The years I have loved him
By HanXun
522K 70.2K 10.2K
Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာဝရထက်နှစ်များစွာ)
All I want for Christmas is U
Act Forty-two
7.9K 1.1K 230
By HanXun
သည်။
ကြိုးစားလေ့ရှိသည်။
"Morning !"
သည်။
ဆင်နေလေသည်။
"စားလေ ဗိုက်မဆာဘူးလား ?"
လာပြီး Luhanဆိုသည်။ Luhanစစားမှသာ Sehun
သည်။ Sehunထင်သည်။ ဒီမနက်စာက Sehun
"ဘာဖြစ်နေတာလဲ ?"
"ဟမ် !! အာ ဘာမှမဖြစ်ပါဘူး"
"သုံးနာရီခွဲ ပြီးမှာ "
"အလုပ်တွေရှိသေးလား ?"
"ကောင်းတယ် ငါလာခဲ့မယ်"
"ဗျာ !"
ကထွက်သွားခဲ့သည်။
ဖြစ်ပါသည်။
ဆိုခဲ့ကြသည်။
သွားခဲ့သည်။
"အာ အစ်ကို "
ရတာလေ တပတ်ပေါ့"
လိုက်သည်။
"Hello "
ဖြစ်မယ်ထင်တယ်"
အရင်ဦးစွာ
ဆီလာခဲ့မယ်"
"Luhan ?"
"okလေ……"
ဖြစ်တော့မည်မဟုတ်သဖြင့် Luhanပို့လာသည့်စာရင်း
တည်သွားသည်။
"ဟူးး…………"
……^……
ပါသည်။
သည်။
ကဆိုလာသည်။
တချက်မွှေကြည့်သည်။
"ဗိုက်ဆာပြီ "
သည်။
"မင်းလဲစားလေ"
သိလာခဲ့သည်။
ထို့ကြောင့်ပင် လူစိတ်ဝင်စားခံရခြင်းမကြိုက်သည့် Luhan က ခါတိုင်းထက် အိမ်မှာပိုကပ်နေသည်။
"cheers !"
တားယူရသေးသည်။
"အင်းပါ"
နေသည့်အချိန်မှာပင် ခါးနားအင်္ကျီစကိုလာဆွဲသည့်
"အင့်……"
ဆွဲထားသည့်အင်္ကျီစကို လွှတ်ပြီး ဆိုဖာပေါ်တင်ထားခဲ့
"ကိုယ့်ကိုပေးတာလား ?"
"အင်း"
အိတ်ထဲကထွက်လာသည်က ရှပ်အင်္ကျီအဖြူရောင်
တထည်ဖြစ်ပြီး ထိုအင်္ကျီကိုမြင်သည့်အခါ Sehunက Luhanကို ငဲ့ကြည့်သည်။
"……အင်း………အင်း ကြိုက်တယ်"
Sehun ခေါင်းအတန်တန်ငြိမ့်ပြီးအင်္ကျီအဖြူလေးကို
အင်္ကျီစွန်းသွားမှာကို Sehunက စိုးရိမ်နေရသော
ကြောင့်ဖြစ်သည်။
"ဗျာ ??? ရက်တစ်ရာ ??"
"မင်းမေ့နေတာမလား ?"
နိုင်ပဲဖြစ်သွားရသည်။
"ဟေ့ ဟေ့"
"ဘာဖြစ်တာလဲ "
"…………"
"အာ sorry ကိုယ်……"
တိုက်လို့သွားခဲ့သည်။
သည်။
ကြသည်။ နှုတ်ခမ်းတို့ခွာပြီးကြသည့်နောက် Luhanက
"Luhan"
လိုက်ရပေမဲ့ တန်ပါသည်။
ရှပ်အင်္ကျီအဖြူလေးလဲရလိုက်သည်။
…………………………………
…………………………………
To Be ConTinued……
Sehun အတန်းတွေတက်ရဦးမည်ကို Luhanက
တွက်ဆပြီး သူတို့နှစ်ယောက်သား မြို့ကလေးဆီမှနေ
စောစောပြန်ထွက်ဖြစ်ခဲ့ကြသည်။
ဆိုးလ်ကိုပြန်ရောက်သည့်နောက် သူတို့၏ တကွဲတပြားစီ
ဖြစ်နေသည့်နေ့စဉ်အချိန်ဇယားများ ပြန်လည်စတင်လာခဲ့ပါသည်။ ပြခန်းနှင့်စာချုပ်ချုပ်ဆိုပြီးသည့်အပြင် သင်တန်း ကျောင်းတစ်ခု၌မှာ ဆရာအဖြစ် ဝင်လုပ်နေသည့် Luhanက အချိန်ဇယားကျပ်လာသည်။ တဖက်၌ နောက်ဆုံးပိတ်စာမေးပွဲကြီးနီးနေပြီဖြစ်သည့် Sehun အတွက်လဲ အားလပ်ချိန် များများစားစားမရှိပြန်တော့။ Companyတွင်ပို၍ ထဲထဲဝင်ဝင် နေရာယူနေရပြန်ပြီဖြစ်သည့်အတွက်Sehunမှာ ပိတ်ရက်ပင်မရှိတော့သည့်သဖွယ်ဖြစ်လာရသည်။
Sehunမှမစလျှင် Luhanကလည်း အရင်လာတွေ့တတ်သည့် သူမျိုးမဟုတ်ပြန်လေသည့်နောက် သူတို့တွေ့ချိန်များသည်လည်း ပို၍ပို၍နည်းပါးလာခဲ့ပြန်ပါသည်။
သို့သော်လည်း Sehunက မနက်ခင်းတိုင်းမှာတော့ အချိန်မိနစ်ပိုင်းလေးဖြစ်ဖြစ် Luhanမျက်နှာကိုတွေ့ရလေအောင်ကြိုးစားလေ့ရှိသည်။
"Morning !"
ပုံမှန်ဆိုလျှင် တံခါးလာဖွင့်သည့်မျက်နှာသည် အိပ်ရေးမဝပါသောကြောင့် အမြဲတစေ မကြည်မလင်ဖြစ်နေတတ်သည်။ ယနေ့ကျမှ တံခါးဖွင့်ဖွင့်ချင်း ပြုံးလျက်ကြိုနေသည့်မျက်နှာကလေးရယ်ကြောင့် Sehunပင် အံ့သြသွားရလေသည်။
"မင်း အခုသွားဖို့လိုတာလား ?"
Sehunက တံခါးလာဖွင့်ပေးသည့် Luhan၏ အိပ်ချင်မူး
တူးမျက်နှာလေးကိုမြင်ရပြီးတိုင်း Luhanဆက်အိပ်လို့ရ
အောင် မနက်စာဘူးတွေကိုပေးထားခဲ့ပြီး အတန်းသွား
တက်တာများသည်။ ယနေ့ကျမှ အိပ်ရေးဝဝရှိပြီး လန်း
ဆန်းနေသည့်မျက်နှာကလေးကြောင့် Sehun အရဲစွန့်ပြီးခေါင်းခါပြလိုက်ပါသည်။
ထိုအခါ Luhanသည်လည်း ကျေနပ်သွားသယောင်ဖြင့် ခေါင်းငြိမ့်လာကာSehunကို အိမ်ထဲဝင်လာဖို့ တံခါးဖွင့်
ပေးခဲ့သည်။ မနက်စာဘူးတွေကိုလဲ ဆွဲယူသွားပြီး ထမင်း
စားခန်းဆီ ဦးအောင်ဝင်နှင့်သွားသည့် Luhanက နောက်ပြန်လှည့်လာကာ မေးလာသည်။
"တယောက်စာတည်းထည့်လာတာလား ?"
"အင်း ခင်ဗျား လျှော့စားပြီး ကိုယ့်ကိုကျွေးလေ"
Luhanမှာ မျက်မှောင်ကျုံ့ကြည့်လာပြီး စနောက်နေသည့်Sehunကို နှာခေါင်းရှုံ့ပြသည်။ အမှန်တော့ Sehunထည့်လာသည့် မနက်စာတိုင်းသည် နှစ်ယောက်စာသာဖြစ်သည်။ ဝိုင်းပြင်ပေးမည်ပြင်နေသည့် Sehunကို ပန်းကန်တွေပင် အထိမခံပဲ Luhanက
တယောက်တည်းပြင်ဆင်နေလေသည်။
Sehun ဒီနေ့ပြင်လာသည့် မနက်စာက ကြက်ဥများများ
အသီးအရွက်နည်းနည်းနှင့်ကြော်လာသည့်ထမင်းကြော်
ဖြစ်ပြီး မနေ့ညကအစ်ကိုMinseokဆိုင်ကဝယ်လာသည့်
ချိစ်ကိတ်လည်းပါသည်။ Luhanက ထမင်းကြော်ကို နှစ်ပန်းကန်ခွဲထည့်ပြီး Sehunရှေ့တပန်းကန်ချပေးသည်။
ထို့နောက် ဓာတ်ဘူးအပြည့်ထည့်ထားသည့်ကော်ဖီကို
ကြွေခွက်ထဲလောင်းချကာ တငုံအရင်သောက်လိုက်ပြီး
နောက် ရေခဲသေတ္တာကိုသွားဖွင့်လေသည်။
"ငါ နွားနို့ဝယ်ထားတယ် သောက်မလား ?"
"အင်း ပေးလေ ကိုယ်ကော်ဖီနဲ့ရောသောက်မယ်"
"ကော်ဖီကငါ့ဟာ မင်းကနွားနို့ပဲသောက် "
Sehunထက်ပင် Sehunဖျော်သည့်ကော်ဖီကို ပိုချစ်သည့်Luhanကြောင့် ဒီတခါလည်း လက်မြှောက်ရပါသည်။ ရေခဲသေတ္တာထဲမှထုတ်လိုက်သည့်နွားနို့ကို ဖန်ခွက်ထဲထည့်လို့ မိုက်ကရိုဝေ့ဗ်မီးဖိုထဲထည့်ကာနွှေးနေစဉ်အတွင်းLuhanက ထမင်းစားပွဲမှာလာထိုင်သည်။
"စားလေ ဗိုက်မဆာဘူးလား ?"
အရာမယွင်းသေးသည့် ထမင်းကြော်ပန်းကန်ကို မေးငေါ့
လာပြီး Luhanဆိုသည်။ Luhanစစားမှသာ Sehun
သည်လည်း ဇွန်းကောက်ကိုင်လိုက်ပြီး မနက်စာစစား
သည်။ Sehunထင်သည်။ ဒီမနက်စာက Sehun
ဒီရက်ပိုင်းအတွင်း ပထမဆုံးစားသည့် မနက်စာဖြစ်သည်။
နွားနို့ပူပူရသည့်အခါ Luhan ကိုယ်တိုင်သွားထယူပေး
ပြီး Sehunရှေ့ချပေးလာသည်။ ဆန်းကြယ်လှသည်
မဟုတ်ပါသော်လည်း Sehunစိတ်ထဲတွင် ထူးဆန်းလို့နေသည်။ မနက်စာစားနေကြရင်းမှ Luhanက သူအလုပ်တွေ အကြောင်းကို စီကုံးပတ်ကာပြောလာသည်။ ပုံမှန်အချိန်ဆို Luhanက စကားများတတ်သည့်လူမျိုးမဟုတ်ပါသော်လည်း Sehun ငြိမ်နေမိပြီး နားထောင်နေမိသည်။
မနက်စာကိုတောင် ဆက်မစားတော့ပဲ ထမင်းစားပွဲပေါ်
လက်ထောက်လျက် ပြုံးပြုံးနေကာ နားထောင်နေသည့်
Sehunကြောင့် Luhan က မျက်မှောင်ကျုံ့လာပါသည်။
"ဘာဖြစ်နေတာလဲ ?"
"ဟမ် !! အာ ဘာမှမဖြစ်ပါဘူး"
ချောင်းတချက်ဟန့်လိုက်ပြီးနောက် Sehunက မနက်စာ
ကိုလက်စသတ်သည်။ Luhanစားပြီးသားပန်းကန်ကို
လည်း ဆွဲယူလိုက်ပြီး ဘေစင်မှာဆေးနေသည့်အချိန်
Luhanက အနားသို့ရောက်လာပါသည်။
"အတန်းဘယ်အချိန်ပြီးမှာလဲ "
"သုံးနာရီခွဲ ပြီးမှာ "
"အလုပ်တွေရှိသေးလား ?"
"အင်း ဒီနေ့တော့မရှိဘူး"
"ကောင်းတယ် ငါလာခဲ့မယ်"
"ဗျာ !"
Sehun အံ့သြလွန်းကြီးစွာဖြင့် ပန်းကန်ဆေးနေသည်ပင်
ရပ်သွားရပြီး လှည့်ကြည့်လိုက်မိသည်။ Luhanက
အတည်ပြောနေခြင်းဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည့်
နောက်မှာ Sehunမျက်နှာပြုံးလာခဲ့ပါသည်။ အပြုံးတို့
မရပ်တော့ဘူးရှိသည်ကို Luhanကစိုက်ကြည့်ပြီးနောက်
ငတုံးလေး ဟုခပ်တိုးတိုးရေရွတ်ကာမှတ်ချက်ချပြီး အနားကထွက်သွားခဲ့သည်။
Sehun၏ တနေ့တာသည် ထိုအချိန်မှစ သာယာခဲ့တာ
ဖြစ်ပါသည်။
တမနက်ခင်းလုံးနှင့်တနေ့လည်ခင်းလုံး အချိန်တွေက
ကုန်တာမြန်လွန်းခဲ့သည်။ Sehun စိတ်စောနေလို့လဲ
ဖြစ်ပါလိမ့်မည်။ မျက်နှာကပြုံးနေမိ၍ ပါမောက္ခတွေ
မျက်စိကျပြီး စာလဲခဏခဏအမေးခံရသည်။ Sehun
ကပြုံးနေတုန်းပင်။ သမဂ္ဂရုံးခန်းသို့ပင်ဝင်လိုက်ပြီး
စကားတွေအများကြီးပြောလိုက်သေးသည်။ လူတိုင်းက
တအံ့တသြဖြင့် Sehunကို ပျော်စရာရှိနေပုံရတယ်ဟု
ဆိုခဲ့ကြသည်။
နေ့လည်ဘက်အတန်းချိန်ပြီးသည့်နောက်မှာလည်း ထူး
ထူးခြားခြားဗိုက်မဆာပေမဲ့ Sehun ကန်တင်းသို့လျှောက်သွားခဲ့သည်။
"အတန်းဆင်းရင်လာမယ်ဆိုတော့ dateဖို့များလား ?
ပန်းချီပစ္စည်းတွေသွားဝယ်ချင်လို့ထင်တယ် အဲ့ဒါဆို
သူ့နောက်လိုက်ရမှာ ငါဗိုက်ဆာနေလို့မဖြစ်ဘူး"
အဆာခံနိုင်မည့် ထမင်းနှင့်ဟင်းကိုပင် ဝယ်စားလိုက်ပြီး
လီမွန်တီးတစ်ဘူးယူကာ ကန်တင်းထဲမှအထွက်တွင်
ဝင်ပေါက်၌ Jun Myeonနှင့် တည့်တည့်တိုးတော့သည်။
"ဟိတ် Oh Sehun ရေးကြီးသုတ်ပျာနဲ့"
"အာ အစ်ကို "
ကျောင်းမှာတွေ့ရလေ့မရှိတော့ပဲ ဆေးရုံမှာပဲရှိနေတတ်
သည့် Jun Myeonနှင့် Sehunတို့ မတွေ့ရသည်မှာ
အတော်ကြာပြီဖြစ်သည်။ စကားတွေအများကြီးပြောဖို့
ကြံရွယ်ထားပေမဲ့ Jun Myeonကအတန်းတက်ရဦး
မည်ဖြစ်သဖြင့်မအားဘူးဟုဆိုလာခဲ့သည်။
"အစ်ကို ကျောင်းကိုဘာကိစ္စရှိလို့လဲ "
"နောက်ဆေးရုံတစ်ခုမပြောင်းရခင် အတန်းလာပြန်တက် ရတာလေ တပတ်ပေါ့"
"အော် အစ်ကိုတို့နှစ်အကုန်လား ?"
Jun Myeonကခေါင်းငြိမ့်သည်။ Sehun မေးချင်သည် ကိုဆက်မမေးရသေးခင်မှာပင် မလှမ်းမကမ်းမှာမြင်လိုက်ရသည့် အမျိုးသမီးကြောင့် သက်ပြင်းချလိုက်မိသည်။
"အစ်ကို ဒါဆိုကျွန်တော်သွားတော့မယ်"
"အေးအေး နောက်မှအေးဆေးတွေ့မယ်"
Sehun ခေါင်းငြိမ့်ပြလိုက်ကာ ထိုနေရာမှလှည့်ထွက်ခဲ့
လိုက်သည်။
နေ့လည်ခင်းအချိန်ဖြစ်သဖြင့် Luhanကိုဖုန်းဆက်လို့ရ
မည်ဟု Sehunထင်ပါသည်။ ထို့ကြောင့် တွေဝေမနေပဲ
ဖုန်းခေါ်မိသည့်အခါ စက္ကန့်သုံးဆယ်လောက်အကြာမှာပင် Luhan ကဖုန်းကိုင်လာသည်။
"Hello "
"ကိုယ်လေ အတန်းမရှိတော့ဘူး အဲ့ဒါ အခုပဲအိမ်ပြန်
ဖြစ်မယ်ထင်တယ်"
မျက်နှာမြင်နေရခြင်းမရှိသဖြင့် Sehun၏ အလိမ်စကား
သည် လျှောလျှောလျူလျူထွက်သွားခဲ့သည်။ Luhanဘက်မှ စကားတခွန်းမဆိုလာသေးခင်မှာပင် Sehunမှအရင်ဦးစွာ
"အဲ့ဒါ ခင်ဗျား ကျောင်းကိုမလာလဲရတယ် ကိုယ် ခင်ဗျား
ဆီလာခဲ့မယ်"
Sehun ပြောပြီးသည့်နောက်မှာ အသက်ရှုပင်အောင့်
လျက်ထားမိသည်။ အောက်နှုတ်ခမ်းကိုအသာကိုက်ထားပြီး Luhanဆီမှ အပြန်စကားကိုစောင့်နေရင်းမှ နှုတ်ခမ်းသားပင်အနည်းငယ်နာကျင်လာခဲ့သည်။ Luhanမှာ အချိန်မိနစ်ကျော်ကြာသည့်အခါ စကားတခွန်းဆိုမလာခဲ့။
"Luhan ?"
"ငါကညစာအတူစားမလို့လေ မင်းကိုလာကြိုပြီး ဈေးဝယ်
အိမ်မှာပဲစားကြမလို့ အဲ့ဒါဆို မင်းဈေးကြိုဝယ်ပေးထား
မလား ငါလဲအလုပ်ပြီးတာနဲ့ အိမ်ပဲပြန်လာခဲ့မယ်လေ"
"အင်းအင်း ကောင်းပါတယ် ခင်ဗျားဝယ်ချင်တာတွေ
ကိုယ့်ဆီစာရင်းပို့ထားလိုက်လေ ကိုယ်ဝယ်ပေးထားမယ်"
"okလေ……"
"အင်း ok အလုပ်ဆက်လုပ်တော့နော်"
ဖုန်းချသွားကာမှပင် Sehun သက်ပြင်းတချက်ချလိုက်မိကာ ဖုန်းကိုကျောပိုးအိတ်ထဲပြန်ထိုးထည့်လိုက်မိသည်။
နဖူးမှာစို့နေသည့်ချွေးများကိုအသာသုတ်လိုက်ပြီး Sehunကျောင်းဝန်းထဲမှထွက်လာလိုက်သည်။ အတန်းလဲတက်ဖြစ်တော့မည်မဟုတ်သဖြင့် Luhanပု့ိလာသည့်စာရင်းကိုသာ ဖတ်ကြည့်လိုက်ပြီး ဈေးဝယ်စင်တာဘက်သို့ဦးတည်သွားသည်။
သူလိမ်ပြောခဲ့သည်ကို Luhan သိလျှင် မည်သို့တုံ့ပြန်မည်လဲမသိ။ Sehun အနေနဲ့ကတော့ရှင်းပါသည်။  Lee ShiYeon နှင့် Luhanကို မတော်တဆဖြစ်စေ ၊တစက္ကန့်လေးမျှ မျက်နှာချင်းဆိုင်စေလိုခြင်းမရှိသဖြင့်လိမ်ပြောလိုက်ရခြင်းဖြစ်သည်။
"ဟူးး…………"
လွှတ်ချလိုက်သည့် လေပူတွေထဲမှာ ပူပန်နေရမှုတွေမလုံခြုံမှုတွေပါသွားခဲ့လျှင်ကောင်းမည်။
Sehun စိတ်တွေလေးလံလွန်းလှပါသည်။
……^……
• မင်းအခန်းမှာပဲစားကြမယ်လေ ငါ့အခန်းမှာကျ
ဟင်းချက်စရာအဲ့လောက်စုံစုံလင်လင်မရှိဘူး •
ပို့လာသည့် Messageကိုဖတ်ပြီး စချက်ဖို့ Sehun ပြင်ဆင်ရသည်။ ဝယ်ခိုင်းလိုက်သည်က အသားများ၊ အရွက်များနှင့်ဟော့ပေါ့အရသာနှစ်ထုတ်များဖြစ်သဖြင့် Sehunမှာအိမ်မှာမရှိသည့် ဟော့ပေါ့အိုးကို တခါတည်းဝယ်လာခဲ့ရပါသည်။
အသီးအရွက်နှင့်အသားများကိုလှီးချွတ်ကာအသင့်ပြင်
ဆင်ထားပြီးနောက် သောက်စရာများကိုလည်း Luhan
ကဝယ်လာခိုင်းပြန်ပါသဖြင့် အမြည်းအဖြစ် အာလူးချောင်းကြော်နှင့်ဖက်ထုပ်ကြော်ကိုပါအသင့်ပြင်ပေးထားလိုက်သည်။
ညနေငါးနာရီခွဲခါနီးသည့်အချိန်၌ Luhanက Sehun၏
အခန်းတံခါးကိုလာခေါက်ပါသည်။ Sehunတံခါးဖွင့်လိုက်သည့်အခါ Luhan က အပြင်သွားပြီးပြန်လာသည့်အဝတ်အစားနှင့်ပင်ဖြစ်နေသည်။
"မင်းကပြင်တောင်ပြင်ပြီးသွားပြီလား ?"
စားစရာတွေများသဖြင့် အရင်တုန်းကလို ဧည့်ခန်းက
စားပွဲမှာပင်ပြင်ထားသည်ကိုကြည့်လိုက်ပြီး Luhan
ကဆိုလာသည်။
"အင်း ခင်ဗျားပြန်လာရင်ဗိုက်ဆာမှာဆိုးလို့  အခု
တခါတည်းစားမှာလား ရေတက်ချိုးဦးမှာလား "
"ရေချိုးပြီးပြန်ဆင်းလာခဲ့မယ်"
"OK ကိုယ်ပြင်ထားလိုက်မယ်"
Luhan လက်ထဲကကိုင်လာသည့်အိတ်ကို ဧည့်ခန်း
ထဲရှိဆိုဖာမှာတင်ထားခဲ့ပြီးနောက် ပြန်ထွက်သွားခဲ့သည်။
Sehunသည်လည်း ပြင်စရာရှိသည်ကို ဆက်ပြင်ဆင်ထားလိုက်ပြီး Luhanအလာကိုစောင့်နေလိုက်ပါသည်။
တနာရီလောက်အကြာမှာပင် Luhanက သော့မခတ်ထား သည့် အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးနောက် Sehunရှိသည့်နေရာသို့လျှောက်လာသည်။
အခန်းတံခါးကိုသော့ပိတ်ထားလေဟုပြောပြီး Sehun
ဘေးနားမှာ ကပ်ထိုင်ချလိုက်ကာ Sehunကိုင်ထားသည့် ဟင်းချိုဇွန်းကိုယူသွားပြီးဆူနေပြီဖြစ်သည့်အိုးအား
တချက်မွှေကြည့်သည်။
ထို့နောက် Sehunဘက်သို့လှည့်လာလျက်
"ဗိုက်ဆာပြီ "
Sehum မှာ အာလူးချောင်းကြော်ပန်းကန်နှင့်ဖက်ထုပ်
ကြော်ပန်းကန်ကို Luhanရှေ့ တိုးပေးလိုက်ပြီး အသား
တွေအရွက်တွေအိုးထဲထည့်ပြုတ်လေတော့သည်။
Luhanကတူကိုင်ပြီးစောင့်နေသည်။ ပါးပါးလေးလှီးထား
သည့်အသားများကအကျက်မြန်သည့်အတွက် Sehun မှာပန်းကန်လုံးထဲမြန်မြန်ဆယ်ထည့်ပြီး Luhanရှေ့သို့
ချပေးသည်။
"မင်းလဲစားလေ"
"အင်း စားမှာပေါ့ ခင်ဗျားအရင်စား "
စားနေသည့်တောက်လျှောက် Luhan ပန်းကန်ထဲထည့်ပေးရင်းဖြင့် Sehunကအလုပ်များနေသည်။
နောက်ပိုင်းတွေ Luhanက အပြင်သို့ထွက်မစားတော့
သည် ကို Sehunသတိထားမိသည်။ ဆိုရှယ်မီဒီယာ
အသုံးများလာသည့်ခေတ်မှာ နာမည်ရလာသည့်ပန်းချီ
ဆရာဖြစ်သည့်အပြင် ငယ်ဂုဏ်နှင့်ရုပ်ရည်သည်လည်း
ရှိနေသည့်နောက် Luhan က တဖြည်းဖြည်းနှင့် လူပို
သိလာခဲ့သည်။
ထု့ိကြောင့်ပင် လူစိတ်ဝင်စားခံရခြင်းမကြိုက်သည့် Luhan က ခါတိုင်းထက် အိမ်မှာပိုကပ်နေသည်။
ထုတ်မပြောပေမဲ့ Sehunကလည်းသဘောကျသည်။
Sehunက အမှန်တကယ်ကိုပင် သဝန်တိုတတ်သည်။
"cheers !"
အေးစက်နေသည့်ဘီယာဘူးများကို ဘူးချင်းတိုက်လိုက်
ကြပြီးနောက် Luhanက တဟုန်ထိုးမော့သောက်သည်။
ချက်ချင်းဆိုလို တဘူးလုံးကုန်သွားသည့်အခါ Sehun
တားယူရသေးသည်။
"ဖြည်းဖြည်းသောက်ပါ ခင်ဗျားရဲ့"
"အင်းပါ"
အင်း ဆိုပေမင့် လက်ကနောက်တဘူးကိုလှမ်းနေခဲ့ပြီ။
အစားများများစားထား၍ ဘီယာများသောက်နေသည်ကို
Sehunသိပ်မပြောလိုပါသော်လည်း အန်ထွက်လာမည်ကိုတော့ စိုးရိမ်ရသည်။ Luhan ကသုံးဘူးဆက်တိုက်
သောက်လိုက်ပြီး အေးအေးဆေးဆေးရှိလှသည်။
ခဏချင်းဆိုသလို မျက်နှာတွေရဲတက်လာသည့် Luhan
အား Sehunပြုံးလို့ကြည့်နေခဲ့သည်။
ချစ်စရာအရဲခဲကို မျက်နှာတချက်လွှဲလိုက်ပြီး
ဟော့ပေါ့အိုးထဲ အသားများကျန်လေမလားဟု မွှေနောက်ရှာဖွေ နေသည့်အချိန်မှာပင် ခါးနားအကျႋီစကိုလာဆွဲသည့်လက်ကြောင့် Sehunလှည့်ကြည့်လိုက်ပါသည်။
"အင့်……"
ဆွဲထားသည့်အကျႋီစကို လွှတ်ပြီး ဆိုဖာပေါ်တင်ထားခဲ့သည့်အိတ်ကို LuhanကSehunဆီကမ်းပေးနေသည်။
"ကိုယ့်ကိုပေးတာလား ?"
"အင်း"
ခေါင်းငြိမ့်ပြီးနောက် ပြန်မော့လာကာ Sehunပေါင်ပေါ်
အိတ်ကိုပစ်တင်လိုက်သည်။ ထို့နောက် လေးဘူးမြောက်သောဘီယာဘူးလက်ကျန်ကို မော့သောက်သည်။
အိတ်ထဲကထွက်လာသည်က ရှပ်အကျႋီအဖြူရောင်
တထည်ဖြစ်ပြီး ထိုအင်္ကိျီကိုမြင်သည့်အခါ Sehunက Luhanကို ငဲ့ကြည့်သည်။
"ငါ လက်ဆောင်တခုခုပေးချင်နေတာကြာပြီ အခုမှပဲ
ပေးဖြစ်တော့တယ် ကြိုက်လား ?"
"……အင်း………အင်း ကြိုက်တယ်"
Sehun ခေါင်းအတန်တန်ငြိမ့်ပြီးအကျႋီအဖြူလေးကို
အိတ် ထဲပြန်ထည့်သည်။ အပြင်မှာကြာကြာထားလျှင်အကျႋီစွန်းသွားမှာကို Sehunက စိုးရိမ်နေရသောကြောင့်ဖြစ်သည်။
"နောက်ပြီး ငါ့ဘေးနားမှာ ရက်တစ်ရာအထိ သည်းခံပြီး
နေလာပေးလို့ကျေးဇူးတင်ပါတယ်"
"ဗျာ ??? ရက်တစ်ရာ ??"
"မင်းမေ့နေတာမလား ?"
Sehun တအံ့တသြဖြစ်သွားရသည့်ပုံကို Luhanက
သဘောတကျဖြင့်ကြည့်ပြီး ရယ်မောလာသည်။ Sehun
မှာသာ ကပျာကယာဖြင့် ဖုန်းကိုအလျင်စလိုထုတ်ကြည့်
ပြီး ဒီနေ့က တကယ့်ကို သူတို့တွဲလာတာ ရက်တစ်ရာ
ဖြစ်ကြောင်း သိလိုက်ရသည့်နောက် စကားပင်မပြော
နိုင်ပဲဖြစ်သွားရသည်။
တစ်လပြည့် နှစ်လပြည့် အချိန်များ၌ Luhanက မေ့မေ့
နေတတ်ခြင်းကြောင့် Sehun ပြင်ဆင်ထားသမျှ
အလကားဖြစ်သွားခဲ့ရသည်ကများသည်။
ယခု Sehun တမင်မေ့ပစ်လိုက်ခြင်းမဟုတ်ပါသော် လည်း စာမေးပွဲများနှင့်တိုက်နေသည်ကတကြောင်း ၊ Luhanမျက်နှာကိုသာတနေ့တနေ့ မိနစ်ပိုင်းလောက်တွေ့ရဖို့ကြိုးစားနေရသည်ကတကြောင်းဖြစ်လို့ ရက်တစ်ရာကိုလုံးဝမေ့သွားခဲ့ရတာဖြစ်သည်။
"ကိုယ် ကြိုသိခဲ့သင့်တာ"
"ဟေ့ ဟေ့"
တနေ့လုံးပျော်နေခဲ့သည့် စိတ်သည် ထိုတချက်တည်းဖြင့်ရိုက်ချခံလိုက်ရသလို Sehun ခံစားလိုက်ရသည်။ ပိုလို့ဂရုစိုက်ပေးသင့်ပြီး ပိုသတိထားလို့မှ မလုံလောက်ရ
သည့်အထဲ မေ့ပစ်လိုက်သည်အထိဖြစ်ရပြန်သည်။
ချက်ချင်းဆိုသလို မျက်နှာပျက်ကျသွားသည့် Sehun
အနားကို Luhanကတိုးလာပြီး ငုံ့နေသည့်မျက်နှာကိုပင့်
မော့ကာ သူ့ကိုကြည့်စေသည်။
"ဘာဖြစ်တာလဲ "
"ကိုယ်မေ့သွားတယ် ကိုယ်တောင်းပန်ပါတယ်"
"အာ …… လိုမှမလိုတာမင်းကလဲ ငါမှတ်မိတယ်ဆိုတာ
လဲ တိုက်ဆိုင်သွားလို့ပါ မင်းကိုလက်ဆောင်ပေးချင်တာ
နဲ့စဉ်းစားမိပြီးဒီနေ့ကိုပါတွေးမိသွားတာ အရမ်းကြီး
ကိုယ့်ကိုကိုယ် ဖိအားမပေးနဲ့လေ Sehunရဲ့"
"…………"
ကိုယ်က ခင်ဗျားကို အကောင်းဆုံးဆိုတာတွေ
ပဲပေးချင်တာ အပြီးပြည့်စုံဆုံးအချစ်တွေနဲ့ချစ်ပြချင်တာ
Sehun တုံ့ပြန်စကားတခွန်းမှ မဆိုသည့်အခါ Luhanကအနားကိုထပ်တိုးကပ်လာပြီး
"ဟင် ?? ငါပြောတာနားလည်တယ်မလား ? စိတ်
ပင်ပန်းခံစရာမလိုဘူးလေ"
လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားသည့် ပါးပြင်နှစ်ဖက်ကို
နူးနူးညံ့ညံ့ညင်ညင်သာသာထွေးပွေ့ပြီး Luhanကဆို
သည်။ နှစ်လိုစွာပြုံးနေသည့်အပြုံးနုနုကို Sehunက
အချိန်ကြာကြာငေးယူကြည့်မိရသည်။
ရင်ခုန်သည်။ နွေးထွေးသည်။ ဒီလူ၏အပြုံးတချက်ကပင်
ဝမ်းနည်းနေသည့်သူ့စိတ်တွေကို အေးချမ်းသွားစေသည်။
ကိုယ်၌မသိလိုက်ခင်မှာပဲ Sehun အနားသို့တိုးကပ်သွားလိုက်မိပြီး Luhanယောင်ယမ်းပြီးနောက်သို့ဆုတ်သွားသည့်အချိန်တွင်မှ သတိပြန်ဝင်လာရသည်။
"အာ sorry ကိုယ်……"
တောင်းပန်စကားဖွဖွကို Luhanက သေချာစိုက်
နားထောင်လေသည်။ ထို့နောက် သက်ပြင်းချလိုက်ကာ
နှုတ်ခမ်းတို့တဖန်ပြုံးလာသည်။ မျက်နှာကိုအုပ်ကိုင်ထား
သည့်လက်ကိုလွှတ်မချလိုက်ပါပဲ နဂိုမူလရှိနေခဲ့သည့်နေရာသို့Luhanကပြန်တိုးလာခဲ့သည်။
ထိကပ်သွားသည့် နှာခေါင်းထိပ်ဖျားလေးများကြောင့်
Sehun ၏မျက်လုံးတစ်စုံဝိုင်းစက်သွားခဲ့ရပြီး အနီးနားမှာရှိနေသည့်နှုတ်ခမ်းပြည့်ပြည့်လေးအားမဝံ့ရဲစွာငုံ့ကြည့်ရသည်။ Luhanမျက်တောင်တဖျတ်ခတ်လိုက်ချိန်နောက်တွင် Sehunရှေ့သို့တိုးလာခဲ့ပြီး Sehun အောက်နှုတ်ခမ်းသည် Luhanအပေါ်နှုတ်ခမ်းပါးပါးကလေးနှင့် တို့ထိပွတ်တိုက်လို့သွားခဲ့သည်။
ပဲ့ကြွေသွားမည်ကိုပင်စိုးရိမ်ရလွန်းလှစွာ နူးညံ့လွန်း
သည့် အပေါ်နှုတ်ခမ်းပါးပါးလေးကို Sehun ဖွဖွလေး
နမ်းလိုက်သည်။ နှုတ်ခမ်းအတွင်းမှ တိုးထွက်လာသည့် ဘီယာနံ့သင်းသင်းကြောင့် Sehumသာသာပြုံးသည်။
ဒုတိယအကြိမ်မြောက်အနမ်းကြောင့် နှစ်ယောက်လုံး
နှုတ်ခမ်းထက် ဘီယာအနံ့တွေထင်းကျန်ခဲ့တော့မည်
ထင်သည်။ အပေါ်နှုတ်ခမ်းထက်ထူသည့် အောက်နှုတ်ခမ်းသားကိုထိတွေ့နမ်းမိပြီးသည့်နောက် Sehun ရှေ့သို့ပိုတိုးလိုက်မိသည်။ နောက်ဘက်သို့ဆုတ်ခွာတော့မယောင်ဖြစ်သွားပေမဲ့ Luhanပြန်ထိန်းထားလိုက်ပြီး Sehunနှုတ်ခမ်းများကိုပြန်နမ်းလို့လာခဲ့သည်။
သောက်ထားကြသည့် ဘီယာကြောင့်ရယ်လားမသိ
နှုတ်ခမ်းသားတို့သည် ယစ်မူးဖွယ်အတိဖြစ်နေခဲ့သည်။
Sehunမျက်နှာကိုအုပ်ကိုင်ထားသည့် Luhanလက်နှစ်
ဖက်သည် Sehunပခုံးပေါ်သို့ကျသွားခဲ့သည်။ ချောမွေ့
နေသည့်လည်တိုင်ကျော့ပေါ်သို့ Sehunလက်ဖဝါးတဖက်တင်မိသည့်အခါ Luhanလန့်သွားသည်ထင်သည်။
အနမ်းမပြတ်စေရပဲ Sehunက ထိုလည်တိုင်ကျော့ကို
ခပ်ဖွဖွပွတ်သပ်ချော့မြူလို့ Luhanစိတ်ကိုငြိမ်စေလိုက်
သည်။
အသက်ရှုမဝသည့်ကြားမှာ မိနစ်အတော်ကြာ နမ်းရှိုက်မိခဲ့ကြသည်။ နှုတ်ခမ်းတိုု့ခွာပြီးကြသည့်နောက် Luhan ကမျက်နှာကိုအောက်ငုံ့ပြီးအသက်ရှုနေဟန်တူသည်။
နားရွက်ဖျားလေးများကအစရဲတက်နေသည့် နီတာရဲလေးကို Sehunက မျက်နှာအောက်ငုံ့လို့ကြည့်သည်။
"ဘာတွေလိုက်ကြည့်နေတာလဲ "
"ဟို …… ခင်ဗျား နှုတ်ခမ်း နည်းနည်းယောင်နေတယ်"
Sehunပြောသည့်နောက် နှုတ်ခမ်းကိုလက်ဝါးဖြင့်အုပ်
လိုက်သည်။ ထို့နောက် Sehunနှင့်ဝေးဝေးကိုခွာထိုင်
လိုက်ကာ ပြန်လှည့်မကြည့်လာတော့ချေ။
"Luhan"
"ပန်းကန်တွေသွားဆေး သွား "
TVပင်ကောက်ဖွင့်လိုက်ပြီး လာနေသည့် သတင်းအစီ
အစဉ်ကိုစိတ်ဝင်စားသယောင်ဖြင့် Luhanကထိုင်ကြည့်
နေသည်။ Sehunသည် တချက်ပြုံးလိုက်ပြီး စားပြီးသား
ပန်းကန်များကိုကောက်သိမ်းလိုက်ရသည်။
ပန်းကန်တွေ အိုးတွေ အားလုံးတစ်ယောက်တည်းဆေး
လိုက်ရပေမဲ့ တန်ပါသည်။
ရှပ်အကျႋီအဖြူလေးလဲရလိုက်သည်။
နီစွေးနေသည့်နားရွက်လေးကလဲ ချစ်ဖို့ကောင်းလှသည်။
နောက် …… နှုတ်ခမ်းတွေကလဲ သိပ်ကိုချိုလွန်းလှသည်။
…………………………………
တိတ်တိတ်လေးခိုးနမ်းဖူးတဲ့ ခင်ဗျားနဖူးစပ်ကဆံစလေး
တွေကအစ ချိုမြိန်ခဲ့ဖူးလွန်းတဲ့နောက်  ဒီနှုတ်ခမ်းတွေက ကိုယ့်ရဲ့ ကောင်းကင်ဘုံဖြစ်လာခဲ့တယ်
° The years I have loved him °
…………………………………
To Be ConTinued……
Continue Reading
You'll Also Like
44.5K 5.8K 59
96.7K 6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
46.5K 8.5K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
264K 23.2K 31
မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​....