The years I have loved him
By HanXun
522K 70.2K 10.2K
Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာဝရထက်နှစ်များစွာ)
All I want for Christmas is U
Act Twenty-nine
7.7K 1.1K 179
By HanXun
ဆင်ထားပေးပါသေးသည်။
သည်။
"Sehun "
"ဗျာ………"
"ဗိုက်ဆာပြီ"
"အဆင်သင့်ပါပဲ ခင်ဗျာ"
သည်။
"Sehun Sehun "
"အင်း…… ?"
"OK…"
လိမ့်မည်ဟုထင်ရပါသည်။
"အဟမ်း Sehun"
"ဗျာ ??"
ဖြတ်ချက်ချကာ
သည့်နောက် Luhanကလဲ
ကားခေါ်ပေးမယ်"
"အင်း……"
"အင်းပါ"
သည်။
"Hel…l"
ပြီ"
သည်။
ယောက်ျားရှိနေတယ်များထင်နေလား? မိုးလင်းတာနဲ့
လေး"
ပျောင်းရကာ
လိုက်ချေသေးသည်။
"စောင်RSတွေ"
"ဟေ့ကောင်……"
?? မင်းယောက်ျားဖို့ ခရစ်စမတ်လက်ဆောင်လေးပေးချင်
လို့ ??"
လွှတ်ထားပေးလိုက်သည်။ ပြောချင်တာပြောပါစေ။
သည်။
မြှောက်သွားပုံရသည်။
အင်္ကျီတွေဝယ်ပေးရအောင်လည်း ရိုးသည်ထင်သည်။
ရှိသူမဟုတ်ပါ။
"ဖဲပြားလေးဝယ်လိုက်"
"အင်း ?"
"လည်ပင်းမှာပတ်လိုက်"
"အမ်"
"ဟေ့ကောင်……"
လှသည်လေ။
"ဘာပြောဦးမလို့လဲကွာ …"
"………………Luhan"
"ShiYeon "
………………………………
ပါသည်။
"နေကောင်းလား ShiYeon"
မိလိုက်သည်။
Luhanရယ်"
သည်။
လက်ကိုဆုပ်ကိုင်ကာ
လဲငါ့ကိုပြောပြပါ"
မှားခဲ့တယ်"
သည်။
ပြီးသားဖြစ်သွားသည်။
မည့်သူမရှိတော့ပါလေ။
……^……
မထုတ်ရသေး။
ကာ
"Sehun……"
ဆိုင်းနေခဲ့ရသည်။
စတမ်းကြည့်ခဲ့မိသည်။
စားကြတော့မလား Luhan"
ကျောခိုင်းလိုက်သည်။
"တော်ပြီ"
သာပြေးတက်သွားမိသည်။
ဟုထင်နေသည်။
နေခဲ့သည်။
အား စိုက်ကြည့်မိသည်။
ကိုယ် ဘာပေးရမလဲ ?"
လာတယ် "
ပစ်မှုသာဖြစ်ပြီး
"Luhan "
ပါဦး"
ကြမ်းဖိသုတ်ပစ်ကာ
ထိုစကားဆိုပြီးသည့်အခါမှာ Luhanက ကျောခိုင်းထွက်
……………………………………
To Be ConTinued………
Happy New Year :3
ခရစ်စမတ်ရဲ့မနက်ခင်းမှာ နေရောင် သိပ်လင်းလင်းထင်းထင်းမဖြစ်ပဲရှိနေခဲ့သည်။
ညတည်းက ပြောထားခဲ့သည့်အတိုင်း Sehun က Luhan့အတွက် ချောကလက်ပူပူနှင့်ကွတ်ကီးချပ်များကိုမမေ့မလျော့ပြင်ဆင်ပေးသည့်အပြင် ဗိုက်မပြည့်မှာစိုးရိမ်သဖြင့် ကြက်ဥကိတ်မုန့်လုံးလေးများကိုပါ အရံသင့်ပြင်ဆင်ထားပေးပါသေးသည်။
Luhan မနိုးသေးသည့်အတွက် Sehunက ကော်ဖီကို
ဖျော်မထားသေးပဲ ဖျော်ဖို့အတွက်သာပြင်ထားသည်။
မနက်ရှစ်နာရီခွဲကာမှပင် အိမ်အပေါ်ထပ်တံခါးပိတ်လိုက်သံနှင့် ဝှားကနဲသမ်းလိုက်သံတို့ကြောင့် Sehunမတ်တပ်ထရပ်လိုက်ပြီး လှေကားရင်းဆီသွားလိုက်ပါသည်။
Sehun လှေကားနားကိုရောက်သည့်အခါ အားရပါးရ
လက်ဆန့်တန်းကာသမ်းနေပြန်သည့် Luhanသည်
အသမ်းရပ်သွားပြီး ပါးစပ်ကိုချက်ချင်းပိတ်ချပစ်လိုက်
သည်။
မနက်စောစောစီးစီး စနောက်မိလျှင်ကြည်လင်နေသည့်စိတ်ကလေးနောက်သွားမည်ကိုစိုးရိမ်ရသဖြင့် Sehunကငြိမ်ငြိမ်လေးနေကာ မသိချင်ယောင်ဆောင်လိုက်ရသည်။သို့ပေမဲ့လဲ သမ်းဝေနေသည့်ပုံကလေးက ချစ်စရာကောင်းလှသည့်အတွက် အနည်းငယ်တော့ ပြုံးမိရပါသေးသည်။
Luhanသည်လည်း အသမ်းလူမိသွားသဖြင့် ရှက်ကာ
ဆံပင်တွေကိုဆွဲဖွလို့ခေါင်းကုတ်ပြီး Sehunကိုပြုံးပြသည်။
ထို့နောက် လှေကားရင်းထိခပ်သွက်သွက်ဆင်းချလာကာSehunမျက်နှာကိုမော့ကြည့်ပါသည်။
"Sehun "
"ဗျာ………"
"ဗိုက်ဆာပြီ"
"အဆင်သင့်ပါပဲ ခင်ဗျာ"
Luhanက ရယ်လိုက်ပြီး မီးဖိုခန်းဆီလျှောက်သွားလိုက်သည်။ ကွတ်ကီးချပ်များနှင့်ချောကလက်ပူပူကိုမြင်တော့အပြုံးအရယ်တွေပိုတောက်သွားသည်။
ကလေးတွေက အစားမက်သည်ဆိုတာသိပ်မှန်သည်။
Sehun ကော်ဖီဖျော်ပေးဖို့ မီးဖိုနားပြန်လျှောက်သွား
သည်ကို Luhanက ကွတ်ကီးကိုကိုက်ရင်းမှ တောက်
လျှောက်လိုက်ကြည့်သည်။ ပါးစပ်တလှုပ်လှုပ်ဖြင့်ဝါးရင်းသူ့ကိုအဆက်မပြတ်ကြည့်နေသည့်Luhanအား Sehunကလည်း ပြန်မော့ကြည့်သည့်အခါ ကွတ်ကီးအဝါးမပြတ်သည့်ကောင်လေးက သွားတွေပေါ်အောင်ပင်ရယ်ပြလာသည်။ ချောကလက်ဖတ်လေးအောက်သွားမှာကပ်နေတာမြင်တော့ Sehunက မျက်နှာအောက်ငုံ့ချလို့ ရယ်လိုက်မိသေးသည်။
ဒီတမနက်လုံးတော့ဖြင့် ကလေးငယ်က ချစ်ဖို့ကောင်း
အောင်နေနေချေသည်။
ချောကလက်ပူပူပေါ်အာရုံရောက်သွားသည့်ကောင်လေး
သည် Sehunကို ကြည့်မနေတော့ပဲ ချောကလက်ပူပူ
ကိုမှုတ်သောက်နေသည်။ Sehun ကော်ဖီဖျော်ပြီးသွား
သည့်အခါ ရေတခွက်ပါခပ်လို့ယူလာပြီး ထမင်းစားပွဲနား
ပြန်လာလိုက်သည်။
ရေတဖန်ခွက်နှင့်ကော်ဖီခွက်ကို ယှဉ်တွဲချပေးလိုက်သည့်အခါ ကွတ်ကီးစား၍သွားကြားညှပ်သည်ဆိုလို့ Luhanက ရေကိုဦးအောင်မော့သောက်သည်။ ရယ်ပြလာပြန်သည့်ကောင်လေးရဲ့ သွားညီညီလေးတွေ ပကတိပြန်ဖြူဖွေးသွားတာကို တွေ့ရသည့်နောက် Sehunကပြုံးသည်။
"ကိုယ်တို့ညစာထွက်စားကြမလား ?"
"ဘယ်မှာလဲ ?"
"ခင်ဗျားကြိုက်တဲ့ဆိုင်"
Luhanက ကိတ်မုန့်လုံးလေးကိုကိုက်စားလိုက်ရင်း စဉ်း
စားနေသည်။ တလှုပ်လှုပ်ဝါးနေသည့်ပါးစပ်လေး
ဘေးထောင့်မှာ ကပ်ကျန်နေသည့်ကွတ်ကီးမှုန်လေးများကို Sehunက သာသာယာယာလက်ဖြင့်ဖယ်ပေးနေလိုက်သည်။
မိနစ်တော်တော်ကြာကြာစဉ်းစားပြီးသည့်နောက်မှာ Luhanက ခေါင်းခါလိုက်ပြီး
"ဒီနေ့ညလူတွေအရမ်းများနေမှာ ကျွန်တော် အပြင်
မထွက်ချင်ဘူး အိမ်မှာပဲစားရအောင်လေ ကျွန်တော်ဝိုင်းကူပေးမယ် "
"ကောင်းပြီလေ ခင်ဗျားဘာစားချင်လဲ ?"
တချက်တွေဝေနေစရာမလိုပဲ Luhanက သူစားချင်သည်များကို တတောက်တောက်ရွတ်သည်။ အနှစ်သက်ဆုံးစားစရာတွေကိုပဲ Luhanက အာသီသရှိနေသည့်အတွက်အရင်တည်းကLuhanကြိုက်တတ်သည်များကိုသိနေပြီးချက်ပြုတ်တတ်အောင်သင်ထားသည့်Sehunအတွက်တော့ အပမ်းကြီးလှသည်မဟုတ်။
ခေါင်းတညိမ့်ညိမ့်ဖြင့် Luhanစားချင်သည်များကို လိုက်
မှတ်ထားလိုက်ပြီး Luhan့ကိုသာကြည့်နေလိုက်သည်။
စဉ်းစားလိုက် ပြောလိုက်ဖြင့် ခုနှစ်မျိုးလောက်ရွတ်ပြီး
သည့်အခါမှာတော့ Luhanရပ်သွားပြီး တော်ပြီဆိုကာ
ကော်ဖီခွက်ကိုဆွဲယူသည်။ Sehunကချက်ချင်းထသွား
ပြီး ရေခဲသေတ္တာဆီလျှောက်သွားကာ ချက်ပြုတ်ဖို့အတွက်ပစ္စည်းအစုံအလင်ရှိရဲ့လား စစ်ဆေးကြည့်နေပါသည်။
"Sehun Sehun "
"အင်း…… ?"
"ကျွန်တော်တို့သင်တန်းနားကcafeလေ ။
အဲ့ကချောကလက်ကိတ်လေးလဲစားချင်သေးတယ်"
"ကိုယ်တို့ 3နာရီလောက်ကျသွားဝယ်မယ်လေ"
"OK…"
အိုခေလိုက်ပြီးကာမှ Luhanသည် ပစ္စည်းများထုတ်ကာတကုတ်ကုတ်အလုပ်ရှုပ်နေသည့် Sehunကို မျက်စိဒေါက်ထောက်လိုက်ကြည့်မိပြန်ပါသည်။
ကြည့်နေရင်းနဲ့မှ အတွေးတစ်ခုက ဝင်လာရသည်။
နောက်ပြောင်ပြောခဲ့တာမှန်ပေမဲ့ Sehunအတွက်
လက်ဆောင်တစ်ခုလောက်ဝယ်ပေးချင်မိသည်။
သူ့အတွက်ဆို Sehunက ဖြည့်ဆည်းပေးလွန်းသည်
မလား ? တန်ဖိုးကြီးလွန်းသည့်ပစ္စည်းမဟုတ်လျှင်တောင်Sehunက သူပေးသည့်လက်ဆောင်ဆိုလျှင် သဘောကျလိမ့်မည်ဟုထင်ရပါသည်။
"အဟမ်း Sehun"
"ဗျာ ??"
Sehunက မော့မကြည့်ဖြစ်ပဲ Luhanခေါ်သည်ကိုထူး
လိုက်သည်။ ကိစ္စတစ်ခုဆို မြန်မြန်သွက်သွက်ဆုံးဖြတ်လေ့ရှိသည့် Luhanက ဒီတခါမှာလည်း ခပ်သွက်သွက်ဆုံးဖြတ်ချက်ချကာ
"ကျွန်တော်မေ့နေတာ ကလေးတွေအတွက် စုတ်တံလေးတွေဝယ်ပေးဖို့လေ ဒီနေ့ ကျွန်တော်ဝယ်နေကျဆိုင်မှာsalesလဲချတော့လေ အဲ့ဒါသွားဝယ်မယ်သိလား "
ကောက်ခါနင်ခါထပြောလိုက်သည့်စကားကြောင့် Sehun ကမော့ကြည့်လာသည်။ Luhanက ကော်ဖီခွက်ကိုအနားဆွဲယူလိုက်ပြီး တငုံမော့သောက်လေသည်။
"ရပါတယ် သွားလေ ကိုယ်လိုက်ပေးဖို့လိုသေးလား"
"အာ………မလိုတော့ဘူး ရတယ် ရတယ် ကျွန်တော်
တစ်ယောက်တည်းသွားဝယ်လိုက်မယ်"
ထိုင်နေရာကနေဗြုန်းကနဲမတ်တပ်ထရပ်လိုက်သည့်အခါ
Sehunပါလန့်သွားပုံရသည်။ Luhanကအလိမ်ပေါ်မည်
ဆိုးသဖြင့် မြန်မြန်ဆန်ဆန်ပြေးထွက်သွားပြီးကာမှ Sehunနားပြန်လျှောက်လာသည်။ ပစ္စည်းတွေစစ်ဆေးကြည့်နေသည့်Sehunက ပြန်မော့ကြည့်ကာပြုံးပြလာသည့်နောက် Luhanကလဲ
"ကျွန်တော် မြန်မြန်ပြန်လာခဲ့မယ်သိလား ? အာ…
ကိတ်လဲကျွန်တော်ပြန်လာမှတူတူသွားဝယ်မယ်နော်"
"ဟုတ်ပါပြီဗျာ အဝတ်အစားသွားလဲလေ ကိုယ် အငှား
ကားခေါ်ပေးမယ်"
"အင်း……"
မသွားပဲရပ်စောင့်နေသေးသည့် LuhanကိုSehunကို
အငှားကားခေါ်ပြီးနောက်မှာပြန်မော့ကြည့်ရပြန်သည်။
ကောင်ငယ်လေးပြုံးစိစိလုပ်နေသည်ကိုကြည့်ပြီး Sehun
သည်လည်း ပြုံးလာလျက် ဆံပင်တွေပွနေသည့်ခေါင်းကို
တချက်လောက်ဖွဖွလေးဖိလိုက်ကာမှပင် Luhanက
"သွားတော့မယ်နော် မြန်မြန်ပြန်လာခဲ့မယ်"
"အင်းပါ"
ခေါင်းလေးတချက်လောက်အပုတ်ခံပြီးတော့မှသာ
Luhanက အပြင်ကိုထွက်ဖို့ပြင်တော့သည်။
လက်ဆောင်သွားဝယ်သည်ဆိုတာကို မသိစေလိုသဖြင့်
လိမ်လိုက်ရပါသော်လည်း အမှန်က ဘာဝယ်ပေးလို့
ဝယ်ပေးရမယ်မှန်း ကားပေါ်ရောက်သည်ထိLuhanမသိသေး။ နီးစပ်ရာ ဈေးဝယ်စင်တာတစ်ခုကို မောင်းခိုင်းပြန်သည့်အခါ ပိတ်ရက်ကာလဖြစ်သဖြင့် လမ်းကပိုပိတ်နေချေသည်။ လမ်းပေါ်မှာတင် တနာရီခွဲလောက်အချိန်ကုန်ရသည့်အတွက် Luhan့စိတ်ကလေးညှိုးနွမ်းစပြုလာသည်။
စင်တာကိုရောက်တော့လဲ လူကခပ်ရှုပ်ရှုပ်ပင်။ ဟိုမှဒီမှအလုအယက် ဈေးချနေကြသည်များကိုကြည့်ပြီး Luhanခေါင်းတွေမူးနောက်လာသည်။ ထို့ကြောင့် ကားပေါ်မှာတုန်းက ဖုန်းဆက်သည်ကို ဖုန်းမကိုင်သည့် Yi Xing ဆီနောက်တခေါက်ပြန်ဆက်သည်။
ဖုန်းခေါ်နေသည့်၄၅စက္ကန့်ကို Luhan မှာ စိတ်မရှည်ချင်။ဒီတခါလည်းမကိုင်လျှင် messageပို့ပြီးဆဲပစ်လိုက်ဦးမည်ဟု တေးထားမှပင် Yi Xingကဖုန်းကိုင်လာလေသည်။
"Hel…l"
"Helloမနေနဲ့ ငါဖုန်းဆက်တာ အခါတရာလောက်ရှိ
ပြီ"
စူးပြီးထွက်လာသည့်Luhan့အသံကြောင့် ဘေးပတ်ဝန်းကျင်ကပါ ကြည့်လာသည်။ သို့ပေသိ Luhanကဂရုမစိုက်။ ဖုန်းကို ဘယ်ဘက်နားမှညာဘက်နားသို့ပြောင်းလိုက်ပြီး Yi Xingပြန်ပြောလာမည်ကိုစောင့်နေလိုက်သည်။
"Oh My God. Wo de Tian ငါ့ကို မင်းလို မနက်
မိုးလင်းတာနဲ့ရေမီးအစုံပြင်ပေးပြီးဂရုတစိုက်ပြုစုပေးမဲ့
ယောကျ်ားရှိနေတယ်များထင်နေလား? မိုးလင်းတာနဲ့
မျက်လုံးဖွင့်ရတယ် မျက်နှာသစ်ရတယ် စားဖို့သောက်ဖို့
ပြင်ရဆင်ရတယ် စတူဒီယိုသွားဖို့လဲပြင်ရတယ် ခုတောင်
ရိုက်ကွင်းရှိမနေလို့မင်းဖုန်းကိုကိုင်နိုင်တာ သိပြီလား ငနာလေး"
Luhanပစ်လိုက်သည့်တလုံးကြောင့် Yi Xingဘက်မှ
ပြန်လည်ချေပပြောဆိုလာသည်မှာစကားအလုံးပေါင်း
သောင်းခြောက်ထောင်ဖြစ်နေသည့်အပြင် မှန်ကလည်း
မှန်နေသည့်အတွက် Luhan ချောင်းလေးအသာဟန့်ပြီးငြိမ်နေလိုက်ရသည်။ Yi Xingသည်ကား တစ်မိနစ်
လောက်ဆက်တိုက်ပြောဆိုပြီးကာမှ Luhan့ကို ဘာကိစ္စနဲ့ဖုန်းဆက်တာလဲဟု မေးဖော်ရလေသည်။
ထိုအခါမှပင် Luhanသည်လည်း လေသံလေးကိုပျော့
ပျောင်းရကာ
"ငါ Sehunကို ခရစ်စမတ်လက်ဆောင်ဝယ်ပေးချင်လို့
ဘာဝယ်ပေးရင်ကောင်းမလဲ "
Yi Xing ဘက်ကနေ အခုမှတကယ် သုံးမိနစ်လောက်
ငြိမ်သက်သွားသည်။ Luhanမှာ စောင့်ရတာကြာလွန်း
လှသဖြင့် Yi Xingစကားပြောမလာခင် မြင်နေရသည့်
Bubble Teaဆိုင်သို့သွားကာ Bubble Teaတခွက်မှာ
လိုက်ချေသေးသည်။
"စောင်RSတွေ"
"ဟေ့ကောင်……"
"ပြောမှာပဲ ငါ့ကိုညှင်းဆဲနေတဲ့အတိုင်းပဲ အတွဲတွေပျော်
မြူးနေတဲ့ခရစ်စမတ်မှာ Jun Myeonကဂျူတီရှိတယ်ဆို
ပြီး ငါ့ကိုဆေးရုံတောင်မလာခိုင်းဘူး မင်းသိလား ? ငါက
ကြေကွဲနေတာကို မင်းက ဖုန်းမရမကဖုန်းဆက်ပြီး ဘာ
?? မင်းယောကျ်ားဖို့ ခရစ်စမတ်လက်ဆောင်လေးပေးချင်လို့ ??"
စိတ်လှုပ်ရှားလွယ်နေသည့် သူငယ်ချင်းအား Luhan
လွှတ်ထားပေးလိုက်သည်။ ပြောချင်တာပြောပါစေ။
တကယ်တော့ Luhan မှတ်မိနေသည့် Yi Xingပုံစံ
ကလေးက ရည်းစားသနာကိစ္စဘာညာတွေးပူမနေပဲ
သီချင်းဆိုရ ကရ လျှင်ပျော်နေတတ်တဲ့ဆယ်ကျော်သက်လေးဖြစ်သည်။ ဟုတ်ပါသည်လေ။ အချိန်တွေလဲ ကြာလာပြီး အသက်အရွယ်ကလဲ ငယ်မနေတော့ဘူးဆိုသည့်အခါကျ ရည်းစားအသည်းအသန်လိုချင်နေတာ သဘာဝကျပါသည်လေ။ Luhanတို့လို အတွဲတွေကို မရှုစိမ့်ဖြစ်နေတာလဲ ဖြစ်တတ်ပါသည်လေ။ ထို့ကြောင့်ပင် Luhanက သဘောထားကြီးကြီးနဲ့နားထောင်ပေးနေခြင်းဖြစ်သည်။
သို့သော်လည်း ကိုယ့်အရေးကရှိနေသေးသည့်အတွက်
Yi Xing ပြောလို့မောသွားသည့်အချိန်ကျမှပင်
"အဲ့ဒါဆို ငါဘာဝယ်ပေးရမလဲ ?"
နောက်ဆုံးမှာတော့ Yi Xingက Luhanကိုလက်
မြှောက်သွားပုံရသည်။
"ယောက်ဖက မင်းဘာဝယ်ပေးပေးကြိုက်မှာပါဟ"
"အသုံးတည့်တာလေးလဲ ဖြစ်ချင်တယ်ကွာ
အမှတ်တရလေးလဲဖြစ်ချင်တယ်"
Bubble Teaသောက်ရင်းနဲ့မှ Luhanသည် အဝတ်
အစားရောင်းသည့်ဆိုင်ထဲဝင်လိုက်သည်။ နက်ခ်တိုင်တွေ၊အကျႋီတွေဝယ်ပေးရအောင်လည်း ရိုးသည်ထင်သည်။
နာရီကျပြန်တော့လဲ Sehunက နာရီပတ်လေ့ပတ်ထ
ရှိသူမဟုတ်ပါ။
Yi Xing အကြံပေးလာသည့် ဦးထုတ်၊ခါးပတ်၊မာဖလာ၊
အနွေးထည်တို့ကို အကြောင်းပြချက်မျိုးစုံဖြင့်ငြင်းပြီး
သည့်နောက်မှာတော့ Zhang Yi Xingက
"ဖဲပြားလေးဝယ်လိုက်"
"အင်း ?"
"လည်ပင်းမှာပတ်လိုက်"
"အမ်"
"ယောက်ဖကိုအခန်းထဲခေါ်သွားပြီး……"
"တော်လိုက်တော့ Zhang Yi Xing"
"ငါကမင်းအတွက်လက်ဆောင်ပါပဲလို့ပြော"
"ဟေ့ကောင်……"
Luhanက အတွေးထဲထိပုံဖော်ကြည့်လိုက်မိကာ
Yi Xingကိုအော်တော့သည်။ Yi Xingလိုအတွေးမျိုးနဲ့
မဟုတ်ပေမဲ့ သူလဲ ညက ကိုယ်တိုင်ကလက်ဆောင်ပါ
လို့ပြောခဲ့လိုက်သေးတယ်မလား ? သူကတော့တကယ့်
ကို တကယ်သဘောရိုးနဲ့ပြောလိုက်ပေမဲ့ Yi Xingလို
အတွေးမျိုးဝင်လာသည့်နောက်မှာတော့ အေးနေသည့်
ဝန်းကျင်မှာတကိုယ်လုံးကိုပူတက်လာရတော့သည်။
"တော်ပြီ ဟေ့ကောင် ဖုန်းချလိုက်တော့မယ်"
Luhan ဖုန်းချပစ်လိုက်ပြီး နီးနားစပ်ကခုံမှာ ခဏဝင်
ထိုင်လိုက်ရသည်။ စိတ်အနည်းငယ်ငြိမ်သွားကာမှ
လက်ဆောင်ကိစ္စကိုဆက်စဉ်းစားရပါသည်။
ပန်းစည်းပဲပေးရမလား တွေးတောရပေမဲ့ ထိုအကြံကို
ချက်ချင်းပယ်ချလိုက်သည်။ သူတို့ခြံထဲကပန်းတွေကပို
လှသည်လေ။
စဉ်းစားရင်းခေါင်းခြောက်နေရသည့်အချိန်မှာပင်ဖုန်းထပ်ဝင်လာသည့်အတွက် Yi Xingပြန်ခေါ်နေသည်အမှတ်ဖြင့် Luhan ဖုန်းကိုင်လိုက်ပြန်သည်။
"ဘာပြောဦးမလို့လဲကွာ …"
"………………Luhan"
ရှိုက်သံတစွန်းတစဖြင့်ထွက်လာသည့် ခေါ်သံကြောင့်
Luhan လန့်သွားရပြီးမတ်တပ်ပင်ထရပ်မိသည်။ သူ့ဆီ
ဖုန်းခေါ်မည့် အမျိုးသမီးဆို၍ မိခင်ဖြစ်သူနှင့် Lee ShiYeonသာရှိသည့်အတွက်
"ShiYeon "
"ငါနဲ့ခဏလာတွေ့ပေးလို့ရမလား Luhan"
………………………………
တောင်းဆိုသည်ကို Luhanမှာ အမှန်ငြင်းနိုင်စွမ်းမရှိခဲ့။
ရှိုက်သံများဖြင့် ငိုနေခဲ့ပြန်သည့်အခါ Luhanမှာ ပို၍
ငြင်းရခက်ရသည်။ ShiYeonချိန်းဆိုသည့်နေရာက အရင်သူတို့တွေ့ဖူးသည့်ကော်ဖီဆိုင်ပင်ဖြစ်ပြီး Luhanရောက်သွားသည့်အခါတွင် ShiYeonက ရောက်နှင့်နေပြီ။
အပြင်ဘက်သို့ ငေးကြည့်နေသည့် ShiYeonပုံစံက
အဝေးကကြည့်ရုံနှင့်ပင် ညိုးငယ်နေမှန်းသိသာလှသည်။
Luhan သက်ပြင်းချမိလျက် အနားသို့တိုးကပ်သွားမိ
ပါသည်။
ခြေသံဖွဖွကိုပင် သူမကကြားသည်ထင်သည်။ စားပွဲ
နားရောက်လာသည့်Luhan့ကိုမော့ကြည့်ကာ ပြုံးပြ
လိုက်သည့်ပုံစံသည် အားမရှိလှပါ။
"နေကောင်းလား ShiYeon"
မတွေ့ရသည့် ရက်သတ္တတွေအတွင်းမှာပင် ShiYeonပုံစံက သိသိသာသာ ပိန်ကျသွားခဲ့သည်။ ငိုထားဟန်ရှိသော မျက်လုံးများကနီရဲနေပြီး မျက်နှာကလန်းဆန်းခြင်းအလျင်းမရှိခဲ့။
Luhan၏မေးလိုက်သံကို ကြားသည့်အခါမှာ ပထမအစ
၌ တချက်အားတင်းပြုံးပြလိုက်ပြီးကာမှ နောက်ခေါင်း
ငိုက်စိုက်ကျသွားပြီး ခေါင်းခါယမ်းသည်။
မျက်ရည်တွေစီးကျလာသည့် ShiYeonကြောင့် ခြေ
မကိုင်မိလက်မကိုင်မိဖြစ်သွားရသူက Luhanဖြစ်ပြီး
ShiYeonထိုင်နေသည့်အနားသို့အလိုလိုတိုးကပ်သွား
မိလိုက်သည်။
"ShiYeon ဘာဖြစ်လို့လဲ ? ဘာဖြစ်လာလို့လဲ ?"
"ငါတော့ ……… နင့်ဝဋ်တွေပြန်လည်နေပြီထင်တယ်
Luhanရယ်"
ပြောနေသည့်စကားများကိုနားမလည်နိုင်သော်လည်း
ထိုကလေးမငိုနေသည်ကိုမြင်သည့်အခါ Luhan စိတ်
မကောင်းဖြစ်သွားရသည်ကအမှန်ဖြစ်သည်။ Shi Yeon
နှင့်သူက ငယ်ငယ်တည်းကအတူကြီးပြင်းလာခဲ့သည့်သူ
များဖြစ်ပြီး ကြားထဲကကိစ္စများဖယ်လိုက်လျှင်တောင် ShiYeonက သူ့အတွက်ညီမလေးလိုပင်ဖြစ်နေခဲ့သူဖြစ်သည်။
ယခုလည်း တောင်းပန်စကားကိုသာ သွင်သွင်ပြောနေခဲ့
သည့် ShiYeonကိုကြည့်ပြီး Luhanသက်ပြင်းသာချ
မိသည်။ ထို့နောက် စားပွဲပေါ်တင်ထားသည့်ShiYeon
လက်ကိုဆုပ်ကိုင်ကာ
"နင်ဘာတွေပြောနေလဲ ငါတစ်ခုမှနားမလည်ဘူး
ShiYeon ဒါပေမဲ့ မငိုပါနဲ့ မငိုပဲနဲ့ဘာတွေဖြစ်ခဲ့
လဲငါ့ကိုပြောပြပါ"
"ငါတောင်းပန်ပါတယ် ငါ နင့်အပေါ်မှာ အရမ်း
မှားခဲ့တယ်"
ငိုနေသည့်သူကို ဘယ်လိုနှစ်သိမ့်ပေးရမည်မှန်း Luhanတကယ်မသိ။ လေပူတချက်မှုတ်ထုတ်မိကာ စားပွဲပေါ်ချထားသည့်သူမလက်ကိုဆုပ်ကိုင်ထားရင်းနဲ့မှ ပခုံးတချက်ကိုဖွဖွပုတ်ပေးမိသည်။ အငိုတိတ်သွားရင်တော့ဖြင့် သူ့ကိုအကြောင်းစုံပြောပြပေးဖို့မျှော်လင့်ပါသည်။
တချိန်လုံးShiYeonမျက်နှာကို ငုံ့ကြည့်နေမိသော Luhanသည် တိုက်ဆိုင်စွာပင် ဆိုင်အပြင်ဘက်သို့
အကြည့်ရောက်မိသည့်အချိန်မှာ ချက်ချင်းဆိုသလို
ကျောခိုင်းပစ်လိုက်သည့်ကျောပြင်တစ်ခုကိုမြင်လိုက်ရ
သည်။
ရင်းနှီးနေသည့်ကျောပြင်ကြောင့် Luhan့ရင်တွေ လှုပ်ခါလာသည်။ ထိုသူသည် ချက်ချင်းဆိုသလိုပင်ဆိုင်ရှေ့ကထွက်သွားသည့်နောက်မှာ Luhanအလိုလိုမတ်တပ်ရပ်ပြီးသားဖြစ်သွားသည်။
ထို့နောက်မှာ ShiYeonကိုလည်း မနှုတ်ဆက်နိုင်ပဲ
ဘာကိုမှလဲ ထည့်မတွက်နိုင်ပဲ Luhan ဆိုင်ပြင်သို့သာ
ပြေးထွက်ခဲ့လိုက်သည်။ သို့သော်လည်း Luhanမြင်ခဲ့
သည့်သူကိုမတွေ့လိုက်ရတော့။ အမြန်မောင်းထွက်သွား
ခဲ့သည့်ကားတစီးကိုသာမြင်လိုက်ရပြီး Luhan နံပါတ်
တစ်ခုကိုခေါ်ဆိုလိုက်ပါသော်လည်း Luhan့ဖုန်းကိုဖြေဆိုမည့်သူမရှိတော့ပါလေ။
……^……
Luhan အိမ်သို့အမြန်ဆုံးပြန်လာဖြစ်ခဲ့သည်။ အိမ်ထဲ
ဝင်ဝင်ချင်းမှာပင် အေးစိမ့်နေသည့်အငွေ့အသက်ဖြင့်
ဖြစ်သည်။ အရာအားလုံးတိတ်ဆိတ်နေခဲ့ပေမဲ့ မီးဖိုခန်း
ထဲကထွက်လာသည့်အသံတသံကြောင့် Luhan မီးဖို
ခန်းထဲအပြေးအလွှားဝင်သွားမိသည်။
ဝင်ပေါက်ကိုကျောပေးကာရပ်နေသည့် Sehunသည်
တစုံတရာကိုချက်ပြုတ်နေဟန်ရှိသည်။ ထမင်းစားပွဲပေါ်
မှာတော့ ကိတ်မုန့်ဘူးရှိနေပြီး ကိတ်မုန့်မှာဘူးအထဲမှနေမထုတ်ရသေး။
Luhan သက်ပြင်းချလိုက်ပြီး Sehunကိုတဖန်ပြန်ကြည့်
ကာ
"Sehun……"
"အော် ? ခင်ဗျားပြန်ရောက်ပြီလား ??"
Luhanကိုလှည့်ကြည့်မလာသေးပေမဲ့ Sehunပုံစံသည်
အေးအေးဆေးဆေးရှိလှပါသည်။
ကော်ဖီဆိုင်ကိုမရောက်ခဲ့သလိုမျိုး ၊ Luhan နှင့် ShiYeon ကိုအတူတူတွဲမတွေ့ခဲ့သလိုမျိုး သိပ်ကို
အေးအေးဆေးဆေးရှိလွန်းလှပါသည်။
Luhan ဘာမှမေးနိုင်ခြင်းပြောနိုင်ခြင်းမရှိတော့ပဲငြိမ်
သက်နေမိသည့်အချိန်မှာပင် Sehunက မီးဖိုကိုပိတ်ချ
လိုက်ပြီး ပန်းကန်တချပ်ကိုယူကာ ဟင်းပွဲပြင်နေဟန်တူသည်။ ဟင်းထည့်ပြီးသည့်ပန်းကန်ကို ဘေးနားမှာချပြီးသည့်တိုင် Sehunက Luhanရှိရာဘက်သို့လှည့်မလာခဲ့သေးသည့်အတွက် Luhan စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေခဲ့ရသည်။
မိနစ်များစွာကြာသည့်အခါ Sehunသည် ပန်းကန်ကိုင်
လို့ နောက်လှည့်လာသည်။ Luhan့ကိုမော့မကြည့်ပါ
သော်လည်း Luhanက ထိုသူ၏မျက်နှာကို မျက်စိမလွှဲစတမ်းကြည့်ခဲ့မိသည်။
"Sehunကသွေးအေးလိုက်တာ"
"သိပ်တော့နောက်မကျသေးဘူး
စားကြတော့မလား Luhan"
အနည်းငယ်နီရဲနေသည့်မျက်လုံးများကိုမြင်လိုက်ရသည့်
အချိန်မှာ Luhanနောက်သို့ခြေလှမ်းအလိုလိုဆုတ်
မိသည်။ ချက်ချင်းမျက်နှာလွှဲပစ်လိုက်ပြီး Sehunကိုသူကျောခိုင်းလိုက်သည်။
"ကျွန်တော်မစားတော့ဘူး ပင်ပန်းနေလို့နားချင်ပြီ"
ထိုညစာကိုပြင်ဆင်ပေးဖို့အတွက် Sehunတမနက်လုံး
အလုပ်ရှုပ်နေခဲ့မည်ကိုLuhanသိသော်လည်း ထိုသို့ပင်
ငြင်းလိုက်မိသည်။ ထင်သည့်အတိုင်းပင် Sehunက
အပြစ်တင်စကားတစ်ခွန်းမှမဆိုပါပဲ
"ဒါဆို ခင်ဗျားနားလိုက်လေ ကိုယ်ဒါတွေသိမ်းပြီးရင်
တက်လာခဲ့မယ် သံပုရာရည်လေးသောက်လိုက်မလား"
"တော်ပြီ"
Luhan တကယ်ကိုကျောခိုင်းပစ်လိုက်ပြီး အပေါ်ထပ်သို့
သာပြေးတက်သွားမိသည်။
အပေါ်ထပ်ရောက်ရောက်ချင်းမှာပင်ကုတင်ပေါ်သို့
လှဲချပစ်ပြီး မျက်လုံးအစုံကိုလက်ဖြင့်အုပ်မိပါသည်။
အချိန်ကညနေတောင်မစောင်းတတ်သေးပေမဲ့ Luhan
အခုလက်ရှိဖြစ်ပျက်နေသည်များနှင့် ခဏဝေးသွားဖို့
အတွက်ဆိုအိပ်ပစ်လိုက်သည်က အကောင်းဆုံးဖြစ်မည်ဟုထင်နေသည်။
ဟုတ်သည်။ ထို့ကြောင့်ပင် Luhan မျက်စိများကိုမရမကမှိတ်ကာ ကြိတ်မှိတ်လို့အိပ်ပစ်လိုက်သည်။
အိပ်ပျော်လုခါနီးဆဲဆဲမှာပင် သူ့ခြေထောက်ကိုလာထိ
တွေ့ပြီး ခြေအိတ်များကိုချွတ်ယူသွားခြင်းနှင့် ကိုယ်ပေါ်သို့ စောင်ပါးတထည်အုပ်ပေးလိုက်ခြင်းအား သိလိုက်ပါသော်လည်း ငြင်းဆန်ဖို့အားမရှိတော့သည့် Luhanသည် လျစ်လျူသာရှုခဲ့လိုက်ပါသည်။
အတိအကျညနေစောင်းအချိန်မှာ အိပ်ပျော်သွားသည့်
Luhan တရေးနိုးလာသည့်အချိန်သည် မနက်၂နာရီဖြစ်
နေခဲ့သည်။
လှဲနေရာမှ ငုတ်တုတ်ထထိုင်မိသည့်အခါ ကိုယ်ပေါ်လွှားထားသည့် စောင်ပါးတထည်သည် လျှောကျသွားလေသည်။ ထိုစောင်ကို ကောက်ကိုင်ကြည့်လိုက်ပြီး နံဘေးသို့ စောင်းကြည့်လိုက်သည်။ ပြန့်ပြူးနေသော ကုတင်တဘက်ခြမ်းတွင် ယနေ့ညအတွက် မည်သူတစ်ဦးတစ်ယောက်မှ လာရောက်အိပ်စက်ထားသည့်ပုံမပေါ်ပါ။
Luhan ချက်ချင်းအကြည့်လွှဲလိုက်ပြီး နှစ်ဂဏန်းမှာ
တန့်နေသည့်မျက်နှာချင်းဆိုင်နံရံပေါ်မှနာရီလက်တံများ
အား စိုက်ကြည့်မိသည်။
တအိမ်လုံးသည်တိတ်ဆိတ်ငြိမ်သက်ကျနေသည်။ Luhanကုတင်ပေါ်မှဆင်းလိုက်ပြီး အခန်းတံခါးကိုဆွဲ
ဖွင့်ကာ အောက်ထပ်သို့ဆင်းလိုက်သည်။
အောက်ထပ်တထပ်လုံးသည်လည်း အမှောင်ကျနေခဲ့
ပေမဲ့ အလင်းရောင်ထွက်နေသည့် ထမင်းစားခန်းဆီ
သို့ Luhan လျှောက်သွားလိုက်သည်။
"အာ Luhan တရေးနိုးလာတာလား ? ဘာလိုချင်လို့လဲ
ကိုယ် ဘာပေးရမလဲ ?"
ထမင်းစားပွဲထိပ်ဆုံးမှာထိုင်နေသည့် Sehunသည် Luhan့ကိုမြင်သည့်အခါ မတ်တပ်ထရပ်လာပြီး အနား
သို့လျှောက်လာမည်ပြုသည်။ သို့သော်လည်း သုံးလှမ်းလောက်လှမ်းအပြီးမှာ ရပ်တန့်သွားခဲ့လေသည်။
စားပွဲအကျယ်ကြီးထက်တွင် ယမကာထည့်ထားဟန်တူ
သောခွက်တစ်ခွက်ကလွဲပြီးရှင်းလင်းနေသည်။Luhan
Sehunမျက်နှာကိုမော့မကြည့်မိတော့ပဲ
"ကျွန်တော်ဒီနေ့ Sehunကိုလိမ်ပြီး အိမ်ကနေထွက်ခဲ့
တယ်။ သင်တန်းနားကကော်ဖီဆိုင်မှာ ShiYeonနဲ့တွေ့
လာတယ် "
Sehunသည် ဘာစကားတခွန်းမှ ဝင်ထောက်ပြမပြောဆို
ပဲငြိမ်သက်နေခဲ့သည်။ နောက်ဆုံးမှာLuhan သူ့မျက်နှာကိုမော့ကြည့်ခဲ့ပေမဲ့ ပြန်ရလိုက်သည်များက မျက်နှာလွှဲပစ်မှုသာဖြစ်ပြီး
"Sehun အဲ့ဆိုင်ကိုရောက်လာခဲ့တယ် ကျွန်တော်နဲ့
ShiYeonနီးနီးကပ်ကပ်ရှိနေတာကိုSehunမြင်ခဲ့တယ်"
Luhan ပြောအပြီး ခြေတလှမ်းတိုးလိုက်သည့်အချိန်မှာ
Sehunကခြေတလှမ်းဆုတ်သွားခဲ့သည်။ ထိုအချင်းအရာကိုတွေ့ရသည့်အခါ Luhanက ရယ်သည်။
"ဒီအချိန်မှာ Sehunမေးရမှာဘာလဲသိလား ? ခင်ဗျား
ဘာလို့ကိုယ့်ကိုလိမ်တာလဲဆိုတာရယ် ခင်ဗျားနဲ့Lee
ShiYeonနဲ့ဘာလို့အဲ့လောက်နီးနီးကပ်ကပ်ရှိနေတာလဲ
ဆိုတာရယ်။ အဲ့ကျမှ ကျွန်တော်ကရှင်းပြမှာ ကျွန်တော်ကSehunကို ခရစ်စမတ်လက်ဆောင်ဝယ်ပေးဖို့အတွက်အပြင်ထွက်ချင်လို့Sehunကိုလိမ်ခဲ့တာ Sehunကိုပျော်သွားစေချင်လို့ အံ့သြသွားအောင်လို့ လက်ဆောင်တစ်ခုပေးချင်ခဲ့တာ မထင်မှတ်ပဲShiYeonကဖုန်းဆက်ခေါ်တယ် ငိုနေတာနဲ့ပဲ ကျွန်တော်လိုက်သွားလိုက်မိတာသူငိုနေတာနဲ့ နည်းနည်းလောက်ဖြစ်ဖြစ်နှစ်သိမ့်မှုရပါစေ
ဆိုပြီး ကျွန်တော်ချော့လိုက်မိတာ။ အဲ့လိုရှင်းပြချင်တာ
Sehunကိုအဲ့လိုရှင်းပြပြီး စိတ်မဆိုးဖို့ အထင်မလွဲဖို့
ကျွန်တော်ကပြောပြချင်တာ အဲ့ဒါကို Sehunသိလား ?"
"Luhan "
စကားတွေအများကြီးပြောလိုက်သည့်နောက်မှာ Luhan့
ရင်က နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှုမဝပင်ဖြစ်ကျန်နေခဲ့ရသည်။ မြင်လွှာတွေဝေဝါးလာခဲ့ပေမဲ့ Sehun ရှေ့တိုးလာသည့်အခါ နောက်သို့အလိုလိုပြန်ဆုတ်မိချေသည်။
"အိမ်ပြန်ရောက်တော့ Sehunကိုကြည့်ပြီး ကျွန်တော်
စိတ်တွေပိုရှုပ်ထွေးသွားတယ်။ အိမ်ကိုပြန်လာတဲ့လမ်း
တလျှောက် Sehunအထင်လွဲသွားမှာကို စိုးရိမ်လာခဲ့တဲ့ကျွန်တော်က အရူးကြီးလိုပဲ တကယ်အရူးကြီးလိုပဲ"
"Luhan ကိုယ်ပြောတာတချက်လောက်နားထောင်
ပါဦး"
"ကိုယ်ကသဝန်မတိုတတ်တာတွေ ခင်ဗျားကိုယုံကြည်
တာတွေ နားလည်ပေးနိုင်တာတွေကိုမပြောနဲ့ Sehun
ခင်ဗျားကိုချစ်ခဲ့တဲ့အတိတ်ကိုမမှတ်မိတဲ့ကျွန်တော်တောင်ခင်ဗျားနဲ့တခြားမိန်းမတစ်ယောက်နဲ့ပူးကပ်နေမယ်လို့တွေးမိလိုက်ရုံ ရင်ထဲပူတယ် ရင်ထဲနာတယ်။ ကျွန်တော်တောင်နာတတ်တယ် ခင်ဗျားကမနာတတ်ဘူးလား ဟမ်"
ပြောနေရင်းနဲ့မှ မျက်ရည်တွေကျလာခဲ့သည့်Luhan့
ကို Sehunမှာ ဒီအတိုင်းရပ်လို့သာကြည့်နေရသည်။
သူတလှမ်းတိုးလိုက်လေတိုင်း Luhanကတလှမ်း နောက်ကိုဆုတ်သည်။ သူလက်လှမ်းလိုက်လျှင် Luhanက သူ့လက်ကိုပုတ်ချပစ်လိမ့်မည်ဟု ထင်ရသည်။ ထို့ကြောင့်ပင်Sehun နေရာမှာပင်ငြိမ်သက်စွာရပ်နေခဲ့ရသည်။
Luhanကတော့ တိတ်ဆိတ်ငြိမ်သက်နေသည့် Sehun
ကိုတွေဝေစွာစိုက်ငေးကြည့်ပြီး မျက်ရည်များကိုခပ်ကြမ်း
ကြမ်းဖိသုတ်ပစ်ကာ
"ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှင်းပြပြီးပြီ ………
အောက်မှာအေးတယ် အပေါ်တက်လာခဲ့"
ထိုစကားဆိုုပြီးသည့်အခါမှာ Luhanက ကျောခိုင်းထွက်
သွားခဲ့ပြန်သည်။ ထိုကျောပြင်ငယ် မြင်ကွင်းထဲမှ
ပျောက်ပြီး အပေါ်ထပ်တံခါးပိတ်သံကြားလိုက်မှသာ
Sehun တဖြည်းဖြည်းနောက်သို့ဆုတ်သွားပြီး ခုံပေါ်
အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိပါသည်။
……………………………………
ကိုယ်မသိဘူး ခင်ဗျားက ကိုယ့်ဆီကနေ အချိန်မရွေး
ပျောက်သွားနိုင်တယ်လို့ အမြဲခံစားနေခဲ့ရတာ ……… ။
ခင်ဗျား မပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲ ?
ခင်ဗျား ကိုယ့်ဆီကထွက်မသွားရအောင်
ခင်ဗျားစိတ်ချမ်းသာအောင်ထားဖို့ ခင်ဗျားကိုမချုပ်ချယ်ဖို့ ခင်ဗျားစိတ်တိုင်းကျနေနိုင်အောင်လွှတ်ထားပေးဖို့ အဲ့လိုလုပ်ပေးဖို့ပဲကိုယ်သိတယ် အဲ့ဒီနည်းကလွဲ
ကိုယ်မသိဘူး ကိုယ်တကယ်မသိခဲ့ဘူး Luhan
° The years I have loved him °
To Be ConTinued………
Continue Reading
You'll Also Like
44.5K 8.1K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
48.4K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
50.2K 13.3K 48
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
542K 31.9K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...