"ကြ်န္ေတာ္က အရင္ လက္ထပ္ခြင့္ေတာင္းတာ ?"
"အင္း …… "
"ေဟာ……"
Sehunမွာ ျမန္ျမန္ဆန္ဆန္ပင္ေခါင္းျငိမ့္လ်က္
အေျဖေပးလိုက္ပါေသာ္လည္း Luhanသည္ ယင္း
တတိယအၾကိမ္ေျမာက္ ေမးျမန္းမႈတြင္လည္း မယုံၾကည္ ႏိုင္သည့္ ေလသံျဖင့္ ရွိေနပါေသးသည္။
အားလုံးပဲစဥ္းစားၾကည့္ၾကစမ္းပါဟု သူေတြးေနသည္။
အဘယ္ေၾကာင့္ သူက အရင္လက္ထပ္ခြင့္ေတာင္းရ
ပါသနည္း ? မျဖစ္သင့္ဘူး ဘယ္လိုေနေန Sehun
သာအရင္လက္ထပ္ခြင့္ေတာင္းသင့္သည္။
ရႊင္ပ်ပ် မ်က္ႏွာျဖင့္ အစဥ္ နားေထာင္ေနရင္းမွေန
ရုတ္တရတ္ၾကီး တည္တင္းသြားေလသည့္ မ်က္ႏွာေလးကိုSehun မွ နားမလည္ႏိုင္စြာေငးၾကည့္ယူသည္။
သူတို႔ႏွစ္ေယာက္လုံး Luhan၏ ပန္းခ်ီခန္းထဲတြင္ရွိ
ေနျခင္းျဖစ္သည္။ ပန္းခ်ီကားမ်ားအေၾကာင္း Sehun
သိသြားသည့္ေန႔ထဲကစျပီး Luhanသည္လည္း အခန္းကိုဖြင့္ထားလိုက္သည္။ Sehunသည္လည္း အလုပ္
မယ္မယ္ရရမရွိေလတိုင္း ထိုအခန္းထဲသို႔သာလာေန
သည္။
အန္တီလီကိုေတာ့ျဖင့္ Luhanက အခန္းထဲသို႔ဝင္မခံ
ပါ။ ဆယ္ေက်ာ္သက္ေလးက ပါးပါးေလးရွက္တတ္ေသး
သည္ဟုဆိုသည္။
Sehunမွ တယုတယ သန္႔ရွင္းေပးေနသည့္ ပန္းခ်ီကား
နားမွခြာထိုင္လိုက္ျပီး ပန္းခ်ီဆရာေလးအနားသို႔ကပ္လိုက္
သည္။ မ်က္ႏွာထားတည္တည္ႏွင့္ Sehunကို ပီပီသသ
မ်က္ေစာင္းထိုးသြားျပီး တဖက္သို႔ ခ်ာကနဲေနေအာင္လွည့္
လိုက္သည့္Luhanေၾကာင့္ စိတ္အၾကီးၾကီးေကာက္သြား
ျပီမွန္း Sehun သိလိုက္ပါသည္။
ကေလးမ်ားသည္ စိတ္ေကာက္တတ္ၾကသည္။ စိတ္
ေကာက္ေနသည္ကိုလည္း မသိသိေအာင္ေျပာျပတတ္
ၾကသည္။ Luhanသည္ ထိုသို႔ကေလးေလးျဖစ္ပါသည္။
"Luhan … "
"……………"
သန္႔ရွင္းေရးလုပ္ျပီးသည့္ပန္းခ်ီကားကို အဝတ္စသန္႔သန္႔
ျဖင့္ျပန္အုပ္ေနသည့္ Luhanသည္ Sehun ေခၚေန
သည္ကိုမထူးပါ။ Sehun ေခ်ာင္းတခ်က္ဟန္႔လိုက္ျပီး အနားကိုတိုးထိုင္လ်က္ Luhan ပခုံးကို လက္ေခ်ာင္းမ်ားျဖင့္သာ သာတို႔ထိလ်က္ သူ႔ကိုလွည့္ၾကည့္ေစသည္။
"Luhan "
"ဘာလဲဗ်ာ ဘာလဲ ဘာလဲ "
"ဘာေတြစိတ္ေကာက္သြားတာလဲ ?"
"ေကာက္ရေအာင္ ကြ်န္ေတာ္ကသုံးႏွစ္သားလား ?"
မ်က္ႏွာကို Sehun ရွိရာဘက္ ဆတ္ကနဲလွည့္လာျပီး
ရုပ္တည္ၾကီးျဖင့္ တခ်က္ အျပံဳးပါးပါးျဖင့္တခ်က္ ထီမထင္
ထေျပာသည္။ အသည္းယားဖြယ္အျပဳအမူေၾကာင့္ Sehun သေဘာတက် ရယ္ေမာမိသည့္အခါ Luhan ကမ်က္ေမွာင္က်ဳံ႕လာပါသည္။
"ဦးေလးၾကီး "
"ဗ်ာ့ …"
"တကယ္အျမင္ကတ္လာျပီေနာ္ ၾကည့္လိုု႔ရမေနေတာ့
ဘူး"
ခုံသုတ္ထားသည့္ ၾကက္ေမႊးကိုေကာက္ကိုင္ျပီး မ်က္လုံး
ျပဴးျပကာေျပာလာသည့္Luhanေၾကာင့္ ဒီတခါမွာေတာ့
Sehun အားပါးတရပင္ရယ္ေမာလိုက္ပါျပီး Luhan
လက္ထဲမွ ၾကက္ေမႊးကိုဆြဲယူလိုက္လ်က္ Luhanကို
ျပံဳးၾကည့္လာျပီးေနာက္ ဆိုသည္။
"ကိုယ္ကေတာ့ ၾကည့္လို႔ရတယ္ ၾကိဳက္လဲၾကိဳက္တယ္"
"ဘာ ? ဘာေျပာတယ္"
"ပန္းခ်ီကားေတြကုိေလ ခင္ဗ်ားက ကိုယ့္ကိုခ်စ္လို႔ဆြဲေပး
ထားတာေလ"
Luhan ပါးေတြျဖန္းကနဲပူေႏြးလာျပီးေနာက္ မ်က္ႏွာ
တစ္ခုလုံး ရဲတက္လာခ့ဲသည္ထိ ျဖစ္သြားသည္။
ကေယာင္ကယမ္းျဖင့္ ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္
မိရာ ေျခယိုင္မိေတာ့မတတ္ပင္ျဖစ္သြားခ့ဲပါသည္။
Sehun ထိတ္သြားကာ Luhanလက္ကို လွမ္းဆြဲယူ
လ်က္ ထိန္းကိုင္ေပးမည္ျပင္သည္။ သို႔ေသာ္လည္း
ခရမ္းခ်ဥ္သီးေလးသည္ Sehunလက္ကို ပယ္ထုတ္လိုက္
ျပီးေနာက္ သိသိသာသာပင္ မ်က္ေစာင္းဝင့္သည္။
"ဦးေလးမရွက္တတ္ဘူးလား "
"ဘယ္လို ?"
"ဘယ္သူကခ်စ္ေနလို႕လဲ ? ဦးေလးၾကီးကိုခ်စ္တာ
အသက္၂၀ေက်ာ္Luhan အခုကြ်န္ေတာ္ဟုတ္မေနဘူး
ကြ်န္ေတာ္ကခ်စ္မေနပါဘူးေနာ္ မွတ္ထား"
မ်က္ေစာင္းခ်ီရုံသာမက လက္ညိဳးတရြယ္ရြယ္ တယမ္း
ယမ္းျဖင့္ အခန္းထဲမွ မေျပးရုံတမယ္ထြက္သြားသည့္
Luhanကို Sehunသည္ မ်က္စိတဆုံးလိုက္လံၾကည့္
ရႈျပီးကာမွ သေဘာတက်ျပံဳးရယ္မိျပန္ပါသည္။
ထို႔ေနာက္ အခန္းထဲအျပည့္နီးပါးရွိသည့္ သူ၏ပုံတူပန္းခ်ီ
မ်ားကို တခ်ပ္ခ်င္းစီ အေသးစိတ္ျပန္လည္ေငးေမာၾကည့္
လိုက္ရင္း ႏွစ္သက္စြာ အသာအယာျပံဳးသည္။
အခြင့္ထပ္ၾကံဳလွ်င္ Luhan မ်က္ႏွာကို စိုက္ၾကည့္ျပီး
- ကိုယ္ ခင္ဗ်ားကို သိပ္ခ်စ္တာပဲ - လို႔ Sehun ထပ္မံ
ေျပာခ်င္မိပါသည္။
…^…
Sehun ပုံမွန္အလုပ္ျပန္ဆင္းရသည့္ရက္သတၱပတ္သို႔
ေရာက္သည့္အခါ Luhan၏ တေန႔တာအလုပ္မ်ား
သည္လည္း ပုံမွန္အတိုင္းျပန္လည္ပတ္လာသည္။
အိမ္တြင္းေအာင္းေနျခင္းမ်ားေလ်ာ့နည္းလာျပီး သင္တန္း
ေက်ာင္းႏွင့္ျပခန္းသို႔ ရက္စိပ္သြားျဖစ္သည္။ က်န္းမာေရး
ျပန္လည္ေကာင္းမြန္လာျပီျဖစ္၍ ျပပြဲမ်ားလက္ခံစီစဥ္ေပး
ဖို႔ Luhan တေယာက္ Sehun ႏွင့္တိုင္ပင္ျဖစ္သည္။
အိမ္မွာပဲနားနားေနေန ေနေစ့ခ်င္ပါေသာ္လည္း Luhanက လုပ္ၾကည့္ခ်င္ပါသည္ဟု ဆိုလာသျဖင့္
Sehunမွာ ျပခန္းသို႔အသြားအျပန္အား Driverဦးေလး
ျဖင့္မလႊတ္ေတာ့ပဲ ကိုယ္တိုင္ၾကိဳပို႔လုပ္ေပးသည္။
ေန႔လည္စာကိုလည္း ကိုယ္တိုင္လာမပို႔ရုံတမယ္ ကိုယ္
တိုင္ကိုယ္က် စီစဥ္ေပးျပီး Sehun ၏ အတြင္းေရးမွဴး
ေကာင္ေလးသည္ Luhan ျပခန္းကို ေန႔လည္ထမင္း
တခါ၊ အဆာေျပ ေကာ္ဖီ ႏွင့္ မုန္႔မ်ား တခါ လာလာပို႔
ရလြန္း၍ ျပခန္းမွာပင္ ေနထိုင္ေတာ့မည္ဟု ေျပာေနေခ်
သည္။
လတ္တေလာ ပြဲတစ္ခုအေနျဖင့္ တက္သစ္စ ပန္းခ်ီ
ဆရာမ်ား၏ ကားခ်ပ္မ်ားကို ျပသဖို႔ရာ Luhan တို႔
စီစဥ္ထားၾကျပီး လအတန္ၾကာ တိတ္ဆိတ္ေနခ့ဲသည့္
ျပခန္းၾကီးသည္ ဝန္ထမ္းမ်ားအလ်ွဳိလွ်ဳိျဖင့္ျပန္လည္
အသက္ဝင္လာျပီျဖစ္သည္။
ဒီေန႔မွာေတာ့ ဝန္ထမ္းမ်ားႏွင့္ျပခန္းၾကီးကို ပစ္ထားျပီး
Luhanက ေမေမ၏ပန္းဆိုင္သုိ႔ေရာက္ေနခ့ဲသည္။
ေရွ႕ေလွ်ာက္အလုပ္မ်ားလွ်င္ လာေတြ႔ရန္ ခဲယဥ္းေတာ့
မည္တေၾကာင္းႏွင့္ Luhan အတည္ျပဳစရာကိစၥေလး
လည္းရွိေနပါ၍ ေရာက္ေနခ့ဲျခင္းျဖစ္သည္။
မနက္မိုးလင္းတည္းမွ ပန္းဆိုင္ရွိရာသို႔ Sehun
ကိုယ္တိုင္ကားေမာင္းပို႔ေပးျပီး Luhan ေမေမႏွင့္အတူ
မနက္စာအတူဝင္စားျပီးမွ အလုပ္သြားပါသည္။
ကားေပၚတက္ခါနီး သြားဦးမယ္ဟု Sehunႏႈတ္ဆက္
သည္ကို အင္းမလုပ္အဲမလုပ္ မ်က္ေပတုံျဖင့္ၾကည့္ေန
သည္ထဲက Luhan တို႔ စိတ္ေကာက္ေနျပန္္ျပီလား
ဆိုသည့္ မ်က္လုံးျဖင့္ ေမေမကၾကည့္ေနျပီျဖစ္သည္။
ယခု ေအာ္ဒါျဖစ္သည့္ ေနၾကာပန္းစည္းမ်ားကို ကူညီ
စည္းေပးေနရင္း ေမေမခ်ေပးထားသည့္ ႏို႔ကြတ္ကီးကို
စားလိုက္၊ Sehun ဝယ္ထားေပးသြားသည့္ စပ်စ္သီး
ေျခာက္၊ အေစ့အဆန္မ်ားကို ကိုက္လိုက္ေနရင္းမွ Luhan ႏွာေခါင္းရႈံ႕ ႏႈတ္ခမ္းဆူမိသြားသည္။
"ကဲ ေယာက်္ားနဲ႕ဘာျဖစ္လာတာလဲ ဒီေမေမကိုေျပာ
ေတာ့"
ရိပ္စားမိႏွင့္ျပီးသား ေမေမမွ Luhan ကိုင္ထားသည့္
ပန္းစည္းမ်ားကိုလက္ေျပာင္းယူလိုက္ျပီး ေလသံခ်ိဳခ်ိဳ
ျဖင့္ေမးျမန္းသည္။ သို႔ပါေသာ္လည္း အကဲဆတ္ေနသည့္
ေကာင္ေလးက ေမေမမွသူ႔ကိုစေနာက္မည့္ေလသံျဖင့္ဆို
ေနပါျပီဟု ေတြးလိုက္ကာ ေအာက္ႏႈတ္ခမ္းကိုဖိိကုိက္
လိုက္ရင္း
"ေမေမကလဲဗ်ာ ေယာက္်ား ေယာက်္ားနဲ႕မေျပာပါနဲ႔"
"ေဟ … မင္းေယာက်္ားမဟုတ္လို႔ သူမ်ားေယာက်္ား
လား "
"သား……သားလဲ ရွက္ေသးတာေပါ့"
ေမေမဆြဲလုသြားသည့္ ေနၾကာပန္းစည္းကို ဆတ္ကနဲ
ျပန္ဆြဲလို႔လုယူသြားျပီး Luhan ေခါင္းငုံ႔လို႔ဆိုလာသည္။
သူေမေမ့ဆီလာထဲက ေမးခ်င္သည့္ကိစၥဆိုသည္မွာ
သူတို႔လက္ထပ္ျဖစ္ၾကသည့္အေၾကာင္းျဖစ္ျပီး အခုထက္
ထိစကားစရွာမရေသးပဲ ေမေမေျပာလိုက္သည့္ နာမ္စား
တစ္ခုေၾကာင့္ပင္ ရွက္ေနရျပန္ျပီ။
ေနၾကာပန္းတစည္းကိုအထပ္ထပ္ထုတ္ေနရင္းနဲ႕
ပါကင္စကၠဴေတြသာကုန္လာသည္။ Luhan ထုတ္ပိုးေန
လို႔မျပီးေသး။ ေမေမျဖစ္သူမွာေတာ့ သားငယ္ကို ခ်စ္စႏိုး
ၾကည့္လို႔ တျဖည္းျဖည္းျပံဳးလာခ့ဲျပီး
"လက္ထပ္တုန္းကေတာ့မရွက္ဘူးေနာ္"
"ေမေမ……"
"……စတာပါကြယ္ စတာပါ ေမေမ့သားငယ္ေလးကလဲ
စိတ္ၾကီးသကိုး"
နဖူးျပင္ေသးေသးကိုဖြဖြေလးပုတ္ျပီး ျမတ္ႏိုးစြာဆိုသည့္
ေနာက္ Luhan တခဏျငိမ္ခံေနလိုက္သည္။ ေနာက္
မိနစ္အနည္းငယ္အၾကာ သူ ထုတ္ပိုးျပီးသြားသည့္
ေနၾကာပန္းစည္းကို ေမေမမွယူသြားျပီး တျခားစားပြဲေပၚ
တြင္ သြားတင္သည့္အခိုက္ Luhanသည္ ထိုင္ေနရာ
မွထလာျပီး ေမေမ့အနားကပ္လို႔
"သားတို႔လက္ထပ္ၾကတုန္းက ေမေမဘယ္လိုခံစားရ
လဲဟင္ ?"
အထူးအဆန္း ေမေမ့ကိုဆို အတိတ္အေၾကာင္းေတြ
ေမးေလ့မရွိသည့္ Luhanစကားေၾကာင့္ ေမေမမွာ
တခဏမွ် ျငိမ္သက္သြားေသးသည္။ ထို႔ေနာက္တြင္မွ
Luhanဘက္ ျပန္လွည့္လာျပီး Luhanလက္ကိုဆြဲ
ကိုင္လို႔ မူလထိုင္ခ့ဲသည့္ခုံ၌ ျပန္ဝင္ထိုင္ေစသည္။
"သားငယ္ေရာ ဘယ္လိုထင္လဲ ? ေမေမ ဘယ္လိုခံစားရမလဲလို႔ "
ဒီတေခါက္ျငိမ္က်သြားရသူမွာ Luhan ျဖစ္ျပီး အခ်ိန္
အေတာ္ၾကာပါမွ ေခါင္းကိုျဖည္းညွင္းစြာခါယမ္းလိုက္
သည္။ မသိပါဘူးဟု အဓိပၸာယ္ရသည့္အျပဳအမူေၾကာင့္
ေမေမမွျပံဳးသည္။
"သားငယ္ကတဦးတည္းေသာသား ေမေမ့ေဘးနားမွာ
တေယာက္တည္းက်န္ခ့ဲတ့ဲတဦးတည္းေသာသူ။ ဒီအေမ
ေတြးထားခ့ဲတာက ငါ့သားက တေန႔က် သိပ္လွျပီး လိမၼာ
ေရးျခားရွိတ့ဲ သမီးေလးတစ္ေယာက္ကို ေခၚလာမယ္
လို႔ေလ ေနာက္ သိပ္ခ်စ္ဖို႔ေကာင္းတ့ဲ ေျမးေလး
တေယာက္ ေပးမယ္လို႔ အ့ဲလို ေမေမကအျမဲတြက္ခ့ဲတာ
တေန႔က် ငါ့သားငယ္က အိမ္ကို ေခၚလာပါတယ္
သားခ်စ္သူဆိုျပီး ေခၚလာတာ သမီးေလးမဟုတ္ပဲ ေနာက္
သားတစ္ေယာက္ျဖစ္ေနတာေလးပဲ"
အရႊန္းေဖာက္ဆိုသည့္စကားေၾကာင့္ Luhan ရယ္လိုက္
မိေသးသည္။ အတိတ္အေၾကာင္းကို မွတ္မိရန္ စိတ္အား
မထက္သန္ပါဟု Jun Myeonကို တြင္တြင္ေျပာခ့ဲသည့္ Luhanက သူ၏အတိတ္ကို ပုံျပင္တစ္ပုဒ္လို နားေထာင္ ရသည္ကိုျဖင့္ႏွစ္သက္စျပဳေနခ့ဲျပီ။ အထူးသျဖင့္ Sehun ႏွင့္ပတ္သက္သည့္ သူ႔အတိတ္၊ Sehun၏အခ်စ္ေတြနဲ႕ သူ႔အတိတ္ကို ျပန္နားေထာင္ေနရသည္ကိုႏွစ္ျခိဳက္သည္။
စိတ္အားထက္သန္ေနသည့္ မ်က္ႏွာအမူအရာႏွင့္
ျပံဳးတုံ႕တုံ႕ႏႈတ္ခမ္းေတြ၊ တဖ်တ္ဖ်တ္လက္ေနသည့္
မ်က္လုံးေလးမ်ားကို သတိထားမိဟန္ရွိသည့္ ေမေမက
ထိုအေၾကာင္းမ်ားကိုဆက္ေျပာျပလာသည္။
"ေမေမ ဘယ္သေဘာတူလိမ့္မလဲ သားSehunကို
သားငယ္ရဲ႕ဂ်ဴနီယာေလးလို႔ပဲ ေမေမကသိထားတာ
ေလ စိတ္ေတြဆိုးတာေပါ့ မင္းက ခ်စ္သူတင္မဟုတ္ပဲ
ပါရီမသြားခင္ လက္ပါထပ္မွာလို႔ေျပာေတာ့ ေမေမ မင္း
ကို အခန္းထဲေသာ့ပိတ္ပစ္လိုက္တာပဲ"
"ဗ်ာ ?? ျဖစ္ရမယ္"
လက္ဟန္ေျခဟန္ျဖင့္ အားရပါးရေျပာသည့္ ေမေမ့
စကားမွာ Luhan ရယ္မိသြားသည္။ ေမေမက ထိုအခ်င္း
အရာကို ျပံဳးၾကည့္လာျပီးေနာက္မွ
"သားငယ္ကလဲ အခန္းထဲမွာ အစာငတ္ခံဆႏၵျပတယ္
ဆိုလား လုပ္ သားSehunကလဲ ေန႔တိုင္း အိမ္ေရွ႕မွာ
အျမဲရွိေန ။ ဘယ္ေျပာေကာင္းမလဲ ညရွစ္နာရီဆိုလာ
ေနက် စီးရီးဇာတ္လမ္းေတြလိုပဲေပါ့"
ထိုစကားမွာ Luhan ရယ္မိေခ်ေတာ့သည္။ သူတို႔
ရုပ္ရွင္တကား ေကာင္းေကာင္းရိုက္ခ့ဲတာပါပဲဟု အေတြး
ဝင္သြားသည့္ေနာက္ ရယ္ခ်င္စိတ္သည္ ထိန္းမရခ့ဲေတာ့။
အစပထမ၌ ေမေမျဖစ္သူသည္လည္း Luhan ႏွင့္အတူ
လိုက္လံရယ္ေမာေပးေနရင္း ေမာသြားသည့္အခါက်ေလမွ
Luhan၏ ရယ္ေမာေနသည့္ မ်က္ႏွာကေလးကိုျပံဳးကာ
ေငးၾကည့္လိုက္လ်က္
"ေမေမ ေသြးရူးေသြးတန္းနဲ႕ သားငယ္ကို အခန္းတံခါး
ပိတ္ထားလဲ သားငယ္ကသူနဲ႕အဆက္အသြယ္မလုပ္
ပဲေနႏိုင္တယ္။ အစားမစားတာကလြဲလို႔ က်န္တာေမေမ့
သေဘာအတိုင္းေနတယ္။ ငါးရက္ေလာက္ၾကာေတာ့
ေမေမ ဆန္ျပဳတ္လာပို႔ေတာ့ မင္း ေမေမ့ကိုဘာေျပာလဲ
သိလား ?"
နဖူးသို႔ေဝ႕က်ေနသည့္ ဆံပင္မ်ားကို သပ္တင္ေပးျပီး
ေမေမညင္သာစြာေျပာေနသည္ကို Luhan ျငိမ္သက္
လ်က္နားေထာင္ေနခ့ဲမိသည္။
ေမေမမွာ ေလသံေဖ်ာ့ေဖ်ာ့ကေလးျဖင့္
"သားတဘဝလုံး ေမေမ့စကားကို နားေထာင္ခ့ဲပါတယ္
ဒီတေခါက္ပဲ သားဆႏၵကိုေမေမ လိုက္ေလ်ာေပးလို႔
မရဘူးလားတ့ဲ"
"……………"
"Sehunက သားဘဝမွာ မရွိမျဖစ္လိုအပ္တ့ဲသူပါတ့ဲ
ေမေမ ေဖေဖ့ကိုလိုအပ္ခ့ဲသလိုမ်ိဳးတ့ဲ ေလ"
ေပါင္ေပၚတင္ထားသည့္ Luhan လက္သီးမ်ားကို
တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လိုက္မိသည္။
ပူတက္လာသည့္မ်က္ႏွာအပူခ်ိန္ေၾကာင့္ ပါးေတြ နားရြက္
ေတြ ရဲတြတ္ေနဦးမလား မသိေပမ့ဲ ေမေမကေတာ့ Luhanကို ခ်စ္စႏိုးၾကည့္ေနတုန္းပင္။
" သား Sehun ကလဲေျပာတယ္ ကြ်န္ေတာ္ Luhanကို
တသက္လုံးေပ်ာ္ေအာင္ထားႏိုင္ဖို႔ ယုံၾကည္ခ်က္မရွိေပမ့ဲ
ဘယ္ေတာ့မွစိတ္မညစ္ေစရပါဘူးတ့ဲ ကြ်န္ေတာ္ သူ႔ကို
တကယ့္ကို ျမတ္ႏိုးတာပါတ့ဲ"
စကားမ်ားဆုံးသည့္ေနာက္ ေမေမက ရယ္လာသည္။
Luhanဆံပင္ေတြကို သပ္တင္ေပးေနသည့္ လက္မ်ား
ကို ေနာက္ရုတ္လိုက္ျပီး
"ရယ္ရမလားမသိေပမ့ဲ တကယ္ခါးခါးသီးသီးျဖစ္ခ့ဲတ့ဲ
ေမေမက သားတို႔စကားကိုယုံေပးခ်င္လာတယ္ သားတို႔
က အခ်င္းခ်င္းမွမဟုတ္ရင္ မျဖစ္ေတာ့ဘူးဆိုတ့ဲ အေတြး
မ်ိဳး ေမေမ့ကိုေတြးေစတယ္ တကယ္ကိုခ်စ္ၾကတ့ဲသူေတြ
ဆိုတာကို ေမေမလက္ခံလိုက္တယ္"
Luhan ျငိမ္သက္စြာနားေထာင္ေနရင္းမွ ပူေႏြးေန
သည့္ သူ၏လည္တိုင္ကို အသာအုပ္ကိုင္လိုက္မိသည္။
ထို႕ေနာက္ ေခါင္းကိုငုံ႕ထားမိရာမွ အတန္ၾကာ ေမေမ့
ကိုျပန္ေမာ့ၾကည့္လာျပီး
"ေက်းဇူးတင္ပါတယ္ အ့ဲတုန္းက ေျပာခ့ဲေသးလားမသိ
ေပမ့ဲ လက္ခံေပးခ့ဲလို႔ ေက်းဇူးတင္ပါတယ္ ေမေမ"
"အလိမ္မာေလး လာပါဦး ေမေမဖက္ပါရေစဦး"
မဆိုင္းမတြပင္ သူ႔ကိုယ္ႏွင့္မဆန္႔ခ်င္သည့္ ေမေမ့ရင္ခြင္
ထဲတိုးဝင္လိုက္သည့္အခါ လက္ႏွစ္ဖက္အျပည့္ျဖင့္ ေမေမ
သည္ ေထြးေပြ႔ေပးထားရွာသည္။ Luhan၏ ေက်ာျပင္
ငယ္ကို တယုတယပြတ္သပ္လို႔ ေႏြးေထြးသည့္ေထြးေပြ႔
မႈကိုေပးသည္။
"ေက်းဇူးတင္စရာမလိုပါဘူး ေမေမ့ ဘဝမွာ အေကာင္း
ဆုံးလုပ္ခ့ဲတာက သားနဲ႕Sehunကို လက္ခံေပးခ့ဲတာပဲ"
"…………………"
"ငါ့သားငယ္ကိုယ္တိုင္ ေမေမ့ေရွ႕ကို လက္ဆြဲေခၚခ့ဲတ့ဲ
သူေလ အဟင္း……တေယာက္တည္းထားခ့ဲရမွာစိတ္မခ်
လို႕ ကိုယ္တိုင္ေတာင္အရင္လက္ထပ္ခြင့္ေတာင္းခ့ဲတာ
မလား"
"ေမ !!"
အီေလးစြဲလ်က္ ရွက္ဝဲဝဲေအာ္ဟစ္ျပီး ဖက္ထားရာမွ
ခြာသည့္ေနာက္ ေမေမ၏ရယ္သံမ်ားသည္ ပန္းဆိုင္ေလး
ထဲလြင့္သြားခ့ဲသည္။
အရွက္သည္းေနသည့္ Luhanကို တခြန္းျပီးတခြန္း
စေနာက္ေနသည့္ ေမေမေၾကာင့္လည္း ရွက္ဝဲဝဲေအာ္သံ
မ်ားပ်ံ႕ေနခ့ဲေသးသည္။
ဤအခ်င္းအရာကို အခိ်န္ေတာ္ေတာ္ၾကာ ေငးေမာၾကည့္
ေနသည့္ Sehunက ထိုအခိုက္အတန္႔ေလးကိုမဖ်က္ဆီး
ရက္ပဲရွိသည္။
ဆိုင္ေပါက္ဝကို Luhanေက်ာေပးထိုင္ထား၍သာ
ဝင္ေပါက္မွာ ေရာက္ႏွင့္ေနျပီျဖစ္သည့္ Sehunကို သူ
မျမင္တာပင္။
စေနာက္သံေတြၾကား အရွက္သည္းစြာ မ်က္ႏွာမေဖာ္
ေတာ့ေပမ့ဲ တသိမ့္သိမ့္တုန္ေနသည့္ ေက်ာျပင္ငယ္ကို
Sehun အေျပးေလးေထြးေပြ႔ခ်င္လွပါသည္။
-ခ်စ္လိုက္တာ ခင္ဗ်ားရယ္
ကိုယ္ ခင္ဗ်ားကို ခ်စ္လိုက္တာေလ -
……………………………
ဘယ္ဘာသာကိုမွ ကိုးစားျခင္းမရွိေပမ့ဲ ခင္ဗ်ားလက္ကို
မလႊတ္ပါရေစနဲ႕လို႔ ကိုယ္ ၾကိမ္ဖန္ေရမ်ားစြာ ဆုေတာင္း
မိတယ္။
သနားၾကင္နာတတ္သူက ကိုယ့္ ဆုေတာင္းကို ျဖည့္ေပး
ပါ။
ဆုေတာင္းရယ္ျပည့္ဝေအာင္ သစၥာျပဳ တိုင္တည္ရရင္
ႏွလုံးသားတစ္ခုလုံးနဲ႕ ရင္းျပီး သက္ဝင္ရသူက
ခင္ဗ်ားတစ္ေယာက္တည္းကိုပဲ ျဖစ္ပါတယ္။
° The years I have loved him °
……………………………
အလုပ္ရႈပ္ေနျမဲျဖစ္သည့္ ၾကာသပေတးေန႔တရက္တြင္
Luhan က ျပခန္း၌ တေနကုန္ေသာင္တင္ေနရျပန္
သည္။
ျပခန္းမွဴး ရာထူးရယ္သို႔ သတ္သတ္မွတ္မွတ္မရွိေလသည့္
အတြက္ ပန္းခ်ီကားအနာတရစစ္ေဆးတာကအစ Luhanကိုယ္တိုင္ လုပ္ရပါျပီး တဖက္ ျပခန္းမွ ပို႔
ေပးလာသည့္ ပန္းခ်ီကားတြင္ ေဘာင္ပြန္းပ့ဲမႈမ်ားရွိေန
သျဖင့္ အဆိုပါျပခန္းမွ ျပခန္းမွဴးႏွင့္ စကားအေျခအတင္
ေျပာရေသးသည္။
မိမိဘက္မွ ျပခန္းတာဝန္ခံမ်ား ႏွင့္ လက္ေထာက္မ်ား
ပင္ေျပာမႏိုင္ေအာင္ လက္ေပါက္ကတ္လ်က္ တာဝန္ခံမႈ
မရွိသည့္ ထိုျပခန္းမွဴးကို Luhan အျပင္မွာေတြ႔လွ်င္
ဆြဲထိုးခ်င္လွသည္။
"ဂရုစိုက္သြားၾကဦး ဆရာလီနဲ႕ေဆြးေႏြးျပီးရင္ အလုပ္
ဆင္းလိုက္ၾကေတာ့"
"ဆရာေရာ မျပန္ေသးဘူးလား"
ဝန္ထမ္းငယ္ေလးမ်ားေမးသည့္စကားကို Luhanေျဖ
ဖို႕ရန္အတြက္ လက္ပတ္နာရီကို ပင့္ၾကည့္လိုက္သည္။
ခ်ိန္းဆ္ိုမႈတစ္ခုေၾကာင့္ Luhan မျပန္ေသးဘူးဆိုကာ
ေခါင္းခါျပလိုက္ျပီး ထိုဝန္ထမ္းငယ္မ်ား ျပခန္းရွိရာဝန္းမွ
အလ်ွိဳလွ်ိဳထြက္သြားၾကသည္ကို မ်က္စိတဆုံး လိုက္ၾကည့္
ျပီးကာမွ ျပခန္းတြင္းသို႔ဝင္ရန္ တံခါးျပန္ေစ့လိုက္သည္။
တံခါးျပန္ပိတ္အျပီး လွည့္အထြက္တြင္ ဝင္ေပါက္နားမွာ
ေနရာခ်ထားသည့္ ပန္းခ်ီခ်ပ္မ်ားကို Luhan တဖန္စစ္
ေဆးေနလိုက္ပါသည္။
ထိုအခိုက္မွာပင္ တံခါးတြန္းဖြင့္သံေပၚလာျပီး Luhan
ရင္းႏွီးေနသည့္ နာမည္ေခၚသံသည္ ေနာက္နားမွေန
ထြက္ေပၚလာခ့ဲသည္။
"Luhan …… "
"………… ShiYeon "
ခပ္ႏြမ္းႏြမ္းအျပံဳးတပြင့္ဆင္လ်က္ Lee Shi Yeonက
Luhan မ်က္စိေရွ႕မွာရပ္ေနပါသည္။
အတိတ္မွအေၾကာင္းစုံကိုသိျပီးသည့္တိုင္ Lee ShiYeonအေပၚ မုန္းတီးလိုစိတ္မရွိေတာ့သည္ကို Luhanခံစားမိသည္။
အမွန္က ခ်စ္ျခင္းေရာ မုန္းျခင္းေရာမရွိ ခံစားခ်က္ရယ္ကို
မရွိေတာ့တာျဖစ္သည္။
ဗလာသပ္သပ္အျပံဳးျဖင့္ Luhan ထိုမိန္းကေလးကို
ႏႈတ္ဆက္လိုက္ႏိုင္သည္။
တိုက္တိုက္ဆိုင္ဆိုင္ပင္ Luhan ခ်ိန္းဆိုထားသည့္သူ
သည္ ShiYeon ေနာက္မွေန တံခါးဖြင့္၍ အခန္းထဲဝင္
လာပါသည္။
ထိုသူ႔ကိုေတာ့ျဖင့္ Luhan ႏွစ္ျခိဳက္စြာျပံဳးျပလိုက္
မိသည္။
ဝင္လာသည့္ Sehun က Luhan ကိုတလွည့္
မတ္မတ္ရပ္ေနသည့္ ShiYeonကုိ တလွည့္ၾကည့္ျပီး
Luhan အား ျပန္လည္ျပံဳးျပလာခ့ဲပါသည္။
တခ်ိန္တည္းမွာ ခ်ိန္းဆိုထားသည့္သူႏွင့္ မခ်ိန္းဆိုပဲ
ေရာက္လာသူကို အလုပ္ခန္းရွိ စားပြဲတဝိုင္းတည္း၌ အတူတူ Luhan ေနရာခ်ထားလိုက္သည္။
ေနရာခ်ထားသူက Luhan ျဖစ္ပါေသာ္လည္း ဧည့္ခံသူ
ကSehunပင္ျဖစ္ကာ
"ညစာသြားစားေတာ့မွာဆိုေတာ့ ကိုယ္ ေကာ္ဖီပဲလုပ္
လာလိုက္တယ္"
"ဘာလဲ ?"
"Latte ႏို႔မ်ားမ်ားနဲ႕ "
"Ok ေက်းဇူး"
"အစ္မေရာ ဘာေသာက္မလဲဗ် "
"ေတာ္ပါျပီ အစ္မခဏပါပဲ ျပီးရင္ျပန္မွာ"
Sehun မွ ေခါင္းျငိမ့္လ်က္ Luhanႏွင့္သူ႔အတြက္
ေသာက္စရာျပင္လိုက္ျပီး စားပြဲနားေလွ်ာက္လာကာ
Luhanေဘးနားမွာဝင္ထိုင္သည္။
မိနစ္မဆိုင္းပင္ မ်က္စိေရွ႕ေရာက္လာသည့္ သူတို႔ႏွစ္ဦး
နာမည္ယွဥ္တြဲတပ္ထားေသာ မဂၤလာဖိတ္စာကို ျမင္သည့္
အခါ Sehun ႏွင့္ Luhan တို႔ ShiYeonကို ေမာ့
ၾကည့္မိၾကသည္။
"လာမ့ဲ Sunday ဘုရားေက်ာင္းမွာပဲ ။ အင္း ငါ
Yi Xingကိုလဲဖိတ္ထားေပမ့ဲ Luhan နင္ကပဲ ကူေျပာ
ေပးပါဦး"
"ဟိုတခါ နင့္ကိုငိုေအာင္လုပ္တ့ဲေကာင္နဲ႕ပဲလား ?"
Luhanေလသံထဲတြင္ သူငယ္ခ်င္းဆိုတာထက္ အစ္ကို
တေယာက္၏စိုးရိမ္မႈေလသံအျပည့္ပါေနသည္။ ဖိတ္စာ
ကို အလ်င္စလိုဆြဲယူျပီး သတို႔သားေနရာကုိ မၾကည့္မိ
ခင္မွာပင္ ShiYeonက မပီမသရယ္ျပံဳးလာလ်က္ ေခါင္း
ျငိမ့္သည္။
မေက်နပ္စြာ သက္ျပင္းခ်သည့္ေနာက္ Sehunက Luhanမ်က္ႏွာကို ေစာင္းင့ဲၾကည့္ရႈသည္။
"Sehun ပါ ရွိေနတာ တကယ္ေကာင္းတယ္
ၾကာျပီဆိုေပမ့ဲ အစမေဖာ္သင့္ေတာ့တာသိေပမ့ဲ
ငါ လုပ္ခ့ဲတာေတြအတြက္ နင္တို႔ ႏွစ္ေယာက္လုံးကို
ငါေတာင္းပန္ပါတယ္"
ေပါင္ထက္တင္ထားသည့္လက္သီးတင္းက်ပ္သြားသည္
ကို Sehun ျမင္လိုက္ျပီး ထိုလက္သီးဆုပ္ကေလးကို
ဖမ္းဆုပ္ကိုင္ထားလိုက္သည္။
Luhanသည္ စိတ္လႈပ္ရွားေနခ့ဲသည္။ Sehunက
တင္းတင္းဆုပ္ထားသည့္လက္သီးကေလးကို ခပ္ဖြဖြ
အုပ္ကိုင္ရင္း တျဖည္းျဖည္းျဖည္ခ်လိုက္ကာ လက္ေခ်ာင္း
ခ်င္းယွက္သြယ္ဆုပ္ကိုင္ထားလိုက္သည္။
"ငါ……
ငါ နင့္ကိုခြင့္လႊတ္ျပီးသားပါ အင္း ငါနင့္ကိုခြင့္လႊတ္
ႏိုင္ပါတယ္"
တင္းတင္းဆုပ္ထားသည့္ Sehun လက္ကိုျပန္လည္ဆုပ္
ကိုင္လာရင္းမွ ထိုစကားကိုေျပာသည္။ ထို႔ေနာက္ Sehunကို ေမာ့ၾကည့္လာေလသည့္ေနာက္ Sehun
ျပန္လည္ျပံဳးျပလိုက္ျပီး ShiYeonကိုျပန္ၾကည့္ကာ
"ကြ်န္ေတာ္က ခြင့္လႊတ္တယ္ မခြင့္လႊႊတ္ဘူး ေျပာရတ့ဲ
အထိ စိတ္ထဲမွာမရွိပါဘူး သူအဆင္ေျပေနရင္ ကြ်န္ေတာ္
လဲ အဆင္ေျပပါတယ္"
Sehun ေလသံေအးေအးျဖင့္ေျပာလာသည့္စကားကို
ShiYeonက ေခါင္းတညိမ့္ညိမ့္ျဖင့္ရွိသည္။
မဂၤလာဖိတ္စာကိုေပးထားခ့ဲျပီး မိနစ္ပိုင္းအတြင္း သူမ
ထျပန္သြားသည့္ေနာက္ Sehun ႏွင့္ Luhanသာ
စားပြဲတြင္က်န္ခ့ဲျပန္သည္။
ေကာ္ဖီေတြလည္း အေႏြးဓာတ္ကုန္လို႔ ေအးစက္သည့္
အဆင့္ထိေရာက္ေနခ့ဲသည္။
"ထူးဆန္းတယ္"
"ဘာကိုလဲ ?"
Sehun ဆုပ္ကိုင္ထားဆဲျဖစ္သည့္ လက္တစ္စုံကို
ငုံ႔ၾကည့္ျပီးေနာက္ Luhanကျပန္ေျဖသည္။
"အရင္တုန္းက ကြ်န္ေတာ္က ShiYeonကိုမုန္းတယ္
ခုက်ေတာ့ ဘာမွေထြေထြထူးထူး သိပ္မရွိေတာ့သလို
ပဲ အဟက္……ဒီအတိုင္းပဲ ကြ်န္ေတာ္မေျပာတတ္ဘူး"
ျပံဳးလ်က္ပင္ ေပါ့ေပါ့ပါးပါးဆိုလာသည့္ Luhanကို
Sehunက အၾကည့္မလႊဲပဲရွိခ့ဲသည္။ ထို႔ေနာက္ ဆုပ္ကို္င္
ထားသည့္လက္ကို ပိုမိုျမဲျမံေအာင္ တင္းတင္းက်ပ္က်ပ္
ဆုပ္ကိုင္လိုက္ျပီး သူ႔ေပါင္ေပၚဆြဲတင္လိုက္ကာ
"ကိုယ္တို႔ ညေနစာဘာစားၾကမလဲ ခင္ဗ်ားဝယ္ေကြ်းမယ္
ဆိုလို႔ ကိုယ္လာတာေနာ္"
"ဦးေလးက ငတ္ၾကီးကိုက်တယ္ ကြ်န္ေတာ့္ထက္ေတာင္
ပိုခ်မ္းသာေသးတာကို"
"Steak ေလးကို Red Wineေလးနဲ႕ စားခ်င္
ေသာက္ခ်င္တယ္"
"စားခ်င္ေသာက္ခ်င္ေနလိုက္ အ့ဲမွာ"
လက္ကိုဆြဲထုတ္ယူျပီး ထိုင္ရာမွာ ထရန္ျပင္ေနသည့္
Luhanအား Sehunက ျပန္လည္ဆြဲထားလိုက္သည္။
နားမလည္သည့္မ်က္ႏွာကေလးျဖင့္ အူတူတူျပန္ၾကည့္
ေနသည့္ Luhanကို Sehunက ျပံဳးလ်က္ၾကည့္ပါ
သည္။
"အ့ဲဒါ ခင္ဗ်ားဘဝမွာ တျခားဘယ္သူမွမရွိေတာ့ပဲနဲ႕
ကိုယ့္တစ္ေယာက္တည္းပဲရွိေတာ့လို႕ ။ ေက်းဇူးတင္
ပါတယ္ ကိုယ့္ကို အခြင့္အေရးေတြ အမ်ားၾကီးေပးခ့ဲ
တ့ဲအတြက္……… "
လက္ကို ဖြဖြေလးသာဆုပ္ကိုင္ထားျခင္းျဖစ္ေသာ္လည္း
Luhan မရုန္းႏိုင္ျဖစ္ရသည္။
ေလသံေပ်ာ့ေပ်ာ့ ႏွင့္ အျပံဳးခ်ိဳခ်ိဳေအာက္မွာ ဘယ္ႏွၾကိမ္
ေျမာက္မွန္းမသိ Luhan ရွက္ရျပန္ျပီး ရပ္တန္႔မရ
ေတာ့ေသာ ႏွလုံးခုန္သံမ်ားၾကားတြင္ ဗ်ာမ်ားရျပန္သည္။
- ဆိုးလိုက္တာ
ဦးေလးၾကီး Sehunက သိပ္ဆိုးတာပဲဗ်ာ -
To Be ConTinued……
"ကျွန်တော်က အရင် လက်ထပ်ခွင့်တောင်းတာ ?"
"အင်း …… "
"ဟော……"
Sehunမှာ မြန်မြန်ဆန်ဆန်ပင်ခေါင်းငြိမ့်လျက် အဖြေပေးလိုက်ပါသော်လည်း Luhanသည် ယင်း တတိယအကြိမ်မြောက် မေးမြန်းမှုတွင်လည်း မယုံကြည် နိုင်သည့် လေသံဖြင့် ရှိနေပါသေးသည်။
အားလုံးပဲစဉ်းစားကြည့်ကြစမ်းပါဟု သူတွေးနေသည်။
အဘယ်ကြောင့် သူက အရင်လက်ထပ်ခွင့်တောင်းရပါသနည်း ? မဖြစ်သင့်ဘူး ဘယ်လိုနေနေ Sehunသာအရင်လက်ထပ်ခွင့်တောင်းသင့်သည်။
ရွှင်ပျပျ မျက်နှာဖြင့် အစဉ် နားထောင်နေရင်းမှနေ ရုတ်တရတ်ကြီး တည်တင်းသွားလေသည့် မျက်နှာလေးကိုSehun မှ နားမလည်နိုင်စွာငေးကြည့်ယူသည်။
သူတို့နှစ်ယောက်လုံး Luhan၏ ပန်းချီခန်းထဲတွင်ရှိနေခြင်းဖြစ်သည်။ ပန်းချီကားများအကြောင်း Sehunသိသွားသည့်နေ့ထဲကစပြီး Luhanသည်လည်း အခန်းကိုဖွင့်ထားလိုက်သည်။ Sehunသည်လည်း အလုပ်မယ်မယ်ရရမရှိလေတိုင်း ထိုအခန်းထဲသို့သာလာနေသည်။
အန်တီလီကိုတော့ဖြင့် Luhanက အခန်းထဲသို့ဝင်မခံပါ။ ဆယ်ကျော်သက်လေးက ပါးပါးလေးရှက်တတ်သေးသည်ဟုဆိုသည်။
Sehunမှ တယုတယ သန့်ရှင်းပေးနေသည့် ပန်းချီကားနားမှခွာထိုင်လိုက်ပြီး ပန်းချီဆရာလေးအနားသို့ကပ်လိုက်သည်။ မျက်နှာထားတည်တည်နှင့် Sehunကို ပီပီသသမျက်စောင်း ထိုးသွားပြီး တဖက်သို့ ချာကနဲနေအောင်လှည့်လိုက်သည့်Luhanကြောင့် စိတ်အကြီးကြီးကောက်သွားပြီမှန်း Sehun သိလိုက်ပါသည်။
ကလေးများသည် စိတ်ကောက်တတ်ကြသည်။ စိတ်ကောက်နေသည်ကိုလည်း မသိသိအောင်ပြောပြတတ်ကြသည်။ Luhanသည် ထိုသို့ကလေးလေးဖြစ်ပါသည်။
"Luhan … "
"……………"
သန့်ရှင်းရေးလုပ်ပြီးသည့်ပန်းချီကားကို အဝတ်စသန့်သန့်ဖြင့်ပြန်အုပ်နေသည့် Luhanသည် Sehun ခေါ်နေသည်ကိုမထူးပါ။ Sehun ချောင်းတချက်ဟန့်လိုက်ပြီး အနားကိုတိုးထိုင်လျက် Luhan ပခုံးကိုလက် ချောင်းများဖြင့်သာ သာတို့ထိလျက် သူ့ကိုလှည့်ကြည့်စေသည်။
"Luhan "
"ဘာလဲဗျာ ဘာလဲ ဘာလဲ "
"ဘာတွေစိတ်ကောက်သွားတာလဲ ?"
"ကောက်ရအောင် ကျွန်တော်ကသုံးနှစ်သားလား ?"
မျက်နှာကို Sehun ရှိရာဘက် ဆတ်ကနဲလှည့်လာပြီးရုပ်တည်ကြီးဖြင့် တချက် အပြုံးပါးပါးဖြင့်တချက် ထီမထင်ထပြောသည်။ အသည်း ယားဖွယ်အပြုအမူကြောင့် Sehun သဘောတကျ ရယ်မောမိသည့်အခါ Luhan ကမျက်မှောင်ကျုံ့လာပါသည်။
"ဦးလေးကြီး "
"ဗျာ့ …"
"တကယ်အမြင်ကတ်လာပြီနော် ကြည့်လို့ရမနေတော့ဘူး"
ခုံသုတ်ထားသည့် ကြက်မွှေးကိုကောက်ကိုင်ပြီး မျက်လုံးပြူးပြကာပြောလာသည့် Luhan ကြောင့် ဒီတခါမှာတော့Sehun အားပါးတရပင်ရယ်မောလိုက်ပါပြီးLuhan လက်ထဲမှ ကြက်မွှေးကိုဆွဲယူလိုက်လျက် Luhanကိုပြုံးကြည့်လာပြီးနောက် ဆိုသည်။
"ကိုယ်ကတော့ ကြည့်လို့ရတယ် ကြိုက်လဲကြိုက်တယ်"
"ဘာ ? ဘာပြောတယ်"
"ပန်းချီကားတွေကိုလေ ခင်ဗျားက ကိုယ့်ကိုချစ်လို့ဆွဲပေးထားတာလေ"
Luhan ပါးတွေဖြန်းကနဲပူနွေးလာပြီးနောက် မျက်နှာတစ်ခုလုံး ရဲတက်လာခဲ့သည်ထိ ဖြစ်သွားသည်။ ကယောင်ကယမ်းဖြင့် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်မိရာ ခြေယိုင်မိတော့မတတ်ပင်ဖြစ်သွားခဲ့ပါသည်။
Sehun ထိတ်သွားကာ Luhanလက်ကို လှမ်းဆွဲယူလျက် ထိန်းကိုင်ပေးမည်ပြင်သည်။ သို့သော် လည်း ခရမ်းချဉ်သီးလေးသည် Sehunလက်ကို ပယ်ထုတ်လိုက်ပြီးနောက် သိသိသာသာပင် မျက်စောင်းဝင့်သည်။
"ဦးလေးမရှက်တတ်ဘူးလား "
"ဘယ်လို ?"
"ဘယ်သူကချစ်နေလို့လဲ ? ဦးလေးကြီးကိုချစ်တာအသက်၂၀ကျော်Luhan အခုကျွန်တော်ဟုတ်မနေဘူး ကျွန်တော်ကချစ်မနေပါဘူးနော် မှတ်ထား"
မျက်စောင်းချီရုံသာမက လက်ညိုးတရွယ်ရွယ် တယမ်းယမ်းဖြင့် အခန်းထဲမှ မပြေးရုံတမယ်ထွက်သွားသည့်Luhanကို Sehunသည် မျက်စိတဆုံးလိုက်လံကြည့်ရှုပြီးကာမှ သဘောတကျပြုံးရယ်မိပြန်ပါသည်။
ထို့နောက် အခန်းထဲအပြည့်နီးပါးရှိသည့် သူ၏ ပုံတူပန်းချီများကို တချပ်ချင်းစီ အသေးစိတ်ပြန်လည်ငေးမောကြည့်လိုက်ရင်း နှစ်သက်စွာ အသာအယာပြုံးသည်။
အခွင့်ထပ်ကြုံလျှင် Luhan မျက်နှာကို စိုက်ကြည့်ပြီး
- ကိုယ် ခင်ဗျားကို သိပ်ချစ်တာပဲ - လို့ Sehun ထပ်မံပြောချင်မိပါသည်။
…^…
Sehun ပုံမှန်အလုပ်ပြန်ဆင်းရသည့်ရက် သတ္တပတ်သို့ရောက်သည့်အခါ Luhan၏ တနေ့တာအလုပ်များသည်လည်း ပုံမှန်အတိုင်းပြန်လည်ပတ်လာသည်။
အိမ်တွင်းအောင်းနေခြင်းများလျော့နည်းလာပြီး သင်တန်းကျောင်းနှင့်ပြခန်းသို့ ရက်စိပ်သွားဖြစ်သည်။ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပြပွဲများလက်ခံစီစဉ်ပေးဖို့ Luhan တယောက် Sehun နှင့်တိုင်ပင်ဖြစ်သည်။
အိမ်မှာပဲနားနားနေနေ နေစေ့ချင်ပါသော် လည်း Luhanက လုပ်ကြည့်ချင်ပါသည်ဟု ဆိုလာသဖြင့်Sehunမှာ ပြခန်းသို့အသွား အပြန်အား Driverဦးလေးဖြင့်မလွှတ်တော့ပဲ ကိုယ်တိုင်ကြိုပို့လုပ်ပေးသည်။
နေ့လည်စာကိုလည်း ကိုယ်တိုင်လာမပို့ရုံတမယ် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးပြီး Sehun ၏ အတွင်းရေးမှူးကောင်လေးသည် Luhan ပြခန်းကို နေ့လည်ထမင်းတခါ၊ အဆာပြေ ကော်ဖီ နှင့် မုန့်များ တခါ လာလာပို့ရလွန်း၍ ပြခန်းမှာပင် နေထိုင်တော့မည်ဟု ပြောနေချေသည်။
လတ်တလော ပွဲတစ်ခုအနေဖြင့် တက်သစ်စ ပန်းချီဆရာများ၏ ကားချပ်များကို ပြသဖို့ရာ Luhan တို့စီစဉ်ထားကြပြီး လအတန်ကြာ တိတ်ဆိတ်နေခဲ့သည့်ပြခန်းကြီးသည် ဝန်ထမ်းများအလျှိုလျှိုဖြင့်ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။
ဒီနေ့မှာတော့ ဝန်ထမ်းများနှင့်ပြခန်းကြီးကို ပစ်ထားပြီးLuhanက မေမေ၏ပန်းဆိုင်သို့ရောက်နေခဲ့သည်။
ရှေ့လျှောက်အလုပ်များလျှင် လာတွေ့ရန် ခဲယဉ်းတော့မည်တကြောင်းနှင့် Luhan အတည်ပြုစရာကိစ္စလေးလည်း ရှိနေပါ၍ ရောက်နေခဲ့ခြင်းဖြစ်သည်။
မနက်မိုးလင်းတည်းမှ ပန်းဆိုင်ရှိရာသို့ Sehun ကိုယ်တိုင်ကားမောင်းပို့ပေးပြီး Luhan မေမေနှင့်အတူမနက်စာအတူဝင်စားပြီးမှ အလုပ်သွားပါသည်။
ကားပေါ်တက်ခါနီး သွားဦးမယ်ဟု Sehun နှုတ် ဆက်သည်ကို အင်းမလုပ်အဲမလုပ် မျက်ပေတုံဖြင့်ကြည့်နေသည်ထဲက Luhan တို့ စိတ်ကောက်နေပြန်ပြီလားဆိုသည့် မျက်လုံးဖြင့် မေမေကကြည့်နေပြီဖြစ်သည်။
ယခု အော်ဒါဖြစ်သည့် နေကြာပန်းစည်းများကို ကူညီစည်းပေးနေရင်း မေမေချပေးထားသည့် နို့ကွတ်ကီးကိုစားလိုက်၊ Sehun ဝယ်ထားပေးသွားသည့် စပျစ်သီးခြောက်၊ အစေ့အဆန်များကို ကိုက်လိုက်နေရင်းမှ Luhan နှာခေါင်းရှုံ့ နှုတ်ခမ်းဆူမိသွားသည်။
"ကဲ ယောကျ်ားနဲ့ဘာဖြစ်လာတာလဲ ဒီမေမေကိုပြောတော့"
ရိပ်စားမိနှင့်ပြီးသား မေမေမှ Luhan ကိုင်ထားသည့်ပန်းစည်းများကိုလက်ပြောင်းယူလိုက်ပြီး လေသံချိုချိုဖြင့်မေးမြန်းသည်။ သို့ပါသော် လည်း အကဲဆတ်နေသည့် ကောင်လေးက မေမေမှသူ့ကိုစနောက်မည့်လေသံဖြင့်ဆိုနေပါပြီဟု တွေးလိုက်ကာ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ရင်း
"မေမေကလဲဗျာ ယောက်ျား ယောကျ်ားနဲ့မပြောပါနဲ့"
"ဟေ … မင်းယောကျ်ားမဟုတ်လို့ သူများယောကျ်ားလား "
"သား……သားလဲ ရှက်သေးတာပေါ့"
မေမေဆွဲလုသွားသည့် နေကြာပန်းစည်းကို ဆတ်ကနဲပြန်ဆွဲလို့လုယူသွားပြီး Luhan ခေါင်းငုံ့လို့ဆိုလာသည်။
သူမေမေ့ဆီလာထဲက မေးချင်သည့်ကိစ္စဆိုသည်မှာသူတို့လက်ထပ်ဖြစ်ကြသည့်အကြောင်းဖြစ်ပြီး အခုထက်ထိစကားစရှာမရသေးပဲ မေမေပြောလိုက်သည့် နာမ်စားတစ်ခုကြောင့်ပင် ရှက်နေရပြန်ပြီ။
နေကြာပန်းတစည်းကိုအထပ်ထပ်ထုတ်နေရင်းနဲ့ ပါကင်စက္ကူတွေသာကုန်လာသည်။ Luhan ထုတ်ပိုးနေလို့မပြီးသေး။ မေမေဖြစ်သူမှာတော့ သားငယ်ကို ချစ်စနိုးကြည့် လို့ တဖြည်းဖြည်းပြုံးလာခဲ့ပြီး
"လက်ထပ်တုန်းကတော့မရှက်ဘူးနော်"
"မေမေ……"
"……စတာပါကွယ် စတာပါ မေမေ့သားငယ်လေးကလဲစိတ်ကြီးသကိုး"
နဖူးပြင်သေးသေးကိုဖွဖွလေးပုတ်ပြီး မြတ်နိုးစွာဆိုသည့်နောက် Luhan တခဏငြိမ်ခံနေလိုက်သည်။ နောက်မိနစ်အနည်းငယ်အကြာ သူ ထုတ်ပိုးပြီးသွားသည့် နေကြာပန်းစည်းကို မေမေမှယူသွားပြီး တခြားစားပွဲပေါ်တွင် သွားတင်သည့်အခိုက် Luhanသည် ထိုင်နေရာမှထလာပြီး မေမေ့အနားကပ်လို့
"သားတို့လက်ထပ်ကြတုန်းက မေမေဘယ်လိုခံစားရလဲဟင် ?"
အထူးအဆန်း မေမေ့ကိုဆို အတိတ်အကြောင်းတွေမေးလေ့မရှိသည့် Luhan စကားကြောင့် မေမေမှာ တခဏမျှ ငြိမ်သက်သွားသေးသည်။ ထို့နောက်တွင်မှLuhan ဘက် ပြန်လှည့်လာပြီး Luhanလက်ကိုဆွဲကိုင်လို့ မူလထိုင်ခဲ့သည့်ခုံ၌ ပြန်ဝင်ထိုင်စေသည်။
"သားငယ်ရော ဘယ်လိုထင်လဲ ? မေမေ ဘယ်လိုခံစားရမလဲလို့ "
ဒီတခေါက်ငြိမ်ကျသွားရသူမှာ Luhan ဖြစ်ပြီး အချိန်အတော်ကြာပါမှ ခေါင်းကိုဖြည်းညှင်းစွာခါယမ်းလိုက်သည်။ မသိပါဘူးဟု အဓိပ္ပာယ်ရသည့်အပြုအမူကြောင့်မေမေမှပြုံးသည်။
"သားငယ်ကတဦးတည်းသောသား မေမေ့ဘေးနားမှာတယောက်တည်းကျန်ခဲ့တဲ့တဦးတည်းသောသူ။ ဒီအမေတွေးထားခဲ့တာက ငါ့သားက တနေ့ကျ သိပ်လှပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက်ကို ခေါ်လာမယ် လို့လေ နောက် သိပ်ချစ်ဖို့ကောင်းတဲ့ မြေးလေးတယောက် ပေးမယ်လို့ အဲ့လို မေမေကအမြဲတွက်ခဲ့တာ
တနေ့ကျ ငါ့သားငယ်က အိမ်ကို ခေါ်လာပါတယ် သားချစ်သူဆိုပြီး ခေါ်လာတာ သမီးလေးမဟုတ်ပဲ နောက်သားတစ်ယောက်ဖြစ်နေတာလေးပဲ"
အရွှန်းဖောက်ဆိုသည့်စကားကြောင့် Luhan ရယ်လိုက်မိသေးသည်။ အတိတ်အကြောင်းကို မှတ်မိရန် စိတ်အားမထက်သန်ပါဟု Jun Myeon ကို တွင်တွင်ပြောခဲ့သည့် Luhanက သူ၏ အတိတ်ကို ပုံပြင်တစ်ပုဒ်လို နားထောင် ရသည်ကိုဖြင့်နှစ်သက်စပြုနေခဲ့ပြီ။ အထူးသဖြင့် Sehun နှင့်ပတ်သက်သည့် သူ့အတိတ်၊ Sehun ၏အချစ်တွေနဲ့ သူ့အတိတ်ကို ပြန်နားထောင်နေရသည်ကိုနှစ်ခြိုက်သည်။
စိတ်အားထက်သန်နေသည့် မျက်နှာအမူအရာနှင့်ပြုံးတုံ့တုံ့နှုတ်ခမ်းတွေ၊ တဖျတ်ဖျတ်လက်နေသည့် မျက်လုံးလေးများကို သတိထားမိဟန်ရှိသည့် မေမေကထို အကြောင်းများကိုဆက်ပြောပြလာသည်။
"မေမေ ဘယ်သဘောတူလိမ့်မလဲ သားSehunကိုသားငယ်ရဲ့ဂျူနီယာလေးလို့ပဲ မေမေကသိထားတာလေ စိတ်တွေဆိုးတာပေါ့ မင်းက ချစ်သူတင်မဟုတ်ပဲပါရီမသွားခင် လက်ပါထပ်မှာလို့ပြောတော့ မေမေ မင်းကို အခန်းထဲသော့ပိတ်ပစ်လိုက်တာပဲ"
"ဗျာ ?? ဖြစ်ရမယ်"
လက်ဟန်ခြေဟန်ဖြင့် အားရပါးရပြောသည့် မေမေ့စကားမှာ Luhan ရယ်မိသွားသည်။ မေမေက ထိုအချင်းအရာကို ပြုံးကြည့်လာပြီးနောက်မှ
"သားငယ်ကလဲ အခန်းထဲမှာ အစာငတ်ခံဆန္ဒပြတယ်ဆိုလား လုပ် သားSehunကလဲ နေ့တိုင်း အိမ်ရှေ့မှာအမြဲရှိနေ ။ ဘယ်ပြောကောင်းမလဲ ညရှစ်နာရီဆိုလာနေကျ စီးရီးဇာတ်လမ်းတွေလိုပဲပေါ့"
ထိုစကားမှာ Luhan ရယ်မိချေတော့သည်။ သူတို့ရုပ်ရှင်တကား ကောင်းကောင်းရိုက်ခဲ့တာပါပဲဟု အတွေးဝင်သွားသည့်နောက် ရယ်ချင်စိတ် သည် ထိန်းမရခဲ့တော့။အစပထမ၌ မေမေဖြစ်သူသည်လည်း Luhan နှင့်အတူလိုက်လံရယ်မောပေးနေရင်း မောသွားသည့်အခါကျလေမှLuhan ၏ ရယ်မောနေသည့် မျက်နှာကလေးကိုပြုံးကာငေးကြည့်လိုက်လျက်
"မေမေ သွေးရူးသွေးတန်းနဲ့ သားငယ်ကို အခန်းတံခါးပိတ်ထားလဲ သားငယ်ကသူနဲ့အဆက် အသွယ်မလုပ်ပဲနေနိုင်တယ်။ အစားမစားတာကလွဲလို့ ကျန်တာမေမေ့သဘောအတိုင်းနေတယ်။ ငါးရက်လောက်ကြာတော့မေမေ ဆန်ပြုတ်လာပို့တော့ မင်း မေမေ့ကိုဘာပြောလဲသိလား ?"
နဖူးသို့ဝေ့ကျနေသည့် ဆံပင်များကို သပ်တင်ပေးပြီးမေမေညင်သာစွာပြောနေသည်ကို Luhan ငြိမ်သက်လျက်နားထောင်နေခဲ့မိသည်။
မေမေမှာ လေသံဖျော့ဖျော့ကလေးဖြင့်
"သားတဘဝလုံး မေမေ့စကားကို နားထောင်ခဲ့ပါတယ်ဒီတခေါက်ပဲ သားဆန္ဒကိုမေမေ လိုက်လျောပေးလို့မရဘူးလားတဲ့"
"……………"
"Sehunက သားဘဝမှာ မရှိမဖြစ်လိုအပ်တဲ့သူပါတဲ့ မေမေ ဖေဖေ့ကိုလိုအပ်ခဲ့သလိုမျိုးတဲ့ လေ"
ပေါင်ပေါ်တင်ထားသည့် Luhan လက်သီးများကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသည်။
ပူတက်လာသည့်မျက်နှာအပူချိန်ကြောင့် ပါးတွေ နားရွက်တွေ ရဲတွတ်နေဦးမလား မသိပေမဲ့ မေမေကတော့ Luhanကို ချစ်စနိုးကြည့်နေတုန်းပင်။
" သား Sehun ကလဲပြောတယ် ကျွန်တော် Luhanကိုတသက်လုံးပျော်အောင်ထားနိုင်ဖို့ ယုံကြည်ချက်မရှိပေမဲ့ ဘယ်တော့မှစိတ်မညစ်စေရပါဘူးတဲ့ ကျွန်တော် သူ့ကိုတကယ့်ကို မြတ်နိုးတာပါတဲ့"
စကားများဆုံးသည့်နောက် မေမေက ရယ်လာသည်။Luhanဆံပင်တွေကို သပ်တင်ပေးနေသည့် လက်များကို နောက်ရုတ်လိုက်ပြီး
"ရယ်ရမလားမသိပေမဲ့ တကယ်ခါးခါးသီးသီးဖြစ်ခဲ့တဲ့မေမေက သားတို့စကားကိုယုံပေးချင်လာတယ် သားတို့က အချင်းချင်းမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့ အတွေးမျိုး မေမေ့ကိုတွေးစေတယ် တကယ်ကိုချစ်ကြတဲ့သူတွေဆိုတာကို မေမေလက်ခံလိုက်တယ်"
Luhan ငြိမ်သက်စွာနားထောင်နေရင်းမှ ပူနွေးနေသည့် သူ၏လည်တိုင်ကို အသာအုပ်ကိုင်လိုက်မိသည်။
ထို့နောက် ခေါင်းကိုငုံ့ထားမိရာမှ အတန်ကြာ မေမေ့ကိုပြန်မော့ကြည့်လာပြီး
"ကျေးဇူးတင်ပါတယ် အဲ့တုန်းက ပြောခဲ့သေးလားမသိပေမဲ့ လက်ခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ် မေမေ"
"အလိမ်မာလေး လာပါဦး မေမေဖက်ပါရစေဦး"
မဆိုင်းမတွပင် သူ့ကိုယ်နှင့်မဆန့်ချင်သည့် မေမေ့ရင်ခွင်ထဲတိုးဝင်လိုက်သည့်အခါ လက်နှစ်ဖက်အပြည့်ဖြင့် မေမေသည် ထွေးပွေ့ပေးထားရှာသည်။ Luhan၏ ကျောပြင်ငယ် ကိုတယု တယပွတ်သပ်လို့ နွေးထွေးသည့်ထွေးပွေ့မှုကိုပေးသည်။
"ကျေးဇူးတင်စရာမလိုပါဘူး မေမေ့ ဘဝမှာ အကောင်းဆုံးလုပ်ခဲ့တာက သားနဲ့Sehunကို လက်ခံပေးခဲ့တာပဲ"
"…………………"
"ငါ့သားငယ်ကိုယ်တိုင် မေမေ့ရှေ့ကို လက်ဆွဲခေါ်ခဲ့တဲ့သူလေ အဟင်း……တယောက်တည်းထားခဲ့ရမှာစိတ်မချလို့ ကိုယ်တိုင်တောင်အရင်လက်ထပ်ခွင့်တောင်းခဲ့တာမလား"
"မေ !!"
အီလေးစွဲလျက် ရှက်ဝဲဝဲအော်ဟစ်ပြီး ဖက်ထားရာမှခွာသည့်နောက် မေမေ၏ရယ်သံများသည် ပန်းဆိုင်လေးထဲလွင့်သွားခဲ့သည်။
အရှက်သည်းနေသည့် Luhanကို တခွန်းပြီးတခွန်းစနောက်နေသည့် မေမေကြောင့်လည်း ရှက်ဝဲဝဲအော်သံများပျံ့နေခဲ့သေးသည်။
ဤအချင်းအရာကို အချိန်တော်တော်ကြာ ငေးမောကြည့်နေသည့် Sehunက ထိုအခိုက်အတန့်လေးကိုမဖျက်ဆီးရက်ပဲရှိသည်။
ဆိုင်ပေါက်ဝကို Luhanကျောပေးထိုင်ထား၍ သာဝင်ပေါက်မှာ ရောက်နှင့်နေပြီဖြစ်သည့် Sehunကို သူမမြင်တာပင်။
စနောက်သံတွေကြား အရှက်သည်းစွာ မျက်နှာမဖော်တော့ပေမဲ့ တသိမ့်သိမ့်တုန်နေသည့် ကျောပြင်ငယ်ကိုSehun အပြေးလေးထွေးပွေ့ချင်လှပါသည်။
-ချစ်လိုက်တာ ခင်ဗျားရယ်
ကိုယ် ခင်ဗျားကို ချစ်လိုက်တာလေ -
……………………………
ဘယ်ဘာသာကိုမှ ကိုးစားခြင်းမရှိပေမဲ့ ခင်ဗျားလက်ကိုမလွှတ်ပါရစေနဲ့လို့ ကိုယ် ကြိမ်ဖန်ရေများစွာ ဆုတောင်း
မိတယ်။
သနားကြင်နာတတ်သူက ကိုယ့် ဆုတောင်းကို ဖြည့်ပေးပါ။
ဆုတောင်းရယ်ပြည့်ဝအောင် သစ္စာပြု တိုင်တည်ရရင် နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး သက်ဝင်ရသူက ခင်ဗျားတစ်ယောက်တည်းကိုပဲ ဖြစ်ပါတယ်။
° The years I have loved him °
……………………………
အလုပ်ရှုပ်နေမြဲဖြစ်သည့် ကြာသပတေးနေ့တရက် တွင်Luhan က ပြခန်း၌ တနေကုန်သောင်တင်နေရပြန်သည်။
ပြခန်းမှူး ရာထူးရယ်သို့ သတ်သတ်မှတ်မှတ်မရှိလေသည့်အတွက် ပန်းချီကားအနာတရစစ်ဆေးတာကအစ Luhanကိုယ်တိုင် လုပ်ရပါပြီး တဖက် ပြခန်းမှ ပို့ပေးလာသည့် ပန်းချီကားတွင် ဘောင်ပွန်းပဲ့မှုများရှိနေသဖြင့် အဆိုပါပြခန်းမှ ပြခန်းမှူးနှင့် စကားအခြေအတင်ပြောရသေးသည်။
မိမိဘက်မှ ပြခန်းတာဝန်ခံများ နှင့် လက်ထောက် များပင်ပြောမနိုင်အောင်လက်ပေါက်ကတ်လျက် တာဝန်ခံမှုမရှိသည့် ထိုပြခန်းမှူးကို Luhan အပြင်မှာတွေ့လျှင်ဆွဲထိုးချင်လှသည်။
"ဂရုစိုက်သွားကြဦး ဆရာလီနဲ့ဆွေးနွေးပြီးရင် အလုပ်ဆင်းလိုက်ကြတော့"
"ဆရာရော မပြန်သေးဘူးလား"
ဝန်ထမ်းငယ်လေးများမေးသည့်စကားကို Luhanဖြေဖို့ရန်အတွက် လက်ပတ်နာရီကို ပင့်ကြည့်လိုက်သည်။
ချိန်းဆိုမှုတစ်ခုကြောင့် Luhan မပြန်သေးဘူးဆိုကာခေါင်းခါပြလိုက်ပြီး ထိုဝန်ထမ်းငယ်များ ပြခန်းရှိရာဝန်းမှအလျှိုလျှိုထွက်သွားကြသည်ကို မျက်စိတဆုံး လိုက်ကြည့်ပြီးကာမှ ပြခန်းတွင်းသို့ဝင်ရန် တံခါးပြန်စေ့လိုက်သည်။
တံခါးပြန်ပိတ်အပြီး လှည့်အထွက်တွင် ဝင်ပေါက်နားမှာနေရာချထားသည့် ပန်းချီချပ်များကို Luhan တဖန်စစ်ဆေးနေလိုက်ပါသည်။
ထိုအခိုက်မှာပင် တံခါးတွန်းဖွင့်သံပေါ်လာပြီး Luhanရင်းနှီးနေသည့် နာမည်ခေါ်သံသည် နောက်နားမှနေထွက်ပေါ်လာခဲ့သည်။
"Luhan …… "
"………… ShiYeon "
ခပ်နွမ်းနွမ်းအပြုံးတပွင့်ဆင်လျက် Lee Shi YeonကLuhan မျက်စိရှေ့မှာရပ်နေပါသည်။
အတိတ်မှအကြောင်းစုံကိုသိပြီးသည့်တိုင် Lee ShiYeonအပေါ် မုန်းတီးလိုစိတ်မရှိတော့သည်ကို Luhanခံစားမိသည်။
အမှန်က ချစ်ခြင်းရော မုန်းခြင်းရောမရှိ ခံစားချက်ရယ်ကိုမရှိတော့တာဖြစ်သည်။
ဗလာသပ်သပ်အပြုံးဖြင့် Luhan ထိုမိန်းကလေးကိုနှုတ်ဆက်လိုက်နိုင်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် Luhan ချိန်းဆိုထားသည့်သူသည် ShiYeon နောက်မှနေ တံခါးဖွင့်၍ အခန်းထဲဝင်လာပါသည်။
ထိုသူ့ကိုတော့ဖြင့် Luhan နှစ်ခြိုက်စွာပြုံးပြလိုက်မိသည်။
ဝင်လာသည့် Sehun က Luhan ကိုတလှည့်
မတ်မတ်ရပ်နေသည့် ShiYeonကို တလှည့်ကြည့်ပြီးLuhan အား ပြန်လည်ပြုံးပြလာခဲ့ပါသည်။
တချိန်တည်းမှာ ချိန်းဆိုထားသည့်သူနှင့် မချိန်းဆိုပဲရောက်လာသူကို အလုပ်ခန်းရှိ စားပွဲတဝိုင်းတည်း၌ အတူတူ Luhan နေရာချထားလိုက်သည်။
နေရာချထားသူက Luhan ဖြစ်ပါသော်လည်း ဧည့်ခံသူကSehunပင်ဖြစ်ကာ
"ညစာသွားစားတော့မှာဆိုတော့ ကိုယ် ကော်ဖီပဲလုပ်လာလိုက်တယ်"
"ဘာလဲ ?"
"Latte နို့များများနဲ့ "
"Ok ကျေးဇူး"
"အစ်မရော ဘာသောက်မလဲဗျ "
"တော်ပါပြီ အစ်မခဏပါပဲ ပြီးရင်ပြန်မှာ"
Sehun မှ ခေါင်းငြိမ့်လျက် Luhanနှင့်သူ့အ တွက် သောက်စရာပြင်လိုက်ပြီး စားပွဲနာလျှောက်လာကာLuhanဘေးနားမှာဝင်ထိုင်သည်။
မိနစ်မဆိုင်းပင် မျက်စိရှေ့ရောက်လာသည့် သူတို့နှစ်ဦးနာမည်ယှဉ်တွဲတပ်ထားသော မင်္ဂလာဖိတ်စာကို မြင်သည့်အခါ Sehun နှင့် Luhan တို့ ShiYeonကို မော့ကြည့် မိကြသည်။
"လာမဲ့ Sunday ဘုရားကျောင်းမှာပဲ ။ အင်း ငါ Yi Xingကိုလဲဖိတ်ထားပေမဲ့ Luhan နင်ကပဲ ကူပြောပေးပါဦး"
"ဟိုတခါ နင့်ကိုငိုအောင်လုပ်တဲ့ကောင်နဲ့ပဲလား ?"
Luhanလေသံထဲတွင် သူငယ်ချင်းဆိုတာထက် အစ်ကိုတယောက်၏စိုးရိမ်မှုလေသံအပြည့်ပါနေသည်။ ဖိတ်စာကို အလျင်စလိုဆွဲယူပြီး သတို့သားနေရာကို မကြည့်မိခင်မှာပင် ShiYeon က မပီမသရယ်ပြုံးလာလျက် ခေါင်းငြိမ့်သည်။
မကျေနပ်စွာ သက်ပြင်းချသည့်နောက် Sehunက Luhanမျက်နှာကို စောင်းငဲ့ကြည့်ရှုသည်။
"Sehun ပါ ရှိနေတာ တကယ်ကောင်းတယ်
ကြာပြီဆိုပေမဲ့ အစမဖော်သင့်တော့တာသိပေမဲ့
ငါ လုပ်ခဲ့တာတွေအတွက် နင်တို့ နှစ်ယောက်လုံးကိုငါတောင်းပန်ပါတယ်"
ပေါင်ထက်တင်ထားသည့်လက်သီတင်းကျပ် သွားသည်ကို Sehun မြင်လိုက်ပြီး ထိုလက်သီး ဆုပ်ကလေးကိုဖမ်းဆုပ်ကိုင်ထားလိုက်သည်။
Luhanသည် စိတ်လှုပ်ရှားနေခဲ့သည်။ Sehunကတင်းတင်းဆုပ်ထားသည့်လက်သီးကလေးကို ခပ်ဖွဖွအုပ်ကိုင်ရင်းတဖြည်း ဖြည်းဖြည်ချလိုက်ကာ လက်ချောင်းချင်းယှက်သွယ်ဆုပ်ကိုင်ထားလိုက်သည်။
"ငါ……
ငါ နင့်ကိုခွင့်လွှတ်ပြီးသားပါ အင်း ငါနင့်ကိုခွင့်လွှတ်နိုင်ပါတယ်"
တင်းတင်းဆုပ်ထားသည့် Sehun လက်ကိုပြန်လည်ဆုပ်ကိုင်လာရင်းမှ ထိုစကားကိုပြော သည်။ ထို့နောက် Sehunကို မော့ကြည့်လာလေသည့်နောက် Sehunပြန်လည် ပြုံးပြလိုက်ပြီး ShiYeonကိုပြန်ကြည့်ကာ
"ကျွန်တော်က ခွင့်လွှတ်တယ် မခွင့်လွှွှတ်ဘူး ပြောရတဲ့အထိ စိတ်ထဲမှာမရှိပါဘူး သူအဆင်ပြေနေရင် ကျွန်တော်လဲ အဆင်ပြေပါတယ်"
Sehun လေသံအေးအေးဖြင့်ပြောလာသည့်စကားကိုShiYeonက ခေါင်းတညိမ့်ညိမ့်ဖြင့်ရှိသည်။
မင်္ဂလာဖိတ်စာကိုပေးထားခဲ့ပြီး မိနစ်ပိုင်းအတွင်း သူမထပြန်သွားသည့်နောက် Sehun နှင့် Luhan သာစားပွဲတွင်ကျန်ခဲ့ပြန်သည်။
ကော်ဖီတွေလည်း အနွေးဓာတ်ကုန်လို့ အေးစက်သည့်အဆင့်ထိရောက်နေခဲ့သည်။
"ထူးဆန်းတယ်"
"ဘာကိုလဲ ?"
Sehun ဆုပ်ကိုင်ထားဆဲဖြစ်သည့် လက်တစ်စုံကိုငုံ့ကြည့်ပြီးနောက် Luhanကပြန်ဖြေသည်။
"အရင်တုန်းက ကျွန်တော်က ShiYeonကိုမုန်းတယ်ခုကျတော့ ဘာမှထွေထွေထူးထူး သိပ်မရှိတော့သလိုပဲ အဟက်……ဒီအတိုင်းပဲ ကျွန်တော်မပြောတတ်ဘူး"
ပြုံးလျက်ပင် ပေါ့ပေါ့ပါးပါးဆိုလာသည့် Luhan ကိုSehunက အကြည့်မလွှဲပဲရှိခဲ့သည်။ ထို့နောက် ဆုပ်ကိုင်ထားသည့်လက်ကို ပိုမိုမြဲမြံအောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး သူ့ပေါင်ပေါ်ဆွဲတင်လိုက်ကာ
"ကိုယ်တို့ ညနေစာဘာစားကြမလဲ ခင်ဗျားဝယ်ကျွေးမယ် ဆိုလို့ ကိုယ်လာတာနော်"
"ဦးလေးက ငတ်ကြီးကိုကျတယ် ကျွန်တော့်ထက်တောင်ပိုချမ်းသာသေးတာကို"
"Steak လေးကို Red Wineလေးနဲ့ စားချင်
သောက်ချင်တယ်"
"စားချင်သောက်ချင်နေလိုက် အဲ့မှာ"
လက်ကိုဆွဲထုတ်ယူပြီး ထိုင်ရာမှာ ထရန်ပြင်နေသည့်Luhanအား Sehunက ပြန်လည်ဆွဲထားလိုက်သည်။
နားမလည်သည့်မျက်နှာကလေးဖြင့် အူတူတူပြန်ကြည့်နေသည့် Luhanကို Sehunက ပြုံးလျက်ကြည့်ပါသည်။
"အဲ့ဒါ ခင်ဗျားဘဝမှာ တခြားဘယ်သူမှမရှိတော့ပဲနဲ့ကိုယ့်တစ်ယောက်တည်းပဲရှိတော့လို့ ။ ကျေးဇူးတင်ပါတယ် ကိုယ့်ကို အခွင့်အရေးတွေ အများကြီးပေးခဲ့တဲ့အတွက်……… "
လက်ကို ဖွဖွလေးသာဆုပ်ကိုင်ထားခြင်းဖြစ်သော်လည်းLuhan မရုန်းနိုင်ဖြစ်ရသည်။
လေသံပျော့ပျော့ နှင့် အပြုံးချိုချိုအောက်မှာ ဘယ်နှကြိမ်မြောက်မှန်းမသိ Luhan ရှက်ရပြန်ပြီး ရပ်တန့်မရတော့သော နှလုံးခုန်သံများကြားတွင် ဗျာများရပြန်သည်။
- ဆိုးလိုက်တာ
ဦးလေးကြီး Sehunက သိပ်ဆိုးတာပဲဗျာ -
To Be ConTinued……