The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Fifty-two

6.8K 1K 153
By HanXun


"အစ္ကိုေလး ေရာက္ျပီ"

ေရွ႕ခန္းမွကားေမာင္းသူဦးေလး၏ အသိေပးစကားၾကားမွ
ပင္ Tablet Screenမွအၾကည့္ခြာလိုက္ျပီး ေခါင္း
ေထာင္ၾကည့္ရသည္။ ျပခန္းတာဝန္ခံပို႔လိုက္သည့္ ပန္းခ်ီ
ကားစာရင္းေတြကိုၾကည့္ရင္း ေတာက္ေလွ်ာက္ပါလာခ့ဲ
သည့္အတြက္ သင္တန္းေရာက္လို႔ ေရာက္လာမွန္းပင္
မသိ။

"ေက်းဇူးဦးေလး ကြ်န္ေတာ္ ျပန္ခါနီးရင္ ဖုန္းဆက္လိုက္
မယ္ေနာ္"

"ဟုတ္က့ဲခင္ဗ်"

Luhan ေခါင္းျငိမ့္ျပံဳးျပလိုက္ျပီး ပစၥည္းေတြဆြဲသယ္လို႔
ကားေပၚမွဆင္းလိုက္သည္။ ေနာက္လာမည့္ေႏြရာသီမွ
ဖြင့္မည့္ ကေလးပန္းခ်ီသင္တန္းအတြက္ လိုအပ္သျဖင့္မွာ
ထားေသာ သင္ေထာက္ကူပစၥည္းမ်ားသည္ သင္တန္းသို႔
ေရာက္မလာပဲ သူတို႔အိမ္သို႔ေရာက္လာသျဖင့္ Luhan
လမ္းၾကံဳတခါတည္းသယ္လာျခင္းျဖစ္သည္။

ဦးေလးၾကီးပါဝင္သယ္ျပီး အေပၚထပ္တပ္သြားေပမင့္
ပစၥည္းေတြကမ်ားေနေသးသည္။ Luhan မွာလြယ္အိတ္ ကတဖက္ စုတ္တံမ်ားထည့္ထားသည့္အိတ္ကတဖက္၊
ႏွင့္ ပန္းခ်ီကားပုစိေလးေတြထည့္ထားသည့္ပုံးကိုမယူ
လိုက္သည့္အခ်ိန္ ဟန္ခ်က္ပ်က္ကာ ကိုယ္ကယိုင္သြားေပ
မ့ဲ မ်က္ႏွာခ်င္းဆိုင္မွ လွမ္းထိန္းေပးလိုက္ျခင္းေၾကာင့္
ပစၥည္းေတြေရာ လူေရာ ေအာက္သို႔ယိုင္မက်ပဲခံသာသြားေလသည္။

"ေၾသာ္ Han Yong "

"ကြ်န္ေတာ့္ကိုလွမ္းေခၚလိုက္တာမဟုတ္ဘူး"

Luhan သယ္မည္ျပင္ေနသည့္ ပုံးႏွင့္ အိတ္ကို လက္လႊဲ
ယူျပီး Han Yong က ခပ္တည္တည္ေျပာသည္။ ဟုတ္
သည္။ Han Yong က Luhan၏ ကမ္းလွမ္းခ်က္မ်ား
ထဲမွ အခ်ိန္ပိုင္းအလုပ္ေပးမည္ဆိုသည္ကို လက္ခံျပီး
Luhan နားမွာအလုပ္လုပ္ေနျပီျဖစ္ပါသည္။

ပန္းခ်ီကုိဆက္သင္ဖို႔ ပန္းခ်ီဆက္ဆြဲဖို႔စကားစမလာေသး
ေပမ့ဲ Luhan ဆီမွာ အလုပ္လုပ္ေနသည့္ တလနီးပါး
အခ်ိန္တြင္ ထိုေကာင္ေလး၏ ပန္းခ်ီဆြဲျခင္းအေပၚ ဝါသနာ
ထုံမႈကို Luhan သိလိုက္ရသည္။

Luhanျပန္သင္ေပးေနသည့္လူၾကီးပိုင္းအတန္းမ်ားတြင္ ဒီေကာင္ေလးအားအနားမွာေခၚထားကာလက္ေထာက္
လုပ္ေစျခင္းျဖင့္Luhanကထုိဝါသနာပိုးပိုတိုးလာေအာင္ လုပ္ပါသည္။

အငယ္ေလးေတြရဲ႕သင္တန္းကို လက္ေထာက္ဂ်ဴနီယာ
ေကာင္မေလးဆီအလုံးစုံလႊဲထားျပီးျပီျဖစ္သည့္အတြက္
Luhanက ကေလးေတြနဲ႕ အခ်ိန္ျပည့္မေတြ႔ရေတာ့။

သို႕ေသာ္လည္း ကေလးေတြသည္ Luhan လာသည့္
အခ်ိန္ထိ ထိုင္ေစာင့္ေနတတ္ၾကေသးသျဖင့္ Luhanမွာ
အျမဲမုန္႔ေတြဝယ္ထားကာေဆာင္ထားရေသးသည္။ ယခု
လည္း ဝယ္လာသည့္ ေခ်ာကလက္ကြတ္ကီးမ်ားႏွင့္ႏို႔ခဲ
ထုတ္မ်ားကို ဗီဒိုထဲစီထည့္ေနရင္း Sehunကိုေပးဖို႔
အတြက္ ေခ်ာကလက္ႏို႔ခဲတထုတ္ကိုအိတ္ထဲျပန္ထည့္
သည္။ ထို႔ေနာက္ ကြတ္ကီးတထုတ္ကိုယူကာ ထုိင္ခုံေန
ရာျပန္စီေနသည့္ Han Yong ဆီပစ္ေပးလိုက္ျပီး

"ေရာ့ ဖမ္း ......"

"..................ကြ်န္ေတာ္ အခ်ိဳမၾကိဳက္ဘူး"

"လူၾကီးကေပးရင္ ဒီအတိုင္းယူလိုက္ ဟုတ္ျပီလား ?"

Luhan ေျပာေတာ့ ကြတ္ကီးထုတ္ကိုအိတ္ကပ္ထဲ
ေကာက္ထည့္ျပီး လုပ္လက္စအလုပ္ကိုဆက္လုပ္သည္။

အေနတည္ကာ အေရာဝင္ဖို႔ခက္လွသည့္ထိုေကာင္ေလး
ကိုၾကည့္ျပီး Luhanက ျပံဳးကာ ေခါင္းခါယမ္းသည္။
တလနီးပါးအခ်ိန္ၾကာခ့ဲေပမ့ဲ Luhan ႏွင့္ ေမးထူးေခၚ
ေျပာအဆင့္ကမတက္သလို အခ်ိန္ျပည့္နီးပါးေတြ႔ေနရသည့္ လက္ေထာက္ဆရာမေလးႏွင့္လည္း စကားသိပ္မေျပာ
ျဖစ္ၾကဟုဆိုသည္။

ေကာင္ေလးက အသက္အရြယ္ႏွင့္ဆိုင္၍လားမသိ၊ လူမႈ
ဆက္ဆံေရးမွာအားနည္းပုံရသည္။

"အေဖေရာ ေနေကာင္းျပီလား "

"............အေဖကေနေကာင္းတယ္လို႔ေတာ့မရွိပါဘူး
ခုထိေဆးရုံမွာပါပဲ "

ေခတၱမွ် တိတ္သြားျပီးမွ Luhan ေမးခြန္းကိုျပန္ေျဖလာ
သည္။ Han Yong သည္ ဖခင္ကိုေတာ့ျဖင့္ ေတာ္ေတာ္
ခ်စ္ပုံရပါသည္။ အေဖေနမေကာင္းသည့္စကားစလိုက္ရုံ
ျဖင့္ ငိုင္သြားေလ့ရွိျပီး မ်က္ႏွာမေကာင္းကာ အလို္ုလို
ဝမ္းနည္းသြားတတ္သည္။

ယခုလည္း ခဏမွ် ျငိမ္က်သြားျပီးကာမွ အလုပ္ဆက္လုပ္
သည္။ Luhan ထိုင္ေနရာကေန ထသြားလိုက္ျပီး ေဘး
နားမွာကပ္ထိုင္လိုက္သည့္ေနာက္ Luhanကိုေမာ့ၾကည့္လာသည္။ ဘယ္ေလာက္ပဲ စိတ္ဓာတ္မာခ်င္ေယာင္ေတာင့္ခံထားေပမ့ဲလဲ ဆယ့္ငါးႏွစ္ေက်ာ္ကာစ ေကာင္ေလး
သည္ ဝမ္းနည္းမႈကိုေတာ့ ဖုံးကြယ္တတ္ခ့ဲျခင္းမရွိ။

"ေဖေဖကကင္ဆာျဖစ္ေနတာလို႔ ေျပာဖူးတယ္ေနာ္
ခုေခတ္ ေဆးပညာေတြကေကာင္းပါတယ္ မင္းေဖေဖ
သက္သာလာမွာ"

"အသည္းကင္ဆာ ေနာက္ဆုံးအဆင့္။ အင္း ပိုက္ဆံေတြ
ပုံေပးလိုက္ရင္ေတာ့ ကြ်န္ေတာ့္အေဖကိုျပန္ရေလာက္ပါ
တယ္"

"ဘယ္ေဆးရုံမွာလဲ ငါလာခ့ဲမယ္ မင္းေမေမနဲ႕လဲေတြ႔ရ
တာေပါ့"

Han Yongက Luhanကိုလွည့္ၾကည့္လာသည္။

ဘာစကားတခြန္းမွမေျပာေပမ့ဲ မိနစ္အနည္းငယ္ေလာက္
ၾကာသည့္အခါသက္ျပင္းခ်သည္။ ထို႔ေနာက္အၾကည့္ျပန္
လႊဲလိုက္ျပီး

"ေမေမက မႏွစ္က ဆုံးသြားျပီ"

မတုန္ရင္ေအာင္အတင္းဖိခ်ဳပ္ထိန္းထားသည့္ လက္သီး
ဆုပ္ေလးမ်ားကို Luhan ၾကည့္မိသည္။ မည္သို႔ႏွစ္သိမ့္စကားေျပာရမည္မသိေပမ့ဲ Han Yong သည္ ႏွစ္သိမ့္
စကားလိုအပ္သည့္ပုံမေပၚပါ။ တခါတခါက်ေတာ့ ႏွစ္သိမ့္
လိုက္သည္က ပိုလို႔အထိနာေစသည့္အခ်ိန္ေတြလဲ ရွိေန
တတ္တာပဲ။

အဆိုပါ ခပ္တင္းတင္းဆုပ္ထားသည့္ လက္သီးဆုပ္မ်ား
ကို Luhan လွမ္းကိုင္လိုက္ကာ ေျဖခ်ေပးလိုက္သည္။
Han Yong အၾကည့္မ်ားသည္ ခ်က္ခ်င္းဆိုသလို သူ႔ဆီ
ေရာက္လာေပမ့ဲ Luhan ျပန္မၾကည့္ျဖစ္။

"အစ္ကို႔မွာလဲ အေဖမရွိေတာ့ဘူး။ ငါ့ညီနဲ႕မတူပဲနဲ႕
အေဖ ဘယ္အခ်ိန္တည္းက မရွိေတာ့တာလဲဆုိတာ
ေတာင္ အစ္ကိုမမွတ္မိေတာ့ဘူး မိစုံဘစုံရွိတ့ဲ လူေတြျမင္
တိုင္း ဝမ္းနည္းရတယ္မလား "

စုတ္တံကိုင္သင့္ေပမ့ဲ အလုပ္ၾကမ္းမ်ားေၾကာင့္ ၾကမ္းတမ္း
ေနခ့ဲရသည့္ လက္ေလးမ်ားကို Luhan ဆုပ္ကိုင္ေပး
လိုက္ျပီး Han Yongကိုၾကည့္ကာ ေမးလိုက္သည္။

ေကာင္ငယ္ေလးသည္ ဟန္မေဆာင္တတ္ေတာ့။
မ်က္ရည္တစက္လြင့္ျပီးေနာက္ ေခါင္းကိုအဆက္မျပတ္
ညိမ့္သည္။

Luhanျပံဳးလိုက္မိျပီး

"ဒါေပမ့ဲ အစ္ကိုတို႕မွာ အစ္ကိုတို႔ကိုခ်စ္တ့ဲသူေတြ အစ္ကို
တို႔ကခ်စ္ရတ့ဲသူေတြ ဘဝေတြ ရည္မွန္းခ်က္ေတြ အိမ္
မက္ေတြရွိေသးတယ္ အ့ဲဒါေတြက မင္းကို အျမဲဝမ္းနည္း
ခြင့္မေပးပါဘူး "

အားေပးသည့္စကားလား မသိ။ ဘယ္လိုဦးတည္ခ်က္
လဲမသိ ။ သို႔ေသာ္လည္း ထိုစကားတို႔ကိုေျပာျဖစ္သြား
သည္။ အနည္းဆုံးေတာ့ ဘာမွမေျပာပဲ တိတ္တိတ္ေန
လိုက္ျခင္းက Han Yong တမ်ိဳးျမင္သြားႏိုင္သည္ဟု
Luhanထင္သည္။

"နားေထာင္လို႔ေတာ့ေကာင္းပါတယ္ အစ္ကို႔ဟာက
ႏွစ္သိမ့္တာလား ဘာလား မသိတာေလးပဲ "

"လူၾကီးေျပာရင္ ဒီတိုင္းနားေထာင္လိုက္"

"မ်က္ႏွာကျဖင့္ ကြ်န္ေတာ့္ထက္ငယ္ေနတ့ဲမ်က္ႏွာနဲ႕"

"ေဟ့ေကာင္.........."

Luhan အရႈိက္ထိသြားသျဖင့္ ေအာ္ဟစ္ေနပါေသာ္
လည္း Han Yong က ေဆးဘူးခြံမ်ားထည့္ထားသည့္
ပုံးကိုမလ်က္ အခန္းထဲမွ ထြက္သြားျပီျဖစ္သည္။

လက္ေနာက္ ျပန္ တာ့တာျပျပီး ok လုပ္ျပသြားပါမွ
Luhan သည္ ေအာ္ဟစ္ေနရင္းကေန ရယ္လိုက္မိေသး
သည္။

ဘာပဲျဖစ္ျဖစ္ Han Yong ႏွင့္ Luhan ၾကားမွာ တူညီ
သည့္အခ်က္ကေလးတခိိ်ဳ႕ႏွင့္ တစစရင္းႏွီးလာခ့ဲသည္ဟု
ဆိုႏိုင္ပါသည္။

...^...

ေနသာေလသာသည့္ ပိတ္ရက္တစ္ခုတြင္ ေကာ္ဖီတအိုး
ႏွင့္လက္ဖက္ရည္ၾကမ္းတအိုးကိုစားပြဲေပၚတင္လ်က္ Luhanဥယ်ာဥ္ျခံထဲဝင္ထိုင္ေနသည္။

စားပြဲေပၚမွာလဲ ဟိုတယ္အသီးသီး၊ မဂၤလာခန္းမအသီးသီးကလက္ကမ္းစာေစာင္ေတြျပည့္ဝလ်က္ေနသည္။ တရြက္
ျပီးတရြက္ေကာက္ကိုင္ၾကည့္လ်က္ ျပန္ခ်လိုက္ လုပ္ေန
သည့္အခ်ိန္မွာပင္ အိမ္ထဲမွ စားစရာဗန္းလိုက္သယ္ျပီး
ထြက္လာသည့္ Sehunက Luhan ထိုင္ေနသည့္အနား
သို႕ေရာက္လာပါသည္။

ေဘးမွာဝင္မထိုင္ေသးပဲ စာရြက္ေတြၾကား မ်က္ႏွာရႈံ႕တြ
ေနသည့္ Luhanကို ငုံ႕ၾကည့္လို႔ျပံဳးေနေသးသည္။

ေမာ့ၾကည့္လာသည့္ Luhanမ်က္ႏွာေၾကာင့္ အျပံဳးေတြ
ပိုတိုးသြားသည့္အခါ Luhanကရယ္လိုက္ျပီး Sehun
လက္ေမာင္းကိုဆြဲခ်လို႔ သူ႔အနားမွာထိုင္ေစပါသည္။

"ကြ်န္ေတာ္တို႔ ေနာက္၂ပတ္ဆိုရင္ပဲမဂၤလာေဆာင္
ေတာ့မွာ ဟုတ္ပါတယ္ေနာ္"

"အင္း မယုံဘူးလား"

"ဟိုတယ္ေတြတခုမွမၾကိဳက္ဘူး ဒီတိုင္းဒီမွာပဲလုပ္ရ
ေအာင္"

စာရြက္ေတြကိုတြန္းလိုက္ျပီး Luhanက ေဘးဘီကိုေဝ႕
ၾကည့္ကာေျပာလာသည္။ ၂ပတ္တည္းႏွင့္ျပင္ဆင္ခ်ိန္
မလုံေလာက္ပါေသာ္လည္း ကိိုယ္စီအလုပ္ေတြရႈပ္ေနမ်ား
ေနသျဖင့္ ဟိုတယ္ေရြးလွ်င္ေသာ္မွ တခါတည္း package ပါတာ ေရြးၾကမည္ဟု သေဘာတူထားၾကတာ
ျဖစ္သည္။ သို႔ေသာ္လည္း ယခုLuhanက ဟိုတယ္ေတြ
မၾကိဳက္ေတာ့ပါဟု ဆိုလာပါသည္။

"အင္း ျဖစ္ႏိုင္တယ္ ရတယ္ေလ ဟိုးနားမွာ ကိုယ္တို႔
အခမ္းအနားအျပင္အဆင္ နည္းနည္းလုပ္မယ္ ဧည့္သည္
ကလဲ နည္းနည္းပဲဆိုေတာ့ ခုံေတြကိုက အ့ဲေရွ႕နည္းနည္း
ပန္းျခံရုံနားေတြမွာခ်မယ္ ဟိုဘက္နားမွာက် bandရွိ
မယ္ ဘယ္လိုလဲ "

Sehunက ေနရာေတြညႊန္ျပေနေပမ့ဲ Luhanက Sehunမ်က္ႏွာကိုပဲၾကည့္ေနခ့ဲတာျဖစ္သည္။

တခုခုကိုအာရုံစိုက္လုပ္ျပီဆိုလွ်င္ မာန္တခုျဖင့္ တည္ျငိမ္ သြားသည့္ Sehun၏ မ်က္ႏွာအမူအရာကို Luhan
ကသေဘာက်သည္။

Luhanဆက္တိုက္ၾကည့္ေနမွန္း Sehun သတိထားမိသြားသည့္အခါမွာ Luhanကိုျပန္လည္စိုက္ၾကည့္လာျပီး မ်က္ခုံးပင့္ျပသည္။ Luhan ေခါင္းခါေတာ့ မ်က္ေမွာင္က်ံဳ႕သည္။

ထို႕ေနာက္ Luhan ၏ အညိဳေရာင္ေခါင္းလုံးေလးကို
ဖိခ်ပစ္လိုက္ျပီး လက္ေမာင္းရင္းကေနတဆင့္ သူ႔အနား
အား ဆြဲယူသည္။

"ဘာလဲ လူကိုဆြဲလားယမ္းလားနဲ႕"

"ခင္ဗ်ားအရင္ ပိုင္စိုးပိုင္နင္းၾကည့္တာေလ"

"ဘာျဖစ္လဲ ကိုယ့္လူကို ၾကည့္တာ မၾကည့္ရဘူးလား"

ျပံဳးလ်က္နားေထာင္ေနခ့ဲေပမ့ဲ ထိုစကားကို Luhan တိုး
တိုးတိတ္တိတ္ေျပာလိုက္သည့္ေနာက္မွာ Sehunအျပံဳး
ေတြရပ္သြားသည္။

"ဘာ......ဘာလဲ ?"

"ေနာက္တေခါက္ေလာက္ေျပာပါလားဟင္"

"ဘာကိုလဲ "

မသိခ်င္ေယာင္ေဆာင္ျပီး ေခါင္းကုတ္ကာ တဖက္သို႔
မ်က္ႏွာလွည့္သြားေပမင့္ Sehun မွာ အလ်င္အျမန္ပင္
ထိုမ်က္ႏွာေလးကို ေမးဖ်ားမွ ဆြဲယူလွည့္လိုက္ျပီး သူ႔ကို
တည့္တည့္ၾကည့္ေစသည္။ Luhanကေမာ့မၾကည့္ပဲ
မ်က္ႏွာေအာက္ငုံ႕ထားပါသည္။

"ဟင္ လို႕ ။ ကိုယ္ၾကားခ်င္လို႕ပါ ခင္ဗ်ားရဲ႕"

"မသိဘူး မသိဘူူး "

ေမးေစ့ဖ်ားကိုSehunပင့္ေမာ့ထားသည္မွ ရုန္းထြက္ျပီး
Sehunပခုံးေပၚေခါင္းမွီခ်လ်က္ နီရဲစျပဳေနသည့္မ်က္ႏွာ
အား ဝွက္ခ်လိုက္သည္။ ၾကားခ်င္သည့္စကားကိုဆက္
မၾကားရပါေသာ္လည္း ရင္ခြင္ထဲသို႔တိုးဝင္လာသည့္
ေခါင္းလုံးလုံးေလးရယ္ေၾကာင့္ Sehun အဆင္ေျပပါ
သည္။

လူလည္က်သြားသည့္ အေကာင္ေလး၏ ဆံပင္ညိဳႏုႏု
ကေလးမ်ားကိုဆြဲဖြပစ္လိုက္ျပီး ပခုံးစြန္းအားဖြဖြဖက္ကာ
ရင္ခြင္ထဲဆြဲထည့္ပစ္လိုက္သည္။

"လူကိုဆြဲလားယမ္းလားလုပ္ျပန္ျပီ"

"ဘာလို႔လဲ ကိုယ့္လူကိုလုပ္တာပဲ"

"Sehunကဗ်ာ......"

မေက်မခ်မ္းခပ္စူးစူးေလးေမာ့ၾကည့္လာျပီး ေခါင္းျပန္ငုံ႔ သြားလ်က္ စားပြဲေပၚမွဖုန္းကိုလွမ္းယူသည္။ တိုက္တိုက္
ဆိုင္ဆိုင္ပင္ Han Yongဆီမွ မနက္ျဖန္တရက္ေဆးရုံ
သြားမည္မို႔ ခြင့္ယူပါ့မည္ဆိုသည့္ messageတေစာင္
ေရာက္လာခ့ဲသျဖင့္ တေန႔က Han Yongႏွင့္ေျပာခ့ဲဆို
ခ့ဲသည္မ်ားကိုသတိရသြားသည္။

"Sehun ..."

"ဟင္......"

ပခုံးကိုသိုင္းမဖက္ထားေတာ့သည့္ Sehun လက္ကို
Luhanဆြဲယူျပီး လက္ေခ်ာင္းမ်ားကိုျဖန္႔လိုက္ ဆုပ္လိုက္
ျဖင့္ ေဆာ့ကစားေနသည္။ Luhanက တိတိပပလွီးျဖတ္
ထားျပီး ၾကည္ေတာက္ေနသည့္ Sehun၏လက္သည္းခြံ
ကေလးမ်ားကိုခ်စ္သည္။

လက္ေခ်ာင္းေလးမ်ားကိုေဆာ့ကစားလို႔ဝသည္အထိ
Sehunက မည္သည့္စကားတခြန္းတေလမွ မေႏွာင့္
ယွက္ပဲျငိမ္ျငိမ္ေနေပးေနသည္။

"ကြ်န္ေတာ္ ေဖေဖ့ဆီသြားခ်င္တယ္"

"......ဘာလို႔လဲ "

"ေဖေဖမရွိေတာ့ဘူးဆိုတာသိေပမ့ဲ တခါမွမသြားရေသး
ဘူးေလ ကိုယ့္အလုပ္နဲ႕ကိုုယ္ရႈပ္ေနတာဆိုေတာ့၊
ဒီရက္ပိုင္းအတြင္း Sehun အားရင္ေတာ့သြားခ်င္တယ္
အဆင္ေျပတယ္မလား "

ပခုံးေပၚေခါင္းမွီထားရာမွ ျပန္ေမာ့လာလ်က္ ဆိုလာသည့္
Luhanေၾကာင့္ Sehun အတန္ၾကာျငိမ္သက္သြားျပီး
ကာမွ ေခါင္းျငိမ့္ျပလိုက္သည္။ ျပံဳးျပလာကာ နဖူးေပၚဝဲက်
ေနသည့္ Luhanဆံပင္ေလးမ်ားကို တို႔ထိလ်က္ ေခါင္း
ကိုဆြဲယူကာသူ႕ပခုံးေပၚျပန္မွီတင္ေစသည္။

"ကိုယ္အားတ့ဲေန႔ၾကိဳေျပာမယ္ေလေနာ္ ဒီရက္ပိုင္းအလုပ္
နည္းနည္းမ်ားေပမ့ဲ ကိုယ္အားေအာင္လုပ္ထားပါ့မယ္"

"Sehunကအေကာင္းဆုံးပဲ "

"ခ်ဳပ္ျပန္ပါျပီဗ်ာ......"

"အဟားး မလုပ္နဲ႕ Sehun မလုပ္နဲ႕"

ပခုံးေပၚေခါင္းမွီထားသည္ကို ပခုံးဖယ္လိုက္သည့္ေနာက္
Luhan တကိုယ္လုံးက Sehun ရင္ခြင္ထဲျပိဳက်လာ
သည္။ ရင္ခြင္ထဲက ကိုယ္လုံးေသးေသးေလးကို အသည္း
တယား ဆြဲညွစ္ဖက္ပစ္လိုက္သည့္ေနာက္မွာ ထိုသို႔ပလုံစီ
ေသာေအာ္ဟစ္သံေလးမ်ားထြက္လာခ့ဲျခင္းျဖစ္သည္။

ေန႔ရက္ေတြသည္ သာယာေနခ့ဲပါသည္။

ေနကလည္းသာသည္။ ေလကလည္း သာသည္။
Sehunကို ေဖာေဖာသီသီေပးေနခ့ဲသည့္ Luhan အျပံဳး
ေတြသည္ ခ်ိဳေနခ့ဲျပီ။ Luhan ေၾကာင့္ အဆက္မျပတ္
ျဖစ္ေပၚေနသည့္ Sehun ရယ္သံေတြသည္လည္း သစ္ လြင္ေနခ့ဲသည္။

တဖြဖြဖြင့္မေျပာခ့ဲၾကေသာ္လည္း ရင္တြင္းမွျမတ္ႏိုးျခင္း
မ်ားျဖင့္ သူတို႔အခ်ိန္ေတြသည္ လွပေနခ့ဲပါသည္။

...^...

"Han Yong လိပ္စာပို႔လိုက္တယ္ ကြ်န္ေတာ္ Mapထဲ
ရိုက္ထည့္ေပးမယ္ေနာ္"

"okေလ"

Han Yong အေဖ၏ေဆးရုံသို႔လိုက္သြားၾကည့္ခ်င္သည္
ဟု Luhanကေျပာသည့္ေနာက္ Sehunမွာ ကိုယ္တိုင္
ကားေမာင္းလိုက္ပို႔ေပးသည္။

Luhan ဒီရက္ပိုင္း စကားေတြထဲထည့္ေျပာေနက်
Han Yongဆိုသည့္ေကာင္ေလးႏွင့္ Sehun တခါမွ
မဆုံဖူးပါေသာ္လည္း Luhanေၾကာင့္ ရင္းႏွီးႏွင့္ေနျပီ
ျဖစ္ပါသည္။ Han Yongတို႔သားအဖကိုေပးရန္ဆိုကာ
ထမင္းဘူးမ်ားကို Luhan ျပင္ဆင္လာခ့ဲျပီး Sehunကို
ပန္းဝယ္သြားေပးရင္ေကာင္းမလားဟုေမးျမန္းလာသည္။

"အေမ့ဆီသြားမလား ပန္းသြားဝယ္ဖို႔ေလ"

"အာ ေဝးတာေတာ့ေဝးတယ္ေနာ္ ေတာ္ပါျပီ အျပန္က်
မွတေခါက္ဝင္မယ္ေလ ေမေမ့ဆီမေရာက္တာၾကာျပီ"

"Okပါဗ်ာ"

ကားကိုက်င္လည္စြာေမာင္းရင္း Sehunကေျဖသည္။
ေဘးနားမွာ Luhanပါလာ၍ ခါတိုင္းထက္ပိုကာ ဂရု
တစိုက္ သတိထားလ်က္ေမာင္းေနျပီး သတ္မွတ္ထားသည့္ ပုံမွန္အရွိန္ျဖင့္ ကားက လမ္းမေပၚမွာတရိပ္ရိပ္ေျပးေန
ေလသည္။

"ခင္ဗ်ားဆက္ၾကည့္ေနရင္ ကိုယ္မေနတတ္ေတာ့ဘူး
ေနာ္"

"ဘာျဖစ္လဲ ၾကည့္ေတာ့"

ခပ္စြာစြာေလသံျဖင့္ ခပ္တည္တည္ေျပာသြားျပီး Luhan
က ေတာက္ေလွ်ာက္ၾကည့္ေနသည့္မ်က္ႏွာကိုလႊဲသြား
သည္။ ျပီးေနာက္မွ ပါးျပင္ေတြမို႔တက္သြားသည္အထိျပံဳး
သည္။

"ကိုယ္လိုက္ခ့ဲရမွာလား "

"ဒါေပါ့ ဟိုးတေန႔က Han Yong သူ႔ေကာင္မေလးကို
ၾကြားထားတာ ကြ်န္ေတာ္မေၾကဘူး ျပန္ၾကြားမွာ"

"ေဟာ ခင္ဗ်ားကကေလးလား "

"ကေလးပဲ ဘာျဖစ္လဲ "

ေဆးရုံဝန္းထဲသို႔ကားခ်ိဳးဝင္လိုက္သည့္ေနာက္ ပါကင္ထိုး
ဖို႕ေနရာရွာရင္း ထိုသို႔ေျပာျဖစ္ၾကသည္။ Sehunက Luhan စကားေၾကာင့္ ရယ္ေမာေနရာမွ Luhanဆင္းဖို႔
ေဆးရုံအေပါက္ဝနားတြင္ရပ္ေပးလိုက္ျပီး

"ဆင္းေတာ့ ကေလးေလး ကိုယ္ပါကင္ထိုးျပီးလာခ့ဲမယ္"

Sehunဘက္သို႔လွည့္လာသည့္ မ်က္ႏွာေလးကို
ႏႈတ္ခမ္းတို႔ဆူခြ်န္ထြက္သြားသည္အထိ ဖ်စ္ညွစ္ပစ္လိုက္
ျပီး ထိုသို႔ဆိုလိုက္ပါသည္။ လက္အားေၾကာင့္ ရဲသြားသည့္
ပါးေတြကိုနာနာပြတ္ျပီး Luhanက Sehun ႏွာေခါင္း
ကိုတခ်က္ဖ်စ္ဆြဲလ်က္ ထမင္းဘူးေတြကိုသယ္ယူျပီး
ကားေပၚမွဆင္းခ်သြားသည္။

စိတ္ေကာက္သြားသည့္ပုံျပခ်င္သည့္ ဟန္ကေလးသည္
Sehun ျပံဳးလို႔လက္ျပသည္ကိုပင္ ျပန္မျပပဲ အဖက္
မလုပ္ကာ လွည့္ထြက္သြားျပီးကာမွ မ်က္ႏွာကေလး
ျပံဳးရယ္လာသည္။

Luhan ေျခလွမ္းကေလးမ်ားသည္ ေျမာက္ၾကြ ေျမာက္
ၾကြျဖင့္ ၾကမ္းျပင္ေပၚမထိခလုတ္ ထိခလုတ္သြားေနေလ
သည္။ Han Yongက ေဆးရုံအထပ္ႏွင့္ အခန္းနံပါတ္
ကိုပါ ေျပာထားျပီးျဖစ္သျဖင့္ မွားစရာရယ္လို႔ေတာ့မရွိ။

ညႊန္းထားသည့္ အထပ္နံပါတ္သုံးကိုေရာက္သည့္အခါ
Luhan အခန္းနံပါတ္ကိုတခ်က္ၾကည့္သည္။ နာမည္
မေျပာခ့ဲေသာ္လည္း နံပါတ္ေတြလိုက္ၾကည့္ျပီးရွာရလြယ္
မည္ထင္ပါသည္။

"201 / 201 အာ 20……"

ပြင့္ဟေနသည့္ အခန္းတံခါေပၚမွ နာမည္ေၾကာင့္ Luhan
ေျခလွမ္းေတြရပ္တန္႔သြားသည္။ အထဲ၌ စကားေျပာသံ
မ်ားၾကားရသည္။ Han Yongအသံႏွင့္တျခားေသာ
ေယာက်ာ္းတေယာက္အသံျဖစ္သည္။ Luhan မျဖစ္ႏိုင္
ပါဘူးေတြးကာ ပြင့္ေနသည့္ တံခါးကို အနည္းငယ္လွစ္ဟ
လိုက္ျပီး အခန္းေရွ႕သို႔ ေျခတလွမ္းတိုးခ့ဲလိုက္သည္။

"ေအာ္ အစ္ကို … ေဖေဖ ဒါ ကြ်န္ေတာ္ေျပာတ့ဲအလုပ္ရွင္
အစ္ကိုေလ"

ကုတင္ေပၚမွေန Luhanအား ေတြေတြစိုက္ၾကည့္ေန
သည့္ အမ်ိဳးသားကို ဘယ္လိုအၾကည့္မ်ိဳးျဖင့္ ၾကည့္ခ့ဲမိ
သလဲ Luhan မမွတ္မိ။

ေျခလွမ္းေတြေနာက္ဆုတ္မိျပီး အခန္းေရွ႕ကထြက္လာခ့ဲ
သည့္ေနာက္တြင္လည္း Han Yong ဘာစကားေတြ
လွမ္းေျပာလိုက္သလဲ Luhan မသိ။

ရင္ေတြကတလွပ္လွပ္တုန္ျပီး ေျခေထာက္ေတြကေခြ
ယိုင္ခ်င္ေနသည္။

သူတေလွ်ာက္လုံး ေမ့ေလ်ာ့ေနခ့ဲသည့္ အမွန္တရားသည္
သူ႔ေရွ႕မွာေပၚလာသည္။ ဟင့္အင္း သူေမ့ေလ်ာ့ေနသည္ ကိုအခြင့္ေကာင္းယူခံရကာ အလိမ္ခံခ့ဲရသည္ဆိုပိုမွန္လိမ့္
မည္။

"Luhan …"

"မထိနဲ႕ "

ေဆးရုံခန္းအေပါက္ဝမွေန ေသြးရူးေသြးတန္းထြက္ေျပး
လာခ့ဲျပီး စၾကၤန္တေကြ႔၌ Sehun ႏွင့္ဆုံသည္။

ေတြ႔ေတြ႔ခ်င္းပင္ ပုံပ်က္ျပိဳလဲေနသည့္ Luhanကို ပခုံးက
ေနဆြဲခ်ဳပ္ထိန္းေပးဖို႔ၾကိဳးစားသည္အား Luhan ဖယ္ခ်
ပစ္လိုက္သည္။

"Luhan ဘာျဖစ္လာတာလဲ "

"ကြ်န္ေတာ့္မွာ ယုံစရာဆိုလို႔ ခင္ဗ်ားပဲရွိတာကို"

"Luhan "

ေရွ႕သို႕ ေျခတလွမ္းတိုးလာသည့္ Sehunသည္ ယခု
အခ်ိန္ထိ Luhan ဘာျဖစ္ေနသလဲ မသိေသးသည့္ပုံ
ေပၚသည္။

တေလွ်ာက္လုံးထိန္းထားခ့ဲသည့္မ်က္ရည္မ်ားစီးက်လာ
သည့္ေနာက္ Sehun ထိတ္လန္႔သြားခ့ဲျပီး ေရွ႕ကိုဆက္
တိုးသည္။ Luhanက ေနာက္သို႔ေျခလွမ္းေပါင္းမ်ားစြာ
ဆုတ္ပစ္လိုက္သည္။

"Luhan !"

"မရွိေတာ့ဘူးလို႔ ဝိုင္းေျပာခ့ဲၾကတ့ဲ အေဖက အသက္ရွင္
လ်က္ရွိေသးတာကို ကြ်န္ေတာ္မသိခ့ဲဘူး။ အ့ဲအေဖမွာ
ကြ်န္ေတာ္မသိတ့ဲဆယ့္ငါးႏွစ္အရြယ္သားတေယာက္ရွိ
ေနတာကိုလဲ ကြ်န္ေတာ္မသိခ့ဲရဘူး………………

ခင္ဗ်ား ဘာလို႕ …  …… ကြ်န္ေတာ့္ကို လိမ္ခ့ဲတာလဲ "

Sehun ေရွ႕သို႔ဆက္မတိုးဝံ႕ခ့ဲေတာ့။

စကားတို႔သည္ ေျပာမထြက္ပဲ လည္ေခ်ာင္းဝ၌ တစ္ဆို႔ေန
သလိုပင္ ခံစားရသည္။ Luhan ငိုေနသည္ကို သူဘာမွ
မလုပ္ေပးႏိုင္ျခင္းကဆိုးရြားလြန္းလွသည္။

အဆုိးဆုံး Luhan က သူ႔ေၾကာင့္ငိုေနရျခင္းျဖစ္သျဖင့္
Sehun ဘာတစ္ခုကိုမွမစဥ္းစားတတ္ေတာ့ပဲ ဘယ္
စကားကို ဘယ္လိုေျပာရမွန္းမသိေတာ့ေလာက္ေအာင္
စိတ္ကထုံထိုင္းနာက်င္သြားခ့ဲရသည္။

"ကိုယ္……"

"လိမ္ခ့ဲတာေတာ့မဟုတ္ေပမ့ဲ အမွန္ကိုေျပာခ့ဲတာမဟုတ္
ဘူးေနာ္ ကြ်န္ေတာ္……ကြ်န္ေတာ့္ကိုဘာလို႔အ့ဲလိုလုပ္
ရက္ရတာလဲ "

"Luhan မငိုပါနဲ႕ ကိုယ္ေတာင္းပန္ပါတယ္ မငိုလိုက္ပါ
နဲ႕"

"မလာနဲ႕…! လိုက္မလာနဲ႕"

ကမ္းေနသည့္လက္သည္ေလထဲမွာတန္႔ရျပန္ျပီး ေျခလွမ္း
မ်ားသည္ အလိုလိုရပ္ရျပန္သည္။

"ကြ်န္ေတာ္ ခင္ဗ်ားကို မျမင္ခ်င္ဘူး"

တြန္းမတိုက္ပဲ ေဘးနားမွ ေက်ာ္ျဖတ္ ထြက္သြားခ့ဲေပမ့ဲ
လွမ္းမဆြဲျဖစ္ခ့ဲေတာ့။

ခ်စ္သူကိုယ္၌ကိုက မျမင္ခ်င္ပါဘူးဟု ေျပာႏွင့္ခ့ဲျပီး
ထားခ့ဲျပီးျပီ။

Sehun ေနရစ္ခ့ဲရုံသာ တတ္ႏိုင္ျပန္ပါသည္။

…………………………


ခင္ဗ်ားကိုအထိခိုက္မခံႏိုင္ေတာ့လို႔႔ပါ။
အျပည့္အဝနာက်င္ေနျပီးျဖစ္တ့ဲခင္ဗ်ားကို
ျမဴမႈန္တမႈန္စာေလာက္ေတာင္ ကိုယ္က ထပ္မနာက်င္ေစ
ခ်င္လို႔ပါ……။

° The years I have loved him °

…………………………

To Be ConTinued……



"အစ်ကိုလေး ရောက်ပြီ"

ရှေ့ခန်းမှကားမောင်းသူဦးလေး၏ အသိပေးစကားကြားမှပင် Tablet Screenမှအကြည့်ခွာလိုက်ပြီး ခေါင်းထောင်ကြည့်ရသည်။

ပြခန်းတာဝန်ခံပို့လိုက်သည့် ပန်းချီကားစာရင်း
တွေကိုကြည့်ရင်း တောက်လျှောက်ပါလာခဲ့သည့်အတွက် သင်တန်းရောက်လို့ ရောက်လာမှန်းပင်မသိ။

"ကျေးဇူးဦးလေး ကျွန်တော် ပြန်ခါနီးရင် ဖုန်းဆက်လိုက်မယ်နော်"

"ဟုတ်ကဲ့ခင်ဗျ"

Luhan ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး ပစ္စည်းတွေဆွဲ
သယ်လို့ကားပေါ်မှဆင်းလိုက်သည်။ နောက်လာမည့်နွေရာသီမှဖွင့်မည့် ကလေးပန်းချီသင်တန်းအတွက် လိုအပ်သဖြင့်မှာထားသော သင်ထောက်ကူပစ္စည်းများသည် သင်တန်းသို့ရောက်မလာပဲ သူတို့အိမ်သို့ရောက်လာသဖြင့် Luhanလမ်းကြုံတခါတည်းသယ်လာခြင်းဖြစ်သည်။

ဦးလေးကြီးပါဝင်သယ်ပြီး အပေါ်ထပ်တပ်သွား
ပေမင့် ပစ္စည်းတွေကများနေသေးသည်။ Luhan
မှာလွယ်အိတ် ကတဖက် စုတ်တံများထည့်ထား
သည့်အိတ်ကတဖက်၊ နှင့် ပန်းချီကားပုစိလေးတွေထည့်ထားသည့်ပုံးကိုမယူလိုက်သည့်အချိန်
ဟန်ချက်ပျက်ကာ ကိုယ်ကယိုင်သွားပေမဲ့ မျက်နှာ ချင်းဆိုင်မှ လှမ်းထိန်းပေးလိုက်ခြင်းကြောင့် ပစ္စည်းတွေရော လူရော အောက်သို့ယိုင်မကျပဲခံသာသွားလေသည်။

"သြော် Han Yong "

"ကျွန်တော့်ကိုလှမ်းခေါ်လိုက်တာမဟုတ်ဘူး"

Luhan သယ်မည်ပြင်နေသည့် ပုံးနှင့် အိတ်ကို လက်လွှဲယူပြီး Han Yong က ခပ်တည်တည်ပြောသည်။ ဟုတ်သည်။ Han Yong က Luhan၏ ကမ်းလှမ်းချက်များထဲမှ အချိန်ပိုင်းအလုပ်ပေးမည်ဆိုသည်ကို လက်ခံပြီးLuhan နားမှာအလုပ်လုပ်နေပြီဖြစ်ပါသည်။

ပန်းချီကိုဆက်သင်ဖို့ ပန်းချီဆက်ဆွဲဖို့စကားစ
မလာသေးပေမဲ့ Luhan ဆီမှာ အလုပ်လုပ်နေသည့် တလနီးပါးအချိန်တွင် ထိုကောင်လေး၏ ပန်းချီဆွဲခြင်းအပေါ် ဝါသနာထုံမှုကို Luhan သိလိုက်ရသည်။

Luhanပြန်သင်ပေးနေသည့်လူကြီးပိုင်းအတန်းများတွင် ဒီကောင်လေးအားအနားမှာခေါ်ထားကာလက်ထောက် လုပ်စေခြင်းဖြင့်Luhanကထိုဝါသနာပိုးပိုတိုးလာအောင် လုပ်ပါသည်။

အငယ်လေးတွေရဲ့သင်တန်းကို လက်ထောက်ဂျူနီယာကောင်မလေးဆီအလုံးစုံလွှဲထားပြီးပြီဖြစ်သည့် အတွက်Luhanက ကလေးတွေနဲ့ အချိန် ပြည့်မတွေ့ရတော့။

သို့သော်လည်း ကလေးတွေသည် Luhan လာသည့်အချိန်ထိ ထိုင်စောင့်နေတတ်ကြသေးသဖြင့် Luhan မှာအမြဲမုန့်တွေဝယ်ထားကာဆောင်ထားရသေးသည်။ ယခုလည်း ဝယ်လာသည့် ချောကလက်ကွတ်ကီးများနှင့်နို့ခဲထုတ်များကို ဗီဒိုထဲစီထည့်နေရင်း Sehunကို ပေးဖို့အတွက် ချောကလက်နို့ခဲတထုတ်ကိုအိတ်ထဲပြန်ထည့်သည်။ ထို့နောက် ကွတ်ကီးတထုတ်ကိုယူကာ ထိုင်ခုံနေရာပြန်စီနေသည့် Han Yong ဆီပစ်ပေးလိုက်ပြီး

"ရော့ ဖမ်း ......"

"..................ကျွန်တော် အချိုမကြိုက်ဘူး"

"လူကြီးကပေးရင် ဒီအတိုင်းယူလိုက် ဟုတ်ပြီလား ?"

Luhan ပြောတော့ ကွတ်ကီးထုတ်ကိုအိတ်ကပ်ထဲကောက်ထည့်ပြီး လုပ်လက်စအလုပ်ကိုဆက်လုပ်သည်။

အနေတည်ကာ အရောဝင်ဖို့ခက်လှသည့်ထိုကောင်လေးကိုကြည့်ပြီး Luhanက ပြုံးကာ ခေါင်းခါယမ်းသည်။တလနီးပါးအချိန်ကြာခဲ့ပေမဲ့ Luhan နှင့် မေးထူးခေါ်ပြောအဆင့်ကမတက်သလို အချိန်ပြည့်နီးပါးတွေ့နေရသည့် လက် ထောက် ဆရာမလေးနှင့်လည်း စကားသိပ်မပြောဖြစ်ကြဟုဆိုသည်။

ကောင်လေးက အသက်အရွယ်နှင့်ဆိုင်၍လားမသိ၊ လူမှုဆက်ဆံရေးမှာအားနည်းပုံရသည်။

"အဖေရော နေကောင်းပြီလား "

"............အဖေကနေကောင်းတယ်လို့တော့မရှိပါဘူး ။ ခုထိဆေးရုံမှာပါပဲ "

ခေတ္တမျှ တိတ်သွားပြီးမှ Luhan မေးခွန်းကိုပြန်ဖြေလာသည်။ Han Yong သည် ဖခင်ကိုတော့ဖြင့် တော်တော်ချစ်ပုံရပါသည်။ အဖေနေမကောင်းသည့်စကားစလိုက်ရုံဖြင့် ငိုင်သွားလေ့ရှိပြီး မျက်နှာမကောင်းကာ အလိုလိုဝမ်းနည်းသွားတတ်သည်။

ယခုလည်း ခဏမျှ ငြိမ်ကျသွားပြီးကာမှ အလုပ်ဆက်လုပ်သည်။ Luhan ထိုင်နေရာကနေ ထသွားလိုက်ပြီး ဘေးနားမှာကပ်ထိုင်လိုက်သည့် နောက် Luhanကိုမော့ကြည့်လာသည်။ ဘယ်လောက်ပဲ စိတ်ဓာတ်မာချင်ယောင်တောင့်ခံထားပေမဲ့လဲ ဆယ့်ငါးနှစ်ကျော်ကာစ ကောင်လေးသည် ဝမ်းနည်းမှုကိုတော့ ဖုံးကွယ်တတ်ခဲ့ခြင်းမရှိ။

"ဖေဖေကကင်ဆာဖြစ်နေတာလို့ ပြောဖူးတယ်နော်။ခုခေတ် ဆေးပညာတွေကကောင်းပါတယ် မင်းဖေဖေသက်သာလာမှာ"

"အသည်းကင်ဆာ နောက်ဆုံးအဆင့်။ အင်း ပိုက်ဆံတွေပုံပေးလိုက်ရင်တော့ ကျွန်တော့်အဖေကိုပြန်ရလောက်ပါတယ်"

"ဘယ်ဆေးရုံမှာလဲ ငါလာခဲ့မယ် မင်းမေမေနဲ့လဲတွေ့ရတာပေါ့"

Han Yongက Luhanကိုလှည့်ကြည့်လာသည်။

ဘာစကားတခွန်းမှမပြောပေမဲ့ မိနစ်အနည်းငယ်လောက်ကြာသည့်အခါသက်ပြင်းချသည်။ ထို့နောက်အကြည့်ပြန်လွှဲလိုက်ပြီး

"မေမေက မနှစ်က ဆုံးသွားပြီ"

မတုန်ရင်အောင်အတင်းဖိချုပ်ထိန်းထားသည့် လက်သီးဆုပ်လေးများကို Luhan ကြည့်မိ သည်။ မည်သို့နှစ်သိမ့်စကားပြောရမည်မသိပေမဲ့ Han Yong သည် နှစ်သိမ့်စကားလိုအပ်သည့်ပုံမပေါ်ပါ။ တခါတခါကျတော့ နှစ်သိမ့်လိုက်သည်က ပိုလို့အထိနာစေသည့်အချိန်တွေလဲ ရှိနေတတ်တာပဲ။

အဆိုပါ ခပ်တင်းတင်းဆုပ်ထားသည့် လက် သီးဆုပ်များကို Luhan လှမ်းကိုင်လိုက်ကာ ဖြေချပေးလိုက်သည်။Han Yong အကြည့်များသည် ချက်ချင်းဆိုသလို သူ့ဆီရောက်လာပေမဲ့ Luhan ပြန်မကြည့်ဖြစ်။

"အစ်ကို့မှာလဲ အဖေမရှိတော့ဘူး။ ငါ့ညီနဲ့မတူပဲနဲ့
အဖေ ဘယ်အချိန်တည်းက မရှိတော့တာလဲဆိုတာတောင် အစ်ကိုမမှတ်မိတော့ဘူး မိစုံဘစုံရှိတဲ့ လူတွေမြင်တိုင်း ဝမ်းနည်းရတယ်မလား "

စုတ်တံကိုင်သင့်ပေမဲ့ အလုပ်ကြမ်းများကြောင့် ကြမ်းတမ်းနေခဲ့ရသည့် လက်လေးများကို Luhan ဆုပ်ကိုင်ပေးလိုက်ပြီး Han Yongကိုကြည့်ကာ မေးလိုက်သည်။

ကောင်ငယ်လေးသည် ဟန်မဆောင်တတ်တော့။
မျက်ရည်တစက်လွင့်ပြီးနောက် ခေါင်းကိုအဆက်မပြတ်ညိမ့်သည်။

Luhanပြုံးလိုက်မိပြီး

"ဒါပေမဲ့ အစ်ကိုတို့မှာ အစ်ကိုတို့ကိုချစ်တဲ့သူတွေ အစ်ကိုတို့ကချစ်ရတဲ့သူတွေ ဘဝတွေ ရည် မှန်းချက်တွေ အိမ်မက်တွေရှိသေးတယ် အဲ့ဒါတွေက မင်းကို အမြဲဝမ်းနည်းခွင့်မပေးပါဘူး "

အားပေးသည့်စကားလား မသိ။ ဘယ်လိုဦးတည်ချက်လဲမသိ ။ သို့သော်လည်း ထိုစကားတို့ကိုပြောဖြစ်သွားသည်။ အနည်းဆုံးတော့ ဘာမှမပြောပဲ တိတ်တိတ်နေလိုက်ခြင်းက Han Yong တမျိုးမြင်သွားနိုင်သည်ဟု Luhan ထင်သည်။

"နားထောင်လို့တော့ကောင်းပါတယ် အစ်ကို့ဟာကနှစ်သိမ့်တာလား ဘာလား မသိတာလေးပဲ "

"လူကြီးပြောရင် ဒီတိုင်းနားထောင်လိုက်"

"မျက်နှာကဖြင့် ကျွန်တော့်ထက်ငယ်နေတဲ့မျက်နှာနဲ့"

"ဟေ့ကောင်.........."

Luhan အရှိုက်ထိသွားသဖြင့် အော်ဟစ်နေပါသော်လည်း Han Yong က ဆေးဘူးခွံများထည့်ထားသည့်ပုံးကိုမလျက် အခန်းထဲမှ ထွက်သွားပြီဖြစ်သည်။

လက်နောက် ပြန် တာ့တာပြပြီး ok လုပ်ပြသွားပါမှLuhan သည် အော်ဟစ်နေရင်းကနေ ရယ်လိုက်မိသေးသည်။

ဘာပဲဖြစ်ဖြစ် Han Yong နှင့် Luhan ကြားမှာ တူညီသည့်အချက်ကလေးတချို့နှင့် တစစရင်းနှီးလာခဲ့သည်ဟုဆိုနိုင်ပါသည်။

...^...

နေသာလေသာသည့် ပိတ်ရက်တစ်ခုတွင် ကော်ဖီတအိုးနှင့်လက်ဖက်ရည်ကြမ်းတအိုးကိုစားပွဲပေါ်တင်လျက် Luhanဥယျာဉ်ခြံထဲဝင်ထိုင်နေသည်။

စားပွဲပေါ်မှာလဲ ဟိုတယ်အသီးသီး၊ မင်္ဂလာခန်းမအသီးသီးကလက်ကမ်းစာစောင်တွေပြည့်ဝလျက်နေသည်။ တရွက်ပြီးတရွက်ကောက်ကိုင်ကြည့်လျက် ပြန်ချလိုက် လုပ်နေသည့်အချိန်မှာပင် အိမ်ထဲမှ စားစရာဗန်းလိုက်သယ်ပြီးထွက်လာသည့် Sehunက Luhan ထိုင်နေသည့်အနားသို့ရောက်လာပါသည်။

ဘေးမှာဝင်မထိုင်သေးပဲ စာရွက်တွေကြား မျက်နှာ ရှုံ့တွနေသည့် Luhanကို ငုံ့ကြည့်လို့ပြုံးနေသေးသည်။

မော့ကြည့်လာသည့် Luhanမျက်နှာကြောင့် အပြုံးတွေပိုတိုးသွားသည့်အခါ Luhanကရယ်လိုက်ပြီး Sehunလက်မောင်းကိုဆွဲချလို့ သူ့အနားမှာထိုင်စေပါသည်။

"ကျွန်တော်တို့ နောက်၂ပတ်ဆိုရင်ပဲမင်္ဂလာ ဆောင်တော့မှာ ဟုတ်ပါတယ်နော်"

"အင်း မယုံဘူးလား"

"ဟိုတယ်တွေတခုမှမကြိုက်ဘူး ဒီတိုင်းဒီမှာပဲလုပ်ရအောင်"

စာရွက်တွေကိုတွန်းလိုက်ပြီး Luhanက ဘေးဘီကိုဝေ့ကြည့်ကာပြောလာသည်။ ၂ပတ်တည်းနှင့်ပြင်ဆင်ချိန်မလုံလောက်ပါသော်လည်း ကိုယ်စီအလုပ်တွေရှုပ်နေများနေသဖြင့် ဟိုတယ်ရွေးလျှင်သော်မှ တခါတည်း package ပါတာ ရွေးကြမည်ဟု သဘောတူထားကြတာဖြစ်သည်။ သို့သော်လည်း ယခုLuhanက ဟိုတယ်တွေ
မကြိုက်တော့ပါဟု ဆိုလာပါသည်။

"အင်း ဖြစ်နိုင်တယ် ရတယ်လေ ဟိုးနားမှာ ကိုယ်တို့အခမ်းအနားအပြင်အဆင် နည်းနည်းလုပ်မယ် ဧည့်သည်ကလဲ နည်းနည်းပဲဆိုတော့ ခုံတွေကိုက အဲ့ရှေ့နည်းနည်းပန်းခြံရုံနားတွေမှာချမယ် ဟိုဘက်နားမှာကျ bandရှိမယ် ဘယ်လိုလဲ "

Sehunက နေရာတွေညွှန်ပြနေပေမဲ့ Luhanက Sehunမျက်နှာကိုပဲကြည့်နေခဲ့တာဖြစ်သည်။

တခုခုကိုအာရုံစိုက်လုပ်ပြီဆိုလျှင် မာန်တခုဖြင့် တည်ငြိမ် သွားသည့် Sehun၏ မျက်နှာအမူအရာကို Luhanကသဘောကျသည်။

Luhanဆက်တိုက်ကြည့်နေမှန်း Sehun သတိထားမိသွားသည့်အခါမှာ Luhanကိုပြန်လည်စိုက်ကြည့်လာပြီး မျက်ခုံးပင့်ပြသည်။ Luhan ခေါင်းခါတော့ မျက်မှောင်ကျုံ့သည်။

ထို့နောက် Luhan ၏ အညိုရောင်ခေါင်းလုံးလေးကိုဖိချပစ်လိုက်ပြီး လက်မောင်းရင်းကနေတဆင့် သူ့အနားအား ဆွဲယူသည်။

"ဘာလဲ လူကိုဆွဲလားယမ်းလားနဲ့"

"ခင်ဗျားအရင် ပိုင်စိုးပိုင်နင်းကြည့်တာလေ"

"ဘာဖြစ်လဲ ကိုယ့်လူကို ကြည့်တာ မကြည့်ရဘူးလား"

ပြုံးလျက်နားထောင်နေခဲ့ပေမဲ့ ထိုစကားကို Luhan တိုးတိုးတိတ်တိတ်ပြောလိုက်သည့် နောက်မှာ Sehunအပြုံးတွေရပ်သွားသည်။

"ဘာ......ဘာလဲ ?"

"နောက်တခေါက်လောက်ပြောပါလားဟင်"

"ဘာကိုလဲ "

မသိချင်ယောင်ဆောင်ပြီး ခေါင်းကုတ်ကာ တဖက်သို့မျက်နှာလှည့်သွားပေမင့် Sehun မှာ အလျင်အမြန်ပင်ထိုမျက်နှာလေးကို မေးဖျားမှ ဆွဲယူလှည့်လိုက်ပြီး သူ့ကိုတည့်တည့်ကြည့်စေသည်။ Luhanကမော့မကြည့်ပဲမျက်နှာအောက်ငုံ့ထားပါသည်။

"ဟင် လို့ ။ ကိုယ်ကြားချင်လို့ပါ ခင်ဗျားရဲ့"

"မသိဘူး မသိဘူး "

မေးစေ့ဖျားကိုSehunပင့်မော့ထားသည်မှ ရုန်းထွက်ပြီးSehunပခုံးပေါ်ခေါင်းမှီချလျက် နီရဲစပြုနေသည့်မျက်နှာအား ဝှက်ချလိုက်သည်။ ကြားချင်သည့်စကားကိုဆက်မကြားရပါသော်လည်း ရင်ခွင်ထဲသို့တိုးဝင်လာသည့် ခေါင်းလုံးလုံးလေးရယ်ကြောင့် Sehun အဆင်ပြေပါသည်။

လူလည်ကျသွားသည့် အကောင်လေး၏ ဆံပင်ညိုနုနုကလေးများကိုဆွဲဖွပစ်လိုက်ပြီး ပခုံးစွန်းအားဖွဖွဖက်ကာရင်ခွင်ထဲဆွဲထည့်ပစ်လိုက်သည်။

"လူကိုဆွဲလားယမ်းလားလုပ်ပြန်ပြီ"

"ဘာလို့လဲ ကိုယ့်လူကိုလုပ်တာပဲ"

"Sehunကဗျာ......"

မကျေမချမ်းခပ်စူးစူးလေးမော့ကြည့်လာပြီး ခေါင်းပြန်ငုံ့ သွားလျက် စားပွဲပေါ်မှဖုန်းကိုလှမ်းယူသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် Han Yongဆီမှ မနက်ဖြန်တရက်ဆေးရုံသွားမည်မို့ ခွင့်ယူပါ့မည်ဆိုသည့် messageတစောင်ရောက်လာခဲ့သဖြင့် တနေ့က Han Yongနှင့်ပြောခဲ့ဆိုခဲ့သည်များကိုသတိရသွားသည်။

"Sehun ..."

"ဟင်......"

ပခုံးကိုသိုင်းမဖက်ထားတော့သည့် Sehun လက်ကိုLuhanဆွဲယူပြီး လက်ချောင်းများကိုဖြန့်လိုက် ဆုပ်လိုက်ဖြင့် ဆော့ကစားနေသည်။ Luhanက တိတိပပလှီးဖြတ်ထားပြီး ကြည်တောက်နေသည့် Sehun၏လက်သည်းခွံကလေးများကိုချစ် သည်။

လက်ချောင်းလေးများကိုဆော့ကစားလို့ဝသည်အထိSehunက မည်သည့်စကားတခွန်းတလေမှ မနှောင့်ယှက်ပဲငြိမ်ငြိမ်နေပေးနေသည်။

"ကျွန်တော် ဖေဖေ့ဆီသွားချင်တယ်"

"......ဘာလို့လဲ "

"ဖေဖေမရှိတော့ဘူးဆိုတာသိပေမဲ့ တခါမှမသွားရသေးဘူးလေ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာဆိုတော့၊ဒီရက်ပိုင်းအတွင်း Sehun အားရင်တော့သွားချင်တယ် အဆင်ပြေတယ်မလား "

ပခုံးပေါ်ခေါင်းမှီထားရာမှ ပြန်မော့လာလျက် ဆိုလာသည့်Luhanကြောင့် Sehun အတန်ကြာငြိမ်သက်သွားပြီးကာမှ ခေါင်းငြိမ့်ပြလိုက်သည်။ ပြုံးပြလာကာ နဖူးပေါ်ဝဲကျနေသည့် Luhanဆံပင်လေးများကို တို့ထိလျက် ခေါင်းကိုဆွဲယူကာသူ့ပခုံးပေါ်ပြန်မှီတင်စေသည်။

"ကိုယ်အားတဲ့နေ့ကြိုပြောမယ်လေနော် ဒီရက်ပိုင်းအလုပ်နည်းနည်းများပေမဲ့ ကိုယ်အားအောင်လုပ်ထားပါ့မယ်"

"Sehunကအကောင်းဆုံးပဲ "

"ချုပ်ပြန်ပါပြီဗျာ......"

"အဟားး မလုပ်နဲ့ Sehun မလုပ်နဲ့"

ပခုံးပေါ်ခေါင်းမှီထားသည်ကို ပခုံးဖယ်လိုက်သည့်နောက် Luhan တကိုယ်လုံးက Sehun ရင်ခွင်ထဲပြိုကျလာသည်။ ရင်ခွင်ထဲက ကိုယ်လုံးသေးသေးလေးကို အသည်းတယား ဆွဲညှစ်ဖက်ပစ်လိုက်သည့်နောက်မှာ ထိုသို့ပလုံစီသောအော်ဟစ်သံလေးများထွက်လာခဲ့ခြင်းဖြစ်သည်။

နေ့ရက်တွေသည် သာယာနေခဲ့ပါသည်။

နေကလည်းသာသည်။ လေကလည်း သာသည်။
Sehunကို ဖောဖောသီသီပေးနေခဲ့သည့် Luhan အပြုံးတွေသည် ချိုနေခဲ့ပြီ။ Luhan ကြောင့် အဆက်မပြတ်ဖြစ်ပေါ်နေသည့် Sehun ရယ်သံတွေသည်လည်း သစ် လွင်နေခဲ့သည်။

တဖွဖွဖွင့်မပြောခဲ့ကြသော်လည်း ရင်တွင်းမှမြတ်နိုးခြင်းများဖြင့် သူတို့အချိန်တွေသည် လှပနေခဲ့ပါသည်။

...^...

"Han Yong လိပ်စာပို့လိုက်တယ် ကျွန်တော် Mapထဲ ရိုက်ထည့်ပေးမယ်နော်"

"okလေ"

Han Yong အဖေ၏ဆေးရုံသို့လိုက်သွားကြည့်ချင်သည်ဟု Luhanကပြောသည့်နောက် Sehun မှာ ကိုယ်တိုင်ကားမောင်းလိုက်ပို့ပေးသည်။

Luhan ဒီရက်ပိုင်း စကားတွေထဲထည့်ပြောနေကျHan Yongဆိုသည့်ကောင်လေးနှင့် Sehun တခါမှမဆုံဖူးပါသော်လည်း Luhan ကြောင့် ရင်းနှီးနှင့်နေပြီဖြစ်ပါသည်။ Han Yong တို့သားအဖကိုပေးရန်ဆိုကာထမင်းဘူးများကို Luhan ပြင်ဆင်လာခဲ့ပြီး Sehunကို ပန်း ဝယ် သွားပေးရင်ကောင်းမလားဟုမေးမြန်းလာသည်။

"အမေ့ဆီသွားမလား ပန်းသွားဝယ်ဖို့လေ"

"အာ ဝေးတာတော့ဝေးတယ်နော် တော်ပါပြီ အပြန်ကျမှတခေါက်ဝင်မယ်လေ မေမေ့ဆီမရောက်တာကြာပြီ"

"Okပါဗျာ"

ကားကိုကျင်လည်စွာမောင်းရင်း Sehunကဖြေသည်။ဘေးနားမှာ Luhanပါလာ၍ ခါတိုင်းထက်ပိုကာ ဂရုတစိုက် သတိထားလျက်မောင်းနေပြီး သတ်မှတ်ထားသည့် ပုံမှန်အရှိန်ဖြင့် ကားက လမ်းမပေါ်မှာတရိပ်ရိပ်ပြေးနေလေသည်။

"ခင်ဗျားဆက်ကြည့်နေရင် ကိုယ်မနေတတ်တော့ဘူးနော်"

"ဘာဖြစ်လဲ ကြည့်တော့"

ခပ်စွာစွာလေသံဖြင့် ခပ်တည်တည်ပြောသွားပြီး Luhanက တောက်လျှောက်ကြည့်နေသည့်မျက်နှာကိုလွှဲသွားသည်။ ပြီးနောက်မှ ပါးပြင်တွေမို့တက်သွားသည်အထိပြုံးသည်။

"ကိုယ်လိုက်ခဲ့ရမှာလား "

"ဒါပေါ့ ဟိုးတနေ့က Han Yong သူ့ကောင်မလေး ကိုကြွားထားတာ ကျွန်တော်မကြေဘူး ပြန်ကြွားမှာ"

"ဟော ခင်ဗျားကကလေးလား "

"ကလေးပဲ ဘာဖြစ်လဲ "

ဆေးရုံဝန်းထဲသို့ကားချိုးဝင်လိုက်သည့်နောက် ပါကင်ထိုးဖို့နေရာရှာရင်း ထိုသို့ပြောဖြစ်ကြသည်။ Sehunက Luhan စကားကြောင့် ရယ်မောနေရာမှ Luhanဆင်းဖို့ဆေးရုံအပေါက်ဝနားတွင်ရပ်ပေးလိုက်ပြီး

"ဆင်းတော့ ကလေးလေး ကိုယ်ပါကင်ထိုးပြီးလာခဲ့မယ်"

Sehunဘက်သို့လှည့်လာသည့် မျက်နှာလေးကို
နှုတ်ခမ်းတို့ဆူချွန်ထွက်သွားသည်အထိ ဖျစ်ညှစ်ပစ်လိုက်ပြီး ထိုသို့ဆိုလိုက်ပါသည်။ လက်အားကြောင့် ရဲသွားသည့်ပါးတွေကိုနာနာပွတ်ပြီး Luhanက Sehun နှာခေါင်းကိုတချက်ဖျစ်ဆွဲလျက် ထမင်းဘူးတွေကိုသယ်ယူပြီးကားပေါ်မှဆင်းချသွားသည်။

စိတ်ကောက်သွားသည့်ပုံပြချင်သည့် ဟန်ကလေးသည်Sehun ပြုံးလို့လက်ပြသည်ကိုပင် ပြန်မပြပဲ အဖက်မလုပ်ကာ လှည့်ထွက်သွားပြီးကာမှ မျက်နှာကလေးပြုံးရယ်လာသည်။

Luhan ခြေလှမ်းကလေးများသည် မြောက်ကြွ မြောက်ကြွဖြင့် ကြမ်းပြင်ပေါ်မထိခလုတ် ထိခလုတ်သွားနေလေသည်။ Han Yongက ဆေးရုံအထပ်နှင့် အခန်းနံပါတ်ကိုပါ ပြောထားပြီးဖြစ်သဖြင့် မှားစရာရယ်လို့တော့မရှိ။

ညွှန်းထားသည့် အထပ်နံပါတ်သုံးကိုရောက်သည့်အခါLuhan အခန်းနံပါတ်ကိုတချက်ကြည့် သည်။ နာမည်မပြောခဲ့သော်လည်း နံပါတ်တွေလိုက်ကြည့်ပြီးရှာရလွယ်မည်ထင်ပါသည်။

"201 / 201 အာ 20……"

ပွင့်ဟနေသည့် အခန်းတံခါပေါ်မှ နာမည်ကြောင့် Luhanခြေလှမ်းတွေရပ်တန့်သွားသည်။ အထဲ၌ စကားပြောသံများကြားရသည်။ Han Yong အသံနှင့်တခြားသောယောကျာ်းတယောက်အသံဖြစ်သည်။ Luhan မဖြစ်နိုင်ပါဘူးတွေးကာ ပွင့်နေသည့် တံခါးကို အနည်းငယ်လှစ်ဟလိုက်ပြီး အခန်းရှေ့သို့ ခြေတလှမ်းတိုးခဲ့လိုက်သည်။

"အော် အစ်ကို … ဖေဖေ ဒါ ကျွန်တော်ပြောတဲ့အလုပ်ရှင်အစ်ကိုလေ"

ကုတင်ပေါ်မှနေ Luhanအား တွေတွေစိုက်ကြည့်နေသည့် အမျိုးသားကို ဘယ်လိုအကြည့်မျိုးဖြင့် ကြည့်ခဲ့မိသလဲ Luhan မမှတ်မိ။

ခြေလှမ်းတွေနောက်ဆုတ်မိပြီး အခန်းရှေ့ကထွက်လာခဲ့သည့်နောက်တွင်လည်း Han Yong ဘာစကားတွေလှမ်းပြောလိုက်သလဲ Luhan မသိ။

ရင်တွေကတလှပ်လှပ်တုန်ပြီး ခြေထောက်တွေကခွေယိုင်ချင်နေသည်။

သူတလျှောက်လုံး မေ့လျော့နေခဲ့သည့် အမှန်တရားသည်သူ့ရှေ့မှာပေါ်လာသည်။ ဟင့်အင်း သူမေ့လျော့နေသည် ကိုအခွင့်ကောင်းယူခံရကာ အလိမ်ခံခဲ့ရသည်ဆိုပိုမှန်လိမ့်မည်။

"Luhan …"

"မထိနဲ့ "

ဆေးရုံခန်းအပေါက်ဝမှနေ သွေးရူးသွေးတန်းထွက်ပြေးလာခဲ့ပြီး စင်္ကြန်တကွေ့၌ Sehun နှင့်ဆုံသည်။

တွေ့တွေ့ချင်းပင် ပုံပျက်ပြိုလဲနေသည့် Luhan ကို ပခုံးကနေဆွဲချုပ်ထိန်းပေးဖို့ကြိုးစားသည်အား Luhan ဖယ်ချပစ်လိုက်သည်။

"Luhan ဘာဖြစ်လာတာလဲ "

"ကျွန်တော့်မှာ ယုံစရာဆိုလို့ ခင်ဗျားပဲရှိတာကို"

"Luhan "

ရှေ့သို့ ခြေတလှမ်းတိုးလာသည့် Sehunသည် ယခုအချိန်ထိ Luhan ဘာဖြစ်နေသလဲ မသိသေးသည့်ပုံပေါ်သည်။

တလျှောက်လုံးထိန်းထားခဲ့သည့်မျက်ရည်များစီးကျလာသည့်နောက် Sehun ထိတ်လန့်သွားခဲ့ပြီး ရှေ့ကိုဆက်တိုးသည်။ Luhanက နောက်သို့ခြေလှမ်းပေါင်းများစွာဆုတ်ပစ်လိုက်သည်။

"Luhan !"

"မရှိတော့ဘူးလို့ ဝိုင်းပြောခဲ့ကြတဲ့ အဖေက အသက်ရှင်လျက်ရှိသေးတာကို ကျွန်တော်မသိခဲ့ဘူး။ အဲ့အဖေမှာကျွန်တော်မသိတဲ့ဆယ့်ငါးနှစ်အရွယ်သားတယောက်ရှိနေတာကိုလဲ ကျွန်တော် မသိခဲ့ရဘူး………………ခင်ဗျား ဘာလို့ …  …… ကျွန်တော့်ကို လိမ်ခဲ့တာလဲ "

Sehun ရှေ့သို့ဆက်မတိုးဝံ့ခဲ့တော့။

စကားတို့သည် ပြောမထွက်ပဲ လည်ချောင်းဝ၌ တစ်ဆို့နေသလိုပင် ခံစားရသည်။ Luhan ငိုနေသည်ကို သူဘာမှမလုပ်ပေးနိုင်ခြင်းကဆိုးရွားလွန်းလှသည်။

အဆိုးဆုံး Luhan က သူ့ကြောင့်ငိုနေရခြင်းဖြစ်သဖြင့်Sehun ဘာတစ်ခုကိုမှမစဉ်းစားတတ်တော့ပဲ ဘယ်စကားကို ဘယ်လိုပြောရမှန်းမသိတော့လောက်အောင်စိတ်ကထုံထိုင်းနာကျင်သွားခဲ့ရသည်။

"ကိုယ်……"

"လိမ်ခဲ့တာတော့မဟုတ်ပေမဲ့ အမှန်ကိုပြောခဲ့တာမဟုတ်ဘူးနော် ကျွန်တော်……ကျွန်တော့်ကိုဘာလို့အဲ့လိုလုပ်ရက်ရတာလဲ "

"Luhan မငိုပါနဲ့ ကိုယ်တောင်းပန်ပါတယ် မငိုလိုက်ပါနဲ့"

"မလာနဲ့…! လိုက်မလာနဲ့"

ကမ်းနေသည့်လက်သည်လေထဲမှာတန့်ရပြန်ပြီး ခြေလှမ်းများသည် အလိုလိုရပ်ရပြန်သည်။

"ကျွန်တော် ခင်ဗျားကို မမြင်ချင်ဘူး"

တွန်းမတိုက်ပဲ ဘေးနားမှ ကျော်ဖြတ် ထွက်သွားခဲ့ပေမဲ့လှမ်းမဆွဲဖြစ်ခဲ့တော့။

ချစ်သူကိုယ်၌ကိုက မမြင်ချင်ပါဘူးဟု ပြောနှင့်ခဲ့ပြီးထားခဲ့ပြီးပြီ။

Sehun နေရစ်ခဲ့ရုံသာ တတ်နိုင်ပြန်ပါသည်။

…………………………


ခင်ဗျားကိုအထိခိုက်မခံနိုင်တော့လို့ပါ။
အပြည့်အဝနာကျင်နေပြီးဖြစ်တဲ့ခင်ဗျားကို
မြူမှုန်တမှုန်စာလောက်တောင် ကိုယ်က ထပ်
မနာကျင်စေချင်လို့ပါ……။

° The years I have loved him °

…………………………

To Be ConTinued……

Continue Reading

You'll Also Like

44.5K 5.8K 59
မျောလွင့်နေတဲ့ ဝိညာဥ်တစ်ခုရှိတယ် သူ့နာမည်က Latte တဲ့ ေမ်ာလြင့္ေနတဲ့ ဝိညာဥ္တစ္ခုရွိတယ္ သူ႔နာမည္က Latte တဲ့...
14.9K 762 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...
96.6K 5.9K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
2.6K 440 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...