The years I have loved him
By HanXun
522K 70.2K 10.2K
Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာဝရထက်နှစ်များစွာ)
All I want for Christmas is U
Act Forty-four
8.5K 1.2K 521
By HanXun
လာသည်။ ဒီလိုနှင့် နှစ်ယောက်သား အတူရှိလာခြင်း
လာသည်။
ပြန်သွင်းခဲ့ရသည်။
ချင်ခဲ့။
ရန်ပြင်သည်။
ပိုများသည့် ပိုကျယ်သည့်နေရာသို့ပြောင်းဖွင့်လိုက်ပြီ
ဖြစ်သည်။
"အစ်ကို"
"ညီလေး ထုံးစံအတိုင်း"
မုန့်လာဝယ်တာ"
"ဒီမှာ ရပြီအစ်ကို"
"ကျေးဇူး ညီ"
"အမ် ? အစ်ကို့ ညီလေး ?"
လေ ပန်းချီဆရာလေး"
"အာ……အင်း အင်း"
များက မသိကြပါလေ။
"အစ်ကိုကလဲဗျာ "
မှာလား ?"
မောရင်းလှမ်းတားသည်။
ဟုတ်မလဲ ?"
"အမ် … "
"လက်မှတ်ထိုးလိုက်လို့ပြောတာ ယောက်ျားလုပ်ပစ်
လိုက်လေ"
"အစ်ကို !!"
တည့်ကြည့်ပါပြီး
ထိုးလိုက်နိုင်ပါသည်။
နိုင်ပဲဖြစ်သွားရသည်။
ခဲ့သည်။
လိုက်သည်။
တယ်လေ"
"အင်း အင်း"
ရယ်လဲ ?
မှာပင်
"မလိုက်နဲ့တော့"
"ကိုယ် သယ်ပေးမယ်လေ"
"အလွမ်းပြေရပြီ ။ ကျေးဇူးတင်ပါတယ် "
ရှာကြည့်မိရသည်။
သည်။
လွှင့်ပစ်ရန် ထရပ်သည်။
သည်။
……^……
ပတ်ထွေးထားလိုက်သည်။
လာတယ်"
တယ် အားရဲ့လား "
သည်။
ဘေးလာအိပ်"
"……………ခင်ဗျား ဘေးနားလား ?"
မလို့လား ??"
"အိပ်ပြီလား ?"
"………ဟင့်အင်း"
"Lu……Luhan"
"ငါအိပ်ချင်နေပြီ"
"အင်း ……… အိပ်လေ"
"Luhan ?"
"Luhan "
ခဲ့သေးသည်။
ပွေ့ထားလိုက်သည်။
လိုက်သည်။
"အင်း……"
"အင်း "
"…………………အင်း"
ကာလှပလွန်းခဲ့သည်။
……………………………………
……………………………………
သည်။
အောင် နှုတ်ဆက်ရလေသည်။
"ok လေ"
Sehunစီမှအကြံဥာဏ်တောင်းခံခဲ့သေးသည်။
ရသေးသည်။
ဖက်သို့လှည့်လာပြီး
တော့ဘူး"
မဟုတ်ဘူးထင်တယ်"
သားနဲ့"
သည်။
ရှိတာအမှန်ပဲ "
ညီမပြင်မယ်လေ"
လှုပ်ရှားလား ?"
"ညီမ……ညီမလေ"
"Sehun မလိမ်ဘူး ညီမလေး"
ခဲ့သည်။
"Luhan ?"
"စီနီယာ …… ညီမက… "
"သူ့ချစ်သူက အစ်ကိုပဲ"
"Luhan ခင်ဗျား "
"မဟုတ်ဘူး ကိုယ်က"
ခေါ်မွေးထားသည်။ )
သက်ပြင်းမောချလေ၏။
ကလေးတွေကမလွယ်ဘူး"
ပျော်ရပြန်သည်။ကြည်နူးရပြန်သည်။
"သိပ်တုံးတာပဲ……"
………………………………
သိပ်ချစ်တာပဲ
To Be ConTinued………
ကြပါဦး 🖤
နှစ်ယောက်ကြားမှာ ခွန်းကြီးခွန်းငယ် စကားများသည်ဟုဆို၍ရခြင်းသည် ထိုတခေါက်ပဲရှိခဲ့သည်။ ကြားကာလများတွင် Luhan ကို အလျှော့ပေးဖို့ချည်း စိတ်လျင်နေသည့်Sehunကြောင့် စကားများ ရန်ဖြစ်ခြင်းသည် သူတို့နှစ်ယောက်ကြားမှာ ရှိကိုမရှိတော့သည့် ကိစ္စသဖွယ်ဖြစ်လာသည်။ ဒီလိုနှင့် နှစ်ယောက်သား အတူရှှိလာခြင်းသည် လတွေကြာညောင်းလို့ နှစ်ပေါက်လာခဲ့ရသည်။
နာမည်ရလာသည့် တက်သစ်စပန်းချီဆရာလေး Luhanသည် ပြခန်းတွေကဖိတ်သဖြင့် ခရီးထွက်ရကာ နယ်မြို့တွေဆီသွားရလေ့ရှိသည်။ Company၏ အုပ်ချုပ်ရေးပိုင်းကိုတစတစနေရာဝင်ယူနေပြီဖြစ်သည့် Sehunကလည်း တခါ တလေအိမ်ပြန်မအိပ်ဖြစ်သည့်နေ့များရှိလာသည်။
သို့တိုင်အောင် သူတို့နှစ်ဦး အဆက်အသွယ်မပြတ်ရလေအောင် Sehunက ကြိုးစားလေ့ရှိသည်။ ယနေ့တွင် Luhan နယ်မှပြန်လာမည်ဖြစ်သဖြင့် Sehunက ကား
ဂိတ်ကိုသွားကြိုမည်ပြင်နေပါသည်။
သွားရလာရအဆင်ပြေအောင် Sehunက ကားတစီးဝယ်
လိုက်ပြီဖြစ်ပြီး ထိုကားရောက်လာသည့်နေ့က Luhanမှာ
တက္ကသိုလ်စတုတ္ထနှစ်ကျောင်းသား မင်းက ဘာပိုက်ဆံရှိလို့လဲဟုမေးသည်။ Sehunမှာ ပြန်လည်မချေပနိုင်ပဲ Companyကနေ လစာယူလို့ ကားဖိုးကို
တလတခါပြန်သွင်းခဲ့ရသည်။
Sehunလုပ်အားခနှင့်ဝယ်ထားသည့်Sehunကားအပိုင်
ဖြစ်သွားပါမှ Luhanသည် လိုက်စီးလေသည်။
ကားဖြင့်လာကြိုမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြား
ထားရသည်။ ဒါတောင် ကျောင်းနှင့်အလုပ်ကူးသွားနေရသည့် Sehun ပင်ပန်းသည်ဆိုကာ Luhanကမလာစေ
ချင်ခဲ့။
ကားက အဝေးပြေးကွင်း၌ ညနေငါးနာရီစိုက်မည်ဖြစ်သည့်အတွက် Sehunမှာ Minseok၏ကော်ဖီဆိုင်သို့ မောင်းချသွားလိုက်ပြီး Luhan အဆာပြေစားဖို့ မုန့်ဝင်ဝယ်ရန်ပြင်သည်။
ကော်ဖီအပြင်အဆာပြေမုန့်အမျိုးအစားစုံစုံလင်လင်
တင်ထားပြီဖြစ်သည့် Minseok၏ ဆိုင်နေရာသည်
တက္ကသိုလ်နားမှာမဟုတ်ပါတော့ပဲ လူအသွားအလာ
ပိုများသည့် ပိုကျယ်သည့်နေရာသု့ိပြောင်းဖွင့်လိုက်ပြီ
ဖြစ်သည်။
"အစ်ကို"
"ဘဲဥဆားငန်မုန့်က ကုန်နေတယ် ထပ်လုပ်ဖို့လဲမရှိဘူး"
နှုတ်ပင်မဆက်ပဲ Sehunကိုမြင်သည်နှင့် လှမ်းစသည့်
Minseokပင်ဖြစ်သည်။ Luhanက အနှီဆိုင်မှာ ဝန်ထမ်းအသစ်ကောင်လေးထွင်ထားသည့် ဘဲဥ
ဆားကန်ပေါင်မုန့်ကိုအရမ်းကြိုက်သဖြင့် Sehunသင်ဖို့ကြိုးစားဖူးသည်။
"မင်း ပေါင်မုန့်ဖုတ်တဲ့နေရာမှာတော့ ပါရမီမပါဘူး"
အပြင်တူးကာအထဲမကျက်သည့်ပေါင်မုန့်များကို Luhan
က ကုန်အောင်စားပြီး ထိုစကားကိုဆိုသည်။
ယင်းအချိန်မှစ၍ Minseokဆိုင်မှာ ပေါင်မုန့်လုံးများကို
Sehunတယောက်တည်းဝယ်လေတော့သည်။
"ညီလေး ထုံးစံအတိုင်း"
Minseokက လှမ်းစပေမဲ့ Sehunမှာ ကောင်တာက
ဝန်ထမ်းအသစ်လေးကို မုန့်လှမ်းမှာလိုက်ပြီး Minseokထိုင်နေသည့်ခုံ၌ ဝင်ထိုင်လေသည်။
အတော်အသင့်စီးပွားချဲ့ထွင်လိုက်ပြီဖြစ်သော သူဌေး
Minseokက အရင်လို ဆိုင်မှာ သူ့လက်သူ့ခြေလုပ်စရာ
မလိုပါတော့ပဲ ဝန်ထမ်းကောင်လေးများနှင့် မျက်နှာလွှဲထားလို့ရနေပြီဖြစ်သည်။
"Luhanက ဒီနေ့ပြန်လာပြီလား "
"အင်း ဟုတ်တယ် အခုသွားကြိုမို့ ။ ဗိုက်ဆာနေမှာဆိုးလို့ မုန့်လာဝယ်တာ"
Minseokက ခေါင်းတငြိမ့်ငြိမ့်ဖြင့် မုန့်ပိုထည့်ပေးလိုက်ဖို့
ဝန်ထမ်းလေးကိုလှည့်ပြောသည်။
"ဆိုင်ကတော်တော်အဆင်ပြေနေပြီနော်"
"အင်း စီးပွားတက်လာတာပေါ့ကွာ မင်းကရော စာတွေယအလုပ်တွေနဲ့ နိုင်ရဲ့လား "
"ကျွန်တော်ကတော့အကျင့်ဖြစ်နေပါပြီ Luhan အနားမှာရှိနေတော့လည်း ပင်ပန်းတာတွေ သည်းခံနိုင်တယ်"
- FA ငါ့ကိုဖဲ့လိုက်ပြန်ပြီ - ဆိုသည့် အကြည့်ဖြင့် Minseokကြည့်သည့်အခါ Sehunက ကျေနပ်အားရ
သည့်နှယ် ခပ်တိုးတိုးရယ်မောသည်။
ထိုအခိုက်မှာပင် ဝန်ထမ်းအသစ်ကောင်လေးသည် Sehunကို မုန့်ဘူးနှင့် ကော်ဖီဘူးထည့်ထားသည့် အိတ်
ကို လာရောက်ကမ်းပေးလို့ ရယ်ပြလာပြီး
"ဒီမှာ ရပြီအစ်ကို"
"ကျေးဇူး ညီ"
"အစ်ကို့ ညီလေးကိုလဲ ပြောလိုက်ပါဦး ကျွန်တော်
မုန့်အသစ်ထွင်ထားတာ လာမြည်းပေးပါလို့"
"အမ် ? အစ်ကို့ ညီလေး ?"
"ဟုတ် အစ်ကိုနဲ့ရုပ်ချင်းဆင်တဲ့ အသားဖြူဖြူအစ်ကိုလေး
လေ ပန်းချီဆရာလေး"
"အာ……အင်း အင်း"
Sehun မအီမလည်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည့် နောက်ဝန်ထမ်းအသစ်လေးက ပြုံးပြနှုတ်ဆက်ပြီးထွက်သွားခဲ့သည်။ စကားစလာသည့်အချိန်တည်းမှ တိတ်တိတ်လေးရယ်နေခဲ့သည့် Minseokသည် ဝန်ထမ်းသစ်ထွက်သွားသည့်နောက် အားရပါးရကိုရယ်လာခဲ့ပါသည်။
ကော်ဖီဆိုင်မှ ဝန်ထမ်းများကို အသစ်ခန့်ထားခြင်းဖြစ် သလို Sehun နှင့် Luhan သည်လည်း အရင်လို အလာအပေါက်နည်းသဖြင့် သူတို့ဆက်ဆံရေးကို ဆိုင်ဝန်ထမ်းများက မသိကြပါလေ။
စားပွဲကိုထုထုပြီးရယ်လျက်နေသည့် Minseokအား
Sehun မှ မျက်မှောင်ကျုံ့ကာကြည့်သည်။
"ဘာတွေအဲ့လောက် ရယ်စရာပါလို့လဲ ?"
"ဖရန့် ဇုန် ကနေ ညီအစ်ကိုဇုန် ။ နောက်ဆို Luhanကို
မင့်သားလို့တောင်ထင်ကြတော့မယ်"
"အစ်ကိုကလဲဗျာ "
"ဟုတ်လဲဟုတ်တာပဲ မင်းတို့က ချစ်သူတွေနဲ့မတူပဲ
မင်းပုံစံက ညီ့ကို တဖူးဖူးမှုတ်ထားတဲ့ အစ်ကိုပုံဖြစ်နေပြီ"
"အဲ့တော့ ကျွန်တော်က ဘယ်လိုလုပ်ပေးရမှာလဲ
ကျွန်တော့်ချစ်သူပါလို့ Luhanနဖူးမှာစာကပ်ပေးထားရ
မှာလား ?"
မုန့်ဘူးထည့်ထားသည့်အိတ်ကို ဆွဲကာ မတ်တပ်ထရပ်
တော့မည်ပြင်နေသည့် Sehun ကို Minseokမှ ရယ်
မောရင်းလှမ်းတားသည်။
"အေးလေ စာကပ်ထားလိုက် တကယ့်စာတော့ဘယ်
ဟုတ်မလဲ ?"
"အမ် … "
ပြောသည့်စကားနားမလည်ကာ အူလည်လည်ဖြစ်သွား
သည့် Sehun ကို Minseokမှ စားပွဲပေါ်လက်ထောက်
မေးတင်ပြီး ပြုံးကြည့်သည်။
"လက်မှတ်ထိုးလိုက်လို့ပြောတာ ယောကျ်ားလုပ်ပစ်
လိုက်လေ"
"အစ်ကို !!"
ထအော်သည့် Sehunကို ဘေးဝိုင်းမှလူများပင် အထူး
အဆန်းမော့ကြည့်ကြရပါသည်။ Minseokသည်လည်း
သဘောတကျ အသံပင်ထွက်ရလောက်အောင်ရယ်လျက်တမျက်နှာလုံးနီမြန်းနေပြီဖြစ်သည့် Sehunကို တည့်တည့်ကြည့်ပါပြီး
"တွဲတာလဲနှစ်ပေါက်နေပြီ ခုချိန်ထိ လက်လေးပဲကိုင်
အိပ်ပါ့မယ်ဆိုတဲ့ ချစ်သူတွေမလား အာ ညီအစ်ကိုတွေ"
"တော်ပြီ အစ်ကိုရာ သွားတော့မယ်"
နားရွက်တွေထိနီမြန်းပြီး ခေါင်းတွေကုတ်ကာ ဆိုင်ထဲမှ အဆောတလျင် ထွက်သွားလေသည့် Sehunကို ကြည့်လျက် Minseokမှရယ်ပြီးကျန်ခဲ့သည်။
ကြုံရင်ကြုံသလို FAလေးပါဗျာဟု မသိမသာနှိမ်တတ်
သည့် Sehun အား Minseok ဆေးကောင်းကောင်း
ထိုးလိုက်နိုင်ပါသည်။
Sehun မှာ Luhanကိုကြိုလာပြီး အိမ်သို့ပြန်လာသည်
အထိ Luhan နှင့် မျက်လုံးချင်းပင်ကောင်းကောင်းမဆုံ
နိုင်ပဲဖြစ်သွားရသည်။
"နေမကောင်းဘူးလား Sehun"
"ဗျာ ? အာ ကောင်းပါတယ် ဘာလို့လဲ "
Sehun တချက်ငဲ့ကြည့်ပြီး ရှေ့ဘက်သို့ ချက်ချင်းပြန်
လှည့်လျက် ကားကိုမောင်းသည်။ Luhanသည် သောက်နေသည့် ကော်ဖီဘူးကို အိတ်ထဲပြန်ထည့်လိုက်ပြီး Sehunဘက်သို့ အနည်းငယ်လှည့်ထိုင်ကာ ရှေ့တိုးလာခဲ့သည်။
နဖူးပေါ်ရုတ်တရတ် ကျရောက်လာသည့် လက်ဖဝါးငယ်
ကြောင့် Sehunမှာ အသက်ရှုပင်အောင့်သွားခဲ့လေသည်။
နှုတ်ခမ်းတို့တင်းတင်းစေ့ပိတ်လျက် စတီယာရင်တိုင်ကို
အားပြင်းပြင်းဆုပ်ကိုင်ထားသည့် Sehun အား Luhan
မှ သတိမမူမိပဲ Sehun  နဖူးစပ်မှာစို့နေသည့်ချွေးများကို သူ့လက်ဖမိုးဖြင့် ပင့်သုတ်ပေးလျက် နေရာမှာပြန်ထိုင်လိုက်သည်။
"အဖျားတော့မရှိဘူး မျက်နှာတွေနီနေလို့ ချွေးလဲစို့နေ
တယ်လေ"
"အင်း ပူလို့ပါ ကိုယ် နေကောင်းပါတယ်"
"အင်း အင်း"
Luhan မှာ ပြုံးလျက် ခေါင်းငြိမ့်ပြပြီး ကော်ဖီသောက်ကာ
မုန့်စားနေခဲ့သည်။ မျက်နှာချင်းဆိုင်မတွေ့ရသည်က
သုံးပတ် ခန့်ရှိပြီဖြစ်သည်။
ကြားခဲ့သည့်စကားကြောင့် မျက်နှာချင်းဆိုင်ရမှာ အနည်းငယ် မျက်နှာပူနေခဲ့သည့် Sehunက Luhan မသိရလေအောင် ခဏခဏ ခိုးခိုးကြည့်ဖြစ်သည်။
သူဘယ်လောက်တောင် လွမ်းဆွတ်နေခဲ့ရတဲ့ အချစ်လဲ ?ဘယ်လောက်တောင် တွေ့ချင်နေခဲ့ရတဲ့ မျက်နှာကလေးရယ်လဲ ?
သဘောတကျဖြင့် တစိုက်မတ်မတ် ခိုးကြည့်နေရင်းနှင့်မှအိမ်သို့ရောက်လာခဲ့သည်။
ညမှောင်ရီပင်သမ်းနေပြီဖြစ်သည့်အတွက် Luhanက
Sehunကားထဲမှ ခရီးဆောင်အိတ်ကိုထုတ်ပေးပေးပြီးချင်းမှာပင်
"မလိုက်နဲ့တော့"
"ကိုယ် သယ်ပေးမယ်လေ"
"ရတယ် ငါနိုင်တယ် အာ … ညစာလဲမစားတော့ဘူး
ပေါင်မုန့်တွေစားပြီးဗိုက်ပြည့်နေပြီ"
"………အင်း အဲ့ဒါဆိုလဲ နားလေ နော်"
Luhan ခေါင်းငြိမ့်ပြလိုက်ကာ လှည့်ထွက်မည်ပြင်သည်။သို့ပေမင့် နောက်နားမှာမလှုပ်မယှက်ရပ်နေခဲ့သည့် Sehun အား လည်ပြန်ပြန်ကြည့်လာခဲ့သည်။
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်
မိနစ်ပေါင်းများစွာ ကြည့်နေမိကြရင်းမှ Sehun နှုတ်ခမ်း
တွေတဖြည်းဖြည်းချင်းပြုံးလာခဲ့သည်။
ထို့နောက် သက်ပြင်းမောတချက်ချလျက် Luhan၏
ပါးတဖက်ကို ခဏကလေး ပွတ်သပ်လိုက်ပါပြီး
"အလွမ်းပြေရပြီ ။ ကျေးဇူးတင်ပါတယ် "
အပြုံးတချက်ဖြင့် Luhan ကျောခိုင်းလှည့်ထွက်သွား
သည့်အခါ Sehunသည်လည်း ပြုံးလျက်ကျန်ခဲ့သည်။
အိမ်ထဲသို့ဝင်ပြီးသည့်နောက် Sehunက ရေမိုးချိုးခြင်း
အရင်လုပ်ဆောင်ကာ မီးဖိုခန်းသို့ဝင်ခဲ့သည်။ ညစာမစားထားပါသော်လည်း စားချင်စိတ်မရှိ။ ရေခဲသေတ္တာထဲ အဆင်သင့်ရှိသည့် နို့ဘူးကို ယူလိုက်ပြီး ဘူးလိုက်မော့သောက်လျက် မနက်ဖြန် မနက်စာပြင်ဆင်ဖို့ကို ရေခဲသေတ္တာထဲရှာဖွေနေလိုက်သည်။
ပန်ကိတ်အနှစ်များဝယ်ထားသည်ကိုသတိရလျက် ရိုးရိုး
ရှင်းရှင်း ပန်ကိတ်နှင့်ကြက်ဥလုပ်ပေးဖို့တွေးလိုက်ပြီးမှ
ကားပေါ်၌ စွပ်ပြုတ်ထမင်းစားချင်လိုက်တာဟုဆိုလိုက်
သည်ကို သတိရလိုက်မိပြီး ဘာအသားများရှိမလဲ
ရှာကြည့်မိရသည်။
ကြက်သားဘူးကိုတွေ့ရပါမှ ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး
စွပ်ပြုတ်လုပ်ရန် ပါဝင်ပစ္စည်းများကို စားပွဲပေါ်မှာစုထားခဲ့လျက် မီးဖိုခန်း မီးပိတ်ကာ ဧည့်ခန်းသို့ထွက်ခဲ့လိုက်သည်။
"၂ဆပေးလိုက် ဦးလေး အဲ့မြေကိုရမှဖြစ်မယ်"
အကျယ်အဝန်းကောင်း ပတ်ဝန်းကျင်ကောင်းလှသည့်
မြေကွက်ကို Tabletမှ တဆင့်ကြည့်ပြီး Sehunက ဖုန်း
ဆက်ပြောသည်။ လက်စသတ်ရန်ကျန်သေးသည့် အလုပ်များ ကျောင်းစာများကို အပြီးသတ်နေလိုက်ကာ နာရီမော့ကြည့်မိသည့်အခါ ဆယ့်နှစ်နာရီပင်ကျော်လုဖြစ်နေပြီ။
တဝက်ကျော်ကျန်သေးသည့် နို့ဘူးသည်လည်း တစက်
မျှ မကျန်အောင်ကုန်လေပြီ။ Sehun Laptopကိုပိတ်ချလိုက်ပြီး စားပွဲမှထကာ နွားနို့ဘူးအခွံကို အမှိုက်ပုံးထဲလွှင့်ပစ်ရန် ထရပ်သည်။
ထိုအခိုက်မှာပင် တံခါးကို လျှို့ဝှက်ဂဏန်းရိုက်ပြီးဖွင့်သံထွက်လာလျက် ညအိပ်ဝတ်စုံဖြင့် အိမ်ထဲရောက်လာသည့် Luhan ကြောင့် Sehun မတ်တပ်မေ့သွားရပါလေသည်။
……^……
"အပူပေးစက်ကပျက်သွားတာလားမသိဘူး"
ခေါင်းအုံးပိုက်လျက် ကုတင်ပေါ် တက်ထိုင်နေသည့်
Luhanကို Sehun လှည့်ကြည့်သည်။
အပူပေးစက်ပျက်သဖြင့် အေးသည်ဆိုကာ အိမ်ခန်းထဲ
ထိရောက်ချလာသည့် Luhanကို မျက်နှာလေးနီရဲနေ
ကာ လက်တွေအေးစက်နေရုံမျှနှင့် Sehunက အိပ်ခန်းထဲကို အမြန်ခေါ်သွင်းလိုက်ပြီး ကုတင်ပေါ်မှာ စောင်နှင့်ပတ်ထွေးထားလိုက်သည်။
"သန်ဘက်ခါကျ တွေ့ဆုံပွဲရှိတယ်ဆို ငါ့ကိုဖိတ်စာပို့
လာတယ်"
"အင်း ဟုတ်တယ် အစ်ကိုYi Xingကတော့ ထိုင်ဝမ်
ရောက်နေတယ်ဆိုလို့လေ ခင်ဗျားကိုတော့ လာစေချင်
တယ် အားရဲ့လား "
"ရပါတယ် ပြခန်းကအပြန်ဝင်လာလိုက်မယ် မှီမှာပါ
ဒါနဲ့…မင်း ဘာရှာနေတာလဲ ?"
ကုတင်နားသို့ရောက်မလာခဲ့သေးပဲ ဗီဒိုအနား ဟိုလှန် ဒီ
ဖွင့်ရှာဖွေနေသည့် Sehunကို Luhanက လှမ်းမေးလေ
သည်။
"ဟမ် …… ခေါင်းအုံးအပိုစောင်အပိုတွေလေ"
"ဒီမှာပိုတယ်လေ ငါကခေါင်းအုံးနဲ့မအိပ်တတ်ဘူး
ဘေးလာအိပ်"
"……………ခင်ဗျား ဘေးနားလား ?"
"ဒီလောက်အေးနေတာကို မင်းကကြမ်းပြင်မှာအိပ်ဦး
မလို့လား ??"
Luhanက ကုတင်တဖက်ခြမ်းကိုတိုးလိုက်ပြီး လွတ်နေ
သည့်ဘက်ခြမ်းဆီ Sehunကိုလာခိုင်းလေသည်။
သက်ပြင်းမသိမသာချလျက် ကုတင်ပေါ်ဝင်ထိုင်လိုက်
သည့်အခါ Luhanက လှဲချလိုက်ပြီး Sehunရှိရာကို
ကျောခိုင်းလို့ တဖက်သို့လှည့်အိပ်သွားသည်။
"မီးပိတ်တော့ ငါမီးဖွင့်ထားရင်မအိပ်တတ်ဘူး"
လျှပ်စစ်မီးပျပျပင်မရှိတော့သည့် အခန်းသည် မှောင်ကျသွားခဲ့သည်။ အပူပေးစက်အရှိန်ကိုမြှင့်လိုက်သည့်နောက်အခန်းတွင်းကပူနွေးလာခဲ့သည်။ Sehun ကုတင်ပေါ်ကျောခင်းချလျက် လှဲလိုက်ပြီး ကျောခိုင်းထားသည့်Luhanကိုစောင်းငဲ့ကြည့်သည်။
လက်တကမ်းမှာရှိနေသည့် ကျောပြင်ငယ်က အိမ်မက် ကလေးတစ်ခုအလားပင်ဖြစ်သည်။
Sehunနှုတ်ခမ်းများပြုံးသွားခဲ့ပြီး ပက်လက်လှန်လှဲနေရာမှ Luhanဘက်သို့ ကိုယ်လှည့်လျက် လှဲလိုက်ကာ Luhanကျောပြင်ငယ်ကိုငေးသည်။
"အိပ်ပြီလား ?"
"………ဟင့်အင်း"
ရုတ်တရတ် Luhan အသံထွက်လာခဲ့သဖြင့် Sehun လန့်သွားရပါသော်လည်း ပြန်ထိန်းလိုက်ကာ လေသံထိန်းပြီးဖြေလိုက်သည်။ Sehunဖြေပြီးမကြာခင်မှာပင် ကျောခိုင်းလှဲနေသည့် Luhanသည် Sehunဘက်သို့လှည့်လာကာ Sehunအနားသို့တိုးကပ်လာလေသည်။
"Lu……Luhan"
"ငါအိပ်ချင်နေပြီ"
"အင်း ……… အိပ်လေ"
ခေါင်းလျှော်ထားဟန်တူသည့် ဆံပင်များသည် ရေ
မခြောက်သေးသဖြင့် Luhan နဖူးမှာ ကပ်လျက်နေ
သည်။ ထိုဆံပင်များကို နဖူးမှ ခွာပေးရန် Sehun လက် လှမ်းလိုက်ပြီး နဖူးပြင်အားဖွဖွထိတွေ့သည်။ နဖူးပေါ်ပြေး
လျက်နေသည့် လက်ကို Luhan ကဖမ်းဆုပ်လိုက်ပြီး
နောက် သူ၏လက်မောင်းတဖက်ပေါ်တင်လိုက်သည်။
ထို့နောက် ရှေ့ဘက်သို့ဆက်တိုးလာလိုက်လေရာ
Sehun ရင်ခွင်ထဲသို့ တည့်တည့်မတ်မတ်ရောက်သွား
ခဲ့ပြီး Sehunမှ ထွေးပွေ့ထားသည့်နှယ်ဖြစ်ရလေသည်။
"Luhan ?"
ချက်ချင်းပင် Luhanလက်မောင်းနှင့်ထိစပ်နေသည့် လက်အား Sehunမယူလိုက်ပါသော်လည်း ရင်ခွင်ထဲမှသူကတော့ တစက်လေးရယ်မှ အလှုပ်အရှားမရှိဖြစ်နေခဲ့သည်။
"Luhan "
"နားငြီးလိုက်တာ ငါအိပ်တော့မလို့ပါဆို"
မီးမှောင်နေသဖြင့် Luhan မျက်နှာအဘယ်သို့ရှိမည်
မမြင်ရပါသော်လည်း Sehun ရင်ခွင်တစ်ခုလုံးသည်
နွေးထွေးပူရှိန်းနေခဲ့ရသည်။
မိနစ်အတော်ကြာသည်ထိ လက်ကိုလေထဲမြှောက်ထားသည့် Sehunကြောင့် Luhanမှ တိုးတိတ်တိတ်ရယ်လာခဲ့သေးသည်။
"မင်း ငါ့ကို ဖက်ထားလို့ရပါတယ်"
တိုးတိုးကလေးထွက်လာသည့်လေသံကြောင့် Sehun
ငုံ့ကြည့်လိုက်သည့်အခါ ငြိမ်သက်နေသည့်ခေါင်းလုံးလုံး
လေးကိုသာ အသည်းယားဖွယ်မြင်တွေ့ရသည်။
မျက်နှာ ငုံ့ချလျက် ခေါင်းလုံးလုံးလေးကို ငုံ့မွှေးကြူချင်စိတ်အား Sehun ချုပ်ထိန်းလိုက်ပြီး လက်မောင်းပေါ်ကိုသာ လက်တင်လိုက်လျက် Luhanတကိုယ်လုံးကိုထွေးပွေ့ထားလိုက်သည်။
ရင်ခွင်ထဲမှ ကိုယ်လေး သည် အသက်ရှုမြန်မြန်ဖြင့်
အိပ်မောကျနေခဲ့ပြီထင်သည်။
ညင်သာစွာဖြင့် ထို ကိုယ်လေးကို ထွေးပိုက်ထားလိုက်
ပြီး ကျောပြင်ငယ်အား သာသာထိပုတ်လို့ အိပ်မောကျစေလိုက်သည်။
"ကိုယ့်ကို ခင်ဗျား အလိုလိုက်လွန်းလိုက်တာဗျာ"
"အင်း……"
"ကိုယ် အရမ်း အရမ်းလွမ်းနေခဲ့တာ "
"အင်း "
အိမ်မက်ယောင်နှင့်နေပြီလားမသိပေမဲ့ Sehun တိုးတိုး
ဆိုသမျှ စကားတိုင်းကို Luhanက တုံ့ပြန်ပေးနေသလိုရှိသည်။ ရင်ခွင်ထဲပိုတိုးလို့ရောက်အောင် Sehunကထွေးပိုက်လိုက်ပြီး ဆိုသည်။
"ခင်ဗျားရော ? ကိုယ့်ကိုသတိရရဲ့လား ?"
"…………………အင်း"
နှလုံးခုန်သံများ မတည်ငြိမ်နိုင်လွန်းပဲ Sehun အပြုံးများ
သည်လည်း မရပ်နိုင်တော့ပဲရှိသည်။ ထိုညသည် သာယာကာလှပလွန်းခဲ့သည်။
……………………………………
ကိုယ့်ရင်ခွင်က ခင်ဗျားအတွက် နွေးထွေးပါစေ။
ခင်ဗျားအတွက် လုံခြုံပါစေ။
ခင်ဗျား အမြဲ ခိုနားချင်တဲ့ နေရာကလေး ဖြစ်လာပါစေ။
° The years I have loved him °
……………………………………
ဒီနေ့သည် Fan Art ကလပ်၏ အဖွဲ့ဝင်ဟောင်းများ၊
အသစ်များဖြစ်သည့် စီနီယာ၊ ဂျူနီယာတွေ့ဆုံပွဲနေ့ဖြစ်
သည်။
ကျောင်း၏အငွေ့အသက်ပြန်ရအောင် ကလပ်ရှိသည့်
အခန်းမှာပင် စီစဉ်ထားခြင်းဖြစ်ပြီး ညဘက်အသောက်
ဝိုင်းကိုဖြင့် ကျောင်းအပြင်ဘက်မှာ စီစဉ်ထားကြသည်။
Sehun မှာ ဥက္ကဌ မဟုတ်တော့ပါသော်လည်း ပွဲရှိနေသဖြင့် ကူညီပေးရအောင် စောစောရောက်နေသည်။
ဝိုင်းနှုတ်ဆက်နေကြသည့် အဖွဲ့သားများကို ပါးစပ်မလည်အောင် နှုတ်ဆက်ရလေသည်။
ခဏအကြာ၌ လက်ရှိ Sehunနေရာကို ယူထားသည့်
ကောင်မလေး SoRaက အနားသို့ရောက်လာခဲ့ပြီး
Sehunကိုမော့ကြည့်လို့ ပြုံးပြလာသည်။
"အစ်ကို ဂိတ်မှာမုန့်တွေလိုက်သယ်ပေးပါလား "
"ok လေ"
အလိုက်သင့်ပင် Sehun လက်ခံလိုက်ပြီး SoRaနောက် ကလိုက်သွားလိုက်သည်။ Sehun ဥက္ကဋ္ဌမဟုတ်တော့ပေမင့် ကလပ်သည် SoRa၏ဦးဆောင်ကောင်းမှုဖြင့် အဆင်ပြေပြေလည်ပတ်နေခဲ့ပါသည်။ Luhanက တောင် Sehunရွေးထားခဲ့သည့်သူမှန်သည်ဟု ဆိုခဲ့သေးသည်။
ကျောင်းဂိတ်သို့သွားသည့်လမ်းတလျှောက်မှာ ကလပ်မှဆက်လုပ်မည့်အစီအစဉ်များကို SoRaကပြောပြခဲ့ပြီးSehunစီမှအကြံဉာဏ်တောင်းခံခဲ့သေးသည်။
"ညီမ အစီအစဉ်တွေကကောင်းသားပဲ အစ်ကိုတောင်
ဘာမှသိပ်ဝင်ပြောစရာမလိုဘူး"
"ဟော အစ်ကိုကလဲ ညီမတော့မြောက်တောင်သွားပြီ"
ပြောင်ချော်ချော်လုပ်နေသည့် ကလေးမလေးကို ခေါင်းထုပစ်လိုက်ရန် လက်ရွယ်လိုက်ပြီးမှ Sehun ပြန်ရုတ်လိုက် သည်။ အလျင်က နေ့တိုင်းနီးပါးမြင်နေခဲ့ရသည့်မျက်နှာဖြစ်သဖြင့် ရင်းနှီးရင်းစွဲရှိခဲ့သော်လည်း ယခုမတွေ့တာလနှင့်ချီကြာခဲ့ပြီဖြစ်သဖြင့် Sehunက ကိုယ်အမူအရာကိုထိန်းလိုက်ခြင်းဖြစ်ပါသည်။
နှစ်ယောက်တွဲလျှောက်လာကြရင်း ကျောင်းပေါက်ဝသို့ရောက်သည့်အခါ မုန့်လာပို့မည်ဆိုသည့်သူများ ရောက်မလာသေးသည့်အတွက် နှစ်ယောက်အတူစောင့်နေရသေးသည်။
စကားများဖောင်ဖွဲ့မပြောဖြစ်ပါသောကြောင့် တိတ်ဆိတ်
နေခဲ့ရသည်။ မိနစ်အတော်ကြာတွင် SoRaမှနေ Sehun ဖက်သို့လှည့်လာပြီး
"အစ်ကို ညီမကိုအရမ်းစိမ်းသွားတယ် ဂရုမစိုက်
တော့ဘူး"
"အင်း SoRa အစ်ကိုတို့က အဲ့လိုထိပြောရမဲ့ ဆက်ဆံရေးမဟုတ်ဘူးထင်တယ်"
"ညီမ အစ်ကို့ကိုသဘောကျတယ် အဲ့ဒါ အစ်ကိုလဲသိရက်သားနဲ့"
မျက်နှာချင်းဆိုင်၌ လာရပ်ကာ ထိုသို့ဆိုလာသည့်
ကောင်မလေးကို Sehun ငြိမ်သက်စွာရပ်ကြည့်နေမိခဲ့
သည်။ ထိုကလေးမက သူ့အားသဘောကျနေပါသည်
ဆိုတာကို သူ၏သူငယ်ချင်းတွေမှဖြစ်စေ ကလေးမ၏
သူငယ်ချင်းတွေမှဖြစ်စေ သူခဏခဏ ကြားခဲ့ပြီးသားဖြစ်
သည်။
လျစ်လျူရှုထားလိုက်ခြင်းသာကောင်းသည့်အတွက်
Sehun မသိချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။
"SoRa အစ်ကို့မှာ ချစ်သူရှိတယ်"
"ညီမသိသားပဲ  ဒါမဲ့ ဘယ်မှာလဲ အစ်ကို့ချစ်သူ ဆိုတာ"
စကားတခွန်းပြောပြီး ရှေ့သို့တလှမ်းတိုးလာသည့် SoRa
ကြောင့် Sehun စိတ်ရှုပ်စွာ နောက်သို့ခြေတလှမ်းဆုတ် သည်။
"SoRa ညီမ အထင်မှားနေတာ အစ်ကို့မှာချစ်သူ
ရှိတာအမှန်ပဲ "
"အမှန်တိုင်းပြောရင် ညီမကတော့ မယုံဘူး အစ်ကို
လိမ်နေတာလို့ပဲထင်တယ် ညီမကိုဘယ်နေရာက
သဘောမကျတာလဲပဲပြောပါ အစ်ကိုသဘောကျတဲ့အထိ
ညီမပြင်မယ်လေ"
ပြုံးထားလျက် စိတ်အားထက်သန်စွာပြောနေသည့် SoRaကို Sehun မည်သို့တုံ့ပြန်စကားပြောဆိုရမည်မှန်းမသိုဖြစ်နေသည်။ SoRaကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင် တာသေချာပေမဲ့ SoRaစိတ်ကို နားလည်သည်။
"ညီမ အစ်ကို့ကို သဘောကျလို့ ကိုယ့်ကိုကိုယ်ပြုပြင်ပစ်
မယ်ဆိုတဲ့စိတ်နဲ့ပဲ အစ်ကို သူ့ကိုသဘောကျပြီးသွားပြီ
အစ်ကို့ရဲ့ စိတ်ခံစားမှု၊ ကိုယ် အမူအရာ အားလုံးကို သူ
စိတ်တိုင်းကျဖြစ်အောင်ပြုပြင်လိုက်တဲ့ထိ အစ်ကိုက
အဲ့လူကိုသဘောကျတယ်။ ညီမ အစ်ကို့ကိုမြင်ရင် စိတ်
လှုပ်ရှားလား ?"
So Ra သည် ခေါင်းမဖော်ပဲနေနေရင်းနှင့်မှ ခေါင်းကို
သာသာငြိမ့်ပြသည်။ စိတ်လှုပ်ရှားပါသည်ဟုဆိုသည့်
သဘောကြောင့် Sehun သည်လည်း ခေါင်းငြိမ့်သည်။
"အစ်ကိုလဲ ခုချိန်ထိ သူ့ကိုမြင်ရင် စိတ်လှုပ်ရှားတယ်
ပျော်လဲပျော်တယ် သဘောကျတာထက်ကိုပိုလို့ အစ်ကိုက အဲ့လူကို ချစ်တယ် ညီမ"
"ညီမ……ညီမလေ"
"Sehun မလိမ်ဘူး ညီမလေး"
နှစ်ယောက်စလုံး၏ နံဘေးနားဆီမှ ထွက်လာခဲ့သည့်
အသံကြောင့် Sehun သာမက So Raပါလှည့်ကြည့်ဖြစ်
ခဲ့သည်။
"Luhan ?"
Luhan ကိုမြင်ရသည့်နောက် Sehun အံ့သြသွားရသည်
မှာ အကြောင်းရင်းရှိပါသည်။ Luhanသည် မြင်နေကျ
ပုံစံနှင့်မတူညီပဲ ဆံပင်ကိုနောက်သို့အကုန်လှန်တင်ထားသလို ဝတ်ပုံစားပုံသည်လည်း ပို၍လူကြီးဆန်နေသည်။အထူးခြားဆုံးက Sehun သဘောကျသည့် မျက်ဝန်းလေးများကို အကာအရံမပါပဲ ကြည်ကြည်တောက်တောက်တွေ့နေရခြင်းဖြစ်သည်။
အသက်ရှုရန်ပင် မေ့နေရသည့် Sehunနားမှာ Luhanကမတ်တပ်လာရပ်သည်။ သင်းသင်းလေးပျံ့သည့် အသီးနံ့သည် Luhan လည်တိုင်ဖျားဆီမှ လွင့်လာတာဖြစ်လိမ့်သည်။
သတိလက်လွတ်ငေးမောနေမိခိုက်မှာ Luhan က So Raကို စကားပြောလာပါသည်။
"သူ့မှာ ချစ်သူရှိတယ်ဆိုတာ လိမ်တာမဟုတ်ဘူး"
"စီနီယာ …… ညီမက… "
"သူ့ချစ်သူက အစ်ကိုပဲ"
Sehun လက်ဖျားတွေ အေးစက်သွားခဲ့ရသည်ထင်သည်။
မည်သည့်စကားများကို မည်သို့ဆက်ပြောခဲ့ကြသည်အား
Sehun တလုံးတပါဒမျှ နားလည်ခဲ့ခြင်းမရှိတော့ပဲ
ကျောက်ရုပ်သာသာရပ်နေခဲ့လိုက်ရသည်။
ပတ်ဝန်းကျင်နှင့်အဆက်သွယ်ပြန်ရသည့်အချိန်တွင်
မျက်စိရှေ့၌ So Ra မရှိပါတော့ပဲ မျက်နှာချင်းဆိုင်
၌ လက်ပိုက်လျက် မျက်မှောင်ကျုံ့ကြည့်နေသည့် Luhan ကိုသာတွေ့လိုက်ရလေသည်။
"Luhan ခင်ဗျား "
"နေပါဦး ငါကိုယ်တိုင်က မင်းချစ်သူဖြစ်ပါတယ်ဆိုတာကိုဘယ်သူတွေကိုလိုက်ပြောနေရဦးမှာလဲ ?"
"မဟုတ်ဘူး ကိုယ်က"
"ချစ်သူရှိပါတယ် သာ ထိုင်အော်နေတာ ဘယ်သူလဲ
မပြရင် မင်းကို တိုနီတောင်ယုံမှာမဟုတ်ဘူး"
( အနှီ တိုနီသည် ပန်းချီဆောင်နားသို့ယောင် လည်လည်ရောက်လာသည့် ခွေးလေးတစ်ကောင်ဖြစ်ပြီး ယခု
ကျောင်းသားရေးရာမှ ဝန်ထမ်းအန်တီကြီးတစ်ယောက်
ခေါ်မွေးထားသည်။ )
စကား ပြန်မဖြေနိုင်ပဲ ဆွံ့အလျက် မတ်မတ်ရပ်နေသည့်
Sehun ကို Luhanမှာ ခေါင်းတခါခါနဲ့ကြည့်ပြီး
သက်ပြင်းမောချလေ၏။
"နောက်ဆို ငါကပဲ မင်းနားမှာ ကပ်နေရပြီး မင်းချစ်သူပါ
လို့ တကြော်ကြော်အော်နေရမယ်ထင်တယ် ခုခေတ်
ကလေးတွေကမလွယ်ဘူး"
လေသံတိုးတိုးဖြင့် ညီးညီးညူညူဆိုလိုက်ခြင်းဖြစ်ပါ
သော်လည်း ယခုမှပင် ပီတိဖြစ်ရကောင်းမှန်းသိသည့်
Sehunက သဘောတကျပြုံးရယ်လာခဲ့သည်။
အရယ်လွန်သဖြင့် မျက်ရည်များပင် ဝဲလာခဲ့သည့် Sehunနားကို Luhanက တိုးကပ်လာခဲ့ပါသည်။ ထို့နောက် မျက်တောင်စပ်မှာ တွဲလွဲခိုနေသည့် မျက်ရည်များကို ဖိသုတ်ပစ်လိုက်ပြီး တိုးတိုးပြောသည်။
"မင်း ငါ့ကိုပိုင်ဆိုင်ကြောင်းပြလို့ရပါတယ် ။ ငါ
မင်းကို လက်ခံပြီးပြီပဲမဟုတ်လား "
တဖြည်းဖြည်းနှင့် သူ့အပေါ် စာနာပေးတတ်လာလွန်း
သည့် Luhan ကြောင့် မယုံမရဲဖြစ်ရပေမဲ့ Sehun မှာ
ပျော်ရပြန်သည်။ကြည်နူးရပြန်သည်။
မျက်နှာပေါ်မှာ တဝဲလည်နေသည့် လက်ဖဝါးကို ဖမ်းယူ
ဆုပ်ကိုင်လိုက်ပြီး Sehun ခေါင်းငြိမ့်ပြသည့်နောက်
Luhanက ကျန်သည့်လက်တဖက်ဖြင့် Sehun နှာဖျားကိုတို့ထိခေါက်ပြီးပြောသည်။
"သိပ်တုံးတာပဲ……"
………………………………
ခင်ဗျားပြောတဲ့ ငတုံးလေးက ခင်ဗျားကိုတော့
သိပ်ချစ်တာပဲ
ခင်ဗျားကိုပဲ ချစ်လွန်းလို့ ခက်နေရတာပါပဲ
To Be ConTinued………
[Note : မထည့်ချင်ပေမဲ့လဲပေါ့။ အတိတ်အကြောင်း
ရေးနေတဲ့အခါ Luhan POVကို ထည့်လို့မရလို့ တတ်
နိုင်တဲ့ဘက်ကနေ Luhan ဘက်ကစိတ်တွေကို တဆင့်
ချင်းစီဖြည်ပြရတာရယ်ပါ။ အီနေပြီ ရှည်နေပြီလို့ ထင်ရ
ပါတယ် ကျနော်ကတော့ ဒီလိုလေးဆို ပိုပြည့်စုံမယ်
ထင်လို့ ကျနော်ကိုယ်တိုင် အအီခံပြီးရေးနေမိတာပါ ။ Present life ကိုရောက်ဖို့ မလိုတော့ဘူးဆိုပေမဲ့
နည်းနည်းကလေးလိုပါသေးတယ်။ ခရီးဆုံးထိလိုက်ပေး
ကြပါဦး 🖤
Luhan ရဲ့ စိတ်တွေကိုရော မြင်ကြရဲ့လား]
Continue Reading
You'll Also Like
138K 16.4K 11
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
134K 11.1K 32
Relationship between Richest Kid or Highest boss and Ordinary boy. Ordinary boy... No, he is not ordinary people since he is one and so special for m...
100K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
93.5K 5.7K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥