The years I have loved him

Від HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao Більше

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Thirty-nine

8K 1.2K 470
Від HanXun

ဟန္ျမစ္ကမ္းေဘးမွေန သူတို႔၏တိုက္ဆီသို႔ျပန္ေရာက္
သည့္အခ်ိန္တြင္ Luhan သည္ Sehunကို တိုက္ေအာက္
မွာပင္ ႏႈတ္ဆက္စကားဆိုကာ အေပၚထပ္သို႔တက္သြား
ခ့ဲသည္။

ျမင္ကြင္းထဲမွLuhanေပ်ာက္သြားျပီး မိနစ္အေတာ္ၾကာမွ
သာလွ်င္ Sehun သူ၏အိမ္ခန္းထဲသို႔ဝင္ျဖစ္ခ့ဲပါသည္။

အိမ္တံခါးကိုေနာက္ျပန္ပိတ္ခ်လိုက္ျပီးသည္ႏွင့္ မခိုင္
ေတာ့ သည့္ ေျခမ်ားေၾကာင့္ Sehun အခန္းတံခါး
ကိုေက်ာမွီခ်ကာ ၾကမ္းျပင္ေပၚထိုင္ခ်မိလိုက္သည္။

အခုန္ျမန္ေနေသးသည့္သူ႕ရင္သည္ တဒိန္းဒိန္းျဖင့္။

သူဘာေၾကာင့္မ်ား တြဲၾကဖို႔ေျပာလိုုက္မိသလဲ အျပန္ျပန္
အလွန္လွန္ေတြးမိသည္။ အကယ္၍မ်ား Luhanကျငင္း
လိုက္လွ်င္၊ ဒီအက်ိဳးဆက္ေၾကာင့္သူတို႔တသက္လုံး
မေတြ႔ၾကရေတာ့ဘူးဆိုလွ်င္
..................
ေသြးေအးသြားရသည့္အခ်ိန္မွပင္ ထိုသို႔လည္းျဖစ္လာ
ႏိုင္သည္ကိုစဥ္းစားမိျပီး Sehunရင္ေတြတလွပ္လွပ္
တုန္ရီလာခ့ဲသည္။

ေထာင္ထားသည့္ဒူးႏွစ္ဖက္ေပၚ မ်က္ႏွာေမွာက္ခ်လိုက္
မိျပီး Sehun အခ်ိန္ေတာ္ေတာ္ၾကာၾကာျငိမ္သက္ေနခ့ဲ
မိသည္။

ထို႔ေနာက္ ဖုန္းကိုဖြင့္လိုက္ကာ ဖုန္းမ်က္ႏွာျပင္မွာေပၚေနသည့္ Luhan၏ ဖုန္းနံပါတ္ကိုSehun ေငးေမာၾကည့္မိသည္။

ေကာင္းေသာညပါဟု သူ အရင္လို ႏႈတ္ဆက္စကားပင္
မဆိုႏိုင္ခ့ဲ။ သူ႔မွာ မသိစိတ္က ပါးပါးေလးထိတ္လန္႔ေနရ
သည္။ Luhanစိတ္ေျပာင္းသြားမွာကို ေၾကာက္လန္႔ေနခ့ဲ
ႊရသည္။

ထိုအေတြးမ်ားျဖင့္ သူ တညလုံးအိပ္မရႏိုင္ခ့ဲပဲ မိုးစင္စင္
လင္းခ့ဲရပါသည္။

....................................

အခ်စ္လို႔ ေခါင္းစဥ္တပ္လိုက္တိုင္းမွာ ကိုယ္က ခင္ဗ်ား
ကိုေတြးမိပါတယ္။

ဒီေမတၱာေၾကာင့္ ခင္ဗ်ား စိတ္ခ်မ္းသာေစခ်င္တယ္။
ဒီေမတၱာနဲ႕ ခင္ဗ်ားကိုလုံျခံဳေစခ်င္တယ္။

ခ်စ္ျခင္းေမတၱာကို အယုံအၾကည္မရွိေတာ့ေလတ့ဲ ခင္ဗ်ား
က ခင္ဗ်ားအတြက္ သီးသန္႔ျဖစ္ေနတ့ဲကိုယ့္အၾကင္နာကို
ေတာ့ယုံမွျဖစ္မယ္။

ထာဝရဆိုတ့ဲကာလအတြင္းမွာ ခင္ဗ်ားတဘဝလုံးစာ
လုံေလာက္ေအာင္ခ်စ္ႏိုင္တယ္လို႔ ကိုယ္ေလာင္းရဲ
ပါတယ္။

ကိုယ့္ကိုယုံပါ.........။ ကိုယ့္လက္ကိုတြဲပါ။
ခင္ဗ်ားရဲ႕တစ္ခုတည္းေသာခြ်င္းခ်က္ကေလး ကိုယ့္ကို
ျဖစ္ခြင့္ရယ္ေပးပါ။

° The years I have loved him °


.......................................

သာမန္ထက္ပိုသည့္ ဆက္ဆံေရးတစ္ခုေအာက္ ေရာက္
သြားသည့္အခ်ိန္မွာလည္း သူတို႔ႏွစ္ေယာက္ၾကား ပိုမို
ထူးျခားသြားသည္မ်ားလဲမရွိခ့ဲပါ။

အရင္အခ်ိန္ေတြတုန္းကအတိုင္းပင္ ရွိေနျမဲျဖစ္သည့္
အခ်ိန္အတူတူရွိၾကျပီး ေျပာေနျမဲစကားေတြ၊ သြားေနျမဲ
လမ္းေတြ၊ သုံးႏႈန္းေနျမဲအေခၚအေဝၚေတြျဖင့္ သူတို႔ေန႔
စဥ္ဘဝေတြက သာမန္ရိုးက်ဆန္ေနျမဲျဖစ္သည္။

Luhanသည္ ပန္းခ်ီခန္းထဲတြင္ပို၍ေနလာျပီး ပန္းခ်ီ
ေတြအတြက္ အခ်ိန္ပိုေပးလာခ့ဲသည္။ သုံးရက္ေနလို႔မွ
တခါေတာင္မေတြ႔ရသည့္ေန႔ေတြရွိခ့ဲေပမ့ဲ Sehunက
အရင္ကထက္ပိုျပီး Luhanစိတ္အေႏွာင့္အယွက္ျဖစ္မည္
ကိုပိုစိုးရိမ္လာပါေသာေၾကာင့္ အခန္းထဲကဆြဲထုတ္တာ
ေတြပင္မလုပ္ျဖစ္ေတာ့ပါ။

Sehunသည္လည္း အတန္းေတြဆက္တက္ရသည္။
Luhanကခြင့္ယူထားျမဲျဖစ္လို႔ ေက်ာင္းအတူမသြားရ။
မနက္က အတန္းေနာက္က်မည္စိုးသျဖင့္ Sehun အိမ္
ကအေျပးထြက္ခ့ဲရျခင္းေၾကာင့္ Luhanကိုႏႈတ္ပင္မဆက္
ႏိုင္ခ့ဲ။

ထိုသို႔ႏွင့္စာျဖင့္လည္းအဆက္အသြယ္မရွိသလို ဖုန္းျဖင့္လည္းအဆက္အသြယ္မရသည့္ ေန႔တေန႔ ထပ္ပို လာပါဦးမည္ဟု Sehunေတြးေနရင္း ေမွာင္က်ေနသည့္ဖုန္း
မ်က္ႏွာျပင္ကိုစိတ္ပ်က္လက္ပ်က္ၾကည့္ေနမိသည့္အခ်ိန္ မွာပင္ Luhanဆီကေန စာတစ္ေစာင္ဝင္လာသျဖင့္ Sehunမွာ.........အလန္႔တၾကားထိုင္ေနရာမွမတ္တပ္ပင္
ထရပ္မိသြားခ့ဲသည္။

"ဟားး......"

"Sehun ဘာျဖစ္တာလဲ ?"

"အာ......စီနီယာ ကြ်န္ေတာ္အေရးၾကီးလို႔ ခဏ"

Presentationအတူလုပ္ရမည့္ စီနီယာကို အခန္းထဲ
ခဏထားခ့ဲလိုက္ျပီး Sehun လြယ္အိတ္ကိုတပါတည္း
ေကာက္ယူကာ အခန္းထဲမွထြက္ခ့ဲလိုက္မိသည္။

Luhanပို႔ထားသည့္စာကရွင္းပါသည္။ သူ ဒီတညေနလုံး
Minseok၏ေကာ္ဖီဆိုင္မွာရွိေနမည့္အေၾကာင္းႏွင့္ ညေန
အတန္းဆင္းလွ်င္ သူရွိရာကို လာလို႕ကလာႏိုင္ပါေၾကာင္း
ျဖစ္ျပီး ထိုစာဖတ္လို႔အျပီးမွာ Sehunကေတာ့ လြယ္အိတ္ ကိုဆြဲလို႔ ေက်ာင္းဝင္းထဲမွ ထြက္လာခ့ဲလိုက္ျပီျဖစ္သည္။

အခန္းထဲက်န္ခ့ဲသည့္စီနီယာကိုသင့္ေတာ္သည့္
အေၾကာင္းျပခ်က္တစ္ခုေပးကာ ေတာင္းပန္လိုက္ျပီး
ေနာက္Sehun တစ္ေယာက္ Minseok၏ေကာ္ဖီဆိုင္
ကိုအေျပးအလႊားပင္သြားခ့ဲပါသည္။

အလုပ္ေတြမ်ားေနခ့ဲျခင္းေၾကာင့္ Sehun ေန႔လည္စာပင္
မစားရေသးပါ။ သူ ေကာ္ဖီဆိုင္သို႔ ေမာၾကီးပမ္းၾကီး
ေရာက္သြားသည့္အခ်ိန္၌ ေန႔လည္တစ္နာရီပင္ခြဲေနခ့ဲ
ျပီျဖစ္သည္။

နဖူးမွာေခြ်းေတြစို႔လ်က္ေရာက္လာသည့္Sehunကို
Minseokက တအ့ံတၾသျဖင့္ဆီးၾကိဳကာ ေရခဲေရတခြက္
ကမ္းေပးရွာသည္။ Sehun ေရကိုေမာ့ေသာက္လိုက္ရင္း
မွ ဆိုင္အတြင္းသု႔ိေဝ့ဝဲရွာပါသည္။ သို႔ေသာ္ Luhanကို
မေတြ႔ရပါသျဖင့္

"Luhanေရာ........."

"Luhan ? ၂နာရီေလာက္မွလာမယ္ထင္တယ္ ငါေခၚ
ထားတာအ့ဲဒီအခ်ိန္က်မွ"

Sehun ေခါင္းျငိမ့္လိုက္ျပီး ေလပူမ်ားကိုမႈတ္ထုတ္ကာ
ေက်ာပိုးအိတ္အားတိုင္မွာခ်ိတ္လို႔ ေအပရြန္ကိုေကာက္စြပ္
လိုက္ရသည္။ Minseokသည္ Sehunသြားရာေနာက္မွတေကာက္ေကာက္လိုက္လ်က္ Sehunပခုံးကို ေျခဖ်ား
ေထာက္ကာေက်ာ္ေက်ာ္ၾကည့္ျပီး

"ဘာလာလုပ္တာလဲ မင္းက"

"Luhanကဒီကိုဘာလို႔လာမွာလဲ ?"

"ငါ ပုံအပ္ထားလို႔ လာဆြဲေပးမွာ မင္းကLuhanလာမွာ
ဘယ္လိုလုပ္သိတာလဲ "

"ဟုိေကာင္ေလးမလာဘူးလား အခ်ိန္ပိုင္းအလုပ္သမား"

"ဒီေန႔ သူoff ေဟ့ေကာင္ ငါေမးတာမင္းေျဖမွာလား
မင္းေမးတာေတြပဲငါေျဖမွာလား ?"

လူပ်ိဳၾကီး ေဒါသထြက္သြားေလေအာင္ Sehun ပခုံးပဲတြန္႔
ျပလိုက္ျပီး မေဆးရေသးသည့္ခြက္မ်ားကိုသာယူေဆးေပး
ေနလိုက္သည္။ ေနာက္ေတာ့ လူပ်ိဳၾကီးသည္လည္း ဂ်ဴတီ
တစ္ခ်ိန္စာအလကားအလုပ္ခိုင္းရလဲ နည္းေလသလားဟု
မွတ္ကာ မည္သည့္အပိုစကားမွမေျပာေတာ့ပဲ ဧည့္သည္
ေတြကိုသာ လိုက္ဧည့္ခံေနေလေတာ့သည္။

မၾကာလိုက္ပါ။ Sehun ေအာ္ဒါေတြ သုံးခုေလာက္ေဖ်ာ္
ေပးျပီးသည့္အခ်ိန္မွာ ဖုန္းႏွင့္မ်က္ႏွာအခြာမျပတ္ပဲ Luhan သည္ မွန္တံခါးဖြင့္ျပီး ဆိုင္ထဲသို႔ဝင္လာေလ
သည္။

"ေဟ့ေကာင္"

"အာ......အစ္ကို"

Minseok ပခုံးလွမ္းပုတ္ေလမွ မ်က္ႏွာေမာ့ၾကည့္လာ
သည့္ Luhanသည္ တလက္စတည္း Sehunကိုပါျမင္ သြားေလျပီး မ်က္ေမွာင္က်ဳံ႕သည္။ ထို႔ေနာက္ Sehun
ရွိသည့္ေကာင္တာနားသို႔ေရာက္လာကာ

"ငါ မင္းကိုဖုန္းဆက္ေနတာ"

"ဗ်ာ ?? အာ ကိုယ္အသံပိတ္ထားမိလို႔ျဖစ္မယ္ sorryပါ
ဗ်ာ တကယ္ ကိုယ္......"

"ေတာ္ေတာ့ အခုေတြ႔ေနရျပီပဲ"

Luhanသည္ လက္ကာျပလိုက္ျပီး ဖုန္းကိုေဘာင္းဘီ
အိတ္ထဲျပန္ထည့္လို႔ လွည့္ထြက္သြားခ့ဲသည္။ Sehun
ကမန္းကတန္းျဖင့္ ေန႔လည္စာစားျပီးျပီလား ေမးလိုက္
သည့္အခါ လွည့္မၾကည့္ပဲ လက္ခါျပေလသည္။

ထို႔ေနာက္ Luhanသည္ Minseokႏွင့္ အတူ စားပြဲ
တစ္ခုမွာဝင္ထိုင္လိုက္ျပီး အလုပ္ကိစၥေဆြးေႏြးၾကဟန္
ရွိသည္။

Sehunသည္ ႏြားႏို႔မ်ားမ်ားဆိမ့္ဆိမ့္ျဖင့္ေဖ်ာ္ထားသည့္
လတ္ေတးေႏြြးေႏြးတစ္ခြက္ကိုအျမန္ျပင္ဆင္ျပီး ေပါင္မုန္႔
ႏွစ္ခ်ပ္ကို ေထာပတ္သုတ္လို႔မီးကင္သည္။ ထို႔ေနာက္
သၾကားျဖဴးကာ စေတာ္ဘယ္ရီသီးမ်ားႏွင့္ငွက္ေပ်ာသီး
မ်ားလွီးျပီး လိေမၼာ္ယိုကိုပန္းကန္ေလးထဲထည့္ျပီးေနာက္
ေကာ္ဖီခြက္ႏွင့္ေပါင္မုန္႔မီးကင္မ်ားကိုဗန္းေပၚတင္ကာ
Luhanထိုင္ေနသည့္ေနရာသို႔ေလွ်ာက္လာခ့ဲလိုက္သည္။

"ကြ်န္ေတာ္ေျပာတာေပါက္လား ? ေလးလက္မ
သုံးလက္မေလာက္ စကၠဴအထူစားကိုသုံးမယ္ ေကာ္ဖီခြက္
ပုံ ေနာက္ ကိတ္မုန္႔ပုံေလးေတြဆြဲျပီးစားပြဲတစ္ခုဆီမွာ
ေထာင္ထားမယ္ တလက္စတည္းအစ္ကိုရဲ႕ self order
ပုံစံကိုchangeပစ္မယ္ဆိုရင္ menuကတ္ဒ္ေလးေတြကိုပါ
လက္ေရးေလးနဲ႕လုပ္မယ္ဆို ဆြဲေဆာင္မႈလည္းရွိတယ္"

စားပြဲေပၚ ေကာ္ဖီခြက္တင္လာသည့္ Sehunေၾကာင့္
စကားစျပတ္သြားဟန္တူသည္။ Luhanသည္ စားပြဲေပၚ
လက္ေထာက္လ်က္ Sehunကိုေမာ့ၾကည့္လာျပီး ျပံဳးျပ
သည္။ Sehunက ျပန္လည္ငုံ႕ၾကည့္လာကာ ႏွစ္ႏွစ္ျခိဳက္
ျခိဳက္ျပံဳးျပလာျပီး

"ကိုယ္ Latteေဖ်ာ္လာတယ္ ခပ္ေႏြးေႏြးပဲဆိုေတာ့
ခင္ဗ်ားေသာက္လို႔အဆင္ေျပမွာပါ "

"အင္း ေက်းဇူး"

"ေပါင္မုန္႔လဲစားသြား။ အိမ္ျပန္မွဆို ထမင္းစားအရမ္း
ေနာက္က်ေနလိမ့္မယ္"

"မင္း ငါနဲ႕လိုက္ျပန္မယ္မလား"

"အင္း ျပန္မွာေပါ့ ခင္ဗ်ားရဲ႕"

Sehunကစားပြဲကိုလက္ေထာက္လိုက္ရင္း ေကာ္ဖီတငုံ
ယူေသာက္လိုက္သည့္ Luhanကိုျပံဳးလို႔ငုံ႕ၾကည့္သည္။
တကိုက္စာအသင့္လွီးေပးထားျပီးသည့္ျဖစ္သည့္ေပါင္မုန္႔ မီးကင္မ်ားေပၚ၌ လိေမၼာ္ယိုမ်ားသုတ္ေပးျပီး ခက္ရင္းထိုး
စိုက္ေပးကာ Luhanစားလို႔အဆင္သင့္ျဖစ္ေအာင္ျပင္ေပး
မိသည္။ ထိုျဖစ္ရပ္ကို အစအဆုံး ေဘးနားကေန
ငုတ္တုတ္ထိုင္ၾကည့္ေနသည့္ Minseokက

"အဟမ္း.........ဘာေတြလဲ "

"ဘာကိုလဲ ?"

"ေလထဲမွာပ်ံ႕ေနတ့ဲအခ်စ္ေတြ ... ေလ။ ပုံမွန္အခ်ိန္ထက္
နည္းနည္းပိုေနတ့ဲအေရာင္ေတြ ။ အဟမ္း...... မင္းတို႔
ေကာင္ေတြ "

"အလုပ္ပဲဆက္လုပ္ၾကရေအာင္ အစ္ကို"

Luhanက ေကာ္ဖီခြက္ကိုျပန္ခ်လို႔ စကားစကိုျဖတ္လိုက္
ေလသျဖင့္ Sehunသည္လည္း အလိုက္တသိျဖင့္ Minseokကိုျပံဳးျပလိုက္ျပီး ထိုစားပြဲနားကထြက္သြား
လိုက္ပါသည္။

အလုပ္အေၾကာင္းဆက္ေဆြးေႏြးေနသည့္ Luhanပုံစံက
တည္ျငိမ္လြန္းပါသည္။ Sehunသည္ ထိုပုံရိပ္ကို မလွမ္း မကမ္းမွာရပ္ၾကည့္ေနရင္း အၾကိမ္ၾကိမ္အဖန္ဖန္ျပံဳးမိ
သည္။

ထို႔ေနာက္ ေကာ္ဖီေတြဆက္တိုက္ေဖ်ာ္ေပးေနရသည့္
Sehunအနားကို Minseokေရာက္လာပါသည္။ Luhan
ကစားပြဲမွာထိုင္က်န္ေနရစ္ကာ စာရြက္မ်ားျဖင့္အလုပ္ရႈပ္
က်န္ေနရစ္ခ့ဲသည္။

"Sehun ရ Sehun ငါကလူပ်ိဳၾကီး ရည္းစားမရွိတာ
ႏွစ္နည္းနည္းၾကာျပီဆိုေပမ့ဲ အ့ဲေလာက္မတုံးေသးပါဘူး"

"ဘာကိုလဲဗ်"

Sehun ရယ္ေမာလိုက္ျပီး ေမးလိုက္သည္။ Minseok
ကအနားသို႕တိုးကာ Luhanဘက္တခ်က္လွည့္ၾကည့္
ျပီး Sehunကိုေလသံတိုးတိုးျဖင့္

"Luhanနဲ႕သူ႔ေကာင္မေလးျပတ္သြားျပီဆို ?"

အမွတ္မထင္ပဲ Sehunက Luhanဆီကိုတခ်က္ၾကည့္
လိုက္မိသည္။ ထိုအခါMinseokက

"Luhanကိုယ္တိုင္ငါ့ကိုေျပာတာ"

Sehun ခပ္ျဖည္းျဖည္းပင္ေခါင္းျငိမ့္ျပလိုက္မိျပီး Minseok အနားမွေရွာင္ထြက္သြားမည္ျပင္သည္။
လ်င္လြန္းသည့္ အစ္ကိုၾကီးသည္ တခ်က္ကေလးမွ
မ်က္ေျချပတ္မခံပါပဲ Sehunလက္ေကာက္ဝတ္ကို
ဖမ္းဆြဲလိုက္ကာ အလုပ္မ်ားေနသည့္Luhanဆီကို
ေမးေငါ့ျပျပီး

"မင္းသူ႔ကိုဖြင့္ေျပာလိုက္ျပီမလား ?"

"....................."

"မင္းတို႔တြဲေနျပီမလား??"

ျပံဳးစစျဖင့္ေမးလာသည့္ Minseokကုိ Sehunကျပံဳးလို႔
ၾကည့္သည္။ ထို႔ေနာက္တဖန္ Luhanဆီကိုလွမ္းၾကည့္
လိုက္သည့္အခါ တိုက္တိုက္ဆိုင္ဆိုင္ျဖင့္ သူတို႔ဆီၾကည့္
ေန သည့္Luhanႏွင့္အၾကည့္ခ်င္းဆုံသည္။

အလႈပ္အရွားမရွိသည့္မ်က္ဝန္းေသႏွင့္ မျပံဳးမရယ္
မ်က္ႏွာထားရယ္ေၾကာင့္ Sehun၏ ျပံဳးေနသည့္ႏႈတ္ခမ္း ေတြသည္လည္းအလိုလိုမ်ဥ္းေျဖာင့္ျဖစ္သြားခ့ဲရသည္။

ေအးေအးသက္သာပင္ သူ၏လက္ေကာက္ဝတ္ကိုဆြဲ
ကိုင္ထားသည့္ Minseokလက္ကိုျဖဳတ္ခ်လိိုက္ျပီးေနာက္
Sehunက ေခါင္းခါယမ္းသည္။

"မတြဲပါဘူး အစ္ကိုရဲ႕။ အစ္ကုိစိတ္ထင္လို႔ပါ"

Minseokသည္ ထိုေျဖရွင္းစကားကိုမေက်နပ္။
ဆက္ေျပာေတာ့မည့္အခ်ိန္မွာပင္ Sehunက

''အစ္ကို႕ညီအေၾကာင္းလဲသိရက္သားနဲ႕ ကြ်န္ေတာ္က
အ့ဲေလာက္သတၱိရွိပါ့မလဲ ? ခုခ်ိန္ထိ တဖက္သက္အခ်စ္
ေတြနဲ႕ပဲ............"

"ရယ္မေနန႕ဲ ေဟ့ေကာင္"

ျပံဳးစစရယ္ျဖင့္ ေျပာေနသည့္ Sehunကို Minseokက
လက္ေမာင္းကေနထိုးခ်လိုက္ျပီး လွည့္ထြက္သြားခ့ဲသည္။
Sehunသည္သာအရယ္မျပတ္ပဲ နာသြားသည့္လက္
ေမာင္းကို အသာပြတ္လို႔ Luhanထိုင္ေနသည့္ေနရာ
ဆီၾကည့္လိုက္ရျပန္သည္။

သူ႔တဖက္သက္အခ်စ္ကေလးသည္ အလုပ္အေပၚ စ်ာန္
ဝင္စားလို႔ေကာင္းတုန္းပင္ ရွိေနပါေသးသည္။

......^......

ခြင့္ႏွစ္လနီးပါးယူျပီးသည့္ေနာက္မွာ Luhanက ေက်ာင္း
သို႔ျပန္လာသည္။ ဤသို႔ႏွင့္ Sehun၏ မနက္တိုင္းတြင္
Luhanႏွင့္အတူစားရသည့္မနက္စာဝိုင္း၊ Luhanႏွင့္အတူေလွ်ာက္ရသည့္ ဘတ္စ္ဂိတ္ထိလမ္းတို႔ပါလာခ့ဲသည္။

"Luhan မေန႔က ကိုယ္မီးပူတိုက္ေပးထားခ့ဲတ့ဲ အက်ႋီ
ေတြေရာ"

"Sehun! Sehun ငါ ဒီေန႔ ျပခန္းမွဴးနဲ႕သြားေတြ႔ရမွာ"

"အဲ႕ဒါဆို ကိုယ္ ရွပ္အျဖဴေရာင္နဲ႕စတိုင္ပန္ထုတ္ထား
လိုက္မယ္ အဆင္ေျပတယ္မလား ??"

အဝတ္ဗီရိုကိုဆြဲဖြင့္လိုက္ျပီး Sehunေျပာသည့္ေနာက္
ေရခ်ိဳးခန္းထဲမွေန Luhanစကားေတြဝူးဝါးထေျပာသည္။

အဆင္ေျပတယ္ဟု ဘာသာျပန္ရသျဖင့္ Sehunသည္
လည္း အျဖဴေရာင္ရွပ္ႏွင့္ေဘာင္းဘီရွည္ကိုထုတ္ေပး
လိုက္ကာ ကုတင္ေပၚတင္ေပးျပီးသည့္ေနာက္ အခန္း
ျပင္သို႔ထြက္လာခ့ဲသည္။

ဒီေန႔က အစိုးရရုံးပိတ္ရက္တစ္ရက္ျဖစ္ေနသျဖင့္ Sehun
အတန္းေတြမရွိ။ ထို႔ေၾကာင့္ မနက္စာမ်ားယူလာကာ Luhan အိမ္ခန္းကိုေရာက္ခ်လာျပီးမွ အစ္ကိုက အျပင္
သြားစရာရွိပါသည္ဟုေျပာျပီး ထိုသို႔ေယာက္ယက္ခတ္
ေနျခင္းပင္ျဖစ္သည္။

ပန္းခ်ီအလုပ္ခန္းအတြင္းသို႔ဝင္ျခင္းကို Luhanကမၾကိဳက္
သျဖင့္ ထိုပန္းခ်ီအခန္းတံခါးအား Sehunပိတ္ခ်
လိုက္သည္။ ထု႔ိေနာက္ ဧည့္ခန္းထဲမွာ ရႈပ္ပြေနသည့္
အမိႈက္မ်ားကိုရွင္းလင္းျပီး မီးဖိုခန္းဘက္သို႔ျပန္လာသည့္
အခ်ိန္တြင္ ထိုးထိုးေထာင္ေထာင္ဆံပင္မ်ားျဖင့္ဖရုိဖရဲျဖစ္
ကာအခန္းထဲမွထြက္လာသည့္ Luhanႏွင့္တည့္တည့္တိုး
ေလသည္။

Sehunသက္ျပင္းခ်လိုက္ကာ Luhanဆြဲထားသည့္အိတ္ ကိုဆြဲယူျပီး ထမင္းစားပြဲကထိုင္ခုံေပၚတင္ထားလိုက္သည္။

"ဆံပင္ကိုအရင္သပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ ျပီးရင္
မနက္စာစားသြား"

"ငါ ေနာက္က်ေနျပီ"

"Taxiနဲ႕သြားလိုက္ေလ လာပါ ခင္ဗ်ားဗိုက္ဆာေနလိမ့္
မယ္"

ထိုးေထာင္ေနသည့္ဆံပင္မ်ားကို လက္ႏွင့္သပ္ခ်ျပီး
Luhanက တခ်က္ေတြေဝေနေသးသည္။ ထို႔ေနာက္တြင္
ခုံ၌ ဝင္ထိုင္ကာ Sehunျပင္ေပးထားသည့္ မနက္စာကို
အလ်င္စလိုစားပါသည္။

"အစာမေၾကျဖစ္မယ္"

သိပ္မပူေတာ့သည့္ ေကာ္ဖီကို နံေဘးနားတြင္ ခ်ေပး
လိုက္ျပီး Sehunကသတိေပးသည္။ Luhanေခါင္းျငိမ့္
လိုက္ကာ ေသေသခ်ာခ်ာဝါးစားေနပါေသာ္လည္း အျမန္
အဆန္စားေနဆဲပင္ျဖစ္ပါသည္။

အစားအေသာက္ေတြက ခပ္ေႏြးေႏြးအေနအထားမွာ
ရွိေန၍ပင္ေတာ္ေတာ့သည္။

ငါးမိနစ္ေလာက္အၾကာမွပင္ Luhanက အကုန္လုံး
စားျပီးသြားျပီးေနာက္ မတ္တပ္ထရပ္လိုက္ပါသည္။
Sehunစားေနရင္းမွပင္ ထုိသူ႔မ်က္ႏွာကိုေမာ့ၾကည့္လိုက္
သည့္ေနာက္

"ငါ့ကိုလိုက္ပို႔ေလ......."

"............အင္း"

အိမ္တံခါးကိုေသာ့ခတ္လိုက္ျပီးေနာက္ Luhanႏွင့္အတူတူ Sehun ေအာက္ထပ္သို႔လိုက္ဆင္းသည္။

"ျပီးမွ မနက္စာျပန္တက္စားေလေနာ္"

"အင္းပါ"

"မင္း ငါ့အဝတ္ေတြယူယူမေလွ်ာ္နဲ႕ေနာ္ ငါပ်င္းေနလို႔
မဟုတ္ဘူး ေလွ်ာ္မအားေသးလို႔"

Sehunက မထင္ရင္မထင္သလို Luhanအခန္းထဲက
ေလွ်ာ္စရာအဝတ္ေတြကိုယူယူေလွ်ာ္ျပီး မီးပူကလည္း
တိုက္တတ္ေသးသည္။ တိတိက်က်ေျပာရလွ်င္ Luhan
အဝတ္ေလွ်ာ္စက္နားမေရာက္တာေတာင္ တလေက်ာ္
ေနေလျပီ သို႔ေသာ္လည္း အျပင္သြားတိုင္း သူ႔အဝတ္
အစားေတြ ေက်ာ့ေမာ့ေမႊးၾကိဳင္ေနျမဲျဖစ္ေနသည္။

သို႔ေသာ္လည္း အရွက္ရသည္က Oh Sehunဆိုသည့္
ေကာင္ေလးက အက်ႋီေတြအျပင္အတြင္းခံေတြပါ
ယူယူေလွ်ာ္လြန္းသျဖင့္ Luhanမွာ ေသတၱာထဲထည့္သိမ္း
ထားရသည့္အျဖစ္ပါေလ။

"စိတ္ခ်ပါ ကိုယ္အတြင္းခံေတြယူမေလွ်ာ္ေတာ့ဘူးေလ"

"ေဟ့ေကာင္ Oh Sehun"

ေျခစုံရပ္ျပီး Luhanက ေအာ္သည္။ နီရဲေနသည့္မ်က္ႏွာ
ေလးကို Sehunက ျမတ္ႏိုးစြာၾကည့္ျပီး သေဘာတက်
ရယ္ျပီးေနာက္ Taxiငွားေပးဖို႔ျပင္သည္။

လမ္းမက်ယ္နားေရာက္ခါနီးသည္အထိ ေလွ်ာက္လာၾက
ျခင္းျဖစ္သျဖင့္ အငွားကားက ငွားရလြယ္ပါသည္။

"ညေနက်ရင္ Jun Myeonအားမလားမသိဘူး
ငါသူ႔ကိုညစာလိုက္ေကြ်းခ်င္လို႔"

"ကုိယ္ဖုန္းဆက္ေပးမယ္ေလ"

"အင္း ငါေနမေကာင္းတုန္းက သူအမ်ားၾကီးကူညီထား
တာ "

"ဟမ္ !! ေန႔မအိပ္ညမအိပ္ျပဳစုထားရတာက ကိုယ္ေလ"

မတရားခံရပါေလသည္ဆိုေသာမ်က္ႏွာျဖင့္ ေလသံျဖင့္
Sehun ဆိုသည့္အခါ Luhanသည္ မ်က္လုံးမ်ားေမွးစင္း
လို႔ၾကည့္လာသည္။ ထိုအခါမွပင္ Sehunက ျပံဳးရယ္ျပ
ေတာ့သည္။ ငွားလိုက္သည့္ Luhan ကားေပၚမတက္
ခင္မွာပင္

"အခ်ိန္နဲ႕လိပ္စာကို ငါmessage လွမ္းပို႔ေပးလိုက္မယ္
Jun Myeonကိုလွမ္းေျပာေပး။ သူ႔ဖုန္းနံပါတ္လဲပို႔ေပး"

"အင္း ကိုယ္လိုက္ခ့ဲလို႔ရတယ္မလား"

"မရဘူး မင္းေနခ့ဲ"

Sehunက Luhan၏စကားေၾကာင့္ ရယ္ေမာျပီးက်န္ခ့ဲ
သည္။ ကားမထြက္ခင္မွာ ကားမွန္တံခါးကိုတခ်က္ေခါက္
လိုက္သည့္ေနာက္ Luhanက မွန္ခ်ေပးလာပါသည္။
Luhanဘာတခြန္းမွမေျပာရေသးခင္မွာပဲ Sehunက

"Fighting !"

".....................အင္း"

ျပံဳးသေယာင္ေယာင္ျဖစ္သြားသည့္ ႏႈတ္ခမ္းေလးသည္
Sehun ရင္ကိုတလွပ္လွပ္ခုန္သြားေစခ့ဲသည္။

ထိုတေန႔လုံး လုပ္စရာအလုပ္မယ္မယ္ရရမရွိေသာ္လည္း
Luhanအခန္းကိုသန္႔ရွင္းေရးလုပ္ေပးလိုက္ ၊ စာအုပ္
တခိိ်ဳ႕ေကာက္ဖတ္လိုက္ျဖင့္ အခ်ိန္ေတြကကုန္ခ့ဲပါသည္။

Jun Myeonသည္လည္း ညေနအခ်ိန္ရသည္ဟုဆို
လာသျဖင့္ သူတို႔ညေနေတြ႔ၾကဖို႔က အဆင္ေျပသြားခ့ဲ
သည္။

Luhanခ်ိန္းသည့္ေနရာက တရုတ္စားေသာက္ဆိုင္
ျဖစ္ျပီး Sehunေရာက္သြားသည့္အခ်ိန္ၾကမွသီးသန္႔ခန္း
ေတြပါရွိသည္ဆိုတာကိုသိလိုက္ရသည္။ ဦးဆုံးေရာက္ႏွင့္
ေနသူက Sehunျဖစ္သည့္အတြက္ ၾကိဳတင္မွာယူထား
သည့္အခန္းထဲမွာပင္ဝင္ေစာင့္ေနလိုက္ပါသည္။

ခ်ိ္န္းထားသည့္အခ်ိ္န္ထက္အနည္းငယ္ေစာစြာေရာက္
လာခ့ဲသည့္သူ ႏွစ္ေယာက္က Luhan ႏွင့္ Yi Xing
တို႔ျဖစ္ျပီး Yi Xingက Sehunကိုျမင္သည္ႏွင့္ တေပ်ာ္
တပါးၾကီးကိုေျပးဖက္ေလေတာ့သည္။

"ဟာ……င႔ါညီၾကီးကြာ"

"ဘာျဖစ္တာလဲ အစ္ကိုရ"

"ဒီကိုၾကီးကမင္းကိုလြမ္းလို႔ လြမ္းလို႔"

အျမဲျပံဳးရႊင္တက္ၾကြေနသည့္ အစ္ကိုသည္ ဒီညက်မွ
႔ပုိလို႔တက္ၾကြေနခ့ဲဟန္ရွိသည္။ Sehunကို ဖက္ထားရာ
မွမခြာေတာ့ပဲရွိသည့္ Yi Xingကို Luhanက ဂုတ္ကေန
ဆြဲေခၚျပီး ထိုင္ခုံမွာ အိေျႏၵရရ ျငိမ္ျငိမ္ကေလးထိုင္ေန
ေစသည္။

"Sehun အစ္ကိုတစ္ဝမ္းကြဲလဲလာဦးမွာ ျငိမ္ျငိမ္ထိုင္
ေနစမ္း ငါ့ကိုမ်က္ႏွာပ်က္ေအာင္မလုပ္နဲ႕"

Sehun ႏွင့္ တခုံေက်ာ္မွာေနရာဝင္ယူလိုက္ျပီး Yi Xing
က စကားေျပာမျပတ္ပဲရွိေနသည္။ နာမည္ၾကီးလာသည္
ႏွင့္အမွ် အခ်ိန္မရွိေတာ့သည့္ Yi Xingသည္ Luhan
တို႕ Sehunတို႔ႏွင့္ ေတြ႔ရသည့္အခ်ိန္မ်ားတြင္ေတာ့
စကားေတြေရပက္မဝင္ေအာင္ေျပာေနဆဲ ခ်ိန္းလိုက္လွ်င္
မေရာက္မျဖစ္ ၾကိဳးစားျပီးေရာက္ေအာင္လာျမဲျဖစ္သည္။

"အစ္ကိုအခုဘယ္ကျပန္လာတာလဲ "

"ေပက်င္းကကြ ခုက သီခ်င္းအသစ္ေတြအတြက္ ျပန္လာ
တာ မင့္ကိုၾကီးကမအားဘူးေလကြာ နာမည္ကလဲ
ဇြတ္ၾကီးေနေတာ့………"

"ဘာေနေန FAပဲ"

"ဒီ…… မင္းပိတ္ထားစမ္း"

Luhan ပခုံးတြန္႔ျပျပီး စားစရာမ်ားသာေရြးခ်ယ္မွာယူေန
လိုက္သည္။ Sehunဘက္သို႔လွည့္ျပီး Jun Myeon
ဘာၾကိဳက္တတ္သလဲပင္ေမးျမန္းလိုက္ေသးသည္။

Yi Xingက သူ႔စကားကိုအာရုံမရသည့္ၾကားမွ သူ႔အားမသိမသာကပ္ဖ့ဲလိုက္သည့္Luhanကို ခုခ်ိန္ထိမေက်
မခ်မ္းျဖစ္ေနရွာသည့္ပုံပါပင္။ မ်က္ေစာင္းတဒိုင္းဒိုင္းျဖင့္
ရွိေနသည္ကို Luhanက menuစာအုပ္အားၾကည့္ေနရင္း
ကေန ျပံဳးတုံ႕တုံ႕ျဖစ္ေနရရွာသည္။ ထိုသို႔ေသာႏွစ္လိုဖြယ္
ေကာင္းျခင္းကို Sehunက ေဘးတိုက္အေနအထားျဖင့္
ေငးေမာၾကည့္မိသည္။

ထိုအခိုက္မွာပင္ သီးသန္႔ခန္းတြင္းသို႕ Jun Myeon
ဝင္လာခ့ဲပါသည္။

"အစ္ကို ဒီကိုလာ"

"Luhan ssi sorryပါ ကြ်န္ေတာ္ နည္းနည္းေနာက္က်
သြားတယ္ Sehun sorryကြာ"

"ရပါတယ္ဗ်ာ ကိစၥမရွိပါဘူး ကြ်န္ေတာ္တို႔ကေစာေနတာပါ"

Luhan ဝင္ေရာက္ေျပာသည္ကို Jun Myeonကေခါင္း
ျငိမ့္နားေထာင္ျပီး Sehunေဘးနားကခုံမွာဝင္ထိုင္လိုက္
သည္။ Luhanက Jun Myeonဝင္ထိုင္ထိုင္ျပီးခ်င္းမွာပင္
သူေနမေကာင္းျဖစ္စဥ္ကကူညီေပးခ့ဲသည္မ်ားကိုေက်းဇူး
တင္လို႔ ထမင္းတနပ္ေလာက္ေကြ်းျခင္းျဖစ္ေၾကာင္းေျပာပါ
သည္။ Jun Myeonသည္လည္းေက်းဇူးတင္ရတ့ဲအထိ
မဟုတ္ပါေၾကာင္းျပန္လည္ေျပာဆိုုျပီး Luhanႏွင့္အတူ
လတ္တေလာနာမည္ရလာသည့္ ပန္းခ်ီကားအေၾကာင္း
ေျပာျဖစ္ၾကသည္။ ႏွစ္ေယာက္သားက တူတူညီညီစကား
လက္ဆုံက်သြားသည့္အခါ Sehunမွာ ျငိမ္က်သြားရရင္း
ေရသာတခြက္ျပီးတခြက္ေသာက္ေနရပါသည္။

တိုက္တိုက္ဆိုင္ဆိုင္ပင္ ျငိမ္က်သြားသည့္Yi Xingဘက္
ကို အၾကည့္ေရာက္မိသည့္အခါ Jun Myeonကိုသာ
မ်က္ေတာင္မခတ္တမ္းၾကည့္ေနရွာသည့္အတြက္ Sehun
ေသာက္လက္စေရပင္သီးေတာ့မည့္သေယာင္ျဖစ္သြားရ
သည္။

စကားေကာင္းေနသည့္ႏွစ္ေယာက္က Yi Xing၏ေမ်ာ
ေနပုံကိုသတိထားမိဟန္မတူ။ Sehunကေတာ့ Jun Myeonကိုတလွည့္ Yi Xingကိုတလွည့္ၾကည့္ျပီး တခုခု
ကိုနားလည္သေဘာေပါက္လာသလိုပင္ရွိလာရသည္။

သူ႕အစ္ကိုတစ္ဝမ္းကြဲက ေကာင္မေလးေတြတင္မကပဲ
ေကာင္ေလးေတြကိုပါ ေမ်ာပါသြားေအာင္လုပ္ေနႏိုင္
ေၾကာင္း Sehunသိရွိသြားသည္။ ဒါကလဲ စီနီယာ Zhang Yi Xingလိုလူမ်ိဳးကိုမွ။

"ဒါနဲ႕ သူကကြ်န္ေတာ့္သူငယ္ခ်င္း Zhang Yi Xingတ့ဲ
ဒီေကာင့္စကားအရေတာ့ သူကနာမည္ၾကီးဆိုပဲဗ်ာ"

"Luhanကေတာ့သူငယ္ခ်င္းကိုေနာက္ျပီ Yi Xingက
နာမည္ၾကီးပါတယ္ ကြ်န္ေတာ္သူ႔သီခ်င္းေတြနားေထာင္
ဖူးတယ္ ။ ေတြ႔ရတာဝမ္းသာပါတယ္ Zhang Yi Xing
ကြ်န္ေတာ္ကKim Jun Myeonပါ"

"ဟုတ္…ေတြ႔ရတာအရမ္းဝမ္းသာပါတယ္…ရည္းစား
ရွိလားဟင္"

"ေဟ့ေကာင္!!"

မထင္မွတ္ထားသည့္ စကားေၾကာင့္ Luhanက ထဟန္႔
ျပီး Jun Myeonသည္ကား လန္႔ျဖန္႔ကာ အျပံဳးေတြ
ေတာင္ေပ်ာက္သြားရကာ ထိုင္ခုံေနာက္ဘက္ႏွင့္ေက်ာ
ကပ္သြားရသည္။ Sehunက ေရခြက္ကိုေမာ့ေသာက္ကာ
ေရခြက္ႏွင့္ႏႈတ္ခမ္းကြယ္ျပီး အသံတိတ္ခိုးရယ္သည္။ ဒါကို Luhan သတိထားမိသြားသည့္ေနာက္ မ်က္ေစာင္းက
ဒိုင္းကနဲလႊင့္တက္လာသည္။

Yi Xingသည္ ခပ္တည္တည္ပင္ အျပံဳးတို႕ေဖာေဖာသီ
သီျဖင့္ စားပြဲေပၚလက္ေထာက္လို႔ ကိုယ္ကိုေရွ႕တိုးလာ
လ်က္

"မရွိဘူးမလား ေဆးေက်ာင္းသားဆိုေတာ့ အလုပ္မ်ားမွာ
ပါ အလုပ္မ်ားလို႔ရည္းစားမထားႏိုင္ဘူးမလား ?"

"ဗ်ာ ? အာ…… ဟုတ္ ရည္းစားေတာ့မရွိ"

"ကြ်န္ေတာ္လဲအတူတူပဲ အဆိုေတာ္ဆိုေတာ့ အလုပ္
မ်ားတယ္ ရည္းစားမထားႏိုင္ဘူး"

"ဟုတ္က့ဲ"

"အ့ဲဒါ ကြ်န္ေတာ္ Jun့ကိုလိုက္မယ္ေနာ္"

"ေဟ့ေကာင္ Zhang Yi Xing"

တဖက္က Jun Myeonက ထထြက္ေျပးခ်င္ေနသည့္
ပုံစံျဖစ္ေနျပီျဖစ္သည့္အတြက္ Luhanမွာထေအာ္ရေတာ့
သည္။ အဟန္႔ခံလိုက္ရသျဖင့္ Yi Xingက ဂ်ိဳၾကည့္ၾကည့္
သည္။ သို႔ေသာ္လည္း တခဏခ်င္းပင္ Luhanကို ပလစ္
လိုက္ျပီး Jun Myeonဘက္ကိုမ်က္ႏွာျပန္မူကာ

"ျမင္ျမင္ခ်င္းေၾကြသြားတယ္ဆိုတာ တကယ္ရွိတာပဲဗ်ာ
Jun အျပံဳးေတြက ကြ်န္ေတာ့္အတြက္ healingပဲ
ကြ်န္ေတာ္နဲ႕မၾကာမၾကာေတြ႔ၾကည့္ပါ Junလည္း
ကြ်န္ေတာ့္ကိုေသခ်ာေပါက္သေဘာက်လာမွာပါ"

Sehunမွာေတာ့ ေရေတြေသာက္ေနရလြန္း၍ ဗိုက္ျပည့္
ေနျပီျဖစ္သည္။ Luhanက ထိန္းမႏိုင္သိမ္းမရျဖစ္ေန
ရွာသည့္ သူ႕သူငယ္ခ်င္းေၾကာင့္ Jun Myeonကို
အားနာေနရသည္။ Jun Myeonသည္ စကၠန္႔အေတာ္
ၾကာေၾကာင္သြားျပီးကာမွ ျပံဳးလာျပီး

"ဘာမ်ားလဲလို႔ဗ်ာ Yi Xingသီခ်င္းစာသားေတြမလား"

Yi Xing မ်က္ႏွာမည္းကနဲျဖစ္သြားသလို ထိုအခါက်မွ
Sehunႏွင့္Luhanသည္လည္း ခြက္ထိုးခြက္လန္ကို
ရယ္ရပါေတာ့သည္။

သီခ်င္းကYi Xingကိုယ္တိုင္ေရးျပီးဆိုေနက်ျဖစ္လို႔
ပါးစပ္ထဲစြဲသြားရတာပါဟုေျပာသည္။ ထိုအေၾကာင္းအရာ
ေၾကာင့္လဲ ထမင္းဝိုင္းက ပိုမိုစည္သြားခ့ဲတာပဲျဖစ္သည္။

ဖီးလ္အျပည့္ႏွင့္စာသားေတြရြတ္ခ်သည့္Yi Xingကို
ပင္ၾကံဖန္ေက်းဇူးတင္ရမလိုပါပင္။

စားရင္းေသာက္ရင္းျဖင့္ စကားေျပာၾကကာ အခ်ိန္ေတြ
သည္လည္းကုန္လာသည္။ တစ္ခုခက္တာကYi Xing
ဘယ္လိုအီအီ Jun Myeonက သီခ်င္းစာသားေတြခ်ည္း
ရြတ္ျပေနသည္ဟု ထင္သြားတာပင္ျဖစ္သည္။

"ဗိုက္အရမ္းျပည့္သြားျပီလား"

"အင္း စကားေျပာရင္းစားလိုက္ေတာ့ နည္းနည္းမ်ား
သြားတယ္"

"ဒါဆို ကိုယ္တို႕လမ္းနည္းနည္းေလွ်ာက္ျပန္ၾကမယ္ေလ
ရာသီဥတုကသိပ္မေအးေတာ့အဆင္ေျပမွာပါ"

"မင္းသေဘာေလ"

Sehun ႏွင့္ Luhan အျပန္အလွန္စကားေျပာေနၾက
သည္ကို Jun Myeonက ဘာရယ္မဟုတ္ပါပဲစိုက္
ၾကည့္ေနျဖစ္ခ့ဲသည္။ ေခ်ာင္းတခ်က္ဟန္႔လိုက္ျပီး
ေနာက္ Jun Myeonသည္ Sehunႏွင့္Luhanကို
အေသအခ်ာ ၾကည့္လိုက္ျပီးေနာက္

"Sehunနဲ႕ အေပၚထပ္ ေအာက္ထပ္ေနေနတာဆိုေတာ့
ေတာ္ေတာ္ေတြ႔ျဖစ္ၾကမွာပဲေနာ္"

"ဟုတ္က့ဲ ကြ်န္ေတာ္တို႔ေတာ္ေတာ္ေတြ႔ျဖစ္ပါတယ္"

"Sehunက မခင္ရင္သာေနမယ္ ခင္သြားရင္ အရမ္း
အလြန္အမင္းရင္းႏွီးလြန္းတာ Luhanစိတ္အေႏွာင့္
အယွက္ျဖစ္မွာေတာင္ ကြ်န္ေတာ္စိုးရိမ္မိတယ္"

Jun Myeonအျပံဳးမပ်က္ပဲေျပာခ့ဲေပမ့ဲ ဘာကိုဆုိလိုရင္း
ရွိလဲဆိုတာ Sehunကသိသည္။ ShiYeonႏွင့္ျပတ္သြား
သည့္ ဆက္ဆံေရးကိုမသိေသးသည့္ Jun Myeonက
Sehunအတြက္ေတြးေပးျပီး Luhanႏွင့္နီးနီးကပ္ကပ္ရွိ
မေနသင့္ဟုယူဆေနသည္။ ခ်စ္သူရွိေနသူတစ္ေယာက္
အေပၚ စိတ္ေရာက္ေနျခင္းက သူ႔ညီအတြက္မေကာင္းသလို Luhanအတြက္လဲအဆင္မေျပႏိုင္ဟု သူကခပ္ရွင္း
ရွင္းပင္ေတြးထားသည္။

Sehun သိသြားသလိုပင္ သေဘာေပါက္သြားခ့ဲဟန္ရွိ
သည့္ Luhanက Sehunကိုတခ်က္င့ဲၾကည့္လာခ့ဲေပမ့ဲ
Sehunက Luhanကိုၾကည့္မေနခ့ဲပါ။ ထို႔ေၾကာင့္
သက္ျပင္းခ်လိုက္မိကာ Luhan တစ္ေယာက္ ျပံဳးလာ
ျပီး Jun Myeonကိုေျပာသည္။

"Jun Myeonက Sehunအတြက္ အေရးပါတ့ဲမိသားစု
ဝင္တစ္ေယာက္လို႔ ကြ်န္ေတာ္ထင္တယ္။ အခုဒီစကား
ကိုဒီေနရာမွာေျပာလို႔ မေလးမစားလုပ္တယ္လို႔လဲ
မထင္ေစခ်င္ပါဘူး…………………………

……ကြ်န္ေတာ္နဲ႕ Sehun တြဲေနျပီ"

"ဗ်ာ……"

Sehunသည္လည္း Luhanကိုၾကည့္လိုက္မိသလို
Jun Myeonသည္လည္း တအ့ံတၾသျဖင့္ အာေမဋိတ္သံ
ပင္ထြက္လာခ့ဲသည္။ Yi Xing တစ္ေယာက္တည္းသာ
ေအးေအးသက္သာရွိေနသည္ကို Sehunသိလိုက္ရျပီး
ေနာက္ Luhanကိုျပန္ၾကည့္ျပန္သည္။ မသိမသာေကာ့
ညႊတ္တက္ေနေသာ ႏႈတ္ခမ္းပါးမ်ားသည္ Sehun
အတြက္ရည္ရြယ္ျပီးျပံဳးျပေနျခင္းျဖစ္သည္။

"Sehun မင္းေတာ့ေလ"

အတန္ၾကာျငိမ္သက္သြားခ့ဲျပီးမွ Jun Myeonက ရယ္
ေမာလာကာ Sehunပခုံးစြန္းကို ဖြဖြထိုးသည္။ ထို႔ေနာက္
Luhanကိုတဖန္ျပန္ၾကည့္လိုက္ျပီး ႏွစ္ႏွစ္ျခိဳက္ျခိဳက္ကို
ျပံဳးရယ္ျပလာကာ ကြ်န္ေတာ့္ညီေလး ဆိုးသမွ် သည္းခံ
ျပီးေနေပးပါဟု ေျပာေလသည္။

ပတ္ဝန္းက်င္သည္ ရယ္ရယ္ေမာေမာျပန္ျဖစ္လာသည္။
Jun Myeonက အရင္ျပန္ႏွင့္မည္ဟုဆိုသည့္အခါ Yi
Xingကပါထရပ္ေလသျဖင့္ Luhanမွာ အလွ်င္အျမန္ျပန္
ဆြဲခ်ရပါေသးသည္။ ထိုအျဖစ္ကို Jun Myeonမွာ ေခါင္း
ခါယမ္းကာရယ္ေမာသြားပါျပီး ျပန္သြားခ့ဲသည္။

က်န္ခ့ဲသည့္ Yi Xingမွာ မ်က္ေထာင့္နီျဖင့္ Luhanကို
ၾကည့္လို႔

"ငါ Junနဲ႕ အိမ္ေထာင္မက်ရင္ မင္းနဲ႕Sehunအိမ္မွာ
တသက္လုံးလိုက္ေနပစ္မယ္"

"ေသစမ္း……ဒီေန႔မွ ေတြ႔တာကို ဘယ္အိမ္ေထာင္
က်ဖို႔ထိ ေတြးလိုက္တာလဲ"

"ငါ့ကိုရယ္ျပသြားတယ္ကြ"

သူတျပန္ကိုယ္တျပန္ အႏိုင္ယူေအာ္ဟစ္ၾကျပီးေနာက္
အခ်င္းခ်င္း ေစာင္ၾကည့္ကာ Yi Xingမွာ မတ္တပ္ထရပ္
သည္။ Sehunကိုပဲ ျပန္ေတာ့မည္ဟု ႏႈတ္ဆက္သြားျပီး
သူ႔ကိုႏႈတ္မဆက္ပဲထြက္သြားေသာေၾကာင့္ Luhanက
တစ္သွ်ဴးစႏွင့္ေကာက္ေပါက္ေလသည္။

"Sehun Sehun "

"ဗ်ာ……"

တစ္သွ်ဴးစကို ရေအာင္ေရွာင္တိမ္းျပီး Yi Xingက Sehunနားကပ္လာသည္။ ထို႔ေနာက္ Luhanမၾကားရ
ေလေအာင္ေလသံတိုးတုိးျဖင့္

"ငါ့သူငယ္ခ်င္း မင္းကိုေပးလိုက္ရျပီဆိုေတာ့ မင္းအစ္ကို
ငါ့ကိုေပးကြာ ေနာ္"

Sehunမွာ ရယ္ေမာလ်က္သာ ေခါင္းျငိမ့္ျပလိုက္ရသည္။

Yi Xingက Luhanကိုလွ်ာထုတ္ေျပာင္ျပျပီး အခန္းထဲ
မွေျပးထြက္သြားပါေလသည္။

စားေသာက္ဆိုင္၏သီးသန္႔ခန္းထဲမွာ စိတ္ၾကိဳက္အခ်ိန္
ျဖဳန္းခ့ဲၾကျပီး Luhanႏွင့္ Sehunတို႔ အျပင္ထြက္လာ
လိုက္သည့္အခါ အခ်ိန္က ကိုးနာရီနီးပါးရွိခ့ဲျပီ။

Sehunအၾကံေပးသည့္အတိုင္း သူတို႔ေတြ ဘတ္စ္ဂိတ္
ထိလမ္းေလွ်ာက္ခ့ဲၾကပါသည္။

"ဟိုေကာင္က မင္းကို ဘာေတြေျပာသြားတာလဲ "

"အစ္ကိုYi Xingလား ?"

"အင္း"

"မေျပာျပပါဘူး…"

ျငင္းလိုက္သည့္ေနာက္ Luhan မ်က္ေမွာင္က်ဳံ႕ျပီး မေျပာ
လဲေနေပါ့ဆိုသည့္မ်က္ႏွာေပးျဖင့္ တဖက္သို႔လွည့္သြားခ့ဲ
သည္။

Sehunမွာသာ တဖက္လွည့္သြားသည့္ မ်က္ႏွာေလးကို
ငုံ႔ငုံ႔ၾကည့္ရင္း ျပံဳးျပံဳးျပရသည္။

"ကဲ …… ဘာျဖစ္ေနတာလဲ"

"အစ္ကိုYi Xingက ကြ်န္ေတာ္တို႔တြဲေနတာကို မအ့ံၾသသလိုပဲေနာ္"

ပုံမွန္အတိုင္းသြားေနသည့္ Luhanေျခလွမ္းမ်ားသည္
အရွိန္ေလ်ာ့သြားခ့ဲျပီး Sehunဘက္သို႔ မသိမသာ ေစာင္း
င့ဲၾကည့္သည္။ ထို႔ေနာက္ ေလသံတိုးတိုးျဖင့္

"ငါေျပာျပလိုက္တာ……"

"ေအာ္………အစ္ကိုJun Myeonကိုလဲေျပာလိုက္တယ္
ေနာ္"

"ဘာလို႔လဲ ?? မင္းမၾကိဳက္လို႔လား"

ေရွ႕သြားေနရာမွာ ရပ္လိုက္ျပီး Sehunဘက္သို႔ မ်က္ႏွာ
ခ်င္းဆိုင္လွည့္ကာ Luhanကေမးသည္။ မခြ်တ္တမ္းတပ္
ထားေသးသည့္ မ်က္မွန္ပါးေအာက္က မ်က္ဝန္းေတြထဲထ
တိုင္ေအာင္ Sehunသည္ နင့္နင့္နဲနဲစိုက္ၾကည့္သည္။
ႏႈတ္ခမ္းပါးတို႔ျပံဳးလာခ့ဲျပီး ေခါင္းခါယမ္းလိုက္ကာ

"ကိုယ္က……ခင္ဗ်ား……သေဘာမက်ဘူးထင္ေနတာ"

"မဟုတ္တာေတြေတြးေနျပန္ျပီ။ ေနရာတကာ ေလွ်ာက္
ေျပာေနတာမ်ိဳးမဟုတ္ေပမ့ဲ တေယာက္ေယာက္က မင္းကို ငါတို႔တြဲေနတာလားလို႔ေမးလာရင္ မင္း ဟုတ္တယ္ လို႔ေျပာလို႔ရပါတယ္ မွန္ေနတာပဲဟာ ငါကဘာမၾကိဳက္
စရာရွိမွာလဲ …   ဟက္ မင္းကိုခိုးေၾကာင္ခိုးဝွက္တြဲေန
စရာမွမလိုတာ"

Luhanက ေျပာျပီးေနာက္ ေရွ႕ကေနထြက္သြားသည္။
Sehunမွာသာ ေနာက္မွာ မတ္မတ္ရပ္လို႔က်န္ခ့ဲရျပီး
အေျခမခိုင္ေသးသည့္ ေျခေထာက္မ်ားကို မယိုင္ေစရန္
ၾကိဳးစားေနခ့ဲရသည္။

"Sehun ? ဘာလုပ္ေနတာလဲ "

စိတ္မရွည္သည့္ပုံစံျဖင့္ ျပန္လွည့္လာျပီး ေလသံျမင့္ျဖင့္
ေအာ္လာေသာ္လည္း Sehunမွာစိတ္မဆိုးရက္ႏိုင္ပါ။

အသံထြက္ေအာင္ပင္ရယ္ေမာမိျပီး သူ႔ကိုစိတ္မရွည္စြာ
ရပ္ေစာင့္ေနရသည့္ Luhanဆီကိုအေျပးသြားခ့ဲမိသည္။

တကယ္ပါ………ဒီလူူ႔ကို ခ်စ္မိတ့ဲ စကၠန္႔တိုင္းက
လွပလြန္းလိုက္တာ…။

To Be ConTinued……

( I am sure this is my very first fxxking longest chapter LoL)

ဟန်မြစ်ကမ်းဘေးမှနေ သူတို့၏တိုက်ဆီသို့ပြန်ရောက်
သည့်အချိန်တွင် Luhan သည် Sehunကို တိုက်အောက်မှာပင် နှုတ်ဆက်စကားဆိုကာ အပေါ်ထပ်သို့တက်သွားခဲ့သည်။

မြင်ကွင်းထဲမှLuhanပျောက်သွားပြီး မိနစ်အတော်ကြာမှ
သာလျှင် Sehun သူ၏အိမ်ခန်းထဲသို့ဝင်ဖြစ်ခဲ့ပါသည်။

အိမ်တံခါးကိုနောက်ပြန်ပိတ်ချလိုက်ပြီးသည်နှင့် မခိုင်
တော့ သည့် ခြေများကြောင့် Sehun အခန်းတံခါး
ကိုကျောမှီချကာ ကြမ်းပြင်ပေါ်ထိုင်ချမိလိုက်သည်။

အခုန်မြန်နေသေးသည့်သူ့ရင်သည် တဒိန်းဒိန်းဖြင့်။

သူဘာကြောင့်များ တွဲကြဖို့ပြောလိုုက်မိသလဲ အပြန်ပြန်
အလှန်လှန်တွေးမိသည်။ အကယ်၍များ Luhanကငြင်းလိုက်လျှင်၊ ဒီအကျိုးဆက်ကြောင့်သူတို့တသက်လုံးမတွေ့ကြရတော့ဘူးဆိုလျှင်
..................
သွေးအေးသွားရသည့်အချိန်မှပင် ထိုသို့လည်းဖြစ်လာ
နိုင်သည်ကိုစဉ်းစားမိပြီး Sehunရင်တွေတလှပ်လှပ်
တုန်ရီလာခဲ့သည်။

ထောင်ထားသည့်ဒူးနှစ်ဖက်ပေါ် မျက်နှာမှောက်ချလိုက်မိပြီး Sehun အချိန်တော်တော်ကြာကြာငြိမ်သက်နေခဲ့မိသည်။

ထို့နောက် ဖုန်းကိုဖွင့်လိုက်ကာ ဖုန်းမျက်နှာပြင်မှာပေါ်နေသည့် Luhan၏ ဖုန်းနံပါတ်ကိုSehun ငေးမောကြည့်မိသည်။

ကောင်းသောညပါဟု သူ အရင်လို နှုတ်ဆက်စကားပင်
မဆိုနိုင်ခဲ့။ သူ့မှာ မသိစိတ်က ပါးပါးလေးထိတ်လန့်နေရ
သည်။ Luhanစိတ်ပြောင်းသွားမှာကို ကြောက်လန့်နေခဲ့
ွှရသည်။

ထိုအတွေးများဖြင့် သူ တညလုံးအိပ်မရနိုင်ခဲ့ပဲ မိုးစင်စင်
လင်းခဲ့ရပါသည်။

....................................

အချစ်လို့ ခေါင်းစဉ်တပ်လိုက်တိုင်းမှာ ကိုယ်က ခင်ဗျား
ကိုတွေးမိပါတယ်။

ဒီမေတ္တာကြောင့် ခင်ဗျား စိတ်ချမ်းသာစေချင်တယ်။
ဒီမေတ္တာနဲ့ ခင်ဗျားကိုလုံခြုံစေချင်တယ်။

ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိတော့လေတဲ့ ခင်ဗျားက ခင်ဗျားအတွက် သီးသန့်ဖြစ်နေတဲ့ကိုယ့်အကြင်နာကိုတော့ယုံမှဖြစ်မယ်။

ထာဝရဆိုတဲ့ကာလအတွင်းမှာ ခင်ဗျားတဘဝလုံးစာ
လုံလောက်အောင်ချစ်နိုင်တယ်လို့ ကိုယ်လောင်းရဲ
ပါတယ်။

ကိုယ့်ကိုယုံပါ.........။ ကိုယ့်လက်ကိုတွဲပါ။
ခင်ဗျားရဲ့တစ်ခုတည်းသောချွင်းချက်ကလေး ကိုယ့်ကို
ဖြစ်ခွင့်ရယ်ပေးပါ။

° The years I have loved him °

.......................................

သာမန်ထက်ပိုသည့် ဆက်ဆံရေးတစ်ခုအောက် ရောက်သွားသည့်အချိန်မှာလည်း သူတို့နှစ်ယောက်ကြား ပိုမိုထူးခြားသွားသည်များလဲမရှိခဲ့ပါ။

အရင်အချိန်တွေတုန်းကအတိုင်းပင် ရှိနေမြဲဖြစ်သည့်
အချိန်အတူတူရှိကြပြီး ပြောနေမြဲစကားတွေ၊ သွားနေမြဲ
လမ်းတွေ၊ သုံးနှုန်းနေမြဲအခေါ်အဝေါ်တွေဖြင့် သူတို့နေ့
စဉ်ဘဝတွေက သာမန်ရိုးကျဆန်နေမြဲဖြစ်သည်။

Luhanသည် ပန်းချီခန်းထဲတွင်ပို၍နေလာပြီး ပန်းချီ
တွေအတွက် အချိန်ပိုပေးလာခဲ့သည်။ သုံးရက်နေလို့မှ
တခါတောင်မတွေ့ရသည့်နေ့တွေရှိခဲ့ပေမဲ့ Sehunက
အရင်ကထက်ပိုပြီး Luhanစိတ်အနှောင့်အယှက်ဖြစ်မည်ကိုပိုစိုးရိမ်လာပါသောကြောင့် အခန်းထဲကဆွဲထုတ်တာတွေပင်မလုပ်ဖြစ်တော့ပါ။

Sehunသည်လည်း အတန်းတွေဆက်တက်ရသည်။
Luhanကခွင့်ယူထားမြဲဖြစ်လို့ ကျောင်းအတူမသွားရ။
မနက်က အတန်းနောက်ကျမည်စိုးသဖြင့် Sehun အိမ်
ကအပြေးထွက်ခဲ့ရခြင်းကြောင့် Luhanကိုနှုတ်ပင်မဆက်နိုင်ခဲ့။

ထိုသို့နှင့်စာဖြင့်လည်းအဆက်အသွယ်မရှိသလို ဖုန်းဖြင့်လည်းအဆက်အသွယ်မရသည့် နေ့တနေ့ ထပ်ပို လာပါဦးမည်ဟု Sehunတွေးနေရင်း မှောင်ကျနေသည့်ဖုန်း
မျက်နှာပြင်ကိုစိတ်ပျက်လက်ပျက်ကြည့်နေမိသည့်အချိန် မှာပင် Luhanဆီကနေ စာတစ်စောင်ဝင်လာသဖြင့် Sehunမှာ.........အလန့်တကြားထိုင်နေရာမှမတ်တပ်ပင်ထရပ်မိသွားခဲ့သည်။

"ဟားး......"

"Sehun ဘာဖြစ်တာလဲ ?"

"အာ......စီနီယာ ကျွန်တော်အရေးကြီးလို့ ခဏ"

Presentationအတူလုပ်ရမည့် စီနီယာကို အခန်းထဲ
ခဏထားခဲ့လိုက်ပြီး Sehun လွယ်အိတ်ကိုတပါတည်း
ကောက်ယူကာ အခန်းထဲမှထွက်ခဲ့လိုက်မိသည်။

Luhanပို့ထားသည့်စာကရှင်းပါသည်။ သူ ဒီတညနေလုံးMinseok၏ကော်ဖီဆိုင်မှာရှိနေမည့်အကြောင်းနှင့် ညနေအတန်းဆင်းလျှင် သူရှိရာကို လာလို့ကလာနိုင်ပါကြောင်းဖြစ်ပြီး ထိုစာဖတ်လို့အပြီးမှာ Sehun ကတော့ လွယ်အိတ် ကိုဆွဲလို့ ကျောင်းဝင်းထဲမှ ထွက်လာခဲ့လိုက်ပြီဖြစ်သည်။

အခန်းထဲကျန်ခဲ့သည့်စီနီယာကိုသင့်တော်သည့်
အကြောင်းပြချက်တစ်ခုပေးကာ တောင်းပန်လိုက်ပြီး
နောက်Sehun တစ်ယောက် Minseok၏ကော်ဖီဆိုင်
ကိုအပြေးအလွှားပင်သွားခဲ့ပါသည်။

အလုပ်တွေများနေခဲ့ခြင်းကြောင့် Sehun နေ့လည်စာပင်
မစားရသေးပါ။ သူ ကော်ဖီဆိုင်သို့ မောကြီးပမ်းကြီး
ရောက်သွားသည့်အချိန်၌ နေ့လည်တစ်နာရီပင်ခွဲနေခဲ့
ပြီဖြစ်သည်။

နဖူးမှာချွေးတွေစို့လျက်ရောက်လာသည့်Sehunကို
Minseokက တအံ့တသြဖြင့်ဆီးကြိုကာ ရေခဲရေတခွက်
ကမ်းပေးရှာသည်။ Sehun ရေကိုမော့သောက်လိုက်ရင်းမှ ဆိုင်အတွင်းသု့ိဝေ့ဝဲရှာပါသည်။ သို့သော် Luhanကိုမတွေ့ရပါသဖြင့်

"Luhanရော........."

"Luhan ? ၂နာရီလောက်မှလာမယ်ထင်တယ် ငါခေါ်
ထားတာအဲ့ဒီအချိန်ကျမှ"

Sehun ခေါင်းငြိမ့်လိုက်ပြီး လေပူများကိုမှုတ်ထုတ်ကာ
ကျောပိုးအိတ်အားတိုင်မှာချိတ်လို့ အေပရွန်ကိုကောက်စွပ်လိုက်ရသည်။ Minseokသည် Sehunသွားရာနောက်မှတကောက်ကောက်လိုက်လျက် Sehunပခုံးကို ခြေဖျားထောက်ကာကျော်ကျော်ကြည့်ပြီး

"ဘာလာလုပ်တာလဲ မင်းက"

"Luhanကဒီကိုဘာလို့လာမှာလဲ ?"

"ငါ ပုံအပ်ထားလို့ လာဆွဲပေးမှာ မင်းကLuhanလာမှာ
ဘယ်လိုလုပ်သိတာလဲ "

"ဟိုကောင်လေးမလာဘူးလား အချိန်ပိုင်းအလုပ်သမား"

"ဒီနေ့ သူoff ဟေ့ကောင် ငါမေးတာမင်းဖြေမှာလား
မင်းမေးတာတွေပဲငါဖြေမှာလား ?"

လူပျိုကြီး ဒေါသထွက်သွားလေအောင် Sehun ပခုံးပဲတွန့်ပြလိုက်ပြီး မဆေးရသေးသည့်ခွက်များကိုသာယူဆေးပေးနေလိုက်သည်။ နောက်တော့ လူပျိုကြီးသည်လည်း ဂျူတီတစ်ချိန်စာအလကားအလုပ်ခိုင်းရလဲ နည်းလေသလားဟုမှတ်ကာ မည်သည့်အပိုစကားမှမပြောတော့ပဲ ဧည့်သည်တွေကိုသာ လိုက်ဧည့်ခံနေလေတော့သည်။

မကြာလိုက်ပါ။ Sehun အော်ဒါတွေ သုံးခုလောက်ဖျော်
ပေးပြီးသည့်အချိန်မှာ ဖုန်းနှင့်မျက်နှာအခွာမပြတ်ပဲ Luhan သည် မှန်တံခါးဖွင့်ပြီး ဆိုင်ထဲသို့ဝင်လာလေ
သည်။

"ဟေ့ကောင်"

"အာ......အစ်ကို"

Minseok ပခုံးလှမ်းပုတ်လေမှ မျက်နှာမော့ကြည့်လာ
သည့် Luhanသည် တလက်စတည်း Sehunကိုပါမြင် သွားလေပြီး မျက်မှောင်ကျုံ့သည်။ ထို့နောက် Sehun
ရှိသည့်ကောင်တာနားသို့ရောက်လာကာ

"ငါ မင်းကိုဖုန်းဆက်နေတာ"

"ဗျာ ?? အာ ကိုယ်အသံပိတ်ထားမိလို့ဖြစ်မယ် sorryပါ
ဗျာ တကယ် ကိုယ်......"

"တော်တော့ အခုတွေ့နေရပြီပဲ"

Luhanသည် လက်ကာပြလိုက်ပြီး ဖုန်းကိုဘောင်းဘီ
အိတ်ထဲပြန်ထည့်လို့ လှည့်ထွက်သွားခဲ့သည်။ Sehun
ကမန်းကတန်းဖြင့် နေ့လည်စာစားပြီးပြီလား မေးလိုက်
သည့်အခါ လှည့်မကြည့်ပဲ လက်ခါပြလေသည်။

ထို့နောက် Luhanသည် Minseokနှင့် အတူ စားပွဲ
တစ်ခုမှာဝင်ထိုင်လိုက်ပြီး အလုပ်ကိစ္စဆွေးနွေးကြဟန်
ရှိသည်။

Sehunသည် နွားနို့များများဆိမ့်ဆိမ့်ဖြင့်ဖျော်ထားသည့်
လတ်တေးနွေးနွေးတစ်ခွက်ကိုအမြန်ပြင်ဆင်ပြီး ပေါင်မုန့်နှစ်ချပ်ကို ထောပတ်သုတ်လို့မီးကင်သည်။ ထို့နောက် သကြားဖြူးကာ စတော်ဘယ်ရီသီးများနှင့်ငှက်ပျောသီးများလှီးပြီး လိမ္မော်ယိုကိုပန်းကန်လေးထဲထည့်ပြီးနောက်ကော်ဖီခွက်နှင့်ပေါင်မုန့်မီးကင်များကိုဗန်းပေါ်တင်ကာLuhanထိုင်နေသည့်နေရာသို့လျှောက်လာခဲ့လိုက်သည်။

"ကျွန်တော်ပြောတာပေါက်လား ? လေးလက်မ
သုံးလက်မလောက် စက္ကူအထူစားကိုသုံးမယ် ကော်ဖီခွက်ပုံ နောက် ကိတ်မုန့်ပုံလေးတွေဆွဲပြီးစားပွဲတစ်ခုဆီမှာထောင်ထားမယ် တလက်စတည်းအစ်ကိုရဲ့ self orderပုံစံကိုchangeပစ်မယ်ဆိုရင် menuကတ်ဒ်လေးတွေကိုပါလက်ရေးလေးနဲ့လုပ်မယ်ဆို ဆွဲဆောင်မှုလည်းရှိတယ်"

စားပွဲပေါ် ကော်ဖီခွက်တင်လာသည့် Sehunကြောင့်
စကားစပြတ်သွားဟန်တူသည်။ Luhanသည် စားပွဲပေါ်
လက်ထောက်လျက် Sehunကိုမော့ကြည့်လာပြီး ပြုံးပြ
သည်။ Sehunက ပြန်လည်ငုံ့ကြည့်လာကာ နှစ်နှစ်ခြိုက်
ခြိုက်ပြုံးပြလာပြီး

"ကိုယ် Latteဖျော်လာတယ် ခပ်နွေးနွေးပဲဆိုတော့
ခင်ဗျားသောက်လို့အဆင်ပြေမှာပါ "

"အင်း ကျေးဇူး"

"ပေါင်မုန့်လဲစားသွား။ အိမ်ပြန်မှဆို ထမင်းစားအရမ်း
နောက်ကျနေလိမ့်မယ်"

"မင်း ငါနဲ့လိုက်ပြန်မယ်မလား"

"အင်း ပြန်မှာပေါ့ ခင်ဗျားရဲ့"

Sehunကစားပွဲကိုလက်ထောက်လိုက်ရင်း ကော်ဖီတငုံ
ယူသောက်လိုက်သည့် Luhanကိုပြုံးလို့ငုံ့ကြည့်သည်။
တကိုက်စာအသင့်လှီးပေးထားပြီးသည့်ဖြစ်သည့်ပေါင်မုန့် မီးကင်များပေါ်၌ လိမ္မော်ယိုများသုတ်ပေးပြီး ခက်ရင်းထိုးစိုက်ပေးကာ Luhanစားလို့အဆင်သင့်ဖြစ်အောင်ပြင်ပေးမိသည်။ ထိုဖြစ်ရပ်ကို အစအဆုံး ဘေးနားကနေငုတ်တုတ်ထိုင်ကြည့်နေသည့် Minseokက

"အဟမ်း.........ဘာတွေလဲ "

"ဘာကိုလဲ ?"

"လေထဲမှာပျံ့နေတဲ့အချစ်တွေ ... လေ။ ပုံမှန်အချိန်ထက်နည်းနည်းပိုနေတဲ့အရောင်တွေ ။ အဟမ်း...... မင်းတို့ကောင်တွေ "

"အလုပ်ပဲဆက်လုပ်ကြရအောင် အစ်ကို"

Luhanက ကော်ဖီခွက်ကိုပြန်ချလို့ စကားစကိုဖြတ်လိုက်
လေသဖြင့် Sehunသည်လည်း အလိုက်တသိဖြင့် Minseokကိုပြုံးပြလိုက်ပြီး ထိုစားပွဲနားကထွက်သွား
လိုက်ပါသည်။

အလုပ်အကြောင်းဆက်ဆွေးနွေးနေသည့် Luhanပုံစံက
တည်ငြိမ်လွန်းပါသည်။ Sehunသည် ထိုပုံရိပ်ကို
မလှမ်း မကမ်းမှာရပ်ကြည့်နေရင်း အကြိမ်ကြိမ် အဖန်ဖန်ပြုံးမိသည်။

ထို့နောက် ကော်ဖီတွေဆက်တိုက်ဖျော်ပေးနေရသည့်
Sehunအနားကို Minseokရောက်လာပါသည်။ Luhan
ကစားပွဲမှာထိုင်ကျန်နေရစ်ကာ စာရွက်များဖြင့်အလုပ်ရှုပ်ကျန်နေရစ်ခဲ့သည်။

"Sehun ရ Sehun ငါကလူပျိုကြီး ရည်းစားမရှိတာ
နှစ်နည်းနည်းကြာပြီဆိုပေမဲ့ အဲ့လောက်မတုံးသေးပါဘူး"

"ဘာကိုလဲဗျ"

Sehun ရယ်မောလိုက်ပြီး မေးလိုက်သည်။ Minseok
ကအနားသို့တိုးကာ Luhanဘက်တချက်လှည့်ကြည့်
ပြီး Sehunကိုလေသံတိုးတိုးဖြင့်

"Luhanနဲ့သူ့ကောင်မလေးပြတ်သွားပြီဆို ?"

အမှတ်မထင်ပဲ Sehunက Luhanဆီကိုတချက်ကြည့်
လိုက်မိသည်။ ထိုအခါMinseokက

"Luhanကိုယ်တိုင်ငါ့ကိုပြောတာ"

Sehun ခပ်ဖြည်းဖြည်းပင်ခေါင်းငြိမ့်ပြလိုက်မိပြီး Minseok အနားမှရှောင်ထွက်သွားမည်ပြင်သည်။
လျင်လွန်းသည့် အစ်ကိုကြီးသည် တချက်ကလေးမှ
မျက်ခြေပြတ်မခံပါပဲ Sehunလက်ကောက်ဝတ်ကို
ဖမ်းဆွဲလိုက်ကာ အလုပ်များနေသည့်Luhanဆီကို
မေးငေါ့ပြပြီး

"မင်းသူ့ကိုဖွင့်ပြောလိုက်ပြီမလား ?"

"....................."

"မင်းတို့တွဲနေပြီမလား??"

ပြုံးစစဖြင့်မေးလာသည့် Minseokကို Sehunကပြုံးလို့
ကြည့်သည်။ ထို့နောက်တဖန် Luhanဆီကိုလှမ်းကြည့်
လိုက်သည့်အခါ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူတို့ဆီကြည့်
နေ သည့်Luhanနှင့်အကြည့်ချင်းဆုံသည်။

အလှုပ်အရှားမရှိသည့်မျက်ဝန်းသေနှင့် မပြုံးမရယ်
မျက်နှာထားရယ်ကြောင့် Sehun၏ ပြုံးနေသည့်နှုတ်ခမ်း တွေသည်လည်းအလိုလိုမျဉ်းဖြောင့်ဖြစ်သွားခဲ့ရသည်။

အေးအေးသက်သာပင် သူ၏လက်ကောက်ဝတ်ကိုဆွဲ
ကိုင်ထားသည့် Minseokလက်ကိုဖြုတ်ချလိုက်ပြီးနောက်Sehunက ခေါင်းခါယမ်းသည်။

"မတွဲပါဘူး အစ်ကိုရဲ့။ အစ်ကိုစိတ်ထင်လို့ပါ"

Minseokသည် ထိုဖြေရှင်းစကားကိုမကျေနပ်။
ဆက်ပြောတော့မည့်အချိန်မှာပင် Sehunက

''အစ်ကို့ညီအကြောင်းလဲသိရက်သားနဲ့ ကျွန်တော်က
အဲ့လောက်သတ္တိရှိပါ့မလဲ ? ခုချိန်ထိ တဖက်သက်အချစ်တွေနဲ့ပဲ............"

"ရယ်မနေနဲ့ ဟေ့ကောင်"

ပြုံးစစရယ်ဖြင့် ပြောနေသည့် Sehunကို Minseokက
လက်မောင်းကနေထိုးချလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။Sehunသည်သာအရယ်မပြတ်ပဲ နာသွားသည့်လက်မောင်းကို အသာပွတ်လို့ Luhanထိုင်နေသည့်နေရာဆီကြည့်လိုက်ရပြန်သည်။

သူ့ တဖက်သက် အချစ်ကလေးသည် အလုပ်အပေါ် ဈာန်ဝင်စားလို့ကောင်းတုန်းပင် ရှိနေပါသေးသည်။

......^......

ခွင့်နှစ်လနီးပါးယူပြီးသည့်နောက်မှာ Luhanက ကျောင်းသို့ပြန်လာသည်။ ဤသို့နှင့် Sehun၏ မနက်တိုင်းတွင်Luhanနှင့်အတူစားရသည့်မနက်စာဝိုင်း၊ Luhanနှင့်အတူလျှောက်ရသည့် ဘတ်စ်ဂိတ်ထိလမ်းတို့ပါလာခဲ့သည်။

"Luhan မနေ့က ကိုယ်မီးပူတိုက်ပေးထားခဲ့တဲ့ အကျႋီ
တွေရော"

"Sehun! Sehun ငါ ဒီနေ့ ပြခန်းမှူးနဲ့သွားတွေ့ရမှာ"

"အဲ့ဒါဆို ကိုယ် ရှပ်အဖြူရောင်နဲ့စတိုင်ပန်ထုတ်ထား
လိုက်မယ် အဆင်ပြေတယ်မလား ??"

အဝတ်ဗီရိုကိုဆွဲဖွင့်လိုက်ပြီး Sehunပြောသည့်နောက်
ရေချိုးခန်းထဲမှနေ Luhanစကားတွေဝူးဝါးထပြောသည်။

အဆင်ပြေတယ်ဟု ဘာသာပြန်ရသဖြင့် Sehunသည်
လည်း အဖြူရောင်ရှပ်နှင့်ဘောင်းဘီရှည်ကိုထုတ်ပေး
လိုက်ကာ ကုတင်ပေါ်တင်ပေးပြီးသည့်နောက် အခန်း
ပြင်သို့ထွက်လာခဲ့သည်။

ဒီနေ့က အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်နေသဖြင့် Sehunအတန်းတွေမရှိ။ ထို့ကြောင့် မနက်စာများယူလာကာ Luhan အိမ်ခန်းကိုရောက်ချလာပြီးမှ အစ်ကိုက အပြင်သွားစရာရှိပါသည်ဟုပြောပြီး ထိုသို့ယောက်ယက်ခတ်နေခြင်းပင်ဖြစ်သည်။

ပန်းချီအလုပ်ခန်းအတွင်းသို့ဝင်ခြင်းကို Luhanကမကြိုက်သဖြင့် ထိုပန်းချီအခန်းတံခါးအား Sehunပိတ်ချ
လိုက်သည်။ ထု့ိနောက် ဧည့်ခန်းထဲမှာ ရှုပ်ပွနေသည့်
အမှိုက်များကိုရှင်းလင်းပြီး မီးဖိုခန်းဘက်သို့ပြန်လာသည့်အချိန်တွင် ထိုးထိုးထောင်ထောင်ဆံပင်များဖြင့်ဖရိုဖရဲဖြစ်ကာအခန်းထဲမှထွက်လာသည့် Luhanနှင့်တည့်တည့်တိုးလေသည်။

Sehunသက်ပြင်းချလိုက်ကာ Luhanဆွဲထားသည့်အိတ် ကိုဆွဲယူပြီး ထမင်းစားပွဲကထိုင်ခုံပေါ်တင်ထားလိုက်သည်။

"ဆံပင်ကိုအရင်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ် ပြီးရင်
မနက်စာစားသွား"

"ငါ နောက်ကျနေပြီ"

"Taxiနဲ့သွားလိုက်လေ လာပါ ခင်ဗျားဗိုက်ဆာနေလိမ့်
မယ်"

ထိုးထောင်နေသည့်ဆံပင်များကို လက်နှင့်သပ်ချပြီး
Luhanက တချက်တွေဝေနေသေးသည်။ ထို့နောက်တွင်ခုံ၌ ဝင်ထိုင်ကာ Sehunပြင်ပေးထားသည့် မနက်စာကိုအလျင်စလိုစားပါသည်။

"အစာမကြေဖြစ်မယ်"

သိပ်မပူတော့သည့် ကော်ဖီကို နံဘေးနားတွင် ချပေး
လိုက်ပြီး Sehunကသတိပေးသည်။ Luhanခေါင်းငြိမ့်
လိုက်ကာ သေသေချာချာဝါးစားနေပါသော်လည်း အမြန်
အဆန်စားနေဆဲပင်ဖြစ်ပါသည်။

အစားအသောက်တွေက ခပ်နွေးနွေးအနေအထားမှာ
ရှိနေ၍ပင်တော်တော့သည်။

ငါးမိနစ်လောက်အကြာမှပင် Luhanက အကုန်လုံး
စားပြီးသွားပြီးနောက် မတ်တပ်ထရပ်လိုက်ပါသည်။
Sehunစားနေရင်းမှပင် ထိုသူ့မျက်နှာကိုမော့ကြည့်လိုက်သည့်နောက်

"ငါ့ကိုလိုက်ပို့လေ......."

"............အင်း"

အိမ်တံခါးကိုသော့ခတ်လိုက်ပြီးနောက် Luhanနှင့်အတူတူ Sehun အောက်ထပ်သို့လိုက်ဆင်းသည်။

"ပြီးမှ မနက်စာပြန်တက်စားလေနော်"

"အင်းပါ"

"မင်း ငါ့အဝတ်တွေယူယူမလျှော်နဲ့နော် ငါပျင်းနေလို့
မဟုတ်ဘူး လျှော်မအားသေးလို့"

Sehunက မထင်ရင်မထင်သလို Luhanအခန်းထဲက
လျှော်စရာအဝတ်တွေကိုယူယူလျှော်ပြီး မီးပူကလည်းတိုက်တတ်သေးသည်။ တိတိကျကျပြောရလျှင် Luhanအဝတ်လျှော်စက်နားမရောက်တာတောင် တလကျော်နေလေပြီ သို့သော်လည်း အပြင်သွားတိုင်း သူ့အဝတ် အစားတွေ ကျော့မော့မွှေးကြိုင်နေမြဲဖြစ်နေသည်။

သို့သော်လည်း အရှက်ရသည်က Oh Sehunဆိုသည့်
ကောင်လေးက အကျႋီတွေအပြင်အတွင်းခံတွေပါ
ယူယူလျှော်လွန်းသဖြင့် Luhanမှာ သေတ္တာထဲထည့်သိမ်းထားရသည့်အဖြစ်ပါလေ။

"စိတ်ချပါ ကိုယ်အတွင်းခံတွေယူမလျှော်တော့ဘူးလေ"

"ဟေ့ကောင် Oh Sehun"

ခြေစုံရပ်ပြီး Luhanက အော်သည်။ နီရဲနေသည့်မျက်နှာ
လေးကို Sehunက မြတ်နိုးစွာကြည့်ပြီး သဘောတကျ
ရယ်ပြီးနောက် Taxiငှားပေးဖို့ပြင်သည်။

လမ်းမကျယ်နားရောက်ခါနီးသည်အထိ လျှောက်လာကြခြင်းဖြစ်သဖြင့် အငှားကားက ငှားရလွယ်ပါသည်။

"ညနေကျရင် Jun Myeonအားမလားမသိဘူး
ငါသူ့ကိုညစာလိုက်ကျွေးချင်လို့"

"ကိုယ်ဖုန်းဆက်ပေးမယ်လေ"

"အင်း ငါနေမကောင်းတုန်းက သူအများကြီးကူညီထား
တာ "

"ဟမ် !! နေ့မအိပ်ညမအိပ်ပြုစုထားရတာက ကိုယ်လေ"

မတရားခံရပါလေသည်ဆိုသောမျက်နှာဖြင့် လေသံဖြင့်
Sehun ဆိုသည့်အခါ Luhanသည် မျက်လုံးများမှေးစင်းလို့ကြည့်လာသည်။ ထိုအခါမှပင် Sehunက ပြုံးရယ်ပြတော့သည်။ ငှားလိုက်သည့် Luhan ကားပေါ်မတက်
ခင်မှာပင်

"အချိန်နဲ့လိပ်စာကို ငါmessage လှမ်းပို့ပေးလိုက်မယ်
Jun Myeonကိုလှမ်းပြောပေး။ သူ့ဖုန်းနံပါတ်လဲပို့ပေး"

"အင်း ကိုယ်လိုက်ခဲ့လို့ရတယ်မလား"

"မရဘူး မင်းနေခဲ့"

Sehunက Luhan၏စကားကြောင့် ရယ်မောပြီးကျန်ခဲ့
သည်။ ကားမထွက်ခင်မှာ ကားမှန်တံခါးကိုတချက်ခေါက်လိုက်သည့်နောက် Luhanက မှန်ချပေးလာပါသည်။Luhanဘာတခွန်းမှမပြောရသေးခင်မှာပဲ Sehunက

"Fighting !"

".....................အင်း"

ပြုံးသယောင်ယောင်ဖြစ်သွားသည့် နှုတ်ခမ်းလေးသည်
Sehun ရင်ကိုတလှပ်လှပ်ခုန်သွားစေခဲ့သည်။

ထိုတနေ့လုံး လုပ်စရာအလုပ်မယ်မယ်ရရမရှိသော် လည်းLuhanအခန်းကိုသန့်ရှင်းရေးလုပ်ပေးလိုက် ၊ စာအုပ်တခိျို့ကောက်ဖတ်လိုက်ဖြင့် အချိန်တွေကကုန်ခဲ့ပါသည်။

Jun Myeonသည်လည်း ညနေအချိန်ရသည်ဟုဆို
လာသဖြင့် သူတို့ညနေတွေ့ကြဖို့က အဆင်ပြေသွားခဲ့
သည်။

Luhanချိန်းသည့်နေရာက တရုတ်စားသောက်ဆိုင်
ဖြစ်ပြီး Sehunရောက်သွားသည့်အချိန်ကြမှသီးသန့်ခန်း
တွေပါရှိသည်ဆိုတာကိုသိလိုက်ရသည်။ ဦးဆုံးရောက်နှင့်နေသူက Sehunဖြစ်သည့်အတွက် ကြိုတင်မှာယူထားသည့်အခန်းထဲမှာပင်ဝင်စောင့်နေလိုက်ပါသည်။

ချိန်းထားသည့်အချိန်ထက်အနည်းငယ်စောစွာရောက်
လာခဲ့သည့်သူ နှစ်ယောက်က Luhan နှင့် Yi Xing
တို့ဖြစ်ပြီး Yi Xingက Sehunကိုမြင်သည်နှင့် တပျော်
တပါးကြီးကိုပြေးဖက်လေတော့သည်။

"ဟာ……င့ါညီကြီးကွာ"

"ဘာဖြစ်တာလဲ အစ်ကိုရ"

"ဒီကိုကြီးကမင်းကိုလွမ်းလို့ လွမ်းလို့"

အမြဲပြုံးရွှင်တက်ကြွနေသည့် အစ်ကိုသည် ဒီညကျမှ
့ပိုလို့တက်ကြွနေခဲ့ဟန်ရှိသည်။ Sehunကို ဖက်ထားရာ
မှမခွာတော့ပဲရှိသည့် Yi Xingကို Luhanက ဂုတ်ကနေဆွဲခေါ်ပြီး ထိုင်ခုံမှာ အိနြေ္ဒရရ ငြိမ်ငြိမ်ကလေးထိုင်နေစေသည်။

"Sehun အစ်ကိုတစ်ဝမ်းကွဲလဲလာဦးမှာ ငြိမ်ငြိမ်ထိုင်
နေစမ်း ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့"

Sehun နှင့် တခုံကျော်မှာနေရာဝင်ယူလိုက်ပြီး
Yi Xingက စကားပြောမပြတ်ပဲရှိနေသည်။ နာမည်ကြီးလာသည်နှင့်အမျှ အချိန်မရှိတော့သည့် Yi Xing သည် Luhanတို့ Sehunတို့နှင့် တွေ့ရသည့်အချိန်များတွင်တော့ စကားတွေရေပက်မဝင်အောင်ပြောနေဆဲ ချိန်းလိုက်လျှင်မရောက်မဖြစ် ကြိုးစားပြီးရောက်အောင်လာမြဲဖြစ်သည်။

"အစ်ကိုအခုဘယ်ကပြန်လာတာလဲ "

"ပေကျင်းကကွ ခုက သီချင်းအသစ်တွေအတွက် ပြန်လာတာ မင့်ကိုကြီးကမအားဘူးလေကွာ နာမည်ကလဲ
ဇွတ်ကြီးနေတော့………"

"ဘာနေနေ FAပဲ"

"ဒီ…… မင်းပိတ်ထားစမ်း"

Luhan ပခုံးတွန့်ပြပြီး စားစရာများသာရွေးချယ်မှာယူနေ
လိုက်သည်။ Sehunဘက်သို့လှည့်ပြီး Jun Myeon
ဘာကြိုက်တတ်သလဲပင်မေးမြန်းလိုက်သေးသည်။

Yi Xingက သူ့စကားကိုအာရုံမရသည့်ကြားမှ သူ့အားမသိမသာကပ်ဖဲ့လိုက်သည့်Luhanကို ခုချိန်ထိမကျေ
မချမ်းဖြစ်နေရှာသည့်ပုံပါပင်။ မျက်စောင်းတဒိုင်းဒိုင်းဖြင့်ရှိနေသည်ကို Luhanက menuစာအုပ်အားကြည့်နေရင်းကနေ ပြုံးတုံ့တုံ့ဖြစ်နေရရှာသည်။ ထိုသို့သောနှစ်လိုဖွယ်ကောင်းခြင်းကို Sehunက ဘေးတိုက်အနေ အထား ဖြင့်ငေးမောကြည့်မိသည်။

ထိုအခိုက်မှာပင် သီးသန့်ခန်းတွင်းသို့ Jun Myeon
ဝင်လာခဲ့ပါသည်။

"အစ်ကို ဒီကိုလာ"

"Luhan ssi sorryပါ ကျွန်တော် နည်းနည်းနောက်ကျ
သွားတယ် Sehun sorryကွာ"

"ရပါတယ်ဗျာ ကိစ္စမရှိပါဘူး ကျွန်တော်တို့ကစောနေတာပါ"

Luhan ဝင်ရောက်ပြောသည်ကို Jun Myeonကခေါင်း
ငြိမ့်နားထောင်ပြီး Sehunဘေးနားကခုံမှာဝင်ထိုင်လိုက်
သည်။ Luhanက Jun Myeonဝင်ထိုင်ထိုင်ပြီးချင်းမှာပင်သူနေမကောင်းဖြစ်စဉ်ကကူညီပေးခဲ့သည်များကိုကျေးဇူးတင်လို့ ထမင်းတနပ်လောက်ကျွေးခြင်းဖြစ်ကြောင်းပြောပါသည်။ Jun Myeonသည်လည်းကျေးဇူးတင်ရတဲ့အထိမဟုတ်ပါကြောင်းပြန်လည်ပြောဆိုုပြီး Luhanနှင့်အတူလတ်တလောနာမည်ရလာသည့် ပန်းချီကားအကြောင်းပြောဖြစ်ကြသည်။ နှစ်ယောက်သားက တူတူညီညီစကားလက်ဆုံကျသွားသည့်အခါ Sehunမှာ ငြိမ်ကျသွားရရင်းရေသာတခွက်ပြီးတခွက်သောက်နေရပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ငြိမ်ကျသွားသည့်Yi Xing ဘက်ကို အကြည့်ရောက်မိသည့်အခါ Jun Myeonကိုသာမျက်တောင်မခတ်တမ်းကြည့်နေရှာသည့်အတွက် Sehunသောက်လက်စရေပင်သီးတော့မည့်သယောင်ဖြစ်သွားရသည်။

စကားကောင်းနေသည့်နှစ်ယောက်က Yi Xing၏မျော
နေပုံကိုသတိထားမိဟန်မတူ။ Sehunကတော့ Jun Myeonကိုတလှည့် Yi Xingကိုတလှည့်ကြည့်ပြီး တခုခုကိုနားလည်သဘောပေါက်လာသလိုပင်ရှိလာရသည်။

သူ့အစ်ကိုတစ်ဝမ်းကွဲက ကောင်မလေးတွေတင်မကပဲ
ကောင်လေးတွေကိုပါ မျောပါသွားအောင်လုပ်နေနိုင်
ကြောင်း Sehunသိရှိသွားသည်။ ဒါကလဲ စီနီယာ Zhang Yi Xingလိုလူမျိုးကိုမှ။

"ဒါနဲ့ သူကကျွန်တော့်သူငယ်ချင်း Zhang Yi Xingတဲ့
ဒီကောင့်စကားအရတော့ သူကနာမည်ကြီးဆိုပဲဗျာ"

"Luhanကတော့သူငယ်ချင်းကိုနောက်ပြီ Yi Xingက
နာမည်ကြီးပါတယ် ကျွန်တော်သူ့သီချင်းတွေနားထောင်
ဖူးတယ် ။ တွေ့ရတာဝမ်းသာပါတယ် Zhang Yi Xing
ကျွန်တော်ကKim Jun Myeonပါ"

"ဟုတ်…တွေ့ရတာအရမ်းဝမ်းသာပါတယ်…ရည်းစား
ရှိလားဟင်"

"ဟေ့ကောင်!!"

မထင်မှတ်ထားသည့် စကားကြောင့် Luhanက ထဟန့်
ပြီး Jun Myeonသည်ကား လန့်ဖြန့်ကာ အပြုံးတွေ
တောင်ပျောက်သွားရကာ ထိုင်ခုံနောက်ဘက်နှင့်ကျော
ကပ်သွားရသည်။ Sehunက ရေခွက်ကိုမော့သောက်ကာရေခွက်နှင့်နှုတ်ခမ်းကွယ်ပြီး အသံတိတ်ခိုးရယ်သည်။ ဒါကို Luhan သတိထားမိသွားသည့်နောက် မျက်စောင်းကဒိုင်းကနဲလွှင့်တက်လာသည်။

Yi Xingသည် ခပ်တည်တည်ပင် အပြုံးတို့ဖောဖောသီ
သီဖြင့် စားပွဲပေါ်လက်ထောက်လို့ ကိုယ်ကိုရှေ့တိုးလာ
လျက်

"မရှိဘူးမလား ဆေးကျောင်းသားဆိုတော့ အလုပ်များမှာပါ အလုပ်များလို့ရည်းစားမထားနိုင်ဘူးမလား ?"

"ဗျာ ? အာ…… ဟုတ် ရည်းစားတော့မရှိ"

"ကျွန်တော်လဲအတူတူပဲ အဆိုတော်ဆိုတော့ အလုပ်
များတယ် ရည်းစားမထားနိုင်ဘူး"

"ဟုတ်ကဲ့"

"အဲ့ဒါ ကျွန်တော် Jun့ကိုလိုက်မယ်နော်"

"ဟေ့ကောင် Zhang Yi Xing"

တဖက်က Jun Myeonက ထထွက်ပြေးချင်နေသည့်
ပုံစံဖြစ်နေပြီဖြစ်သည့်အတွက် Luhanမှာထအော်ရတော့
သည်။ အဟန့်ခံလိုက်ရသဖြင့် Yi Xingက ဂျိုကြည့်ကြည့်သည်။ သို့သော်လည်း တခဏချင်းပင် Luhanကို ပလစ်လိုက်ပြီး Jun Myeonဘက်ကိုမျက်နှာပြန်မူကာ

"မြင်မြင်ချင်းကြွေသွားတယ်ဆိုတာ တကယ်ရှိတာပဲဗျာ
Jun အပြုံးတွေက ကျွန်တော့်အတွက် healingပဲ
ကျွန်တော်နဲ့မကြာမကြာတွေ့ကြည့်ပါ Junလည်း
ကျွန်တော့်ကိုသေချာပေါက်သဘောကျလာမှာပါ"

Sehunမှာတော့ ရေတွေသောက်နေရလွန်း၍ ဗိုက်ပြည့်
နေပြီဖြစ်သည်။ Luhanက ထိန်းမနိုင်သိမ်းမရဖြစ်နေ
ရှာသည့် သူ့သူငယ်ချင်းကြောင့် Jun Myeonကို
အားနာနေရသည်။ Jun Myeonသည် စက္ကန့်အတော်ကြာကြောင်သွားပြီးကာမှ ပြုံးလာပြီး

"ဘာများလဲလို့ဗျာ Yi Xingသီချင်းစာသားတွေမလား"

Yi Xing မျက်နှာမည်းကနဲဖြစ်သွားသလို ထိုအခါကျမှ
Sehunနှင့်Luhanသည်လည်း ခွက်ထိုးခွက်လန်ကို
ရယ်ရပါတော့သည်။

သီချင်းကYi Xingကိုယ်တိုင်ရေးပြီးဆိုနေကျဖြစ်လို့
ပါးစပ်ထဲစွဲသွားရတာပါဟုပြောသည်။ ထိုအကြောင်းအရာ
ကြောင့်လဲ ထမင်းဝိုင်းက ပိုမိုစည်သွားခဲ့တာပဲဖြစ်သည်။

ဖီးလ်အပြည့်နှင့်စာသားတွေရွတ်ချသည့်Yi Xingကို
ပင်ကြံဖန်ကျေးဇူးတင်ရမလိုပါပင်။

စားရင်းသောက်ရင်းဖြင့် စကားပြောကြကာ အချိန်တွေ
သည်လည်းကုန်လာသည်။ တစ်ခုခက်တာကYi Xing
ဘယ်လိုအီအီ Jun Myeonက သီချင်းစာသားတွေချည်းရွတ်ပြနေသည်ဟု ထင်သွားတာပင်ဖြစ်သည်။

"ဗိုက်အရမ်းပြည့်သွားပြီလား"

"အင်း စကားပြောရင်းစားလိုက်တော့ နည်းနည်းများ
သွားတယ်"

"ဒါဆို ကိုယ်တို့လမ်းနည်းနည်းလျှောက်ပြန်ကြမယ်လေရာသီဥတုကသိပ်မအေးတော့အဆင်ပြေမှာပါ"

"မင်းသဘောလေ"

Sehun နှင့် Luhan အပြန်အလှန်စကားပြောနေကြ
သည်ကို Jun Myeonက ဘာရယ်မဟုတ်ပါပဲစိုက်
ကြည့်နေဖြစ်ခဲ့သည်။ ချောင်းတချက်ဟန့်လိုက်ပြီး
နောက် Jun Myeonသည် Sehunနှင့်Luhanကို
အသေအချာ ကြည့်လိုက်ပြီးနောက်

"Sehunနဲ့ အပေါ်ထပ် အောက်ထပ်နေနေတာဆိုတော့
တော်တော်တွေ့ဖြစ်ကြမှာပဲနော်"

"ဟုတ်ကဲ့ ကျွန်တော်တို့တော်တော်တွေ့ဖြစ်ပါတယ်"

"Sehunက မခင်ရင်သာနေမယ် ခင်သွားရင် အရမ်း
အလွန်အမင်းရင်းနှီးလွန်းတာ Luhanစိတ်အနှောင့်
အယှက်ဖြစ်မှာတောင် ကျွန်တော်စိုးရိမ်မိတယ်"

Jun Myeonအပြုံးမပျက်ပဲပြောခဲ့ပေမဲ့ ဘာကိုဆိုလိုရင်း
ရှိလဲဆိုတာ Sehunကသိသည်။ ShiYeonနှင့်ပြတ်သွား
သည့် ဆက်ဆံရေးကိုမသိသေးသည့် Jun Myeonက
Sehunအတွက်တွေးပေးပြီး Luhanနှင့်နီးနီးကပ်ကပ်ရှိ
မနေသင့်ဟုယူဆနေသည်။ ချစ်သူရှိနေသူတစ်ယောက်
အပေါ် စိတ်ရောက်နေခြင်းက သူ့ညီအတွက်မကောင်းသလို Luhanအတွက်လဲအဆင်မပြေနိုင်ဟု သူကခပ်ရှင်းရှင်းပင်တွေးထားသည်။

Sehun သိသွားသလိုပင် သဘောပေါက်သွားခဲ့ဟန်ရှိ
သည့် Luhanက Sehunကိုတချက်ငဲ့ကြည့်လာခဲ့ပေမဲ့
Sehunက Luhanကိုကြည့်မနေခဲ့ပါ။ ထို့ကြောင့်
သက်ပြင်းချလိုက်မိကာ Luhan တစ်ယောက် ပြုံးလာ
ပြီး Jun Myeonကိုပြောသည်။

"Jun Myeonက Sehunအတွက် အရေးပါတဲ့မိသားစု
ဝင်တစ်ယောက်လို့ ကျွန်တော်ထင်တယ်။ အခုဒီစကား
ကိုဒီနေရာမှာပြောလို့ မလေးမစားလုပ်တယ်လို့လဲ
မထင်စေချင်ပါဘူး…………………………

……ကျွန်တော်နဲ့ Sehun တွဲနေပြီ"

"ဗျာ……"

Sehunသည်လည်း Luhanကိုကြည့်လိုက်မိသလို
Jun Myeonသည်လည်း တအံ့တသြဖြင့် အာမေဋိတ်သံ
ပင်ထွက်လာခဲ့သည်။ Yi Xing တစ်ယောက်တည်းသာ
အေးအေးသက်သာရှိနေသည်ကို Sehunသိလိုက်ရပြီး
နောက် Luhanကိုပြန်ကြည့်ပြန်သည်။ မသိမသာကော့
ညွှတ်တက်နေသော နှုတ်ခမ်းပါးများသည် Sehun
အတွက်ရည်ရွယ်ပြီးပြုံးပြနေခြင်းဖြစ်သည်။

"Sehun မင်းတော့လေ"

အတန်ကြာငြိမ်သက်သွားခဲ့ပြီးမှ Jun Myeonက ရယ်
မောလာကာ Sehunပခုံးစွန်းကို ဖွဖွထိုးသည်။ ထို့နောက်Luhanကိုတဖန်ပြန်ကြည့်လိုက်ပြီး နှစ်နှစ် ခြိုက်ခြိုက်ကိုပြုံးရယ်ပြလာကာ ကျွန်တော့်ညီလေး ဆိုးသမျှ သည်းခံပြီးနေပေးပါဟု ပြောလေသည်။

ပတ်ဝန်းကျင်သည် ရယ်ရယ်မောမောပြန်ဖြစ်လာသည်။
Jun Myeonက အရင်ပြန်နှင့်မည်ဟုဆိုသည့်အခါ Yi
Xingကပါထရပ်လေသဖြင့် Luhanမှာ အလျှင်အမြန်ပြန်ဆွဲချရပါသေးသည်။ ထိုအဖြစ်ကို Jun Myeon မှာ ခေါင်းခါယမ်းကာရယ်မောသွားပါပြီး ပြန်သွားခဲ့သည်။

ကျန်ခဲ့သည့် Yi Xingမှာ မျက်ထောင့်နီဖြင့် Luhanကို
ကြည့်လို့

"ငါ Junနဲ့ အိမ်ထောင်မကျရင် မင်းနဲ့Sehunအိမ်မှာ
တသက်လုံးလိုက်နေပစ်မယ်"

"သေစမ်း……ဒီနေ့မှ တွေ့တာကို ဘယ်အိမ်ထောင်
ကျဖို့ထိ တွေးလိုက်တာလဲ"

"ငါ့ကိုရယ်ပြသွားတယ်ကွ"

သူတပြန်ကိုယ်တပြန် အနိုင်ယူအော်ဟစ်ကြပြီးနောက်
အချင်းချင်း စောင်ကြည့်ကာ Yi Xingမှာ မတ်တပ်ထရပ်သည်။ Sehunကိုပဲ ပြန်တော့မည်ဟု နှုတ်ဆက်သွားပြီးသူ့ကိုနှုတ်မဆက်ပဲထွက်သွားသောကြောင့် Luhanက
တစ်သျှူးစနှင့်ကောက်ပေါက်လေသည်။

"Sehun Sehun "

"ဗျာ……"

တစ်သျှူးစကို ရအောင်ရှောင်တိမ်းပြီး Yi Xingက Sehunနားကပ်လာသည်။ ထို့နောက် Luhanမကြားရ
လေအောင်လေသံတိုးတိုးဖြင့်

"ငါ့သူငယ်ချင်း မင်းကိုပေးလိုက်ရပြီဆိုတော့ မင်းအစ်ကို
ငါ့ကိုပေးကွာ နော်"

Sehunမှာ ရယ်မောလျက်သာ ခေါင်းငြိမ့်ပြလိုက်ရသည်။

Yi Xingက Luhanကိုလျှာထုတ်ပြောင်ပြပြီး အခန်းထဲမှပြေးထွက်သွားပါလေသည်။

စားသောက်ဆိုင်၏သီးသန့်ခန်းထဲမှာ စိတ်ကြိုက်အချိန်
ဖြုန်းခဲ့ကြပြီး Luhanနှင့် Sehunတို့ အပြင်ထွက်လာ
လိုက်သည့်အခါ အချိန်က ကိုးနာရီနီးပါးရှိခဲ့ပြီ။

Sehunအကြံပေးသည့်အတိုင်း သူတို့တွေ ဘတ်စ်ဂိတ်
ထိလမ်းလျှောက်ခဲ့ကြပါသည်။

"ဟိုကောင်က မင်းကို ဘာတွေပြောသွားတာလဲ "

"အစ်ကိုYi Xingလား ?"

"အင်း"

"မပြောပြပါဘူး…"

ငြင်းလိုက်သည့်နောက် Luhan မျက်မှောင်ကျုံ့ပြီး မပြောလဲနေပေါ့ဆိုသည့်မျက်နှာပေးဖြင့် တဖက်သို့လှည့်သွားခဲ့သည်။

Sehunမှာသာ တဖက်လှည့်သွားသည့် မျက်နှာလေးကိုငုံ့ငုံ့ကြည့်ရင်း ပြုံးပြုံးပြရသည်။

"ကဲ …… ဘာဖြစ်နေတာလဲ"

"အစ်ကိုYi Xingက ကျွန်တော်တို့တွဲနေတာကို မအံ့သြသလိုပဲနော်"

ပုံမှန်အတိုင်းသွားနေသည့် Luhanခြေလှမ်းများသည်
အရှိန်လျော့သွားခဲ့ပြီး Sehunဘက်သို့ မသိမသာ စောင်းငဲ့ကြည့်သည်။ ထို့နောက် လေသံတိုးတိုးဖြင့်

"ငါပြောပြလိုက်တာ……"

"အော်………အစ်ကိုJun Myeonကိုလဲပြောလိုက်တယ်
နော်"

"ဘာလို့လဲ ?? မင်းမကြိုက်လို့လား"

ရှေ့သွားနေရာမှာ ရပ်လိုက်ပြီး Sehunဘက်သို့ မျက်နှာ
ချင်းဆိုင်လှည့်ကာ Luhanကမေးသည်။ မချွတ်တမ်းတပ်ထားသေးသည့် မျက်မှန်ပါးအောက်က မျက်ဝန်းတွေထဲထတိုင်အောင် Sehunသည် နင့်နင့်နဲနဲစိုက်ကြည့်သည်။ နှုတ်ခမ်းပါးတို့ပြုံးလာခဲ့ပြီး ခေါင်းခါယမ်းလိုက်ကာ

"ကိုယ်က……ခင်ဗျား……သဘောမကျဘူးထင်နေတာ"

"မဟုတ်တာတွေတွေးနေပြန်ပြီ။ နေရာတကာ လျှောက်ပြောနေတာမျိုးမဟုတ်ပေမဲ့ တယောက်ယောက်က မင်းကို ငါတို့တွဲနေတာလားလို့မေးလာရင် မင်း ဟုတ်တယ် လို့ပြောလို့ရပါတယ် မှန်နေတာပဲဟာ ငါကဘာမကြိုက်စရာရှိမှာလဲ …   ဟက် မင်းကိုခိုးကြောင်ခိုးဝှက်တွဲနေစရာမှမလိုတာ"

Luhanက ပြောပြီးနောက် ရှေ့ကနေထွက်သွားသည်။
Sehunမှာသာ နောက်မှာ မတ်မတ်ရပ်လို့ကျန်ခဲ့ရပြီး
အခြေမခိုင်သေးသည့် ခြေထောက်များကို မယိုင်စေရန်
ကြိုးစားနေခဲ့ရသည်။

"Sehun ? ဘာလုပ်နေတာလဲ "

စိတ်မရှည်သည့်ပုံစံဖြင့် ပြန်လှည့်လာပြီး လေသံမြင့်ဖြင့်
အော်လာသော်လည်း Sehunမှာစိတ်မဆိုးရက်နိုင်ပါ။

အသံထွက်အောင်ပင်ရယ်မောမိပြီး သူ့ကိုစိတ်မရှည်စွာ
ရပ်စောင့်နေရသည့် Luhanဆီကိုအပြေးသွားခဲ့မိသည်။

တကယ်ပါ………ဒီလူူ့ကို ချစ်မိတဲ့ စက္ကန့်တိုင်းက
လှပလွန်းလိုက်တာ…။

To Be ConTinued……

Продовжити читання

Вам також сподобається

264K 23.2K 31
မာနတရားႏွင္​့ စတင္​ကာ ႄကမ္​းတမ္​းခက္​ထန္​မႈအတိနွင့္​ၿပီး​ေသာ ဗီလိန္​တစ္​​ေယာက္​ရဲ႕ အခ်စ္​....
236K 42.7K 54
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
LATTE Від KAORI

Романтика

44.4K 5.8K 59
မျောလွင့်နေတဲ့ ဝိညာဥ်တစ်ခုရှိတယ် သူ့နာမည်က Latte တဲ့ ေမ်ာလြင့္ေနတဲ့ ဝိညာဥ္တစ္ခုရွိတယ္ သူ႔နာမည္က Latte တဲ့...
386K 28.2K 27
​ထြက္​သြားဆိုတဲ့စကားကိုငါအခါခါ​ေျပာခဲ့တာပဲ မင္​းအျမဲအနားမွာပဲတြယ္​ကပ္​​ေနခဲ့တာပဲ​ေလ ဒီတစ္​ခါက်ဘာလို႔ထြက္​သြားတာလည္​း ျပန္​လာ ခုျပန္​လာငါ့နားကို အရင္​...