မိုးလင္းခါနီးအခ်ိန္တြင္ ျမိဳ႕ကေလးသို႕ရထားဆိုက္
ေရာက္သည္။နယ္ျမိဳ႕ေလးကို ေရာက္သည့္အခါမွာ နယ္ခံသုံးေယာက္ျဖစ္သည့္ Luhan၊ Yi Xing ႏွင့္ တျခား
ေသာစီနီယာႏွစ္ေယာက္၏ အိမ္ေတြမွာသာ ေနၾကဖို႔ သူတို႔ျပင္ဆင္ၾကသည္။ တစ္ညအိပ္ခရီးသာျဖစ္သည့္အတြက္ တကၠသိုလ္ေက်ာင္းသားေတြက အပိုဝင္ေငြထြက္ဖို႔
လက္တြန္႔ၾကတာလဲျဖစ္ပါသည္။
Sehunကေတာ့ အိတ္ဆြဲကာ Yi Xingေနာက္ကိုပါ
သြားေလသည္။ႏွစ္နာရီေလာက္နားျပီးသည္ႏွင့္ မိဘမ့ဲ
ေဂဟာကိုပဲ စုလာခ့ဲၾကဖို႕ ေျပာၾကျပီး လူစုခြဲလိုက္ၾက
သည္။
ရထားေပၚကဆင္းျပီးသည့္တိုင္ အိပ္ခ်င္စိတ္ေျပပုံမရ
ေသးသည့္ Luhanအား Sehunက လွည့္ၾကည့္ လွည့္
ၾကည့္ျဖင့္စိတ္မခ်သည့္ပုံ။ Yi Xingကေတာ့ Sehun
ပခုံးကိုလွမ္းဖက္ကာ သူ႔အိမ္ဘက္သို႔ဆြဲေခၚသြားေတာ့
သည္။
နားခ်ိန္ႏွစ္နာရီေပးေပမ့ဲ Yi Xing အိမ္ေရာက္ျပီး Sehun
တို႔အထုတ္ခ်လို႔ ေရခ်ိဳးျပီးတာနဲ႕တန္းထြက္ရတာပင္ျဖစ္
၏။ Yi Xingတုိ႔အိမ္မွာက ဂ်စ္ကားတစီးရွိသည့္အတြက္
ေဂဟာကိုလွဴမည့္ပစၥည္းမ်ားအား ထိုကားျဖင့္ထည့္ေပး
လိုက္ျပီး လူေတြကေတာ့ စက္ဘီးတစ္စီးစီျဖင့္လွိမ့္လာ
ခ့ဲၾကသည္။
အိမ္ေျခနည္းျပီး ကားေတြရွားလိုု႔ ေတာင္တန္းေတြၾကား
မွာရွိေနသည့္ ျမိဳ႕နယ္ေလးသည္ ဘယ္ေနရာၾကည့္ၾကည့္
အစိမ္းေရာင္ေတြႏွင့္ျပည့္ေနေလသည္။ ေတာင္ကိုပတ္
တက္ထားသည့္လမ္းတေလွ်ာက္နင္းလာရပါေသာ္လည္း
ေမာအံ႕မထင္ပဲ Sehunတို႔တေတြ စလိုက္ ေနာက္လိုက္
ျဖင့္ အျပိဳင္နင္းၾကေသးသည္။
ေဂဟာထဲကို စက္ဘီးေတြေကြ႔ဝင္လာသည့္အခါ ကေလး
တသိုက္ကေျပးဆင္းလာသည္။ ကေလးေတြေျပးဆင္း
လာသည့္ ေနရာကိုSehunေမာ့ၾကည့္လိုက္သည့္ေနာက္
မေျပးပဲက်န္ေနသည့္ကေလးဆယ္ေယာက္ေလာက္ႏွင့္
ထိုင္ေနသည့္Luhanအားေတြ႔လိုက္ရပါသည္။
"Luhanတို႕အိမ္ကဒီနားမွာပဲေလ အ့ဲဒါေၾကာင့္ ဒီေကာင္
ၾကိဳေရာက္ေနတာ"
စက္ဘီးေဒါက္ေထာက္ရပ္ရင္း Yi Xingက Sehunကို
ေျပာသည္။
တင္ပလႅင္ေခြထိုင္လ်က္ ေဘးနားမွာကေလးေတြဝိုင္း
ေနသည့္ Luhan့ပုံသည္ Sehunကိုျပံဳးမိေစျပန္သည္။
ေခါင္းငုံ႕ကာစာရြက္ျဖဴေပၚတြင္ ပုံဆြဲျပရင္း ကေလးငယ္
မ်ားႏွင့္ ရယ္ေမာေနျခင္းျဖစ္သည္။ အရြယ္ေရာက္ျပီး
လူငယ္တေယာက္၏အျပံဳးေတြက ထိုမွ်ေလာက္ ျဖဴစင္
ႏိုင္မွန္းမသိခ့ဲ။ ရပ္ေငးေနေသာ Sehunကို Yi Xing
တို႔တေတြက တြန္းတိုက္လို႕ ေျပးဆင္းလာသည့္ ကေလး
ေတြၾကားထည့္ေပးလိုက္သည္။
ပန္းခ်ီဆြဲဖို႕ထက္ ေဆာ့ဖို႕ပိုအားသန္သည့္ကေလးတခ်ိဳ႕
က Sehunတို႔လက္ကိုဆြဲလို႔ ကြင္းတပတ္ပတ္ေျပးေနၾက
ပါေတာ့သည္။
ပန္းခ်ီသင္ေပးေနသည့္ စီနီယာေတြကတဖက္ ၊ ကေလး
ေတြနဲ႕ေဆာ့ေနေသာSehunတို႔ကတဖက္၊ အဝတ္ေတြ
စာေရးကရိယာေတြကို ေပးေနၾကသည့္သူမ်ားကတဖက္
ႏွင့္ ေဂဟာၾကီးဟာ ယေန႔က်မွ အေတာ္စည္ကားေနခ့ဲ
သည္။
မိဘမ့ဲကေလးမ်ားအျပင္ မူလတန္းၾကိဳအတန္းႏွင့္ေန႔
ကေလးထိန္းေက်ာင္းပါတြဲလ်က္ဖြင့္ထားသျဖင့္ ဘယ္ေန
ရာၾကည့္ၾကည့္ ကေလးမ်ားႏွင့္ေဖြးေဖြးလႈပ္ေနေလ
သည္။
နံနက္ခင္းတခ်ိန္သာ ျမင္လိုက္ရသည့္ Luhanကို
ေန႔လည္ထမင္းစားခ်ိန္မွသာ Sehunျပန္ျမင္ရသည္။
ေဂဟာမွဆရာမမ်ားသည္ ေန႔တဝက္လုံး ကေလးေတြကို
ပန္းခ်ီသင္ေပး၊ ေဆာ့ကစားေပး၊ ကေလးေတြလိုအပ္တာ
လွဴေပးသည့္ Sehunတို႔တေတြအား ေန႔လည္စာအလ
ကားေကြ်းေလသည္။
ကေလးမ်ားကိုေကြ်းသည့္ ထမင္းစားခန္းေဟာထဲမွာသာ
ကေလးမ်ားစားအျပီးေကြ်းျခင္းျဖစ္သည္။ Sehunက
ဆရာမေလးမ်ားထည့္ေပးသည့္ ထမင္းႏွင့္ဟင္းကို
လွမ္းယူလိုက္ျပီး Luhanထိုင္ေနသည့္ခုံဆီေလွ်ာက္သြား
လိုက္သည္။
မုန္ညွင္းရြက္ေတြဖယ္စားေနသည့္Luhanက Sehunကို
ေမာ့ၾကည့္လိုက္ျပီးျမင္သည့္အခါ စားပြဲေပၚမွ ေရဘူး
မ်ားဖယ္ေပးသည္။
မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္ျပီး Sehunက Luhan့
မ်က္ႏွာကိုတခ်က္ၾကည့္လို႔ ထမင္းစစားသည္။ အရြက္
မစားသည့္သူပီပီ အရြက္စိမ္းစိမ္းမ်ားကို တူျဖင့္ညွပ္ဖယ္
သည့္အခါ Luhanက Sehunတူကိုရိုက္ခ်လာပါသည္။
"ဘာလုပ္တာလဲ အရြက္စားေလ"
ေလသံမာမာျဖင့္ဆိုလာသည့္Luhanကို Sehun
မ်က္လုံးမ်ားေမွးစင္းကာၾကည့္ျပီး Luhan့ပန္းကန္ထဲ
မွ ေဘးဖယ္ခံထားရသည့္မုန္ညွင္းရြက္ေလးမ်ားကို
မ်က္စပစ္ျပလိုက္သည္။
အထာေပါက္သြားသည့္ Luhanက သူဖယ္ထား
သည့္ မုန္ညွင္းရြက္မ်ားကို Sehunပန္းကန္ထဲထည့္လိုက္
ေလသည္။
"ဟာ ခင္ဗ်ား"
"ဘာလဲ စား ကေလးဆိုတာ ဆန္ အသား အရြက္
ညီညြတ္ေအာင္စားရတယ္"
"ခင္ဗ်ားက်ေတာ့ေရာ"
"ငါကလူၾကီး"
ျပန္ေျပာမည္ၾကံကာမွ ထပ္ထည့္ေပးလိုက္သည့္ အမဲသား
ေၾကာ္မ်ားေၾကာင့္ Sehunပါးစပ္ပိတ္သြားသည္။ Luhanကတူကိုပါးစပ္မွာကိုက္ျပီး ျပံဳးစစျဖင့္ Sehunကို
ရယ္ျပေလသည္။
"စားေပးစမ္းပါ ငါမကုန္ေတာ့လို႔"
"လက္စသတ္ေတာ့အ့ဲလို"
"ကိုၾကီးကိုကူညီတယ္ပဲထားလိုက္ ဆရာမၾကီးက
ကုန္ေအာင္မစားရင္စိတ္ဆိုးလို႔ပါ"
အရပ္အေခၚ မ်က္ႏွာပိုးမေသသည့္ မ်က္ႏွာျဖစ္ေပမ့ဲလဲ
Sehunကေတာ့ ႏွလုံးသားထဲထိတိုက္ရိုက္ထိသြားရ
သည္။ အရြက္မၾကိဳက္သည့္သူက ခပ္ျပံဳးျပံဳးႏွင့္ပင္ Luhan ထည့္ေပးသမွ် အကုန္စားေလေတာ့သည္။
Luhanကေရခြက္ကိုက်လိုက္ရင္းမွ Sehunစားေန
သည္ကိုေမးေထာက္လို႔ၾကည့္သည္။ သူအၾကည့္လြန္ေန
ရင္း Sehunနင္သြားသည့္အခါ ေရတခြက္အသင့္ကမ္း
ေပးေလသည္။
Sehunမွာအရြက္မ်ားႏွင့္အသားမ်ားကိုလုံးေထြးျမိဳခ်
ပစ္ရင္း ေရအျမန္ေသာက္ရသည္။
"မင္းတို႔ဘာနဲ႕လာတာလဲ "
"အစ္ကိုYi Xingအိမ္ကစက္ဘီးေတြနဲ႕"
"ေအာ္ ဟုတ္လား "
Luhanေခါင္းတညိမ့္ညိမ့္ျဖင့္ Sehunပန္းကန္ထဲကို
ထမင္းဆုပ္ေတြထည့္ေပးျပန္သည္။ Sehunမ်က္လုံး
ေထာင့္ကပ္ၾကည့္သည့္အခါ ႏွာေခါင္းေလးရႈံ႕ျပီးရယ္ျပ
သည္။ ဖ်စ္ညွစ္ပစ္လိုက္ခ်င္သည့္စိတ္ကိုေဖ်ာက္ပါလို႔
Sehunထမင္းသာငုံ႕စားရပါသည္။
အားနာ၍ထင္ Luhanက Sehunစားလို႔ကုန္သည္အထိ
မ်က္ႏွာခ်င္းဆိုင္မွာထိုင္ရင္းေစာင့္ေပးရွာသည္။ Sehun
ကေနာက္ဆုံးတလုပ္ကိုပစ္သြင္းလို႔ ေရေသာက္ျပီးသည့္
အခ်ိန္မွာ Luhan့ကိုၾကည့္လို႔
"အျပန္က်ရင္ စက္ဘီးနဲ႕ျပန္ေလ ဒိုမင္က ကားနဲ႕
လိုက္သြားမလို႔တ့ဲ စက္ဘီးတစီးလြတ္ေနမွာ"
"ေတာ္ပါ မစီးတာ"
"ဘာလဲ မနင္းတတ္လို႔လား ?"
Sehunေနာက္ေျပာင္ဆိုလိုက္ေပမ့ဲ Luhanကပါးစပ္
ပိတ္သြားျပီးSehunကိုေစာင္ၾကည့္သည္။ မေက်မခ်မ္း
ပုံစံကသိသာသည့္အတြက္ Sehunက အ့ံၾသစြာပင္
ရယ္မိေတာ့သည္။
"တကယ္? အတည္ၾကီး မစီးတတ္ဘူး"
"စီးတတ္ပါတယ္ဟ မစီးတာၾကာေနလို႔ အရမ္းမကြ်မ္းတာ
မင္းဟာေလ"
ဖယ္ေပးထားသည့္ေရဘူးမ်ားျဖင့္Sehunကိုပစ္ေပါက္ကာ
ဆိုသည္။ ေအာ္ရယ္ေနလွ်င္ သူမ်ားေတြသတိထားမိမွာ
စိုးေသာေၾကာင့္ Sehunက ခိုးရယ္သည္။ ဒါကိုပင္ Luhanက သူ႔အားေလွာင္ေျပာင္ပါသည္ဆိုကာ တစ္သွ်ဴး
ဘူးျဖင့္ပိတ္ေပါက္သည္။
"ေတာ္ေတာ္သေဘာက်ေနတယ္ ဟုတ္လား?
ငါ့ကိုေလွာင္တယ္ေပါ့"
"မဟုတ္ပါဘူးဗ်ာ ……ဟားးဟားး ခ်စ္ဖို႔ေကာင္းလို႔ပါ"
"……………"
"အယ္ မဟုတ္ဘူး ခ်စ္စရာေကာင္းတယ္ဆိုတာက
အာ ကိုယ္ဆိုလိုတာက…ခင္ဗ်ားေတြးသလိုမဟုတ္
ဘူး ဘယ္လိုေျပာမလဲ"
တေယာက္တည္းစကားေတြပတ္ရႈပ္ကာရွင္းေနသည့္
Sehunကို Luhanက ေခါင္းတခါခါျဖင့္ျပံဳးၾကည့္လိုက္
ျပီး စားျပီးသားဗန္းကိုမကာ ထထြက္သြားသည္။ Sehun
စားျပီးသားကိုပါ အတူမယူသြားျခင္းျဖစ္တာေၾကာင့္
Sehunမွာ လက္ဗလာျဖင့္ Luhan့ေနာက္လိုက္ေလ
သည္။
"Luhan ကိုယ္ဆိုလိုခ်င္တာက"
"ကဲ မရွင္းပါနဲ႕ေတာ့ Oh Se Hunရယ္"
Luhanကရယ္ရင္းေမာရင္းျဖင့္ ထမင္းဗန္းမ်ားကို ေဆး
မည့္ေနရာသြားပုံထားလိုက္ျပီး ဆရာမေလးမ်ားကို
ေက်းဇူးတင္စကားဆိုသည္။
Sehunကေတာ့ သတိလက္လြတ္ေျပာလိုက္မိသည့္
စကားအတြက္ ဘယ္လိုေျဖရွင္းခ်က္ထုတ္ရေလမလဲ
ေခါင္းစားေနတုန္းရွိသည္။
တေနကုန္ ကေလးမ်ားႏွင့္ အေဖာ္ျပဳျပီးသည့္ေနာက္
ညေနေစာင္းအခ်ိန္က်မွ သူတို႔ျပန္ျဖစ္သည္။
ခက္သည္က ကေလးမ်ားဆြဲထားသျဖင့္က်န္ေနခ့ဲေသာ
Luhanကို ကားကထားခ့ဲတာျဖစ္ျပီး အိမ္ျပန္ဖို႔အတြက္
စက္ဘီးစီးရမည့္အေျခအေနျဖစ္သြားတာျဖစ္သည္။
Yi Xingကေတာ့ တင္မနင္းပါဘူးဆိုကာ ေဂဟာထဲမွ
နင္းထြက္သြားသည္။ Luhanေနာက္ကေန ေက်ာက္ခဲနဲ႕
လွမ္းေပါက္ပါေသာ္လည္း ဖိုးကံေကာင္းကိုမထိခ့ဲ။
"ကိုယ္ တင္နင္းရမလား ?"
"ေတာ္ ငါနင္းတတ္တယ္ဆုိေန"
စက္ဘီးေပၚတက္ခြတည္းက အထာကမက်ခ်င္ေတာ့။
ေအာင္ေအာင္ျမင္ျမင္ျဖင့္ စက္ဘီးကိုခြျပီးသည့္တိုင္
တက္နင္းဖို႕ေျခမရဲတာကို Sehunကျမင္ေနရသည္။
"ဒီတိုင္း ကိုယ္ပဲတင္နင္းမယ္ေလ"
"Oh Se Hun "
Sehun လက္ေျမွာက္ျပီး ေထာင့္သာကပ္ရပ္ေနလိုက္
သည္။ စက္ဘီးေပၚတက္ခြျပီး တက္မနင္းျဖစ္ခ့ဲသည့္
အစ္ကိုၾကီးက စက္ဘီးေပၚကျပန္ဆင္းျပီး ေနာက္တၾကိမ္
တက္ခြကာနင္းပစ္ဖို႔အရွိန္ယူေနရွာသည္။
ဆယ့္ငါးမိနစ္ေလာက္တိတိ Luhan ၾကိဳးစားျပီးသည့္
ေနာက္မွာ Sehunတို႔ေဂဟာထဲက ထြက္ႏိုင္သြားသည္။
စက္ဘီးနင္းျပီးေတာ့မဟုတ္။ စက္ဘီးတြန္းျပီးထြက္
လာျခင္းသာျဖစ္သည္။
"မင္းျပန္ေတာ့ေလ ငါ့အိမ္ကနီးနီးေလး"
"ရပါတယ္ ကိုယ္လဲ ခင္ဗ်ားအိမ္ေရာက္ဖူးတယ္ရွိတာ
ေပါ့"
ေတာင္ကုန္းေပၚမွာရွိေနသည့္ ေဂဟာေပမ့ဲ ေတာင္ပတ္
လမ္းကို တပတ္သာပတ္ျပီး ေကြ႔ခ်လိုက္သည့္အခါ ျဖဴး
ေနသည့္ ေျမညီလမ္းသို႕ေရာက္သြားသည္။ ထူးထူးဆန္း
ဆန္းပင္ ေဘးတဖက္တခ်က္မွာ ပန္းခန္းေတြရွိေနသည္
အားSehunကေငးေမာလို႕သြား၏။
"ငါတို႔ငယ္ငယ္တုန္းကဒီပန္းခင္းထဲမွာ ေဘာလုံးလာကန္
တာ"
"ဘယ္လို ?? ပိုင္ရွင္ကခင္ဗ်ားတို႔ကိုမေျပာဘူးလား"
"ဒီအခင္းကဘယ္သူမွမပိုင္ပါဘူး သူ႔ဘာသာေပါက္ေန
တာ မင္းကလဲ ေတာင္ေတြၾကားထဲမွာ ျပန္႔ေနတ့ဲေျမ
ဆိုလို႔ ဒီတကြက္ပဲရွိတာ ပန္းေတြၾကားလဲ ေဘာလုံး
ကကန္ခ်င္ေတာ့ကန္ရတာပဲ"
Luhanက စက္ဘီးကိုေဒါက္ေထာက္ကာရပ္လိုက္ျပီး
ပန္းခင္းကိုေငးေမာၾကည့္သည္။ Sehun ေဘးခ်င္းယွဥ္
ရပ္ကာ Luhan့ကို ေစာင္းင့ဲၾကည့္သည္။
"လြမ္းလို႔လား "
"အင္း အ့ဲတုန္းကတကယ္ေပ်ာ္စရာေကာင္းတာ"
"ခင္ဗ်ား ပန္းခင္းထဲမွာေဘာလုံးကန္ခ့ဲတာေပါ့"
"အင္း"
"ပန္းခင္းထဲမွာ စက္ဘီးမစီးခ်င္ဘူးလား ?"
Luhanက တအ့ံတၾသပုံျဖင့္ Sehunကိုင့ဲၾကည့္လာ
သည္။ Sehunမ်က္ခုံးပင့္ကာ ဘယ္လိုလဲလို႔ေမးသည့္
ေနာက္ ရယ္ေမာပစ္ျပီး ေခါင္းဆက္တိုက္ညိမ့္လာေလ
သည္။
ထို႔ေနာက္ ႏွစ္ေယာက္သား ပန္းခင္းထဲကို စက္ဘီးေတြ
နင္းခ်သြားေတာ့သည္။
"ဟိတ္ ဟာာ ခါးကိုမယိုင္ေစနဲ႕ေလ"
"ဟိတ္ေကာင္ သူ႕ဟာသူယိုင္တာ ငါကေနတယ္
ထင္လို႕လား ?"
Sehun ေျပာမိသည့္ေနာက္ မေက်မခ်မ္းျဖင့္ေနာက္လွည့္
လာျပီး Sehunကိုျပန္ေအာ္ေလသည္။ စက္ဘီးနင္းေန
သည္ကိုအာရုံစိုက္မိရင္း တျခားအရာေတြမွာအာရုံ
လြတ္ကာစိတ္မရွည္ျဖစ္ေနပုံရသည္။ စကားဆယ္ခြန္း
ေျပာရင္ကိုးခြန္းေလာက္က အကန္ျဖစ္ျပီး ဆယ္ခြန္းလုံး
အေအာ္ျဖစ္ေနသည္။
စီးတတ္သည္ေျပာျခင္းအား Sehunမယုံပဲေနသင့္သည္။
Luhanကစီးတတ္သည့္အဆင့္မဟုတ္ပဲ စက္ဘီးေပၚ
တက္ခြတတ္သည့္အဆင့္ပင္။
ေလေလးျဖဴးျဖဴးနဲ႕ပန္းနံ႕သင္းသင္း တူႏွစ္ကိုယ္ယွဥ္တြဲ
ျပီးစက္ဘီးစီးလို႕ စိတ္ကူးယဥ္ဆန္မည့္ အၾကံအစည္ေတြ သြားေလဦးေရာ့။ မလွမ္းမကမ္းမွာ တာ့တာျပေနသလိုပင္
Sehunခံစားရသည္။
"လႊတ္ လႊတ္ Sehun လႊတ္လိုက္"
စိတ္ၾကီးသည့္ေကာင္ကေလးသည္ လက္ကိုင္ကိုထိန္း
တတ္သြားသည္ႏွင့္ ေနာက္မွကိုင္ထားေပးသည့္Sehun
အားလႊတ္ခိုင္းေလသည္။
လဲက်မည္ကိုစိုးျပီး ပန္းခင္းကို ေနာက္သုံးပတ္ေလာက္
ထိ Sehunေနာက္ကေနထိန္းကိုင္ေပးေနေသးသည္။
အရွိန္ျမန္လာသည့္စက္ဘီးေနာက္မလိုက္ႏိုင္ေတာ့သည့္
အဆုံးက်မွ Sehunကလႊတ္ေပးလိုက္သည္။ အလယ္ေန
ရာသို႔သြားကာ ငုတ္တုတ္ထိုင္မိသည့္ေနာက္ Luhanက
Sehunကိုပတ္ျပီး ေပ်ာ္ေပ်ာ္ၾကီးနင္းေလသည္။
ေနာက္မွေျပးလိုက္ရသည့္Sehunကသာ ေမာၾကီးပန္းၾကီး
ျဖင့္ Luhanစက္ဘီးနင္းတာရပ္ျပီး အနားမွာလာထိုင္
သည္ထိ အသက္ရႈမဝပဲရွိေနရသည္။
"ေနစမ္းပါဦး ခင္ဗ်ားစက္ဘီးနင္းသင္တာ ဘယ္အရြယ္
ကလဲ "
"အင္း ဆယ္ႏွစ္သားတုန္းက Yi Xing ပါပါးသင္ေပးတာ
ႏွစ္ရက္ေလာက္သင္ျပီးနင္းတတ္သြားတာပဲ ေနာက္က်
ေမေမကစက္ဘီးလဲမဝယ္ေပးတာနဲ႕ မနင္းေတာ့တာ
ဘယ္လိုလဲ ငါေတာ္တယ္မလား"
Sehunျပန္စကားမဆိုႏိုင္ပဲ ေခါင္းသာညိမ့္ျပလိုက္ရသည္။
စက္ဘီးနင္းရတာသေဘာေတြ႔သြားသည့္ Luhan့
မ်က္ႏွာကေတာ့ ျပံဳးခ်ိဳေနသည္။ ထိုင္ေနရင္းမွေန
လွဲက်ပစ္လိုက္ျပီး ပက္လက္လွန္ပစ္လိုက္သည္။
"ေဟ့ ညစ္ပတ္ေနတာကို"
"ဘာမွမျဖစ္ပါဘူး ငယ္ငယ္တည္းကဒီလိုပဲလွဲေနၾကပဲ"
ေျပာမႏိုင္စိန္ေလးကို Sehun အေထြထူးတရားေဟာ
မေနေတာ့ပဲလႊတ္ထားလိုက္သည္။ ေနဝင္သြားခ့ဲျပီျဖစ္ေပ
မ့ဲ ေကာင္းကင္ကေနေရာင္အရွိန္ျဖင့္ပုဇြန္ဆီေရာင္ထေန
သည္။ ပန္းေတြကိုျဖတ္တိုက္လာသည့္ေလသည္ေမႊးသည္။ ေအးသည္။ အေရာင္ရင့္သည့္ေကာင္းကင္ေအာက္မွာ
အဝါႏု ပန္းႏုေရာင္ ပန္းကေလးေတြက ယိမ္းထိုးေနခ့ဲ
ၾကသည္။
"ငါငယ္ငယ္ေလးတည္းက ဒီကိုပဲလာေနၾက
စိတ္ညစ္စရာရွိရင္ေပ်ာ္စရာရွိရင္ ငါဒီမွာပဲလာအခ်ိန္
ျဖဳန္းေနၾက"
ငယ္ဘဝကေဘာလုံးကန္ခ့ဲရုံအမွတ္တရျဖင့္ေတာ့ Luhanက ဒီပန္းခင္းကိုေငးၾကည့္ေနခ့ဲမွာမဟုတ္မွန္း
Sehunရိပ္မိသည္။
ေဘးပတ္လည္က ျမင္ကြင္းကို လွည့္ပတ္ၾကည့္ရႈလိုက္
ျပီး Sehunက သူ႕ေဘးနားမွာ ေခါင္းေပးျပီးလွဲေနသည့္ Luhan့ကိုငုံ႕ၾကည့္လိုက္သည္။
မ်က္လုံးကိုလက္ျဖင့္အုပ္ကာထားသည့္Luhanသည္
မ်က္ႏွာတပိုင္းသာေပၚေနေလသည္။
ရုတ္တရတ္ လွပေသာဝန္းက်င္သည္ Sehunကို
မဆြဲေဆာင္ႏိုင္ခ့ဲပဲျဖစ္သြားသည္။
ထိုဆြဲငင္အားက အင္မတန္ျပင္းသည္။ အင္မတန္
အႏၲရာယ္မ်ားသည္။ Luhan ၏ မ်က္ႏွာတဖက္တခ်က္
စီမွာ လက္ေထာက္လိုက္ျပီး Sehun ထိုမ်က္ႏွာဆီ
ငုံ႔ခ်လာလိုက္မိသည္။
အသက္ရႈလိုက္သည့္အခါထြက္လာသည့္ေလေငြ႔ပူကို
Luhanကခံစားမိသည္ထင္သည္။ မ်က္လုံးကိုကာထား
သည့္လက္အားျဖဳတ္ခ်မည္အျပင္မွာ Sehunက ထိုလက္
ကိုျမဲေနေအာင္ဆုပ္ကိုင္ထားပစ္လိုက္သည္။
"SEHUN "
ညေနခင္းဆည္းဆာသည္ လူကိုရူးသြပ္သြားေစသည္
ထင္သည္။ ျမင္လိုက္ရသည့္ ႏႈတ္ခမ္းသားႏုႏုသည္
ဆင္ျခင္တုံတရားေတြကို ရိုက္ခ်ပစ္လိုက္သည္ထင္သည္။
Sehun ကပ္တြယ္မိသည့္ ႏႈတ္ခမ္းပါးသည္ မလႈပ္မယွက္
ႏိုင္လွသည္။ Sehunအေပၚႏႈတ္ခမ္းက ထိမိထားသည့္
ေအာက္ႏႈတ္ခမ္းျပည့္ျပည့္ကို တခ်က္နမ္းရိႈက္လိုက္သည္။
ညင္သာမႈျဖင့္ သာသာေထြးေပြ႔လိုက္သည္။
အိစက္သည့္အထိအေတြ႔သည္ ဦးေႏွာက္၏အလုပ္လုပ္
ႏိုင္စြမ္းကိုျဖတ္ေတာက္ပစ္လိုက္သည္။
ေသာက္ေလ ေသာက္ေလ ငတ္မေျပဆိုသည့္ႏွယ္
Sehunႏႈတ္ခမ္းလႊာမ်ားထဲ အံဝင္ခြင္က်ေနသည့္
ႏႈတ္ခမ္းႏုႏုကို ထပ္တိုးလို႔ ထပ္ကာတိုးလို႔ တိုးဝင္
နမ္းေနခ့ဲမိသည္။
မိနစ္ပိုင္းအတြင္းမွာပင္ Sehunခ်ဳပ္ကိုင္ထားသည့္လက္
သည္ အားကုန္သုံးကာရုန္းထြက္လာသေယာင္ရွိသည္။
ထိုအခါမွပင္ Sehun ႏႈတ္ခမ္းမ်ားကိုလႊတ္ေပးလိုက္မိ
ျပီး ေၾကာက္ရြ႕ံမႈမ်ားျဖင့္ ထိတ္လန္႔လာခ့ဲသည္။
တကန္႔ျပီးတကန္႔ျပန္ေရာက္လာသည့္ အသိတရားမ်ား
သည္ Sehunကို ေနရာတြင္ပင္ေအးခဲသြားေစသည္။
Luhanကေတာ့ ထထိုင္ကာ Sehunကို ေက်ာေပးထား
ဆဲျဖစ္သည္။
"Luhan…ကိုယ္…………"
"ငါတို႔ ေနာက္မွဆက္ေျပာၾကတာေပါ့"
ေျပာျပီးျပီးခ်င္းမွာပင္ Luhanကထရပ္ကာ စက္ဘီးကို
တြန္းျပီး ပန္းခင္းထဲက ထြက္သြားခ့ဲသည္။
လႈပ္ရွားမႈတိုင္းကိုလိုက္ၾကည့္ေနမိသည့္Sehunမွာ
ေဘးတုိက္ျမင္လိုက္ရသည္ ျဖဴေရာ့သြားသည့္Luhan့
မ်က္ႏွာကိုျမင္လိုက္ရသည့္အခ်ိန္ ေနာင္တမ်ားျဖင့္ရူး
သြားမတတ္ပင္ျဖစ္ရေတာ့သည္။
ေခါင္းကိုအၾကိမ္ၾကိမ္ထုရိုက္မိရင္း ေခါင္းငိုက္စိုက္က်
သြားရသည္။
အလႈပ္အရွားမရွိခ့ဲသည့္ ႏႈတ္ခမ္းမ်ားႏွင့္ သူ႔လက္ကို
တြန္းဖယ္ခ့ဲသည့္ တုန္ရီေနသည့္လက္မ်ားကို ျပန္
သတိရမိသည့္ေနာက္ Sehun အျမင္ေတြေဝဝါးလာ
သည္။
ဒီတခါေတာ့ သူ တကယ္မွားျပီထင္သည္။
……^……
ေနာက္တေန႔မနက္ေရာက္သည့္အခါ Yi Xing ကို
အကူအညီေတာင္းျပီး Luhan့အိမ္ကိုသြားခ့ဲသည္။
Luhan အမ်ိဳးေတြရွိတ့ဲျမိဳ႔ကို ညတြင္းခ်င္းပဲထြက္သြား
တယ္လို႕ Luhanအေမျဖစ္သူကဆိုသည့္အခါ Yi Xing
ကပင္ တအ့ံတၾသျဖစ္သြားျပီး Sehunက ထိန္းမရႏိုင္
ေအာင္မ်က္ႏွာပ်က္ယြင္းရသည္။
စာေမးပြဲသာရွိမေနခ့ဲလွ်င္ Sehun ျပန္ျဖစ္မွာမဟုတ္။
Luhanႏွင့္မရမကေတြ႔ျပီး သူ မ်က္ႏွာခ်င္းဆိုင္ရွင္းဦး
မွာျဖစ္သည္။
ဟင့္အင္း စာေမးပြဲကလည္း အေရးမၾကီး။ သူတေယာက္
တည္းပ်ာေနလွ်င္ တျခားသူေတြရိပ္မိမွာဆိုးလို႔ သူျပန္
ခ့ဲရျခင္းျဖစ္သည္။
နယ္မွာက်န္ေနခ့ဲသည့္ Yi Xingကုိ Sehun အတန္
တန္အကူအညီေတာင္းျဖစ္သည္။ Luhan့ဆီက
အဆက္အသြယ္ရရင္ သူ႔ကိုေျပာဖို႔။ သူ႔ဆီဖုန္းဆက္ေပး
ပါဟုLuhan့ကိုေျပာေပးဖို႔။
စီနီယာYi Xingက ဘယ္လိုေတြးထင္ေနေတာ့မလဲ
Sehunဂရုမစိုက္ႏိုင္ေတာ့။ Luhan သူ႔ကိုစကားဆိုဖို႔
ပဲလိုသည္။
ေဒါသထြက္လဲရသည္။ ဆဲဆိုလည္းရသည္။ ထိုးျပီး
ကန္ေက်ာက္ပစ္လဲ Sehun လက္ခံႏိုင္သည္။ Luhan
သူ႔ေရွ႕ျပန္ေရာက္ဖို႔ပဲလိုသည္။
သို႔ေပမ့ဲ……Sehun ေမွ်ာ္လင့္ထားသမွ်သည္ ရက္
ေပါင္း ေတာ္ေတာ္ၾကာသည္အထိ ျဖစ္မလာခ့ဲပါေလ။
- ကိုယ္ ခင္ဗ်ားနဲ႕ေတြ႔ခ်င္တယ္
- ကို္ယ့္ကိုဖုန္းဆက္ေပးပါလား
- စာေလးျဖစ္ျဖစ္ ပို႔ေပးႏိုင္မလား
- ေနေကာင္းရဲ႕လား Luhan
- ကိုယ္တို႕ ဒီေန႔စာေမးပြဲျပီးတယ္
- ခင္ဗ်ားကိုေတြ႔ခ်င္တယ္ Luhan
- ေက်းဇူးျပဳျပီး ကိုယ့္ဖုန္းကိုကိုင္ေပးပါ
- Luhan
- Luhan ကိုယ့္ကိုရွင္းျပဖို႔ပဲျဖစ္ျဖစ္ အခြင့္ေရးထပ္ေပး
ပါ
- Luhan ခင္ဗ်ားရယ္
- ကိုယ္ တကယ္ ေတြ႔ခ်င္လို႔ပါ
- Luhan
- Luhan
- Han
ျပန္သူမရွိခ့ဲသည့္ စာေပါင္းမ်ားစြာကို Sehunမွာ
ေန႔တိုင္း အျပန္ျပန္အလွန္လွန္ဖတ္ေနခ့ဲရသည္။
Luhanက ေကာ္ဖီဆိုင္သို႕လဲ မလာေတာ့။
အေဆာင္ကိုလဲျပန္မလာသလို Yi Xing ေျပာစကားအရ
နယ္မွာလဲမရွိေတာ့။
အစပထမကSehun ရွင္းျပခ်င္သည့္စိတ္တစ္ခုတည္း
ေၾကာင့္ေတြ႔ခ်င္တာျဖစ္သည္။
ရွင္းျပမည္။ ေတာင္းပန္မည္။ တဆိတ္ ရိုင္းစိုင္းခ့ဲသည့္
သူ႔အျပဳအမူအတြက္၊ အလိုမတူပဲ နမ္းခ့ဲမႈအတြက္
Sehunေတာင္းပန္ခ်င္သည္။
ဖုန္းဆက္လွ်င္ မကိုင္ေသာ္လည္း Sehun စာေတြ
ဆက္တိုက္ပို႔ေနမိသည္။ ျပန္သူမရွိသည့္ရက္ေတြၾကာ
လာသည့္အခါ Sehunမွာ တျဖည္ျဖည္းစိုးရိမ္လာရ
သည္။
Luhanေနမေကာင္းလို႔လား? အဆင္မေျပလို႔လား ?
အလုပ္သင္ေၾကာင့္စိတ္ညစ္ေနရျပန္ျပီလား?
တေယာက္တည္းစိတ္ဖိစီးေနျပန္ျပီလား စသျဖင့္။
ထိုအခ်ိန္မွာ အဆက္အသြယ္လဲမရသလို ဘာမွမလုပ္
ေပးႏုိင္သည့္ ကိုယ့္ကိုကိုယ္ Sehun ေဒါသထြက္ရသည္။
Sehun တို႔ ဒုတိယႏွစ္ျပန္တက္ရသည့္အထိ Luhan့
ဆီကေန အဆက္အသြယ္မရခ့ဲေတာ့။
စာၾကည့္တိုက္သည္ ေျခာက္ေသြ႔သြားသည္။ ေသာ့
ခတ္ထားသည့္ ကလပ္အခန္းသည္ အဂၤါေန႔ႏွင့္
ၾကာသပေတးေန႔တိုင္း Sehun စိတ္ေတြကို ရိုက္ခ်ိဳး
ပစ္သည္။
ဘယ္သူ႔ဆီေျပးလို႔ ဘယ္သို႔အကူအညီေတာင္းရမလဲ
မသိခ့ဲသည့္ Sehunသည္ ေန႔ႏွင့္ညေတြပင္ မွားယြင္း
ကုန္ရသည္။
"မနက္ျဖန္ အတန္းေတြမရွိဘူး ေနာက္ဆုံးႏွစ္ေတြ
ဘြဲ႕ယူၾကမွာ"
ပါေမာကၡ၏စကားေၾကာင့္ အားလပ္ရက္အတြက္ တျခား
သူမ်ားေအာ္ဟစ္ေနခ့ဲၾကစဥ္ Sehunမွာလည္း ျပံဳးရယ္
ႏိုင္ခ့ဲသည္။
မနက္ျဖန္ေက်ာင္းလာခ့ဲရင္ Luhan့ကိုသူေတြ႔ခြင့္ရ
ႏိုင္မည္ဟုထင္သည္။
ထိုေန႔ညမွပင္ အစ္ကိုYi Xingက ဖုန္းဆက္လာသည္။
အေဆာင္သို႔Luhanျပန္ေရာက္ေနျပီျဖစ္ျပီး မနက္ျဖန္
Luhan့ကိုေတြ႔ခ်င္လွ်င္ ေက်ာင္းလာခ့ဲဖို႔ေခၚျခင္းျဖစ္သည္။
မိုးလင္းသည္ထိမေစာင့္ႏိုင္ေပမ့ဲ Sehunတေယာက္
Luhan့ကိုလဲ ဖုန္းေခၚလို႔အတည္မျပဳရဲခ့ဲ။
သူဖုန္းဆက္လိုက္ကာမွ Luhanေရွာင္ေျပးသြားမည္ကို
စိုးထိတ္သည္။
မနက္လင္းသည့္အခါမွာေတာ့ Sehun ေက်ာင္းသို႔
လာခ့ဲသည္။
ဘာသာရပ္ေပါင္းစုံမွ ဘြဲ႕ရေက်ာင္းသားမ်ားက
ေက်ာင္းဝန္းအႏွံ႕ျပန္႔က်ဲေနသည္။ ဆင္တူဝတ္ရုံမ်ားျဖင့္
ျဖစ္ေနသည့္အတြက္ ရွာရခက္လွပါေသာ္လည္း Sehun
တေဆာင္ဝင္ တေဆာင္ထြက္ျဖင့္ Luhan့ကိုေနရာ
အႏွံ႕လိုက္ရွာသည္။
ဘြဲ႕ႏွင္းသဘင္အခ်ိန္အတိအက်ကိုလည္း Sehun
မသိရသည့္အတြက္ Luhan့ကိုအခ်ိန္မွီေတြ႔ရဖို႔သာ
စိတ္ေလာေနရသည္။
"အာ ပန္းခ်ီခန္း ပန္းခ်ီခန္း"
Luhan တခါေခၚသြားဖူးသည့္ ပန္းခ်ီခန္းကိုSehun
သတိရမိျပီး တကၠသိုလ္ဝင္းအလယ္မွာရွိသည့္ ပင္မ
အေဆာက္အအုံသို႔ေျပးသြားလိုက္သည္။
ပန္းခ်ီခန္းက ဒုတိယထပ္မွာရွိသည္။ ဓာတ္ပုံရိုက္ေနၾက
သည့္သူမ်ားကို Sehun ေရွာင္ဖယ္တက္ျပီး ေလွကား
မ်ားကိုေျပးတက္လာခ့ဲျပန္သည္။
"ဟားး……"
တင္းက်ပ္ေနခ့ဲသည့္ရင္သည္ ယခုမွပင္ တထစ္ခ်င္းစီ
ေျပေလ်ာ့သြားသည္။ မ်က္ႏွာကိုလက္ျဖင့္အုပ္ခ်လိုက္ျပီး Sehunအသက္ရႈရေလသည္။ မညီမညာျဖစ္ေနေသာ
အသက္ရႈသံမ်ားသည္ Sehunကိုပိုလို႔ေမာပန္းေစေပမ့ဲ
မမႈျဖစ္။
မ်က္လုံးေတြကေသခ်ာေပါက္နီရဲေနမွာျဖစ္ေပမ့ဲ
သူႏွင့္ ဆယ္လွမ္းစာအကြာအေဝးမွာရွိေနသည့္ Luhan
အား မ်က္ႏွာခ်င္းဆိုင္ခ်င္မိသည္။
ပန္းခ်ီခန္းေရွ႕က ဝရံတာဘက္ မ်က္ႏွာမူရပ္ေနသည့္
Luhan့နား Sehunေျခတလွမ္းတုိးကပ္လိုက္သည္။
Luhan့ခါးကို လက္တစ္ဖက္က ဖက္တြယ္လိုက္သည့္
အခါမွာ Sehun ေျခလွမ္းေတြရပ္တန္႔ကုန္သည္။
အုတ္တံတိုင္းျဖင့္ကြယ္ေနခ့ဲသည့္ သူက Luhan့ခါးကို
လက္ႏွစ္ဖက္ျဖင့္ဖက္တြယ္ထားျပီး Sehun ျမင္ကြင္းထဲ
ေရာက္လာသည္။
ျပံဳးရယ္ေနသည့္ Luhan၏မ်က္ႏွာ ကို Sehunၾကည့္မိ
သည္။ Lee ShiYeon၏ အျပံဳးတခ်က္က Luhan့ကို
အ့ဲသေလာက္ထိခ်မ္းေျမ႕ေစသည္တ့ဲလား ?
Lee ShiYeon ခါးကိုဖက္တြယ္ထားရင္းမွ ေျခဖ်ား
အသာေထာက္လို႔ Luhan့ပါးတဖက္ကိုနမ္းယူသည္။
ေမွးမွိတ္သြားသည့္Luhan့မ်က္လုံးေတြ ၊
ျဖတ္ကနဲေပၚလာသည့္အျပံဳးႏွင့္ Sehunသေဘာက်ရ
သည့္မ်က္ႏွာကေက်နပ္ႏွစ္သက္ေနခ့ဲျခင္းေတြ။
Sehun ေက်ာခိုင္းပစ္လိုက္မိသည္ထင္ပါသည္။
° The years I have loved him °
To Be ConTinued……
မိုးလင်းခါနီးအချိန်တွင် မြို့ကလေးသို့ရထားဆိုက်ရောက်သည်။နယ်မြို့လေးကို ရောက်သည့်အခါမှာ နယ်ခံသုံးယောက်ဖြစ်သည့် Luhan၊ Yi Xing နှင့် တခြားသောစီနီယာနှစ်ယောက်၏ အိမ်တွေမှာသာ နေကြဖို့ သူတို့ပြင်ဆင်ကြသည်။ တစ်ညအိပ်ခရီးသာဖြစ်သည့်အတွက် တက္ကသိုလ်ကျောင်းသားတွေက အပိုဝင်ငွေထွက်ဖို့ လက်တွန့်ကြတာလဲဖြစ်ပါသည်။
Sehunကတော့ အိတ်ဆွဲကာ Yi Xingနောက်ကိုပါသွားလေသည်။နှစ်နာရီလောက်နားပြီးသည်နှင့် မိဘမဲ့ဂေဟာကိုပဲ စုလာခဲ့ကြဖို့ ပြောကြပြီး လူစုခွဲလိုက်ကြသည်။
ရထားပေါ်ကဆင်းပြီးသည့်တိုင် အိပ်ချင်စိတ်ပြေပုံမရသေးသည့် Luhanအား Sehunက လှည့်ကြည့် လှည့်ကြည့်ဖြင့်စိတ်မချသည့်ပုံ။
Yi Xingကတော့ Sehunပခုံးကိုလှမ်းဖက်ကာ သူ့အိမ်ဘက်သို့ဆွဲခေါ်သွားတော့သည်။
နားချိန်နှစ်နာရီပေးပေမဲ့ Yi Xing အိမ်ရောက်ပြီး Sehunတို့အထုတ်ချလို့ ရေချိုးပြီးတာနဲ့တန်းထွက်ရတာပင်ဖြစ်၏။ Yi Xingတို့အိမ်မှာက ဂျစ်ကားတစီးရှိသည့်အတွက်ဂေဟာကိုလှူမည့်ပစ္စည်းများအား ထိုကားဖြင့်ထည့်ပေးလိုက်ပြီး လူတွေကတော့ စက်ဘီးတစ်စီးစီဖြင့်လှိမ့်လာခဲ့ကြသည်။
အိမ်ခြေနည်းပြီး ကားတွေရှားလို့ တောင်တန်းတွေကြားမှာရှိနေသည့် မြို့နယ်လေးသည် ဘယ်နေရာကြည့်ကြည့်အစိမ်းရောင်တွေနှင့်ပြည့်နေလေသည်။
တောင်ကိုပတ်တက်ထားသည့်လမ်းတလျှောက်နင်းလာရပါသော်လည်းမောအံ့မထင်ပဲ Sehunတို့တတွေ စလိုက် နောက်လိုက်ဖြင့် အပြိုင်နင်းကြသေးသည်။
ဂေဟာထဲကို စက်ဘီးတွေကွေ့ဝင်လာသည့်အခါ ကလေးတသိုက်ကပြေးဆင်းလာသည်။ ကလေးတွေပြေးဆင်းလာသည့် နေရာကို Sehun မော့ကြည့်လိုက်သည့်နောက်မပြေးပဲကျန်နေသည့်ကလေးဆယ်ယောက်လောက်နှင့်ထိုင်နေသည့်Luhanအားတွေ့လိုက်ရပါသည်။
"Luhanတို့အိမ်ကဒီနားမှာပဲလေ အဲ့ဒါကြောင့် ဒီကောင်ကြိုရောက်နေတာ"
စက်ဘီးဒေါက်ထောက်ရပ်ရင်း Yi Xingက Sehunကိုပြောသည်။
တင်ပလ္လင်ခွေထိုင်လျက် ဘေးနားမှာကလေးတွေဝိုင်းနေသည့် Luhanပုံသည် Sehunကိုပြုံးမိစေပြန်သည်။
ခေါင်းငုံ့ကာစာရွက်ဖြူပေါ်တွင် ပုံဆွဲပြရင်း ကလေးငယ်များနှင့် ရယ်မောနေခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးလူငယ်တယောက်၏အပြုံးတွေက ထိုမျှလောက် ဖြူစင်နိုင်မှန်းမသိခဲ့။ ရပ်ငေးနေသော Sehunကို Yi Xingတို့တတွေက တွန်းတိုက်လို့ ပြေးဆင်းလာသည့် ကလေးတွေကြားထည့်ပေးလိုက်သည်။
ပန်းချီဆွဲဖို့ထက် ဆော့ဖို့ပိုအားသန်သည့်ကလေးတချို့က Sehunတို့လက်ကိုဆွဲလို့ ကွင်းတပတ်ပတ်ပြေးနေကြပါတော့သည်။
ပန်းချီသင်ပေးနေသည့် စီနီယာတွေကတဖက် ၊ ကလေးတွေနဲ့ဆော့နေသောSehunတို့ကတဖက်၊ အဝတ်တွေစာရေးကရိယာတွေကို ပေးနေကြသည့်သူများကတဖက်နှင့် ဂေဟာကြီးဟာ ယနေ့ကျမှ အတော်စည်ကားနေခဲ့သည်။
မိဘမဲ့ကလေးများအပြင် မူလတန်းကြိုအတန်းနှင့်နေ့ကလေးထိန်းကျောင်းပါတွဲလျက်ဖွင့်ထားသဖြင့် ဘယ်နေရာကြည့်ကြည့် ကလေးများနှင့်ဖွေးဖွေးလှုပ်နေလေသည်။
နံနက်ခင်းတချိန်သာ မြင်လိုက်ရသည့် Luhanကို
နေ့လည်ထမင်းစားချိန်မှသာ Sehunပြန်မြင်ရသည်။ဂေဟာမှဆရာမများသည် နေ့တဝက်လုံး ကလေးတွေကိုပန်းချီသင်ပေး၊ ဆော့ကစားပေး၊ ကလေးတွေလိုအပ်တာလှူပေးသည့် Sehunတို့တတွေအား နေ့လည်စာအလကားကျွေးလေသည်။
ကလေးများကိုကျွေးသည့် ထမင်းစားခန်းဟောထဲမှာသာကလေးများစားအပြီးကျွေးခြင်းဖြစ် သည်။ Sehunကဆရာမလေးများထည့်ပေးသည့် ထမင်းနှင့်ဟင်းကိုလှမ်းယူလိုက်ပြီး Luhanထိုင်နေသည့်ခုံဆီလျှောက်သွားလိုက်သည်။
မုန်ညှင်းရွက်တွေဖယ်စားနေသည့်Luhan က Sehun ကိုမော့ကြည့်လိုက်ပြီးမြင်သည့်အခါ စားပွဲပေါ်မှ ရေဘူးများဖယ်ပေးသည်။
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး Sehunက Luhanမျက်နှာကိုတချက်ကြည့်လို့ ထမင်းစစားသည်။ အရွက်မစားသည့်သူပီပီ အရွက်စိမ်းစိမ်းများကို တူဖြင့်ညှပ်ဖယ်သည့်အခါ Luhanက Sehunတူကိုရိုက်ချလာပါသည်။
"ဘာလုပ်တာလဲ အရွက်စားလေ"
လေသံမာမာဖြင့်ဆိုလာသည့်Luhanကို Sehun
မျက်လုံးများမှေးစင်းကာကြည့်ပြီး Luhan ပန်းကန်ထဲမှ ဘေးဖယ်ခံထားရသည့်မုန်ညှင်းရွက်လေးများကိုမျက်စပစ်ပြလိုက်သည်။
အထာပေါက်သွားသည့် Luhanက သူဖယ်ထား
သည့် မုန်ညှင်းရွက်များကို Sehunပန်းကန်ထဲထည့်လိုက်လေသည်။
"ဟာ ခင်ဗျား"
"ဘာလဲ စား ကလေးဆိုတာ ဆန် အသား အရွက်
ညီညွတ်အောင်စားရတယ်"
"ခင်ဗျားကျတော့ရော"
"ငါကလူကြီး"
ပြန်ပြောမည်ကြံကာမှ ထပ်ထည့်ပေးလိုက်သည့် အမဲသားကြော်များကြောင့် Sehunပါးစပ်ပိတ်သွားသည်။ Luhanကတူကိုပါးစပ်မှာကိုက်ပြီး ပြုံးစစဖြင့် Sehunကိုရယ်ပြလေသည်။
"စားပေးစမ်းပါ ငါမကုန်တော့လို့"
"လက်စသတ်တော့အဲ့လို"
"ကိုကြီးကိုကူညီတယ်ပဲထားလိုက် ဆရာမကြီးက
ကုန်အောင်မစားရင်စိတ်ဆိုးလို့ပါ"
အရပ်အခေါ် မျက်နှာပိုးမသေသည့် မျက်နှာဖြစ်ပေမဲ့လဲSehunကတော့ နှလုံးသားထဲထိတိုက် ရိုက်ထိသွားရသည်။ အရွက်မကြိုက်သည့်သူက ခပ်ပြုံးပြုံးနှင့်ပင် Luhan ထည့်ပေးသမျှ အကုန်စားလေတော့သည်။
Luhanကရေခွက်ကိုကျလိုက်ရင်းမှ Sehunစားနေသည်ကိုမေးထောက်လို့ကြည့်သည်။ သူအကြည့်လွန်နေရင်း Sehunနင်သွားသည့်အခါ ရေတခွက်အသင့်ကမ်းပေးလေသည်။
Sehunမှာအရွက်များနှင့်အသားများကိုလုံးထွေးမြိုချပစ်ရင်း ရေအမြန်သောက်ရသည်။
"မင်းတို့ဘာနဲ့လာတာလဲ "
"အစ်ကိုYi Xingအိမ်ကစက်ဘီးတွေနဲ့"
"အော် ဟုတ်လား "
Luhanခေါင်းတညိမ့်ညိမ့်ဖြင့် Sehunပန်းကန်ထဲကိုထမင်းဆုပ်တွေထည့်ပေးပြန်သည်။ Sehun မျက်လုံးထောင့်ကပ်ကြည့်သည့်အခါ နှာခေါင်းလေးရှုံ့ပြီးရယ်ပြသည်။ ဖျစ်ညှစ်ပစ်လိုက်ချင်သည့်စိတ်ကိုဖျောက်ပါလို့Sehun ထမင်းသာငုံ့စားရပါသည်။
အားနာ၍ထင် Luhanက Sehunစားလို့ကုန်သည်အထိမျက်နှာချင်းဆိုင်မှာထိုင်ရင်းစောင့်ပေးရှာသည်။ Sehunကနောက်ဆုံးတလုပ်ကိုပစ်သွင်းလို့ ရေသောက်ပြီးသည့်အချိန်မှာ Luhanကိုကြည့်လို့
"အပြန်ကျရင် စက်ဘီးနဲ့ပြန်လေ ဒိုမင်က ကားနဲ့
လိုက်သွားမလို့တဲ့ စက်ဘီးတစီးလွတ်နေမှာ"
"တော်ပါ မစီးတာ"
"ဘာလဲ မနင်းတတ်လို့လား ?"
Sehunနောက်ပြောင်ဆိုလိုက်ပေမဲ့ Luhanကပါးစပ်ပိတ်သွားပြီးSehunကိုစောင်ကြည့်သည်။ မကျေမချမ်းပုံစံကသိသာသည့်အတွက် Sehun က အံ့သြစွာပင်ရယ်မိတော့သည်။
"တကယ်? အတည်ကြီး မစီးတတ်ဘူး"
"စီးတတ်ပါတယ်ဟ မစီးတာကြာနေလို့ အရမ်းမကျွမ်းတာ မင်းဟာလေ"
ဖယ်ပေးထားသည့်ရေဘူးများဖြင့်Sehunကိုပစ်ပေါက်ကာဆိုသည်။ အော်ရယ်နေလျှင် သူများတွေသတိထားမိမှာစိုးသောကြောင့် Sehunက ခိုးရယ်သည်။ ဒါကိုပင် Luhanက သူ့အားလှောင် ပြောင်ပါသည်ဆိုကာ တစ်သျှူးဘူးဖြင့်ပိတ်ပေါက်သည်။
"တော်တော်သဘောကျနေတယ် ဟုတ်လား?
ငါ့ကိုလှောင်တယ်ပေါ့"
"မဟုတ်ပါဘူးဗျာ ……ဟားးဟားး ချစ်ဖို့ကောင်းလို့ပါ"
"……………"
"အယ် မဟုတ်ဘူး ချစ်စရာကောင်းတယ်ဆိုတာကအာ ကိုယ်ဆိုလိုတာက…ခင်ဗျားတွေးသလိုမဟုတ်ဘူး ဘယ်လိုပြောမလဲ"
တယောက်တည်းစကားတွေပတ်ရှုပ်ကာရှင်းနေသည့်Sehunကို Luhanက ခေါင်းတခါခါဖြင့်ပြုံးကြည့်လိုက်ပြီး စားပြီးသားဗန်းကိုမကာ ထထွက်သွားသည်။ Sehunစားပြီးသားကိုပါ အတူမယူ သွားခြင်းဖြစ်တာကြောင့်Sehunမှာ လက်ဗလာဖြင့် Luhanနောက်လိုက်လေသည်။
"Luhan ကိုယ်ဆိုလိုချင်တာက"
"ကဲ မရှင်းပါနဲ့တော့ Oh Se Hunရယ်"
Luhanကရယ်ရင်းမောရင်းဖြင့် ထမင်းဗန်းများကို ဆေးမည့်နေရာသွားပုံထားလိုက်ပြီး ဆရာမလေးများကိုကျေးဇူးတင်စကားဆိုသည်။
Sehunကတော့ သတိလက်လွတ်ပြောလိုက်မိသည့်စကားအတွက် ဘယ်လိုဖြေရှင်းချက်ထုတ်ရလေမလဲခေါင်းစားနေတုန်းရှိသည်။
တနေကုန် ကလေးများနှင့် အဖော်ပြုပြီးသည့် နောက်ညနေစောင်းအချိန်ကျမှ သူတို့ပြန်ဖြစ်သည်။
ခက်သည်က ကလေးများဆွဲထားသဖြင့်ကျန်နေခဲ့သောLuhanကို ကားကထားခဲ့တာဖြစ်ပြီး အိမ်ပြန်ဖို့အတွက်စက်ဘီးစီးရမည့်အခြေအနေဖြစ်သွားတာဖြစ်သည်။
Yi Xingကတော့ တင်မနင်းပါဘူးဆိုကာ ဂေဟာထဲမှနင်းထွက်သွားသည်။ Luhanနောက်ကနေ ကျောက်ခဲနဲ့လှမ်းပေါက်ပါသော်လည်း ဖိုးကံကောင်းကိုမထိခဲ့။
"ကိုယ် တင်နင်းရမလား ?"
"တော် ငါနင်းတတ်တယ်ဆိုနေ"
စက်ဘီးပေါ်တက်ခွတည်းက အထာကမကျချင်တော့။အောင်အောင်မြင်မြင်ဖြင့် စက်ဘီးကိုခွပြီးသည့်တိုင်တက်နင်းဖို့ခြေမရဲတာကို Sehunကမြင်နေရသည်။
"ဒီတိုင်း ကိုယ်ပဲတင်နင်းမယ်လေ"
"Oh Se Hun "
Sehun လက်မြှောက်ပြီး ထောင့်သာကပ်ရပ်နေလိုက်သည်။ စက်ဘီးပေါ်တက်ခွပြီး တက်မနင်းဖြစ်ခဲ့သည့်အစ်ကိုကြီးက စက်ဘီးပေါ်ကပြန်ဆင်းပြီး နောက်တကြိမ်တက်ခွကာနင်းပစ်ဖို့အရှိန်ယူနေရှာသည်။
ဆယ့်ငါးမိနစ်လောက်တိတိ Luhan ကြိုးစားပြီးသည့်နောက်မှာ Sehunတို့ဂေဟာထဲက ထွက်နိုင်သွားသည်။
စက်ဘီးနင်းပြီးတော့မဟုတ်။ စက်ဘီးတွန်းပြီးထွက်လာခြင်းသာဖြစ်သည်။
"မင်းပြန်တော့လေ ငါ့အိမ်ကနီးနီးလေး"
"ရပါတယ် ကိုယ်လဲ ခင်ဗျားအိမ်ရောက်ဖူးတယ်ရှိတာပေါ့"
တောင်ကုန်းပေါ်မှာရှိနေသည့် ဂေဟာပေမဲ့ တောင်ပတ်လမ်းကို တပတ်သာပတ်ပြီး ကွေ့ချလိုက်သည့်အခါ ဖြူးနေသည့် မြေညီလမ်းသို့ရောက်သွားသည်။ ထူးထူးဆန်းဆန်းပင် ဘေးတဖက်တချက်မှာ ပန်းခန်းတွေရှိနေသည်အားSehunကငေးမောလို့သွား၏။
"ငါတို့ငယ်ငယ်တုန်းကဒီပန်းခင်းထဲမှာ ဘောလုံးလာကန်တာ"
"ဘယ်လို ?? ပိုင်ရှင်ကခင်ဗျားတို့ကိုမပြောဘူးလား"
"ဒီအခင်းကဘယ်သူမှမပိုင်ပါဘူး သူ့ဘာသာပေါက်နေတာ မင်းကလဲ တောင်တွေကြားထဲမှာ ပြန့်နေတဲ့မြေဆိုလို့ ဒီတကွက်ပဲရှိတာ ပန်းတွေကြားလဲ ဘောလုံးကကန်ချင်တော့ကန်ရတာပဲ"
Luhanက စက်ဘီးကိုဒေါက်ထောက်ကာရပ်လိုက်ပြီးပန်းခင်းကိုငေးမောကြည့်သည်။ Sehun ဘေးချင်းယှဉ်ရပ်ကာ Luhanကို စောင်းငဲ့ကြည့် သည်။
"လွမ်းလို့လား "
"အင်း အဲ့တုန်းကတကယ်ပျော်စရာကောင်းတာ"
"ခင်ဗျား ပန်းခင်းထဲမှာဘောလုံးကန်ခဲ့တာပေါ့"
"အင်း"
"ပန်းခင်းထဲမှာ စက်ဘီးမစီးချင်ဘူးလား ?"
Luhanက တအံ့တသြပုံဖြင့် Sehunကိုငဲ့ကြည့်လာသည်။ Sehunမျက်ခုံးပင့်ကာ ဘယ်လိုလဲလို့မေးသည့်နောက် ရယ်မောပစ်ပြီး ခေါင်းဆက် တိုက်ညိမ့်လာလေသည်။
ထို့နောက် နှစ်ယောက်သား ပန်းခင်းထဲကို စက်ဘီးတွေနင်းချသွားတော့သည်။
"ဟိတ် ဟာာ ခါးကိုမယိုင်စေနဲ့လေ"
"ဟိတ်ကောင် သူ့ဟာသူယိုင်တာ ငါကနေတယ်
ထင်လို့လား ?"
Sehun ပြောမိသည့်နောက် မကျေမချမ်းဖြင့်နောက်လှည့်လာပြီး Sehunကိုပြန်အော်လေသည်။ စက်ဘီးနင်းနေသည်ကိုအာရုံစိုက်မိရင်း တခြားအရာတွေမှာအာရုံလွတ်ကာစိတ်မရှည်ဖြစ်နေပုံရသည်။ စကားဆယ်ခွန်းပြောရင်ကိုးခွန်းလောက်က အကန်ဖြစ်ပြီး ဆယ်ခွန်းလုံးအအော်ဖြစ်နေသည်။
စီးတတ်သည်ပြောခြင်းအား Sehunမယုံပဲနေသင့်သည်။Luhanကစီးတတ်သည့်အဆင့်မဟုတ်ပဲ စက်ဘီးပေါ်တက်ခွတတ်သည့်အဆင့်ပင်။
လေလေးဖြူးဖြူးနဲ့ပန်းနံ့သင်းသင်း တူနှစ်ကိုယ်ယှဉ်တွဲပြီးစက်ဘီးစီးလို့ စိတ်ကူးယဉ်ဆန်မည့် အကြံအစည်တွေ သွားလေဦးရော့။မလှမ်း
မကမ်းမှာ တာ့တာပြနေသလိုပင်Sehunခံစားရသည်။
"လွှတ် လွှတ် Sehun လွှတ်လိုက်"
စိတ်ကြီးသည့်ကောင်ကလေးသည် လက်ကိုင်ကိုထိန်းတတ်သွားသည်နှင့် နောက်မှကိုင်ထားပေးသည့်Sehunအားလွှတ်ခိုင်းလေသည်။
လဲကျမည်ကိုစိုးပြီး ပန်းခင်းကို နောက်သုံးပတ်လောက်ထိ Sehunနောက်ကနေထိန်းကိုင်ပေးနေသေးသည်။
အရှိန်မြန်လာသည့်စက်ဘီးနောက်မလိုက်နိုင်တော့သည့်အဆုံးကျမှ Sehunကလွှတ်ပေးလိုက်သည်။ အလယ်နေရာသို့သွားကာ ငုတ်တုတ်ထိုင်မိသည့်နောက် LuhanကSehunကိုပတ်ပြီး ပျော်ပျော်ကြီးနင်းလေသည်။
နောက်မှပြေးလိုက်ရသည့်Sehunကသာ မောကြီးပန်းကြီးဖြင့် Luhanစက်ဘီးနင်းတာရပ်ပြီး အနားမှာလာထိုင်သည်ထိ အသက်ရှုမဝပဲရှိနေရသည်။
"နေစမ်းပါဦး ခင်ဗျားစက်ဘီးနင်းသင်တာ ဘယ်အရွယ်ကလဲ "
"အင်း ဆယ်နှစ်သားတုန်းက Yi Xing ပါပါးသင်ပေးတာနှစ်ရက်လောက်သင်ပြီးနင်းတတ်သွားတာပဲ နောက်ကျမေမေကစက်ဘီးလဲမဝယ်ပေးတာနဲ့ မနင်းတော့တာဘယ်လိုလဲ ငါတော်တယ်မလား"
Sehunပြန်စကားမဆိုနိုင်ပဲ ခေါင်းသာညိမ့်ပြလိုက်ရသည်။ စက်ဘီးနင်းရတာသဘောတွေ့သွားသည့် Luhanမျက်နှာကတော့ ပြုံးချိုနေသည်။ ထိုင်နေရင်းမှနေလှဲကျပစ်လိုက်ပြီး ပက်လက်လှန်ပစ်လိုက်သည်။
"ဟေ့ ညစ်ပတ်နေတာကို"
"ဘာမှမဖြစ်ပါဘူး ငယ်ငယ်တည်းကဒီလိုပဲလှဲနေကြပဲ"
ပြောမနိုင်စိန်လေးကို Sehun အထွေထူးတရားဟောမနေတော့ပဲလွှတ်ထားလိုက်သည်။ နေဝင်သွားခဲ့ပြီဖြစ်ပေမဲ့ ကောင်းကင်ကနေရောင်အရှိန်ဖြင့်ပုဇွန်ဆီရောင်ထနေသည်။
ပန်းတွေကိုဖြတ်တိုက်လာသည့်လေသည်မွှေးသည်။ အေးသည်။ အရောင်ရင့်သည့် ကောင်း ကင်အောက်မှာအဝါနု ပန်းနုရောင် ပန်းကလေးတွေက ယိမ်းထိုးနေခဲ့ကြသည်။
"ငါငယ်ငယ်လေးတည်းက ဒီကိုပဲလာနေကြ
စိတ်ညစ်စရာရှိရင်ပျော်စရာရှိရင် ငါဒီမှာပဲလာအချိန်ဖြုန်းနေကြ"
ငယ်ဘဝကဘောလုံးကန်ခဲ့ရုံအမှတ်တရဖြင့်တော့ Luhanက ဒီပန်းခင်းကိုငေးကြည့်နေခဲ့မှာမဟုတ်မှန်းSehunရိပ်မိသည်။
ဘေးပတ်လည်က မြင်ကွင်းကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး Sehunက သူ့ဘေးနားမှာ ခေါင်းပေးပြီးလှဲနေသည့် Luhan့ကိုငုံ့ကြည့်လိုက်သည်။
မျက်လုံးကိုလက်ဖြင့်အုပ်ကာထားသည့်L uhan သည်မျက်နှာတပိုင်းသာပေါ်နေလေသည်။
ရုတ်တရတ် လှပသောဝန်းကျင်သည် Sehunကို
မဆွဲဆောင်နိုင်ခဲ့ပဲဖြစ်သွားသည်။
ထိုဆွဲငင်အားက အင်မတန်ပြင်းသည်။ အင်မတန်
အန္တရာယ်များသည်။ Luhan ၏ မျက်နှာတဖက်တချက်စီမှာ လက်ထောက်လိုက်ပြီး Sehun ထိုမျက်နှာဆီငုံ့ချလာလိုက်မိသည်။
အသက်ရှုလိုက်သည့်အခါထွက်လာသည့်လေငွေ့ပူကိုLuhanကခံစားမိသည်ထင်သည်။ မျက်လုံးကိုကာထားသည့်လက်အားဖြုတ်ချမည်အပြင်မှာ Sehunက ထိုလက်ကိုမြဲနေအောင်ဆုပ်ကိုင်ထားပစ်လိုက်သည်။
"SEHUN "
ညနေခင်းဆည်းဆာသည် လူကိုရူးသွပ်သွားစေသည်ထင်သည်။ မြင်လိုက်ရသည့် နှုတ်ခမ်း သားနုနုသည် ဆင်ခြင်တုံတရားတွေကို ရိုက်ချပစ်လိုက်သည်ထင်သည်။
Sehun ကပ်တွယ်မိသည့် နှုတ်ခမ်းပါးသည်
မလှုပ်မယှက်နိုင်လှသည်။ Sehunအပေါ်နှုတ်ခမ်းက ထိမိထားသည့်အောက်နှုတ်ခမ်းပြည့်ပြည့်ကို တချက်နမ်းရှိုက်လိုက်သည်။ ညင်သာမှုဖြင့် သာသာထွေးပွေ့လိုက်သည်။
အိစက်သည့်အထိအတွေ့သည် ဦးနှောက် ၏ အလုပ်လုပ်နိုင်စွမ်းကိုဖြတ်တောက်ပစ်လိုက်သည်။ သောက်လေ သောက်လေ ငတ်မပြေဆိုသည့်နှယ်Sehunနှုတ်ခမ်းလွှာများထဲ အံဝင် ခွင်ကျနေသည့် နှုတ်ခမ်းနုနုကို ထပ်တိုးလို့ ထပ်ကာတိုးလို့ တိုးဝင်နမ်းနေခဲ့မိသည်။
မိနစ်ပိုင်းအတွင်းမှာပင် Sehunချုပ်ကိုင်ထားသည့်လက်သည် အားကုန်သုံးကာရုန်းထွက်လာသယောင်ရှိသည်။
ထိုအခါမှပင် Sehun နှုတ်ခမ်းများကိုလွှတ်ပေးလိုက်မိပြီး ကြောက်ရွံ့မှုများဖြင့် ထိတ်လန့်လာခဲ့သည်။
တကန့်ပြီးတကန့်ပြန်ရောက်လာသည့် အသိ တရားများသည် Sehunကို နေရာတွင်ပင်အေးခဲသွားစေသည်။
Luhanကတော့ ထထိုင်ကာ Sehunကို ကျောပေးထားဆဲဖြစ်သည်။
"Luhan…ကိုယ်…………"
"ငါတို့ နောက်မှဆက်ပြောကြတာပေါ့"
ပြောပြီးပြီးချင်းမှာပင် Luhanကထရပ်ကာ စက်ဘီးကိုတွန်းပြီး ပန်းခင်းထဲက ထွက်သွားခဲ့သည်။
လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေမိသည့် Sehun မှာဘေးတိုက်မြင်လိုက်ရသည် ဖြူရော့သွားသည့်Luhanမျက်နှာကိုမြင်လိုက်ရသည့်အချိန် နောင်တများဖြင့်ရူးသွားမတတ်ပင်ဖြစ်ရတော့သည်။
ခေါင်းကိုအကြိမ်ကြိမ်ထုရိုက်မိရင်း ခေါင်းငိုက်စိုက်ကျသွားရသည်။
အလှုပ်အရှားမရှိခဲ့သည့် နှုတ်ခမ်းများနှင့် သူ့လက်ကိုတွန်းဖယ်ခဲ့သည့် တုန်ရီနေသည့်လက်များကို ပြန်သတိရမိသည့်နောက် Sehun အမြင်တွေဝေဝါးလာသည်။
ဒီတခါတော့ သူ တကယ်မှားပြီထင်သည်။
……^……
နောက်တနေ့မနက်ရောက်သည့်အခါ Yi Xing ကို
အကူအညီတောင်းပြီး Luhanအိမ်ကိုသွားခဲ့သည်။
Luhan အမျိုးတွေရှိတဲ့မြို့ကို ညတွင်းချင်းပဲထွက်သွားတယ်လို့ Luhanအမေဖြစ်သူကဆိုသည့်အခါ Yi Xingကပင် တအံ့တသြဖြစ်သွားပြီး Sehunက ထိန်းမရနိုင်အောင်မျက်နှာပျက်ယွင်းရသည်။
စာမေးပွဲသာရှိမနေခဲ့လျှင် Sehun ပြန်ဖြစ်မှာမဟုတ်။ Luhanနှင့်မရမကတွေ့ပြီး သူ မျက်နှာချင်းဆိုင်ရှင်းဦးမှာဖြစ်သည်။
ဟင့်အင်း စာမေးပွဲကလည်း အရေးမကြီး။ သူတယောက်တည်းပျာနေလျှင် တခြားသူတွေရိပ်မိမှာဆိုးလို့ သူပြန်ခဲ့ရခြင်းဖြစ်သည်။
နယ်မှာကျန်နေခဲ့သည့် Yi Xingကို Sehun အတန်တန်အကူအညီတောင်းဖြစ်သည်။ Luhanဆီကအဆက်အသွယ်ရရင် သူ့ကိုပြောဖို့။ သူ့ဆီဖုန်းဆက်ပေးပါဟုLuhanကိုပြောပေးဖို့။
စီနီယာYi Xingက ဘယ်လိုတွေးထင်နေတော့မလဲSehunဂရုမစိုက်နိုင်တော့။ Luhan သူ့ကိုစကားဆိုဖို့ပဲလိုသည်။
ဒေါသထွက်လဲရသည်။ ဆဲဆိုလည်းရသည်။ ထိုးပြီးကန်ကျောက်ပစ်လဲ Sehun လက်ခံနိုင်သည်။ Luhanသူ့ရှေ့ပြန်ရောက်ဖို့ပဲလိုသည်။
သို့ပေမဲ့……Sehun မျှော်လင့်ထားသမျှသည် ရက်ပေါင်း တော်တော်ကြာသည်အထိ ဖြစ်မလာခဲ့ပါလေ။
- ကိုယ် ခင်ဗျားနဲ့တွေ့ချင်တယ်
- ကိုယ့်ကိုဖုန်းဆက်ပေးပါလား
- စာလေးဖြစ်ဖြစ် ပို့ပေးနိုင်မလား
- နေကောင်းရဲ့လား Luhan
- ကိုယ်တို့ ဒီနေ့စာမေးပွဲပြီးတယ်
- ခင်ဗျားကိုတွေ့ချင်တယ် Luhan
- ကျေးဇူးပြုပြီး ကိုယ့်ဖုန်းကိုကိုင်ပေးပါ
- Luhan
- Luhan ကိုယ့်ကိုရှင်းပြဖို့ပဲဖြစ်ဖြစ် အခွင့်ရေးထပ်ပေး
ပါ
- Luhan ခင်ဗျားရယ်
- ကိုယ် တကယ် တွေ့ချင်လို့ပါ
- Luhan
- Luhan
- Han
ပြန်သူမရှိခဲ့သည့် စာပေါင်းများစွာကို Sehunမှာ
နေ့တိုင်း အပြန်ပြန်အလှန်လှန်ဖတ်နေခဲ့ရသည်။
Luhanက ကော်ဖီဆိုင်သို့လဲ မလာတော့။
အဆောင်ကိုလဲပြန်မလာသလို Yi Xing ပြော စကားအရနယ်မှာလဲမရှိတော့။
အစပထမကSehun ရှင်းပြချင်သည့်စိတ်တစ်ခုတည်းကြောင့်တွေ့ချင်တာဖြစ်သည်။
ရှင်းပြမည်။ တောင်းပန်မည်။ တဆိတ် ရိုင်းစိုင်းခဲ့သည့်သူ့အပြုအမူအတွက်၊ အလိုမတူပဲ နမ်းခဲ့မှုအတွက်Sehunတောင်းပန်ချင်သည်။
ဖုန်းဆက်လျှင် မကိုင်သော်လည်း Sehun စာတွေ
ဆက်တိုက်ပို့နေမိသည်။ ပြန်သူမရှိသည့်ရက်တွေကြာလာသည့်အခါ Sehunမှာ တဖြည်ဖြည်းစိုးရိမ်လာရသည်။
Luhanနေမကောင်းလို့လား? အဆင်မပြေလို့လား ?အလုပ်သင်ကြောင့်စိတ်ညစ်နေရပြန်ပြီလား? တယောက်တည်းစိတ်ဖိစီးနေပြန်ပြီလား စသဖြင့်။
ထိုအချိန်မှာ အဆက်အသွယ်လဲမရသလို ဘာမှမလုပ်ပေးနိုင်သည့် ကိုယ့်ကိုကိုယ် Sehun ဒေါသထွက်ရသည်။
Sehun တို့ ဒုတိယနှစ်ပြန်တက်ရသည့်အထိ Luhanဆီကနေ အဆက်အသွယ်မရခဲ့တော့။
စာကြည့်တိုက်သည် ခြောက်သွေ့သွားသည်။ သော့ခတ်ထားသည့် ကလပ်အခန်းသည် အင်္ဂါနေ့နှင့်ကြာသပတေးနေ့တိုင်း Sehun စိတ်တွေကို ရိုက်ချိုးပစ်သည်။
ဘယ်သူ့ဆီပြေးလို့ ဘယ်သို့အကူအညီတောင်းရမလဲမသိခဲ့သည့် Sehunသည် နေ့နှင့်ညတွေပင် မှားယွင်းကုန်ရသည်။
"မနက်ဖြန် အတန်းတွေမရှိဘူး နောက်ဆုံးနှစ်တွေ
ဘွဲ့ယူကြမှာ"
ပါမောက္ခ၏စကားကြောင့် အားလပ်ရက်အတွက် တခြားသူများအော်ဟစ်နေခဲ့ကြစဉ် Sehunမှာလည်း ပြုံးရယ်နိုင်ခဲ့သည်။
မနက်ဖြန်ကျောင်းလာခဲ့ရင် Luhanကိုသူတွေ့ခွင့်ရနိုင်မည်ဟုထင်သည်။
ထိုနေ့ညမှပင် အစ်ကိုYi Xingက ဖုန်းဆက်လာသည်။အဆောင်သို့Luhanပြန်ရောက်နေပြီဖြစ်ပြီး မနက်ဖြန်Luhanကိုတွေ့ချင်လျှင် ကျောင်းလာခဲ့ဖို့ခေါ်ခြင်းဖြစ်သည်။
မိုးလင်းသည်ထိမစောင့်နိုင်ပေမဲ့ Sehun
တယောက်Luhanကိုလဲ ဖုန်းခေါ်လို့အတည်မပြုရဲခဲ့။
သူဖုန်းဆက်လိုက်ကာမှ Luhanရှောင်ပြေးသွားမည်ကိုစိုးထိတ်သည်။
မနက်လင်းသည့်အခါမှာတော့ Sehun ကျောင်းသို့လာခဲ့သည်။
ဘာသာရပ်ပေါင်းစုံမှ ဘွဲ့ရကျောင်းသားများက
ကျောင်းဝန်းအနှံ့ပြန့်ကျဲနေသည်။ ဆင်တူဝတ်ရုံများဖြင့်ဖြစ်နေသည့်အတွက် ရှာရခက်လှပါသော်လည်း Sehunတဆောင်ဝင် တဆောင်ထွက်ဖြင့် Luhanကိုနေရာအနှံ့လိုက်ရှာသည်။
ဘွဲ့နှင်းသဘင်အချိန်အတိအကျကိုလည်း Sehun
မသိရသည့်အတွက် Luhanကိုအချိန်မှီတွေ့ရဖို့သာစိတ်လောနေရသည်။
"အာ ပန်းချီခန်း ပန်းချီခန်း"
Luhan တခါခေါ်သွားဖူးသည့် ပန်းချီခန်းကို Sehunသတိရမိပြီး တက္ကသိုလ်ဝင်းအလယ်မှာရှိသည့် ပင်မအဆောက်အအုံသို့ပြေးသွားလိုက်သည်။
ပန်းချီခန်းက ဒုတိယထပ်မှာရှိသည်။ ဓာတ်ပုံရိုက်နေကြသည့်သူများကို Sehun ရှောင်ဖယ်တက်ပြီး လှေကားများကိုပြေးတက်လာခဲ့ပြန်သည်။
"ဟားး……"
တင်းကျပ်နေခဲ့သည့်ရင်သည် ယခုမှပင် တထစ်ချင်းစီပြေလျော့သွားသည်။ မျက်နှာကိုလက်ဖြင့်အုပ်ချလိုက်ပြီး Sehunအသက်ရှုရလေသည်။ မညီမညာဖြစ်နေသောအသက်ရှုသံများသည် Sehunကိုပိုလို့မောပန်းစေပေမဲ့မမှုဖြစ်။
မျက်လုံးတွေကသေချာပေါက်နီရဲနေမှာဖြစ်ပေမဲ့
သူနှင့် ဆယ်လှမ်းစာအကွာအဝေးမှာရှိနေသည့် Luhanအား မျက်နှာချင်းဆိုင်ချင်မိသည်။
ပန်းချီခန်းရှေ့က ဝရံတာဘက် မျက်နှာမူရပ်နေသည့်Luhanနား Sehunခြေတလှမ်းတိုးကပ်လိုက်သည်။
Luhanခါးကို လက်တစ်ဖက်က ဖက်တွယ်လိုက်သည့်အခါမှာ Sehun ခြေလှမ်းတွေရပ်တန့်ကုန်သည်။
အုတ်တံတိုင်းဖြင့်ကွယ်နေခဲ့သည့် သူက Luhan ခါးကိုလက်နှစ်ဖက်ဖြင့်ဖက်တွယ်ထားပြီး Sehun မြင်ကွင်းထဲရောက်လာသည်။
ပြုံးရယ်နေသည့် Luhan၏မျက်နှာ ကိုSehun ကြည့်မိသည်။ Lee ShiYeon၏ အပြုံးတချက်က Luhanကိုအဲ့သလောက်ထိချမ်းမြေ့စေသည်တဲ့လား ?
Lee ShiYeon ခါးကိုဖက်တွယ်ထားရင်းမှ ခြေ ဖျားအသာထောက်လို့ Luhanပါးတဖက်ကိုနမ်းယူသည်။
မှေးမှိတ်သွားသည့်Luhanမျက်လုံးတွေ ဖြတ် ကနဲပေါ်လာသည့်အပြုံးနှင့် Sehunသဘောကျရသည့်မျက်နှာကကျေနပ်နှစ်သက်နေခဲ့ခြင်းတွေ။
Sehun ကျောခိုင်းပစ်လိုက်မိသည်ထင်ပါသည်။
° The years I have loved him °
To Be ConTinued……