The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Twenty-two

7.8K 1.1K 107
By HanXun


ညတုန္းကေစာင္ေအာက္ကေနထြက္မလာရဲေတာ့ပဲ
အိပ္ေပ်ာ္သြားခ့ဲသည့္ Luhanသည္ ေနာက္တေန႔မနက္ ေရာက္လာသည့္အခါမွာေတာ့ ခါတိုင္းထက္ပိုေႏြးေထြး
ေနသည့္မနက္ခင္းတစ္ခုကိုၾကံဳလိုက္ရသည္။

သူ႕ေက်ာျပင္ကို လက္ေႏြးေႏြးကသိုင္းဖက္ထားျပီး
တကိုယ္လုံးက ရင္ခြင္တခုဆီေရာက္ေနေလသည္။
ေဆာင္းရာသီမနက္ခင္းမွာ Sehunရင္ဘတ္နဲ႕အပ္ေန
သည့္ သူ႔မ်က္ႏွာကခပ္ေႏြးေႏြးျဖစ္လို႔ေနသည္။

ေအာက္ႏႈတ္ခမ္းကိုခပ္ဖြဖြဖိကိုက္မိျပီး Luhanျငိမ္ေန
လိုက္မိသည္။ ငါးမိနစ္ေလာက္ၾကာႏိုင္သည့္အခ်ိန္ေရာက္
သည့္အခါမွာေတာ့ Luhan့ေက်ာျပင္ကလက္သည္လႈပ္
ရွားလာေလသည္။ Luhanေခါင္းပိုငုံ႕သြားမိျပီး မ်က္လုံး
တို႔ခပ္တင္းတင္းမွိတ္ထားမိသည္။

အခ်ိန္စကၠန္႔ေလးအတြင္းမွာပင္ နဖူးေပၚဝဲက်ေန
ဟန္ရွိေသာ ဆံႏြယ္ေလးေတြ သပ္တင္ခံလိုက္ရသည္။

အနမ္းမ်ားခံရဦးမွာလားေတြးမိကာ Luhan့လက္သီးဆုပ္
ေလးေတြပိုမိုတင္းက်ပ္သြားခ့ဲေပမ့ဲလဲ Luhan့တကိုယ္လုံး
ကို ခပ္တင္းတင္းတခ်က္ မခ်င့္မရဲဟန္ျဖင့္ေပြ႔ဖက္တာ
ခံလိုက္ရရင္း Luhan့နားက ကိုယ္ေငြ႔ေႏြးေႏြးမွာ
ေပ်ာက္သြားေလသည္။

Sehunေရခ်ိဳးခန္းထဲဝင္သြားေလျပီး ျပန္ထြက္လာကာ
ေအာက္ဆင္းသြားသည္ထိ Luhanအိပ္ခ်င္ေယာင္ေဆာင္
ေနရသည္ကေတာ့ သိပ္မလြယ္ကူခ့ဲ။

တံခါးပိတ္သြားေလမွ Luhan လွဲေနရာမွ ထထိုင္မိျပီး
ရင္ခုန္သံျမန္ေနသည့္ရင္ဘတ္ကိုအသာဖိသည္။
ထို႔ေနာက္ ပူေနသည့္ပါးႏွစ္ဖက္ကို လက္ျဖင့္အုပ္ကိုင္ျပီး
ကုတင္ေပၚမွ ဆင္းကာေရခ်ိဳးခန္းဆီဦးတည္သြားလိုက္
သည္။

ေဆာင္းမနက္ခင္းမွာ မ်က္ႏွာေတာင္မသစ္ခ်င္ပါဘူးဆို
ကာ ဂ်စ္တိုက္တတ္သည့္Luhan့အတြက္ Sehunက
ေရေႏြးအသင့္စပ္ေပးျပီးသြားျပီျဖစ္သည္။

မ်က္ႏွာသစ္ေတာ့လဲ ေရေႏြးေႏြးေလး၊ သြားတိုက္ျပန္
ေတာ့လည္း ေရေႏြးေႏြးျဖင့္ Luhanက ဇိမ္က်ေနသည္။
ဘယ္ေလာက္ပဲေရကေႏြးပါေစ Luhanေရေတာ့လုံးဝ
မခ်ိဳးေပ။

မ်က္ႏွာသစ္လို႔ကိုယ္လက္သန္႔စင္ျပီး ေရခ်ိဳးခန္းထဲက
ထြက္ကာ Sehunအသင့္ျပင္ေပးထားျပီးသည့္ ဆြယ္တာ
အျဖဴပြပြႏွင့္ ေဘာင္းဘီရွည္ကိုေကာက္စြပ္လိုက္သည္။

လက္အိတ္ေတြပါခ်ေပးထားသည့္အတြက္ Luhanက
ရယ္လိုက္ေသးသည္။

တကိုယ္လုံးလုံေအာင္ဝတ္ျပီးသြားသည့္ေနာက္ Luhan
က Sehunအဝတ္ဗီဒိုဘက္ကိုလွည့္သည္။ ဒီေန႔ အေအးပိုမည္ဟု ဆိုထားပါသျဖင့္ အနက္ေရာင္အေနာက္တိုင္း
ဝတ္စုံကိုေရြးထုတ္ထားေပးျပီးေပမ့ဲလဲ နည္းနည္း
အသားထူသည့္ အညိဳေရာင္ေလာင္းကုတ္အရွည္တထည္
ကိုပါထုတ္ယူလိုက္သည္။ နက္ျပာေပၚမွာ အညိဳစင္းေလး
မ်ားပါသည့္နက္ကတိုင္ႏွင့္အတူ နာရီ၊ ခါးပတ္တို႔ကိုပါ
ထုတ္ျပီး ကုတင္ေပၚတင္ေပးထားျပီးသည့္ေနာက္မွာ
Luhan အိမ္ေအာက္ထပ္သို႔ဆင္းလာခ့ဲပါသည္။

ေအာက္ထပ္ေရာက္သည့္ေနာက္ မီးဖိုေခ်ာင္ဘက္သို႔
တန္းေလွ်ာက္သြားလိုက္ေပမ့ဲ Sehunကရွိမေန။
မီးဖိုဘက္မွာ မနက္စာျပင္ဆင္ေနသည့္အရိပ္အေယာင္
ေတြေတာ့ရွိသည္။ Luhanစူးစူးစမ္းစမ္းျဖင့္ေနာက္လွည့္
လိုက္ေလမွ Sehunအျပံဳးမ်ားႏွင့္တည့္တည့္တိုးေလ
ေတာ့သည္။

"လန္႔လိုက္တာဗ်ာ"

"ကိုယ္ကလန္႕စရာၾကီးေပါ့"

"အသံမွမေပးပဲ"

Luhan သေဘာမေတြ႔သေယာင္ဆူေဆာင့္ေျပာလိုက္
ေပမ့ဲ Sehunကသေဘာတက်ရယ္လာေသးသည္။

မီးဖိုခန္းက ၾကမ္းျပင္ေတြေအးစိမ့္ေနသျဖင့္ မနက္စာ
ကို ဧည့္ခန္းကမီးလင္းဖိုနားမွာျပင္ထားသည္ေျပာလာ
ကာ Luhan့ကိုဧည့္ခန္းဆီသု႔ိအလ်င္သြားခိုင္းသည္။

မီးဖိုခန္းေအးမေနေအာင္တခုခုေတာ့စီစဥ္ရဦးမည္ဟု
တေယာက္တည္းေရရြတ္ကာ Sehunမွာ မီးဖိုခန္းထဲ
ဝင္သြားပါသည္။

Luhanက ဧည့္ခန္းသို႔သာသြားလိုက္ျပီး ဆိုဖာမွာထိုင္
မေနေသးပဲ မီးလင္းဖိုဆီသို႔ေလွ်ာက္သြားလိုက္သည္။
သစ္တုံးမ်ားသည္မီးသိပ္မစြဲေသး။ သို႔ေပမ့ဲ လုံေလာက္
သည့္အေႏြးဓာတ္ကိုရေနသျဖင့္ Luhanေက်နပ္သြား
သည္။

ေနာက္ကေနေျခသံၾကားပါမွ Luhan မီးလင္းဖိုေရွ႕
ငုတ္တုတ္ထိုင္ေနရာကေန ထရပ္ျပီး Sehunရွိရာ
လာလိုက္သည္။

မပါမျဖစ္ေကာ္ဖီတခြက္ကို Luhanအလ်င္အျမန္ေသာက္
လိုက္ျပီး Sehunကိုအရင္ေန႔ေတြအတိုင္း ေသာက္
ေကာင္းပါေၾကာင္း အသိအမွတ္ျပဳျပံဳးျပဖို႔လဲမေမ့။

ေၾကြပန္းကန္လုံးေလးထဲက ဟင္းခ်ိဳရည္ၾကည္ၾကည္ထဲ
မွာ ေပါေလာေပၚေနသည့္ဆန္မုန္႔လုံးေလးမ်ားကို တလုံး
ခ်င္းစီေရရင္း Luhanကခပ္စားေနသည္။

အစားအေသာက္ေပၚစိတ္ပါဝင္စားေနသည့္ ဆယ္ေက်ာ္
သက္ကေလးက Sehunကိုစကားေျပာဖို႔အားမေနေသး။
ဆန္မုန္႔လုံးေတြ သုံးလုံးေလာက္က်န္ပါကမွ Luhanက

"အာ......ကြ်န္ေတာ္ေမ့ေနတာ"

"ဘယ္သြားမလို႔လဲ ??"

"မေန႔က Sehunအတြက္ဝယ္လာတာရွိတယ္
ေရခဲေသတၱာထဲမွာ"

"ၾကမ္းျပင္ကေအးကေအးနဲ႕"

စိတ္ပူတၾကီးေျပာလာသံကို Luhan လက္ကာျပကာ
ျငင္းဆန္လိုက္ျပီး ဆိုဖာေပၚမွ ဆတ္ကနဲထရပ္ကာ မီးဖို
ေခ်ာင္သု႔ိကဆုန္ေပါက္ထြက္သြားသည္။

မီးဖိုခန္းၾကမ္းျပင္ေပၚေျခခ်မိသည့္ေနာက္ ေျခဖဝါးေလး
တခဏတြန္႔သြားေသးသည္။ သို႔ေသာ္ မ်က္စိစုံမွိတ္လို႔
ေရခဲေသတၱာဆီေျပးေလသည္။

ေအာက္ဘက္ျခမ္းမွာစီစီရီရီထည့္ထားသည့္ေခ်ာကလက္
ႏို႔ေအးဘူးေတြကိုLuhanကျပံဳးလို႔ၾကည့္ျပီးထုတ္ယူလိုက္
သည္။ ထို႔ေနာက္ ေၾကြခြက္ထဲေဖာက္ထည့္ကာ မိုက္ကရို
ေဝ႔ဗ္ထဲထည့္လိုက္ေလသည္။

အန္တီလီအသင္ျပေကာင္းမႈျဖင့္ မိုက္ကရိုေဝ႕ဗ္မီးဖို
ဘယ္လိုသုံးရမလဲ Luhanေကာင္းေကာင္းသိသည္။
45 secondကို စိတ္ထဲကေနလိုက္ေရေနျပီး မိုက္ကရို
ေဝ႔ဗ္ကအခ်ိန္ျပည့္သြားသည္ႏွင့္ ႏို႔ေခ်ာကလက္ပူခြက္ကို
ဗန္းေပၚတင္လိုက္ကာ မီးဖိုခန္းထဲကထြက္လာလိုက္သည္။

"ဘာသြားလုပ္တာလဲ ?"

ဧည့္ခန္းကထလာျပီး Luhan့ေနာက္လိုက္လာျပီျဖစ္သည့္
Sehunႏွင့္မီးဖိုေခ်ာင္အေပါက္ဝမွာဆုံသည္။ Luhanက
ဗန္းကိုေျမွာက္ျပျပီး

"Sehunဖို႔ေလ။ မေန႔ကေတြ႔တာနဲ႕ဝယ္လာတာ
ကြ်န္ေတာ့္ကိုေျပာဖူးတယ္ေလ ႏို႔ေခ်ာကလက္ၾကိဳက္
တယ္မလား ?"

ဧည့္ခန္းကဆိုဖာမွာျပန္ေနရာယူထိုင္လိုက္ျပီး
ေခ်ာကလက္ပူပူခြက္ကို Sehunလက္ထဲထိုးထည့္ေပး
သည္။ Sehunကျပံဳးလို႔ ေက်းဇူးစကားဆိုကာ တငုံ
ေသာက္ေလသည္။ Luhanသေဘာက်သြားျပီး စား
လက္စမနက္စာကိုဆက္စားသည္။

မီးလင္းဖိုနားထိုင္ေနသည့္တိုင္ အေအးဓာတ္ကအေသြး
သားထဲစိမ့္တက္ေနေလသည္။ Luhanႏွာေခါင္းတခ်က္
ရႈံ႕လိုက္ျပီး မွန္တံခါးေတြကေနတဆင့္ျမင္ေနရသည့္
မႈန္ဝါးဝါးအျပင္ဘက္ကို လွမ္းၾကည့္လိုက္ကာ

"ခရစ္စမတ္ေတာင္ေရာက္ေတာ့မယ္ေနာ္"

"အင္း သိပ္မလိုေတာ့ဘူး"

"Sehun Sehun ကြ်န္ေတာ္တို႔ခရစ္စမတ္ဆိုဘာလုပ္လဲ
"

စားလက္စပန္းကန္ထဲဇြန္းကိုပစ္ခ်လို႔Luhanက Sehun
ထိုင္ေနရာမ်က္ႏွာမူလိုက္ျပီးေမးေလသည္။ Sehun
ကေခ်ာကလက္ႏို႔ကိုတငုံ႕ထပ္ယူလိုက္ျပီးေနာက္

"ႏွစ္တိုင္းေတာ့မတူဘူး။ ပိတ္ရက္ဆိုေတာ့ ကိုယ္တို႔
ခင္ဗ်ားရဲ႕ေမြးရပ္ေျမကိုျပန္တယ္ တခါတေလခရီးထြက္
တယ္ တခါတေလက်ေတာ့လဲ အိမ္မွာပဲေနတယ္ေလ"

"သစ္ပင္လိုခ်င္တယ္"

အရင္းမရွိ အဖ်ားမရွိ ထဆိုသည့္ Luhan့စကားေၾကာင့္
Sehunကၾကည့္လာသည္။

"Sehunေျပာဖူးတယ္ေလ ကြ်န္ေတာ္တို႔ အစ္ကို
Minseokရဲ႕ေကာ္ဖီဆိုင္ေရွ႕မွာ သစ္ပင္ဆင္ဖူးတယ္ဆို
သစ္ပင္လိုခ်င္တယ္ "

"အင္း ညေနက်သြားဝယ္မယ္ေလ "

"Yesss......"

လက္သီးလက္ေမာင္းတန္းလို႔ေအာင္ပြဲခံလိုက္သည့္
Luhan့ကို Sehunက အျပံဳးအရယ္မပ်က္ပဲ ေငးလို႔
ၾကည့္သည္။ Sehunအေငးေၾကာင့္ လႈပ္ရွားမႈေတြရပ္
သြားရသည့္ Luhanက ေခ်ာင္းတခ်က္ဟန္႔ျပီး ဘာသိ
ဘာသာဟန္ေဆာင္ေနေလသည္။

ဒီလိုႏွင့္ တမနက္ခင္းသည္ Luhan့အေပၚ Sehun၏
တစိမ့္စိမ့္ၾကည့္ႏိုင္မႈအဟုန္ျဖင့္ ကုန္ဆုံးသြားျပန္သည္။

...^...

"အျမင္အာရုံမေကာင္းတာေတြရွိလား ?"

"ဟင့္အင္း"

"ေခါင္းကိုက္တာတို႔ မူးေဝတာတို႔ေရာ"

"တခါတေလ အိပ္ရာကထထခ်င္းနည္းနည္းမူးတတ္
ေပမ့ဲ အဆင္ေျပပါတယ္"

Luhan့စကားမ်ားကို Jun Myeonက တလုံးခ်င္းေသခ်ာ
နားေထာင္ျပီး ေခါင္းတဆတ္ဆတ္ျငိမ့္သည္။

ထို႔ေနာက္ ေဆးစာအုပ္ေပၚ စာတခ်ိဳ႕ခပ္သြက္သြက္ေရး
ခ်ကာ

"ေဆးေပးတယ္ဆိုတာ ခံစားေနရတ့ဲေဝဒနာေသးေသး
ေလးေတြကိုသက္သာေအာင္လုပ္ေပးႏိုင္တာေနာ္
ေခါင္းနဲ႕ဆိုင္တ့ဲျပႆနာေတြကသိပ္ေျပာရခက္တာ"

Jun Myeonေဘာပင္ခ်လိုက္ျပီး သူနာျပဳဆရာမကို
အခန္းထဲေခၚလိုက္ကာ Luhan့အတြက္ေဆးျပင္ေစ
သည္။

သူနာျပဳဆရာမအခန္းထဲကထြက္သြားသည္ႏွင့္ Luhan့
ဆီျပန္လွည့္လာသည့္ Jun Myeonမ်က္ႏွာသည္ ဆရာ
ဝန္တစ္ေယာက္ထက္ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ပိုတူ
သြားသည္။

"ကြ်န္ေတာ္နဲ႕ဆရာ ? အာ Jun Myeonနဲ႕က အသက္
တူတူပဲဆို ဟုတ္လားဟင္"

"အင္း ဟုတ္တယ္ေလ Luhanနဲ႕ကြ်န္ေတာ္နဲ႕က
တကၠသိုလ္တခုတည္းတက္ခ့ဲတာ အထူးျပဳခ်င္းေတာ့
မတူေပမ့ဲေပါ့"

"ေအာ္ ...... Sehunက Jun Myeonအေၾကာင္းေတြ
လဲေျပာျပတယ္"

Jun Myeon က ေခါင္းတဆတ္ဆတ္ျငိမ့္ျပီး Luhan့ကို
ျပံဳးလို႔ၾကည့္သည္။

Oh Se Hunႏွင့္သူ႔ေဆြမ်ိဳးေတြဟာ ဘာလို႔Luhan့ကို
ဆို ျပံဳးလို႔သာၾကည့္ၾကသလဲ မေတြးတတ္ေပမ့ဲ
Jun Myeonက အျပံဳးနဲ႕တင္ ေရာဂါတဝက္ကုေပးႏိုင္
သည့္ဆရာဝန္ဆိုသည္မွာေသခ်ာသည္။

"Luhan ေမ့သြားတ့ဲအတိတ္ကိုျပန္သတိရခ်င္လား"

ေတြ႔လာသည့္အေခါက္တိုင္းမွာ Jun Myeonက ထိုသို႔
ေသာစကားကို တခါမွ်မေမးခ့ဲ။

အတိတ္ေမ့သြားသည့္လူနာတစ္ေယာက္အတြက္
ထူးဆန္းသည့္ေမးခြန္း မဟုတ္ေပမ့ဲလဲ Luhanျပန္ေျဖ
ဖို႔အခ်ိန္ေတာ္ေတာ္ၾကာသြားခ့ဲသည္။

"လြတ္သြားတ့ဲအခ်ိန္ေတြက ႏွေျမာစရာေကာင္းေပမ့ဲလဲ"

အရင္ေန႔ရက္ေတြတုန္းက ေမးလာခ့ဲမည္ဆိုလွ်င္ Luhan
ေသခ်ာေပါက္ေခါင္းျငိမ့္မိမည္ျဖစ္သည္။ ေမ့ေပ်ာက္သြား
သည့္ဆယ္ႏွစ္ဆိုသည့္အခ်ိန္က ကာလတိုမွမဟုတ္ခ့ဲ
တာပဲ။ သို႔ေပမ့ဲ ထိုအခ်ိန္မ်ားကို Sehunဆီကေန Luhanျပန္လည္သိရွိေနႏိုင္ျပီေလ။

"ကြ်န္ေတာ္ မွတ္ဥာဏ္အသစ္ေတြကိုပဲ တန္ဖိုးထားဖို႔
ဆုံးျဖတ္ထားတယ္"

Luhan့အေျဖကျပတ္သားသည့္အတြက္ Jun Myeon
ကသေဘာက်သြားေလသည္။ ျပံဳးေနရာမွ သေဘာတက်
ျဖင့္ရယ္လိုက္ပါျပီး Luhan့ကိုၾကည့္လို႔

"Sehun ကေတာ့ တကယ္ကံေကာင္းတ့ဲေကာင္ေလးပဲ"

"ကြ်န္ေတာ္က ပိုကံေကာင္းတာပါ"

ေဆးရုံကေနထြက္လာသည့္အခါ အသင့္ေစာင့္ေနသည့္
ကားေပၚသို႔ Luhanဝင္လိုက္သည္။ အဆင္သင့္heater
ဖြင့္ေပးထားသည့္ ဒရိုင္ဘာဦးေလးၾကီးမွာ Luhan
ထိုင္ေနသည့္ေနာက္ဘက္သို႔လွည့္ၾကည့္လာျပီး

"Bossက ခ်ိန္းထားတ့ဲေနရာကိုတခါတည္းလာခ့ဲဖို႔
ေျပာတယ္ အစ္ကိုေလး။ သူေစာေစာထြက္လာခ့ဲမယ္တ့ဲ"

"အင္း သြားမယ္ေလ"

"အစ္ကိုေလး ဗိုက္ဆာေသးလား ? အစ္ကုိေလးဗိုက္ဆာ
ရင္ ဆိုင္တဆိုင္ထဲဝင္ေပးလိုက္ဖို႔ေျပာထားတယ္"

"ေန႔လည္စာေနာက္က်မွစားထားလို႔ သိပ္မစားဘူး
ဦးေလးရ။ ခ်ိန္းထားတ့ဲဆီပဲေမာင္းလိုက္ေလေနာ္"

Luhan ေဆးရုံကအျပန္မွာ ခရစ္စမတ္ပစၥည္းေရာင္းတ့ဲ
ဆိုင္ဆီဝင္ၾကဖို႔ Sehunကခ်ိန္းထားျခင္းျဖစ္သည္။
ေဆးရုံထိလိုက္ခ့ဲဦးမည္ေျပာေသာ္လည္း Luhanတား
ေသာေၾကာင့္ ေနေနခ့ဲျခင္းျဖစ္သည္။

ညေနေစာင္းအခ်ိန္မွာ အစိမ္းေရာင္ အနီေရာင္မီးမ်ားျဖင့္
ထိန္လင္းေနသည့္ ဆိုင္ခန္းတစ္ခုေရွ႕ေရာက္သည့္ေနာက္
ကားကရပ္သြားေလသည္။ ဒရိုင္ဘာဦးေလးကိုႏႈတ္ဆက္
စကားေျပာျပီး Luhanကားေပၚကဆင္းလိုက္ကာ ဆိုင္
ေရွ႕ရပ္လိုက္သည္။ အျပင္ဘက္မွလွမ္းၾကည့္သည့္ေနာက္
ဆိုင္တြင္းလူရွင္းေနသည္။ ခရစ္စမတ္ရာသီေရာက္ေနေပမင့္ ဘာေၾကာင့္ဝယ္သူပါးေနသလဲမသိ ?

"ဟယ္လို !"

" ...... Sehun"

"ဝင္ၾကမလား "

မိနစ္မျခားပဲ Luhan့နားေရာက္လာသည့္ Sehunက
ဆိုင္တြင္းသို႔ဦးေဆာင္ေခၚသြားသည္။ ဝင္ဝင္ခ်င္းေတြ႔ရ
သည့္ သစ္ပင္ပုေသးေသးေလးေတြက Luhan့ကိုဆြဲ
ေဆာင္ျပန္သည္။

"သစ္ပင္န႕ဲအလွဆင္ပစၥည္းေတြက အေပၚထပ္မွာရွိတယ္
ေအးေဆးၾကည့္ၾကေလေနာ္"

"ဟုတ္က့ဲ အန္တီ"

ေကာင္တာမွာရွိေနသည့္ ပိုင္ရွင္အန္တီၾကီးကို Sehun
က အသိအမွတ္ျပဳစကားဆိုလိုက္ကာ သစ္ပင္ပုစိေတြကို
ေငးေနသည့္ Luhan့အား ျပန္လွည့္ၾကည့္သည္။

"Sehun Sehun "

"ဗ်ာ "

"ကေလးေတြကိုလဲ လက္ေဆာင္ေပးခ်င္တယ္"

"ပန္းခ်ီေက်ာင္းကလား ?"

"အင္း!!"

သစ္ပင္ပုစိေလးေတြကိုထားခ့ဲျပီး Luhanက Sehunႏွင့္
အတူတူ အေပၚထပ္သို႔တက္လာသည္။ ေလွကားထစ္
တေလွ်ာက္ ေဘးဘက္နံရံမွာ အကန္႔ေတြလုပ္ထားျပီး
ထည့္ထားသည့္ အနီ အစိမ္းစပ္အရုပ္ကေလးမ်ားကို
အသည္းယားသည့္သဖြယ္ၾကည့္ေနသည့္Luhan့ကို
ေျခေခ်ာ္မည္ဆိုးသျဖင့္ Sehunကပဲထိန္းကိုင္ေပးထားရ
ေသးသည္။

"ကေလးေတြဆိုေတာ့ အရုပ္ပဲေပးေလ"

"ခရစ္စမတ္အမွတ္တရျဖစ္ခ်င္တာ ။ အာ......Sehun
ကြတ္ကီးေလးေတြလုပ္ေပးပါလား ?"

ေလွကားတဝက္မွာရပ္ျပီး အရုပ္ေတြကိုေရြးယူလ်က္မွ
Luhanေျပာျပန္သည္။ Sehunကစကားျပန္မေျပာသည့္
ေနာက္ Sehunဘက္ကိုလွည့္ၾကည့္ျပီး

"ဒီတခါ အမ်ားၾကီးလုပ္ ကြ်န္ေတာ္အမ်ားၾကီးစားမွာ
ေနာ္...?"

"တကယ္လား"

"အင္း တကယ္"

"ဟုတ္ျပီ ခရစ္စမတ္တရက္လုံး ခင္ဗ်ားကိုကြက္ကီးပဲ
ေကြ်းမယ္ ထမင္းမေကြ်းဘူး"

ဆတ္ကနဲေမာ့ၾကည့္လာသည့္မ်က္လုံးအၾကည့္မ်ား
သည္ အားပါလွသည္။ Sehun တိတ္တိတ္ကေလးရယ္
မိပါျပီး Luhan့လက္ထဲမွ အရုပ္မ်ားကိုလက္လႊဲေျပာင္းယူ
သည္။

"အရုပ္ေတြခဏထားခ့ဲဦး ျပီးမွယူခိုင္းလို႔ရတယ္
အေပၚတက္ရေအာင္လာ"

Sehunလက္ေႏြးေႏြးထဲကို Luhan့လက္ဖဝါးေလးပါသြား
သည္။ ေအာက္ထပ္တထပ္လုံးမည္သူမွ်မရွိသလို အေပၚ
ထပ္တြင္လည္း ဝယ္သူမရွိ။

အေပၚထပ္အလယ္မွာ ဟီးေနသည့္ခရစ္စမတ္သစ္ပင္
ေပၚတြင္ မီးေရာင္စုံတို႔ထိန္လင္းေနသည္။ ႏွင္းအတုမ်ား
ႏွင့္အဆင္တန္ဆာမ်ားသည္မ်က္စိရႈစဖြယ္ျဖစ္ေနသည္။

ေလထဲမွာခပ္တိုးတိုးလြင့္ေနသည္က Mariah Careyရဲ႕
All I want for christmas is you...။

ခရစ္စမတ္မွာ ကြ်န္ေတာ္တို႔ဘာလုပ္ၾကသလဲ ေမးလာ
သည့္ေမးခြန္းမွာ Sehunမေျပာျဖစ္လိုက္သည့္အထဲ သူတို႔အတူရွိခ့ဲသည့္ႏွစ္မ်ားမွာ ႏွစ္တိုင္းခရစ္စမတ္ဆိုလွ်င္
Luhanဆိုျပေနက် ထိုသီခ်င္းလဲပါသည္။

- ခရစ္စမတ္အတြက္ ကိုယ္လိုခ်င္တ့ဲတစ္ခုတည္းေသာ
အရာက မင္းပါပဲ - တ့ဲ။

သီခ်င္းဆုံးတိုင္း Sehunကိုခပ္တင္းတင္းေပြ႔ဖက္ထား
တတ္သည့္Luhan့ကုိလည္းေျပာဖို႔ေမ့က်န္ခ့ဲသည္။

ဆယ္ေက်ာ္သက္ကေလးရွက္သြားေလမလားလို႔ေတြးမိ
ကာ Sehunခ်န္ခ့ဲျခင္းျဖစ္သည္။ ယခုေတာ့ Sehunက
သူ႔မ်က္စိေရွ႕ေမွာက္မွာရွိသည့္ သူ႔ဘဝ၏ေကာင္းခ်ီးေလးကို ေငးေမာေနမိျပန္သည္။

"Sehun Sehun ဒီကုိလာ"

သစ္ပင္အလွဆင္ဖို႔ပစၥည္းေတြဝယ္ဖို႔ထဲ ဆိုင္ထဲက
သစ္ပင္ကိုပိုစိတ္ဝင္စားဟန္ရွိေနသည့္ Luhanက
သစ္ပင္နားကေန Sehunကိုလက္ယွက္ေခၚေနသည္။

"ဒီမွာေလ သမင္ေလး ခ်စ္စရာေလး ကြ်န္ေတာ္တို႔
အ့ဲဒါဝယ္ရေအာင္။ ၾကယ္ ၾကယ္ ၾကယ္လဲလိုခ်င္တယ္
ဖဲျပားလဲလိုခ်င္တယ္ ဒီမွာ ဆန္တာကေလာ့မ်က္ႏွာၾကီး
ေတြ႔လား"

လက္ညွိဳးတထိုးထိုးႏွင့္ပူဆာေနသည့္ ကေလးပုံစံေလး
သည္ Sehunမျမင္ဖူးသည့္ ပုံစံအသစ္ျဖစ္သည္။ ရင္က
ေနလိႈက္တက္လာသည့္ ခ်စ္ျမတ္ႏိုးမႈကို ထိန္းခ်ဳပ္ႏိုင္စြမ္း
မ့ဲလ်က္ ပခုံးႏွစ္ဖက္ကေနဆုပ္ကိုင္ျပီး မ်က္ႏွာခ်င္းဆိုင္ေစ
လိုက္သည့္အခါ စကားေတြရပ္လို႕ Sehunကို တအ့ံ
တၾသၾကည့္လာသည္။

တခဏၾကာသည့္ေနာက္ Luhan့မ်က္ႏွာကေလးေမာ့
သြားသည္။

ခဏတာေဝးခ့ဲရသည့္ ႏႈတ္ခမ္းပါးေလးသည္ Sehunကို
ရင္ခုန္လိႈက္ေမာေစတုန္းပင္။

သို႕ေပမ့ဲ Sehunရင္ဘတ္မွာကပ္ေနသည့္ လက္သီး
ဆုပ္ေလးတင္းက်ပ္သြားသည့္အခါ Sehun ထိုႏႈတ္ခမ္း
ပါးေလးကိုလႊတ္လိုက္ေလသည္။

ေခါင္းငုံ႔သြားသည့္ Luhan တေယာက္ အသက္ရႈျပင္းေန
သည္ကိုသိသာလွစြာ တကိုယ္လုံးတုန္ေနသည္။

"Luhan "

"အင္း..."

"ကိုယ့္ကိုၾကည့္ပါဦး"

"ဘာပဲေျပာေျပာ ဒါ ကြ်န္ေတာ္မွတ္မိေနမ့ဲ ကြ်န္ေတာ့္ရဲ႕ပထမဆုံးအနမ္းပဲ"

Luhanကမ်က္ႏွာေမာ့လာျပီး Sehunႏွင့္မ်က္လုံးခ်င္း
ဆုံေအာင္ၾကည့္လာသည္။ ႏႈတ္ခမ္းတို႔ျပံဳးသေယာင္
ျဖစ္သည္ကိုျမင္ရသည့္တိုင္ Sehunမွာမဝံ႕မရဲျဖစ္ေန
တုန္းပင္။

"ပထမဆုံးအနမ္းဆိုတာကို ငယ္ငယ္တည္းက
စိတ္ကူးယဥ္ဖူးတယ္ဗ် ခ်ိဳလည္းခ်ိဳရမယ္ ရိုမန္႔တစ္လဲ
ျဖစ္ရမယ္ "

"............"

"Sehun "

လည္ပင္းကိုလက္ႏွစ္ဖက္ျဖင့္သိုင္းဖက္လာသည့္အခါ
Sehunလက္ေတြသည္လည္းအလိုလိုLuhan့ခါးထက္
တြယ္ခ်ိတ္သြားျပီျဖစ္သည္။

သစ္ပင္မွျဖာထြက္ေနသည့္မီးေရာင္လ့ဲလ့ဲသာရွိသည့္
ဝန္းက်င္မွာ ႏွစ္ဦးသား၏စိတ္က ႏူးညံ႕သည့္မိန္းေမာမႈ
တစ္ခုေနာက္သုို႔ တားမရေအာင္လိုက္သြားမိၾကဟန္ရွိ
သည္။

Luhan့ဘက္ကစတင္လာသည့္အနမ္းတစ္ခုေနာက္
Sehunေမ်ာပါသြားရစဥ္ ေအးစက္ေနသည့္ညအခ်ိန္
တြင္ ႏႈတ္ခမ္းပါးတို႔ခ်ိတ္ဆက္မႈျဖင့္ သူတို႔တခဏတာ
ေႏြးေထြးေနၾကေလသည္။

.......................................

° The years I have loved him °

ႏႈတ္ခမ္းခ်င္းအၾကင္နာေဝမိတ့ဲတခဏက ၾကယ္ေတြ
ပ်ိဳးပ်က္သြားခ်ိန္ေပါ့

ခင္ဗ်ားက ပထမဆုံးအနမ္းကိုခ်ိဳျမိန္ေစခ်င္တယ္

ဆိုတ့ဲေနာက္ ကိုယ္က အၾကင္နာတိုင္းကို
ဦးဆုံးျဖစ္ေစေတာ့မယ္

To Be ConTinued......

ညတုန်းကစောင်အောက်ကနေထွက်မလာရဲတော့ပဲအိပ်ပျော်သွားခဲ့သည့် Luhanသည် နောက်တနေ့မနက် ရောက်လာသည့်အခါမှာတော့ ခါတိုင်းထက်ပိုနွေးထွေးနေသည့်မနက်ခင်းတစ်ခုကိုကြုံလိုက်ရသည်။

သူ့ကျောပြင်ကို လက်နွေးနွေးကသိုင်းဖက်ထားပြီးတကိုယ်လုံးက ရင်ခွင်တခုဆီရောက်နေလေသည်။ဆောင်းရာသီမနက်ခင်းမှာ Sehun ရင်ဘတ် နဲ့အပ်နေသည့် သူ့မျက်နှာကခပ်နွေးနွေးဖြစ်လို့နေသည်။

အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်မိပြီး Luhan ငြိမ်နေလိုက်မိသည်။ ငါးမိနစ်လောက်ကြာနိုင်သည့်အချိန်ရောက်သည့်အခါမှာတော့ Luhan ကျောပြင်ကလက်သည်လှုပ်ရှားလာလေသည်။ Luhanခေါင်းပိုငုံ့သွားမိပြီး မျက်လုံးတို့ခပ်တင်းတင်းမှိတ်ထားမိသည်။

အချိန်စက္ကန့်လေးအတွင်းမှာပင် နဖူးပေါ်ဝဲကျနေ
ဟန်ရှိသော ဆံနွယ်လေးတွေ သပ်တင်ခံလိုက်ရသည်။

အနမ်းများခံရဦးမှာလားတွေးမိကာ Luhan လက်သီးဆုပ်လေးတွေပိုမိုတင်းကျပ်သွားခဲ့ပေမဲ့လဲ Luhanတကိုယ်လုံးကို ခပ်တင်းတင်းတချက် မချင့်မရဲဟန်ဖြင့်ပွေ့ဖက်တာခံလိုက်ရရင်း Luhan နားက ကိုယ်ငွေ့နွေးနွေးမှာပျောက်သွားလေသည်။

Sehunရေချိုးခန်းထဲဝင်သွားလေပြီး ပြန်ထွက်လာကာအောက်ဆင်းသွားသည်ထိ Luhanအိပ်ချင်ယောင်ဆောင်နေရသည်ကတော့ သိပ်မလွယ်ကူခဲ့။

တံခါးပိတ်သွားလေမှ Luhan လှဲနေရာမှ ထထိုင်မိပြီးရင်ခုန်သံမြန်နေသည့်ရင်ဘတ်ကိုအသာဖိသည်။ ထို့နောက် ပူနေသည့်ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ပြီးကုတင်ပေါ်မှ ဆင်းကာရေချိုးခန်းဆီဦးတည်သွားလိုက်သည်။

ဆောင်းမနက်ခင်းမှာ မျက်နှာတောင်မသစ်ချင်ပါဘူးဆိုကာ ဂျစ်တိုက်တတ်သည့်Luhanအတွက် Sehunကရေနွေးအသင့်စပ်ပေးပြီးသွားပြီဖြစ်သည်။

မျက်နှာသစ်တော့လဲ ရေနွေးနွေးလေး၊ သွားတိုက်ပြန်တော့လည်း ရေနွေးနွေးဖြင့် Luhanက ဇိမ်ကျနေသည်။ဘယ်လောက်ပဲရေကနွေးပါစေ Luhanရေတော့လုံးဝမချိုးပေ။

မျက်နှာသစ်လို့ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲကထွက်ကာ Sehunအသင့်ပြင်ပေးထားပြီးသည့် ဆွယ်တာအဖြူပွပွနှင့် ဘောင်းဘီရှည်ကိုကောက်စွပ်လိုက်သည်။

လက်အိတ်တွေပါချပေးထားသည့်အတွက် Luhanကရယ်လိုက်သေးသည်။

တကိုယ်လုံးလုံအောင်ဝတ်ပြီးသွားသည့်နောက် Luhanက Sehunအဝတ်ဗီဒိုဘက်ကိုလှည့်သည်။ ဒီနေ့ အအေးပိုမည်ဟု ဆိုထားပါသဖြင့် အနက်ရောင်အနောက်တိုင်းဝတ်စုံကိုရွေးထုတ်ထားပေးပြီးပေမဲ့လဲ နည်းနည်းအသားထူသည့် အညိုရောင်လောင်းကုတ်အရှည်တထည်ကိုပါထုတ်ယူလိုက်သည်။ နက်ပြာပေါ်မှာ အညိုစင်းလေးများပါသည့်နက်ကတိုင်နှင့်အတူ နာရီ၊ ခါးပတ်တို့ကိုပါထုတ်ပြီး ကုတင်ပေါ်တင်ပေးထားပြီးသည့်နောက်မှာLuhan အိမ်အောက်ထပ်သို့ဆင်းလာခဲ့ပါသည်။

အောက်ထပ်ရောက်သည့်နောက် မီးဖိုချောင်ဘက်သို့တန်းလျှောက်သွားလိုက်ပေမဲ့ Sehunကရှိမနေ။ မီးဖိုဘက်မှာ မနက်စာပြင်ဆင်နေသည့်အရိပ်အယောင်တွေတော့ရှိသည်။ Luhanစူးစူးစမ်းစမ်းဖြင့်နောက်လှည့်လိုက်လေမှ Sehun အပြုံးများနှင့်တည့်တည့်တိုးလေတော့သည်။

"လန့်လိုက်တာဗျာ"

"ကိုယ်ကလန့်စရာကြီးပေါ့"

"အသံမှမပေးပဲ"

Luhan သဘောမတွေ့သယောင်ဆူဆောင့်ပြောလိုက်ပေမဲ့ Sehunကသဘောတကျရယ်လာသေးသည်။

မီးဖိုခန်းက ကြမ်းပြင်တွေအေးစိမ့်နေသဖြင့် မနက်စာကို ဧည့်ခန်းကမီးလင်းဖိုနားမှာပြင်ထားသည်ပြောလာကာ Luhanကိုဧည့်ခန်းဆီသို့အလျင်သွားခိုင်းသည်။

မီးဖိုခန်းအေးမနေအောင်တခုခုတော့စီစဉ်ရဦးမည်ဟုတယောက်တည်းရေရွတ်ကာ Sehunမှာ မီးဖိုခန်းထဲဝင်သွားပါသည်။

Luhanက ဧည့်ခန်းသို့သာသွားလိုက်ပြီး ဆိုဖာမှာထိုင်မနေသေးပဲ မီးလင်းဖိုဆီသို့လျှောက်သွားလိုက်သည်။ သစ်တုံးများသည်မီးသိပ်မစွဲသေး။ သို့ပေမဲ့ လုံလောက်သည့်အနွေးဓာတ်ကိုရနေသဖြင့် Luhanကျေနပ်သွားသည်။

နောက်ကနေခြေသံကြားပါမှ Luhan မီးလင်းဖိုရှေ့ငုတ်တုတ်ထိုင်နေရာကနေ ထရပ်ပြီး Sehun ရှိရာလာလိုက်သည်။

မပါမဖြစ်ကော်ဖီတခွက်ကို Luhanအလျင်အမြန်သောက်လိုက်ပြီး Sehunကိုအရင်နေ့တွေအတိုင်း သောက်ကောင်းပါကြောင်း အသိအမှတ်ပြုပြုံးပြဖို့လဲမမေ့။

ကြွေပန်းကန်လုံးလေးထဲက ဟင်းချိုရည်ကြည်ကြည်ထဲမှာ ပေါလောပေါ်နေသည့်ဆန်မုန့်လုံးလေးများကို တလုံးချင်းစီရေရင်း Luhanကခပ်စားနေသည်။

အစားအသောက်ပေါ်စိတ်ပါဝင်စားနေသည့် ဆယ်ကျော်သက်ကလေးက Sehunကိုစကား ပြောဖို့အားမနေသေး။ဆန်မုန့်လုံးတွေ သုံးလုံးလောက်ကျန်ပါကမှ Luhanက

"အာ......ကျွန်တော်မေ့နေတာ"

"ဘယ်သွားမလို့လဲ ??"

"မနေ့က Sehunအတွက်ဝယ်လာတာရှိတယ်
ရေခဲသေတ္တာထဲမှာ"

"ကြမ်းပြင်ကအေးကအေးနဲ့"

စိတ်ပူတကြီးပြောလာသံကို Luhan လက်ကာပြကာငြင်းဆန်လိုက်ပြီး ဆိုဖာပေါ်မှ ဆတ်ကနဲထရပ်ကာ မီးဖိုချောင်သို့ကဆုန်ပေါက်ထွက်သွားသည်။

မီးဖိုခန်းကြမ်းပြင်ပေါ်ခြေချမိသည့်နောက် ခြေ ဖဝါးလေးတခဏတွန့်သွားသေးသည်။ သို့သော် မျက်စိစုံမှိတ်လို့ ရေခဲသေတ္တာဆီပြေးလေသည်။

အောက်ဘက်ခြမ်းမှာစီစီရီရီထည့်ထားသည့်ချောကလက်နို့အေးဘူးတွေကိုLuhanကပြုံးလို့ကြည့်ပြီးထုတ်ယူလိုက်သည်။ ထို့နောက် ကြွေခွက်ထဲဖောက်ထည့်ကာ မိုက်ကရိုဝေ့ဗ်ထဲထည့်လိုက်လေသည်။

အန်တီလီအသင်ပြကောင်းမှုဖြင့် မိုက်ကရိုဝေ့ဗ်မီးဖို ဘယ်လိုသုံးရမလဲ Luhanကောင်းကောင်းသိသည်။45 secondကို စိတ်ထဲကနေလိုက်ရေနေပြီး မိုက်ကရိုဝေ့ဗ်ကအချိန်ပြည့်သွားသည်နှင့် နို့ချောကလက်ပူခွက်ကိုဗန်းပေါ်တင်လိုက်ကာ မီးဖိုခန်းထဲကထွက်လာလိုက်သည်။

"ဘာသွားလုပ်တာလဲ ?"

ဧည့်ခန်းကထလာပြီး Luhanနောက်လိုက်လာပြီဖြစ်သည့်Sehunနှင့်မီးဖိုချောင်အပေါက်ဝမှာဆုံသည်။ Luhanကဗန်းကိုမြှောက်ပြပြီး

"Sehunဖို့လေ။ မနေ့ကတွေ့တာနဲ့ဝယ်လာတာ
ကျွန်တော့်ကိုပြောဖူးတယ်လေ နို့ချောကလက်ကြိုက်တယ်မလား ?"

ဧည့်ခန်းကဆိုဖာမှာပြန်နေရာယူထိုင်လိုက်ပြီး
ချောကလက်ပူပူခွက်ကို Sehunလက်ထဲထိုးထည့်ပေးသည်။ Sehunကပြုံးလို့ ကျေးဇူးစကားဆိုကာ တငုံသောက်လေသည်။ Luhan သဘော ကျသွားပြီး စားလက်စမနက်စာကိုဆက်စားသည်။

မီးလင်းဖိုနားထိုင်နေသည့်တိုင် အအေးဓာတ်ကအသွေးသားထဲစိမ့်တက်နေလေသည်။ Luhan နှာခေါင်းတချက်ရှုံ့လိုက်ပြီး မှန်တံခါးတွေကနေတဆင့်မြင်နေရသည့်မှုန်ဝါးဝါးအပြင်ဘက်ကို လှမ်းကြည့်လိုက်ကာ

"ခရစ်စမတ်တောင်ရောက်တော့မယ်နော်"

"အင်း သိပ်မလိုတော့ဘူး"

"Sehun Sehun ကျွန်တော်တို့ခရစ်စမတ်ဆိုဘာလုပ်လဲ"

စားလက်စပန်းကန်ထဲဇွန်းကိုပစ်ချလို့Luhanက Sehunထိုင်နေရာမျက်နှာမူလိုက်ပြီးမေးလေသည်။ Sehunကချောကလက်နို့ကိုတငုံ့ထပ်ယူလိုက်ပြီးနောက်

"နှစ်တိုင်းတော့မတူဘူး။ ပိတ်ရက်ဆိုတော့ ကိုယ်တို့ခင်ဗျားရဲ့မွေးရပ်မြေကိုပြန်တယ် တခါတလေခရီးထွက်တယ် တခါတလေကျတော့လဲ အိမ်မှာပဲနေတယ်လေ"

"သစ်ပင်လိုချင်တယ်"

အရင်းမရှိ အဖျားမရှိ ထဆိုသည့် Luhanစကားကြောင့်Sehunကကြည့်လာသည်။

"Sehunပြောဖူးတယ်လေ ကျွန်တော်တို့ အစ်ကို
Minseokရဲ့ကော်ဖီဆိုင်ရှေ့မှာ သစ်ပင်ဆင်ဖူးတယ်ဆိုသစ်ပင်လိုချင်တယ် "

"အင်း ညနေကျသွားဝယ်မယ်လေ "

"Yesss......"

လက်သီးလက်မောင်းတန်းလို့အောင်ပွဲခံလိုက်သည့်Luhanကို Sehunက အပြုံးအရယ်မပျက်ပဲ ငေးလို့ကြည့်သည်။ Sehunအငေးကြောင့် လှုပ်ရှားမှုတွေရပ်သွားရသည့် Luhanက ချောင်းတချက်ဟန့်ပြီး ဘာသိဘာသာဟန်ဆောင်နေလေသည်။

ဒီလိုနှင့် တမနက်ခင်းသည် Luhanအပေါ် Sehun ၏တစိမ့်စိမ့်ကြည့်နိုင်မှုအဟုန်ဖြင့် ကုန်ဆုံးသွားပြန်သည်။

...^...

"အမြင်အာရုံမကောင်းတာတွေရှိလား ?"

"ဟင့်အင်း"

"ခေါင်းကိုက်တာတို့ မူးဝေတာတို့ရော"

"တခါတလေ အိပ်ရာကထထချင်းနည်းနည်းမူးတတ်ပေမဲ့ အဆင်ပြေပါတယ်"

Luhanစကားများကို Jun Myeonက တလုံး ချင်း သေချာနားထောင်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

ထို့နောက် ဆေးစာအုပ်ပေါ် စာတချို့ခပ်သွက်သွက်ရေးချကာ

"ဆေးပေးတယ်ဆိုတာ ခံစားနေရတဲ့ဝေဒနာသေးသေးလေးတွေကိုသက်သာအောင်လုပ်ပေးနိုင်တာနော်။ခေါင်းနဲ့ဆိုင်တဲ့ပြဿနာတွေကသိပ်ပြောရခက်တာ"

Jun Myeonဘောပင်ချလိုက်ပြီး သူနာပြုဆရာမကိုအခန်းထဲခေါ်လိုက်ကာ Luhanအတွက်ဆေးပြင်စေသည်။

သူနာပြုဆရာမအခန်းထဲကထွက်သွားသည်နှင့် Luhanဆီပြန်လှည့်လာသည့် Jun Myeon မျက်နှာ သည် ဆရာဝန်တစ်ယောက်ထက် သူငယ်ချင်းတစ်ယောက်နှင့်ပိုတူသွားသည်။

"ကျွန်တော်နဲ့ဆရာ ? အာ Jun Myeonနဲ့က အသက်တူတူပဲဆို ဟုတ်လားဟင်"

"အင်း ဟုတ်တယ်လေ Luhanနဲ့ကျွန်တော်နဲ့က
တက္ကသိုလ်တခုတည်းတက်ခဲ့တာ အထူးပြုချင်းတော့ မတူပေမဲ့ပေါ့"

"အော် ...... Sehunက Jun Myeonအကြောင်းတွေလဲပြောပြတယ်"

Jun Myeon က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး Luhanကိုပြုံးလို့ကြည့်သည်။

Oh Se Hunနှင့်သူ့ဆွေမျိုးတွေဟာ ဘာလို့ Luhan ကိုဆို ပြုံးလို့သာကြည့်ကြသလဲ မတွေးတတ်ပေမဲ့ Jun Myeonက အပြုံးနဲ့တင် ရောဂါတဝက်ကုပေးနိုင်သည့်ဆရာဝန်ဆိုသည်မှာသေချာသည်။

"Luhan မေ့သွားတဲ့အတိတ်ကိုပြန်သတိရချင်လား"

တွေ့လာသည့်အခေါက်တိုင်းမှာ Jun Myeonက ထိုသို့သောစကားကို တခါမျှမမေးခဲ့။

အတိတ်မေ့သွားသည့်လူနာတစ်ယောက်အတွက်
ထူးဆန်းသည့်မေးခွန်း မဟုတ်ပေမဲ့လဲ Luhan ပြန်ဖြေဖို့အချိန်တော်တော်ကြာသွားခဲ့သည်။

"လွတ်သွားတဲ့အချိန်တွေက နှမြောစရာကောင်းပေမဲ့လဲ"

အရင်နေ့ရက်တွေတုန်းက မေးလာခဲ့မည်ဆိုလျှင် Luhanသေချာပေါက်ခေါင်းငြိမ့်မိမည်ဖြစ်သည်။ မေ့ပျောက်သွားသည့်ဆယ်နှစ်ဆိုသည့်အချိန်က ကာလတိုမှမဟုတ်ခဲ့တာပဲ။ သို့ပေမဲ့ ထိုအချိန်များကို Sehunဆီကနေ Luhanပြန်လည်သိရှိနေနိုင်ပြီလေ။

"ကျွန်တော် မှတ်ဉာဏ်အသစ်တွေကိုပဲ တန်ဖိုးထားဖို့ဆုံးဖြတ်ထားတယ်"

Luhanအဖြေကပြတ်သားသည့်အတွက် Jun Myeonကသဘောကျသွားလေသည်။ ပြုံးနေရာမှ သဘောတကျဖြင့်ရယ်လိုက်ပါပြီး Luhanကိုကြည့်လို့

"Sehun ကတော့ တကယ်ကံကောင်းတဲ့ကောင်လေးပဲ"

"ကျွန်တော်က ပိုကံကောင်းတာပါ"

ဆေးရုံကနေထွက်လာသည့်အခါ အသင့်စောင့်နေသည့်ကားပေါ်သို့ Luhanဝင်လိုက်သည်။ အဆင်သင့် heaterဖွင့်ပေးထားသည့် ဒရိုင်ဘာဦးလေးကြီးမှာ Luhanထိုင်နေသည့်နောက်ဘက်သို့လှည့်ကြည့်လာပြီး

"Bossက ချိန်းထားတဲ့နေရာကိုတခါတည်းလာခဲ့ဖို့ပြောတယ် အစ်ကိုလေး။ သူစောစောထွက်လာခဲ့မယ်တဲ့"

"အင်း သွားမယ်လေ"

"အစ်ကိုလေး ဗိုက်ဆာသေးလား ? အစ်ကိုလေးဗိုက်ဆာရင် ဆိုင်တဆိုင်ထဲဝင်ပေးလိုက်ဖို့ပြောထားတယ်"

"နေ့လည်စာနောက်ကျမှစားထားလို့ သိပ်မစားဘူး။ဦးလေးရ။ ချိန်းထားတဲ့ဆီပဲမောင်းလိုက်လေနော်"

Luhan ဆေးရုံကအပြန်မှာ ခရစ်စမတ်ပစ္စည်းရောင်းတဲ့ဆိုင်ဆီဝင်ကြဖို့ Sehunကချိန်းထားခြင်းဖြစ်သည်။ ဆေးရုံထိလိုက်ခဲ့ဦးမည်ပြောသော်လည်း Luhanတားသောကြောင့် နေနေခဲ့ခြင်းဖြစ်သည်။

ညနေစောင်းအချိန်မှာ အစိမ်းရောင် အနီရောင်မီးများဖြင့်ထိန်လင်းနေသည့် ဆိုင်ခန်းတစ်ခုရှေ့ရောက်သည့်နောက်ကားကရပ်သွားလေသည်။
ဒရိုင်ဘာဦးလေးကိုနှုတ်ဆက်စကားပြောပြီး Luhanကားပေါ်ကဆင်းလိုက်ကာ ဆိုင်ရှေ့ရပ်လိုက်သည်။ အပြင်ဘက်မှလှမ်းကြည့်သည့် နောက်ဆိုင်တွင်းလူရှင်းနေသည်။ ခရစ်စမတ်ရာသီရောက်နေပေမင့် ဘာကြောင့်ဝယ်သူပါးနေသလဲမသိ ?

"ဟယ်လို !"

" ...... Sehun"

"ဝင်ကြမလား "

မိနစ်မခြားပဲ Luhanနားရောက်လာသည့် Sehun ကဆိုင်တွင်းသို့ဦးဆောင်ခေါ်သွားသည်။ ဝင်ဝင်ချင်းတွေ့ရသည့် သစ်ပင်ပုသေးသေးလေးတွေက Luhanကိုဆွဲဆောင်ပြန်သည်။

"သစ်ပင်နဲ့အလှဆင်ပစ္စည်းတွေက အပေါ်ထပ်မှာရှိတယ် အေးဆေးကြည့်ကြလေနော်"

"ဟုတ်ကဲ့ အန်တီ"

ကောင်တာမှာရှိနေသည့် ပိုင်ရှင်အန်တီကြီးကို Sehunက အသိအမှတ်ပြုစကားဆိုလိုက်ကာ သစ်ပင်ပုစိတွေကိုငေးနေသည့် Luhanအား ပြန်လှည့်ကြည့်သည်။

"Sehun Sehun "

"ဗျာ "

"ကလေးတွေကိုလဲ လက်ဆောင်ပေးချင်တယ်"

"ပန်းချီကျောင်းကလား ?"

"အင်း!!"

သစ်ပင်ပုစိလေးတွေကိုထားခဲ့ပြီး Luhanက Sehunနှင့်အတူတူ အပေါ်ထပ်သို့တက်လသည်။ လှေကားထစ်တလျှောက် ဘေးဘက်နံရံမှာ အကန့် တွေလုပ်ထားပြီးထည့်ထားသည့် အနီ အစိမ်းစပ်အရုပ်ကလေးများကိုအသည်းယားသည့်သဖွယ်ကြည့်နေသည့်Luhanကို ခြေ ချော် မည်ဆိုးသဖြင့် Sehunကပဲထိန်းကိုင်ပေးထားရသေးသည်။

"ကလေးတွေဆိုတော့ အရုပ်ပဲပေးလေ"

"ခရစ်စမတ်အမှတ်တရဖြစ်ချင်တာ ။ အာ......Sehunကွတ်ကီးလေးတွေလုပ်ပေးပါလား ?"

လှေကားတဝက်မှာရပ်ပြီး အရုပ်တွေကိုရွေးယူလျက်မှLuhanပြောပြန်သည်။ Sehunကစကားပြန်မပြောသည့်နောက် Sehunဘက်ကိုလှည့်ကြည့်ပြီး

"ဒီတခါ အများကြီးလုပ် ကျွန်တော်အများကြီးစားမှာနော်...?"

"တကယ်လား"

"အင်း တကယ်"

"ဟုတ်ပြီ ခရစ်စမတ်တရက်လုံး ခင်ဗျားကိုကွက်ကီးပဲကျွေးမယ် ထမင်းမကျွေးဘူး"

ဆတ်ကနဲမော့ကြည့်လာသည့်မျက်လုံးအကြည့်များသည် အားပါလှသည်။ Sehun တိတ်တိတ်ကလေးရယ်မိပါပြီး Luhanလက်ထဲမှ အရုပ်များကိုလက်လွှဲပြောင်းယူသည်။

"အရုပ်တွေခဏထားခဲ့ဦး ပြီးမှယူခိုင်းလို့ရတယ်
အပေါ်တက်ရအောင်လာ"

Sehunလက်နွေးနွေးထဲကို Luhanလက်ဖဝါးလေးပါသွားသည်။ အောက်ထပ်တထပ်လုံးမည်သူမျှမရှိသလို အပေါ်ထပ်တွင်လည်း ဝယ်သူမရှိ။

အပေါ်ထပ်အလယ်မှာ ဟီးနေသည့်ခရစ်စမတ်သစ်ပင်ပေါ်တွင် မီးရောင်စုံတို့ထိန်လင်းနေသည်။ နှင်းအတုများနှင့်အဆင်တန်ဆာများသည်မျက်စိရှုစဖွယ်ဖြစ်နေသည်။

လေထဲမှာခပ်တိုးတိုးလွင့်နေသည်က Mariah Careyရဲ့ All I want for christmas is you...။

ခရစ်စမတ်မှာ ကျွန်တော်တို့ဘာလုပ်ကြသလဲ မေးလာသည့်မေးခွန်းမှာ Sehunမပြောဖြစ်လိုက်သည့်အထဲ သူတို့အတူရှိခဲ့သည့်နှစ်များမှာ နှစ်တိုင်းခရစ်စမတ်ဆိုလျှင်Luhanဆိုပြနေကျ ထိုသီချင်းလဲပါသည်။

- ခရစ်စမတ်အတွက် ကိုယ်လိုချင်တဲ့တစ်ခုတည်းသောအရာက မင်းပါပဲ - တဲ့။

သီချင်းဆုံးတိုင်း Sehunကိုခပ်တင်းတင်းပွေ့ဖက်ထားတတ်သည့်Luhanကိုလည်းပြောဖို့မေ့ကျန်ခဲ့သည်။

ဆယ်ကျော်သက်ကလေးရှက်သွားလေမလားလို့တွေးမိကာ Sehunချန်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ Sehunကသူ့မျက်စိရှေ့မှောက်မှာရှိသည့် သူ့ဘဝ၏ကောင်းချီးလေးကို ငေးမောနေမိပြန် သည်။

"Sehun Sehun ဒီကိုလာ"

သစ်ပင်အလှဆင်ဖို့ပစ္စည်းတွေဝယ်ဖို့ထဲ ဆိုင်ထဲကသစ်ပင်ကိုပိုစိတ်ဝင်စားဟန်ရှိနေသည့် Luhan ကသစ်ပင်နားကနေ Sehunကိုလက် ယှက်ခေါ်နေသည်။

"ဒီမှာလေ သမင်လေး ချစ်စရာလေး ကျွန်တော်တို့အဲ့ဒါဝယ်ရအောင်။ ကြယ် ကြယ် ကြယ်လဲလိုချင်တယ် ဖဲပြားလဲလိုချင်တယ် ဒီမှာ ဆန်တာကလော့မျက်နှာကြီးတွေ့လား"

လက်ညှိုးတထိုးထိုးနှင့်ပူဆာနေသည့် ကလေးပုံစံလေးသည် Sehunမမြင်ဖူးသည့် ပုံစံအသစ်ဖြစ်သည်။ ရင်ကနေလှိုက်တက်လာသည့် ချစ်မြတ်နိုးမှုကို ထိန်းချုပ်နိုင်စွမ်းမဲ့လျက် ပခုံးနှစ်ဖက်ကနေဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည့်အခါ စကားတွေရပ်လို့ Sehunကို တအံ့တသြကြည့်လာသည်။

တခဏကြာသည့်နောက် Luhanမျက်နှာကလေး မော့သွားသည်။

ခဏတာဝေးခဲ့ရသည့် နှုတ်ခမ်းပါးလေးသည် Sehunကိုရင်ခုန်လှိုက်မောစေတုန်းပင်။

သို့ပေမဲ့ Sehunရင်ဘတ်မှာကပ်နေသည့် လက်သီး ဆုပ်လေးတင်းကျပ်သွားသည့်အခါ Sehun ထိုနှုတ်ခမ်းပါးလေးကိုလွှတ်လိုက်လေသည်။

ခေါင်းငုံ့သွားသည့် Luhan တယောက် အသက်ရှုပြင်းနေသည်ကိုသိသာလှစွာ တကိုယ်လုံးတုန်နေသည်။

"Luhan "

"အင်း..."

"ကိုယ့်ကိုကြည့်ပါဦး"

"ဘာပဲပြောပြော ဒါ ကျွန်တော်မှတ်မိနေမဲ့ ကျွန်တော့်ရဲ့ပထမဆုံးအနမ်းပဲ"

Luhanကမျက်နှာမော့လာပြီး Sehunနှင့်မျက်လုံး ချင်းဆုံအောင်ကြည့်လာသည်။ နှုတ်ခမ်းတို့ပြုံးသယောင်ဖြစ်သည်ကိုမြင်ရသည့်တိုင် Sehunမှာမဝံ့မရဲဖြစ်နေတုန်းပင်။

"ပထမဆုံးအနမ်းဆိုတာကို ငယ်ငယ်တည်းက
စိတ်ကူးယဉ်ဖူးတယ်ဗျ ချိုလည်းချိုရမယ် ရိုမန့်တစ်လဲဖြစ်ရမယ် "

"............"

"Sehun "

လည်ပင်းကိုလက်နှစ်ဖက်ဖြင့်သိုင်းဖက်လာသည့်အခါSehunလက်တွေသည်လည်းအလိုလို Luhan ခါးထက်တွယ်ချိတ်သွားပြီဖြစ်သည်။

သစ်ပင်မှဖြာထွက်နေသည့်မီးရောင်လဲ့လဲ့သာရှိသည့်ဝန်းကျင်မှာ နှစ်ဦးသား၏စိတ်က နူးညံ့သည့်မိန်းမောမှုတစ်ခုနောက်သို့ တားမရအောင်လိုက်သွားမိကြဟန်ရှိသည်။

Luhanဘက်ကစတင်လာသည့်အနမ်းတစ်ခုနောက်Sehunမျောပါသွားရစဉ် အေးစက်နေသည့်ညအချိန်တွင် နှုတ်ခမ်းပါးတို့ချိတ်ဆက်မှုဖြင့် သူတို့တခဏတာနွေးထွေးနေကြလေသည်။

.......................................

° The years I have loved him °

နှုတ်ခမ်းချင်းအကြင်နာဝေမိတဲ့တခဏက
ကြယ်တွေပျိုးပျက်သွားချိန်ပေါ့
ခင်ဗျားက ပထမဆုံးအနမ်းကိုချိုမြိန်စေချင်တယ်ဆိုတဲ့နောက် ကိုယ်က အကြင်နာတိုင်းကို
ဦးဆုံးဖြစ်စေတော့မယ်

To Be ConTinued......


Continue Reading

You'll Also Like

236K 42.7K 54
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
2.6K 440 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
100K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
14.7K 760 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...