား ?"

ပန်းချီအဓိကယူထားသောကျောင်းသားများဖြစ်
သည့်အတွက် သေချာပေါက် Luhanကိုသိလိမ့်
မည်။ မဝံ့မရဲရှိန်နေသည့်မျက်နှာများကို Luhan
ကျေနပ်အားရစွာကြည့်လိုက်ပြီး Han Yong ဘက်လက်ညှိုးထိုးပြလို့

"Han Yong က အစ်ကို့ညီလေးပါ။ သူတော်လို့လဲအစ်ကိုတို့ဘက်ကပညာတော်သင်ဆုပေးထားတာ။နောက်ကျ အစ်ကို့ညီလေးကို ရင်းရင်းနှီးနှီး
ဆက်ဆံပေးကြနော်။ ပန်းချီတော်ပေမဲ့ လက်ကလဲရဲသေးတာ"

ရယ်ရယ်မောမောဖြင့်ပြောနေသည့်Luhanကို ခေါင်းတွေဇွတ်ညိမ့်ပြရင်း ထိုကျောင်းသားလေး
များက သူတို့မိဘများလက်ကိုဆွဲလို့ မပြေးရုံတမယ်ထွက်သွားခဲ့ကြသည်။

အနားရောက်လာသည့် Han Yongကစကားတခွန်းမှမပြောပဲ Luhanကိုသာခပ်ကြာကြာငေးကြည့်လေသည်။

"အဟမ်း .. လာ ဆေးသွား၀ယ်ရအောင်"

"ကျေးဇူးတင်ပါတယ်"

ရုတ်တရတ်ထွက်လာသည့်ကျေးဇူးစကားကြောင့်
Luhanမျက်ခုံးပင့်သွားသည်။ ဘာကိုလဲဟုမမေးလိုက်နိုင်ခင်မှာပင် Han Yongက

"ကျွန်တော့်ကိုအသိအမှတ်ပြုပေးလို့....."

Luhanအပြုံးတို့လျော့ကျသွားပြီးမျက်နှာတည်သွားခဲ့သည်။ သို့သော်လည်း Han Yongကပြုံးပြ
လာကာ

"ဒါမဲ့ အစ်ကို အသိအမှတ်မပြုလဲ ကျွန်တော်
တော်တာ ကျွန်တော်သိပါတယ်"

"အကောင်းပြောပေးလို့ကိုမရဘူး။ သွားး မင့်ဘာသာဆေးသွား၀ယ်ထည့်"

‌ပြောင်ချော်ချော်မျက်နှာပေးနှင့် Han Yongကို ခြေထောက်ဖြင့်ရွယ်လိုက်ရင်း Luhan ဆက်လျှောက်လာခဲ့လိုက်သည်။

အရှုပ်ထုတ်ကိုလိုက်ရှင်းနေရ၍ သူ၏‌ညနေခင်းအချိန်လေးများကုန်ခမ်းသွားပါသော်လည်း Luhan က Han Yongကို ဆေး၀ယ်ပေးပြီး အိမ်
ရှေ့ထိပြန်လိုက်ပို့ခဲ့ပါသည်။

"သွားတော့မယ် ပြပွဲကျမှတွေ့မယ်"

"အေး ဆေးထည့်ဖို့မမေ့နဲ့ဦး"

"ဒါနဲ့ ယောက်ဖကခရီးထွက်နေတာဆိုတော့ အစ်ကိုအိမ်မှာတယောက်တည်းပေါ့"

"အလုပ်တွေပြီးပြီဆိုတော့ ပြန်လာတော့မှာပါ။
နေပါဦး Sehun ကိုယောက်ဖခေါ်ဖို့ မင်းကိုဘယ်သူသင်ပေးလိုက်တာလဲ ?"

အလိုက်သင့်ဖြေပြီးကာမှ အခေါ်အဝေါ်သတိထားမိသွားသည့်Luhanက ကားအပြင်ဘက်ရောက်နေပြီဖြစ်သော Han Yongကို မျက်မှောင်ကြီးကျုံ့ပြီးမေးမြန်းသည်။ ကားပေါ်မှာသာရှိနေသေးလျှင် နှစ်ချက်လောက်အရိုက်ခံရပြီဖြစ်ပြီး အထာနပ်တဲ့ Han Yongတယောက်က အချိန်မှီကားအောက်ဆင်းကာပြောင်ချော်ချော်လုပ်နေလေသည်။

Luhanမေးသည်ကိုတချက်ရယ်သည်။ ထို့နောက်အရယ်မသတ်သည့်လေသံဖြင့်

"ကိုကြီးYi Xing သင်ပေးတာ။ အစ်ကိုSehunကို ယောက်ဖလို့ခေါ်ရင် အစ်ကိုကကြိုက်မှာတဲ့....
သွားပြီနော် တာ့တာ"

"ဒီ....."

နှစ်ယောက်လုံးကိုကျိန်ဆဲ၍မရသေးခင်မှာပင် Han Yongကကားနားမှပြေးထွက်သွားခဲ့သည်။ တိုက်အောက်၌အသင့်စောင့်နေသည့်ဖခင်ဖြစ်သူ
ကိုပြေးဖက်ပြီး ပခုံးကနေဖက်ထားလျက် တိုက်အပေါ်သို့ခေါ်သွားလေသည်။ Han Yongကလှည့်
မကြည့်တော့ပေမဲ့ ထိုသူကတော့ Luhanရှိရာသို့ပြန်လည်လှည့်ကြည့်လာသည်။ ခေါင်းညိမ့်နှုတ်ဆက်လိုက်ပြီး Luhanကားမောင်းထွက်လာခဲ့လိုက်သည်။

ရေစက်တွေဖြတ်ခဲ့ပြီးပေမဲ့မကြာတော့သည့်အချိန်မှာ မျက်နှာချင်းဆိုင်လို့စကားတော့ပြောနိုင်မည်ထင်ပါသည်။

လွင့်နေသည့်အတွေးများကိုခေါင်းခါဖယ်ထုတ်လိုက်ပြီး Luhanကားကိုသာအာရုံစိုက်မောင်း သည်။ကားပြန်မောင်းသည့်အချိန်မှစ၍အမြဲကားကိုဖြည်းဖြည်းမောင်းရန် သတိပေးနေသည့် Sehunအသံသည် ကားမောင်းတိုင်းပြန်ကြား
ယောင်နေတုန်းပင်။

ထိုအကြောင်းသို့အာရုံရောက်သွားပါမှ သတိများရလာလျက် Luhan ကားကိုလမ်းဘေးသို့ထိုးရပ်
လိုက်ပြီး ဖုန်းကောက်ကိုင်လိုက်သည်။

မြည်သံရှည်ကြီးတောက်လျှောက်မြည်နေသော
ကြောင့်ဖုန်း၀င်သွားသည်ကိုသိပါသော်လည်းကိုင်မည့်သူမရှိသည့်အဆုံးဖုန်းပြန်ကျသွားလေသည်။

အလုပ်ပြီးပြီပြောပေမဲ့ အစည်းအဝေးခန်းထဲရောက်နေပြန်လို့များလားလို့ Luhan အသည်း အသန်တွေးသည်။ ဒီအချိန် ထိုင်း၌ဘယ်အချိန်လောက်ရှိနေမည်ကိုပင်ရုတ်တရတ်မတွေးမိပဲရှိ
သည်။ ဒုတိယအကြိမ်မြောက်ထပ်ခေါ်ပြန်သည့်
နောက်မှာလဲ ထိုနည်းလည်းကောင်းပင်။

Luhan သက်ပြင်းချလျက် စာတိုတစောင်ခပ်သွက်သွက်ပို့ကာ အိမ်သို့အမြန်ပြန်လာဖြစ်ခဲ့သည်။ အိမ်ရောက်ပါမှ Lineမှခေါ်သည်ဖြစ်ဖြစ်၊ အတူပါသွားသည့်အတွင်းရေးမှူးကိုခေါ်သည်ဖြစ်
ဖြစ်လုပ်ရပါမည်။

အိမ်သို့ရောက်သည့်နောက်ဆင်၀င်အောက်၌ကားထိုးရပ်လိုက်ပြီး Luhan အိမ်ခန်းသော့ဖွင့်လို့၀င်လိုက်သည်။ ညနေစာလဲစားဖြစ်တော့မည်မဟုတ်
သလို အောက်ထပ်သို့ဆင်းဖြစ်ဖို့ရန်လဲမသေချာ
သဖြင့် မီးမဖွင့်တော့ပဲအပေါ်ထပ်သို့သာတက်လာ
လိုက်ပါသည်။

"ဟေ့ ဒီကိုကြည့်လေ"

လှေကားတက်ရင်းဖုန်းသို့ကြည့်နေရင်းမှအခန်း
ဆီမှနေစကားသံဝိုးတဝါးကြားလိုက်သဖြင့် Luhanမျက်မှောင်ကျုံ့လိုက်သည်။ သော့ပိတ်ခဲ့
သည့်အခန်းထဲတွင် လှုပ်ရှားသံများကြားရသည့်
နောက် Luhan ခပ်မြန်မြန်သွက်သွက်ပင်ပြေးတက်သွားလျက် အခန်းတံခါးကိုဆွဲဖွင့်ပါသည်။

လော့ဂ်ကျမနေသည့်အခန်းသည် လွယ်လင့်တကူပွင့်သွားပြီး Luhan အခန်းထဲရောက်သွားချိန်မှာဖြင့် နံရံပေါ်မှပုံရိပ်များကြောင့် တအံ့တဩဖြစ်သွားခဲ့ရသည်။

၀ရံတာဘက်ခြမ်းရှိ နံရံအကျယ်ကြီးပေါ်၌ video clipတခု projectorမှတဆင့်ပြသနေတာဖြစ်ပြီး
ထိုclipထဲ၌ သူမမြင်‌ဖူးသော Sehun၏ပုံရိပ်များရှိနေသည်။

အဖြူ‌ ရောင်အနောက်တိုင်း၀တ်စုံနှင့် Sehun သည် ငယ်ရွယ်နုပျိုလွန်းလှသည်။ ဆံပင်ကို တည်တည်ခံ့ခံ့ဖြစ်နေအောင်လှန်တင်ထားပါသော်လည်းသူ၏နုပျိုမှုကိုဖုံးထားနိုင်ခြင်းမရှိ။
တစက္ကန့်ခြားတခါလောက်ပြုံးနေရင်းမှနေ cameraရိုက်နေသည့်သူအား အပြုံးလူမိသွားဟန်ဖြင့်ခိုးခိုးကြည့်ရသေးသည်။

"ဟေ့ ညီလေး ဒီကိုကြည့်ပါဆိုကွာ"

လှေကားရင်းမှLuhanကြားလိုက်သောအသံသည် မြူးထူးနေသည့်Zhang Yi Xing၏အသံဖြစ်လေသည်။ Sehunကထိုအသံကြားသည့် နောက်မှာနားရွက်ကိုကုတ်လိုက်ပြီး cameraကိုဆွဲယူဖို့လုပ်သည်။ Yi Xingကလည်ပါသည်။

"မရိုက်ပါနဲ့ အစ်ကိုရာ Luhanရှက်နေလိမ့်မယ် သူကြိုက်မှာမဟုတ်ဘူး"

"နိုး နိုး ဒါအမှတ်တရကွ။ မင်းယောင်္ကျားလေး
မမြင်အောင်ငါခိုးရိုက်ပေးမယ် ဟုတ်ပြီလား?"

"အစ်ကိုကလဲဗျာ....."

ပိုင်ဆိုင်မှုပြနာမ်လေးတခုမှာ နားရွက်တွေနီရဲနေ
အောင်ရှက်သွားသည့် Sehunကိုကြည့်ပြီး Luhanအသည်းတွေယားလာရသည်။ Sehun သည် Luhanအရှေ့တွင် ဘယ်သောအခါမှ ရှက်မပြခဲ့သောကြောင့် ဒီပုံရိပ်လေးသည် ရွှေလိုအဖိုးတန်လှသည်။

Video ရိုက်နေသည့်တနေရာသည် ဘုရားကျောင်း အတွင်းမှာဖြစ်ပြီး ခန်းမအတွင်းနေရာယူပြီးဖြစ်သည့်မေမေ့ကိုလဲတွေ့ရသည်။ Sehunတို့မိသားစုရှေ့နေကိုလဲတွေ့ရသည်။ Jun Myeonလဲရှိနေသဖြင့် Luhanမှာ သတို့သားဖြစ်သည့် သူနှင့် Sehunအစား Jun Myeon ၏ လှုပ်ရှားပုံ အစုစုကိုပင် ဆယ်မိနစ်ခန့်ထိုင်ကြည့်နေလိုက်ရသေးသည်။ ရိုက်နေသူက Zhang Yi Xingရယ်မလား ?

Yi Xingက နေရာတွင်သွားမထိုင်သေးပဲ Sehun ဆီရောက်လာပြန်သည်။ လေပူတွေခဏခဏမှုတ်ထုတ်ရင်း ပြန့်နေသည့်၀တ်စုံကိုခဏခဏဆွဲချနေ
သည့်Sehunက အနားရောက်လာသည့် Yi Xing ကို မသက်မသာရယ်ပြလာသည်။

"စိတ်လှုပ်ရှားနေလား ?"

"ဟုတ်..."

"ငါတို့ Luhanကိုသွားကြည့်ကြမလား ?"

မိနစ်အတော်ကြာတိတ်ဆိတ်သွားပေမဲ့ Sehunက ခေါင်းခါယမ်းပြလာကာ ပြုံးလာပြီးနောက်

"သူမကြိုက်ပဲနေဦးမယ် ။ ကျွန်တော်ဒီကပဲစောင့်ပါ့မယ်"

အပြုံးတ၀က်ဖြင့် Sehunက လျှောက်လမ်းအစမှာမတ်တပ်ရပ်ကျန်နေခဲ့သည်။ Yi Xingကသာ မနိုင်ပါဘူးဆိုသည့်မျက်နှာထားဖြင့် camera ကိုင်သွားပြီး Jun Myeonအနားသို့လျှောက်သွားလေသည်။

သူ့ဆီဦးတည်ချိန်ထားသည့် cameraကိုမြင်သည့်
နောက် လန့်သွားပြီးနောက်သို့ဆုတ်သွားသည်။ Yi Xingကရယ်ပြလိုက်သည်ထင်။ ထိုအခါမှသာပြန်လည်ရယ်ပြလာပြီး Yi Xingထိုင်ဖို့အတွက် ဘေးနားတိုးပေးလေသည်။

" Sehunရော ရှေ့မှာစောင့်နေတာလား"

"အင်း... Luhanကိုစောင့်နေမယ်တဲ့ "

Jun Myeon ကလျှောက်လမ်းအစကိုလှမ်းကြည့်
လိုက်သည့်နောက် Yi Xing ၏ camera သည်လည်းထိုဘက်သို့ လှည့်သွားသည်။

မလှမ်းမကမ်းမှာရှိနေသည့်အတွက်အနီးကပ်မဆွဲရပါပဲ မတ်တပ်ရပ်နေသည့်Sehunကို ရှင်းရှင်း လင်းလင်းရိုက်ယူနိုင်လေသည်။ စိတ်လှုပ်ရှားမှု
အတိုင်းသားပေါ်နေသည့်Sehunသည် ခဏကြာပါမှ တည်ငြိမ်သွားပြီး ဦးတည်ရာတစ်ခုတည်းသို့
ကြည့်နေခဲ့သည်။

နှုတ်ခမ်းထက်မှအပြုံးပို၍ပို၍ပီသလာချိန်တွင် Sehunအနားသို့ Luhanရောက်လာခဲ့ပြီဖြစ် သည်။

သေချာပေါက်ကို ယခုထက်ငယ်ရွယ်နေသည့် Video ထဲမှာ သူ့ကိုယ်သူကို မြင်ရသည့်အခါ Luhanကပြုံးပါသည်။ Video ထဲမှာသူသည်လည်းပြုံးနေခဲ့သည်။ Sehunမျက်နှာကို စက္ကန့်တိုင်းမလွတ်ကြည့်ပြီး Sehunပြန်ကြည့်သည့်
နောက် လျှောက်လမ်းဆီသို့အကြည့်လွှဲသည်။

မူရာမာယာပိုလွန်းသည့်သူ့ကိုယ်သူLuhanရယ်
ချင်သွားသည်။ ဘေးချင်းယှဉ်လျက်လျှောက်လာကြပြီး သင်းအုပ်ဆရာရှေ့မှောက်အရောက်မှာLuhanက Sehunလက်ကိုဆွဲကိုင်လို့ မျက်နှာ ချင်းဆိုင်ရပ်လိုက်စေပါသည်။

ထာ၀ရအနားမှာရှိနေပေးဖို့ကတိပေးပါသည်။
ဆင်းရဲမရွေး၊ချမ်းသာမရွေး၊နာမကျန်းပါစေ၊ကျန်းမာပါစေ ၊ လက်တွဲများကိုမည်သည့်အခါမှ
ဖြုတ်မချပစ်ဖို့ကတိပေးပါသည်။ ၀မ်းနည်းချိန်တိုင်း၊၀မ်းသာချိန်တိုင်း အတူတူခံစားပေးဖို့ကတိ
ပေးပြီး အချစ်တို့တည်စေရပါမည်ဟုကတိပေး
ပါသည်။

Yi Xing ရိုက်နေသည့်ဘက်ကို Luhanကကျောပေးထားပါသဖြင့် Luhan၏မျက်နှာအားမမြင်ရပါသော်လည်း အပြုံးတချက်မပြတ်ခဲ့သည့် Sehunကိုတော့ထင်ထင်ရှားရှားမြင်ခဲ့ရလေသည်။

လက်ထပ်လက်စွပ်ကို လက်သူကြွယ်၌ တယု တယစွပ်ပေးပြီးနောက် Luhan ပါးတဖက်ကိုညင်သာ စွာအုပ်ကိုင်ပြီး နှုတ်ခမ်းပါးထက် သာသာလေးတချက်နမ်းလိုက်သည်အထိ Sehun၏လှုပ်ရှားမှုများသည် ပိုးသားတစလို နူးညံ့ပျော့ပျောင်းလှသည်။

နှုတ်ခမ်းလှုပ်ရုံ ကိုယ် ခင်ဗျားကိုအမြဲတမ်းအတွက် ချစ်တယ် ဆိုသောအပြောအား Yi Xing ကအမိအရရိုက်ယူခဲ့သည်။ ခေါင်းတချက်ငြိမ့်လိုက်သည့် Luhanအမူအရာအဆုံးမှာ videoကပြီးဆုံးသွားခဲ့သည်။

လျှပ်စစ်မီးတပွင့်သာဖွင့်ထားသည့်အခန်းထဲ၌ Luhan ငြိမ်ငြိမ်ကလေးထိုင်နေခဲ့ပြီး မျက်ရည်များစိုနေသည့်မျက်နှာကိုလက်ဖဝါးဖြင့်ဖိသုတ်သည်။

ထိုအခိုက်မှသာ စာအုပ်စင်များနောက်မှနေ Sehunကထွက်လာခဲ့ပြီး Luhanရှေ့‌၌ ဒူးတဖက်ထောင်လျက် ထိုင်ချလိုက်ပါသည်။

"ဘာလို့ငိုတာလဲ ? ကိုယ်စိတ်မကောင်းအောင်"

မျက်နှာကိုထွေးပွေ့လျက် မျက်ရည်တို့ဖယ်သုတ်
ပေးကာ Sehunက ညင်သာစွာပြောပြန်သည်။
ပါးနှစ်ဖက်ပေါ်ရောက်နေသည့် Sehun လက်များ
ကိုပြန်လည်အုပ်ကိုင်လိုက်ပြီး Luhanကပြုံးလျက်ခေါင်းခါပြသည်။

"ကျွန်တော်တို့ပထမဆုံးမင်္ဂလာဆောင်တုန်းကလား ?"

"အင်း အစ်ကိုYi Xingပေးထားတာ။ အရင်တုန်းကအတူကြည့်ပြီးသားပေမဲ့ အခုပြန်ထုတ်ပြတာ။ မငိုနဲ့တော့လေ ။ တိတ်တော့နော်"

"မငိုပါဘူး မျက်ရည်ကျတာ"

လက်ထဲမှနေရုန်းသွားပြီးတဖက်သို့လှည့်လျက် မျက်ရည်တွေကိုသုတ်လို့Luhanကဆိုသည်။

Sehunကအလွတ်မပေးပဲ Luhanမျက်နှာကလေးကို ပြန်လည်ထွေးပွေ့လိုက်ရင်း မျက်ရည်များကိုသုတ်ပေးနေခဲ့သည်။

"ကိုယ်က ခင်ဗျားကို အမြဲတမ်းပျော်စေတဲ့သူဖြစ်
ချင်သလို ၊ ခင်ဗျားမျက်ရည်တွေကိုသုတ်ပေးတဲ့
သူလဲဖြစ်ချင်တာပါ"

ခပ်ဖွဖွလက်ဖဝါးတွေကြား၌ Luhanမျက်ရည်စ
တွေအတော်အများကပ်ပါသွားခဲ့သည်။ မျက်ရည်တွေကုန်သွားသည့်နောက် Sehun က ပါးပြင်သွေ့သွေ့ကိုယုယုယယကိုင်ထားရင်း ပြုံးပြလာသည်။

"ကိုယ့်ခင်ပွန်းအဖြစ် ခုနှစ်နှစ်လုံး ရှိနေပေးလို့
ကျေးဇူးတင်ပါတယ်။ Happy 7th anniversary ပါ။ ချစ်"

Sehun စကားဆုံးသည့်နောက် Luhanက ရှက်ဝါးဝါးရယ်သည်။ Luhanရယ်မောနေသည်ကိုကြည့်ပြီး Sehunသည်လည်း ရယ်လာကာ တစစနီလာပြီဖြစ်သည့် သူ၏နားရွက်ကလေးကိုပွတ်လျက်နေလေသည်။

Luhanမှာ ထိုနားရွက်ပေါ်မှ လက်ကိုဖယ်လျက်
ယင်းနီစွေးသည့်နားရွက်ကလေးကိုတချက်မျှနမ်း
သည်။ ပို၍နီရဲသွားလေခြင်းကြောင့် နှစ်ယောက်
သားခပ်ဟဟရယ်မောမိပါသေးသည်။

‌ခြေရင်း၌ဒူးတဖက်ထောင်လျက်ထိုင်နေခဲ့ခြင်းဖြစ်လို့ Sehun က သူ့ဒူးနားမှာရှိသည့် Luhanခြေထောက်ကလေးကိုဆွဲယူလာသည်။
ခြေကျင်း၀တ်၌နေရာယူလာသည့် ရွှေရောင်နှင့်
အနီရောင်ယှက်နေသည့်သတ္တုကြိုးအား Luhan
ကငုံ့ကြည့်လေသည်။ ရိုးရှင်းသည့်ဒီဇိုင်းဖြင့်အရောင်လက်နေသည့် ချိန်းကြိုးသည် Luhan ခြေကျင်း၀တ်ဖြူဖြူထက်ပနံသင့်နေခဲ့သည်။

"ကိုယ့်ဆီက ဘယ်တော့မှထွက်မသွားကအောင် ချည်ထားလိုက်ပြီ"

"နေပါဦး ကျွန်တော်ကဘယ်ထွက်သွားမှာမို့လဲ"

ထိုမျက်နှာထားတည်တည်ကိုSehunကမြတ်နိုးဖွယ်ကြည့်ပါသည်။ ထို့နောက် ခြေထောက်လေးအားတယုတယပွတ်သပ်ပြီး

"ဒီကြိုးက ကြေးနီနဲ့လုပ်ထားတာ။ ၇နှစ်တိုင် အောင် တည်နေခဲ့တဲ့ ကိုယ်တို့အိမ်ထောင်ရေး
ရယ် ၊ အမြဲရှိသွားမဲ့ အချစ်တွေရယ်ကိုကိုယ်စားပြုပြီးတော့ပေါ့"

ငုံ့ကျနေသည့် Sehun၏မျက်နှာကို Luhan ကအသာပင့်မော့သည်။ နွေးထွေးချိုမြမှုတို့အား
တမုဟုတ်ချင်းခံစားလိုက်ရပြီးနောက် Sehunက
ကျေနပ်နှစ်သိမ့်စွာပြုံးလာခဲ့ပါသည်။

"ကျွန်တော်တို့ video ပြန်ကြည့်ကြရအောင်"

"အင်း..."

Sehunက projectorရှိတဲ့နေရာဆီလျှောက်သွားပြီး videoအစကပြန်ဖွင့်ပေးသည်။ ထိုင်လျက်ကျန်နေခဲ့သည့်Luhanက Sehunမြန်မြန်လာ
အောင်လက်ယှက်ခေါ်လိုက်လေပြီး အနားရောက်
လာသည့်နောက်Sehunလက်ကိုဆွဲချလို့သူ့နံဘေးမှာထိုင်စေလိုက်သည်။

လွန်ခဲ့သည့်ခုနှစ်နှစ်က နှစ်ဦးသဘောတူ တယောက်ဘ၀တယောက် စချည်ခဲ့သောကြိုးကလေးသည် ယနေ့ထိမြဲမြံနေခဲ့သည်။ မကုန်တော့သောချစ်ခြင်းတို့ဖြင့် ထာ၀ရမြဲသွားဦးမည်ဖြစ်သည်။

Sehunနဖူးပြေပြေကို ကြာကြာဖိကပ်နမ်းရှိုက်လိုက်ပြီး ပျော်ရွှင်စရာနှစ်ပတ်လည်ပါဟု Luhanကဖွဖွဆိုသည်။

ချစ်ခဲ့သည့်နှစ်များမှဆက်၍ ချစ်သွားမည့်နှစ်များသည်ဆက်လက်တည်ရှိနေပါလိမ့်မည်။

...........….............

(စာအုပ်မ၀ယ်လိုက်ရတဲ့ ကလေးတွေအတွက်
စာအုပ်ထဲက အပိုင်းပိုလေးပါ 🖤 ဖတ်ပြီးသွားလဲ feedback လေး 🤭)



ဘယ္သူကပိုခ်စ္တယ္ရယ္လို႔ ကိုယ္တို႔တြက္ခ်က္ေနစရာမွမလိုခဲ့တာ။ ခ်စ္ေနခဲ့တဲ့…ခ်စ္ေနသြားမဲ့ႏွစ္ေတြမွာ ကိုယ္တို႔ေမတၱာကအျပန္အလွန္ သက္ေရာက္ႏွင့္ၿပီးသားမဟုတ္လား ?

……………………………………

"အေႏြးထည္က ငါးထည္ေလာက္ထည့္ေပးလိုက္တယ္ အရမ္းအထူႀကီးမဟုတ္ေတာ့ ေနရာေတာ့သိပ္မယူပါဘူး ဒီမွာက တီရွပ္ သုံးထည္ေလာက္ပါတယ္ေနာ္ လိုလိုမယ္မယ္ မာဖလာနဲ႕လက္အိတ္
ကဒီအကန့္ထဲမွာ……"

ကုတင္ေပၚ ခရီးေဆာင္အိတ္ႀကီးႀကီးကိုခ်ၿပီး Sehun ဘက္ကိုလွည့္လိုက္၊ ပစၥည္းေတြထည့္လိုက္၊ တတြတ္တြတ္ေျပာလိုက္ျဖင့္ Luhan
အလုပ္မ်ားေနသည္။

သူတို႔လက္ထပ္ၿပီး (ဒုတိယအႀကိမ္ေျမာက္ )
သည့္ေနာက္ပိုင္းမွာ ပထဆုံးအႀကိမ္အျဖင့္ Sehunက Luhanမပါပဲအလုပ္ကိစၥ ခရီးရက္ရွည္သြားရမည္ျဖစ္သျဖင့္ Luhanက အဝတ္ အစား အိတ္ကိုေသေသခ်ာခ်ာထည့္ေပးေနျခင္းျဖစ္သည္။

က်န္သည့္အိမ္မႈကိစၥမထူးခြၽန္ေပမဲ့ အဝတ္အစားေ႐ြးေပးသည့္အပိုင္းတြင္ ပါရမီပါသည့္ Luhan က တႏွစ္ပတ္လုံး Sehun ၏ပင္တိုင္စံ
စတိုင္လစ္ျဖစ္ခဲ့သည္ပင္။

ယခုလည္း အဝတ္အစားေသတၱာျဖင့္ရႈပ္ေနခဲ့
သည့္ Luhanက Sehun အနားသို႔ကပ္၍လာမွန္းမသိေအာင္ ဗ်ာမ်ားေနခဲ့ျပန္သည္။

တလႈပ္လႈပ္ျဖင့္အလုပ္ရႈပ္ေနသည့္ကိုယ္ေသးေသးေလးကို ေနာက္ဘက္ဆီမွ ေငးၾကည့္ေန
သည့္ Sehunက ဖြဖြေလးၿပဳံးလို႔ေနသည္။ကိုယ္ေငြ႕ ေၾကာင့္ သတိထားမိသြားသည့္ Luhanသည္ ေနာက္သို႔လွည့္ၾကည့္သည္။ အနီးဆုံးမွာရပ္ေနလ်က္ ၿပဳံးလို႔ေနသည့္ Sehunကိုေတြ႕ရသည့္အခါ Luhanသည္လည္း ရယ္ၿပဳံးသြားပါသည္။

"ဖက္ထားခ်င္လိုက္တာ "

"အင္း လာေလ……"

လက္ႏွစ္ဖက္ဆန့္တန္းၿပီး ရင္ခြင္ကိုဖြင့္လို႔ႀကိဳ
သည့္ေနာက္ Sehunက ေႏြးေနသည့္ကိုယ္ေလးကိုအသာအယာေထြးေပြ႕လိုက္ၿပီး ေခါင္းလုံးေလးအား ရင္ခြင္ထက္မွာေမွးတင္ေစသည္။

သူ၏ရင္ခြင္ႏွင့္အံဝင္ခြင္က်ျဖစ္ေနေသာ အခ်စ္သည္ အေကာင္းဆုံးေသာလက္ေဆာင္မြန္လိုျဖစ္ေလသည္။

မိနစ္အနည္းငယ္ခန့္ၾကာေအာင္ ရင္ခြင္ထဲေထြးဖက္လို႔ထားရင္း၊ အေထြးဖက္ခံထားရင္း မ်က္လုံးတို႔ေမွးမွိတ္ထားခဲ့သည္။

Sehun က ဆံပင္ညိုေပ်ာ့ေပ်ာ့ေလးမ်ားရွိသည့္ ေခါင္းလုံးလုံးေလးအားခပ္ဖြဖြပြတ္သပ္ၿပီးသည့္ေနာက္ နဖူးစပ္ကို တခ်က္နမ္းရွိုက္သည္။

"ကိုယ္အၾကာႀကီးသိပ္မေနဘူး စာခ်ဳပ္ခ်ဳပ္ၿပီးတာနဲ႕ျပန္လာခဲ့မယ္ေနာ္"

"ေအးေအးေဆးေဆးအလုပ္ကိုေသခ်ာလုပ္ပါ ကြၽန္ေတာ့္ကိုစိတ္ပူမေနနဲ႕"

"ခင္ဗ်ားကိုအမ်ားႀကီးလြမ္းေနရမဲ့ ကိုယ့္ကိုကိုယ္ပိုစိတ္ပူတယ္ဗ်ာ"

ဖက္ထားရာမွ အတင္းခြာလိုက္ၿပီး မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္သည့္အခါ Sehun မွာ တိုးညင္းစြာရယ္ေမာလ်က္ Luhanကို ညင္ညင္
သာသာျပန္လည္ေပြ႕ပိုက္ထားလိုက္သည္။

ႏႈတ္ကတဖြဖြမေျပာခဲ့ေသာ္လည္း လြမ္းေနၾကမည္မွာ အသိသာပါပင္။

Sehun ထြက္သြားၿပီးသည့္ေန႕မ်ားတြင္ Luhan အိမ္မွာတစ္ဦးတည္းက်န္ရစ္ခဲ့ေလသည္။ အန္တီလီက သူ႕ေဆြမ်ိဳးတစ္ေယာက္ က်န္းမာေရး
မေကာင္းဟုဆိုလ်က္ ခြင့္ယူထားသျဖင့္ေန႕ခင္းဘက္ေတြ Luhan အိမ္မွာရွိေနလဲ တစ္ဦးတည္းျဖစ္သည္။

မၾကာမွီ တကိုယ္ေတာ္ျပပြဲလုပ္ရန္ စီစဥ္ထားၿပီးျဖစ္သျဖင့္ Luhanအားေနသည္ေတာ့မဟုတ္ပါ။ က်န္းမာၿပီးေနာက္ပိုင္းမွ ပထမဆုံျပန္လည္လုပ္
မည့္ျပပြဲျဖစ္သည့္အတြက္ သတင္းကအထူး
ေမႊးေနခဲ့ၿပီးသားျဖစ္သည္။ နာမည္ကႀကီးေနခဲ့ျဖစ္သည္။

Sehunသြားၿပီးသည့္ေန႕မွစ၍ စိတ္ႏွစ္ကာေရးဆြဲခဲ့ေသာ ပန္းခ်ီကားတခ်ပ္သည္ တျဖည္းျဖည္းႏွင့္ေဆးစုံလင္လာခဲ့သည္။ ပြဲအတြက္ေနာက္ဆုံးကားခ်ပ္ျဖစ္ပါၿပီး Sehunႏွင့္ဖုန္းေျပာသည့္တခ်ိန္မွလြဲ၍ က်န္သည့္အခ်ိန္မ်ားတြင္ မၿပီးျပတ္ေသး သည့္ ပန္းခ်ီကားထဲ၌သာ ႏွစ္ေနခဲ့သည့္ Luhan သည္ယေန႕မွာျဖင့္ ကားခ်ပ္ထဲက မွဲ႕နက္ကေလးကို ၿပဳံးလ်က္ၾကည့္ေနခဲ့ပါသည္။

ပန္းခ်ီကိုအာ႐ုံစိုက္ေနမိသည့္ Luhan သည္ ခပ္က်ယ္က်ယ္ျမည္လာသည့္ဖုန္းသံကိုၾကားမွသာ ပစၥဳပၸန္ႏွင့္အသိစိတ္ျပန္ကပ္သည္။ Sehunမွလြဲ၍ ဒီရက္ပိုင္းအတြင္းေခၚဆိုသူမရွိပါေသာ္ လည္း သူမသိသည့္နံပါတ္တန္းတစ္ခုေၾကာင့္ ကိုင္ရနိုးနိုးေဝခြဲရခက္သြားခဲ့ပါေသးသည္။

ေတြေဝေနရင္းမွပင္ ပထမတႀကိမ္ေခၚဆိုမႈက ျပတ္ေတာက္သြားသည္။ မဆိုင္းမတြ ဒုတိယ
တေခါက္ဖုန္းဝင္လာသည့္ေနာက္မွာLuhan စဥ္းစားမေနေတာ့ပဲဖုန္းကိုင္လိုက္ပါသည္။

"ဟယ္လို "

"ဟုတ္ မဂၤလာပါ Han Yongရဲ႕ အုပ္ထိန္းသူလားခင္ဗ်"

ထိုသို႔စကားစခ်ီလာသည့္ဖုန္းေခၚဆိုမႈတစ္ခုအၿပီး၌ Luhanတေယာက္ Han Yong ၏ ေက်ာင္းသို႔ေရာက္လာရသည္။

လမ္းၫႊန္ေပးလိုက္သည့္ ေက်ာင္းအုပ္ ႐ုံးခန္းဆိုသည္ကို ဝင္သြားလိုက္သည့္အခါ Han Yong
ႏွင့္ တျခားေက်ာင္းသား၂ေယာက္အခန္းေထာင့္နားမွာ မတ္မတ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

သုံးေယာက္လုံးမ်က္ႏွာမွာ ဒဏ္ရာမ်ားႏွင့္ျဖစ္၍ Luhanက သက္ျပင္းခ်ၿပီး ေခါင္းကုတ္ေလသည္။ တဖက္မွအုပ္ထိန္းသူမ်ားလည္းေရာက္ႏွင့္ေနၿပီျဖစ္လို႔ ဆရာ့ ေရွ႕မွာရွိသည့္ခုံဆီ Luhan အျမန္ေလွ်ာက္သြားလိုက္ရသည္။

"မဂၤလာပါ ကြၽန္ေတာ္ Han Yong ရဲ႕ အုပ္ထိန္းသူပါ"

"ဟုတ္ကဲ့ မဂၤလာပါခင္ဗ် ကြၽန္ေတာ္က Han Yong ရဲ႕အတန္းပိုင္ပါ ထိုင္ပါခင္ဗ်"

ေသြးဆူသည့္လူငယ္ေက်ာင္းသားအခ်င္းခ်င္း
စိတ္အခန႔္မသင့္ျဖစ္ၾက၍ ရန္ျဖစ္ၾကသည္ပင္။
အႏုပညာေက်ာင္းျဖစ္သည့္အတြက္ ေက်ာင္း ဆင္းသည္ႏွင့္ အႏူပညာအလုပ္လုပ္ၾကမည့္သူ
မ်ားျဖစ္ေသာေၾကာင့္ ထိုရန္ပြဲကိုအဆက္မရွည္ေစပဲေအးေအးေဆးေဆးၿပီးသြားရန္သာ မိဘမ်ားကလိုလားေနခဲ့၍ေတာ္ေတာ့သည္။

အသိေပးစကားအနည္းအက်ဥ္းေျပာၾကားၿပီး Han Yongအပါအ၀င္သုံးေယာက္ကို ခံ၀န္လက္မွတ္ထိုးခိုင္းၿပီးသည့္ေနာက္မွာ ႐ုံးခန္းထဲမွ
ထြက္ခဲ့ၾကပါသည္။

ေရွ႕ကအရင္ထြက္သြားႏွင့္သည့္က်န္မိဘမ်ားႏွင့္
ေက်ာင္းသားမ်ားေနာက္ကျဖည္းျဖည္းခ်င္းလိုက္ခဲ့ၾကၿပီး Luhan က Han Yongကိုေစာင္းငဲ့ၾကည့္သည္။

ႏႈတ္ခမ္းေထာင့္မွေပါက္ၿပဲဒဏ္ရာကို လက္ႏွင့္
ဆြဲပြတ္ေနသျဖင့္ Luhan ကပ်ာကယာပင္

"ေဟ့ ေဟ့ မလုပ္နဲ႕ေလ လက္နဲ႕မထိနဲ႕ တခါတည္း
လိုက္ခဲ့ ငါေဆး၀ယ္ထည့္ေပးလိုက္မယ္"

အင္းမလုပ္အဲမလုပ္ျဖင့္ ေက်ာက္႐ုပ္ကို Luhan
စိတ္မသက္မသာျဖင့္ၾကည့္သည္။ ဘာကိစၥရန္ျဖစ္ရတာလဲဟုေမးျမန္းေသာ္လည္း ေတာ္
ေတာ္နဲ႕မေျဖ။ ေလသံမာသြားကာမွ Luhanကိုေမာ့ၾကည့္လာၿပီး

"ဒီလိုပါပဲ ၾကားေနက်အတိုင္းပဲ  ကြၽန္ေတာ့္ကို
ပညာေတာ္သင္နဲ႕တက္ေနတဲ့ ေဆြမ်ိဳးမရွိ
တေကာင္ႂကြက္လို႔ေျပာလို႔....... ဘယ္သြားမလို႔လဲ?"

Han Yongစကားပင္မဆုံးေသးပဲ Luhan ကေရွ႕ကသြားႏွင့္သည့္ ေက်ာင္းသားႏွစ္ေယာက္ေရွ႕ကိုမွီေအာင္ေလွ်ာက္သြားလိုက္သည္။ ဇေဝဇဝါျဖစ္သြားသည့္ ေက်ာင္းသားမိဘမ်ားကို ေခါင္းညိမ့္ႏႈတ္ဆက္လိုက္ၿပီး ေက်ာင္းသားေတြဘက္လွည့္လို႔

"အစ္ကို႔ကိုသိလား ?"

ပန္းခ်ီအဓိကယူထားေသာေက်ာင္းသားမ်ားျဖစ္
သည့္အတြက္ ေသခ်ာေပါက္ Luhanကိုသိလိမ့္
မည္။ မဝံ့မရဲရွိန္ေနသည့္မ်က္ႏွာမ်ားကို Luhan
ေက်နပ္အားရစြာၾကည့္လိုက္ၿပီး Han Yong ဘက္လက္ညွိုးထိုးျပလို႔

"Han Yong က အစ္ကို႔ညီေလးပါ။ သူေတာ္လို႔လဲအစ္ကိုတို႔ဘက္ကပညာေတာ္သင္ဆုေပးထားတာ။ေနာက္က် အစ္ကို႔ညီေလးကို ရင္းရင္းႏွီးႏွီး
ဆက္ဆံေပးၾကေနာ္။ ပန္းခ်ီေတာ္ေပမဲ့ လက္ကလဲရဲေသးတာ"

ရယ္ရယ္ေမာေမာျဖင့္ေျပာေနသည့္Luhanကို ေခါင္းေတြဇြတ္ညိမ့္ျပရင္း ထိုေက်ာင္းသားေလး
မ်ားက သူတို႔မိဘမ်ားလက္ကိုဆြဲလို႔ မေျပး႐ုံတမယ္ထြက္သြားခဲ့ၾကသည္။

အနားေရာက္လာသည့္ Han Yongကစကားတခြန္းမွမေျပာပဲ Luhanကိုသာခပ္ၾကာၾကာေငးၾကည့္ေလသည္။

"အဟမ္း .. လာ ေဆးသြား၀ယ္ရေအာင္"

"ေက်းဇူးတင္ပါတယ္"

႐ုတ္တရတ္ထြက္လာသည့္ေက်းဇူးစကားေၾကာင့္
Luhanမ်က္ခုံးပင့္သြားသည္။ ဘာကိုလဲဟုမေမးလိုက္နိုင္ခင္မွာပင္ Han Yongက

"ကြၽန္ေတာ့္ကိုအသိအမွတ္ျပဳေပးလို႔....."

Luhanအၿပဳံးတို႔ေလ်ာ့က်သြားၿပီးမ်က္ႏွာတည္သြားခဲ့သည္။ သို႔ေသာ္လည္း Han Yongကၿပဳံးျပ
လာကာ

"ဒါမဲ့ အစ္ကို အသိအမွတ္မျပဳလဲ ကြၽန္ေတာ္
ေတာ္တာ ကြၽန္ေတာ္သိပါတယ္"

"အေကာင္းေျပာေပးလို႔ကိုမရဘူး။ သြားး မင့္ဘာသာေဆးသြား၀ယ္ထည့္"

‌ေျပာင္ေခ်ာ္ေခ်ာ္မ်က္ႏွာေပးႏွင့္ Han Yongကို ေျခေထာက္ျဖင့္႐ြယ္လိုက္ရင္း Luhan ဆက္ေလွ်ာက္လာခဲ့လိုက္သည္။

အရႈပ္ထုတ္ကိုလိုက္ရွင္းေနရ၍ သူ၏‌ညေနခင္းအခ်ိန္ေလးမ်ားကုန္ခမ္းသြားပါေသာ္လည္း Luhan က Han Yongကို ေဆး၀ယ္ေပးၿပီး အိမ္
ေရွ႕ထိျပန္လိုက္ပို႔ခဲ့ပါသည္။

"သြားေတာ့မယ္ ျပပြဲက်မွေတြ႕မယ္"

"ေအး ေဆးထည့္ဖို႔မေမ့နဲ႕ဦး"

"ဒါနဲ႕ ေယာက္ဖကခရီးထြက္ေနတာဆိုေတာ့ အစ္ကိုအိမ္မွာတေယာက္တည္းေပါ့"

"အလုပ္ေတြၿပီးၿပီဆိုေတာ့ ျပန္လာေတာ့မွာပါ။
ေနပါဦး Sehun ကိုေယာက္ဖေခၚဖို႔ မင္းကိုဘယ္သူသင္ေပးလိုက္တာလဲ ?"

အလိုက္သင့္ေျဖၿပီးကာမွ အေခၚအေဝၚသတိထားမိသြားသည့္Luhanက ကားအျပင္ဘက္ေရာက္ေနၿပီျဖစ္ေသာ Han Yongကို မ်က္ေမွာင္ႀကီးက်ဳံ႕ၿပီးေမးျမန္းသည္။ ကားေပၚမွာသာရွိေနေသးလွ်င္ ႏွစ္ခ်က္ေလာက္အရိုက္ခံရၿပီျဖစ္ၿပီး အထာနပ္တဲ့ Han Yongတေယာက္က အခ်ိန္မွီကားေအာက္ဆင္းကာေျပာင္ေခ်ာ္ေခ်ာ္လုပ္ေနေလသည္။

Luhanေမးသည္ကိုတခ်က္ရယ္သည္။ ထို႔ေနာက္အရယ္မသတ္သည့္ေလသံျဖင့္

"ကိုႀကီးYi Xing သင္ေပးတာ။ အစ္ကိုSehunကို ေယာက္ဖလို႔ေခၚရင္ အစ္ကိုကႀကိဳက္မွာတဲ့....
သြားၿပီေနာ္ တာ့တာ"

"ဒီ....."

ႏွစ္ေယာက္လုံးကိုက်ိန္ဆဲ၍မရေသးခင္မွာပင္ Han Yongကကားနားမွေျပးထြက္သြားခဲ့သည္။ တိုက္ေအာက္၌အသင့္ေစာင့္ေနသည့္ဖခင္ျဖစ္သူ
ကိုေျပးဖက္ၿပီး ပခုံးကေနဖက္ထားလ်က္ တိုက္အေပၚသို႔ေခၚသြားေလသည္။ Han Yongကလွည့္
မၾကည့္ေတာ့ေပမဲ့ ထိုသူကေတာ့ Luhanရွိရာသို႔ျပန္လည္လွည့္ၾကည့္လာသည္။ ေခါင္းညိမ့္ႏႈတ္ဆက္လိုက္ၿပီး Luhanကားေမာင္းထြက္လာခဲ့လိုက္သည္။

ေရစက္ေတြျဖတ္ခဲ့ၿပီးေပမဲ့မၾကာေတာ့သည့္အခ်ိန္မွာ မ်က္ႏွာခ်င္းဆိုင္လို႔စကားေတာ့ေျပာနိုင္မည္ထင္ပါသည္။

လြင့္ေနသည့္အေတြးမ်ားကိုေခါင္းခါဖယ္ထုတ္လိုက္ၿပီး Luhanကားကိုသာအာ႐ုံစိုက္ေမာင္း သည္။ကားျပန္ေမာင္းသည့္အခ်ိန္မွစ၍အၿမဲကားကိုျဖည္းျဖည္းေမာင္းရန္ သတိေပးေနသည့္ Sehunအသံသည္ ကားေမာင္းတိုင္းျပန္ၾကား
ေယာင္ေနတုန္းပင္။

ထိုအေၾကာင္းသို႔အာ႐ုံေရာက္သြားပါမွ သတိမ်ားရလာလ်က္ Luhan ကားကိုလမ္းေဘးသို႔ထိုးရပ္
လိုက္ၿပီး ဖုန္းေကာက္ကိုင္လိုက္သည္။

ျမည္သံရွည္ႀကီးေတာက္ေလွ်ာက္ျမည္ေနေသာ
ေၾကာင့္ဖုန္း၀င္သြားသည္ကိုသိပါေသာ္လည္းကိုင္မည့္သူမရွိသည့္အဆုံးဖုန္းျပန္က်သြားေလသည္။

အလုပ္ၿပီးၿပီေျပာေပမဲ့ အစည္းအေဝးခန္းထဲေရာက္ေနျပန္လို႔မ်ားလားလို႔ Luhan အသည္း အသန္ေတြးသည္။ ဒီအခ်ိန္ ထိုင္း၌ဘယ္အခ်ိန္ေလာက္ရွိေနမည္ကိုပင္႐ုတ္တရတ္မေတြးမိပဲရွိ
သည္။ ဒုတိယအႀကိမ္ေျမာက္ထပ္ေခၚျပန္သည့္
ေနာက္မွာလဲ ထိုနည္းလည္းေကာင္းပင္။

Luhan သက္ျပင္းခ်လ်က္ စာတိုတေစာင္ခပ္သြက္သြက္ပို႔ကာ အိမ္သို႔အျမန္ျပန္လာျဖစ္ခဲ့သည္။ အိမ္ေရာက္ပါမွ Lineမွေခၚသည္ျဖစ္ျဖစ္၊ အတူပါသြားသည့္အတြင္းေရးမႉးကိုေခၚသည္ျဖစ္
ျဖစ္လုပ္ရပါမည္။

အိမ္သို႔ေရာက္သည့္ေနာက္ဆင္၀င္ေအာက္၌ကားထိုးရပ္လိုက္ၿပီး Luhan အိမ္ခန္းေသာ့ဖြင့္လို႔၀င္လိုက္သည္။ ညေနစာလဲစားျဖစ္ေတာ့မည္မဟုတ္
သလို ေအာက္ထပ္သို႔ဆင္းျဖစ္ဖို႔ရန္လဲမေသခ်ာ
သျဖင့္ မီးမဖြင့္ေတာ့ပဲအေပၚထပ္သို႔သာတက္လာ
လိုက္ပါသည္။

"ေဟ့ ဒီကိုၾကည့္ေလ"

ေလွကားတက္ရင္းဖုန္းသို႔ၾကည့္ေနရင္းမွအခန္း
ဆီမွေနစကားသံဝိုးတဝါးၾကားလိုက္သျဖင့္ Luhanမ်က္ေမွာင္က်ဳံ႕လိုက္သည္။ ေသာ့ပိတ္ခဲ့
သည့္အခန္းထဲတြင္ လႈပ္ရွားသံမ်ားၾကားရသည့္
ေနာက္ Luhan ခပ္ျမန္ျမန္သြက္သြက္ပင္ေျပးတက္သြားလ်က္ အခန္းတံခါးကိုဆြဲဖြင့္ပါသည္။

ေလာ့ဂ္က်မေနသည့္အခန္းသည္ လြယ္လင့္တကူပြင့္သြားၿပီး Luhan အခန္းထဲေရာက္သြားခ်ိန္မွာျဖင့္ နံရံေပၚမွပုံရိပ္မ်ားေၾကာင့္ တအံ့တဩျဖစ္သြားခဲ့ရသည္။

၀ရံတာဘက္ျခမ္းရွိ နံရံအက်ယ္ႀကီးေပၚ၌ video clipတခု projectorမွတဆင့္ျပသေနတာျဖစ္ၿပီး
ထိုclipထဲ၌ သူမျမင္‌ဖူးေသာ Sehun၏ပုံရိပ္မ်ားရွိေနသည္။

အျဖဴ‌ ေရာင္အေနာက္တိုင္း၀တ္စုံႏွင့္ Sehun သည္ ငယ္႐ြယ္ႏုပ်ိဳလြန္းလွသည္။ ဆံပင္ကို တည္တည္ခံ့ခံ့ျဖစ္ေနေအာင္လွန္တင္ထားပါေသာ္လည္းသူ၏ႏုပ်ိဳမႈကိုဖုံးထားနိုင္ျခင္းမရွိ။
တစကၠန႔္ျခားတခါေလာက္ၿပဳံးေနရင္းမွေန cameraရိုက္ေနသည့္သူအား အၿပဳံးလူမိသြားဟန္ျဖင့္ခိုးခိုးၾကည့္ရေသးသည္။

"ေဟ့ ညီေလး ဒီကိုၾကည့္ပါဆိုကြာ"

ေလွကားရင္းမွLuhanၾကားလိုက္ေသာအသံသည္ ျမဴးထူးေနသည့္Zhang Yi Xing၏အသံျဖစ္ေလသည္။ Sehunကထိုအသံၾကားသည့္ ေနာက္မွာနား႐ြက္ကိုကုတ္လိုက္ၿပီး cameraကိုဆြဲယူဖို႔လုပ္သည္။ Yi Xingကလည္ပါသည္။

"မရိုက္ပါနဲ႕ အစ္ကိုရာ Luhanရွက္ေနလိမ့္မယ္ သူႀကိဳက္မွာမဟုတ္ဘူး"

"နိုး နိုး ဒါအမွတ္တရကြ။ မင္းေယာကၤ်ားေလး
မျမင္ေအာင္ငါခိုးရိုက္ေပးမယ္ ဟုတ္ၿပီလား?"

"အစ္ကိုကလဲဗ်ာ....."

ပိုင္ဆိုင္မႈျပနာမ္ေလးတခုမွာ နား႐ြက္ေတြနီရဲေန
ေအာင္ရွက္သြားသည့္ Sehunကိုၾကည့္ၿပီး Luhanအသည္းေတြယားလာရသည္။ Sehun သည္ Luhanအေရွ႕တြင္ ဘယ္ေသာအခါမွ ရွက္မျပခဲ့ေသာေၾကာင့္ ဒီပုံရိပ္ေလးသည္ ေ႐ႊလိုအဖိုးတန္လွသည္။

Video ရိုက္ေနသည့္တေနရာသည္ ဘုရားေက်ာင္း အတြင္းမွာျဖစ္ၿပီး ခန္းမအတြင္းေနရာယူၿပီးျဖစ္သည့္ေမေမ့ကိုလဲေတြ႕ရသည္။ Sehunတို႔မိသားစုေရွ႕ေနကိုလဲေတြ႕ရသည္။ Jun Myeonလဲရွိေနသျဖင့္ Luhanမွာ သတို႔သားျဖစ္သည့္ သူႏွင့္ Sehunအစား Jun Myeon ၏ လႈပ္ရွားပုံ အစုစုကိုပင္ ဆယ္မိနစ္ခန႔္ထိုင္ၾကည့္ေနလိုက္ရေသးသည္။ ရိုက္ေနသူက Zhang Yi Xingရယ္မလား ?

Yi Xingက ေနရာတြင္သြားမထိုင္ေသးပဲ Sehun ဆီေရာက္လာျပန္သည္။ ေလပူေတြခဏခဏမႈတ္ထုတ္ရင္း ျပန႔္ေနသည့္၀တ္စုံကိုခဏခဏဆြဲခ်ေန
သည့္Sehunက အနားေရာက္လာသည့္ Yi Xing ကို မသက္မသာရယ္ျပလာသည္။

"စိတ္လႈပ္ရွားေနလား ?"

"ဟုတ္..."

"ငါတို႔ Luhanကိုသြားၾကည့္ၾကမလား ?"

မိနစ္အေတာ္ၾကာတိတ္ဆိတ္သြားေပမဲ့ Sehunက ေခါင္းခါယမ္းျပလာကာ ၿပဳံးလာၿပီးေနာက္

"သူမႀကိဳက္ပဲေနဦးမယ္ ။ ကြၽန္ေတာ္ဒီကပဲေစာင့္ပါ့မယ္"

အၿပဳံးတ၀က္ျဖင့္ Sehunက ေလွ်ာက္လမ္းအစမွာမတ္တပ္ရပ္က်န္ေနခဲ့သည္။ Yi Xingကသာ မနိုင္ပါဘူးဆိုသည့္မ်က္ႏွာထားျဖင့္ camera ကိုင္သြားၿပီး Jun Myeonအနားသို႔ေလွ်ာက္သြားေလသည္။

သူ႕ဆီဦးတည္ခ်ိန္ထားသည့္ cameraကိုျမင္သည့္
ေနာက္ လန႔္သြားၿပီးေနာက္သို႔ဆုတ္သြားသည္။ Yi Xingကရယ္ျပလိုက္သည္ထင္။ ထိုအခါမွသာျပန္လည္ရယ္ျပလာၿပီး Yi Xingထိုင္ဖို႔အတြက္ ေဘးနားတိုးေပးေလသည္။

" Sehunေရာ ေရွ႕မွာေစာင့္ေနတာလား"

"အင္း... Luhanကိုေစာင့္ေနမယ္တဲ့ "

Jun Myeon ကေလွ်ာက္လမ္းအစကိုလွမ္းၾကည့္
လိုက္သည့္ေနာက္ Yi Xing ၏ camera သည္လည္းထိုဘက္သို႔ လွည့္သြားသည္။

မလွမ္းမကမ္းမွာရွိေနသည့္အတြက္အနီးကပ္မဆြဲရပါပဲ မတ္တပ္ရပ္ေနသည့္Sehunကို ရွင္းရွင္း လင္းလင္းရိုက္ယူနိုင္ေလသည္။ စိတ္လႈပ္ရွားမႈ
အတိုင္းသားေပၚေနသည့္Sehunသည္ ခဏၾကာပါမွ တည္ၿငိမ္သြားၿပီး ဦးတည္ရာတစ္ခုတည္းသို႔
ၾကည့္ေနခဲ့သည္။

ႏႈတ္ခမ္းထက္မွအၿပဳံးပို၍ပို၍ပီသလာခ်ိန္တြင္ Sehunအနားသို႔ Luhanေရာက္လာခဲ့ၿပီျဖစ္ သည္။

ေသခ်ာေပါက္ကို ယခုထက္ငယ္႐ြယ္ေနသည့္ Video ထဲမွာ သူ႕ကိုယ္သူကို ျမင္ရသည့္အခါ Luhanကၿပဳံးပါသည္။ Video ထဲမွာသူသည္လည္းၿပဳံးေနခဲ့သည္။ Sehunမ်က္ႏွာကို စကၠန႔္တိုင္းမလြတ္ၾကည့္ၿပီး Sehunျပန္ၾကည့္သည့္
ေနာက္ ေလွ်ာက္လမ္းဆီသို႔အၾကည့္လႊဲသည္။

မူရာမာယာပိုလြန္းသည့္သူ႕ကိုယ္သူLuhanရယ္
ခ်င္သြားသည္။ ေဘးခ်င္းယွဥ္လ်က္ေလွ်ာက္လာၾကၿပီး သင္းအုပ္ဆရာေရွ႕ေမွာက္အေရာက္မွာLuhanက Sehunလက္ကိုဆြဲကိုင္လို႔ မ်က္ႏွာ ခ်င္းဆိုင္ရပ္လိုက္ေစပါသည္။

ထာ၀ရအနားမွာရွိေနေပးဖို႔ကတိေပးပါသည္။
ဆင္းရဲမေ႐ြး၊ခ်မ္းသာမေ႐ြး၊နာမက်န္းပါေစ၊က်န္းမာပါေစ ၊ လက္တြဲမ်ားကိုမည္သည့္အခါမွ
ျဖဳတ္မခ်ပစ္ဖို႔ကတိေပးပါသည္။ ၀မ္းနည္းခ်ိန္တိုင္း၊၀မ္းသာခ်ိန္တိုင္း အတူတူခံစားေပးဖို႔ကတိ
ေပးၿပီး အခ်စ္တို႔တည္ေစရပါမည္ဟုကတိေပး
ပါသည္။

Yi Xing ရိုက္ေနသည့္ဘက္ကို Luhanကေက်ာေပးထားပါသျဖင့္ Luhan၏မ်က္ႏွာအားမျမင္ရပါေသာ္လည္း အၿပဳံးတခ်က္မျပတ္ခဲ့သည့္ Sehunကိုေတာ့ထင္ထင္ရွားရွားျမင္ခဲ့ရေလသည္။

လက္ထပ္လက္စြပ္ကို လက္သူႂကြယ္၌ တယု တယစြပ္ေပးၿပီးေနာက္ Luhan ပါးတဖက္ကိုညင္သာ စြာအုပ္ကိုင္ၿပီး ႏႈတ္ခမ္းပါးထက္ သာသာေလးတခ်က္နမ္းလိုက္သည္အထိ Sehun၏လႈပ္ရွားမႈမ်ားသည္ ပိုးသားတစလို ႏူးညံ့ေပ်ာ့ေပ်ာင္းလွသည္။

ႏႈတ္ခမ္းလႈပ္႐ုံ ကိုယ္ ခင္ဗ်ားကိုအၿမဲတမ္းအတြက္ ခ်စ္တယ္ ဆိုေသာအေျပာအား Yi Xing ကအမိအရရိုက္ယူခဲ့သည္။ ေခါင္းတခ်က္ၿငိမ့္လိုက္သည့္ Luhanအမူအရာအဆုံးမွာ videoကၿပီးဆုံးသြားခဲ့သည္။

လွ်ပ္စစ္မီးတပြင့္သာဖြင့္ထားသည့္အခန္းထဲ၌ Luhan ၿငိမ္ၿငိမ္ကေလးထိုင္ေနခဲ့ၿပီး မ်က္ရည္မ်ားစိုေနသည့္မ်က္ႏွာကိုလက္ဖဝါးျဖင့္ဖိသုတ္သည္။

ထိုအခိုက္မွသာ စာအုပ္စင္မ်ားေနာက္မွေန Sehunကထြက္လာခဲ့ၿပီး Luhanေရွ႕‌၌ ဒူးတဖက္ေထာင္လ်က္ ထိုင္ခ်လိဳက္ပါသည္။

"ဘာလို႔ငိုတာလဲ ? ကိုယ္စိတ္မေကာင္းေအာင္"

မ်က္ႏွာကိုေထြးေပြ႕လ်က္ မ်က္ရည္တို႔ဖယ္သုတ္
ေပးကာ Sehunက ညင္သာစြာေျပာျပန္သည္။
ပါးႏွစ္ဖက္ေပၚေရာက္ေနသည့္ Sehun လက္မ်ား
ကိုျပန္လည္အုပ္ကိုင္လိုက္ၿပီး Luhanကၿပဳံးလ်က္ေခါင္းခါျပသည္။

"ကြၽန္ေတာ္တို႔ပထမဆုံးမဂၤလာေဆာင္တုန္းကလား ?"

"အင္း အစ္ကိုYi Xingေပးထားတာ။ အရင္တုန္းကအတူၾကည့္ၿပီးသားေပမဲ့ အခုျပန္ထုတ္ျပတာ။ မငိုနဲ႕ေတာ့ေလ ။ တိတ္ေတာ့ေနာ္"

"မငိုပါဘူး မ်က္ရည္က်တာ"

လက္ထဲမွေန႐ုန္းသြားၿပီးတဖက္သို႔လွည့္လ်က္ မ်က္ရည္ေတြကိုသုတ္လို႔Luhanကဆိုသည္။

Sehunကအလြတ္မေပးပဲ Luhanမ်က္ႏွာကေလးကို ျပန္လည္ေထြးေပြ႕လိုက္ရင္း မ်က္ရည္မ်ားကိုသုတ္ေပးေနခဲ့သည္။

"ကိုယ္က ခင္ဗ်ားကို အၿမဲတမ္းေပ်ာ္ေစတဲ့သူျဖစ္
ခ်င္သလို ၊ ခင္ဗ်ားမ်က္ရည္ေတြကိုသုတ္ေပးတဲ့
သူလဲျဖစ္ခ်င္တာပါ"

ခပ္ဖြဖြလက္ဖဝါးေတြၾကား၌ Luhanမ်က္ရည္စ
ေတြအေတာ္အမ်ားကပ္ပါသြားခဲ့သည္။ မ်က္ရည္ေတြကုန္သြားသည့္ေနာက္ Sehun က ပါးျပင္ေသြ႕ေသြ႕ကိုယုယုယယကိုင္ထားရင္း ၿပဳံးျပလာသည္။

"ကိုယ့္ခင္ပြန္းအျဖစ္ ခုႏွစ္ႏွစ္လုံး ရွိေနေပးလို႔
ေက်းဇူးတင္ပါတယ္။ Happy 7th anniversary ပါ။ ခ်စ္"

Sehun စကားဆုံးသည့္ေနာက္ Luhanက ရွက္ဝါးဝါးရယ္သည္။ Luhanရယ္ေမာေနသည္ကိုၾကည့္ၿပီး Sehunသည္လည္း ရယ္လာကာ တစစနီလာၿပီျဖစ္သည့္ သူ၏နား႐ြက္ကေလးကိုပြတ္လ်က္ေနေလသည္။

Luhanမွာ ထိုနား႐ြက္ေပၚမွ လက္ကိုဖယ္လ်က္
ယင္းနီေစြးသည့္နား႐ြက္ကေလးကိုတခ်က္မွ်နမ္း
သည္။ ပို၍နီရဲသြားေလျခင္းေၾကာင့္ ႏွစ္ေယာက္
သားခပ္ဟဟရယ္ေမာမိပါေသးသည္။

‌ေျခရင္း၌ဒူးတဖက္ေထာင္လ်က္ထိုင္ေနခဲ့ျခင္းျဖစ္လို႔ Sehun က သူ႕ဒူးနားမွာရွိသည့္ Luhanေျခေထာက္ကေလးကိုဆြဲယူလာသည္။
ေျခက်င္း၀တ္၌ေနရာယူလာသည့္ ေ႐ႊေရာင္ႏွင့္
အနီေရာင္ယွက္ေနသည့္သတၱဳႀကိဳးအား Luhan
ကငုံ႕ၾကည့္ေလသည္။ ရိုးရွင္းသည့္ဒီဇိုင္းျဖင့္အေရာင္လက္ေနသည့္ ခ်ိန္းႀကိဳးသည္ Luhan ေျခက်င္း၀တ္ျဖဴျဖဴထက္ပနံသင့္ေနခဲ့သည္။

"ကိုယ့္ဆီက ဘယ္ေတာ့မွထြက္မသြားကေအာင္ ခ်ည္ထားလိုက္ၿပီ"

"ေနပါဦး ကြၽန္ေတာ္ကဘယ္ထြက္သြားမွာမို႔လဲ"

ထိုမ်က္ႏွာထားတည္တည္ကိုSehunကျမတ္နိုးဖြယ္ၾကည့္ပါသည္။ ထို႔ေနာက္ ေျခေထာက္ေလးအားတယုတယပြတ္သပ္ၿပီး

"ဒီႀကိဳးက ေၾကးနီနဲ႕လုပ္ထားတာ။ ၇ႏွစ္တိုင္ ေအာင္ တည္ေနခဲ့တဲ့ ကိုယ္တို႔အိမ္ေထာင္ေရး
ရယ္ ၊ အၿမဲရွိသြားမဲ့ အခ်စ္ေတြရယ္ကိုကိုယ္စားျပဳၿပီးေတာ့ေပါ့"

ငုံ႕က်ေနသည့္ Sehun၏မ်က္ႏွာကို Luhan ကအသာပင့္ေမာ့သည္။ ေႏြးေထြးခ်ိဳျမမႈတို႔အား
တမုဟုတ္ခ်င္းခံစားလိုက္ရၿပီးေနာက္ Sehunက
ေက်နပ္ႏွစ္သိမ့္စြာၿပဳံးလာခဲ့ပါသည္။

"ကြၽန္ေတာ္တို႔ video ျပန္ၾကည့္ၾကရေအာင္"

"အင္း..."

Sehunက projectorရွိတဲ့ေနရာဆီေလွ်ာက္သြားၿပီး videoအစကျပန္ဖြင့္ေပးသည္။ ထိုင္လ်က္က်န္ေနခဲ့သည့္Luhanက Sehunျမန္ျမန္လာ
ေအာင္လက္ယွက္ေခၚလိုက္ေလၿပီး အနားေရာက္
လာသည့္ေနာက္Sehunလက္ကိုဆြဲခ်လိဳ႕သူ႕နံေဘးမွာထိုင္ေစလိုက္သည္။

လြန္ခဲ့သည့္ခုႏွစ္ႏွစ္က ႏွစ္ဦးသေဘာတူ တေယာက္ဘ၀တေယာက္ စခ်ည္ခဲ့ေသာႀကိဳးကေလးသည္ ယေန႕ထိၿမဲၿမံေနခဲ့သည္။ မကုန္ေတာ့ေသာခ်စ္ျခင္းတို႔ျဖင့္ ထာ၀ရၿမဲသြားဦးမည္ျဖစ္သည္။

Sehunနဖူးေျပေျပကို ၾကာၾကာဖိကပ္နမ္းရွိုက္လိုက္ၿပီး ေပ်ာ္႐ႊင္စရာႏွစ္ပတ္လည္ပါဟု Luhanကဖြဖြဆိုသည္။

ခ်စ္ခဲ့သည့္ႏွစ္မ်ားမွဆက္၍ ခ်စ္သြားမည့္ႏွစ္မ်ားသည္ဆက္လက္တည္ရွိေနပါလိမ့္မည္။

...........….............

(စာအုပ္မ၀ယ္လိုက္ရတဲ့ ကေလးေတြအတြက္
စာအုပ္ထဲက အပိုင္းပိုေလးပါ 🖤 ဖတ္ၿပီးသြားလဲ feedback ေလး 🤭)

Continue Reading

You'll Also Like

14.7K 760 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...
54.7K 3.3K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
17.8K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
83.3K 8.7K 44
"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္လုံေလာက္ပါ လိမ့္မလဲ။" Just a simple love...