အတန္းခ်ိန္ျပည့္တက္ကာ တကၠသိုလ္ဝင္းထဲအျမဲရွိေန
တတ္သည့္ Sehunႏွင့္ Luhan သည္ အခ်ိန္တိုင္းေတြ႔
မေနသည့္တိုင္ ေန႔လည္ထမင္းစားခ်ိန္မ်ိဳး ႏွင့္ အားလပ္
ခ်ိန္ၾကိဳၾကားေလးမ်ားတြင္ ကန္တင္း၌ျဖစ္ေစ၊ ေကာ္ရစ္
ဒါ၌ျဖစ္ေစ မ်က္ႏွာခ်င္းဆိုင္ေတြ႔ေလ့ရွိသည္။
Luhanက ေန႔လည္ပိုင္းတခ်ိန္သင္ျပီးသည္ႏွင့္ ေက်ာင္း၌
ေနစရာမလိုေတာ့ပါေသာ္လည္း ထိုပန္းခ်ီခန္းထဲတြင္
ညေနေစာင္းသည္ႏွင့္ေနေလ့ရွိသည္ကို သူ၏ေျပာစကား
မ်ားအရ Sehunသိရသည္။
"ပါေမာကၡက အတန္းခိ်န္ျပီးတာနဲ႕ အ့ဲအခန္းသုံးခြင့္ေပး
ထားတယ္ေလ အ့ဲဒါနဲ႕ ငါလဲေအးေအးေဆးေဆးညေနမွ
ျပန္ျဖစ္တယ္"
Sehun ျမင္ရသေလာက္ Luhanသည္ ပန္းခ်ီဝါသနာ
ပါသည့္ဂ်ဳနီယာမ်ားကို သင္ေပးေနသည့္အခ်ိန္ပိုင္းအလုပ္
တစ္ခုသာလုပ္ျပီး က်န္သည့္အခ်ိန္မ်ားဆို ပန္းခ်ီဆြဲေန
ရင္းအခ်ိန္ကုန္ေနပုံရသည္။ Luhanကိုေတြ႔လိုက္တိုင္း
ပါးတဖက္မဟုတ္ တဖက္မွာ ေဆးစက္ေတြနဲ႕ျဖစ္လို႔
Sehunၾကည့္ရင္း ဒီလူဟာ ခ်စ္ဖု႔ိေကာင္းေၾကာင္းလည္းခဏခဏေတြးျဖစ္ျပန္သည္။
ဒီေန႔ Sehun အတန္းေစာေစာဆင္းသည္ႏွင့္ စာၾကည့္
တိုက္ဖက္သို႔သြားျဖစ္သည္။ စာၾကည့္တိုက္တြင္ေတာ့
Luhanအခ်ိန္ပိုင္းလုပ္ေတာ့ဟန္မတူ။ သို႔ေသာ္လည္း
စာၾကည့္တိုက္ရွိသည့္အေဆာက္အဦ၏ ပထမထပ္
ေလွကား၌ စကၠဴဘူးႏွစ္ဘူးဆင့္ထပ္ကိုင္ကာ ဆင္းလာ
သည့္ Luhanကို Sehunေတြ႔လိုက္ရေလသည္။
ေအာက္ေလွကားထစ္မ်ားကိုသာလုံးဝဥသုံငုံ႔ၾကည့္လ်က္
တထစ္ခ်င္းဆင္းလာသည့္ Luhanသည္ Sehunကိုျမင္
ဟန္မတူခ့ဲပါ။ Sehun ခပ္သြက္သြက္ပင္ Luhanရွိေနရာ
သို႕သြားလိုက္ျပီး အေပၚဘက္ရွိစကၠဴဘူးကိုမယူလိုက္
သည့္ေနာက္မွာ အ့ံၾသသြားသည့္ဟန္ျဖင့္ Luhanက ျပန္
ၾကည့္လာခ့ဲသည္။ ထို႔ေနာက္စကၠန္႔ပိုင္းအတြင္း Luhan
သည္ Sehunကိုၾကည့္လ်က္ျပံဳးျပလာခ့ဲပါသည္။
"ဘာေတြလဲ "
"႒ာနကသြားထုတ္လာတာ ေဆးဘူးေတြပါ"
ေဘးခ်င္းယွဥ္ေလွ်ာက္လိုက္ကာ Sehun က စူးစူး
စမ္းစမ္းေမးမိသည္။ စကၠဴဘူးအဖုံးကုိလွန္ၾကည့္လိုက္
ေသးသည့္ Sehunကို Luhanက ခ်က္ခ်င္းအေျဖျပန္
ေပးလာျပီးေနာက္
"မင္းအတန္းမရွိဘူးလား"
"ပါေမာကၡအေစာၾကီးလႊတ္လိုက္လို႔"
"ေၾသာ္ မင္းသြားစရာရွိတာသြားေလ ငါတစ္ေယာက္
တည္းႏိုင္ပါတယ္"
"ကုိုယ္ လိုက္ပို႔ေပးပါ့မယ္"
Luhan မျငင္းဆန္ေတာ့ပဲ ေခါင္းညိမ့္ျပျပီးေနာက္မွာ
သူတို႔ႏွစ္ေယာက္ ပန္းခ်ီခန္းသို႔ေလွ်ာက္လာခ့ဲၾကသည္။
အပိုစကားမဆိုမိၾကပါပဲ အခန္းသို႔ေလွ်ာက္လာခ့ဲၾကျပီး
အခန္းထဲသို႔ေရာက္သည့္အခါ Sehunက Luhanျပသည့္
ေနရာတြင္ ဘူးကိုခ်လိုက္ကာ Luhanဘက္သို႔လွည့္
ၾကည့္လိုက္သည္။
"မင္း ေန႔လည္စာစားျပီးသြားျပီလား ?"
"ဟင့္အင္း"
လက္မွနာရီကိုတခ်က္ပင့္ၾကည့္လိုက္ျပီးေနာက္ Luhan
က Sehunကိုျပန္ၾကည့္လာသည္။
"ငါတို႔ေနလည္စာသြားစားၾကမလား ?"
Sehunမျငင္းျဖစ္ခ့ဲပါ။
ေန႔လည္စာစားခ်ိန္ျဖစ္ေသာ္လည္း အတန္းမ်ားျပန္စဖို႔
အခိ်န္သည္လည္းနီးေနျပီျဖစ္သည့္အတြက္ ကန္တင္း၌
လူရွင္းစျပဳေနခ့ဲျပီျဖစ္သည္။ Luhanက Sehunကိုဝယ္
ေကြ်းပါ့မည္ဆိုကာ ၾကိဳက္သည့္ဆိုင္ေရြးခိုင္းလိုက္ျပီး
ကိုယ္၌က အေအးသြားဝယ္ေလသည္။
လူသိပ္မရႈပ္သည့္ ေထာင့္တေနရာရွိခုံမွာ Sehunေရြးခ်ယ္
ထိုင္ျပီးသည့္ေနာက္ Luhanက အေအးဘူးမ်ားႏွင့္ျပန္
ေရာက္လာသည္။
"ဘာမွာထားတာလဲ "
"Set Aပဲ ခင္ဗ်ားေရာ"
"အတူတူပဲ ငါကေကာင္တာမွာ မွာခ့ဲလိုက္ျပီ ေရာ့
မင္းဖို႔"
လက္ထဲက ေခ်ာကလက္ႏို႔ဘူးကို စားပြဲေပၚခ်လိုက္ျပီး
Sehunဘက္သို႔တြန္းေပးလာသည္။ ေရခဲမႈန္ေလးမ်ား
ပင္ ဘူးပတ္လည္မွာကပ္ေနေသးသည့္ ေခ်ာကလက္
ႏို႔ဘူးကို Sehunလွမ္းယူလိုက္ျပီး
"ခင္ဗ်ား ကိုယ့္ကိုကေလးမ်ားမွတ္ေနလား ?"
"ေဟ ဘာလို႔တုန္း"
"အားေန ေခ်ာကလက္ႏို႔ပဲတိုက္ေနတယ္ ခင္ဗ်ားက်
ဆိုဒါ ဝယ္ေသာက္ျပီး"
"ဟမ္ မင္းေခ်ာကလက္ႏို႕ၾကိဳက္တယ္ မဟုတ္ဘူးလား"
အ့ံၾသသြားရသည့္ဟန္ျဖင့္ Luhanသည္ မ်က္လုံးျပဴးသြား
ျပီး Sehunမ်က္ႏွာကိုတလွည့္ လက္ထဲမွာကိုင္ထားသည့္
ေခ်ာကလက္ဘူးကိုတလွည့္ၾကည့္သည္။ ခပ္တည္တည္
ျဖစ္ေနသည့္ Sehunမ်က္ႏွာကိုျမင္သည့္ေနာက္ မ်က္
ေတာင္ေလးေတြတျဖတ္ျဖတ္ခတ္သြားျပီး စိတ္လႈပ္ရွား
သြားရသည့္ဟန္ျဖင့္ အေပၚႏႈတ္ခမ္းႏွင့္ေအာက္ႏႈတ္ခမ္း
ကိုဖိကပ္လိုက္သည္။ ထို႔ေနာက္ Sehun ျပံဳးလိုက္ေလမွ
ပင္ မ်က္ေမွာင္က်ဳံ႕ကာ Sehunလက္ထဲက ေခ်ာကလက္
ဘူးကိုျပန္လုယူမည္ျပင္သည္။
"ေဟ့ေဟ့ …… ေပးျပီးသားပစၥည္းျပန္မယူရဘူးေလ"
"မင္း အၾကီးကိုေတာ္ေတာ္စလို႔ေကာင္းေနတယ္ ဟုတ္
လား"
Sehunရယ္ေမာလိုက္ကာ ေခ်ာကလက္ႏို႔ဘူး၏ပလတ္စတစ္အဖုံးကို သြားနဲ႕ကိုက္ျဖဲလို႔ဖြင့္လိုက္ျပီး တငုံေမာ့
ေသာက္လိုက္သည္။ Luhanက မ်က္ေမွာင္က်ဳံ႕ျပီး
ၾကည့္ေနဆဲျဖစ္သည့္အတြက္ Sehun ပိုလို႔ရယ္ေမာ
ရပါေသးသည္။
ဘာရယ္မဟုတ္ပဲ ေပါ့ပါးေနမည့္စကားဝိုင္းတစ္ခုကို
ဖန္တီးခ်င္၍ Sehunက တင္းက်ပ္ေနသေယာင္ထင္ရ
သည့္ Luhan၏စိတ္ေတြကုိေလွ်ာ့ခ်ေပးမိျခင္းျဖစ္သည္။
Luhan မ်က္ႏွာ အနည္းငယ္ျပံဳးေယာင္သမ္းသြားသည္
ကို Sehunကျပံဳးုျပီးၾကည့္သည္။
"ဒါနဲ႕ ကလပ္ေရာ အဆင္ေျပရဲ႕လား ?"
"အင္း ေျပပါတယ္"
လုပ္ေနသည့္activityေတြအေၾကာင္းေျပာေနၾကရင္း
မွ မွာထားသည့္စားစရာမ်ားေရာက္လာ၍ စကားစကျပတ္
သြားျပန္သည္။ Sehunက ဘူးထဲမွ တူႏွင့္ဇြန္းကို ထုတ္
ကာသုတ္ေပးျပီး Luhanဆီကမ္းေပးသည့္အခါ ေက်းဇူးဟုဆိုလာသည္။ အစားလဲစားေနရင္းနဲ႕မွ ျပတ္သြားသည့္
စကားစကိုျပန္စျဖစ္ၾကသည္။
ပထမႏွစ္တည္းက Yi Xingႏွင့္အတူတူတြဲလုပ္လာ
သည့္အတြက္ ထင္ထားသည့္အတိုင္းပင္ Sehunက
ေကာင္းေကာင္းလုပ္ႏိုင္သည့္အေၾကာင္း ေျပာျပ
ျဖစ္သည္။
Luhanကလည္းထမင္းကိုျဖည္းျဖည္းစားေနရင္း Sehun
ေျပာသမွ်ကို ေခါင္းတျငိမ့္ျငိမ့္ႏွင့္နားေထာင္ေနခ့ဲသည္။
Sehunသည္လည္း စကားေျပာေနရင္းမွ Luhan၏
ပန္းကန္သို႔ၾကည့္လိုက္ကာ
"ခင္ဗ်ား မုန္ညွင္းမစားဘူးမလား ?"
"အာ.……ဟုတ္တယ္ေလ မၾကိဳက္ဘူး"
ႏွာေခါင္းရႈံ႕ကာေခါင္းခါလို႔Luhanေျပာသည့္ေနာက္
Sehunသည္ Luhan၏အမဲသားႏွင့္မုန္ညွင္း
ေရာေၾကာ္ထားသည့္ဟင္းပန္းကန္ထဲမွေန မုန္ညွင္း
ဖတ္မ်ားကိုအကုန္ယူလိုက္ျပီး သူ႔ပန္းကန္ထဲမွ အမဲသား
မ်ားကိုခပ္ထည့္ေပးျဖစ္သည္။
"အယ္ ဘာလို႔ယူတာတုန္း"
"အရင္တုန္းကလဲ ကိုယ့္ကို ခင္ဗ်ား မုန္ညွင္းေတြ
ထည့္ေကြ်းေနတာပဲဟာ ေနာက္ျပီး အခုမ်ားမ်ားစား
ခင္ဗ်ားကပိန္ေနတာပဲ"
"မင္းကေတာ့ေလ တကယ္ပဲ"
မ်က္စိေဒါက္ေထာက္ၾကည့္ေနက်င့္ရွိသည့္ Sehunက
Luhan မ်က္ႏွာေပၚမွာ အားတုံ႕အားနာအရိပ္အေယာင္
မ်ားျဖတ္ေျပးသြားသည္ကို အတိအက်သိရွိေနသည့္
အတြက္ Luhan၏ပန္းကန္ထဲတြင္ က်န္ေနေသးသည့္
မုန္ညွင္းတဖတ္ကိုပါ တူနဲ႕ေကာက္ယူလိုက္ျပီး
"ကိုယ့္ကိုဘာေတြအားနာေနတာလဲ ? ေျပာျပီးသား
မလား ကိုယ္တို႔အရင္လိုျပန္ေနမယ္လို႔"
Luhanက ခပ္ၾကာၾကာျငိမ္သက္က်သြားျပီး Sehun
ကိုစိုက္ၾကည့္သည္။ ထု႔ိေနာက္တြင္မွ တခ်က္ျပံဳးကာ
ေခါင္းျငိမ့္ျပျပီး ထမင္းဆက္စားေလသည္။
ညေနပိုင္းအတန္းေတြကို Sehun တက္မည္ျဖစ္ေသာ္
လည္း ကန္တင္းကထြက္လာျပီးေနာက္ပိုင္းတြင္ Luhan
ကို အခန္းသို႔ျပန္ပို႔ေပးမည္ျပင္သည္။
"တရုတ္ႏွစ္သစ္ကူးက် ေက်ာင္းမွာ ပြဲရွိဦးမယ္မလား ?
ကလပ္က boothယူျပီးျပီလား"
"ကို္ယ္ သမဂၢကိုေျပာျပီးျပီ okပါတယ္ ကိုယ္တို႔ကလပ္က
အျမဲresultေကာင္းတယ္ေလ"
Luhan က ေတြးဆဆျဖင့္ေခါင္းညိမ့္ကာ Sehunကို
ေသေသခ်ာခ်ာဂရုတစိုက္လုပ္ေပးဖို႔ ေျပာသည္။ စကား
စျမည္တခ်ိဳ႕ေျပာကာ ေလွ်ာက္လာၾကရင္းနဲ႕မွ Luhan
ပန္းခ်ီသင္ေပးသည့္အခန္းရွိရာအေဆာက္အဦသို႔ေရာက္
ကာနီးတြင္
"Luhan !!"
ေခၚသံႏွင့္အတူ အနားသို႔ အေျပးေရာက္လာသည့္ ShiYeonေၾကာင့္ အတူယွဥ္ေလွ်ာက္လာသည့္ Sehun
ေျခလွမ္းတို႔ရပ္တန္႔သြားရသည္။ တဖက္သု႔ိၾကည့္လိုက္
သည့္အခါ Luhanသည္ ShiYeonကို ျပံဳးလ်က္ၾကည့္
ေနခ့ဲျပီး လက္ျပေနေလသည္။ ShiYeonတစ္ေယာက္
အနားသို႔ လုံးလုံးလ်ားလ်ားေရာက္လာခ်ိန္မွာေတာ့
Sehun ေနာက္သို႔ေျခတလွမ္းဆုတ္လိုက္ျပီး ShiYeon
ကိုေနရာေပးလိုက္ပါသည္။
"နင္ ေဆးရုံမွာရွိေနရမွာမဟုတ္ဘူးလား?"
"အင္းေလ ဒါမ့ဲ ခုပါေမာကၡဆီမွာ စာအုပ္နည္းနည္းငွား
ခ်င္လို႔ ေက်ာင္းဘက္ခဏထြက္လာတာ နင္ေရာ
အတန္းျပီးျပီလား ?"
"အင္း ေနာက္နာရီဝက္ေလာက္ဆို စေတာ့မွာ"
"အာ …… ဒါဆို ငါ့ကိုေန႔လည္စာလိုက္ေကြ်း"
Luhan၏လက္ေမာင္းကိုခ်ိတ္တြယ္လိုက္ေလျပီး ShiYeonက ရယ္ေမာလ်က္ဆိုသည္။ Luhanကေန
မလြယ္ပါဘူးဆိုသည့္မ်က္ႏွာအမူအရာျပျပီး ျပံဳးေနေလ
သည္ကို Sehunက ၾကည့္ျဖစ္ေနခ့ဲသည္။ ထိုအခိုက္
မွာပင္ Luhanက Sehunဘက္သို႔လွည့္လာျပီး
"မင္း အတန္းတက္စရာရွိေသးတယ္မလား ေနာက္က်
ေတာ့မယ္ သြားေတာ့ေလ"
"အင္း ကိုယ္သြားပါ့မယ္ အစ္မ ကြ်န္ေတာ္သြားလိုက္ပါဦး
မယ္"
"အင္းအင္း ေနာက္မွေအးေဆးေတြ႔ၾကတာေပါ့ Sehun ssi"
"……လာခ့ဲ နင္ဒီအခ်ိန္ထိ ေန႔လည္စာမစားရေသးပဲ
ဘာလုပ္ေနတာလဲ"
"အလုပ္မ်ားေနတာကို Luhanကလဲ "
အလ်င္ႏႈတ္ဆက္ခ့ဲသည့္သူက Sehun ျဖစ္ေပမ့ဲ
ဦးေအာင္ထြက္သြားခ့ဲသည့္သူက Luhanတို႔ျဖစ္ခ့ဲသည္။
သိရွိျပီးသားျဖစ္ေပမ့ဲလဲ မ်က္ျမင္ေတြ႔ရသည့္အခါ Sehun
ျပံဳးႏိုင္စြမ္းပင္မရွိခ့ဲ။
တဖက္သူမွ မျဖဳတ္ေတာ့ေသာ လက္တစ္စုံတြင္ Luhan၏ လက္ေမာင္းတဖက္ရွိေနခ့ဲသည္။ ထိုျမင္ကြင္း
ေပ်ာက္သြားသည္အထိ Sehun ေငးၾကည့္မိေနခ့ဲျပီးမွ
သက္ျပင္းတခ်ိဳ႕ဖြဖြရႈိက္သည္။
ထို႔ေနာက္ သူ ေက်ာခိုင္းလွည့္ထြက္ခ့ဲသည္။
………………………………
ခင္ဗ်ားမို႔လို႔…ခင္ဗ်ားျဖစ္ေနလို႔ ကိုယ္က
ဒီငရဲမွာနစ္ေနခ့ဲတာပါ
° The years I have loved him °
………………………………
အလုပ္တစ္ခုထဲစိတ္နစ္ကာ အလုပ္ေတြမ်ားပစ္လိုက္ဖို႔ Sehunအတြက္ မခက္ခဲပါ။ ေက်ာင္း၌မၾကာခင္လုပ္
မည့္ပြဲအတြက္ သမဂၢႏွင့္ခ်ိတ္ဆက္ျပီးေနရာထိုင္ခင္း
အပါအဝင္အျပင္အဆင္ပိုင္းႏွင့္ပတ္သက္ျပီး Sehunႏွင့္
ေနာက္ထပ္ ပထမႏွစ္ႏွစ္ေယာက္ေလာက္ လုံးပမ္းေန
လိုက္သည္။ Fan Artဆြဲသည့္ကလပ္အဖြဲ႕ဝင္မ်ားကလဲ အားခ်ိန္တိုင္းကလပ္မွာရွိေနတတ္ၾကျပန္သျဖင့္ ဒီရက္ပိုင္းအတြင္းကလပ္အခန္းထဲလူစုံလင္ေနခ့ဲျပန္ေသးသည္။
"ကဲ ကြ်န္ေတာ္တို႔ဒီေန႔ ေန႔လည္စာအတူစားၾကမလား
ကြ်န္ေတာ္ဒကာခံမယ္"
"ေန႔လည္စာအခ်ိန္မေရာက္ေသးဘူးေလ အုပ္ၾကီးရယ္
ၾကက္ေၾကာ္ဝယ္ေကြ်း ၾကက္ေၾကာ္"
ပထမႏွစ္ေတြက စီကနဲေနေအာင္ေအာ္ကာေထာက္ခံ
ၾကသည့္ေနာက္ စီနီယာေတြကလဲ လက္မေထာင္ကာ
အားေပးသည္။ Sehun ျပံဳးရယ္လိုက္ကာ ေခါင္းျငိမ့္ျပီး
ၾကက္ေၾကာ္မွာဖို႕ရာဖုန္းဆက္ဖို႔ျပင္ေနစဥ္မွာပင္ တစုံ
တေယာက္က Sehunပခုံးကို တို႔ထိလာခ့ဲပါသည္။
Sehunခ်က္ခ်င္းဆိုသလိုလွည့္ၾကည့္လိုက္သည့္အခါ
အထုတ္တခ်ိဳ႕ကိုေျမွာက္ျပလ်က္ ျပံဳးရယ္ေနသည့္Luhan
ကိုေတြ႔သည္။
Sehun တခဏမွ် ေၾကာင္ေငးသြားမိစဥ္မွာပင္ Luhanကို
သိေနသည့္စီနီယာေက်ာင္းသားမ်ားက Luhanဆီေျပး
လာၾကျပီး ဝိုင္းႏႈတ္ဆက္ၾကေလသည့္အတြက္ Sehun
ပင္ အေနာက္သို႕ေရာက္သြားခ့ဲရသည္။
"စီနီယာ မေတြ႔ရတာေတာင္ၾကာျပီေရာ"
"ငါ အျမဲတမ္းေက်ာင္းမွာရွိပါတယ္"
"ကလပ္ဘက္မွလွည့္မလာတာပဲ"
"ကဲပါကြာ စကားမမ်ားၾကနဲ႕ ငါ မုန္႔ေတြဝယ္လာတာ
စားၾက"
"အေဟးးး………အုပ္ၾကီးက…ေနာက္ေန႔က်မွပဲဝယ္ေကြ်း
ေတာ့ဗ်ာ"
ဝယ္လာသည့္အထုတ္ေတြကိုဆြဲကာထြက္သြားၾကမွပင္
Luhanအနားမွာ Sehunတစ္ေယာက္တည္္းသာက်န္ခ့ဲ
ရသည္။ ဖုန္းကိုေဘာင္းဘီအိတ္ကပ္ထဲျပန္ထည့္လိုက္ျပီး
Sehunက Luhanကို ျပံဳးျပလိုက္သည္။
"ဘယ္လိုေရာက္လာတာလဲ ?"
"မင္း ေကာင္းေကာင္းလုပ္ေနလား မလုပ္ေနဘူးလား
လာစစ္ေဆးတာေလ ဘာျဖစ္လဲ"
"ျဖစ္ရမယ္ဗ်ာ"
Luhanက ပခုံးတြန္႔ျပျပီးေနာက္ Sehunကိုေက်ာ္တက္
ကာ စားပြဲမွာသြားထိုင္သည္။ ခင္မင္ျပီးသားသူ
မ်ားႏွင့္ စကားအျပန္အလွန္ေျပာဆိုရင္း ျပံဳးေနသည့္
Luhanအား Sehunက ၾကည့္ေနမိရင္းမွပင္ အနားသို႔
ေရာက္လာသည့္ ဂ်ဴနီယာမိန္းကေလးေၾကာင့္ သူ႔ဆီ
အာရုံလႊဲလိုက္ရေလသည္။
"စီနီယာ ညီမတို႕ boothကိုအလွဆင္ဖို႔ကေလ မႏွစ္က
သုံးထားတ့ဲဟာေတြကိုျပန္သုံးရမွာလား ?"
"အ့ဲဒါ အစ္ကိုဒီဇိုင္းျပန္ဆြဲေပးမယ္ေလ SoRa"
"ညီမစမ္းၾကည့္ထားတာေတာ့ရွိတယ္"
"အစ္ကို႔ကိုတခ်က္ျပၾကည့္"
ဂ်ဴနီယာမိန္းကေလးလက္ထဲမွစာရြက္ကို ခဏလက္လႊဲ
ယူလိုက္ျပီးေနာက္ အျပင္အဆင္ကိစၥကိုစကားေျပာမိၾက
သည္။ ဆယ္မိနစ္ေလာက္ၾကာသည္ထိ ေျပာျဖစ္ၾကရင္း
မွ ထိုေကာင္မေလးထြက္သြားသည့္အခ်ိန္တြင္ Luhan
ဆီကိုျပန္ၾကည့္ခိုက္ သူ႔ကိုုလည္းၾကည့္ေနခ့ဲသည့္ Luhan
ႏွင့္ အၾကည့္ခ်င္းဆုံပါေလသည္။ Sehunျပံဳးျပလိုက္သည့္
ေနာက္ အၾကည့္လႊဲသြားပါသည္။ အဖြဲ႕သားမ်ားသည္ အသီးသီးထြက္သြားၾကျပီျဖစ္သည့္အတြက္ Luhan
အနားမွာမရွိၾကေတာ့ေခ်။ မ်က္ႏွာခ်င္းဆိုင္ခုံမွာ Sehun
ဝင္ထိုင္လိုက္သည့္အခါ Luhanသည္ကိုလာေသာက္ေနရင္းမွ Sehunကိုေမာ့ၾကည့္လာသည္။
"ငါ ေခ်ာကလက္ႏိုု႔ေတာ့ပါမလာဘူး"
"ေတာ္ပါျပီဗ်ာ ခင္ဗ်ားကကိုယ့္ေတြ႔တိုင္း အ့ဲဒါပဲတိုက္ေန
ေတာ့တာပဲ"
Luhanက ရယ္ေမာျပီး Sehunကို အိတ္ထဲကကိုလာဘူး
တစ္ဘူးပစ္ေပးလာသည္။ Sehunက ကိုလာဘူးကိုဖမ္းယူ
လို႕ေဖာက္ရင္းနဲ႕မွ အာလူးေၾကာ္ထုတ္ကိုဆြဲႏႈိက္သည္။
ကိုယ္စီအလုပ္မ်ားေနၾကသည့္သူမ်ားကိုေဝ႕ဝဲၾကည့္စဥ္
မွာပင္ ကလပ္ထဲသို႔ဝင္လာသည့္ လူတစ္ေယာက္ေၾကာင့္
Sehunလန္႕သြားရပါသည္။
အႏွီလူက ပုံမွန္အျပင္အဆင္ႏွင့္မဟုတ္ပါပဲ ဦးထုပ္ကို
ခပ္ငိုက္ငိုက္ေဆာင္းထားျပီး maskလဲတပ္ထားေသးပါ
သျဖင့္ Sehunက လန္႕သြားရတာျဖစ္သည္။ Sehunအမူ
အရာေၾကာင့္ Luhanသည္လည္း ေနာက္လွည့္ၾကည့္
လိုက္ေပမ့ဲ ဘာမွမထူးဆန္းသလိုျဖင့္ ျပန္လွည့္လာသည္။
ထိုသူက Sehunတို႔ထိုင္ေနသည့္နားကိုတည့္တည့္မတ္
မတ္ေလွ်ာက္လာျပီး Luhan၏ေဘးမွာထိုင္ခ်ကာLuhan
ပခုံးကိုပိတ္ရိုက္သည့္ေနာက္
"ေဟ့ေကာင္ Zhang Yi Xing!"
Yi Xing က maskကိုခြ်တ္လိုက္ျပီး Luhanကို လွ်ာ
ထုတ္ေျပာင္ျပလာပါသည္။ တဆက္တည္းမွာ Sehun
ဘက္ကိုလွည့္ကာရယ္ျပလာသည့္ေနာက္ပိုင္း Luhan၏
လက္ဖဝါးခ်က္သည္ Yi Xingေက်ာေပၚတင္က်သြား
ေလသည္။
"ေဟ့ေကာင္"
"လာရင္လဲ လူလိုသူလိုလာပါလား ဓားျပလိုလို သူပုန္
လိုလိုနဲ႕ အကုန္ဖုံးဖိျပီး"
"ဟာ ငါသာဖုံးဖိမလာရင္ ဒီအခန္းထဲေတာင္ဝင္လာႏိုင္
မွာမဟုတ္ဘူး ငါကစတားေနာ္ စတား"
"……ကိုစတားပါလား"
စကားႏိုင္လုေနသည့္ႏွစ္ေယာက္သားကို Sehunက
အာလူးေၾကာ္စားရင္းနဲ႕သာထိုင္ၾကည့္ေနလုိက္သည္။
ရန္ျဖစ္လို႔ဝသြားမွပင္ ထိုႏွစ္ေယာက္က Sehunဘက္
သို႕လွည့္လာျပီး လာရင္းကိစၥကိုေျပာလာရွာပါသည္။
"ဘာရယ္မဟုတ္ဘူး မင္းအဆင္ေျပရဲ႕လားလို႔ ငါတို႔
လာၾကည့္ျဖစ္တာ ရုတ္တရတ္ၾကီးမင္းကိုတာဝန္ေပး
လိုက္ရသလိုဆိုေတာ့ေလ"
"ရပါတယ္ စီနီယာရဲ႕ ကြ်န္ေတာ္လုပ္ႏိုင္ပါတယ္"
"ဒါေပမ့ဲ မင္းကနည္းနည္းအလုပ္မ်ားတယ္ေနာ္
ႏိုင္ပါ့မလား"
"ကိုယ္ မပင္ပန္းပါဘူး အကူအညီလိုရင္ ခင္ဗ်ားကို
လာေျပာမယ္ေလ ကိုယ့္ကိုကူညီမယ္မလား ?"
Sehunေမးသည့္ေနာက္ Luhanသည္ တခဏအၾကာ
မွ ေခါင္းျငိမ့္ျပသည္။ ေက်နပ္သြားခ့ဲရျပီးေနာက္မွာ Sehunက Yi Xingကိုၾကည့္မိျပီး သတိရသြားဟန္ျဖင့္
သူသိခ်င္သည့္ကိစၥမ်ားကိုေမးသည္။
အဓိကက ပြဲတစ္ခုျပီးလို႔ အလွဴေငြေတြရျပီးလွ်င္ ထိုေငြ
ေတြကိုလွဴဖို႔အတြက္ ဘယ္ေဂဟာေတြကိုခ်ိတ္ဆက္ရ
ေလမလဲဟုေမးျမန္းတာျဖစ္ျပီး Yi Xingက
"အစ္ကိုတို႕နယ္ကိုျပန္ျပီး အ့ဲကေဂဟာကိုလွဴတယ္ဆို
တာက အစ္ကိုတို႕လဲ နယ္ခံျဖစ္ေနလို႕ပါတယ္ မင္း
စိတ္ကူးထားတ့ဲေနရာရွိရင္လဲ သြားလွဴလို႕ရပါတယ္
အဓိကက ငါတို႔အလွဴျဖစ္ေျမာက္ဖို႔ပဲေလ မလွဴေသးပဲ
နဲ႕ေငြေတြကိုစုထားျပီး ေက်ာင္းအတြက္ ၾကီးၾကီးမားမား
မတည္ေငြတစ္ခု ထူေထာင္ေပးတာလဲလုပ္လို႔ရတယ္
တႏွစ္က ငါတို႔ တကၠသိုလ္ေဆးရုံမွာ တစ္ႏွစ္စာေဆး
ေထာက္ပံ႕ခ့ဲေသးတယ္"
"ေၾသာ္……အ့ဲဒါဆို ကြ်န္ေတာ္အားလုံးရဲ႕ဆႏၵကိုတခ်က္
ေမးၾကည့္လိုက္ဦးမယ္"
"အခုပြဲကေရာ အဆင္ေျပရဲ႕လား"
"ခုခ်ိန္ထိေျပေနပါတယ္ လုပ္ေနက်ပဲဆိုေတာ့ ကိုယ့္
အတြက္ အခက္အခဲသိပ္မရွိဘူး"
ေရွ႕ဆက္လုပ္မည့္ကိစၥမ်ားကိုေျပာျဖစ္ၾကရင္း ကလပ္ထဲ
မွ လူမ်ားပင္အလွ်ိဳလွိ်ဳထြက္သြားခဲ႕ၾကသည္။ သုံးေယာက္
တည္းက်န္ေနခ့ဲသည့္အခ်ိန္မွာ Yi Xingကေန
"Luhan ငါဒီညဒကာခံမယ္"
"ဘာထျဖစ္တာလဲ ရုတ္တရတ္ၾကီး"
"ေနာက္ဆိုေတြ႔ရဖို႔ခက္တယ္ေလ မင္းလည္းမအား
ငါလည္းမအားနဲ႕ ေနာက္ ငါ့ပြဲဦးထြက္ကလဲေတာ္ေတာ္
အဆင္ေျပေျပေလးကြ"
"ေအာ္ လက္စသတ္ေတာ့မင္းကငါ့ကိုၾကြားမွာကို"
ႏွစ္ေယာက္ကိုလႊတ္ထားလိုက္ျပီး Sehunကစားျပီး
သားမုန္႔မ်ား၏အမိႈက္ေတြကိုစုထည့္ျပီး အမိႈက္ပုံးထဲသြား
ထပစ္သည္။ Sehunစားပြဲသို႔ျပန္ေရာက္လာသည့္တိုင္
ႏွစ္ေယာက္သားက အေခ်အတင္စကားေျပာမျပတ္ၾက
ေသးေပ။
"ဒါဆို ငါShiYeonကိုေခၚလိုက္မယ္"
"ေဟ့ေဟ့ ငါသူ႔ကိုမသဒၶါဘူး"
"ဟ Zhang Yi Xing အ့ဲဒါမင္းသူငယ္ခ်င္း
ငါ့ေကာင္မေလးေနာ္ အေျပာအဆိုလဲသတိထားဦး"
"ေတာ္စမ္း ဘာေကာင္မေလးလဲ တလေနမွတခါေတာင္
မေတြ႔ရတ့ဲရည္းစားလား"
"ေတာ္ေတာ့ မင္း"
Luhanက Sehunကိုတခ်က္လွမ္းၾကည့္ျပီး Yi Xingကို
ဟန္႔သည္။ သူတို႔ကိစၥကို Sehunလိုသူစိမ္းေရွ႕ေျပာမျပ
ခ်င္သည့္ပုံစံေပၚသည့္အတြက္ Sehunကထြက္သြားေပး
သည္ျပင္ပါသည္။ ထိုအခ်ိန္မွာပင္ Yi Xingက
"Sehunလဲ လာခ့ဲေလ အစ္ကို ညေနက် ေနရာကို
messageလွမ္းပို႔လိုက္မယ္"
"Sehunက်ေတာ့ေခၚတယ္ ???"
"ငါ့ညီေလးက် ငါကေကြ်းေမြးခ်င္တယ္ ရျပီလား ?"
တျခားသူေတြေတာ့မသိေပမ့ဲ Sehunကေတာ့ Luhan
ႏွင့္ Yi Xing စကားအေျခအတင္ျဖစ္ၾကသည္ကိုျမင္ဖူး
ေနၾကျဖစ္၍ အေထြအထူးဆန္းက်ယ္ေတာ့သည္မဟုတ္။
ယခုျဖစ္သလို ညေနက် ေတြ႔ျဖစ္ရင္လည္း ျဖစ္ေနၾကဦး
မည္ျဖစ္သည္။ Sehunကေတာ့ Luhanဆီမွာ ထိုသို႔
စိတ္လြတ္ကိုယ္လြတ္ေျပာဆိုဆက္ဆံလို႔ရမည့္
သူငယ္ခ်င္းတစ္ေယာက္ရွိေနတာကို သေဘာက်ပါသည္။
အနည္းဆုံးေတာ့ Luhanသည္ Yi Xingႏွင့္ေတြ႔တိုင္း
စိတ္ခ်မ္းသာမည္မဟုတ္ပါလား ?
ညေနခင္းဘက္မွာ Yi Xingခ်ိန္းလိုက္သည့္ေနရာသည္
တိတ္တိတ္ဆိတ္ဆိတ္ရွိျပီးသီးသန္႔ဆန္သည့္ တရုတ္
စားေသာက္ဆိုင္တစ္ခုျဖစ္သည္။
သီးသန္႔ခန္းထဲသို႔ Sehunဝင္သြားသည့္အခ်ိန္တြင္
Yi Xingေရာ Luhanပါေရာက္ႏွင့္ေနျပီး စားပြဲဝိုင္းမွာ
ပုလင္းေတြေထာင္လို႔ေတာ္ေတာ္အေျခအေနေကာင္း
ေနၾကသည့္ပုံပင္ေပၚေနေလသည္။
"Sehun ေနာက္က်လိုက္တာကြာ"
"'ဟုတ္တယ္ အစ္ကို ထြက္လာခါနီးမွ သမဂၢကလွမ္းေခၚ
တာနဲ႕ အစည္းအေဝးပါသြားလိုက္ေသးတာ ေတာင္းပန္
ပါတယ္"
Yi Xingက လွမ္းႏႈတ္ဆက္ပါေသာ္လည္း Luhanက
ေခါင္းေထာင္မလာေသး။ Sehunကေဘးခုံကိုဆြဲယူ
ထိုင္လိုက္ျပီး Luhanဘက္ကိုေခါင္းငုံ႕ၾကည့္လိုက္သည့္
ေနာက္ ဆတ္ကနဲေခါင္းေထာင္လာသည့္သူကို Sehun
ကို မပြင့္ေတာ့သည့္မ်က္လုံးမ်ားျဖင့္ျပဴးျပဲၾကည့္လာ
ကာရယ္ျပလာေခ်သည္။
"ဟီး အိုဆယ္ဟြန္းနီး"
"အာ …… ခင္ဗ်ားေတာ္ေတာ္မူးေနျပီ"
"ဟင့္အင္းး"
ပါးေတြပင္နီေစြးလို႔ေနျပီး အရက္ခြက္ကိုေကာက္ကိုင္ျပန္
သည္။ စီနီယာမတားဘူးလားဆိုသည့္အၾကည့္ျဖင့္Sehun
အၾကည့္တို႔က Yi Xingဆီေရာက္သြားသည့္အခါ
Yi Xingက ေျခတခါခါ လက္တခါခါျဖင့္
"ဒါေလးက ရိုးရိုး ဂ်င္ဆင္းဝိုင္ပါကြာ မင္းေကာင္က
ဒါသုံးခြက္ေျမာက္ပဲရွိေသးတယ္ တကယ္မေသာက္ႏိုင္
တ့ဲေကာင္မို႔ ငါတားပါေသးတယ္ တားလို႔ကိုမရတာပါ"
"ShiYeonကိုေတြ႔ခ်င္တယ္"
Sehun၏ အက်ႋီခါးစကိုဆုပ္ကိုင္လာျပီး တိုးဖြဖြဆိုလိုက္
သည့္စကားေၾကာင့္ Sehunမွာ Luhanကိုငုံ႕ၾကည့္ျဖစ္
သြားသည္။ နီရဲေနသည့္ပါးႏွစ္ဖက္သည္ တယုတယေထြး
ေပြ႔ပစ္ခ်င္စရာေကာင္းပါေသာ္လည္း Sehun အရဲမကိုး
ေလမိ။
Yi Xingကေတာ့ Luhanစကားၾကားျပီးသက္ျပင္းခ်
သည္။ ထို႔ေနာက္ Sehunကို
"မူးလို႔ေလွ်ာက္ေျပာေနတာပါကြာ ပုံမွန္ဆို ShiYeon
ကအလုပ္မ်ားတာနဲ႕ သုံးလေလာက္မေတြ႔လဲေနေနၾကတာပဲ"
"FAေကာင္ မစာမနာနဲ႕"
"ေဟ့ေကာင္ မင္း"
"ေနပါဦး..…."
စကားမ်ားေတာ့မည့္ဟန္ျဖစ္ေနရင္းမွ ခြက္ကိုေကာက္
ကိုင္လိုက္ျပန္သည့္ Luhanလက္ကိုSehunကတားလိုက္
သည္။ ဒီတေခါက္ေတာ့မေက်မခ်မ္းအၾကည့္ခံရသည့္သူ
မွာ Sehunျဖစ္ေပမ့ဲလဲ Sehunကျပံဳးေနကာ
"ဒီခြက္ကထည့္ထားတာၾကာျပီ မေကာင္းေတာ့ဘူး
ကိုယ္အသစ္ထည့္ေပးမယ္ေနာ္"
ေခ်ာ့ေမာ့သည့္ေလသံႏွယ္ေျပာကာမွပင္တင္းတင္းဆုပ္
ထားသည့္ခြက္ကိုလႊတ္သည္။ Sehunက ထိုခြက္ကိုေဘး
တြန္းလိုက္ျပီး အလားတူခြက္ျဖင့္ထည့္ထားသည့္ေရေႏြး
ၾကမ္းခြက္ကိုလွမ္းယူကာ Luhanလက္ထဲ ထည့္ေပး
လိုက္သည္။
ေရေႏြးၾကမ္းကိုေမာ့ေသာက္လိုက္သည့္ဆရာသည္ လည္
ေခ်ာင္းထဲပူဆင္းသြားသည့္ဟန္ပင္လုပ္ျပကာ စားပြဲ
ေပၚေခါင္းေမွာက္သြားရွာေလသည္။
ထိုအေခါက္မွသာ Sehunမွာ သက္ျပင္းေမာကိုခ်မိရ
ေတာ့သည္။
"မင္းဗိုက္ဆာေနျပီမလား"
"ဟုတ္"
"ဘာထပ္မွာေပးရမလဲ"
"ရွိတာပဲစားေတာ့မယ္ေလ ၾကည့္ရတာ အစ္ကိုတို႔စားထားပုံေတာင္မရဘူး ေရာက္တည္းကေသာက္ေနသလို
ပဲ"
"ဒီေကာင္ေပါ့ကြာ"
Yi Xingက Sehunကို တူ ကမ္းေပးလာျပီး
ေလသံေလ်ာ့ေလ်ာ့ျဖင့္ဆိုသည္။
"ဆိုင္ထဲဝင္လာတည္းကေသာက္မယ္ခ်ည္းပဲ ငါ့အထင္
ShiYeonနဲ႕စကားမ်ားလာျပန္တာထင္တယ္
ေကာင္မေလးကမအားလို႔မေတြ႔ႏိုင္တာနဲ႕ပဲေနမွာေပါ့"
"ေၾသာ္………"
Sehunက ပန္းကန္ျပားအလြတ္ထဲဟင္းေတြခပ္ထည့္
လိုက္ျပီးေပမ့ဲ မစားႏိုင္ေသးပဲ အိပ္ေပ်ာ္သြားသည့္
Luhanကိုၾကည့္ေနျဖစ္သည္။ စားပြဲေပၚပါးအပ္ျပီး Sehun
ဘက္လွည့္လာသည့္မ်က္ႏွာကေလးသည္ ေအးခ်မ္းလွ
ေသာ္လည္း စုထားသည့္မ်က္ခုးံမ်ားကိုေတာ့ျဖင့္Sehun
ဖယ္ခြာပစ္ခ်င္လွသည္။
"ShiYeonကဆိုးတယ္ကြ။ Luhanသူ႔ကိုအရမ္းသေဘာက်မွန္းသိေတာ့ဆိုးခ်င္တယ္"
Yi Xingက ဆက္ေျပာေနခ့ဲသည္။ Sehunမွာသာ
Luhanဆီကအၾကည့္ကိုမခြာရက္ႏိုင္ခ့ဲ။
- သူကဆိုးသတ့ဲလား ? ကိုယ္ တယုတယနဲ႕ခ်စ္ျပ
လို႔ေတာင္မဝႏိုင္တ့ဲခင္ဗ်ားအေပၚကိုေလ……။ -
"သူရဲ႕ေက်ာင္းသားဘဝက ငါတို႔ထက္ပိုအလုပ္ရႈပ္အလုပ္
မ်ားတာမွန္ေပမ့ဲ အထက္တန္းျပီးတည္းက Luhan
သူနဲ႕ေတြ႔ဖို႔ေတာ္ေတာ္ခဲယဥ္းလာတာ တခါတေလ ငါ
ေတာင္ သူတို႔တြဲေနတယ္ဆိုတာေမ့တ့ဲအထိပဲ
Luhanက အေပါင္းအသင္းနည္းတယ္ ေျပာရရင္
ငါနဲ႕ShiYeonႏွစ္ေယာက္ကပဲ သူ႕သူငယ္ခ်င္းေတြ။
အဟင္း ဒီေကာင္ခုမွသာၾကည့္ေကာင္ရႈေကာင္း
နဲ႕နာမည္ၾကီးလာတာကြ အလယ္တန္း အထက္
တန္းေတာက္ေလွ်ာက္ ပုလင္းဖင္မ်က္မွန္တလက္မနဲ႕
ရုပ္ဆိုးၾကီးေလ ေအးတိေအးစက္နဲ႕မို႔ သူ႔ကိုဘယ္သူမွလဲမခင္ခ်င္ၾကဘူး
ေနာက္ပိုင္းက်ငါကပန္းခ်ီဘာညာစိတ္မဝင္စား
တတ္ေတာ့Luhanက ShiYeonနဲ႕ပိုတြဲျဖစ္သြားတာ
ေကာင္မေလးက အ့ဲတုန္းကေတာ့ Luhanကိုအားေပး
တတ္ျပီး အျမဲတတြဲတြဲေနခ့ဲတာ………အ့ဲဒါေၾကာင့္လဲ Luhanကသူ႔ကိုသေဘာက်သြားတာျဖစ္မယ္။ မင္းျမင္တ့ဲအတိုင္းသူကလွလဲလွတယ္ ေတာ္လဲေတာ္တယ္ေလ။
ဒါေပမ့ဲ Lee ShiYeonကသူ႔နားဝိုင္းေနတ့ဲသူေတြၾကားထဲကမွ Luhan့ကိုေရြးခ့ဲတာLuhanကေတာ့ အစတည္းက ShiYeonတစ္ေယာက္တည္းရွိတာ။ တခုခုျဖစ္ၾကျပီဆိုရင္
Luhanဦးေအာင္အေလွ်ာ့ေပးပစ္တာက အက်င့္ေတာင္
ျဖစ္ေနျပီ ဒါလဲဒီေကာင္ကရူးျပီးေပေနတုန္းပဲ"
စကားေတြအမ်ားၾကီးေျပာျဖစ္သြားသည့္Yi Xingသည္
ပင္ပန္းသြားဟန္ျဖင့္ ေရတခြက္ေကာက္ေသာက္သည္။
ထိုအခ်ိန္ထိ စားစရာမ်ားကိုတခ်က္မွမတို႔ထိရေသးပဲ
Luhanကိုသာေငးၾကည့္ေနသည့္ Sehunသည္
Yi Xingအသံၾကားလိုက္ကာမွပင္ ထိုစီနီယာဆီသို႔
တခ်က္ေမာ့ၾကည့္ျဖစ္သည္။
"ငါဘာလို႔မင္းကိုဒါေတြေျပာျပေနတာလဲသိလား ?"
Sehunျပန္မေျဖမိ။ Yi Xingကေတာ့ သက္ျပင္းတခ်က္
ခ်ျပီးဆိုလာသည္။
"မင္းအတြက္မတရားမွန္းသိေပမ့ဲလဲ……………ဒီေကာင့္
ကိုဂရုစိုက္ေပးပါ။ ထူးထူးဆန္းဆန္းပဲ သူကမင္းကိုေတာ့
ခင္တြယ္ရွာတယ္ Sehun"
Yi Xingမ်က္ႏွာကိုၾကည့္ေနရင္းကေန Sehunအၾကည့္
လႊဲလိုက္ျပီး Luhanကိုသာျပန္ၾကည့္ျဖစ္သည္။ ထို႔ေနာက္
ျပံဳးျဖစ္သည္။
"ကြ်န္ေတာ္သူ႔ကိုသေဘာက်တာအစ္ကိုသိတယ္မလား"
Yi Xingက ေခါင္းျငိမ့္သည္။ မ်က္ႏွာသည္မရႊင္မျပျဖစ္
ေနသည့္အတြက္ Sehunကပင္ အားတင္းကာျပံဳးျပ
လိုက္ျပီး
"ေန႔တိုင္းေန႔တိုင္း ပိုင္ဆိုင္ခ်င္လာမိလို႔ ကြ်န္ေတာ္အဆင္
မေျပဘူး အစ္ကို။ ဒါေပမ့ဲ သူ ကြ်န္ေတာ့္ကို ဘယ္ေတာ့မွ
ခ်စ္လာမွာမဟုတ္ဘူးဆိုတာ ကြ်န္ေတာ္ေသခ်ာသိလုိ႔
ေလာဘလဲမၾကီးပါဘူး"
"Sehunရာ……"
"အစ္ကိုစိတ္ခ်ပါ။ ကြ်န္ေတာ္ Luhanကိုဂရုစိုက္ပါ့မယ္"
Yi Xingသည္ ေျပာျပီးကာမွ ေနာင္တရသြားရသည့္
မ်က္ႏွာမ်ိဳးျဖစ္သည္။ Sehunကသာ ျပန္လည္ျပံဳးျပ
လိုက္ရပါျပီး ခ်ထားလိုက္သည့္တူတစုံကိုျပန္ကိုင္ကာ
ေအးစက္ေနျပီျဖစ္သည့္ ညစာကို တေယာက္တည္းစား
ျဖစ္ခ့ဲသည္။
ရင္ထဲေလာင္ေနရပါေသာ္လည္း Luhanသူ႔အနားမွာ
ေအးေအးခ်မ္းခ်မ္းရွိေနသည္ကိုသိရွိမိတိုင္း တခ်က္
တခ်က္ ေႏြးေထြးရျပန္သည္။
သူကိုယ္၌ကိုက……ရူးမိုက္လိုက္ပါဘိ………။
To Be ConTinued………
အတန်းချိန်ပြည့်တက်ကာ တက္ကသိုလ်ဝင်းထဲအမြဲရှိနေတတ်သည့် Sehunနှင့် Luhan သည် အချိန်တိုင်းတွေ့မနေသည့်တိုင် နေ့လည်ထမင်းစားချိန်မျိုး နှင့် အားလပ်ချိန်ကြိုကြားလေးများတွင် ကန်တင်း၌ဖြစ်စေ၊ ကော်ရစ်ဒါ၌ဖြစ်စေ မျက်နှာချင်းဆိုင်တွေ့လေ့ရှိသည်။
Luhanက နေ့လည်ပိုင်းတချိန်သင်ပြီးသည်နှင့် ကျောင်း၌နေစရာမလိုတော့ပါသော်လည်း ထိုပန်းချီခန်းထဲတွင်ညနေစောင်းသည်နှင့်နေလေ့ရှိသည်ကို သူ၏ပြောစကားများအရ Sehunသိရသည်။
"ပါမောက္ခက အတန်းချိန်ပြီးတာနဲ့ အဲ့အခန်းသုံးခွင့်ပေး
ထားတယ်လေ အဲ့ဒါနဲ့ ငါလဲအေးအေးဆေးဆေးညနေမှ
ပြန်ဖြစ်တယ်"
Sehun မြင်ရသလောက် Luhanသည် ပန်းချီဝါသနာ
ပါသည့်ဂျုနီယာများကို သင်ပေးနေသည့်အချိန်ပိုင်းအလုပ်တစ်ခုသာလုပ်ပြီး ကျန်သည့်အချိန်များဆို ပန်းချီဆွဲနေရင်းအချိန်ကုန်နေပုံရသည်။ Luhanကိုတွေ့လိုက်တိုင်းပါးတဖက်မဟုတ် တဖက်မှာ ဆေးစက်တွေနဲ့ဖြစ်လို့Sehunကြည့်ရင်း ဒီလူဟာ ချစ်ဖု့ိကောင်းကြောင်းလည်းခဏခဏတွေးဖြစ်ပြန်သည်။
ဒီနေ့ Sehun အတန်းစောစောဆင်းသည်နှင့် စာကြည့်
တိုက်ဖက်သို့သွားဖြစ်သည်။ စာကြည့်တိုက်တွင်တော့
Luhanအချိန်ပိုင်းလုပ်တော့ဟန်မတူ။ သို့သော်လည်း
စာကြည့်တိုက်ရှိသည့်အဆောက်အဦ၏ ပထမထပ်
လှေကား၌ စက္ကူဘူးနှစ်ဘူးဆင့်ထပ်ကိုင်ကာ ဆင်းလာသည့် Luhanကို Sehunတွေ့လိုက်ရလေသည်။
အောက်လှေကားထစ်များကိုသာလုံးဝဥသုံငုံ့ကြည့်လျက်
တထစ်ချင်းဆင်းလာသည့် Luhanသည် Sehunကိုမြင်
ဟန်မတူခဲ့ပါ။ Sehun ခပ်သွက်သွက်ပင် Luhanရှိနေရာသို့သွားလိုက်ပြီး အပေါ်ဘက်ရှိစက္ကူဘူးကိုမယူလိုက်သည့်နောက်မှာ အံ့သြသွားသည့်ဟန်ဖြင့် Luhanက ပြန်ကြည့်လာခဲ့သည်။ ထို့နောက်စက္ကန့်ပိုင်းအတွင်း Luhanသည် Sehunကိုကြည့်လျက်ပြုံးပြလာခဲ့ပါသည်။
"ဘာတွေလဲ "
"ဋ္ဌာနကသွားထုတ်လာတာ ဆေးဘူးတွေပါ"
ဘေးချင်းယှဉ်လျှောက်လိုက်ကာ Sehun က စူးစူး
စမ်းစမ်းမေးမိသည်။ စက္ကူဘူးအဖုံးကိုလှန်ကြည့်လိုက်
သေးသည့် Sehunကို Luhanက ချက်ချင်းအဖြေပြန်
ပေးလာပြီးနောက်
"မင်းအတန်းမရှိဘူးလား"
"ပါမောက္ခအစောကြီးလွှတ်လိုက်လို့"
"သြော် မင်းသွားစရာရှိတာသွားလေ ငါတစ်ယောက်
တည်းနိုင်ပါတယ်"
"ကိုယ် လိုက်ပို့ပေးပါ့မယ်"
Luhan မငြင်းဆန်တော့ပဲ ခေါင်းညိမ့်ပြပြီးနောက်မှာ
သူတို့နှစ်ယောက် ပန်းချီခန်းသို့လျှောက်လာခဲ့ကြသည်။အပိုစကားမဆိုမိကြပါပဲ အခန်းသို့လျှောက်လာခဲ့ကြပြီးအခန်းထဲသို့ရောက်သည့်အခါ Sehunက Luhanပြသည့်နေရာတွင် ဘူးကိုချလိုက်ကာ Luhanဘက်သို့လှည့်ကြည့်လိုက်သည်။
"မင်း နေ့လည်စာစားပြီးသွားပြီလား ?"
"ဟင့်အင်း"
လက်မှနာရီကိုတချက်ပင့်ကြည့်လိုက်ပြီးနောက် Luhan
က Sehunကိုပြန်ကြည့်လာသည်။
"ငါတို့နေလည်စာသွားစားကြမလား ?"
Sehunမငြင်းဖြစ်ခဲ့ပါ။
နေ့လည်စာစားချိန်ဖြစ်သော်လည်း အတန်းများပြန်စဖို့
အချိန်သည်လည်းနီးနေပြီဖြစ်သည့်အတွက် ကန်တင်း၌
လူရှင်းစပြုနေခဲ့ပြီဖြစ်သည်။ Luhanက Sehunကိုဝယ်
ကျွေးပါ့မည်ဆိုကာ ကြိုက်သည့်ဆိုင်ရွေးခိုင်းလိုက်ပြီး
ကိုယ်၌က အအေးသွားဝယ်လေသည်။
လူသိပ်မရှုပ်သည့် ထောင့်တနေရာရှိခုံမှာ Sehun ရွေးချယ်ထိုင်ပြီးသည့်နောက် Luhanက အအေးဘူးများနှင့်ပြန်ရောက်လာသည်။
"ဘာမှာထားတာလဲ "
"Set Aပဲ ခင်ဗျားရော"
"အတူတူပဲ ငါကကောင်တာမှာ မှာခဲ့လိုက်ပြီ ရော့
မင်းဖို့"
လက်ထဲက ချောကလက်နို့ဘူးကို စားပွဲပေါ်ချလိုက်ပြီး
Sehunဘက်သို့တွန်းပေးလာသည်။ ရေခဲမှုန်လေးများ
ပင် ဘူးပတ်လည်မှာကပ်နေသေးသည့် ချောကလက်
နို့ဘူးကို Sehunလှမ်းယူလိုက်ပြီး
"ခင်ဗျား ကိုယ့်ကိုကလေးများမှတ်နေလား ?"
"ဟေ ဘာလို့တုန်း"
"အားနေ ချောကလက်နို့ပဲတိုက်နေတယ် ခင်ဗျားကျ
ဆိုဒါ ဝယ်သောက်ပြီး"
"ဟမ် မင်းချောကလက်နို့ကြိုက်တယ် မဟုတ်ဘူးလား"
အံ့သြသွားရသည့်ဟန်ဖြင့် Luhanသည် မျက်လုံးပြူးသွား
ပြီး Sehunမျက်နှာကိုတလှည့် လက်ထဲမှာကိုင်ထားသည့်ချောကလက်ဘူးကိုတလှည့်ကြည့်သည်။ ခပ်တည်တည်ဖြစ်နေသည့် Sehunမျက်နှာကိုမြင်သည့်နောက် မျက်တောင်လေးတွေတဖြတ်ဖြတ်ခတ်သွားပြီး စိတ်လှုပ်ရှားသွားရသည့်ဟန်ဖြင့် အပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းကိုဖိကပ်လိုက်သည်။ ထို့နောက် Sehun ပြုံးလိုက်လေမှပင် မျက်မှောင်ကျုံ့ကာ Sehunလက်ထဲက ချောကလက်ဘူးကိုပြန်လုယူမည်ပြင်သည်။
"ဟေ့ဟေ့ …… ပေးပြီးသားပစ္စည်းပြန်မယူရဘူးလေ"
"မင်း အကြီးကိုတော်တော်စလို့ကောင်းနေတယ် ဟုတ်
လား"
Sehunရယ်မောလိုက်ကာ ချောကလက်နို့ဘူး၏ ပလတ်စတစ်အဖုံးကို သွားနဲ့ကိုက်ဖြဲလို့ဖွင့်လိုက်ပြီး တငုံမော့သောက်လိုက်သည်။ Luhanက မျက်မှောင်ကျုံ့ပြီး
ကြည့်နေဆဲဖြစ်သည့်အတွက် Sehun ပိုလို့ရယ်မော
ရပါသေးသည်။
ဘာရယ်မဟုတ်ပဲ ပေါ့ပါးနေမည့်စကားဝိုင်းတစ်ခုကို
ဖန်တီးချင်၍ Sehunက တင်းကျပ်နေသယောင်ထင်ရ
သည့် Luhan၏စိတ်တွေကိုလျှော့ချပေးမိခြင်းဖြစ်သည်။
Luhan မျက်နှာ အနည်းငယ်ပြုံးယောင်သမ်းသွားသည်
ကို Sehunကပြုံးုပြီးကြည့်သည်။
"ဒါနဲ့ ကလပ်ရော အဆင်ပြေရဲ့လား ?"
"အင်း ပြေပါတယ်"
လုပ်နေသည့်activityတွေအကြောင်းပြောနေကြရင်း
မှ မှာထားသည့်စားစရာများရောက်လာ၍ စကားစကပြတ်သွားပြန်သည်။ Sehunက ဘူးထဲမှ တူနှင့်ဇွန်းကို ထုတ်ကာသုတ်ပေးပြီး Luhanဆီကမ်းပေးသည့်အခါ ကျေးဇူးဟုဆိုလာသည်။ အစားလဲစားနေရင်းနဲ့မှ ပြတ်သွားသည့်စကားစကိုပြန်စဖြစ်ကြသည်။
ပထမနှစ်တည်းက Yi Xingနှင့်အတူတူတွဲလုပ်လာ
သည့်အတွက် ထင်ထားသည့်အတိုင်းပင် Sehunက
ကောင်းကောင်းလုပ်နိုင်သည့်အကြောင်း ပြောပြ
ဖြစ်သည်။
Luhanကလည်းထမင်းကိုဖြည်းဖြည်းစားနေရင်း Sehun
ပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေခဲ့သည်။
Sehunသည်လည်း စကားပြောနေရင်းမှ Luhan၏
ပန်းကန်သို့ကြည့်လိုက်ကာ
"ခင်ဗျား မုန်ညှင်းမစားဘူးမလား ?"
"အာ.……ဟုတ်တယ်လေ မကြိုက်ဘူး"
နှာခေါင်းရှုံ့ကာခေါင်းခါလို့Luhanပြောသည့်နောက်
Sehunသည် Luhan၏အမဲသားနှင့်မုန်ညှင်း
ရောကြော်ထားသည့်ဟင်းပန်းကန်ထဲမှနေ မုန်ညှင်း
ဖတ်များကိုအကုန်ယူလိုက်ပြီး သူ့ပန်းကန်ထဲမှ အမဲသား
များကိုခပ်ထည့်ပေးဖြစ်သည်။
"အယ် ဘာလို့ယူတာတုန်း"
"အရင်တုန်းကလဲ ကိုယ့်ကို ခင်ဗျား မုန်ညှင်းတွေ
ထည့်ကျွေးနေတာပဲဟာ နောက်ပြီး အခုများများစား
ခင်ဗျားကပိန်နေတာပဲ"
"မင်းကတော့လေ တကယ်ပဲ"
မျက်စိဒေါက်ထောက်ကြည့်နေကျင့်ရှိသည့် Sehunက
Luhan မျက်နှာပေါ်မှာ အားတုံ့အားနာအရိပ်အယောင်
များဖြတ်ပြေးသွားသည်ကို အတိအကျသိရှိနေသည့်
အတွက် Luhan၏ပန်းကန်ထဲတွင် ကျန်နေသေးသည့်
မုန်ညှင်းတဖတ်ကိုပါ တူနဲ့ကောက်ယူလိုက်ပြီး
"ကိုယ့်ကိုဘာတွေအားနာနေတာလဲ ? ပြောပြီးသား
မလား ကိုယ်တို့အရင်လိုပြန်နေမယ်လို့"
Luhanက ခပ်ကြာကြာငြိမ်သက်ကျသွားပြီး Sehun
ကိုစိုက်ကြည့်သည်။ ထု့ိနောက်တွင်မှ တချက်ပြုံးကာ
ခေါင်းငြိမ့်ပြပြီး ထမင်းဆက်စားလေသည်။
ညနေပိုင်းအတန်းတွေကို Sehun တက်မည်ဖြစ်သော်
လည်း ကန်တင်းကထွက်လာပြီးနောက်ပိုင်းတွင် Luhanကို အခန်းသို့ပြန်ပို့ပေးမည်ပြင်သည်။
"တရုတ်နှစ်သစ်ကူးကျ ကျောင်းမှာ ပွဲရှိဦးမယ်မလား ?
ကလပ်က boothယူပြီးပြီလား"
"ကိုယ် သမဂ္ဂကိုပြောပြီးပြီ okပါတယ် ကိုယ်တို့ကလပ်ကအမြဲresultကောင်းတယ်လေ"
Luhan က တွေးဆဆဖြင့်ခေါင်းညိမ့်ကာ Sehunကို
သေသေချာချာဂရုတစိုက်လုပ်ပေးဖို့ ပြောသည်။ စကား
စမြည်တချို့ပြောကာ လျှောက်လာကြရင်းနဲ့မှ Luhan
ပန်းချီသင်ပေးသည့်အခန်းရှိရာအဆောက်အဦသို့ရောက်ကာနီးတွင်
"Luhan !!"
ခေါ်သံနှင့်အတူ အနားသို့ အပြေးရောက်လာသည့် ShiYeonကြောင့် အတူယှဉ်လျှောက်လာသည့် Sehunခြေလှမ်းတို့ရပ်တန့်သွားရသည်။ တဖက်သု့ိကြည့်လိုက်သည့်အခါ Luhanသည် ShiYeonကို ပြုံးလျက်ကြည့်နေခဲ့ပြီး လက်ပြနေလေသည်။ ShiYeonတစ်ယောက်အနားသို့ လုံးလုံးလျားလျားရောက်လာချိန်မှာတော့Sehun နောက်သို့ခြေတလှမ်းဆုတ်လိုက်ပြီး ShiYeonကိုနေရာပေးလိုက်ပါသည်။
"နင် ဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား?"
"အင်းလေ ဒါမဲ့ ခုပါမောက္ခဆီမှာ စာအုပ်နည်းနည်းငှား
ချင်လို့ ကျောင်းဘက်ခဏထွက်လာတာ နင်ရော
အတန်းပြီးပြီလား ?"
"အင်း နောက်နာရီဝက်လောက်ဆို စတော့မှာ"
"အာ …… ဒါဆို ငါ့ကိုနေ့လည်စာလိုက်ကျွေး"
Luhan၏လက်မောင်းကိုချိတ်တွယ်လိုက်လေပြီး ShiYeonက ရယ်မောလျက်ဆိုသည်။ Luhanကနေ
မလွယ်ပါဘူးဆိုသည့်မျက်နှာအမူအရာပြပြီး ပြုံးနေလေ
သည်ကို Sehunက ကြည့်ဖြစ်နေခဲ့သည်။ ထိုအခိုက်
မှာပင် Luhanက Sehunဘက်သို့လှည့်လာပြီး
"မင်း အတန်းတက်စရာရှိသေးတယ်မလား နောက်ကျ
တော့မယ် သွားတော့လေ"
"အင်း ကိုယ်သွားပါ့မယ် အစ်မ ကျွန်တော်သွားလိုက်ပါဦးမယ်"
"အင်းအင်း နောက်မှအေးဆေးတွေ့ကြတာပေါ့ Sehun ssi"
"……လာခဲ့ နင်ဒီအချိန်ထိ နေ့လည်စာမစားရသေးပဲ
ဘာလုပ်နေတာလဲ"
"အလုပ်များနေတာကို Luhanကလဲ "
အလျင်နှုတ်ဆက်ခဲ့သည့်သူက Sehun ဖြစ်ပေမဲ့
ဦးအောင်ထွက်သွားခဲ့သည့်သူက Luhanတို့ဖြစ်ခဲ့သည်။
သိရှိပြီးသားဖြစ်ပေမဲ့လဲ မျက်မြင်တွေ့ရသည့်အခါ Sehunပြုံးနိုင်စွမ်းပင်မရှိခဲ့။
တဖက်သူမှ မဖြုတ်တော့သော လက်တစ်စုံတွင် Luhan၏ လက်မောင်းတဖက်ရှိနေခဲ့သည်။
ထိုမြင်ကွင်းပျောက်သွားသည်အထိ Sehun ငေးကြည့်မိနေခဲ့ပြီးမှသက်ပြင်းတချို့ဖွဖွရှိုက်သည်။
ထို့နောက် သူ ကျောခိုင်းလှည့်ထွက်ခဲ့သည်။
………………………………
ခင်ဗျားမို့လို့…ခင်ဗျားဖြစ်နေလို့ ကိုယ်က
ဒီငရဲမှာနစ်နေခဲ့တာပါ
° The years I have loved him °
………………………………
အလုပ်တစ်ခုထဲစိတ်နစ်ကာ အလုပ်တွေများပစ်လိုက်ဖို့ Sehunအတွက် မခက်ခဲပါ။ ကျောင်း၌မကြာခင်လုပ်
မည့်ပွဲအတွက် သမဂ္ဂနှင့်ချိတ်ဆက်ပြီးနေရာထိုင်ခင်း
အပါအဝင်အပြင်အဆင်ပိုင်းနှင့်ပတ်သက်ပြီး Sehunနှင့်
နောက်ထပ် ပထမနှစ်နှစ်ယောက်လောက် လုံးပမ်းနေ
လိုက်သည်။ Fan Artဆွဲသည့်ကလပ်အဖွဲ့ဝင်များကလဲ အားချိန်တိုင်းကလပ်မှာရှိနေတတ်ကြပြန်သဖြင့် ဒီရက်ပိုင်းအတွင်းကလပ်အခန်းထဲလူစုံလင်နေခဲ့ပြန်သေးသည်။
"ကဲ ကျွန်တော်တို့ဒီနေ့ နေ့လည်စာအတူစားကြမလား
ကျွန်တော်ဒကာခံမယ်"
"နေ့လည်စာအချိန်မရောက်သေးဘူးလေ အုပ်ကြီးရယ်
ကြက်ကြော်ဝယ်ကျွေး ကြက်ကြော်"
ပထမနှစ်တွေက စီကနဲနေအောင်အော်ကာထောက်ခံ
ကြသည့်နောက် စီနီယာတွေကလဲ လက်မထောင်ကာ
အားပေးသည်။ Sehun ပြုံးရယ်လိုက်ကာ ခေါင်းငြိမ့်ပြီး
ကြက်ကြော်မှာဖို့ရာဖုန်းဆက်ဖို့ပြင်နေစဉ်မှာပင် တစုံ
တယောက်က Sehunပခုံးကို တို့ထိလာခဲ့ပါသည်။
Sehunချက်ချင်းဆိုသလိုလှည့်ကြည့်လိုက်သည့်အခါ
အထုတ်တချို့ကိုမြှောက်ပြလျက် ပြုံးရယ်နေသည့်Luhanကိုတွေ့သည်။
Sehun တခဏမျှ ကြောင်ငေးသွားမိစဉ်မှာပင် Luhanကိုသိနေသည့်စီနီယာကျောင်းသားများက Luhanဆီပြေးလာကြပြီး ဝိုင်းနှုတ်ဆက်ကြလေသည့်အတွက် Sehunပင် အနောက်သို့ရောက်သွားခဲ့ရသည်။
"စီနီယာ မတွေ့ရတာတောင်ကြာပြီရော"
"ငါ အမြဲတမ်းကျောင်းမှာရှိပါတယ်"
"ကလပ်ဘက်မှလှည့်မလာတာပဲ"
"ကဲပါကွာ စကားမများကြနဲ့ ငါ မုန့်တွေဝယ်လာတာ
စားကြ"
"အဟေးးး………အုပ်ကြီးက…နောက်နေ့ကျမှပဲဝယ်ကျွေး
တော့ဗျာ"
ဝယ်လာသည့်အထုတ်တွေကိုဆွဲကာထွက်သွားကြမှပင်
Luhanအနားမှာ Sehunတစ်ယောက်တည်းသာကျန်ခဲ့
ရသည်။ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ပြီးSehunက Luhanကို ပြုံးပြလိုက်သည်။
"ဘယ်လိုရောက်လာတာလဲ ?"
"မင်း ကောင်းကောင်းလုပ်နေလား မလုပ်နေဘူးလား
လာစစ်ဆေးတာလေ ဘာဖြစ်လဲ"
"ဖြစ်ရမယ်ဗျာ"
Luhanက ပခုံးတွန့်ပြပြီးနောက် Sehunကိုကျော်တက်
ကာ စားပွဲမှာသွားထိုင်သည်။ ခင်မင်ပြီးသားသူ
များနှင့် စကားအပြန်အလှန်ပြောဆိုရင်း ပြုံးနေသည့်
Luhanအား Sehunက ကြည့်နေမိရင်းမှပင် အနားသို့
ရောက်လာသည့် ဂျူနီယာမိန်းကလေးကြောင့် သူ့ဆီ
အာရုံလွှဲလိုက်ရလေသည်။
"စီနီယာ ညီမတို့ boothကိုအလှဆင်ဖို့ကလေ မနှစ်က
သုံးထားတဲ့ဟာတွေကိုပြန်သုံးရမှာလား ?"
"အဲ့ဒါ အစ်ကိုဒီဇိုင်းပြန်ဆွဲပေးမယ်လေ SoRa"
"ညီမစမ်းကြည့်ထားတာတော့ရှိတယ်"
"အစ်ကို့ကိုတချက်ပြကြည့်"
ဂျူနီယာမိန်းကလေးလက်ထဲမှစာရွက်ကို ခဏလက်လွှဲယူလိုက်ပြီးနောက် အပြင်အဆင်ကိစ္စကိုစကားပြောမိကြသည်။ ဆယ်မိနစ်လောက်ကြာသည်ထိ ပြောဖြစ်ကြရင်းမှ ထိုကောင်မလေးထွက်သွားသည့်အချိန်တွင် Luhanဆီကိုပြန်ကြည့်ခိုက် သူ့ကိုုလည်းကြည့်နေခဲ့သည့် Luhanနှင့် အကြည့်ချင်းဆုံပါလေသည်။
Sehunပြုံးပြလိုက်သည့်နောက် အကြည့်လွှဲသွားပါသည်။ အဖွဲ့သားများသည် အသီးသီးထွက်သွားကြပြီဖြစ်သည့်အတွက် Luhanအနားမှာမရှိကြတော့ချေ။ မျက်နှာချင်းဆိုင်ခုံမှာ Sehunဝင်ထိုင်လိုက်သည့်အခါ Luhanသည်ကိုလာသောက်နေရင်းမှ Sehunကိုမော့ကြည့်လာသည်။
"ငါ ချောကလက်နိုု့တော့ပါမလာဘူး"
"တော်ပါပြီဗျာ ခင်ဗျားကကိုယ့်တွေ့တိုင်း အဲ့ဒါပဲတိုက်နေ
တော့တာပဲ"
Luhanက ရယ်မောပြီး Sehunကို အိတ်ထဲကကိုလာဘူး
တစ်ဘူးပစ်ပေးလာသည်။ Sehunက ကိုလာဘူးကိုဖမ်းယူလို့ဖောက်ရင်းနဲ့မှ အာလူးကြော်ထုတ်ကိုဆွဲနှိုက်သည်။
ကိုယ်စီအလုပ်များနေကြသည့်သူများကိုဝေ့ဝဲကြည့်စဉ်
မှာပင် ကလပ်ထဲသို့ဝင်လာသည့် လူတစ်ယောက်ကြောင့်Sehunလန့်သွားရပါသည်။
အနှီလူက ပုံမှန်အပြင်အဆင်နှင့်မဟုတ်ပါပဲ ဦးထုပ်ကို
ခပ်ငိုက်ငိုက်ဆောင်းထားပြီး maskလဲတပ်ထားသေးပါ
သဖြင့် Sehunက လန့်သွားရတာဖြစ်သည်။ Sehunအမူ
အရာကြောင့် Luhanသည်လည်း နောက်လှည့်ကြည့်
လိုက်ပေမဲ့ ဘာမှမထူးဆန်းသလိုဖြင့် ပြန်လှည့်လာသည်။ထိုသူက Sehunတို့ထိုင်နေသည့်နားကိုတည့်တည့်မတ်မတ်လျှောက်လာပြီး Luhan၏ဘေးမှာထိုင်ချကာLuhanပခုံးကိုပိတ်ရိုက်သည့်နောက်
"ဟေ့ကောင် Zhang Yi Xing!"
Yi Xing က maskကိုချွတ်လိုက်ပြီး Luhanကို လျှာ
ထုတ်ပြောင်ပြလာပါသည်။ တဆက်တည်းမှာ Sehun
ဘက်ကိုလှည့်ကာရယ်ပြလာသည့်နောက်ပိုင်း Luhan၏လက်ဖဝါးချက်သည် Yi Xingကျောပေါ်တင်ကျသွားလေသည်။
"ဟေ့ကောင်"
"လာရင်လဲ လူလိုသူလိုလာပါလား ဓားပြလိုလို သူပုန်
လိုလိုနဲ့ အကုန်ဖုံးဖိပြီး"
"ဟာ ငါသာဖုံးဖိမလာရင် ဒီအခန်းထဲတောင်ဝင်လာနိုင်
မှာမဟုတ်ဘူး ငါကစတားနော် စတား"
"……ကိုစတားပါလား"
စကားနိုင်လုနေသည့်နှစ်ယောက်သားကို Sehunက
အာလူးကြော်စားရင်းနဲ့သာထိုင်ကြည့်နေလိုက်သည်။
ရန်ဖြစ်လို့ဝသွားမှပင် ထိုနှစ်ယောက်က Sehunဘက်
သို့လှည့်လာပြီး လာရင်းကိစ္စကိုပြောလာရှာပါသည်။
"ဘာရယ်မဟုတ်ဘူး မင်းအဆင်ပြေရဲ့လားလို့ ငါတို့
လာကြည့်ဖြစ်တာ ရုတ်တရတ်ကြီးမင်းကိုတာဝန်ပေး
လိုက်ရသလိုဆိုတော့လေ"
"ရပါတယ် စီနီယာရဲ့ ကျွန်တော်လုပ်နိုင်ပါတယ်"
"ဒါပေမဲ့ မင်းကနည်းနည်းအလုပ်များတယ်နော်
နိုင်ပါ့မလား"
"ကိုယ် မပင်ပန်းပါဘူး အကူအညီလိုရင် ခင်ဗျားကို
လာပြောမယ်လေ ကိုယ့်ကိုကူညီမယ်မလား ?"
Sehunမေးသည့်နောက် Luhanသည် တခဏအကြာ
မှ ခေါင်းငြိမ့်ပြသည်။ ကျေနပ်သွားခဲ့ရပြီးနောက်မှာ Sehunက Yi Xingကိုကြည့်မိပြီး သတိရသွားဟန်ဖြင့်
သူသိချင်သည့်ကိစ္စများကိုမေးသည်။
အဓိကက ပွဲတစ်ခုပြီးလို့ အလှူငွေတွေရပြီးလျှင် ထိုငွေတွေကိုလှူဖို့အတွက် ဘယ်ဂေဟာတွေကိုချိတ်ဆက်ရလေမလဲဟုမေးမြန်းတာဖြစ်ပြီး Yi Xingက
"အစ်ကိုတို့နယ်ကိုပြန်ပြီး အဲ့ကဂေဟာကိုလှူတယ်ဆို
တာက အစ်ကိုတို့လဲ နယ်ခံဖြစ်နေလို့ပါတယ် မင်း
စိတ်ကူးထားတဲ့နေရာရှိရင်လဲ သွားလှူလို့ရပါတယ်
အဓိကက ငါတို့အလှူဖြစ်မြောက်ဖို့ပဲလေ မလှူသေးပဲ
နဲ့ငွေတွေကိုစုထားပြီး ကျောင်းအတွက် ကြီးကြီးမားမား
မတည်ငွေတစ်ခု ထူထောင်ပေးတာလဲလုပ်လို့ရတယ်
တနှစ်က ငါတို့ တက္ကသိုလ်ဆေးရုံမှာ တစ်နှစ်စာဆေးထောက်ပံ့ခဲ့သေးတယ်"
"သြော်……အဲ့ဒါဆို ကျွန်တော်အားလုံးရဲ့ဆန္ဒကိုတချက်
မေးကြည့်လိုက်ဦးမယ်"
"အခုပွဲကရော အဆင်ပြေရဲ့လား"
"ခုချိန်ထိပြေနေပါတယ် လုပ်နေကျပဲဆိုတော့ ကိုယ့်
အတွက် အခက်အခဲသိပ်မရှိဘူး"
ရှေ့ဆက်လုပ်မည့်ကိစ္စများကိုပြောဖြစ်ကြရင်း ကလပ်ထဲမှ လူများပင်အလျှိုလျှိုထွက်သွားခဲ့ကြသည်။ သုံးယောက်တည်းကျန်နေခဲ့သည့်အချိန်မှာ Yi Xing ကနေ
"Luhan ငါဒီညဒကာခံမယ်"
"ဘာထဖြစ်တာလဲ ရုတ်တရတ်ကြီး"
"နောက်ဆိုတွေ့ရဖို့ခက်တယ်လေ မင်းလည်းမအား
ငါလည်းမအားနဲ့ နောက် ငါ့ပွဲဦးထွက်ကလဲတော်တော်
အဆင်ပြေပြေလေးကွ"
"အော် လက်စသတ်တော့မင်းကငါ့ကိုကြွားမှာကို"
နှစ်ယောက်ကိုလွှတ်ထားလိုက်ပြီး Sehunကစားပြီး
သားမုန့်များ၏အမှိုက်တွေကိုစုထည့်ပြီး အမှိုက်ပုံးထဲသွားထပစ်သည်။ Sehunစားပွဲသို့ပြန်ရောက်လာသည့်တိုင် နှစ်ယောက်သားက အချေအတင်စကားပြောမပြတ်ကြသေးပေ။
"ဒါဆို ငါShiYeonကိုခေါ်လိုက်မယ်"
"ဟေ့ဟေ့ ငါသူ့ကိုမသဒ္ဓါဘူး"
"ဟ Zhang Yi Xing အဲ့ဒါမင်းသူငယ်ချင်း
ငါ့ကောင်မလေးနော် အပြောအဆိုလဲသတိထားဦး"
"တော်စမ်း ဘာကောင်မလေးလဲ တလနေမှတခါတောင်
မတွေ့ရတဲ့ရည်းစားလား"
"တော်တော့ မင်း"
Luhanက Sehunကိုတချက်လှမ်းကြည့်ပြီး Yi Xingကို
ဟန့်သည်။ သူတို့ကိစ္စကို Sehunလိုသူစိမ်းရှေ့ပြောမပြ
ချင်သည့်ပုံစံပေါ်သည့်အတွက် Sehunကထွက်သွားပေး
သည်ပြင်ပါသည်။ ထိုအချိန်မှာပင် Yi Xingက
"Sehunလဲ လာခဲ့လေ အစ်ကို ညနေကျ နေရာကို
messageလှမ်းပို့လိုက်မယ်"
"Sehunကျတော့ခေါ်တယ် ???"
"ငါ့ညီလေးကျ ငါကကျွေးမွေးချင်တယ် ရပြီလား ?"
တခြားသူတွေတော့မသိပေမဲ့ Sehunကတော့ Luhan
နှင့် Yi Xing စကားအခြေအတင်ဖြစ်ကြသည်ကိုမြင်ဖူး
နေကြဖြစ်၍ အထွေအထူးဆန်းကျယ်တော့သည်မဟုတ်။
ယခုဖြစ်သလို ညနေကျ တွေ့ဖြစ်ရင်လည်း ဖြစ်နေကြဦး
မည်ဖြစ်သည်။ Sehunကတော့ Luhanဆီမှာ ထိုသို့
စိတ်လွတ်ကိုယ်လွတ်ပြောဆိုဆက်ဆံလို့ရမည့်
သူငယ်ချင်းတစ်ယောက်ရှိနေတာကို သဘောကျပါသည်။အနည်းဆုံးတော့ Luhanသည် Yi Xingနှင့်တွေ့တိုင်းစိတ်ချမ်းသာမည်မဟုတ်ပါလား ?
ညနေခင်းဘက်မှာ Yi Xingချိန်းလိုက်သည့်နေရာသည်တိတ်တိတ်ဆိတ်ဆိတ်ရှိပြီးသီးသန့်ဆန်သည့် တရုတ်စားသောက်ဆိုင်တစ်ခုဖြစ်သည်။
သီးသန့်ခန်းထဲသို့ Sehunဝင်သွားသည့်အချိန်တွင်
Yi Xingရော Luhanပါရောက်နှင့်နေပြီး စားပွဲဝိုင်းမှာ
ပုလင်းတွေထောင်လို့တော်တော်အခြေအနေကောင်း
နေကြသည့်ပုံပင်ပေါ်နေလေသည်။
"Sehun နောက်ကျလိုက်တာကွာ"
"'ဟုတ်တယ် အစ်ကို ထွက်လာခါနီးမှ သမဂ္ဂကလှမ်းခေါ်တာနဲ့ အစည်းအဝေးပါသွားလိုက်သေးတာ တောင်းပန်ပါတယ်"
Yi Xingက လှမ်းနှုတ်ဆက်ပါသော်လည်း Luhanက
ခေါင်းထောင်မလာသေး။ Sehunကဘေးခုံကိုဆွဲယူ
ထိုင်လိုက်ပြီး Luhanဘက်ကိုခေါင်းငုံ့ကြည့်လိုက်သည့်
နောက် ဆတ်ကနဲခေါင်းထောင်လာသည့်သူကို Sehun
ကို မပွင့်တော့သည့်မျက်လုံးများဖြင့်ပြူးပြဲကြည့်လာ
ကာရယ်ပြလာချေသည်။
"ဟီး အိုဆယ်ဟွန်းနီး"
"အာ …… ခင်ဗျားတော်တော်မူးနေပြီ"
"ဟင့်အင်းး"
ပါးတွေပင်နီစွေးလို့နေပြီး အရက်ခွက်ကိုကောက်ကိုင်ပြန်
သည်။ စီနီယာမတားဘူးလားဆိုသည့်အကြည့်ဖြင့်Sehunအကြည့်တို့က Yi Xingဆီရောက်သွားသည့်အခါ Yi Xingက ခြေတခါခါ လက်တခါခါဖြင့်
"ဒါလေးက ရိုးရိုး ဂျင်ဆင်းဝိုင်ပါကွာ မင်းကောင်က
ဒါသုံးခွက်မြောက်ပဲရှိသေးတယ် တကယ်မသောက်နိုင်
တဲ့ကောင်မို့ ငါတားပါသေးတယ် တားလို့ကိုမရတာပါ"
"ShiYeonကိုတွေ့ချင်တယ်"
Sehun၏ အကျႋီခါးစကိုဆုပ်ကိုင်လာပြီး တိုးဖွဖွဆိုလိုက်
သည့်စကားကြောင့် Sehunမှာ Luhanကိုငုံ့ကြည့်ဖြစ်
သွားသည်။ နီရဲနေသည့်ပါးနှစ်ဖက်သည် တယုတယထွေးပွေ့ပစ်ချင်စရာကောင်းပါသော်လည်း Sehun အရဲမကိုးလေမိ။
Yi Xingကတော့ Luhanစကားကြားပြီးသက်ပြင်းချ
သည်။ ထို့နောက် Sehunကို
"မူးလို့လျှောက်ပြောနေတာပါကွာ ပုံမှန်ဆို ShiYeonကအလုပ်များတာနဲ့ သုံးလလောက်မတွေ့လဲနေနေကြတာပဲ"
"FAကောင် မစာမနာနဲ့"
"ဟေ့ကောင် မင်း"
"နေပါဦး..…."
စကားများတော့မည့်ဟန်ဖြစ်နေရင်းမှ ခွက်ကိုကောက်
ကိုင်လိုက်ပြန်သည့် Luhanလက်ကိုSehunကတားလိုက်သည်။ ဒီတခေါက်တော့မကျေမချမ်းအကြည့်ခံရသည့်သူမှာ Sehunဖြစ်ပေမဲ့လဲ Sehunကပြုံးနေကာ
"ဒီခွက်ကထည့်ထားတာကြာပြီ မကောင်းတော့ဘူး
ကိုယ်အသစ်ထည့်ပေးမယ်နော်"
ချော့မော့သည့်လေသံနှယ်ပြောကာမှပင်တင်းတင်းဆုပ်
ထားသည့်ခွက်ကိုလွှတ်သည်။ Sehunက ထိုခွက်ကိုဘေးတွန်းလိုက်ပြီး အလားတူခွက်ဖြင့်ထည့်ထားသည့်ရေနွေးကြမ်းခွက်ကိုလှမ်းယူကာ Luhanလက်ထဲ ထည့်ပေးလိုက်သည်။
ရေနွေးကြမ်းကိုမော့သောက်လိုက်သည့်ဆရာသည် လည်ချောင်းထဲပူဆင်းသွားသည့်ဟန်ပင်လုပ်ပြကာ စားပွဲပေါ်ခေါင်းမှောက်သွားရှာလေသည်။
ထိုအခေါက်မှသာ Sehunမှာ သက်ပြင်းမောကိုချမိရ
တော့သည်။
"မင်းဗိုက်ဆာနေပြီမလား"
"ဟုတ်"
"ဘာထပ်မှာပေးရမလဲ"
"ရှိတာပဲစားတော့မယ်လေ ကြည့်ရတာ အစ်ကိုတို့စားထားပုံတောင်မရဘူး ရောက်တည်းကသောက်နေသလို
ပဲ"
"ဒီကောင်ပေါ့ကွာ"
Yi Xingက Sehunကို တူ ကမ်းပေးလာပြီး
လေသံလျော့လျော့ဖြင့်ဆိုသည်။
"ဆိုင်ထဲဝင်လာတည်းကသောက်မယ်ချည်းပဲ ငါ့အထင်
ShiYeonနဲ့စကားများလာပြန်တာထင်တယ်
ကောင်မလေးကမအားလို့မတွေ့နိုင်တာနဲ့ပဲနေမှာပေါ့"
"သြော်………"
Sehunက ပန်းကန်ပြားအလွတ်ထဲဟင်းတွေခပ်ထည့်
လိုက်ပြီးပေမဲ့ မစားနိုင်သေးပဲ အိပ်ပျော်သွားသည့်
Luhanကိုကြည့်နေဖြစ်သည်။ စားပွဲပေါ်ပါးအပ်ပြီး Sehunဘက်လှည့်လာသည့်မျက်နှာကလေးသည် အေးချမ်းလှသော်လည်း စုထားသည့်မျက်ခုးံများကိုတော့ဖြင့်Sehunဖယ်ခွာပစ်ချင်လှသည်။
"ShiYeonကဆိုးတယ်ကွ။ Luhanသူ့ကိုအရမ်းသဘောကျမှန်းသိတော့ဆိုးချင်တယ်"
Yi Xingက ဆက်ပြောနေခဲ့သည်။ Sehunမှာသာ
Luhanဆီကအကြည့်ကိုမခွာရက်နိုင်ခဲ့။
- သူကဆိုးသတဲ့လား ? ကိုယ် တယုတယနဲ့ချစ်ပြ
လို့တောင်မဝနိုင်တဲ့ခင်ဗျားအပေါ်ကိုလေ……။ -
"သူရဲ့ကျောင်းသားဘဝက ငါတို့ထက်ပိုအလုပ်ရှုပ်အလုပ်များတာမှန်ပေမဲ့ အထက်တန်းပြီးတည်းက Luhanသူနဲ့တွေ့ဖို့တော်တော်ခဲယဉ်းလာတာ တခါတလေ ငါတောင် သူတို့တွဲနေတယ်ဆိုတာမေ့တဲ့အထိပဲ
Luhanက အပေါင်းအသင်းနည်းတယ် ပြောရရင်
ငါနဲ့ShiYeonနှစ်ယောက်ကပဲ သူ့သူငယ်ချင်းတွေ။
အဟင်း ဒီကောင်ခုမှသာကြည့်ကောင်ရှုကောင်း
နဲ့နာမည်ကြီးလာတာကွ အလယ်တန်း အထက်
တန်းတောက်လျှောက် ပုလင်းဖင်မျက်မှန်တလက်မနဲ့ရုပ်ဆိုးကြီးလေ အေးတိအေးစက်နဲ့မို့ သူ့ကိုဘယ်သူမှလဲမခင်ချင်ကြဘူး
နောက်ပိုင်းကျငါကပန်းချီဘာညာစိတ်မဝင်စား
တတ်တော့Luhanက ShiYeonနဲ့ပိုတွဲဖြစ်သွားတာ
ကောင်မလေးက အဲ့တုန်းကတော့ Luhanကိုအားပေး
တတ်ပြီး အမြဲတတွဲတွဲနေခဲ့တာ………အဲ့ဒါကြောင့်လဲ Luhanကသူ့ကိုသဘောကျသွားတာဖြစ်မယ်။ မင်းမြင်တဲ့အတိုင်းသူကလှလဲလှတယ် တော်လဲတော်တယ်လေ။
ဒါပေမဲ့ Lee ShiYeonကသူ့နားဝိုင်းနေတဲ့သူတွေကြားထဲကမှ Luhan့ကိုရွေးခဲ့တာLuhanကတော့ အစတည်းက ShiYeonတစ်ယောက်တည်းရှိတာ။ တခုခုဖြစ်ကြပြီဆိုရင်Luhanဦးအောင်အလျှော့ပေးပစ်တာက အကျင့်တောင်ဖြစ်နေပြီ ဒါလဲဒီကောင်ကရူးပြီးပေနေတုန်းပဲ"
စကားတွေအများကြီးပြောဖြစ်သွားသည့်Yi Xingသည်
ပင်ပန်းသွားဟန်ဖြင့် ရေတခွက်ကောက်သောက်သည်။
ထိုအချိန်ထိ စားစရာများကိုတချက်မှမတို့ထိရသေးပဲ
Luhanကိုသာငေးကြည့်နေသည့် Sehunသည်
Yi Xingအသံကြားလိုက်ကာမှပင် ထိုစီနီယာဆီသို့
တချက်မော့ကြည့်ဖြစ်သည်။
"ငါဘာလို့မင်းကိုဒါတွေပြောပြနေတာလဲသိလား ?"
Sehunပြန်မဖြေမိ။ Yi Xingကတော့ သက်ပြင်းတချက်
ချပြီးဆိုလာသည်။
"မင်းအတွက်မတရားမှန်းသိပေမဲ့လဲ……………ဒီကောင့်
ကိုဂရုစိုက်ပေးပါ။ ထူးထူးဆန်းဆန်းပဲ သူကမင်းကိုတော့
ခင်တွယ်ရှာတယ် Sehun"
Yi Xingမျက်နှာကိုကြည့်နေရင်းကနေ Sehunအကြည့်
လွှဲလိုက်ပြီး Luhanကိုသာပြန်ကြည့်ဖြစ်သည်။ ထို့နောက်ပြုံးဖြစ်သည်။
"ကျွန်တော်သူ့ကိုသဘောကျတာအစ်ကိုသိတယ်မလား"
Yi Xingက ခေါင်းငြိမ့်သည်။ မျက်နှာသည်မရွှင်မပြဖြစ်နေသည့်အတွက် Sehunကပင် အားတင်းကာပြုံးပြ
လိုက်ပြီး
"နေ့တိုင်းနေ့တိုင်း ပိုင်ဆိုင်ချင်လာမိလို့ ကျွန်တော်အဆင်မပြေဘူး အစ်ကို။ ဒါပေမဲ့ သူ ကျွန်တော့်ကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သေချာသိလို့လောဘလဲမကြီးပါဘူး"
"Sehunရာ……"
"အစ်ကိုစိတ်ချပါ။ ကျွန်တော် Luhanကိုဂရုစိုက်ပါ့မယ်"
Yi Xingသည် ပြောပြီးကာမှ နောင်တရသွားရသည့်
မျက်နှာမျိုးဖြစ်သည်။ Sehunကသာ ပြန်လည်ပြုံးပြ
လိုက်ရပါပြီး ချထားလိုက်သည့်တူတစုံကိုပြန်ကိုင်ကာ
အေးစက်နေပြီဖြစ်သည့် ညစာကို တယောက်တည်းစား
ဖြစ်ခဲ့သည်။
ရင်ထဲလောင်နေရပါသော်လည်း Luhanသူ့အနားမှာ
အေးအေးချမ်းချမ်းရှိနေသည်ကိုသိရှိမိတိုင်း တချက်
တချက် နွေးထွေးရပြန်သည်။
သူကိုယ်၌ကိုက……ရူးမိုက်လိုက်ပါဘိ………။
To Be ConTinued………