The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Forty

7.7K 1.1K 315
By HanXun


"Hello အစ္ကို Minseokလား ?"

ရင္းႏွီးေနသည့္ေလသံေပမ့ဲ Minseok ထိုအသံၾကား
သည္ႏွင့္ မ်က္ေမွာင္က်ဳံ႕ကာ ဖုန္းကိုနားမွခြာျပီး ကုတင္
ေဘးကမီးလင္းေနသည့္စားပြဲတင္နာရီကိုမ်က္စိကစား
လိုက္သည္။ ေရွ႕ဂဏန္း 2ကိုထင္းထင္းလင္းလင္းျမင္ေန
ရသည့္ ဒီလိုအခ်ိန္မ်ိဳးမွာ Sehun သူ႔ဆီဘာကိစၥဖုန္းဆက္
သလဲ ရုတ္တရတ္Minseokေတြးမရသလိုျဖစ္သြားသည္။

"အင္း ေျပာ ဘာျဖစ္လို႔လဲ Sehunnie ေျပာေလ"

သို႔ေပသိ အာရုဏ္တက္ခါနီးအခ်ိန္၌ ဖုန္းဆက္လာျခင္း
ျဖစ္လို႔ အေထြအထူးကိစၥတစ္ခုခုေတာ့ျဖင့္ ရွိရမည္ဟု
Minseok ခဏခ်င္းပင္တြက္ခ်က္မိရကာ စိတ္ပူပန္စြာ
ျဖင့္ေမးလိုက္မိသည္။ တဘက္က Sehunေလသံသည္
အနည္းငယ္စိတ္ေလာေနသည့္ပုံရွိေနသည္မဟုတ္လား ?

"Sehun ??"

ေခၚျပီးကာမွ တဘက္ကျငိမ္က်သြားသျဖင့္ Minseok
စိတ္ပူသြားလ်က္ ကုတင္ေပၚငုတ္တုတ္ပင္ထထိုင္မိေခ်
သည္။ အခန္းတြင္းမီးမ်ားကိုတမုဟုတ္ခ်င္းလင္းခ်င္းသြား
ေအာင္အထိလိုက္ဖြင့္လိုက္မိျပီးေသာအခါမွ Sehunဆီမွ
ထြက္က်လာေသာေလသံတိုးတိုးသည္

"ကြ်န္ေတာ္နဲ႕Luhan တြဲေနျပီ"

Minseokတစ္ေယာက္ ဖုန္းကို ကိုင္လ်က္သားျဖင့္
တခဏမွ်ဆြံ႕အသြားသည္။

ေနပါဦးဒီအေၾကာင္းကိုေျပာဖို႔ မနက္ႏွစ္နာရီၾကီး
OH SeHunက ငါ့ဆီဖုန္းဆက္တာလား ??

Minseok၏အေတြးကို မသိႏိုင္စြာပင္ Sehunက ေခ်ာင္း
တခ်က္ဟန္႔ျပီးသူေျပာခ်င္သည္မ်ားကိုသာဆက္ေျပာေလ
ရွာသည္။

"Luhanက မေမးရင္ေတာ့ေလွ်ာက္မေျပာရဘူးဆို
ေပမ့ဲ ဟိုေန႔က အစ္ကိုကေမးဖူးေတာ့ေလ ကြ်န္ေတာ္က
ဖုန္းဆက္ျပီးျပန္ေျပာျပတာ"

ရႈပ္ပြေနသည့္ဆံပင္မ်ားကိုသာ ဖြာလန္က်ဲေအာင္ကုတ္
ပစ္လိုက္ျပီး မျမင္ရမွန္းသိေပမ့ဲ ဖုန္းထဲကေန Sehunကို
Minseokမ်က္ေထာင့္နီျဖင့္ၾကည့္သည္။

နာရီမွ ၂ဂဏန္းကိုျမင္ေလ သူ ေသြးတက္လာေလျဖစ္ျပီး
Sehun၏ ရွက္ဝါးဝါးစကားသံထပ္ထြက္မလာခင္မွာပင္

"မင္းအားရင္ဆိုင္လာခ့ဲ မင္းတို႔အေၾကာင္းအကုန္လာေျပာ
သိလား "

"ဟုတ္"

"ေအး ငါရည္းစားရမွ မနက္သုံးနာရီမင္းဆီဖုန္းဆက္ျပီး
လွမ္းၾကြားဦးမယ္"

"ဟာအစ္ကိုကလဲဗ်ာ"

ဆူပူေျပာလဲ နာရမည္မွန္းမသိပဲ ရယ္သံလြင္လြင္ျဖင့္
ဆိုလာသည့္ Sehunေၾကာင့္ Minseokမွာ တခဏေလး
တိုသြားရသည့္စိတ္ပင္ ျပန္လည္ျငိမ္က်သြားရသည္။

ဖုန္းခ်သြားျပီးေနာက္ Sehunကေတာ့မသိ။ Minseok
ကေတာ့ အ့ဲဒီေကာင္ေလး အခုဆို ဘယ္ေလာက္မ်ား
ေပ်ာ္ေနလိုက္မလဲေတြးျပီး ျပန္အိပ္လို႔အဆင္မေျပေတာ့
ေခ်။

"ေသာက္ကေလး ငါ့ကိုပါအိပ္ေရးပ်က္ေအာင္လုပ္သြား
ျပီ"

……^……

ပန္းခ်ီေလာကမွာ ပန္းခ်ီကားတခ်ပ္တည္းႏွင့္ တက္သစ္
စပညာရွင္အျဖစ္ လူအသိမ်ားလာပါေသာ္လည္း Luhan
သည္ လူလုံးထြက္မျပသလို သတ္သတ္မွတ္မွတ္ထား
ထားသည့္နာမည္ကလည္းမရွိသည့္အတြက္ ထင္ထား
သေလာက္နာမည္ၾကီးမလာခ့ဲေသးပါ။ သို႔ေသာ္လည္း သူ
ထပ္ဆြဲမည့္ပန္းခ်ီကားေတြကိုစိတ္ဝင္စားသူမ်ားျပား
လာျပီး လက္တြဲလုပ္ကိုင္လိုသည့္ ျပခန္းပိုင္ရွင္မ်ား၊ ျပခန္း
မွဴးမ်ားအမ်ားအျပားရွိလာပါျခင္းေၾကာင့္ အရင္ကထက္ပို
လို႔အလုပ္မ်ားလာသည္ကေတာ့အမွန္ျဖစ္သည္။

ရံဖန္ရံခါဆို ေက်ာင္းသို႔ပင္မသြားႏိုင္ေတာ့သလို Sehun
ႏွင့္လည္း ရက္အနည္းငယ္ေနလို႔မွတခါပင္ေတြ႔ရတာမ်ိဳး
ေတြရွိလာသည္။ ဒါသည္လည္း ျဖစ္ေနက်ျဖစ္လို႔ Sehun
ဘက္မွေထြေထြထူးထူးခံစားရသည္မရွိပါ။

တေန႔တာအတြင္းမွာ Luhanသည္လည္း သူ႔အလုပ္သူ
လုပ္၊ Sehunသည္လည္း ေက်ာင္းကိစၥေတြ၊ သမဂၢကိစၥ
ေတြျဖင့္လည္ပတ္လို႔ ကိုယ္စီအလုပ္မအားပဲရွိခ့ဲၾကသည္။

ယေန႕တြင္လည္း အတန္းတြင္းTestတစ္ခုေၾကာင့္ Sehunတို႔ သူငယ္ခ်င္းတအုပ္ နားေနခန္းထဲတြင္ စာေတြ
စုၾကရင္းေသာင္တင္ေနၾကျပန္သည္။

"ေဟ့ေကာင္ မင္းဖုန္းကလာလွခ်ည္လား ?"

ဖုန္းေတြဆက္တိုက္ျမည္ေနသည့္ တေယာက္ကို တျခား
တစ္ေယာက္က ေမးေငါ့ျပျပီးေမးသည္။ အေမးခံရသည့္
သူကို မ်က္ႏွာေပၚမွာစိတ္ရႈပ္ေထြးမႈအျပည့္ျဖင့္ ဖုန္းကို
လွမ္းယူကာ စက္ပိတ္ခ်ပစ္လိုက္ျပီး

"ငါ့ေကာင္မေလးပါ  ဘာေတြရစ္ဦးမလို႔လဲမသိဘူး"

"ဟ့ဲ အ့ဲဒါနဲ႕ပဲ ဖုန္းကိုပါပိတ္ခ်ပစ္လိုက္ရလား
အေရးၾကီးတ့ဲကိစၥဆိုဘယ္လိုလုပ္မလဲ"

"စာေမးပြဲေတြရွိလို႔ မင္းတို႔မေတြ႔ျဖစ္တာလဲၾကာျပီမလား
ဖုန္းေလးေတာ့လက္ခံေျပာမွေပါ့ ငါ့ေကာင္ရ"

တေယာက္တခြန္းစီဝိုင္းေျပာၾကေပမ့ဲ ကာယကံရွင္ ကိုယ္
၌ကေတာ့ လက္မခံႏိုင္သည့္သဖြယ္ရွိသည္။ သက္ျပင္း
ေတြခ်လို႔ ေခါင္းခါယမ္းကာစာအုပ္ကိုပဲအာရုံစိုက္ၾကည့္
ရင္း

"အလုပ္မ်ားတာျခင္းအတူတူ သူ႔ကိုအခ်ိန္မေပးဘူး
လားဆိုျပီး ခနဲ႕ေနေတာ့အာရုံစားလာတယ္ကြာ
ၾကာေတာ့ ငါလည္းသည္းမခံႏိုင္ေတာ့ဘူး"

"ခုေတာင္ ဒီေလာက္ျဖစ္ေနရင္ နင္တို႔ေက်ာင္းျပီးလို႔
အလုပ္ခြင္ဝင္ရင္ပိုေတာင္ဆိုးဦးမယ္ အစတည္းကမွ
သည္းမခံႏိုင္ရင္ ျပတ္ၾကမွာပဲ"

"ျပတ္လဲျပတ္ေပါ့ ဘယ္တတ္ႏိုင္မလဲ"

အလြယ္တကူေျပာထြက္သြားသည့္ ထိုသူငယ္ခ်င္းကို
Sehunတို႔တေတြၾကည့္မိၾကသည္။ ပထမႏွစ္တည္းက
အျမဲတပူးပူးတတြဲတြဲရွိေနသည့္စုံတြဲျဖစ္လို႔ အားလုံးက
သတိထားမိေနၾကသည့္သူမ်ားထံမွ ယခုက့ဲသို႔ျပီးစလြယ္
အျပတ္စကားထြက္လာမည္ဟုမထင္ထားၾကတာလဲပါ
သည္။

ေနာက္ထပ္ တစ္နာရီေက်ာ္ေက်ာ္ေလာက္စာစုလုပ္ျပီး
သည့္ေနာက္ Minorအတန္းေတြတက္ၾကဖို႔ အကုန္လုံး
ကကိုယ္စီအခန္းထဲကထြက္သြားၾကသည္။

ေန႔လည္စာစားခ်ိန္လြန္ခ့ဲေပမ့ဲ Sehun သူ႔နံေဘးနား
မွာ ခ်ထားသည့္ ထမင္းဘူးေလးကို ေစာင္းင့ဲၾကည့္လိုက္
သည္။

မနက္က Luhan ပါေမာကၡႏွင့္ေတြ႔စရာရွိသည္ေျပာျပီး
အေစာၾကီးထြက္သြားျခင္းေၾကာင့္ Sehunႏွင့္မနက္စာ
အတူစားမသြားခ့ဲ။ ေန႔လည္စာစားခ်ိန္အတြက္
ရည္ရြယ္ျပီး ထမင္းဘူးမ်ားထုတ္လာခ့ဲပါေသာ္လည္း
Sehunသြားေပးရေကာင္းႏိုး မေကာင္းႏိုးေဝခြဲရခက္ေန
ခ့ဲသည္။

"အလုပ္မ်ားေနလား မသိဘူး"

လင္းသြားလိုက္ ေမွာင္သြားလိုက္ျဖစ္သည့္ ဖုန္းကိုသာ
ေတာက္ေလွ်ာက္ၾကည့္ေနရင္း Sehun ထိုအခန္းထဲမွ
ေတာ္ေတာ္မထြက္ႏိုင္ခ့ဲ။ သို႔ပါေသာ္လည္း Luhanႏွင့္
ႏွစ္ေယာက္တည္းေအးေအးေဆးေဆးမေတြ႔ရသည္မွာ
တကယ့္ကိုၾကာလွျပီျဖစ္လို႔ Sehun အရဲစြန္႔ျပီး ထမင္းဘူး
မ်ားကိုဆြဲလို႔ ပန္းခ်ီခန္းဆီသို႔ဦးတည္ထြက္ခ့ဲမိသည္။

အမွန္အတိုင္းဆိုရလွ်င္ ပန္းခ်ီခန္းရွိရာ အေဆာင္သို႔
႔ေရာက္သည့္တိုင္ေအာင္ Sehun သြားဖို႔အတြက္ ဇေဝဇဝါ ျဖစ္ ေနဆဲပင္ျဖစ္ပါသည္။ အတန္းေတြစတက္ေနၿပီျဖစ္လို႔ စၾကၤန္လမ္းေတြ၌ လူသူအသြားအလာရွင္းလင္း ေနသည္။

Sehun ျဖည္းျဖည္းႏွင့္မွန္မွန္ေလွ်ာက္လာလိုက္ကာ
အခန္း အေရွ႕သို႕အေရာက္တံခါးခပ္ဟဟ ျဖစ္ေနသည့္
ပန္းခ်ီခန္းအတြင္းသို႔ Sehun လွမ္းၾကည့္မိလိုက္သည့္
ေနာက္ ကားခ်ပ္မ်ားႏွင့္ အလုပ္ ရႈပ္ေနသည့္ Luhan ကို ေတြ႕လိုက္ရသည္။

မ်က္ႏွာေပၚမွာေဆးစက္ေတြရွိမေနခဲ့။ ေလွ်ာေလွ်ာက်
လာသည့္ မ်က္မွန္ကို ပင့္တင္လိုက္တိုင္းမွာ Sehun
ႏႈတ္ခမ္းေတြသည္လည္း အလိုက္သင့္တြန႔္ခ်ိဳးေနခဲ့ရ
သည္။ အသံမေပးပဲ Sehun ေနေနခဲ့ေပမဲ့ Luhan က လူရွိေနသည္ကိုသတိထားမိသြားသည္ထင္ လွည့္
ၾကည့္လာခဲ့ၿပီး Sehun ကို ျမင္သည့္ေနာက္ ၿပဳံးျပလာကာ အနားလာဖို႔ လက္လွမ္းျပသည္။

အခန္းထဲ Sehun လွမ္းဝင္လာသည့္အခါ Luhan က
သယ္လာသည့္ ထမင္းဘူးကို လွမ္းၾကည့္သည္။

"ေန႔လည္စာမစားရေသးဘူးလား "

"ဟင့္အင္း ခင္ဗ်ားေရာ"

"မစားရေသးဘူးထင္တယ္"

ေဝေဝဝါးဝါးျဖင့္ ေျဖလာသည့္ Luhan ကို Sehun က
မ်က္ေမွာင္က်ဳံ႕ၾကည့္သည္။ ဘာလဲ ဘာေျပာခ်င္လို႔လဲ ဆိုသည့္ မ်က္ႏွာေပးျဖင့္ၾကည့္လာသည့္အခါ Sehun ကပင္ အေလွ်ာ့ေပးရျပန္ၿပီး လြတ္ေနသည့္ စားပြဲေပၚ ထမင္းဘူးမ်ားေျဖခ်လို႔ အဆင္သင့္စားဖို႔ရာျပင္ေပးရသည္။

ၾကက္သားလုံးအခ်ိဳေၾကာ္ တဘူး ၊ ေျပာင္းဖူးအေသးႏွင့္
မုန္လာဥႏွီကိုေရာေၾကာ္ထားသည္ကတဘူး၊ ထမင္းဆုပ္ တစ္ဘူး ႏွင့္ စေတာ္ ဘယ္ရီ တစ္ဘူး ကို စားပြဲေပၚ ခ်ၿပီးသည့္အခါ Luhan က အနားသို႔ေရာက္လာၿပီး Sehun
ေဘးနား၌ ဝင္ထိုင္လိုက္သည္။ ‌

ဝယ္လာသည့္ေရဘူးကိုေဘးနားခ်ေပးၿပီး တူႏွင့္ဇြန္းကို လက္ထဲထည့္ေပးလိုက္သည့္ေနာက္ Luhan က Sehun ကိုေမာ့ၾကည့္လာကာ

"မင္း ညေနအတန္းဘယ္ေတာ့ၿပီးမွာလဲ"

"ေလးနာရီေလာက္ "

"ေၾသာ္ ........ ငါ ႏွစ္နာရီျပခန္း ခဏ သြားရမွာ
မင္းနဲ႔အတူမျပန္ႏိုင္ေတာ့ဘူး"

ၾကက္သားေၾကာ္ဘူးကို Luhan ဘက္တိုးေပးလိုက္ၿပီး Sehun ေခါင္းၿငိမ့္ျပလိုက္သည္။ Luhan သည္ ထမင္းစားေနရင္းနဲ႔မွ တစုံတရာကို ေတြးေတာၿပီး စိတ္ရႈပ္ေန
ဟန္ တူပါသည္။

အလုပ္ကိစၥပင္ ျဖစ္ႏိုင္သည့္အတြက္ Sehun သည္လည္း ၿငိမ္ၿငိမ္ပင္ ေနေပးလိုက္ကာ ေန႔လည္စာကို စားေနခဲ့
သည္။ Luhan တိတ္ဆိတ္ေနပါေသာေၾကာင့္ စကား
လည္းမေျပာမိၾကပဲ ၿငိမ္သက္ေနမိၾကသည္။

ထမင္းစားေသာက္ၿပီးသည့္ေနာက္မွာ Luhan ကSehun ကို ထမင္းဘူးေတြကူသိမ္းေပးပါသည္။

"အလုပ္ေတြ အရမ္းမ်ားလားဟင္"

"ဟင္....... အင္း အရမ္းေတာ့မဟုတ္ပါဘူး
ေတြးစရာေလးေတြ နည္းနည္းရွိေနလို႔ ဘာျဖစ္လို႔လဲ "

"အလုပ္ေတြမ်ားေနေတာ့ ကိုယ္ေရာက္လာတာ အေႏွာင့္
အယွက္မ်ားျဖစ္လားလို႔ပါ"

ထမင္းဘူးမ်ားကိုအိတ္ထဲတြင္ စီထည့္လိုက္ျပီး Luhan
က Sehunကိုေမာ့ၾကည့္လာသည္။ အမွန္တကယ္ပင္
ထိုကိစၥကိုစိတ္ပူပန္ေနဟန္အျပည့္ရွိသည့္ ပုံစံေၾကာင့္
Luhanကသက္ျပင္းခ်သည္။

"မျဖစ္ပါဘူး မင္း ငါ့ဆီလာခ်င္ရင္ အခ်ိန္မေရြးလာလို႔
ရတယ္ ငါလဲမင္းကိုေတြ႔ခ်င္ရင္ မင္းဆီအခ်ိန္မေရြးလာ
မွာပဲ"

Luhan၏အေျပာကို Sehunကျငိမ္သက္လ်က္
နားေထာင္သည္။ ထမင္းဘူးမ်ားထည့္ထားသည့္အိတ္ကို
Sehunလက္ထဲLuhanထိုးထည့္ေပးျပီး အတန္းသြား
တက္ေတာ့ဖို႔ေျပာသည့္အခါ Sehunက ေခါင္းျငိမ့္သည္။

"ခင္ဗ်ားအေႏွာင့္အယွက္ျဖစ္မွာဆိုးလို႔။ ကိုယ္က
ခင္ဗ်ားကိုအျမဲတမ္းေတြ႔ခ်င္ေနတာ "

ထိုိသို႕ေသာစကားသည္ တြဲၾကမည္ဟုေျပာျပီးသည့္
ေနာက္ Sehunပထမဆုံးထုတ္ေျပာလာသည့္ စိတ္ခံစား
ခ်က္ႏွင့္သက္ဆုိုင္ေသာစကားျဖစ္သည္။ သူကျမိဳသိပ္
လြန္းသည္။ တေယာက္တည္းလည္းအေတြးလြန္တတ္
သည္။ ခ်စ္သည္ သေဘာက်သည္ဟု အျမဲတဖြဖြေျပာ
ခ်င္ေနသည့္တိုင္ Luhan သေဘာမေတြ႔မည္ဆိုးသျဖင့္
အျမဲခ်ဳပ္တည္းခဲ႕သည္ကမ်ားသည္။

ထိုိသို႔ေသာSehun စကားကိုၾကားသည့္ေနာက္ Luhan က တခဏျငိမ္က်သြားပါသည္။ ေျပာမိတာမွားသြားျပီလားဆိုသည့္ Sehun၏အေတြးမဆုံးခင္မွာပင္Luhanက Sehun ႏွာေခါင္းထိပ္ဖ်ားကို လက္ညိွဳးျဖင့္အသာတို႔ထိလ်က္ေတာက္လိုက္ရင္း

"ငါတို႔ကတြဲေနၾကတာေလ Sehunရဲ႕ ေတြ႔ခ်င္တာ
သဘာဝက်ပါတယ္"

ဆိုေသာ စကားကိုဆိုလာသည္။ ထိုစကားေၾကာင့္သာ
Sehunသည္ ျပည့္ျပည့္ဝဝျပံဳးႏိုင္ခ့ဲေတာ့သည္။

…………………………………

တလွမ္းခ်င္းစီ ကိုယ္က ခင္ဗ်ားနားကိုတိုးလာခ့ဲမွာ
ျဖစ္ျပီး တဆင့္ခ်င္းစီ ခင္ဗ်ားက ကို္ယ့္စိတ္ေတြကို
အသိအမွတ္ျပဳေပးပါ။

ကိုယ္ သေဘာက်တ့ဲသူက ကိိုယ့္ကိုအသိအမွတ္ျပဳတာ ဘယ္ေလာက္ၾကည္ႏူးစရာေကာင္းလဲ ခင္ဗ်ားသိသြားဖို႔ ကိုယ္ေမွ်ာ္လင့္မိသား


° The years I have loved him °


…………………………………

အတန္းတြင္း လပတ္စာေမးပြဲေတြ က်ဲပါးသြားသည့္အခ်ိန္
မွာ Sehun အေတာ္ေလး အလုပ္ရႈပ္သက္သာသြားသည္
ဟုေျပာ၍ရသည္။ ေတြ႔လိုက္ မေတြ႔လိုက္ လြမ္းလိုက္
ေဆြးလိုက္ျဖင့္ ခ်ာလပတ္လည္ေနခ့ဲသည့္ သူ၏ခ်စ္သူ
ရည္းစားဘဝသည္လည္း စာေမးပြဲေတြျပီးမွ ေသေသခ်ာခ်ာျပန္လည္ပတ္ေတာ့မည္ထင္ပါသည္။

အရင္ေန႔ေတြတုန္းက Sehun စာေမးပြဲမ်ားနည္းသြား
သည့္အခ်ိန္က်လွ်င္ Luhan၏မန္ေနဂ်ာလုပ္ေပးမည္ဟု
ေျပာထားဖူးသည္။ Luhanက ထိုစကားကိုရယ္စရာအေန
ႏွင့္သေဘာထားေနပါေသာ္လည္း Sehunက တကယ္ဆုိ
လိုျပီးေျပာခ့ဲတာျဖစ္သည္။

တိုက္တိုက္ဆိုင္ဆိုင္ပင္ ျပိဳင္ပြဲတုန္းက Luhan၏ပန္းခ်ီ
ကားကိုသြားပို႔ခ့ဲသူမွာ Sehunျဖစ္ေနသျဖင့္ အလုပ္ကိစၥ
ေတာ္ေတာ္မ်ားမ်ားသည္လည္းSehunကိုဆက္သြယ္လာ
ၾကတာမ်ားသည္။ ထိုထဲကမွ အဆင္ေျပႏိုင္ေလာက္သည္
မ်ားကိုစီစစ္ေရြးထုတ္ထားခ့ဲျပီး Sehunတစ္ေယာက္ သူ
အလုပ္အားသည့္ရက္မ်ားေရာက္လာသည္ႏွင့္ ထိုအလုပ္
မ်ားကိုစာရင္းမွတ္ကာ Luhanႏွင့္ေတြ႔ဖို႔အတြက္ ပန္းခ်ီ
ခန္းဆီေလွ်ာက္လာခ့ဲပါေတာ့သည္။

မနက္တုန္းက Sehun မနက္အေစာၾကီးအတန္းရွိသျဖင့္
Luhanႏွင့္မေတြ႔ခ့ဲရ။ မနက္အေစာ Luhanမႏိုးတတ္
သည္ကိုလည္း သိပါသျဖင့္ မနက္စာကိုေတာင္ အိမ္ေရွ႕
တံခါးမွာပင္ ခ်ိတ္ထားခ့ဲျပီး ထြက္ခ့ဲရတာျဖစ္သည္။

ယခုေန႔လည္ေရာက္သည့္အခါမွာေတာ့ ေန႔လည္စာလည္း
အတူစားကာ အလုပ္ကိစၥလည္းေျပာဖို႔အတြက္ (အဓိက
ရည္ရြယ္ရင္းက မ်က္ႏွာေလးကိုေတြ႔ဖို႔ရာျဖစ္ေပမ့ဲ ) Sehun ပန္းခ်ီခန္းသို႔ထြက္လာခ့ဲသည္။

သို႔ေပမ့ဲ ပန္းခ်ီခန္းေရွ႕သို႔ေရာက္သည့္အခါ ေသာ့ပိတ္
လ်က္ရွိေနသည့္အခန္းကိုသာေတြ႔လိုက္ရသည္။ Sehun
ဇေဝဇဝါျဖင့္ အခန္းတံခါးကိုေခါက္လိုက္ပါေသာ္လည္း တုံ႕
ျပန္လာသည့္သူမရွိခ့ဲေပ။

ထိုအခိုက္၌ Sehunအနားသို႔ ေက်ာင္းသူတစ္ေယာက္
ေရာက္လာခ့ဲျပီး

"ဟို……သင္တန္းကပိတ္လိုက္ျပီရွင့္"

"ဗ်ာ ? ပိတ္လိုက္တယ္ဆိုတာ ဘာကိုဆိုလိုတာလဲ
မသိဘူး"

"ဟုတ္ ဒီသင္တန္းမွာသင္ေပးတ့ဲစီနီယာအစ္ကိုၾကီးက
အလုပ္မ်ားလာလို႔ဆက္မလုပ္ႏိုင္ေတာ့တာတ့ဲ အ့ဲဒါနဲ႕
ပါေမာကၡကလဲသင္တန္းကိုပိတ္ေပးလိုက္တာ လြန္ခ့ဲတ့ဲ
အပတ္တည္းကပဲ"

"ေၾသာ္…………"

လမ္းၾကံဳသျဖင့္ဝင္ေျပာလိုက္ဟန္ရွိသည့္ေက်ာင္းသူထြက္
သြားသည့္အခါ Sehun တေယာက္တည္း ပိတ္ထားသည့္
အခန္းတံခါးေရွ႕က်န္ခ့ဲရသည္။

လြန္ခ့ဲသည့္တပတ္ကဆိုလွ်င္ သူႏွင့္Luhan ေန႔လည္စာ
အတူစားခ့ဲသည့္ေန႔တည္းကျဖစ္ပါလိမ့္မည္။

Luhanဆီကိုဖုန္းေခၚဖို႔အတြက္ Sehunၾကိဳးစားလိုက္
သည္။ သို႔ေသာ္ Sehunဖုန္းကိုေျဖမ့ဲသူမရွိခ့ဲ။

သုံးခါေျမာက္ေခၚဆိုအျပီးမွာ Sehun လက္ေလွ်ာ့လိုက္ျပီး
ပန္းခ်ီခန္းေရွ႕ကေနထြက္လာခ့ဲလိုက္သည္။

Luhanက ဘာလို႔ ဒီကိစၥကို အရိပ္အျမြက္ေလးေတာင္
သူ႔အားမေျပာျပခ့ဲသလဲ ဟု Sehun ေတြးမိပါသည္။

ထိုေန႔က Luhan ႏွင့္ တေနကုန္အဆက္အသြယ္မရခ့ဲသလို ညဘက္ထိေအာင္ Luhanသည္အိမ္သို႔ျပန္မလာခ့ဲ
ပါေလ။

……^……

ေက်ာင္းအားရက္တစ္ရက္တြင္ Minseok၏ ေကာ္ဖီဆိုင္
သို႔ Sehunေရာက္ခ်လာသည္။ ဂ်ဴတီဝင္ေပးဖို႔လာသည္
မဟုတ္ပဲ ေကာ္ဖီေသာက္ဖို႔လာျခင္းျဖစ္ေၾကာင္းကို Minseok ႏွင့္စကားႏိုင္လုရင္း ေထာင့္စြန္းက စားပြဲမွာ
ေနရာဦးလို႔သြားထိုင္ေနသည္။

မွာခ့ဲသည့္ စေတာ္ဘယ္ရီလတ္ေတးႏွင့္ေခ်ာကလက္
ပိုင္မုန္႔ကို Minseok ကိုယ္တိုင္လာခ်ေပးျပီး Sehunႏွင့္
မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္သည္။

ျပံဳးစစႏွင့္Minseokပုံစံက Sehunကို စေနာက္ခ်င္သည့္
ပုံစံေပါက္ေနပါသည္။

"ဘယ္လိုလဲ ရည္းစားအသစ္စက္စက္ေလးမပါဘူးလား ?"

စေနာက္သည့္စကားဆုံးသည့္ေနာက္ Sehunကရယ္ေမာ
ျပီးေခါင္းခါျပသည္။ စေတာ္ဘယ္ရီလတ္ေတးကိုတငုံ
ေသာက္ရင္း အရမ္းခ်ိဳတာပဲဟုျငီးတြားလိုက္ေသးသည္။

"ေအးေပါ့ အခုေတာ့ မင္းဘဝၾကီးကခ်ိဳေနျပီဆိုေတာ့
အခ်ိဳေတြဘယ္လိုေတာ့မလဲ ? ဘယ္မွာတုန္း
မင္းရည္းစား ?? "

"ဟင္းး………သူ႕အိမ္ခဏျပန္သြားတယ္"

"ေဟ ဒီအခ်ိန္ၾကီးကိုေလ"

Minseokကတအ့ံတၾသေမးသည္ကိုSehunေခါင္းျငိမ့္
ျပလိုက္ရသည္။ ပုံမွန္အတိုင္းဆို Luhanက ပိတ္ရက္ရွည္
ေတြရွိမွသာျပန္ေလ့ရွိတာျဖစ္ေသာေၾကာင့္ ဒီအခ်ိန္ျပန္
ျခင္းကိုကထူးဆန္းေနသည္။ မေမးလာေပမ့ဲလည္း Sehunက အလိုက္တသိႏွင့္

"…………ျပခန္းနဲ႕ စာခ်ဳပ္ခ်ဳပ္လိုက္တယ္ေလ အလုပ္
ေတြမ်ားလာႏိုင္လို႔ ခဏစိတ္အနားရေအာင္ ျပန္သြား
တာတ့ဲ"

"ေအာ္ေဟာ အ့ဲဒါနဲ႕ အလြမ္းသမားေလးက ငါ့ဆိုင္ေရာက္
လာတယ္ေပါ့"

"အင္း………ကြ်န္ေတာ့္ကိုေတာင္ႏႈတ္ဆက္မသြားပါဘူး
သူနဲ႕ဖုန္းရမွ သူျပန္သြားတာကြ်န္ေတာ္သိတာ"

Minseokမ်က္ႏွာမွအျပံဳးသည္တမုဟုတ္ခ်င္းေပ်ာက္
ကြယ္သြားခ့ဲေပမ့ဲ Sehunကေတာ့ ဘာမွမျဖစ္သလိုပင္
အေအးေလးေသာက္လိုက္ မုန္႔ေလးစားလိုက္ရွိေနခ့ဲ
သည္။ တခဏအၾကာ၌ Minseokဆီကေန သက္ျပင္း
ခ်သံေငြ႔ေငြ႔ထြက္လာခ့ဲပါသည္။

"အ့ဲေကာင္ေလးကေလ တကယ္စိတ္ျမန္လက္ျမန္ရွိတာ
မင္းကေတာ့အရမ္းသည္းခံရဦးမွာ Sehunရဲ႕"

"ကြ်န္ေတာ္သိပါတယ္ ကြ်န္ေတာ့္ေကာင္ေလးအေၾကာင္း
ကြ်န္ေတာ္အသိဆုံး"

ထိုစကားႏွင့္လိုက္လိုက္ဖက္ဖက္ထြက္သြားသည့္မ်က္ႏွာ
ေပး ၊ ေလသံတို႔ေၾကာင့္ Minseokက Sehunကို
မ်က္ေမွာင္က်ဳံ႕ၾကည့္သည္။ ထိုအခါမွသာ Sehunသည္ မ်က္ရည္မ်ားပင္က်သည္ထိ အားပါးတရရယ္မိေလသည္။

အရွိန္အတိုင္းလႊတ္ထားေပးရာမွေန Sehunအရယ္တိတ္
သြားေတာ့မွ Minseokကစကားစသည္။

"မင္းသိတာေတာင္ ေတာ္ေတာ္ပင္ပန္းေနပုံပဲ"

"………………"

"ဒီလူပ်ိဳၾကီးက ခ်စ္သူရည္းစားေတြၾကားဝင္အၾကံမေပး
တတ္ေပမ့ဲ နားေထာင္ေပးလို႔ေတာ့ရပါေသးတယ္
ငါ့ညီရဲ႕"

မ်က္လုံးေထာင့္စြန္းမွစိုေနသည့္မ်က္ရည္မ်ားကိုသုတ္
လိုက္ျပီး Sehunက ေစာင့္ေနသည့္Minseokကိုၾကည့္
သည္။ ထို႔ေနာက္ ေလပူတစ္ခ်က္ကိုမႈတ္ထုတ္လ်က္ရယ္
ေမာလာသည္။

"Oh Se Hun"

"သူမ်ားေတြအတြက္ေတာ့ ဘာမွမဟုတ္တ့ဲကိစၥျဖစ္ခ်င္
ျဖစ္ေနမွာပဲ ကြ်န္ေတာ့္ကိုတခြန္းမွမေျပာပဲ သူ ေက်ာင္းက
ထြက္သြားတ့ဲကိစၥ ေနာက္ ႏႈတ္မဆက္ပဲျပန္သြားတ့ဲကိစၥ
ကြ်န္ေတာ္ နည္းနည္းဝမ္းနည္းမိတယ္။ ေနာက္ေတာ့
ကြ်န္ေတာ္က ေျပာဖို႕ ႏႈတ္ဆက္ဖို႔အေရးမပါလို႔မ်ားလား
လို႔ေတြးမိတယ္"

"မင္း အ့ဲဒီစကားေတြကို Luhanကို ေျပာရမွာ"

ထိုင္ခုံေနာက္ေက်ာကိုမွီခ်လိုက္ကာ လက္ပိုက္လို႔
Minseokဆိုသည္။ Sehunသည္ အတန္ၾကာ တိတ္
ဆိတ္လ်က္ စဥ္းစားသြားျပီးမွ ေခါင္းခါယမ္းသည္။

"ကြ်န္ေတာ္ Luhanကို စိတ္အေႏွာင့္အယွက္မေပး
ခ်င္ဘူး"

"ေဟ့ေကာင္ေရ အ့ဲဒါနားလည္မႈယူတာကြ"

Sehun ဘာတခြန္းမွမေခ်ပႏိုင္ပဲ ဆိုင္အျပင္ဘက္ကိုသာ
ခပ္ေတြေတြစိုက္ၾကည့္ေနသည္။ Minseokတစ္ေယာက္
သာအားမလိုအားမရျဖင့္ ထိုင္ခုံကိုလက္ျဖင့္ရိုက္ပုတ္လို႔
Sehunကို သူ႔အားၾကည့္လာေစျပီး

"ခံစားရတာေတြကျမိဳသိပ္ထားဖို႔မဟုတ္ဘူးဟ ဖြင့္ေျပာ
ဖို႕မင္းစိတ္မေကာင္းဘူးဆိုတာကို မင္းမွမေျပာရင္Luhan
ကဘယ္လိုလုပ္သိမွာလဲ ? အခုမေျပာလို႔ ေနာက္က်ရင္
ေရာ ? Luhanက အ့ဲလိုေတြဆက္လုပ္ေနမယ္ဆို မင္း
ဘယ္လိုလုပ္မလဲ အျမဲသည္းခံေနမွာလား ? Sehunရဲ႕
ခိုင္မာတ့ဲ relationshipဆိုတာ နားလည္မႈနဲ႕ ေရွ႕ဆက္
ရတာ"

ခပ္ရွည္ရွည္ေျပာလာသည့္ Minseokစကားကို Sehun
ကျငိမ္သက္စြာနားေထာင္သည္။ နားဝင္သြားေလသလား
လက္မခံျပန္ဘူးလားမသိေပမ့ဲ Minseokကေတာ့ ထို
တခ်က္ကိုအမိအရအၾကံဥာဏ္ေပးပစ္လိုက္သည္။

"အေကာင္းဆုံးကေတာ့ သူ႔ေနာက္လိုက္သြား "

"ဗ်ာ……"

"အင္း မင္းလဲေက်ာင္းမွာအေထြအထူးမရွိဘူးမလား
ခြင့္ယူျပီးရည္းစားေနာက္လိုက္သြားလို႔ေျပာတာ"

ေရွ႕စကားေတြနားမေထာင္ေသာ္လည္း Oh Sehun
သည္ ဒီစကားကိုျဖင့္နားေထာင္ခ်င္သေယာင္ရွိသည္။
တျဖည္းျဖည္းျပံဳးလာသည့္မ်က္ႏွာႏုငယ္ငယ္ေၾကာင့္
Minseokသည္လည္း ေက်နပ္သြားရသည္။

ထို႔ေၾကာင့္ ေခါင္းမာသည့္ညီငယ္ကို ကိတ္မုန္႔စားဇြန္း
ျဖင့္ထိပ္ေခါက္လိုက္ျပီးသကာလ က်လာသည့္ဧည့္သည္
မ်ားေၾကာင့္ စားပြဲမွမတ္တပ္ထရပ္လိုက္ျပီး

"အေအးနဲ႕မုန္႔ဖိုး ရွင္းသြားဦး ဝမ္သုံးေသာင္း"

"ဗ်ာ……ဘယ္လိုဘယ္လို"

"အေအးက ငါးေထာင့္ငါးရာ မုန္႔က ေလးေထာင့္ငါးရာ
ေလ ငါ့အၾကံက ႏွစ္ေသာင္းက်တယ္"

Minseok ဂုဏ္ယူစြာျဖင့္လက္ျပျပီးထြက္သြားသလို
Sehunပိုက္ဆံအိတ္ထဲကပိုက္ဆံေလးေတြလည္းခုန္
ေပါက္ထြက္သြားေတာ့သည္။

တန္ပါသည္ေလ။

အဘယ္ေၾကာင့္ဆိုေသာ္ ေနာက္တေန႔မနက္မွာပင္ Sehunအခ်ိန္ဆြဲမေနခ့ဲေတာ့ပဲ Luhanရွိသည့္ေနရာသို႔
ထြက္လာခ့ဲျခင္းေၾကာင့္ျဖစ္သည္။

ခ်က္ခ်င္းမွမလုပ္ျဖစ္လွ်င္ အေၾကာင္းျပခ်က္မ်ားစြာျဖင့္
Sehun လာျဖစ္ခ့ဲေတာ့မည္မဟုတ္။ ရထားစီးလာခ့ဲသည့္
နာရီမ်ားတြင္ သူ႔ရင္သည္ ခုန္ေနခ့ဲသည္။

Luhanသေဘာမွက်ပါ့မလားဟု စိုးရိမ္ေနဆဲ။ သူလာ၍
စိတ္အေႏွာင့္အယွက္မ်ားျဖစ္သြားမလားဟု ေတြးပူေနဆဲ
ျဖစ္သည္။

ဖုန္းျဖင့္အဆက္အသြယ္ပင္မလုပ္မိပါပဲ ဘူတာထိသို႔ပင္
Sehunေရာက္လာခ့ဲျပီျဖစ္သည္။

ျမိဳ႕ကေလးသည္ မႏွစ္ကအခ်ိန္တိုင္း တိတ္ဆိတ္ေအးခ်မ္း
လို႔ရွိသည္။ သူ႕အားေႏြးေထြးစြာၾကိဳဆိုဆဲဟုထင္မွတ္မိ
သည္။ ဘူတာရုံဘက္သို႔ေျခတလွမ္းခ်မိသည့္အခါ လူ
အားလုံးက ကိုယ္စီကိုယ္စီေစာင့္ၾကိဳေနသူမ်ားႏွင့္ပါသြား
ၾကသည္။

မေခၚပဲလာသည့္ဧည့္သည္ဆို၍သူသာရွိလိမ့္မည္။
သက္ျပင္းတို႔အလီလီခ်မိျပီး Sehun ဖုန္းကိုဖြင့္လိုက္
သည္။

Luhanႏွင့္ေနာက္ဆုံးဖုန္းေျပာခ့ဲျခင္းသည္ ယျမန္ေန႔
ကျဖစ္ျပီး ထိုေန႔ေနာက္ပိုင္း စာျဖင့္ပင္အဆက္အသြယ္
မလုပ္ျဖစ္ခ့ဲၾကေပ။

ဘူတာအျပင္ဘက္သု႔ိဦးတည္ေနသည့္ Sehunေျခလွမ္း
မ်ားသည္ ေနာက္ေၾကာင္းျပန္လွည့္သြားခ့ဲသည္။ ဘူတာ
အတြင္းသို႔လွမ္းဝင္ေတာ့မည့္ဆဲဆဲမွာပင္ သူ၏လက္ကို
တစ္စုံတစ္ေယာက္က ေနာက္ကေနဆြဲကိုင္လိုက္ပါသည္။

To Be ConTinued………


"Hello အစ်ကို Minseokလား ?"

ရင်းနှီးနေသည့်လေသံပေမဲ့ Minseok ထိုအသံကြား
သည်နှင့် မျက်မှောင်ကျုံ့ကာ ဖုန်းကိုနားမှခွာပြီး ကုတင်
ဘေးကမီးလင်းနေသည့်စားပွဲတင်နာရီကိုမျက်စိကစား
လိုက်သည်။ ရှေ့ဂဏန်း 2ကိုထင်းထင်းလင်းလင်းမြင်နေရသည့် ဒီလိုအချိန်မျိုးမှာ Sehun သူ့ဆီဘာကိစ္စဖုန်းဆက်သလဲ ရုတ်တရတ်Minseokတွေးမရသလိုဖြစ်သွားသည်။

"အင်း ပြော ဘာဖြစ်လို့လဲ Sehunnie ပြောလေ"

သို့ပေသိ အာရုဏ်တက်ခါနီးအချိန်၌ ဖုန်းဆက်လာခြင်း
ဖြစ်လို့ အထွေအထူးကိစ္စတစ်ခုခုတော့ဖြင့် ရှိရမည်ဟု
Minseok ခဏချင်းပင်တွက်ချက်မိရကာ စိတ်ပူပန်စွာ
ဖြင့်မေးလိုက်မိသည်။ တဘက်က Sehunလေသံသည်
အနည်းငယ်စိတ်လောနေသည့်ပုံရှိနေသည်မဟုတ်လား ?

"Sehun ??"

ခေါ်ပြီးကာမှ တဘက်ကငြိမ်ကျသွားသဖြင့် Minseok
စိတ်ပူသွားလျက် ကုတင်ပေါ်ငုတ်တုတ်ပင်ထထိုင်မိချေ
သည်။ အခန်းတွင်းမီးများကိုတမုဟုတ်ချင်းလင်းချင်းသွားအောင်အထိလိုက်ဖွင့်လိုက်မိပြီးသောအခါမှ Sehunဆီမှထွက်ကျလာသောလေသံတိုးတိုးသည်

"ကျွန်တော်နဲ့Luhan တွဲနေပြီ"

Minseokတစ်ယောက် ဖုန်းကို ကိုင်လျက်သားဖြင့်
တခဏမျှဆွံ့အသွားသည်။

နေပါဦးဒီအကြောင်းကိုပြောဖို့ မနက်နှစ်နာရီကြီး
OH SeHunက ငါ့ဆီဖုန်းဆက်တာလား ??

Minseok၏အတွေးကို မသိနိုင်စွာပင် Sehunက ချောင်းတချက်ဟန့်ပြီးသူပြောချင်သည်များကိုသာဆက်ပြောလေရှာသည်။

"Luhanက မမေးရင်တော့လျှောက်မပြောရဘူးဆို
ပေမဲ့ ဟိုနေ့က အစ်ကိုကမေးဖူးတော့လေ ကျွန်တော်က
ဖုန်းဆက်ပြီးပြန်ပြောပြတာ"

ရှုပ်ပွနေသည့်ဆံပင်များကိုသာ ဖွာလန်ကျဲအောင်ကုတ်
ပစ်လိုက်ပြီး မမြင်ရမှန်းသိပေမဲ့ ဖုန်းထဲကနေ Sehunကို
Minseokမျက်ထောင့်နီဖြင့်ကြည့်သည်။

နာရီမှ ၂ဂဏန်းကိုမြင်လေ သူ သွေးတက်လာလေဖြစ်ပြီး
Sehun၏ ရှက်ဝါးဝါးစကားသံထပ်ထွက်မလာခင်မှာပင်

"မင်းအားရင်ဆိုင်လာခဲ့ မင်းတို့အကြောင်းအကုန်လာပြောသိလား "

"ဟုတ်"

"အေး ငါရည်းစားရမှ မနက်သုံးနာရီမင်းဆီဖုန်းဆက်ပြီး
လှမ်းကြွားဦးမယ်"

"ဟာအစ်ကိုကလဲဗျာ"

ဆူပူပြောလဲ နာရမည်မှန်းမသိပဲ ရယ်သံလွင်လွင်ဖြင့်
ဆိုလာသည့် Sehunကြောင့် Minseokမှာ တခဏလေး
တိုသွားရသည့်စိတ်ပင် ပြန်လည်ငြိမ်ကျသွားရသည်။

ဖုန်းချသွားပြီးနောက် Sehunကတော့မသိ။ Minseok
ကတော့ အဲ့ဒီကောင်လေး အခုဆို ဘယ်လောက်များ
ပျော်နေလိုက်မလဲတွေးပြီး ပြန်အိပ်လို့အဆင်မပြေတော့
ချေ။

"သောက်ကလေး ငါ့ကိုပါအိပ်ရေးပျက်အောင်လုပ်သွား
ပြီ"

……^……

ပန်းချီလောကမှာ ပန်းချီကားတချပ်တည်းနှင့် တက်သစ်စပညာရှင်အဖြစ် လူအသိများလာပါသော်လည်း Luhanသည် လူလုံးထွက်မပြသလို သတ်သတ်မှတ်မှတ်ထားထားသည့်နာမည်ကလည်းမရှိသည့်အတွက် ထင်ထားသလောက်နာမည်ကြီးမလာခဲ့သေးပါ။ သို့သော်လည်း သူထပ်ဆွဲမည့်ပန်းချီကားတွေကိုစိတ်ဝင်စားသူများပြားလာပြီး လက်တွဲလုပ်ကိုင်လိုသည့် ပြခန်းပိုင်ရှင်များ၊ ပြခန်းမှူးများအများအပြားရှိလာပါခြင်းကြောင့် အရင်ကထက်ပိုလို့အလုပ်များလာသည်ကတော့အမှန်ဖြစ်သည်။

ရံဖန်ရံခါဆို ကျောင်းသို့ပင်မသွားနိုင်တော့သလို Sehun
နှင့်လည်း ရက်အနည်းငယ်နေလို့မှတခါပင်တွေ့ရတာမျိုးတွေရှိလာသည်။ ဒါသည်လည်း ဖြစ်နေကျဖြစ်လို့ Sehunဘက်မှထွေထွေထူးထူးခံစားရသည်မရှိပါ။

တနေ့တာအတွင်းမှာ Luhanသည်လည်း သူ့အလုပ်သူ
လုပ်၊ Sehunသည်လည်း ကျောင်းကိစ္စတွေ၊ သမဂ္ဂကိစ္စတွေဖြင့်လည်ပတ်လို့ ကိုယ်စီအလုပ်မအားပဲရှိခဲ့ကြသည်။

ယနေ့တွင်လည်း အတန်းတွင်းTestတစ်ခုကြောင့် Sehunတို့ သူငယ်ချင်းတအုပ် နားနေခန်းထဲတွင် စာတွေစုကြရင်းသောင်တင်နေကြပြန်သည်။

"ဟေ့ကောင် မင်းဖုန်းကလာလှချည်လား ?"

ဖုန်းတွေဆက်တိုက်မြည်နေသည့် တယောက်ကို တခြား
တစ်ယောက်က မေးငေါ့ပြပြီးမေးသည်။ အမေးခံရသည့်
သူကို မျက်နှာပေါ်မှာစိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် ဖုန်းကို
လှမ်းယူကာ စက်ပိတ်ချပစ်လိုက်ပြီး

"ငါ့ကောင်မလေးပါ  ဘာတွေရစ်ဦးမလို့လဲမသိဘူး"

"ဟဲ့ အဲ့ဒါနဲ့ပဲ ဖုန်းကိုပါပိတ်ချပစ်လိုက်ရလား
အရေးကြီးတဲ့ကိစ္စဆိုဘယ်လိုလုပ်မလဲ"

"စာမေးပွဲတွေရှိလို့ မင်းတို့မတွေ့ဖြစ်တာလဲကြာပြီမလား
ဖုန်းလေးတော့လက်ခံပြောမှပေါ့ ငါ့ကောင်ရ"

တယောက်တခွန်းစီဝိုင်းပြောကြပေမဲ့ ကာယကံရှင် ကိုယ်၌ကတော့ လက်မခံနိုင်သည့်သဖွယ်ရှိသည်။ သက်ပြင်းတွေချလို့ ခေါင်းခါယမ်းကာစာအုပ်ကိုပဲအာရုံစိုက်ကြည့်ရင်း

"အလုပ်များတာခြင်းအတူတူ သူ့ကိုအချိန်မပေးဘူး
လားဆိုပြီး ခနဲ့နေတော့အာရုံစားလာတယ်ကွာ
ကြာတော့ ငါလည်းသည်းမခံနိုင်တော့ဘူး"

"ခုတောင် ဒီလောက်ဖြစ်နေရင် နင်တို့ကျောင်းပြီးလို့
အလုပ်ခွင်ဝင်ရင်ပိုတောင်ဆိုးဦးမယ် အစတည်းကမှ
သည်းမခံနိုင်ရင် ပြတ်ကြမှာပဲ"

"ပြတ်လဲပြတ်ပေါ့ ဘယ်တတ်နိုင်မလဲ"

အလွယ်တကူပြောထွက်သွားသည့် ထိုသူငယ်ချင်းကို
Sehunတို့တတွေကြည့်မိကြသည်။ ပထမနှစ်တည်းက
အမြဲတပူးပူးတတွဲတွဲရှိနေသည့်စုံတွဲဖြစ်လို့ အားလုံးက
သတိထားမိနေကြသည့်သူများထံမှ ယခုကဲ့သို့ပြီးစလွယ်
အပြတ်စကားထွက်လာမည်ဟုမထင်ထားကြတာလဲပါ
သည်။

နောက်ထပ် တစ်နာရီကျော်ကျော်လောက်စာစုလုပ်ပြီး
သည့်နောက် Minorအတန်းတွေတက်ကြဖို့ အကုန်လုံး
ကကိုယ်စီအခန်းထဲကထွက်သွားကြသည်။

နေ့လည်စာစားချိန်လွန်ခဲ့ပေမဲ့ Sehun သူ့နံဘေးနား
မှာ ချထားသည့် ထမင်းဘူးလေးကို စောင်းငဲ့ကြည့်လိုက်သည်။

မနက်က Luhan ပါမောက္ခနှင့်တွေ့စရာရှိသည်ပြောပြီး
အစောကြီးထွက်သွားခြင်းကြောင့် Sehunနှင့်မနက်စာ
အတူစားမသွားခဲ့။ နေ့လည်စာစားချိန်အတွက်
ရည်ရွယ်ပြီး ထမင်းဘူးများထုတ်လာခဲ့ပါသော်လည်း
Sehunသွားပေးရကောင်းနိုး မကောင်းနိုးဝေခွဲရခက်နေ
ခဲ့သည်။

"အလုပ်များနေလား မသိဘူး"

လင်းသွားလိုက် မှောင်သွားလိုက်ဖြစ်သည့် ဖုန်းကိုသာ
တောက်လျှောက်ကြည့်နေရင်း Sehun ထိုအခန်းထဲမှတော်တော်မထွက်နိုင်ခဲ့။ သို့ပါသော်လည်း Luhanနှင့်နှစ်ယောက်တည်းအေးအေးဆေးဆေးမတွေ့ရသည်မှာတကယ့်ကိုကြာလှပြီဖြစ်လို့ Sehun အရဲစွန့်ပြီး ထမင်းဘူးများကိုဆွဲလို့ ပန်းချီခန်းဆီသို့ဦးတည်ထွက်ခဲ့မိသည်။

အမှန်အတိုင်းဆိုရလျှင် ပန်းချီခန်းရှိရာ အဆောင်သို့့ရောက်သည့်တိုင်အောင် Sehun သွားဖို့အတွက် ဇဝေဇဝါ ဖြစ် နေဆဲပင်ဖြစ်ပါသည်။ အတန်းတွေစတက်နေပြီဖြစ်လို့ စင်္ကြန်လမ်းတွေ၌ လူသူအသွား အလာရှင်းလင်း နေသည်။

Sehun ဖြည်းဖြည်းနှင့်မှန်မှန်လျှောက်လာလိုက်ကာ အခန်း အရှေ့သို့အရောက်တံခါးခပ်ဟဟ ဖြစ်နေသည့် ပန်းချီခန်းအတွင်းသို့ Sehun လှမ်းကြည့်မိလိုက်သည့်နောက် ကားချပ်များနှင့် အလုပ် ရှုပ်နေသည့် Luhan ကို တွေ့လိုက်ရသည်။

မျက်နှာပေါ်မှာဆေးစက်တွေရှိမနေခဲ့။ လျှောလျှေ ာကျလာသည့် မျက်မှန်ကို ပင့်တင်လိုက်တိုင်းမှာ Sehun နှုတ်ခမ်းတွေသည်လည်း အလိုက် သင့် တွန့်ချိုးနေခဲ့ရသည်။ အသံမပေးပဲ Sehun နေနေခဲ့ပေမဲ့ Luhan က လူရှိနေသည်ကိုသတိထားမိသွားသည်ထင် လှည့်ကြည့်လာခဲ့ပြီး Sehun ကို မြင်သည့်နောက် ပြုံးပြလာကာ အနားလာဖို့ လက်လှမ်းပြသည်။

အခန်းထဲ Sehun လှမ်းဝင်လာသည့်အခါ Luhan က
သယ်လာသည့် ထမင်းဘူးကို လှမ်းကြည့်သည်။

"နေ့လည်စာမစားရသေးဘူးလား "

"ဟင့်အင်း ခင်ဗျားရော"

"မစားရသေးဘူးထင်တယ်"

ဝေဝေဝါးဝါးဖြင့် ဖြေလာသည့် Luhan ကို Sehun က
မျက်မှောင်ကျုံ့ကြည့်သည်။ ဘာလဲ ဘာပြောချင်လို့လဲ ဆိုသည့် မျက်နှာပေးဖြင့်ကြည့်လာသည့်အခါ Sehun ကပင် အလျှော့ပေးရပြန်ပြီး လွတ်နေသည့် စားပွဲပေါ် ထမင်းဘူးများဖြေချလို့ အဆင်သင့်စားဖို့ရာပြင်ပေးရသည်။

ကြက်သားလုံးအချိုကြော် တဘူး ၊ ပြောင်းဖူးအသေးနှင့်
မုန်လာဥနှီကိုရောကြော်ထားသည်ကတဘူး၊ ထမင်းဆုပ် တစ်ဘူး နှင့် စတော် ဘယ်ရီ တစ်ဘူး ကို စားပွဲပေါ် ချပြီးသည့်အခါ Luhan က အနားသို့ရောက်လာပြီး Sehunဘေးနား၌ ဝင်ထိုင်လိုက်သည်။ ‌

ဝယ်လာသည့်ရေဘူးကိုဘေးနားချပေးပြီး တူနှင့်ဇွန်းကို လက်ထဲထည့်ပေးလိုက်သည့်နောက် Luhan က Sehun ကိုမော့ကြည့်လာကာ

"မင်း ညနေအတန်းဘယ်တော့ပြီးမှာလဲ"

"လေးနာရီလောက် "

"သြော် ........ ငါ နှစ်နာရီပြခန်း ခဏ သွားရမှာ
မင်းနဲ့အတူမပြန်နိုင်တော့ဘူး"

ကြက်သားကြော်ဘူးကို Luhan ဘက်တိုးပေးလိုက်ပြီး Sehun ခေါင်းငြိမ့်ပြလိုက်သည်။ Luhan သည် ထမင်းစားနေရင်းနဲ့မှ တစုံတရာကို တွေးတောပြီး စိတ်ရှုပ်နေဟန် တူပါသည်။

အလုပ်ကိစ္စပင် ဖြစ်နိုင်သည့်အတွက် Sehun သည်လည်း ငြိမ်ငြိမ်ပင် နေပေးလိုက်ကာ နေ့လည်စာကို စားနေခဲ့သည်။ Luhan တိတ်ဆိတ်နေပါသောကြောင့် စကားလည်းမပြောမိကြပဲ ငြိမ်သက်နေမိကြသည်။

ထမင်းစားသောက်ပြီးသည့်နောက်မှာ Luhan ကSehun ကို ထမင်းဘူးတွေကူသိမ်းပေးပါသည်။

"အလုပ်တွေ အရမ်းများလားဟင်"

"ဟင်....... အင်း အရမ်းတော့မဟုတ်ပါဘူး
တွေးစရာလေးတွေ နည်းနည်းရှိနေလို့ ဘာဖြစ်လို့လဲ "

"အလုပ်တွေများနေတော့ ကိုယ်ရောက်လာတာ အနှောင့်အယှက်များဖြစ်လားလို့ပါ"

ထမင်းဘူးများကိုအိတ်ထဲတွင် စီထည့်လိုက်ပြီး Luhan
က Sehunကိုမော့ကြည့်လာသည်။ အမှန်တကယ်ပင်
ထိုကိစ္စကိုစိတ်ပူပန်နေဟန်အပြည့်ရှိသည့် ပုံစံကြောင့်
Luhanကသက်ပြင်းချသည်။

"မဖြစ်ပါဘူး မင်း ငါ့ဆီလာချင်ရင် အချိန်မရွေးလာလို့
ရတယ် ငါလဲမင်းကိုတွေ့ချင်ရင် မင်းဆီအချိန်မရွေးလာ
မှာပဲ"

Luhan၏အပြောကို Sehunကငြိမ်သက်လျက်
နားထောင်သည်။ ထမင်းဘူးများထည့်ထားသည့်အိတ်ကိုSehunလက်ထဲLuhanထိုးထည့်ပေးပြီး အတန်းသွား
တက်တော့ဖို့ပြောသည့်အခါ Sehunက ခေါင်းငြိမ့်သည်။

"ခင်ဗျားအနှောင့်အယှက်ဖြစ်မှာဆိုးလို့။ ကိုယ်က
ခင်ဗျားကိုအမြဲတမ်းတွေ့ချင်နေတာ "

ထိုသို့သောစကားသည် တွဲကြမည်ဟုပြောပြီးသည့်
နောက် Sehunပထမဆုံးထုတ်ပြောလာသည့် စိတ်ခံစား
ချက်နှင့်သက်ဆိုင်သောစကားဖြစ်သည်။ သူကမြိုသိပ်
လွန်းသည်။ တယောက်တည်းလည်းအတွေးလွန်တတ်
သည်။ ချစ်သည် သဘောကျသည်ဟု အမြဲတဖွဖွပြော
ချင်နေသည့်တိုင် Luhan သဘောမတွေ့မည်ဆိုးသဖြင့်
အမြဲချုပ်တည်းခဲ့သည်ကများသည်။

ထိုသို့သောSehun စကားကိုကြားသည့်နောက် Luhan က တခဏငြိမ်ကျသွားပါသည်။ ပြောမိတာမှားသွားပြီလားဆိုသည့် Sehun၏အတွေးမဆုံးခင်မှာပင်Luhanက Sehun နှာခေါင်းထိပ်ဖျားကို လက်ညှိုးဖြင့်အသာတို့ထိလျက်တောက်လိုက်ရင်း

"ငါတို့ကတွဲနေကြတာလေ Sehunရဲ့ တွေ့ချင်တာ
သဘာဝကျပါတယ်"

ဆိုသော စကားကိုဆိုလာသည်။ ထိုစကားကြောင့်သာ
Sehunသည် ပြည့်ပြည့်ဝဝပြုံးနိုင်ခဲ့တော့သည်။

…………………………………

တလှမ်းချင်းစီ ကိုယ်က ခင်ဗျားနားကိုတိုးလာခဲ့မှာ
ဖြစ်ပြီး တဆင့်ချင်းစီ ခင်ဗျားက ကိုယ့်စိတ်တွေကို
အသိအမှတ်ပြုပေးပါ။

ကိုယ် သဘောကျတဲ့သူက ကိုယ့်ကိုအသိအမှတ်ပြုတာ ဘယ်လောက်ကြည်နူးစရာကောင်းလဲ ခင်ဗျားသိသွားဖို့ ကိုယ်မျှော်လင့်မိသား

° The years I have loved him °

…………………………………

အတန်းတွင်း လပတ်စာမေးပွဲတွေ ကျဲပါးသွားသည့်အချိန်မှာ Sehun အတော်လေး အလုပ်ရှုပ်သက်သာသွားသည်ဟုပြော၍ရသည်။ တွေ့လိုက် မတွေ့လိုက် လွမ်းလိုက်ဆွေးလိုက်ဖြင့် ချာလပတ်လည်နေခဲ့သည့် သူ၏ချစ်သူရည်းစားဘဝသည်လည်း စာမေးပွဲတွေပြီးမှ သေသေချာချာပြန်လည်ပတ်တော့မည်ထင်ပါသည်။

အရင်နေ့တွေတုန်းက Sehun စာမေးပွဲများနည်းသွား
သည့်အချိန်ကျလျှင် Luhan၏မန်နေဂျာလုပ်ပေးမည်ဟုပြောထားဖူးသည်။ Luhanက ထိုစကားကိုရယ်စရာအနေနှင့်သဘောထားနေပါသော်လည်း Sehunက တကယ်ဆိုလိုပြီးပြောခဲ့တာဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ပြိုင်ပွဲတုန်းက Luhan၏ပန်းချီ
ကားကိုသွားပို့ခဲ့သူမှာ Sehunဖြစ်နေသဖြင့် အလုပ်ကိစ္စ
တော်တော်များများသည်လည်းSehunကိုဆက်သွယ်လာကြတာများသည်။ ထိုထဲကမှ အဆင်ပြေနိုင်လောက်သည်များကိုစီစစ်ရွေးထုတ်ထားခဲ့ပြီး Sehun
တစ်ယောက် သူအလုပ်အားသည့်ရက်များရောက်လာသည်နှင့် ထိုအလုပ်များကိုစာရင်းမှတ်ကာ Luhanနှင့်တွေ့ဖို့အတွက် ပန်းချီခန်းဆီလျှောက်လာခဲ့ပါတော့သည်။

မနက်တုန်းက Sehun မနက်အစောကြီးအတန်းရှိသဖြင့်
Luhanနှင့်မတွေ့ခဲ့ရ။ မနက်အစော Luhanမနိုးတတ်
သည်ကိုလည်း သိပါသဖြင့် မနက်စာကိုတောင် အိမ်ရှေ့
တံခါးမှာပင် ချိတ်ထားခဲ့ပြီး ထွက်ခဲ့ရတာဖြစ်သည်။

ယခုနေ့လည်ရောက်သည့်အခါမှာတော့ နေ့လည်စာလည်းအတူစားကာ အလုပ်ကိစ္စလည်းပြောဖို့အတွက် (အဓိကရည်ရွယ်ရင်းက မျက်နှာလေးကိုတွေ့ဖို့ရာဖြစ်ပေမဲ့ ) Sehun ပန်းချီခန်းသို့ထွက်လာခဲ့သည်။

သို့ပေမဲ့ ပန်းချီခန်းရှေ့သို့ရောက်သည့်အခါ သော့ပိတ်
လျက်ရှိနေသည့်အခန်းကိုသာတွေ့လိုက်ရသည်။ Sehunဇဝေဇဝါဖြင့် အခန်းတံခါးကိုခေါက်လိုက်ပါသော်လည်း တုံ့ပြန်လာသည့်သူမရှိခဲ့ပေ။

ထိုအခိုက်၌ Sehunအနားသို့ ကျောင်းသူတစ်ယောက်
ရောက်လာခဲ့ပြီး

"ဟို……သင်တန်းကပိတ်လိုက်ပြီရှင့်"

"ဗျာ ? ပိတ်လိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
မသိဘူး"

"ဟုတ် ဒီသင်တန်းမှာသင်ပေးတဲ့စီနီယာအစ်ကိုကြီးက
အလုပ်များလာလို့ဆက်မလုပ်နိုင်တော့တာတဲ့ အဲ့ဒါနဲ့
ပါမောက္ခကလဲသင်တန်းကိုပိတ်ပေးလိုက်တာ လွန်ခဲ့တဲ့အပတ်တည်းကပဲ"

"သြော်…………"

လမ်းကြုံသဖြင့်ဝင်ပြောလိုက်ဟန်ရှိသည့်ကျောင်းသူထွက်သွားသည့်အခါ Sehun တယောက်တည်း ပိတ်ထားသည့်အခန်းတံခါးရှေ့ကျန်ခဲ့ရသည်။

လွန်ခဲ့သည့်တပတ်ကဆိုလျှင် သူနှင့်Luhan
နေ့လည်စာအတူစားခဲ့သည့်နေ့တည်းကဖြစ်ပါလိမ့်မည်။

Luhanဆီကိုဖုန်းခေါ်ဖို့အတွက် Sehunကြိုးစားလိုက်
သည်။ သို့သော် Sehunဖုန်းကိုဖြေမဲ့သူမရှိခဲ့။

သုံးခါမြောက်ခေါ်ဆိုအပြီးမှာ Sehun လက်လျှော့လိုက်ပြီးပန်းချီခန်းရှေ့ကနေထွက်လာခဲ့လိုက်သည်။

Luhanက ဘာလို့ ဒီကိစ္စကို အရိပ်အမြွက်လေးတောင်
သူ့အားမပြောပြခဲ့သလဲ ဟု Sehun တွေးမိပါသည်။

ထိုနေ့က Luhan နှင့် တနေကုန်အဆက်အသွယ်မရခဲ့သလို ညဘက်ထိအောင် Luhanသည်အိမ်သို့ပြန်မလာခဲ့ပါလေ။

……^……

ကျောင်းအားရက်တစ်ရက်တွင် Minseok၏ ကော်ဖီဆိုင်သို့ Sehunရောက်ချလာသည်။ ဂျူတီဝင်ပေးဖို့လာသည်မဟုတ်ပဲ ကော်ဖီသောက်ဖို့လာခြင်းဖြစ်ကြောင်းကို Minseok နှင့်စကားနိုင်လုရင်း ထောင့်စွန်းက စားပွဲမှာ
နေရာဦးလို့သွားထိုင်နေသည်။

မှာခဲ့သည့် စတော်ဘယ်ရီလတ်တေးနှင့်ချောကလက်
ပိုင်မုန့်ကို Minseok ကိုယ်တိုင်လာချပေးပြီး Sehunနှင့်
မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

ပြုံးစစနှင့်Minseokပုံစံက Sehunကို စနောက်ချင်သည့်
ပုံစံပေါက်နေပါသည်။

"ဘယ်လိုလဲ ရည်းစားအသစ်စက်စက်လေးမပါဘူးလား ?"

စနောက်သည့်စကားဆုံးသည့်နောက် Sehunကရယ်မောပြီးခေါင်းခါပြသည်။ စတော်ဘယ်ရီလတ်တေးကိုတငုံသောက်ရင်း အရမ်းချိုတာပဲဟုငြီးတွားလိုက်သေးသည်။

"အေးပေါ့ အခုတော့ မင်းဘဝကြီးကချိုနေပြီဆိုတော့
အချိုတွေဘယ်လိုတော့မလဲ ? ဘယ်မှာတုန်း
မင်းရည်းစား ?? "

"ဟင်းး………သူ့အိမ်ခဏပြန်သွားတယ်"

"ဟေ ဒီအချိန်ကြီးကိုလေ"

Minseokကတအံ့တသြမေးသည်ကိုSehunခေါင်းငြိမ့်
ပြလိုက်ရသည်။ ပုံမှန်အတိုင်းဆို Luhanက ပိတ်ရက်ရှည်တွေရှိမှသာပြန်လေ့ရှိတာဖြစ်သောကြောင့် ဒီအချိန်ပြန်ခြင်းကိုကထူးဆန်းနေသည်။ မမေးလာပေမဲ့လည်း Sehunက အလိုက်တသိနှင့်

"…………ပြခန်းနဲ့ စာချုပ်ချုပ်လိုက်တယ်လေ အလုပ်
တွေများလာနိုင်လို့ ခဏစိတ်အနားရအောင် ပြန်သွား
တာတဲ့"

"အော်ဟော အဲ့ဒါနဲ့ အလွမ်းသမားလေးက ငါ့ဆိုင်ရောက်လာတယ်ပေါ့"

"အင်း………ကျွန်တော့်ကိုတောင်နှုတ်ဆက်မသွားပါဘူး
သူနဲ့ဖုန်းရမှ သူပြန်သွားတာကျွန်တော်သိတာ"

Minseokမျက်နှာမှအပြုံးသည်တမုဟုတ်ချင်းပျောက်
ကွယ်သွားခဲ့ပေမဲ့ Sehunကတော့ ဘာမှမဖြစ်သလိုပင်
အအေးလေးသောက်လိုက် မုန့်လေးစားလိုက်ရှိနေခဲ့
သည်။ တခဏအကြာ၌ Minseokဆီကနေ သက်ပြင်း
ချသံငွေ့ငွေ့ထွက်လာခဲ့ပါသည်။

"အဲ့ကောင်လေးကလေ တကယ်စိတ်မြန်လက်မြန်ရှိတာ
မင်းကတော့အရမ်းသည်းခံရဦးမှာ Sehunရဲ့"

"ကျွန်တော်သိပါတယ် ကျွန်တော့်ကောင်လေးအကြောင်းကျွန်တော်အသိဆုံး"

ထိုစကားနှင့်လိုက်လိုက်ဖက်ဖက်ထွက်သွားသည့်မျက်နှာပေး ၊ လေသံတို့ကြောင့် Minseokက Sehunကိုမျက်မှောင်ကျုံ့ကြည့်သည်။ ထိုအခါမှသာ Sehunသည် မျက်ရည်များပင်ကျသည်ထိ အားပါးတရရယ်မိလေသည်။

အရှိန်အတိုင်းလွှတ်ထားပေးရာမှနေ Sehunအရယ်တိတ်သွားတော့မှ Minseokကစကားစသည်။

"မင်းသိတာတောင် တော်တော်ပင်ပန်းနေပုံပဲ"

"………………"

"ဒီလူပျိုကြီးက ချစ်သူရည်းစားတွေကြားဝင်အကြံမပေး
တတ်ပေမဲ့ နားထောင်ပေးလို့တော့ရပါသေးတယ်
ငါ့ညီရဲ့"

မျက်လုံးထောင့်စွန်းမှစိုနေသည့်မျက်ရည်များကိုသုတ်
လိုက်ပြီး Sehunက စောင့်နေသည့်Minseokကိုကြည့်
သည်။ ထို့နောက် လေပူတစ်ချက်ကိုမှုတ်ထုတ်လျက်ရယ်မောလာသည်။

"Oh Se Hun"

"သူများတွေအတွက်တော့ ဘာမှမဟုတ်တဲ့ကိစ္စဖြစ်ချင်
ဖြစ်နေမှာပဲ ကျွန်တော့်ကိုတခွန်းမှမပြောပဲ သူ ကျောင်းကထွက်သွားတဲ့ကိစ္စ နောက် နှုတ်မဆက်ပဲပြန်သွားတဲ့ကိစ္စကျွန်တော် နည်းနည်းဝမ်းနည်းမိတယ်။ နောက်တော့ကျွန်တော်က ပြောဖို့ နှုတ်ဆက်ဖို့အရေးမပါလို့များလား လို့တွေးမိတယ်"

"မင်း အဲ့ဒီစကားတွေကို Luhanကို ပြောရမှာ"

ထိုင်ခုံနောက်ကျောကိုမှီချလိုက်ကာ လက်ပိုက်လို့
Minseokဆိုသည်။ Sehunသည် အတန်ကြာ တိတ်
ဆိတ်လျက် စဉ်းစားသွားပြီးမှ ခေါင်းခါယမ်းသည်။

"ကျွန်တော် Luhanကို စိတ်အနှောင့်အယှက်မပေး
ချင်ဘူး"

"ဟေ့ကောင်ရေ အဲ့ဒါနားလည်မှုယူတာကွ"

Sehun ဘာတခွန်းမှမချေပနိုင်ပဲ ဆိုင်အပြင်ဘက်ကိုသာခပ်တွေတွေစိုက်ကြည့်နေသည်။ Minseok
တစ်ယောက်သာအားမလိုအားမရဖြင့် ထိုင်ခုံကိုလက်ဖြင့်ရိုက်ပုတ်လို့Sehunကို သူ့အားကြည့်လာစေပြီး

"ခံစားရတာတွေကမြိုသိပ်ထားဖို့မဟုတ်ဘူးဟ ဖွင့်ပြော
ဖို့မင်းစိတ်မကောင်းဘူးဆိုတာကို မင်းမှမပြောရင်Luhanကဘယ်လိုလုပ်သိမှာလဲ ? အခုမပြောလို့ နောက်ကျရင်ရော ? Luhanက အဲ့လိုတွေဆက်လုပ်နေမယ်ဆို မင်းဘယ်လိုလုပ်မလဲ အမြဲသည်းခံနေမှာလား ? Sehunရဲ့ခိုင်မာတဲ့ relationshipဆိုတာ နားလည်မှုနဲ့ ရှေ့ဆက်ရတာ"

ခပ်ရှည်ရှည်ပြောလာသည့် Minseokစကားကို Sehunကငြိမ်သက်စွာနားထောင်သည်။ နားဝင်သွားလေသလားလက်မခံပြန်ဘူးလားမသိပေမဲ့ Minseok ကတော့ ထိုတချက်ကိုအမိအရအကြံဉာဏ်ပေးပစ်လိုက်သည်။

"အကောင်းဆုံးကတော့ သူ့နောက်လိုက်သွား "

"ဗျာ……"

"အင်း မင်းလဲကျောင်းမှာအထွေအထူးမရှိဘူးမလား
ခွင့်ယူပြီးရည်းစားနောက်လိုက်သွားလို့ပြောတာ"

ရှေ့စကားတွေနားမထောင်သော်လည်း Oh Sehun
သည် ဒီစကားကိုဖြင့်နားထောင်ချင်သယောင်ရှိသည်။
တဖြည်းဖြည်းပြုံးလာသည့်မျက်နှာနုငယ်ငယ်ကြောင့်
Minseokသည်လည်း ကျေနပ်သွားရသည်။

ထို့ကြောင့် ခေါင်းမာသည့်ညီငယ်ကို ကိတ်မုန့်စားဇွန်း
ဖြင့်ထိပ်ခေါက်လိုက်ပြီးသကာလ ကျလာသည့်ဧည့်သည်
များကြောင့် စားပွဲမှမတ်တပ်ထရပ်လိုက်ပြီး

"အအေးနဲ့မုန့်ဖိုး ရှင်းသွားဦး ဝမ်သုံးသောင်း"

"ဗျာ……ဘယ်လိုဘယ်လို"

"အအေးက ငါးထောင့်ငါးရာ မုန့်က လေးထောင့်ငါးရာ
လေ ငါ့အကြံက နှစ်သောင်းကျတယ်"

Minseok ဂုဏ်ယူစွာဖြင့်လက်ပြပြီးထွက်သွားသလို
Sehunပိုက်ဆံအိတ်ထဲကပိုက်ဆံလေးတွေလည်းခုန်
ပေါက်ထွက်သွားတော့သည်။

တန်ပါသည်လေ။

အဘယ်ကြောင့်ဆိုသော် နောက်တနေ့မနက်မှာပင် Sehunအချိန်ဆွဲမနေခဲ့တော့ပဲ Luhanရှိသည့်နေရာသို့
ထွက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

ချက်ချင်းမှမလုပ်ဖြစ်လျှင် အကြောင်းပြချက်များစွာဖြင့်Sehun လာဖြစ်ခဲ့တော့မည်မဟုတ်။ ရထားစီးလာခဲ့သည့်နာရီများတွင် သူ့ရင်သည် ခုန်နေခဲ့သည်။

Luhanသဘောမှကျပါ့မလားဟု စိုးရိမ်နေဆဲ။ သူလာ၍
စိတ်အနှောင့်အယှက်များဖြစ်သွားမလားဟု တွေးပူနေဆဲဖြစ်သည်။

ဖုန်းဖြင့်အဆက်အသွယ်ပင်မလုပ်မိပါပဲ ဘူတာထိသို့ပင်
Sehunရောက်လာခဲ့ပြီဖြစ်သည်။

မြို့ကလေးသည် မနှစ်ကအချိန်တိုင်း တိတ်ဆိတ်အေးချမ်းလို့ရှိသည်။ သူ့အားနွေးထွေးစွာကြိုဆိုဆဲဟုထင်မှတ်မိသည်။ ဘူတာရုံဘက်သို့ခြေတလှမ်းချမိသည့်အခါ လူအားလုံးက ကိုယ်စီကိုယ်စီစောင့်ကြိုနေသူများနှင့်ပါသွားကြသည်။

မခေါ်ပဲလာသည့်ဧည့်သည်ဆို၍သူသာရှိလိမ့်မည်။
သက်ပြင်းတို့အလီလီချမိပြီး Sehun ဖုန်းကိုဖွင့်လိုက်
သည်။

Luhanနှင့်နောက်ဆုံးဖုန်းပြောခဲ့ခြင်းသည် ယမြန်နေ့
ကဖြစ်ပြီး ထိုနေ့နောက်ပိုင်း စာဖြင့်ပင်အဆက်အသွယ်
မလုပ်ဖြစ်ခဲ့ကြပေ။

ဘူတာအပြင်ဘက်သု့ိဦးတည်နေသည့် Sehunခြေလှမ်း
များသည် နောက်ကြောင်းပြန်လှည့်သွားခဲ့သည်။
ဘူတာအတွင်းသို့လှမ်းဝင်တော့မည့်ဆဲဆဲမှာပင် သူ၏လက်ကိုတစ်စုံတစ်ယောက်က နောက်ကနေဆွဲကိုင်လိုက်ပါသည်။

To Be ConTinued………



Continue Reading

You'll Also Like

48.5K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
264K 23.2K 31
မာနတရားႏွင္​့ စတင္​ကာ ႄကမ္​းတမ္​းခက္​ထန္​မႈအတိနွင့္​ၿပီး​ေသာ ဗီလိန္​တစ္​​ေယာက္​ရဲ႕ အခ်စ္​....
17.8K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
134K 11.1K 32
Relationship between Richest Kid or Highest boss and Ordinary boy. Ordinary boy... No, he is not ordinary people since he is one and so special for m...