The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Forty-six

7.7K 1.2K 193
By HanXun

"ကေလးကလား အကြက္ေတြပဲလုပ္ေနရတာ မပင္ပန္း
ၾကဘူးလား "

သူေဌးရုံးခန္းထဲ၌ လွည့္ပတ္သြားလာျပီးသည့္ေနာက္မွ
ေျခေညာင္းသြားဟန္ျဖင့္ ဆိုဖာေပၚဝင္ထိုင္လိုက္ျပီး Sehunက သူေဌးျဖစ္သူ သူ႔ဦးေလးကို ျပံဳးၾကည့္လို႔ဆို
သည္။

ဦးေလးတင္မက ေဒၚေလးႏွင့္ သူတို႔သားႏွစ္ေယာက္ပါ ရွိ
ေနၾကသည့္အတြက္ ေတာ္ေတာ္လူစုံတက္စုံရွိသည္ဟု
ေျပာ၍ရပါသည္။

ဦးေလးကိုေျပာစရာရွိသည္ဟု စာပို႔ထားကာ Sehun
တစ္ေယာက္တည္းေရာက္လာရုံႏွင့္ သူတို႔တမိသားစုလုံး
ရုံးခန္း၌ စုေဝးလာၾကတာ အဘယ္ေၾကာင့္နည္းဟုေတာ့
Sehun ေတြးေတာမေနတတ္။

"သား မင္းဦးေလးကို ေျပာတ့ဲေလသံကလဲကြယ္"

".........University က ပန္းခ်ီအထူးျပဳနဲ႕ဘြဲ႕ရထားျပီး
လက္ရွိ နာမည္ၾကီးျပခန္းတစ္ခုနဲ႕စာခ်ဳပ္ခ်ဳပ္ထားတ့ဲ
တက္သစ္စပန္းခ်ီပညာရွင္ Luhan ။ အ့ဲဒါ ကြ်န္ေတာ့္
ခ်စ္သူ။ ဦးေလးတို႔ ေထာင္ထားတ့ဲပညာေရးေဖာင္ေဒး
ရွင္းက ပညာေတာ္သင္ဆုကမ္းလွမ္းတယ္လို႔အမည္ခံ
ထားျပီး နယ္ႏွင္ဒဏ္ေပးဖို႔လုပ္ေနတဲ႕သူေလ"

Sehun ျပံဳးလ်က္ေျပာေနသည့္ စကားေတြအဆုံးမွာ
ရုံးခန္းထဲသို႔ မိသားစုေရွ႕ေနမင္ ဝင္လာခ့ဲသည္။
ျပံဳးျပံဳးရႊင္ရႊင္ပင္ တမိသားစုလုံးကို ႏႈတ္ဆက္လိုက္ေပမ့ဲ
ေယာင္လို႔ေတာင္ျပန္မျပံဳးခ့ဲၾက။ ေရွ႕ေနမင္ ေရာက္လာ
လွ်င္ မည္သို႔ကိစၥျဖစ္လာမည္ကို သူတို႔သိၾကသည္။

"သူေ႒းသက္တမ္းကုန္မွ ေအးေအးေဆးေဆးေနရာဖယ္
ေပးခ်င္တယ္ဆိုရင္ ကြ်န္ေတာ္နဲ႕သူ႔ကို မထိပါနဲ႕လား ?
မဟုတ္ရင္ မနက္ျဖန္ပဲျဖစ္ျဖစ္ ဦးေလး companyကေန
ထြက္သြား႐ႏိုင္တယ္"

"Oh Se Hun "

ေျပာခ်င္သည့္စကားမ်ားေျပာအျပီး Sehun ထထြက္သြား
ဖို႔အလုပ္မွာ Sehunအထိမခံႏိုင္ဟုယူဆရသည့္ Luhan
ႏွင့္ပတ္သက္ေသာစကားမ်ားကိုေသြးရူးေသြးတန္းေျပာ
ၾကျပန္သည္။ ေယာက်္ားေလးတေယာက္ႏွင့္တြဲေနသည့္
လူတစ္ေယာက္ကို လူ႔ပတ္ဝန္းက်င္ကလက္ခံမည္ထင္ လား ? ရွယ္ယာရွင္အစည္းအေဝးလုပ္ရင္ရွယ္ယာရွင္ေတြ
က ေခါင္းျငိမ့္သေဘာတူပါမည္ထင္သလားႏွင့္ ေရွ႕ေနမင္
ခ်ျပလိုက္သည့္ Sehun ပိုင္ဆိုင္ထားသည့္ ရွယ္ယာ
ရာခိုင္ႏႈန္းမ်ားကိုထုတ္ျပမွပင္ ထိုသူတို႔ပါးစပ္ပိတ္ေတာ့
သည္။

အေလာင္းကစားေၾကာင့္ ၊ တျခားေသာလူမူေရးအရႈပ္
အရွင္းမ်ားေၾကာင့္ သူတို႔ထုတ္ေရာင္းေနသည့္ရွယ္ယာမ်ားကို Sehun ဝယ္စုေဆာင္းခ့ဲတာ ၾကာလွေရာေပါ့။

သူေ႒းရုံးခန္းထဲမွ Sehun ျပန္ထြက္လာခ့ဲသည့္ေနာက္
မ်က္ႏွာရင္းႏွီးေနျပီျဖစ္သည့္ ဝန္ထမ္းမ်ားကတရိုတေသ
ႏႈတ္ဆက္ၾကသည္။ ကားမေမာင္းလာပဲ အငွားကားျဖင့္
သာလာခ့ဲျခင္းျဖစ္သည့္အတြက္ Sehun company
အေရွ႕ေပါက္မွေနထြက္ခ့ဲပါသည္။

Sehun အျပင္ဘက္သို႔ေရာက္ေရာက္ခ်င္းမွာပင္ ေျခလွမ္း
ေတြတန္႔သြားသည္။ မ်က္ႏွာခ်င္းဆိုင္မွ ေလွ်ာက္လာ
သည့္ Luhanသည္ Sehunကို လက္ထဲကိုင္ထားသည့္
ဖိုင္ျဖင့္ ေဝွ႕ယမ္းျပသည္။ အလႈပ္အရွားတခ်က္မရွိပဲ ရပ္
ေနသည့္ Sehun ေရွ႕ကို Luhan မွျပံဳးလ်က္ေရာက္လာ
ခ့ဲပါသည္။

"ဆိုေတာ့ ငါ့ကိုပညာေတာ္သင္ဆုကမ္းလွမ္းတ့ဲ ေဖာင္ေဒး
ရွင္းကမင္းတို႔companyကေပါ့"

"...............Luhan ကိုယ္ရွင္းျပမယ္ ခင္ဗ်ားထင္သလို
မဟုတ္ဘူး"

"ဘာေတြစြတ္ျပီးရွင္းျပခ်င္တာလဲ ? မင္းလဲအျပင္ေရာက္
လာျပီဆိုေတာ့ ငါဝင္ေတြ႕စရာမလိုေတာ့ဘူးထင္တယ္
လာ......အိမ္ျပန္ၾကမယ္"

Luhan မွ အရင္ဦးစြာလွည့္ထြက္သြားခ့ဲေပမ့ဲ Sehun
မတ္မတ္ရပ္လို႔က်န္ရစ္ေနခ့ဲေသးသည္။ Luhanမွ ဒုတိယ
အၾကိမ္ေျမာက္ ေနာက္လွည့္ၾကည့္လာျပီး လာေလဟု
ေျပာေတာ့မွပင္ Sehun တစ္ေယာက္ Luhanေနာက္က
ေနလိုက္လာခ့ဲပါေတာ့သည္။

တလမ္းလုံးစကားရယ္ မယ္မယ္ရရ မေျပာျဖစ္ၾကပဲ
ဘတ္စ္ေပၚမွာ ျငိမ္ျငိမ္သက္သက္လိုက္ပါလာၾကရင္း
မွတ္တိုင္တစ္ခုေရာက္သည့္အခါ Luhanမွအရင္ ဆင္းခ်
သြားသည္။

အိမ္ရွိရာမွတ္တိုင္ႏွင့္တမွတ္တိုင္လိုေသးပါေသာ္လည္း
Sehun လိုက္ဆင္းခ်လာပါသည္။

Luhanက ဗိုက္ဆာလို႔ဟု Sehunကိုလွည့္ေျပာျပီး
24hrs Mart တစ္ခုတည္းသို႔ဝင္သြားခ့ဲသည္။

ဝက္သားျပားေၾကာ္ပါသည့္ထမင္းဘူးတစ္ဘူး၊ ေခါက္ဆြဲ
တစ္ဘူး ႏွင့္ ၾကက္ဥေပါင္မုန္႔ညွပ္ကိုဝယ္ျပီး ေကာ္ဖီဝယ္
ဖို႔ျပင္ျပီးမွ Luhanက ေခ်ာကလက္ႏြားႏို႔၂ဘူးသာယူ
လိုက္သည္။

ေငြရွင္းျပီးစားစရာမ်ားကို ဆိုင္၏ ေထာင့္မွာရွိသည့္ စားပြဲ
ဝိုင္းဆီသယ္သြားၾကျပီးေနာက္ Sehunက ေခါက္ဆြဲဘူး
ကိုဆြဲယူျပီးသြားျပဳတ္ေပးသည္။ ျပဳတ္ထားသည့္ေခါက္ဆြဲ
ဘူးကိုျပန္သယ္လာျပီး ဝိုင္းမွာဝင္ထိုင္လိုက္သည့္အခါ
Luhanက အသင့္ေဖာက္ထားေပးသည့္ ႏို႔ေခ်ာကလက္ ဘူးကို Sehunအားကမ္းေပးလာပါသည္။

စားစရာမ်ားကို ေအးေအးေဆးေဆးျငိမ္ျငိမ္သက္သက္ပင္
Luhanထိုင္စားေနရင္း Sehunကလဲ မ်က္ႏွာခ်င္းဆိုင္
ကေန စကားသံတစ္သံမထြက္ပဲျငိမ္လ်က္ထိုင္ၾကည့္ေနခ့ဲ
သည္။

"ဦးေလးက ကိုယ့္ကိုပါ ႏိုင္ငံျခားကိုပို႔ဖို႔ၾကိဳးစားဖူးတယ္
ကိုယ္လက္မခံပဲျငင္းလိုက္ေတာ့ ခင္ဗ်ားဘက္ကိုၾကိဳးစား
တာထင္ပါတယ္ "

စားစရာအားလုံးစားကုန္သြားသည့္အခါမွာ Sehunက စကားစလာခ့ဲသည္။ မည္သည့္အေၾကာင္းကို မည္သို႔
ရွင္းျပေပးရမည္မွန္းမသိေပမ့ဲလဲ အျဖစ္မွန္ကိုေတာ့ျဖင့္
Sehunရိုးရိုးသားသားေျပာျပလိုျခင္းသာျဖစ္ပါသည္။

Luhanစကားတခြန္းေထာက္မေျပာပဲျငိမ္ေနသည့္ေနာက္
Sehunကသက္ျပင္းခ်သည္။

"ခင္ဗ်ားစိတ္အေႏွာင့္အယွက္ျဖစ္သြားမယ္ထင္တယ္
ကိုယ္က မိသားစုအေၾကာင္း Companyအေၾကာင္း
တမင္ဖုံးကြယ္ထားတာမဟုတ္......."

"Oh Sehun ငါက မင္းဘယ္လိုလူလဲဆိုတာမသိပဲ
တြဲေနတယ္ထင္လု႔ိလား ? ထားပါ မင္းရဲ႕ေနာက္ခံေတြ
မင္းအသိုင္းအဝိုင္းဘယ္လိုရွိလဲေတြကို စနစ္တက်တြက္
ခ်က္ျပီးတြဲခ့ဲတာမဟုတ္ေပမ့ဲ ငါလက္တြဲေနတ့ဲသူက ဘယ္
လိုလူမ်ိဳးလဲဆိုတာ ငါေကာင္းေကာင္းသိပါတယ္"

Sehun လက္ေခ်ာင္းအခ်င္းခ်င္းယွက္ကိုင္လ်က္စားပြဲ
ေပၚမွာတင္ထားသည္။ Luhan မွာ ရွိေနသည့္မာနကို
သူသိေနသျဖင့္ သူ၏မိသားစုေနာက္ခံအားကိုးျဖင့္
Luhanပညာေရး ဘဝ အနာဂတ္ကို ဆုံးျဖတ္ရဲသည္
ဟု Luhanေတြးထင္သြားမွာ Sehun သိပ္ေၾကာက္
သည္။

"မင္း ငါနဲ႕ပတ္သက္ရင္ အေတြးေတြအရမ္းမ်ားတာပဲလား
Sehun ဟင္ ? တခုခုဆို ငါ့ကိုပဲအရင္ေမးၾကည့္ပါလား
ငါၾကိဳက္လား မၾကိဳက္ဘူးလား စိတ္ဆိုးလား စိတ္မဆိုးဘူးလားကို မင္း တဖက္သတ္ေတြးမေနပဲေလ ငါ
အ့ဲေလာက္ေတာ့ မင္းကို လိုက္ေလ်ာႏိုင္ပါတယ္ Sehunရဲ႕"

ျပံဳးျပလ်က္ ေျပာလာသည့္ Luhanစကားေနာက္မွာမွ
Sehunသည္ သက္ျပင္းေမာခ်မိသည္။ မ်က္ႏွာခ်င္းဆိုင္
ထိုင္ေနရာမွေန ေဘးခုံဆီေရႊ႕မိျပီး အနားသို႔တိုးကပ္ထိုင္မိ
သည့္အခါ Luhanက ျပံဳးလ်က္ၾကည့္ျမဲသာျဖစ္သည္။

"အခုေပးတ့ဲပညာေတာ္သင္က ကိုယ့္ပေရာဂမကင္းဘူး
ဆိုေတာ့ ကိုယ္ေျပာလိုက္တာ ပ်က္သြားေလာက္တယ္"

"မင္းတို႔companyကမေပးလဲ ငါ့ကိုေပးမ့ဲသူေတြတျပံဳ
ၾကီးပါေနာ္ လူကိုဘာမွတ္ေနလဲ ?"

Sehun နဖူးကို လက္ညိဳးျဖင့္တြန္းထုတ္ရင္း Luhan ဆူပြပြေျပာသည့္ေနာက္ Sehunက ခပ္ဟဟရယ္ေမာသည္။

ျပီးေနာက္ နဖူးကိုတြန္းလာသည့္ Luhanလက္ကို အသာ
အယာဆြဲယူဆုပ္ကိုင္လိုက္ျပီး

"ကိုယ္သိပါတယ္ ကိုယ့္ခင္ဗ်ားက သိပ္ေတာ္တာပဲကိုး
ဒါနဲ႕ စာဆက္သင္ဖို႔ စိတ္ကူးရွိတယ္မလား ?"

"အရင္ကေတာ့ ရွိတယ္ ..."

Sehun ကိုင္ထားသည့္ လက္ကိုဆြဲယူထုတ္ျပီး Luhan
က ေခ်ာကလက္ႏို႔ကိုယူေသာက္သည္။ တစက္မက်န္
ေသာက္ျပီးကာေလမွ ေခ်ာင္းတခ်က္ဟန္႔လ်က္ ဘူးကို
စားပြဲေပၚျပန္တင္ျပီးေနာက္

"အခုက.........ဒီလိုပဲ......ျပခန္းေတြနဲ႕လဲစာခ်ဳပ္ခ်ဳပ္ထား
တယ္ဆိုေတာ့ ေနာက္ေလးႏွစ္ငါးႏွစ္ေလာက္ထိေတာ့
မသြားေတာ့ဘူးလားလို႔ ေနာက္......"

"အင္း ေနာက္ဘာျဖစ္လဲ "

ရိုးရိုးသားသားျဖင့္စကားေထာက္ေမးလိုက္သည့္ Sehunကို Luhanကမေက်မခ်မ္းင့ဲၾကည့္သည္။
ခ်က္ခ်င္းဆိုသလိုပင္ မ်က္ႏွာကိုလႊဲလိုက္ပါျပီး

"ေမေမတေယာက္တည္းဆိုေတာ့ စိတ္မခ်ဘူး အ့ဲဒါ
ေၾကာင့္"

"ေအာ္ အ့ဲဒါလဲဟုတ္တာပဲ"

"ေအး ငတုံး"

"အမ္ !!"

Luhan မွ စိတ္ေလပါသည္ ဆိုေသာပုံစံျဖင့္ၾကည့္ျပီးကာမွ ရယ္ေမာလာလ်က္ မတ္တပ္ထရပ္ျပီး ဆိုင္ထဲမွထြက္
လာေတာ့သည္။

ဘုမသိဘမသိငတုံးအေခၚခံလိုက္ရျပန္သည့္ Sehun
သည္လည္း ေနာက္ကေနထပ္ခ်ပ္မခြာလိုက္လို႔ Luhan
ကို စကားေတြတတြတ္တြတ္ေျပာရင္း အိမ္သု႔ိျပန္ခ့ဲၾက
သည္။

ဒီကေန႔မွစ၍ အခ်ိန္တိုင္း ေန႔ရက္တိုင္းသည္ ထိုသို႔ပင္
လည္ပတ္ေနေတာ့မည္ဆိုသိပ္ေကာင္းမည္။

Sehun အနားမွာ Luhan ရွိေနသည္။
မခြဲမခြာပဲ မျငီးမျငဴပဲ Sehun၏ အနားမွာရွိေနသည္။

အိမ္သို႔ေရာက္ခါနီး လမ္းတေကြ႔ေလးမွာ Sehunက
Luhanလက္ေလးကို ဆြဲကိုင္ခ့ဲလိုက္သည္။

လူျမင္ကြင္းမွာ ပထမဆုံးအၾကိမ္အျဖစ္ ထိုလက္ကေလး
ကို သူရဲရဲဝံ႕ဝံ႕ဆုပ္ကိုင္ခ့ဲတာျဖစ္ျပီး မရုန္းဖယ္ခ့ဲသည့္
Luhanေၾကာင့္ ႏွလုံးေသြးတို႔သည္လည္း ခုန္တိုးခ့ဲရပါ
ေသးသည္။

.......................................

ခ်စ္လြန္းလို႔ေပါ့ ခင္ဗ်ားရယ္
အျမဲတမ္းအတြက္ ကိုယ့္ အေျဖက ခ်စ္လြန္းလို႔ပါပဲေပါ့

° The years I have loved him °

.......................................

ေနာက္ထပ္ ရက္ေတြ လေတြ ႏွစ္ေတြ......။

တျဖည္းျဖည္းကုန္လြန္ခ့ဲသည့္အထိ Sehun ႏွင့္ Luhan
လက္တြဲျမဲခ့ဲၾကသည္။ အရင္းႏွီးဆုံးလူ တခ်ိဳ႕တေလသာ
အတြင္းက်က်သိေသာ ဆက္ဆံေရးျဖစ္ျပီး သာမန္ရင္းႏွီး
ပါသည္ဆိုေသာသူမ်ားကေတာ့ မသကၤာမ်က္လုံးမ်ားျဖင့္
ၾကည့္တတ္သည့္ သူတို႔ဆက္ဆံေရးျဖစ္သည္။

Luhan ေျပာခ့ဲဖူးသလိုပင္ အတင္းအက်ပ္ျငင္းဆန္
ေနျခင္းမရွိပါေသာ္လည္း Luhanကိုအျမဲထည့္တြက္
ခ့ဲသည့္ Sehunသည္ သူ႔ခ်စ္သူက နာမည္ၾကီးလူငယ္
ပန္းခ်ီဆရာတစ္ေယာက္ျဖစ္ပါသည္ဆိုတာကိုျဖင့္ လာေမး
တိုင္းထုတ္ေျပာေနျခင္းမဟုတ္ပါ။

တီးတိုးထြက္ေနသည့္ သတင္းမ်ား ေကာလဟာလမ်ားကို
လည္း အေရးတယူေျဖရွင္းမေနေတာ့ပဲ Archiမွ ခပ္လန္းလန္း စီနီယာအစ္ကိုၾကီး Oh Se Hunတြင္ လူမျမင္သူ
မျမင္ RSရွိေနသည္ဆိုေသာသတင္းျဖင့္ေနရင္းနဲ႕သာ
Sehunတို႔ဘြဲ႕ရေတာ့မည္ျဖစ္သည္။

ေနာက္ဆုံး သုေတသနစာတမ္းဖတ္ပြဲ ႏွင့္ စာတမ္းအပ္
အျပီး အတန္းထဲမွ ျပန္ထြက္လာခ့ဲသည့္ေနာက္ ဂ်ဴနီယာ
ေကာင္မေလးေတြ ႏႈတ္ဆက္မည္ဆိုကာ ေျပးလာသျဖင့္
Sehunေရွာင္ရေသးသည္။

ထိုသတင္းမ်ားကို SNS မွာ Luhanေတြ႔သည့္ေနာက္
Sehunကို မေက်မခ်မ္းၾကည့္သည္။ ရည္းစားမရွိခ်င္
ေယာင္လာေဆာင္ေနတယ္ဆိုသည့္ တီးတိုးစကားကို
Sehunမွာၾကားေလတိုင္းရယ္ေမာရေသးသည္။

Luhan သည္ အရင္အတိုင္းပင္ ဘာသိဘာသာေနတတ္
ေသာ္ျငားလည္း Sehunကိုေတာ့ျဖင့္ တခါတေလဂရုစိုက္
တတ္ေသးသည္။ ပုံမွန္အခ်ိန္ဆိုလွ်င္ သူ၏ေျမာက္ျမား
လွစြာေသာ အခ်ိန္ဇယားေတြၾကား တပတ္တခါ မ်က္ႏွာ
ေတြ႔ဖို႔ပင္ ရွားပါးလြန္းလွပါသည္။

ထိုရွားပါးသည့္အခ်ိန္မ်ားထဲမွ Sehun မွတ္မွတ္ရရရွိေန
သည့္ ေန႔တစ္ေန႔သည္ Sehun ပထမဆုံးအၾကိမ္အျဖစ္
တရားဝင္အလုပ္ဝင္ရမည့္ေန႔ျဖစ္သည္။

ထိုေန႔က Sehun ခပ္ေစာေစာႏိုးေနခ့ဲသည္။ Company
သို႔သြားကာ အလုပ္လုပ္ေနက်ျဖစ္ပါေသာ္လည္း ဆက္ခံ
သူေနရာကိုဝင္ယူျပီး တရားဝင္အလုပ္တက္မည့္ေန႔ျဖစ္
သျဖင့္ စိတ္လႈပ္ရွားခ့ဲသည္မွာအမွန္ျဖစ္သည္။

Companyကိုတရားဝင္ယူျပီးျဖစ္သလို မိဘမ်ားေနထိုင္
ခ့ဲသည့္အိမ္ကိုလည္းျပန္ရျပီးျဖစ္ပါေသာ္လည္း Sehun
က Luhanရွိေနသည့္ တိုက္ေလးမွာပင္ ကပ္ေနေနေသးသည္။ အနည္းဆုံးေတာ့မ်က္ႏွာျမင္ေနရသည္ကို ေပ်ာ္ေန
သည္။

ပုံမွန္ထက္ နာရီဝက္ခန္႔ေစာကာ အိပ္ရာႏိုးေနခ့ဲသည့္
Sehunသည္ ကုတင္ေပၚမွမဆင္းခင္ ငါးမိနစ္ခန္႔လွဲ
ေလွာင္းေနခ့ဲပါေသးသည္။ သူ႔စိတ္ထဲ တေန႔တာလုပ္
ရမည့္ ကိစၥမ်ားကိုအၾကမ္းဖ်င္းစီစဥ္ေနရင္းႏွင့္မွ
ငုတ္တုတ္ထထိုင္လိုက္သည့္အခ်ိန္တြင္ ႏွာေခါင္းထဲတိုး
ဝင္လာသည့္ အနံ႕ခပ္တူးတူးေၾကာင့္ ကုတင္ေပၚမွေျပး
ဆင္းရေတာ့သည္။

"Luhan !"

"ေၾသာ္ ႏိုးျပီလား "

မီးဖိုခန္းထဲ အေျပးအလႊားဝင္လာသည့္ Sehunကို
Luhanကလွည့္ၾကည့္ျပီးခပ္တည္တည္ျဖင့္ႏႈတ္ဆက္
လာသည္။ လက္ထဲကပန္းကန္ျပားထဲမွ မည္းတူးခ်ပ္ေန
သည့္ ေပါင္မုန္႔မ်ားကို Sehun တခ်က္ၾကည့္သည္။

စကားတခြန္းမဆိုရေသးခင္မွာပင္ Luhan မွ ေပါင္မုန္႔
မ်ားနည္းနည္းတူးသြားတယ္ဆိုျပီး စားလို႔ေတာ့ရမွာပါဟု
ထပ္ေျပာကာ ပန္းကန္ျပားကိုစားပြဲေပၚထပ္တင္သည္။

မီးဖိုခန္းအေပါက္ဝမွာ မတ္မတ္ၾကီးရပ္ေနသည့္ Sehun
ကို ေရသြားခ်ိဳးေလးဟု ခပ္တည္တည္ပိတ္ေဟာက္ျပီး
မီးဖိုဘက္မ်က္ႏွာျပန္လွည့္လို႔ ၾကက္အူေခ်ာင္းေတြလွီးခ်
သည့္အခါ Sehunမွာ ထိုနားသို႔အေျပးသြားလိုက္ရသည္။

ထင္သည့္အတိုင္းပင္ ၾကက္အူေခ်ာင္းႏွင့္လက္မွားလွီးေခ်
သည္။

"ဘာေတြလုပ္ေနတာလဲ ခင္ဗ်ားရာ တကယ္ပဲ ထိခိုက္မိ
ကုန္ျပီ လာ ဒီကိုလာ ေရနဲ႕ေဆးခ်"

လက္ညွိဳးမွာရွပ္ထိသြားသည့္ဓားဒဏ္ရာကို Sehun စုိးရိမ္
တၾကီးၾကည့္ရႈျပီး Luhanလက္ကိုဆြဲယူကာ ေဘစင္မွာ
ေရသြားေဆးခ်သည္။ ၾကီးၾကီးမားမားျဖစ္သြားသည္ဟု
မဟုတ္ပါေသာ္လည္း လက္ ျဖစ္ေနသျဖင့္ Sehun
အဆက္မျပတ္ေျပာလို႔မဆုံးေတာ့ပါ။

ေရျဖင့္စင္ေအာင္ေဆးျပီးသြားသည့္ေနာက္မွာ စုတ္ျပဲရာ
ကေလးျဖင့္ လက္ညိဳး၌ နီရဲက်န္ရစ္ေနခ့ဲသည္။ ထမင္း
စားပြဲ၌ ျငိမ္ျငိမ္ထိုင္ခိုင္းထားလိုက္ျပီး Sehun ေဆး
ေသတၱာကိုေျပးယူသည္။ ထို႔ေနာက္ Luhanလက္ကို
ဖြဖြဆြဲယူလို႔ ပိုးသတ္ေဆးရည္ေလာင္းခ်ျပီး ေဆးထည့္
လ်က္ ပလာစတာကပ္ေပးရန္ျပင္သည္။

"အ့ဲေလာက္ၾကီးၾကီးမားမားၾကီးလဲမဟုတ္ပါဘူး"

"ဘာလို႔ထိခိုက္ေအာင္လုပ္ေသးလဲ ဘာမွမေျပာနဲ႔
ေတာ္ေတာ့"

Luhan ကိုယ့္အျပစ္ႏွင့္ကိုမို႔ပါးစပ္ပိတ္သြားျပီးေနာက္မွာ
စားပြဲေပၚမွာတင္ထားသည့္ေပါင္မုန္႔မီးကင္တူးတူးပန္းကန္
ကိုSehunဘက္သို႔ေရႊ႕ေပးလိုက္သည္။ တရက္တေလ
မနက္စာလုပ္ေပးခ်င္လို႔ပါဟုေျပာလွ်င္ Sehunေျပာဆို
မည္စိုးသျဖင့္ Luhanက စကားလမ္းေၾကာင္းလႊဲေလ
သည္။

"မင္းဘြ႕ဲယူမွာက ဒီတပတ္စေနေနာ္"

"အင္း"

"ငါ အားတယ္ သိလား အားေအာင္လုပ္ထားတယ္"

အားၾကိဳးမာန္တက္ေျပာေနသည့္ Luhanကို Sehunက
ဓားရွရာအား ပလာစတာကပ္ေနရင္းမွ ေမာ့ၾကည့္လာ
သည္။ စကားတခြန္းမဆိုတည္ေနသည့္ Sehunေၾကာင့္
Luhanက ပလာစတာကပ္ေပးေနသည့္Sehunလက္ကို
က်န္လက္တဖက္ျဖင့္ ခပ္ဖြဖြထိေတြ႔ကစားလိုက္ျပီးျပံဳးျပ
လာကာ

"ငါလာခ့ဲမယ္ေနာ္ ေမေမ့ကိုေရာ ေခၚလိုက္ရမလား "

"မလုပ္ပါနဲ႕ အေမပင္ပန္းတယ္"

"မင့္အေမက သားဘြဲ႕ယူရင္ လာခ်င္လို႔တ့ဲ သူ႔ကိုေျပာ
လုပ္ေနတာ"

Sehunတို႔ဆက္ဆံေရးကို တိတိက်က်မသိပါေသာ္ျငား
လည္း Luhanေမေမက Sehunကို သားအရင္း
တစ္ေယာက္သဖြယ္ရင္းရင္းႏွီးႏွီးဆက္ဆံေပးသည္။

သူတို႔ဆက္ဆံေရးအား မည္သူ႔ကိုမဆို ပြင့္လင္းစြာေျပာျပရန္ မွာထားသည့္ Luhanက အေမျဖစ္သူေရွ႕မွာေတာ့ အေနအထိုင္ဆင္ျခင္သည္။ ထို႔ေၾကာင့္ Sehunသည္
လည္း အလိုက္သင့္ေနေပးရသည္။

"ပင္ပန္းပါတယ္ ခရီးေဝးတယ္ ကိုယ္ေရာ ခင္ဗ်ားေရာအားတ့ဲတစ္ရက္က်မွသြားၾကမယ္ေလ ေကာင္းတယ္
မလား"

"အင္း ရပါတယ္"

"ထားေတာ့ ဘာကိစၥမီးဖိုထဲဝင္ရတာလဲ "

စကားလမ္းေၾကာင္းလႊဲျခင္းအဆင္မေျပျဖစ္သြားသည္ကို
ရိပ္မိသြားသည့္ Luhanက ပါးစပ္ပိတ္ျပီး ဇက္ပုသြား
သည္။ ရွားရွားပါးပါး ေပၚလာတတ္သည့္ သူအမွားလုပ္ျပီးတိုင္း လုပ္ေနက်ပုံစံလို Sehunကို သြားအျဖဲသားေလး
ျဖင့္ ရယ္ျပလာျပီးမွ Sehunေမးဖ်ားကို လက္ေခ်ာင္းမ်ား
ျဖင့္အသာအယာထိေတြ႔ပုတ္ခတ္လိုက္ျပီးေနာက္

"ဒီေန႔က မင္းပထမဆုံးအလုပ္ဝင္ရမ့ဲေန႔မို႔ ငါက မနက္စာ
ေလးရယ္ ေန႔လည္စာေလးရယ္ လုပ္ေပးလိုက္ခ်င္လို႔ပါ
ဒီတခါတည္းလုပ္ေပးမွာ ေနာက္ရဖို႔မေသခ်ာဘူး"

တခါတည္း အဆုံးေျပာလိုက္သည့္ Luhanကုိ Sehun
မွမေက်မခ်မ္းၾကည့္သည္။ မနက္စာဆိုတာ ဒါလားဆို
သည့္သေဘာျဖင့္ ေပါင္မုန္႔မီးတူးကင္ကို မ်က္စပစ္ျပ
သည့္ေနာက္ တက္တက္ၾကြၾကြေခါင္းျငိမ့္ျပလာသည္။

Sehunမွာ ခင္ဗ်ားကိုေတာ့မႏိုင္ပါဘူးဆိုသည့္သေဘာ
ျဖင့္ေခါင္းခါယမ္းကာ တခ်က္ရယ္ေမာလိုက္ျပီးေနာက္ Luhanကိုျပန္ၾကည့္လာသည္။ Luhanမွာ ျပံဳးျပလာ
သည့္အခါ

"မနက္စာကေတာ့ထားပါ ေန႔လည္စာကေရာ"

"အာ ၾကက္အူေခ်ာင္းေၾကာ္ရယ္ ၾကက္ဥေပါင္းရယ္
ထမင္းကိုႏွမ္းဆီနဲ႕နယ္ျပီး ထည့္ေပးလိုက္မလို႔ပဲ ခုက
လက္ထိသြားေတာ့"

ပလာစတာကပ္ထားသည့္လက္ကိုေထာင္ျပျပီး ျငီးျငီးျငဴ
ျငဴေျပာသည့္အခါ Sehunကပင္ မတ္တပ္ထရပ္လို႔ Luhanပါးစပ္ျဖင့္စီစဥ္ေပးထားသည့္ သူ႔အတြက္ေန႔လည္
စာကို ထျပင္ဆင္ရသည္။

ကိုယ္တိုင္လုပ္ မီးတူးတူးေပါင္မုန္႔ကင္ မနက္စာကို Luhan မစားႏိုင္သျဖင့္ Sehunပင္ကုန္ေအာင္စားျပီး
ႏြားႏို႔ျဖင့္ေမွ်ာခ်ခ့ဲရသည့္မနက္ျဖစ္သည္။

company၏သူေ႒းအသစ္ကေလးက ထမင္းဘူးျဖင့္
ရုံးလာတက္သည္ဆိုေသာ သတင္းကလဲ ဝန္ထမ္းေတြ
ၾကားထဲ ေမႊးသြားခ့ဲပါေသးသည္။

ဘယ္လိုျဖစ္ျဖစ္ Luhanသည္ကား သူလုပ္ခ်င္တာလုပ္
လိုက္ရ၍ စိတ္ေပ်ာ္ျမဴးျပီး Sehun အသြားတေခါက္
အျပန္တေခါက္ ျပခန္းသို႔ အၾကိဳအပို႔လုပ္သည္ကို
ၾကည္ၾကည္သာသာျဖင့္လက္ခံခ့ဲပါေသးသည္။

ကတိေပးခ့ဲေသာ္လည္း Sehun ဘြဲ႕ယူရမည့္ေန႔တြင္ Luhanက ဆိုးလ္မွာရွိမေနခ့ဲပါ။ ပန္းခ်ီဆရာတစ္ဦးႏွင့္
ေတြ႔ရမည္ဆိုကာ ျပခန္းမွျပခန္းမွဴးႏွင့္နယ္ဘက္သို႔
ရုတ္တရတ္ၾကီးထြက္သြားခ့ဲျခင္းျဖစ္ျပီး Sehun ဘြဲ႕ယူ
ျပီး၍ ခန္းမထဲမွထြက္လာခ်ိန္အထိ Luhanဆီမွ မွီေအာင္
လာခ့ဲမည္ဆိုေသာ စာတိုတစ္ေစာင္မွလြဲ မည္သည့္အဆက္အသြယ္မွမရခဲ႕ပါ။

"Sehun ေရ ဓာတ္ပုံရိုက္ၾကမယ္ေဟ့"

မိသားစုမ်ား သူငယ္ခ်င္းမ်ားျဖင့္ ေပ်ာ္ေပ်ာ္ပါးပါးစုေဝး
ဓာတ္ပုံရိုက္ေနၾကသည့္ သူငယ္ခ်င္းအုပ္စုထဲဝင္ေရာက္
ကာ အုပ္စုလိုက္ေလးငါးပုံရိုက္ေပးျဖစ္သည္။ ထို႔ေနာက္
ခပ္လွမ္းလွမ္းမွာရွိသည့္ ခုံတန္းဆီသို႔သြားကာ ေလ်ာ့
တိေလ်ာ့ရဲထိုင္ခ်လိုက္ျပီး ရႈပ္ယွက္ခတ္ေနၾကသည့္
လူအုပ္ၾကီးကို ေငးၾကည့္သည္။

ဘြဲ႕ႏွင္းသဘင္ကိုလာေရာက္ဖို႕စိတ္ကူးမရွိခ့ဲပါေသာ္လည္း
Luhanမွလာခ့ဲမည္ဆိုသျဖင့္ Sehun ဘြဲ႕ႏွင္းသဘင္
တက္ျခင္းျဖစ္သည္။

လက္ပတ္နာရီကိုတခ်က္ပင့္ၾကည့္ျပီး သတင္းအစအနမရ
ေသးသည့္ ဖုန္းကိုတခ်က္ဖြင့္ၾကည့္သည္။ မ်က္စိေရွ႕မွ
လူသူမ်ားေတာ္ေတာ္က်ဲပါးသြားသည့္အခ်ိန္အထိ Sehun
ငုတ္တုတ္ထိုင္ေစာင့္ေနမိသည္။

Luhanက လာပါမည္ဟု ကတိေပးထားသျဖင့္ ေသခ်ာ
ေပါက္သူ႔ဆီကိုလာပါမည္ဟု Sehunယုံၾကည္ပါသည္။

"ဒါနဲ႕ တစ္ေယာက္တည္းလား ?"

Sehun၏ ယုံၾကည္ထားခ်က္သည္ ဒီတေခါက္မွန္ကန္ပါ
သည္။ ခုံတန္းလ်ား၏ေနာက္မွီကို လက္ညိွးျဖင့္တခ်က္
ေခါက္ျပီး ႏႈတ္ဆက္လာသည့္သူက Luhanျဖစ္ေနခ့ဲ
သည္။ Sehunစကားတစ္ခြန္းတုံ႕ျပန္မဆိုႏိုင္ပဲ Luhan
သူ၏ေဘးနားသို႔ဝင္ထိုင္သည္အထိ ေတာက္ေလွ်ာက္
လိုက္ၾကည့္ေနခ့ဲပါသည္။

စိတ္ေအးလက္ေအးထိုင္ခ်ျပီးေသာLuhanသည္
Sehunလက္သို႔လွည့္လာကာျပံဳးျပလာသည္။ လက္မွာ
ကိုင္ထားသည့္ Sehunဘြဲ႕လက္မွတ္ႏွင့္ အရြယ္အစား
အတူတူရွိေလာက္သည့္ မွန္ေဘာင္သြင္းကားခ်ပ္တစ္ခု
ကို Sehunဆီကမ္းေပးလာခ့ဲသည္။ စကၠဴတခ်ပ္ထပ္ခံ
ထားပါသျဖင့္ မည္သို႔ေသာကားခ်ပ္မွန္း Sehunမသိႏိုင္။

Sehunလက္ထဲမွ ဘြဲ႕လက္မွတ္ကိုလွမ္းယူလ်က္ Luhan
က ကားခ်ပ္ကိုဖြင့္ၾကည့္ရန္ ေမးေငါ့ျပသည္။

"ဘာလဲ ?"

"လက္ေဆာင္ေလ ဖြင့္ၾကည့္လိုက္"

ေယာင္ေယာင္ကေလးျပံဳးေနသည့္Luhanမ်က္ႏွာကို
တခ်က္ငဲ႕ၾကည့္ျပီး Sehunက ပိတ္ထားသည့္စကၠဴမ်ား
ကိုအသာအယာစုတ္ျဗဲလိုက္သည္။

စကၠဴမ်ားေအာက္မွ ေတြ႔လိုက္ရသည့္ ကားခ်ပ္သည္
Sehun၏ ပုံတူပန္းခ်ီကားခ်ပ္ျဖစ္ျပီး အိမ္မွာ Sehun
ဘြဲ႕ဝတ္စုံကိုအစမ္းဝတ္ျပခ့ဲသည့္ေန႔ကပုံစံကိုဆြဲထားျခင္း
ျဖစ္သည္။ Luhanဝတ္ျပခိုင္းတုန္းက ဘာအတြက္
ေၾကာင့္ရယ္မသိေပမ့ဲ ဝတ္ရုံသာမက ဘြဲ႕ဦးထုပ္ပါ
ေဆာင္းထားျပီး ၾကမ္းျပင္ေပၚထိုင္လို႔ အားရပါးရ ျပံဳးရယ္
ေနသည့္Sehunပုံစံသည္ အသက္ပါလွပါသည္။

ထိုေန႔က Luhan ဟာသေတာ္ေတာ္မ်ားမ်ားေျပာျပခ့ဲ
သည္ကိုအမွတ္ရမိသည္။ Sehunရယ္ေမာေနသည့္ပုံစံ
မ်ားကို ပုံတူထဲထည့္ဆြဲလို၍ ေျပာခ့ဲတာျဖစ္ေကာင္းသည္။

"သေဘာက်လား ? ငါ့လက္ေဆာင္ကို"

မွန္ေဘာင္သြင္းထားျပီးျဖစ္သည့္ ကားခ်ပ္ကို လက္ဖဝါး
ျဖင့္ အသာအယာပြတ္သပ္ေနျပီး Sehunက ေခါင္း
တဆတ္ဆတ္ျငိမ့္သည္။ တျဖည္းျဖည္းခ်င္းျပံဳးလာသည့္
ႏႈတ္ခမ္းမ်ားသည့္ Luhanမ်က္ႏွာဘက္ကိုလွည့္ၾကည့္
လိုက္သည့္ေနာက္ ႏွစ္လိုဖြယ္ေကာင္းေအာင္ျပီးျပည့္စုံ
သည့္အျပံဳးမ်ားျဖစ္သြားသည္။

"အင္း ကိုယ္ အရမ္းသေဘာက်တယ္"

"ငါလဲ ဘာလက္ေဆာင္စီစဥ္ရမွန္းမသိတာနဲ႔"

"ကိုယ့္ပုံတူေလးေတြမ်ားမ်ားဆြဲေပးလို႔ရမလား ? ဟင္"

"ဘာလဲ ...... မင္းကလိုခ်င္လို႔လား "

လိုလိုခ်င္ခ်င္ျဖင့္ကို ေခါင္းအဆက္မျပတ္ျငိမ့္ျပီး အနား
သို႔တိုးကပ္လာသည့္ Sehunအား Luhanမွ ခပ္ၾကာၾကာ
စိုက္ၾကည့္သည္။ မိနစ္အနည္းငယ္ၾကာသည့္ေနာက္
အၾကည့္ျပန္လႊဲသြားျပီး ရယ္ျပံဳးကာ ေခါင္းကိုေမာ့လို႔ ခါ
ယမ္းျပီး အသံလြင္လြင္ျဖင့္

"မဆြဲေပးပါဘူး ငါကပုံတူဆြဲတ့ဲသူမွမဟုတ္တာ"

"စိတ္ပုတ္လိုက္တာ"

"ဘာေျပာတယ္"

"ဒီကားခ်ပ္ေလးကၾကည့္ေကာင္းလိုက္တာလို႔ေျပာတာ"

ခ်က္ခ်င္းဆိုသလို ပုံတူပန္းခ်ီကိုၾကည့္ျပီးခ်ီးမြမ္းခန္းဖြင့္
လိုက္သည့္ Sehunကို Luhanမွမေက်မခ်မ္းျဖင့္ေစာင္
ၾကည့္သည္။ ပုံတူပန္းခ်ီကိုစိမ့္စိမ့္ၾကည့္ျပီး ျပံဳးေနပါ
ေသာ Sehunေၾကာင့္ Luhanသည္လည္း ျပံဳးလို႔လာ
သည္။ ထိုသို႔ျပံဳးေနသည့္ မ်က္ႏွာကေလးကို Sehun
အသံမေပးဘာမေပးပဲေမာ့ၾကည့္လိုက္သည့္ေနာက္ အျပံဳး
တပိုင္းတစျဖင့္ Luhanမွာ ဆက္ပဲျပံဳးရေတာ့မလို တည္ရ
ေတာ့မလို ဟန္ခ်က္ပ်က္သြားခ့ဲသည္။

Sehunက ထိုသို႔ခ်စ္ဖို႔ေကာင္းေနသည့္ အစ္ကိုၾကီး၏
အနားသို႔တိုးလာရင္း စကားတခြန္းဆိုသည္။

"ကိုယ္ ဒီလက္ေဆာင္ေလးကိုတန္ဖိုးထားပါ့မယ္"

"ထားရမွာေပါ့ ဘယ္သူေပးတာမို႔လို႔လဲ"

"ဒါနဲ႕ ကိုယ့္ကိုေနာက္ထပ္လက္ေဆာင္တစ္ခုေလာက္
ထပ္ေပးပါ့လား"

ထိုစကားအဆုံးမွာ Luhanက Sehunကို င့ဲၾကည့္လာ
သည္။ သူဘာမွထပ္ျပီးမျပင္ဆင္ထားဘူးေလဆိုသည့္
မ်က္ႏွာကေလးကို အသည္းတယားယားၾကည့္ျပီးေနာက္ Sehun ထိုသူကေလးအနားသို႔ တဆင့္ထပ္ပိုတိုးကပ္ သြားလိုက္သည္။

ျပင္ပေလေၾကာင့္ေအးျပီးေျခာက္ကြဲေနသည့္ ႏႈတ္ခမ္း
ပါးေလးထက္ Sehunႏႈတ္ခမ္းျဖတ္ကနဲကပ္လိုက္္
သည့္ေနာက္ Luhanအေနာက္သို႔ဆုတ္သြားပါေသာ္
လည္း Sehunက လက္တဖက္ျဖင့္အက်ႋီစကိုျပန္ဆြဲ
ထားကာ က်န္လက္တဖက္ျဖင့္ ဘြဲ႕ဦးထုပ္ကို ဆြဲကိုင္
လ်က္ သူတို႔အနမ္းအားလူျမင္ကြင္းမွ ေခတၱခဏကာထား
လိုက္သည္။

ေအးျပီးေျခာက္ကြဲေနသည့္ႏႈတ္ခမ္းပါးပါးကေလးသည္
Sehun ႏႈတ္ခမ္းမ်ားၾကား ေႏြးျပီးစိုစြတ္သြားခ့ဲေလသည္။

To Be ConTinued.........

"ကလေးကလား အကွက်တွေပဲလုပ်နေရတာ
မပင်ပန်းကြဘူးလား "

သူဌေးရုံးခန်းထဲ၌ လှည့်ပတ်သွားလာပြီးသည့် နောက်မှခြေညောင်းသွားဟန်ဖြင့် ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီး Sehunက သူဌေးဖြစ်သူ သူ့ဦးလေးကို ပြုံးကြည့်လို့ဆိုသည်။

ဦးလေးတင်မက ဒေါ်လေးနှင့် သူတို့သားနှစ်ယောက်ပါ ရှိနေကြသည့်အတွက် တော်တော်လူစုံတက်စုံရှိသည်ဟုပြော၍ရပါသည်။

ဦးလေးကိုပြောစရာရှိသည်ဟု စာပို့ထားကာ Sehunတစ်ယောက်တည်းရောက်လာရုံနှင့် သူတို့တမိသားစုလုံးရုံးခန်း၌ စုဝေးလာကြတာ အ ဘယ်ကြောင့်နည်းဟုတော့Sehun တွေးတော
မနေတတ်။

"သား မင်းဦးလေးကို ပြောတဲ့လေသံကလဲကွယ်"

".........University က ပန်းချီအထူးပြုနဲ့ဘွဲ့ရထားပြီးလက်ရှိ နာမည်ကြီးပြခန်းတစ်ခုနဲ့စာချုပ်ချုပ်ထားတဲ့တက်သစ်စပန်းချီပညာရှင် Luhan ။ အဲ့ဒါ ကျွန်တော့်ချစ်သူ။ ဦးလေးတို့ ထောင်ထားတဲ့ပညာရေးဖောင်ဒေးရှင်းက ပညာတော်သင်ဆုကမ်းလှမ်းတယ်လို့အမည်ခံထားပြီး နယ်နှင်ဒဏ်ပေးဖို့လုပ်နေတဲ့သူလေ"

Sehun ပြုံးလျက်ပြောနေသည့် စကားတွေအဆုံးမှာရုံးခန်းထဲသို့ မိသားစုရှေ့နေမင် ဝင်လာခဲ့သည်။ ပြုံးပြုံးရွှင်ရွှင်ပင် တမိသားစုလုံးကို နှုတ်ဆက်လိုက်ပေမဲ့ယောင်လို့တောင်ပြန်မပြုံးခဲ့ကြ။ ရှေ့နေမင် ရောက်လာလျှင် မည်သို့ကိစ္စဖြစ်လာမည်ကို သူတို့သိကြသည်။

"သူ‌ဌေးသက်တမ်းကုန်မှ အေးအေးဆေးဆေးနေရာဖယ်ပေးချင်တယ်ဆိုရင် ကျွန်တော်နဲ့သူ့ကို မထိပါနဲ့လား ?မဟုတ်ရင် မနက်ဖြန်ပဲဖြစ်ဖြစ် ဦးလေး company ကနေထွက်သွားရနိုင်တယ်"

"Oh Se Hun "

ပြောချင်သည့်စကားများပြောအပြီး Sehun ထထွက်သွားဖို့အလုပ်မှာ Sehunအထိမခံနိုင်ဟုယူဆရသည့် Luhanနှင့်ပတ်သက်သောစကားများကိုသွေးရူး သွေးတန်းပြောကြပြန်သည်။ ယောကျ်ားလေးတယောက်နှင့်တွဲနေသည့်လူတစ်ယောက်ကို လူ့ပတ်ဝန်းကျင်က လက်ခံမည်ထင် လား ? ရှယ်ယာရှင်အစည်းအဝေးလုပ်ရင်ရှယ်ယာရှင်တွေက ခေါင်းငြိမ့်သဘောတူပါမည်ထင်သလားနှင့် ရှေ့နေမင်ချပြလိုက်သည့် Sehun ပိုင်ဆိုင် ထားသည့် ရှယ်ယာရာခိုင်နှုန်းများကိုထုတ်ပြမှပင် ထိုသူတို့ပါးစပ်ပိတ်တော့သည်။

အလောင်းကစားကြောင့် ၊ တခြားသောလူမူရေးအရှုပ်အရှင်းများကြောင့် သူတို့ထုတ်ရောင်းနေသည့်ရှယ်ယာများကို Sehun ဝယ်စုဆောင်းခဲ့တာ ကြာလှရောပေါ့။

သူဌေးရုံးခန်းထဲမှ Sehun ပြန်ထွက်လာခဲ့သည့် နောက်မျက်နှာရင်းနှီးနေပြီဖြစ်သည့် ဝန်ထမ်းများကတရိုတသေနှုတ်ဆက်ကြသည်။ ကားမမောင်းလာပဲ အငှားကားဖြင့်သာလာခဲ့ခြင်းဖြစ်သည့်အတွက် Sehun companyအရှေ့ပေါက်မှနေထွက်ခဲ့ပါသည်။

Sehun အပြင်ဘက်သို့ရောက်ရောက်ချင်းမှာပင် ခြေလှမ်းတွေတန့်သွားသည်။ မျက်နှာချင်းဆိုင်မှ လျှောက်လာသည့် Luhanသည် Sehunကို လက်ထဲကိုင်ထားသည့်ဖိုင်ဖြင့် ဝှေ့ယမ်းပြသည်။ အလှုပ်အရှားတချက်မရှိပဲ ရပ်နေသည့် Sehun ရှေ့ကို Luhan မှပြုံးလျက်ရောက်လာခဲ့ပါသည်။

"ဆိုတော့ ငါ့ကိုပညာတော်သင်ဆုကမ်းလှမ်းတဲ့
ဖောင်ဒေးရှင်းကမင်းတို့companyကပေါ့"

"...............Luhan ကိုယ်ရှင်းပြမယ် ခင်ဗျားထင်သလိုမဟုတ်ဘူး"

"ဘာတွေစွတ်ပြီးရှင်းပြချင်တာလဲ ? မင်းလဲအပြင်ရောက်လာပြီဆိုတော့ ငါဝင်တွေ့စရာမလိုတော့ဘူးထင်တယ် လာ......အိမ်ပြန်ကြမယ်"

Luhan မှ အရင်ဦးစွာလှည့်ထွက်သွားခဲ့ပေမဲ့ Sehunမတ်မတ်ရပ်လို့ကျန်ရစ်နေခဲ့သေးသည်။ Luhanမှ ဒုတိယအကြိမ်မြောက် နောက်လှည့်ကြည့်လာပြီး လာလေဟုပြောတော့မှပင် Sehun တစ်ယောက် Luhanနောက်ကနေလိုက်လာခဲ့ပါတော့သည်။

တလမ်းလုံးစကားရယ် မယ်မယ်ရရ မပြောဖြစ်ကြပဲဘတ်စ်ပေါ်မှာ ငြိမ်ငြိမ်သက်သက်လိုက်ပါလာကြရင်းမှတ်တိုင်တစ်ခုရောက်သည့်အခါ Luhanမှအရင် ဆင်းချသွားသည်။

အိမ်ရှိရာမှတ်တိုင်နှင့်တမှတ်တိုင်လိုသေးပါသော်လည်းSehun လိုက်ဆင်းချလာပါသည်။

Luhanက ဗိုက်ဆာလို့ဟု Sehunကိုလှည့်ပြောပြီး24hrs Mart တစ်ခုတည်းသို့ဝင်သွားခဲ့သည်။

ဝက်သားပြားကြော်ပါသည့်ထမင်းဘူးတစ်ဘူး၊ ခေါက်ဆွဲတစ်ဘူး နှင့် ကြက်ဥပေါင်မုန့်ညှပ်ကိုဝယ်ပြီး ကော်ဖီဝယ်ဖို့ပြင်ပြီးမှ Luhanက ချောကလက်နွားနို့၂ဘူးသာယူလိုက်သည်။

ငွေရှင်းပြီးစားစရာများကို ဆိုင်၏ ထောင့်မှာရှိသည့် စားပွဲဝိုင်းဆီသယ်သွားကြပြီးနောက် Sehunက ခေါက်ဆွဲဘူးကိုဆွဲယူပြီးသွားပြုတ်ပေးသည်။ ပြုတ်ထားသည့်ခေါက်ဆွဲဘူးကိုပြန်သယ်လာပြီး ဝိုင်းမှာဝင်ထိုင်လိုက်သည့်အခါLuhanက အသင့်ဖောက်ထားပေးသည့် နို့ချောကလက် ဘူးကို Sehunအားကမ်းပေးလာပါသည်။

စားစရာများကို အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်ပင်Luhanထိုင်စားနေရင်း Sehunကလဲ မျက်နှာချင်း ဆိုင်ကနေ စကားသံတစ်သံမထွက်ပဲငြိမ်လျက်ထိုင်ကြည့်နေခဲ့သည်။

"ဦးလေးက ကိုယ့်ကိုပါ နိုင်ငံခြားကိုပို့ဖို့ကြိုးစားဖူးတယ်။ကိုယ်လက်မခံပဲငြင်းလိုက်တော့ ခင်ဗျားဘက်ကိုကြိုးစားတာထင်ပါတယ် "

စားစရာအားလုံးစားကုန်သွားသည့်အခါမှာ Sehunက စကားစလာခဲ့သည်။ မည်သည့်အကြောင်းကို မည်သို့ရှင်းပြပေးရမည်မှန်းမသိပေမဲ့လဲ အဖြစ်မှန်ကိုတော့ဖြင့်Sehunရိုးရိုးသားသားပြောပြလိုခြင်းသာဖြစ်ပါသည်။

Luhanစကားတခွန်းထောက်မပြောပဲငြိမ်နေသည့် နောက်Sehunကသက်ပြင်းချသည်။

"ခင်ဗျားစိတ်အနှောင့်အယှက်ဖြစ်သွားမယ်ထင်တယ် ။ကိုယ်က မိသားစုအကြောင်း Company အကြောင်းတမင်ဖုံးကွယ်ထားတာမဟုတ်......."

"Oh Sehun ငါက မင်းဘယ်လိုလူလဲဆိုတာမသိပဲတွဲနေတယ်ထင်လို့လား ? ထားပါ မင်းရဲ့နောက်ခံတွေ မင်းအသိုင်းအဝိုင်းဘယ်လိုရှိလဲတွေကို စနစ်တကျတွက်ချက်ပြီးတွဲခဲ့တာမဟုတ်ပေမဲ့ ငါလက်တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါကောင်းကောင်းသိပါတယ်"

Sehun လက်ချောင်းအချင်းချင်းယှက်ကိုင်လျက်စားပွဲပေါ်မှာတင်ထားသည်။ Luhan မှာ ရှိနေသည့်မာနကိုသူသိနေသဖြင့် သူ၏မိသားစုနောက်ခံအားကိုးဖြင့် Luhanပညာရေး ဘဝ အနာဂတ်ကို ဆုံးဖြတ်ရဲသည်ဟု Luhanတွေးထင်သွားမှာ Sehun သိပ်ကြောက်သည်။

"မင်း ငါနဲ့ပတ်သက်ရင် အတွေးတွေအရမ်းများတာပဲလားSehun ဟင် ? တခုခုဆို ငါ့ကိုပဲအရင်မေးကြည့်ပါလားငါကြိုက်လား မကြိုက်ဘူးလား စိတ်ဆိုးလား စိတ်မဆိုးဘူးလားကို မင်း တဖက်သတ်တွေးမနေပဲလေ ငါ  အဲ့လောက်တော့ မင်းကို လိုက်လျောနိုင်ပါတယ် Sehunရဲ့"

ပြုံးပြလျက် ပြောလာသည့် Luhanစကားနောက်မှာမှSehunသည် သက်ပြင်းမောချမိသည်။ မျက်နှာချင်း ဆိုင်ထိုင်နေရာမှနေ ဘေးခုံဆီရွှေ့မိပြီး အနားသို့တိုးကပ်ထိုင်မိသည့်အခါ Luhanက ပြုံးလျက်ကြည့်မြဲသာဖြစ်သည်။

"အခုပေးတဲ့ပညာတော်သင်က ကိုယ့်ပရောဂမကင်းဘူးဆိုတော့ ကိုယ်ပြောလိုက်တာ ပျက်သွားလောက်တယ်"

"မင်းတို့companyကမပေးလဲ ငါ့ကိုပေးမဲ့သူတွေတပြုံကြီးပါနော် လူကိုဘာမှတ်နေလဲ ?"

Sehun နဖူးကို လက်ညိုးဖြင့်တွန်းထုတ်ရင်း Luhan ဆူပွပွပြောသည့်နောက် Sehunက ခပ်ဟဟရယ်မောသည်။

ပြီးနောက် နဖူးကိုတွန်းလာသည့် Luhanလက်ကို အသာအယာဆွဲယူဆုပ်ကိုင်လိုက်ပြီး

"ကိုယ်သိပါတယ် ကိုယ့်ခင်ဗျားက သိပ်တော်တာပဲကိုး။ ဒါနဲ့ စာဆက်သင်ဖို့ စိတ်ကူးရှိတယ်မလား ?"

"အရင်ကတော့ ရှိတယ် ..."

Sehun ကိုင်ထားသည့် လက်ကိုဆွဲယူထုတ်ပြီး Luhanက ချောကလက်နို့ကိုယူသောက်သည်။ တစက်မကျန်သောက်ပြီးကာလေမှ ချောင်းတချက်ဟန့်လျက် ဘူးကိုစားပွဲပေါ်ပြန်တင်ပြီးနောက်

"အခုက.........ဒီလိုပဲ......ပြခန်းတွေနဲ့လဲစာချုပ်ချုပ်ထားတယ်ဆိုတော့ နောက်လေးနှစ်ငါးနှစ်လောက်ထိတော့မသွားတော့ဘူးလားလို့ နောက်......"

"အင်း နောက်ဘာဖြစ်လဲ "

ရိုးရိုးသားသားဖြင့်စကားထောက်မေးလိုက်သည့် Sehunကို Luhanကမကျေမချမ်းငဲ့ကြည့်သည်။
ချက်ချင်းဆိုသလိုပင် မျက်နှာကိုလွှဲလိုက်ပါပြီး

"မေမေတယောက်တည်းဆိုတော့ စိတ်မချဘူး အဲ့ဒါကြောင့်"

"အော် အဲ့ဒါလဲဟုတ်တာပဲ"

"အေး ငတုံး"

"အမ် !!"

Luhan မှ စိတ်လေပါသည် ဆိုသောပုံစံဖြင့်ကြည့်ပြီးကာမှ ရယ်မောလာလျက် မတ်တပ်ထရပ်ပြီး ဆိုင်ထဲမှထွက်လာတော့သည်။

ဘုမသိဘမသိငတုံးအခေါ်ခံလိုက်ရပြန်သည့် Sehunသည်လည်း နောက်ကနေထပ်ချပ်မခွာလိုက်လို့ Luhanကို စကားတွေတတွတ်တွတ်ပြောရင်း အိမ်သို့ပြန်ခဲ့ကြသည်။

ဒီကနေ့မှစ၍ အချိန်တိုင်း နေ့ရက်တိုင်းသည် ထိုသို့ပင်လည်ပတ်နေတော့မည်ဆိုသိပ်ကောင်းမည်။

Sehun အနားမှာ Luhan ရှိနေသည်။
မခွဲမခွာပဲ မငြီးမငြူပဲ Sehun၏ အနားမှာရှိနေသည်။

အိမ်သို့ရောက်ခါနီး လမ်းတကွေ့လေးမှာ Sehunက Luhanလက်လေးကို ဆွဲကိုင်ခဲ့လိုက်သည်။

လူမြင်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထိုလက်ကလေးကို သူရဲရဲဝံ့ဝံ့ဆုပ်ကိုင်ခဲ့တာဖြစ်ပြီး မရုန်းဖယ်ခဲ့သည့်Luhanကြောင့် နှလုံးသွေးတို့သည်လည်း ခုန်တိုးခဲ့ရပါသေးသည်။

.......................................

ချစ်လွန်းလို့ပေါ့ ခင်ဗျားရယ်
အမြဲတမ်းအတွက် ကိုယ့် အဖြေက ချစ်လွန်းလို့ပါပဲပေါ့

° The years I have loved him °

.......................................

နောက်ထပ် ရက်တွေ လတွေ နှစ်တွေ......။

တဖြည်းဖြည်းကုန်လွန်ခဲ့သည့်အထိ Sehun နှင့် Luhanလက်တွဲမြဲခဲ့ကြသည်။ အရင်းနှီးဆုံးလူ တချို့တလေသာအတွင်းကျကျသိသော ဆက်ဆံရေးဖြစ်ပြီး သာမန်ရင်းနှီးပါသည်ဆိုသောသူများကတော့ မသင်္ကာမျက်လုံးများဖြင့်ကြည့်တတ်သည့် သူတို့ဆက်ဆံရေးဖြစ်သည်။

Luhan ပြောခဲ့ဖူးသလိုပင် အတင်းအကျပ်ငြင်းဆန်နေခြင်းမရှိပါသော်လည်း Luhanကိုအမြဲထည့်တွက်ခဲ့သည့် Sehunသည် သူ့ချစ်သူက နာမည်ကြီးလူငယ်ပန်းချီဆရာတစ်ယောက်ဖြစ်ပါသည်ဆိုတာကိုဖြင့် လာမေးတိုင်းထုတ်ပြောနေခြင်းမဟုတ်ပါ။

တီးတိုးထွက်နေသည့် သတင်းများ ကောလဟာလများကိုလည်း အရေးတယူဖြေရှင်းမနေတော့ပဲ Archiမှ ခပ်လန်းလန်း စီနီယာအစ်ကိုကြီး Oh Se Hunတွင် လူမမြင်သူမမြင် RSရှိနေသည်ဆိုသောသတင်းဖြင့်နေရင်းနဲ့သာSehunတို့ဘွဲ့ရတော့မည်ဖြစ်သည်။

နောက်ဆုံး သုတေသနစာတမ်းဖတ်ပွဲ နှင့် စာ တမ်း အပ်အပြီး အတန်းထဲမှ ပြန်ထွက်လာခဲ့သည့်နောက် ဂျူနီယာကောင်မလေးတွေ နှုတ် ဆက်မည်ဆိုကာ ပြေးလာသဖြင့်Sehun ရှောင်ရသေးသည်။

ထိုသတင်းများကို SNS မှာ Luhanတွေ့သည့် နောက်Sehunကို မကျေမချမ်းကြည့်သည်။ ရည်းစားမရှိချင်ယောင်လာဆောင်နေတယ်ဆိုသည့် တီးတိုးစကားကိုSehunမှာကြားလေတိုင်းရယ်မောရသေးသည်။

Luhan သည် အရင်အတိုင်းပင် ဘာသိဘာသာနေတတ်သော်ငြားလည်း Sehunကိုတော့ဖြင့် တခါတလေဂရုစိုက်တတ်သေးသည်။ ပုံမှန်အချိန်ဆိုလျှင် သူ၏မြောက်မြားလှစွာသော အချိန်ဇယားတွေကြား တပတ်တခါ မျက်နှာတွေ့ဖို့ပင် ရှားပါးလွန်းလှပါသည်။

ထိုရှားပါးသည့်အချိန်များထဲမှ Sehun မှတ်မှတ်ရရရှိနေသည့် နေ့တစ်နေ့သည် Sehun ပထမဆုံးအကြိမ်အဖြစ်တရားဝင်အလုပ်ဝင်ရမည့်နေ့ဖြစ်သည်။

ထိုနေ့က Sehun ခပ်စောစောနိုးနေခဲ့သည်။ Companyသို့သွားကာ အလုပ်လုပ်နေကျဖြစ်ပါသော်လည်း ဆက်ခံသူနေရာကိုဝင်ယူပြီး တရားဝင်အလုပ်တက်မည့်နေ့ဖြစ်သဖြင့် စိတ်လှုပ်ရှားခဲ့သည်မှာအမှန်ဖြစ်သည်။

Companyကိုတရားဝင်ယူပြီးဖြစ်သလို မိဘများနေထိုင်ခဲ့သည့်အိမ်ကိုလည်းပြန်ရပြီးဖြစ်ပါသော်လည်း Sehunက Luhanရှိနေသည့် တိုက်လေးမှာပင် ကပ်နေနေသေးသည်။ အနည်းဆုံးတော့မျက်နှာမြင်နေရသည်ကို ပျော်နေသည်။

ပုံမှန်ထက် နာရီဝက်ခန့်စောကာ အိပ်ရာနိုးနေခဲ့သည့်Sehunသည် ကုတင်ပေါ်မှမဆင်းခင် ငါးမိနစ်ခန့်လှဲလှောင်းနေခဲ့ပါသေးသည်။ သူ့စိတ်ထဲ တနေ့တာလုပ်ရမည့် ကိစ္စများကိုအကြမ်းဖျင်းစီစဉ်နေရင်းနှင့်မှ ငုတ်တုတ်ထထိုင်လိုက်သည့်အချိန်တွင် နှာခေါင်းထဲတိုးဝင်လာသည့် အနံ့ခပ်တူးတူးကြောင့် ကုတင်ပေါ်မှပြေးဆင်းရတော့သည်။

"Luhan !"

"သြော် နိုးပြီလား "

မီးဖိုခန်းထဲ အပြေးအလွှားဝင်လာသည့် Sehun ကိုLuhanကလှည့်ကြည့်ပြီးခပ်တည်တည်ဖြင့်နှုတ်ဆက်လာသည်။ လက်ထဲကပန်းကန်ပြားထဲမှ မည်းတူးချပ်နေသည့် ပေါင်မုန့်များကို Sehun တချက်ကြည့်သည်။

စကားတခွန်းမဆိုရသေးခင်မှာပင် Luhan မှ ပေါင်မုန့်များနည်းနည်းတူးသွားတယ်ဆိုပြီး စားလို့တော့ရမှာပါဟုထပ်ပြောကာ ပန်းကန်ပြားကိုစားပွဲပေါ်ထပ်တင်သည်။

မီးဖိုခန်းအပေါက်ဝမှာ မတ်မတ်ကြီးရပ်နေသည့် Sehunကို ရေသွားချိုးလေးဟု ခပ်တည်တည်ပိတ်ဟောက်ပြီးမီးဖိုဘက်မျက်နှာပြန်လှည့်လို့ ကြက်အူချောင်းတွေလှီးချသည့်အခါ Sehunမှာ ထိုနားသို့အပြေးသွားလိုက်ရသည်။

ထင်သည့်အတိုင်းပင် ကြက်အူချောင်းနှင့်လက်မှားလှီးချေသည်။

"ဘာတွေလုပ်နေတာလဲ ခင်ဗျားရာ တကယ်ပဲ ထိခိုက်မိကုန်ပြီ လာ ဒီကိုလာ ရေနဲ့ဆေးချ"

လက်ညှိုးမှာရှပ်ထိသွားသည့်ဓားဒဏ်ရာကို Sehun စိုးရိမ်တကြီးကြည့်ရှုပြီး Luhanလက်ကိုဆွဲယူကာ ဘေစင်မှာရေသွားဆေးချသည်။ ကြီးကြီးမားမားဖြစ်သွားသည်ဟုမဟုတ်ပါသော် လည်း လက် ဖြစ်နေသဖြင့်Sehunအဆက်မပြတ်ပြောလို့မဆုံးတော့ပါ။

ရေဖြင့်စင်အောင်ဆေးပြီးသွားသည့်နောက်မှာ စုတ်ပြဲရာကလေးဖြင့် လက်ညိုး၌ နီရဲကျန်ရစ်နေခဲ့သည်။ ထမင်းစားပွဲ၌ ငြိမ်ငြိမ်ထိုင်ခိုင်းထားလိုက်ပြီး Sehun ဆေးသေတ္တာကိုပြေးယူသည်။ ထို့နောက် Luhanလက်ကိုဖွဖွဆွဲယူလို့ ပိုးသတ် ဆေးရည်လောင်းချပြီး ဆေးထည့်လျက် ပလာစတာကပ်ပေးရန်ပြင်သည်။

"အဲ့လောက်ကြီးကြီးမားမားကြီးလဲမဟုတ်ပါဘူး"

"ဘာလို့ထိခိုက်အောင်လုပ်သေးလဲ ဘာမှမပြောနဲ့
တော်တော့"

Luhan ကိုယ့်အပြစ်နှင့်ကိုမို့ပါးစပ်ပိတ်သွားပြီးနောက်မှာစားပွဲပေါ်မှာတင်ထားသည့်ပေါင်မုန့်မီးကင်တူးတူးပန်းကန်ကိုSehunဘက်သို့ရွှေ့ပေးလိုက်သည်။ တရက်တလေမနက်စာလုပ်ပေးချင်လို့ပါဟုပြောလျှင် Sehunပြောဆိုမည်စိုးသဖြင့် Luhanက စကားလမ်းကြောင်းလွှဲလေသည်။

"မင်းဘွဲ့ယူမှာက ဒီတပတ်စနေနော်"

"အင်း"

"ငါ အားတယ် သိလား အားအောင်လုပ်ထားတယ်"

အားကြိုးမာန်တက်ပြောနေသည့် Luhanကို Sehunကဓားရှရာအား ပလာစတာကပ်နေရင်းမှ မော့ကြည့်လာသည်။ စကားတခွန်းမဆိုတည်နေသည့် Sehunကြောင့်Luhanက ပလာစတာကပ်ပေးနေသည့်Sehunလက်ကိုကျန်လက်တဖက်ဖြင့် ခပ်ဖွဖွထိတွေ့ကစားလိုက်ပြီးပြုံးပြ
လာကာ

"ငါလာခဲ့မယ်နော် မေမေ့ကိုရော ခေါ်လိုက်ရမလား "

"မလုပ်ပါနဲ့ အမေပင်ပန်းတယ်"

"မင့်အမေက သားဘွဲ့ယူရင် လာချင်လို့တဲ့ သူ့ကိုပြောလုပ်နေတာ"

Sehunတို့ဆက်ဆံရေးကို တိတိကျကျမသိပါသော်ငြားလည်း Luhanမေမေက Sehunကို သားအရင်းတစ်ယောက်သဖွယ်ရင်းရင်းနှီးနှီးဆက်ဆံပေးသည်။

သူတို့ဆက်ဆံရေးအား မည်သူ့ကိုမဆို ပွင့်လင်းစွာပြောပြရန် မှာထားသည့် Luhanက အမေဖြစ်သူရှေ့မှာတော့ အနေအထိုင်ဆင်ခြင်သည်။ ထို့ကြောင့် Sehunသည်လည်း အလိုက်သင့်နေပေးရသည်။

"ပင်ပန်းပါတယ် ခရီးဝေးတယ် ကိုယ်ရော ခင်ဗျားရောအားတဲ့တစ်ရက်ကျမှသွားကြမယ်လေ ကောင်းတယ်မလား"

"အင်း ရပါတယ်"

"ထားတော့ ဘာကိစ္စမီးဖိုထဲဝင်ရတာလဲ "

စကားလမ်းကြောင်းလွှဲခြင်းအဆင်မပြေဖြစ်သွားသည်ကိုရိပ်မိသွားသည့် Luhanက ပါးစပ်ပိတ်ပြီး ဇက်ပုသွားသည်။ ရှားရှားပါးပါး ပေါ်လာတတ်သည့် သူအမှားလုပ်ပြီးတိုင်း လုပ်နေကျပုံစံလို Sehunကို သွားအဖြဲသားလေးဖြင့် ရယ်ပြလာပြီးမှ Sehunမေးဖျားကိုလက်ချောင်း များဖြင့်အသာအယာထိတွေ့ပုတ်ခတ်လိုက်ပြီးနောက်

"ဒီနေ့က မင်းပထမဆုံးအလုပ်ဝင်ရမဲ့နေ့မို့ ငါက
မနက်စာလေးရယ် နေ့လည်စာလေးရယ် လုပ်ပေးလိုက်ချင်လို့ပါ ဒီတခါတည်းလုပ်ပေးမှာ နောက်ရဖို့မသေချာဘူး"

တခါတည်း အဆုံးပြောလိုက်သည့် Luhanကို Sehunမှမကျေမချမ်းကြည့်သည်။ မနက်စာဆိုတာ ဒါလားဆိုသည့်သဘောဖြင့် ပေါင်မုန့်မီးတူးကင်ကို မျက်စပစ်ပြသည့်နောက် တက်တက်ကြွကြွခေါင်းငြိမ့်ပြလာသည်။

Sehunမှာ ခင်ဗျားကိုတော့မနိုင်ပါဘူးဆိုသည့်သဘောဖြင့်ခေါင်းခါယမ်းကာ တချက်ရယ်မောလိုက်ပြီးနောက် Luhanကိုပြန်ကြည့်လာသည်။ Luhanမှာ ပြုံးပြလာသည့်အခါ

"မနက်စာကတော့ထားပါ နေ့လည်စာကရော"

"အာ ကြက်အူချောင်းကြော်ရယ် ကြက်ဥပေါင်းရယ် ထမင်းကိုနှမ်းဆီနဲ့နယ်ပြီး ထည့်ပေးလိုက်မလို့ပဲ ခုက လက်ထိသွားတော့"

ပလာစတာကပ်ထားသည့်လက်ကိုထောင်ပြပြီး ငြီးငြီးငြူငြူပြောသည့်အခါ Sehunကပင် မတ်တပ်ထရပ်လို့ Luhanပါးစပ်ဖြင့်စီစဉ်ပေးထားသည့် သူ့အတွက်နေ့လည်စာကို ထပြင်ဆင်ရသည်။

ကိုယ်တိုင်လုပ် မီးတူးတူးပေါင်မုန့်ကင် မနက်စာကို Luhan မစားနိုင်သဖြင့် Sehunပင်ကုန်အောင်စားပြီးနွားနို့ဖြင့်မျှောချခဲ့ရသည့်မနက်ဖြစ်သည်။

company၏သူဌေးအသစ်ကလေးက ထမင်း ဘူးဖြင့်ရုံးလာတက်သည်ဆိုသော သတင်းကလဲ ဝန်ထမ်းတွေကြားထဲ မွှေးသွားခဲ့ပါသေးသည်။

ဘယ်လိုဖြစ်ဖြစ် Luhanသည်ကား သူလုပ်ချင်တာလုပ်လိုက်ရ၍ စိတ်ပျော်မြူးပြီး Sehun အသွားတခေါက်အပြန်တခေါက် ပြခန်းသို့ အကြိုအပို့လုပ်သည်ကိုကြည်ကြည်သာသာဖြင့်လက်ခံခဲ့ပါသေးသည်။

ကတိပေးခဲ့သော်လည်း Sehun ဘွဲ့ယူရမည့်နေ့တွင် Luhanက ဆိုးလ်မှာရှိမနေခဲ့ပါ။ ပန်းချီဆရာတစ်ဦးနှင့်တွေ့ရမည်ဆိုကာ ပြခန်းမှပြခန်းမှူးနှင့်နယ်ဘက်သို့ရုတ်တရတ်ကြီးထွက်သွားခဲ့ခြင်းဖြစ်ပြီး Sehun ဘွဲ့ယူပြီး၍ ခန်းမထဲမှထွက်လာချိန်အထိ Luhanဆီမှ မှီအောင်လာခဲ့မည်ဆိုသော စာတိုတစ်စောင်မှလွဲ မည်သည့်အဆက်အသွယ်မှမရခဲ့ပါ။

"Sehun ရေ ဓာတ်ပုံရိုက်ကြမယ်ဟေ့"

မိသားစုများ သူငယ်ချင်းများဖြင့် ပျော်ပျော်ပါးပါးစုဝေးဓာတ်ပုံရိုက်နေကြသည့် သူငယ်ချင်းအုပ်စုထဲဝင်ရောက်ကာ အုပ်စုလိုက်လေးငါးပုံရိုက်ပေးဖြစ်သည်။ ထို့နောက်ခပ်လှမ်းလှမ်းမှာရှိသည့် ခုံတန်းဆီသို့သွားကာ လျော့တိလျော့ရဲထိုင်ချလိုက်ပြီး ရှုပ်ယှက်ခတ်နေကြသည့်လူအုပ်ကြီးကို ငေးကြည့်သည်။

ဘွဲ့နှင်းသဘင်ကိုလာရောက်ဖို့စိတ်ကူးမရှိခဲ့ပါသော် လည်းLuhanမှလာခဲ့မည်ဆိုသဖြင့် Sehun ဘွဲ့နှင်း သဘင်တက်ခြင်းဖြစ်သည်။

လက်ပတ်နာရီကိုတချက်ပင့်ကြည့်ပြီး သတင်းအစအနမရသေးသည့် ဖုန်းကိုတချက်ဖွင့်ကြည့် သည်။ မျက်စိရှေ့မှလူသူများတော်တော်ကျဲပါးသွားသည့်အချိန်အထိSehunငုတ်တုတ်ထိုင်စောင့်နေမိသည်။

Luhanက လာပါမည်ဟု ကတိပေးထားသဖြင့် သေချာပေါက်သူ့ဆီကိုလာပါမည်ဟု Sehunယုံကြည်ပါသည်။

"ဒါနဲ့ တစ်ယောက်တည်းလား ?"

Sehun၏ ယုံကြည်ထားချက်သည် ဒီတခေါက်မှန်ကန်ပါသည်။ ခုံတန်းလျား၏နောက်မှီကို လက်ညှိးဖြင့်တချက်ခေါက်ပြီး နှုတ်ဆက်လာသည့်သူက Luhanဖြစ်နေခဲ့သည်။ Sehunစကားတစ်ခွန်းတုံ့ပြန်မဆိုနိုင်ပဲ Luhanသူ၏ဘေးနားသို့ဝင်ထိုင်သည်အထိ တောက်လျှောက်လိုက်ကြည့်နေခဲ့ပါသည်။

စိတ်အေးလက်အေးထိုင်ချပြီးသောLuhanသည်
Sehunလက်သို့လှည့်လာကာပြုံးပြလာသည်။ လက်မှာကိုင်ထားသည့် Sehunဘွဲ့လက်မှတ်နှင့် အရွယ်အစားအတူတူရှိလောက်သည့် မှန်ဘောင်သွင်းကားချပ်တစ်ခုကို Sehunဆီကမ်းပေးလာခဲ့သည်။ စက္ကူတချပ်ထပ်ခံထားပါသဖြင့် မည်သို့သောကားချပ်မှန်း Sehunမသိနိုင်။

Sehunလက်ထဲမှ ဘွဲ့လက်မှတ်ကိုလှမ်းယူလျက် Luhanက ကားချပ်ကိုဖွင့်ကြည့်ရန် မေးငေါ့ပြသည်။

"ဘာလဲ ?"

"လက်ဆောင်လေ ဖွင့်ကြည့်လိုက်"

ယောင်ယောင်ကလေးပြုံးနေသည့် Luhan မျက်နှာကိုတချက်ငဲ့ကြည့်ပြီး Sehunက ပိတ်ထားသည့်စက္ကူများကိုအသာအယာစုတ်ဗြဲလိုက်သည်။

စက္ကူများအောက်မှ တွေ့လိုက်ရသည့် ကားချပ်သည်Sehun၏ ပုံတူပန်းချီကားချပ်ဖြစ်ပြီး အိမ်မှာ Sehunဘွဲ့ဝတ်စုံကိုအစမ်းဝတ်ပြခဲ့သည့်နေ့ကပုံစံကိုဆွဲထားခြင်းဖြစ်သည်။ Luhanဝတ်ပြခိုင်းတုန်းက ဘာအတွက်ကြောင့်ရယ်မသိပေမဲ့ ဝတ်ရုံသာမက ဘွဲ့ဦးထုပ်ပါဆောင်းထားပြီး ကြမ်းပြင်ပေါ်ထိုင်လို့ အားရပါးရ ပြုံးရယ်နေသည့် Sehun ပုံစံသည် အသက်ပါလှပါသည်။

ထိုနေ့က Luhan ဟာသတော်တော်များများပြောပြခဲ့သည်ကိုအမှတ်ရမိသည်။ Sehunရယ်မောနေသည့်ပုံစံများကို ပုံတူထဲထည့်ဆွဲလို၍ ပြောခဲ့တာဖြစ်ကောင်းသည်။

"သဘောကျလား ? ငါ့လက်ဆောင်ကို"

မှန်ဘောင်သွင်းထားပြီးဖြစ်သည့် ကားချပ်ကို လက်ဖဝါးဖြင့် အသာအယာပွတ်သပ်နေပြီး Sehunက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ တဖြည်းဖြည်းချင်းပြုံးလာသည့်နှုတ်ခမ်းများသည့် Luhanမျက်နှာဘက်ကိုလှည့်ကြည့်
လိုက် သည့်နောက် နှစ်လိုဖွယ်ကောင်းအောင်ပြီးပြည့်စုံသည့်အပြုံးများဖြစ်သွားသည်။

"အင်း ကိုယ် အရမ်းသဘောကျတယ်"

"ငါလဲ ဘာလက်ဆောင်စီစဉ်ရမှန်းမသိတာနဲ့"

"ကိုယ့်ပုံတူလေးတွေများများဆွဲပေးလို့ရမလား ? ဟင်"

"ဘာလဲ ...... မင်းကလိုချင်လို့လား "

လိုလိုချင်ချင်ဖြင့်ကို ခေါင်းအဆက်မပြတ်ငြိမ့်ပြီး အနားသို့တိုးကပ်လာသည့် Sehunအား Luhanမှ ခပ်ကြာကြာစိုက်ကြည့်သည်။ မိနစ်အနည်းငယ်ကြာသည့်နောက် အကြည့်ပြန်လွှဲသွားပြီး ရယ် ပြုံးကာ ခေါင်းကိုမော့လို့ ခါယမ်းပြီး အသံလွင်လွင်ဖြင့်

"မဆွဲပေးပါဘူး ငါကပုံတူဆွဲတဲ့သူမှမဟုတ်တာ"

"စိတ်ပုတ်လိုက်တာ"

"ဘာပြောတယ်"

"ဒီကားချပ်လေးကကြည့်ကောင်းလိုက်တာလို့ပြောတာ"

ချက်ချင်းဆိုသလို ပုံတူပန်းချီကိုကြည့်ပြီးချီးမွမ်းခန်းဖွင့်လိုက်သည့် Sehunကို Luhanမှမကျေမချမ်းဖြင့်စောင်ကြည့်သည်။ ပုံတူပန်းချီကိုစိမ့်စိမ့်ကြည့်ပြီး ပြုံးနေပါသော Sehunကြောင့် Luhan သည်လည်း ပြုံးလို့လာသည်။ ထိုသို့ပြုံးနေသည့် မျက်နှာကလေးကို Sehunအသံမပေးဘာမပေးပဲမော့ကြည့်လိုက်သည့်နောက် အပြုံးတပိုင်းတစဖြင့် Luhanမှာ ဆက်ပဲပြုံးရတော့မလို တည်ရတော့မလို ဟန်ချက်ပျက်သွားခဲ့သည်။

Sehunက ထိုသို့ချစ်ဖို့ကောင်းနေသည့် အစ်ကိုကြီး၏အနားသို့တိုးလာရင်း စကားတခွန်းဆိုသည်။

"ကိုယ် ဒီလက်ဆောင်လေးကိုတန်ဖိုးထားပါ့မယ်"

"ထားရမှာပေါ့ ဘယ်သူပေးတာမို့လို့လဲ"

"ဒါနဲ့ ကိုယ့်ကိုနောက်ထပ်လက်ဆောင်တစ်ခုလောက်ထပ်ပေးပါ့လား"

ထိုစကားအဆုံးမှာ Luhanက Sehunကို ငဲ့ကြည့်လာသည်။ သူဘာမှထပ်ပြီးမပြင်ဆင်ထားဘူးလေဆိုသည့်မျက်နှာကလေးကို အသည်းတယားယားကြည့်ပြီးနောက် Sehun ထိုသူကလေးအနားသို့ တဆင့်ထပ်ပိုတိုးကပ် သွားလိုက်သည်။

ပြင်ပလေကြောင့်အေးပြီးခြောက်ကွဲနေသည့် နှုတ်ခမ်းပါးလေးထက် Sehunနှုတ်ခမ်းဖြတ်ကနဲကပ်လိုက်သည့်နောက် Luhanအနောက်သို့ဆုတ်သွားပါသော်လည်း Sehunက လက်တဖက်ဖြင့်အင်္ကျီစကိုပြန်ဆွဲထားကာ ကျန်လက်တဖက်ဖြင့် ဘွဲ့ဦးထုပ်ကို ဆွဲကိုင်လျက် သူတို့အနမ်းအားလူမြင်ကွင်းမှ ခေတ္တခဏကာထားလိုက်သည်။

အေးပြီးခြောက်ကွဲနေသည့်နှုတ်ခမ်းပါးပါးက လေးသည်Sehun နှုတ်ခမ်းများကြား နွေးပြီးစိုစွတ်သွားခဲ့လေသည်။

To Be ConTinued.........

Continue Reading

You'll Also Like

50.9K 13.5K 49
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
48.5K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
542K 31.9K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
91.7K 5.7K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥