ေဆာင္းရာသီသို႕လုံးလုံးလ်ားလ်ားေရာက္လာျပီးေနာက္
တကၠသိုလ္မွာ ေဆာင္းရာသီအားကစားပြဲက်င္းပၾက
သည္။
လုပ္အားေပးအေနနဲ႕ Sehunသည္လည္း မအားခ့ဲ။
စာတမ္းေတြႏွင့္နီးကပ္လာေသာစာေမးပြဲေၾကာင့္ မအား
ခ့ဲသလို နာမည္ရလူက်လာသည့္ ေကာ္ဖီဆိုင္ေၾကာင့္လဲ
မအားမလပ္ျဖစ္ေနခ့ဲသည္။
ထူးဆန္းစြာပင္ ပိုျပီးပြင့္ပြင့္လင္းလင္းရွိလာခ့ဲသည့္
Sehunႏွင့္Luhanတို႔ၾကားကဆက္ဆံေရးမွာ အရင္
ကထက္ ပို၍ရင္းႏွီးလာခ့ဲသည္။
Luhanကလပ္မွာညလုံးေပါက္ရွိေနတတ္လွ်င္ Sehunက
ထိုင္ေစာင့္ေပးတာမ်ိဳးရွိလာတတ္ျပီး စာၾကည့္တိုက္မွာ
Luhan့အလုပ္ကိုဝိုင္းကူလုပ္ေပးတာမ်ိဳးလဲ Luhanကခြင့္
ျပဳေပးလာသည္။ Luhan့ဘက္မွစိတ္ရင္းႏွင့္ခင္မင္
ေနျခင္းမွာ သိသာလွစြာပင္ Sehunကို Yi Xingအား
ဆက္ဆံပုံအတိုင္းပင္ဆက္ဆံလာခ့ဲသည္။
က်န္းမာေရးကိုစိတ္ပူေပးသည္။ စာေမးပြဲအတြက္စိတ္ပူ
ေပးသည္။ မထင္ရင္မထင္သလို အရိုက္လဲခံရျပီး သူ႔
ေျပာစကားနားမေထာင္ပါက Sehunကို တသက္မေခၚ
မေျပာေတာ့မည့္ပုံျဖင့္ေနလာတတ္သည္။
Yi Xingကေတာ့ Luhanခုမွ အရင္ကနဲ႕ပိုတူလာတယ္
လို႔ Sehunကိုေျပာေလ့ရွိသည္။ Luhanအရင္ကဘယ္
လိုပုံစံမ်ိဳးလဲမသိရေပမ့ဲ Sehunကေတာ့သေဘာက်
သည္။ Luhan၏ဘယ္လိုပုံမ်ိဳးကိုမဆို သေဘာက်သည္။
အားကစားပြဲေတာ္ျပီးသည့္ေနာက္မွာ ခရစ္စမတ္ႏွင့္
ႏွစ္သစ္ကူးေပ်ာ္ပြဲရႊင္ပြဲကိုပါ တခါတည္းက်င္းပေလ
သည္။ Sehunတို႔ တကၠသိုလ္သည္ စာေမးပြဲေတြလည္း
မ်ားသလို ေပ်ာ္ပြဲရႊင္ပြဲေတြလဲမ်ားသည္။
ကလပ္မွာ ထုံးစံအတိုင္း boothတခုရသျဖင့္ Sehunႏွင့္
ဥကၠဌZhangမွာ မိုးမလင္းခင္တည္းက ျပင္ၾကဆင္ၾကရ
သည္။ ေဆးမ်ား၊ ကားလိပ္မ်ားကို တဲအတြင္း ေနရာ
တက်ခ်ထားျပီး ဆြဲထားျပီးသည့္ ပုံမ်ားအား မွန္ေဘာင္
သြင္းလို႔တဖုံ ။ ၾကိဳးေလးမ်ားျဖင့္တြဲခ်ိတ္လို႔တမ်ိဳးအလွ
ဆင္ရသည္။
အစ္ကိုMinseokကလည္း ေက်ာင္းသားေဟာင္းျဖစ္
သျဖင့္ ပြဲအတြင္းမွာ ေကာ္ဖီဆိုင္ပိစိေလးလာဖြင့္ျပန္ေလ
သည္။ ထို႔ေၾကာင့္ Sehunမွာ ကလပ္၏လက္ကမ္းစာ
ေစာင္မ်ားေဝျပီးသည္ႏွင့္ ေကာ္ဖီဆိုင္ေလးသို႔ေျပးရေလ
သည္။
Minseokတေယာက္တည္းရွိေနတုန္းက လက္မလည္
ေသာေကာ္ဖီဆိုင္သည္ Sehunေရာက္လာသည့္အခါ
ပိုစည္ကားသြားသည္။
တည္ျငိမ္ပါသည္ဟု ေျပာခ်င္ၾကသည့္မမမ်ားက
Sehunဆီမွာ cappuccino ဝယ္ၾကျပီး အငယ္ေလး
မ်ားက chocolate latteျဖင့္ ခ်ိဳျမိန္ခ်င္ၾကသည္။
Sehunကေတာ့ လူနည္းနည္းပါးသြားသည္ႏွင့္ Iced
Americanoဘူးကိုဆြဲလို႔ ကလပ္၏boothသို႔အေျပး
လာခ့ဲေလသည္။
ကလပ္boothေရွ႕မွာလည္းလူေတြက အုံခဲေနေလျပီး
Sehunေရာက္သြားသည့္အခ်ိန္သည္ နာမည္ၾကီး
idol ေဂ်ာင္ယြန္ဟို၏ fan artကို ေလလံပစ္ေနခ်ိန္
ျဖစ္သည္။ လူနည္းနည္းရွင္းသည့္အေနာက္ဘက္ကေန
ပတ္ဝင္လိုက္ျပီး Sehun အေနာက္ေပါက္ကေနတဲထဲသို႔
ဝင္လိုက္သည္။
ေလလံေအာင္သြားသည့္ပုံမ်ားကို မွန္ေဘာင္သြင္းေပးေန
သည့္Luhanက ေက်ာခို္င္းထားပါသျဖင့္ Sehunကိုမျမင္
ခ့ဲ။ တိုးတိုးတိတ္တိတ္လို႔လဲမရည္ရြယ္ပါပဲ Sehunေဘးနားကေန ကပ္လို႔ျဖတ္ေလွ်ာက္လိုက္ျပီး Luhan့လက္
နားမွာ ေကာ္ဖီဘူးကိုခ်ေပးလိုက္သည္။
ေရေငြ႔ပင္မသီးေသးသည့္ေကာ္ဖီဘူးကိုအရင္တခ်က္
ၾကည့္ျပီး Sehunကိုေမာ့ၾကည့္လာသည္။ ထို႔ေနာက္
ျပံဳးျပကာ ေက်းဇူးစကားဆိုျပီး ေကာ္ဖီယူေသာက္သည္။
"အစ္ကိုMinseokဆီခဏသြားေနတာ"
"အင္း Yi Xingေျပာတယ္ ငါလည္းလာေတာ့မလို႔ပဲ
ဒီမွာအလုပ္ေတြမ်ားသြားတာနဲ႕"
Yi Xingကေတာ့ ေလလံေစ်းေတြေအာ္ျပီး ေက်ာင္းသူ
ေက်ာင္းသားေတြၾကားေပ်ာ္ျမဴးေနသည္။ Sehunမွာ
ခဏနားျပီးကာမွ Luhanႏွင့္အတူ ကူညီေပးေနလိုက္
သည္။
"ဟို ဒီမွာရွင့္"
တိုးလြန္းသည့္မိန္းကေလးအသံေၾကာင့္ Sehunႏွင့္
Luhanႏွစ္ေယာက္လုံး လွည့္ၾကည့္မိသည္။
Sehunဝင္သလို အေနာက္ေပါက္ကေနလွည့္ဝင္လာ
ဟန္တူေသာ ေကာင္မေလးသည္ သူတို႔ႏွစ္ေယာက္ေရွ႕
တြင္ေခါင္းငုံ႕လို႔မတ္တပ္ရပ္ေနသည္။ Luhanကေခၚ
လိုက္သည့္အခါ ေခါင္းေမာ့ၾကည့္သည္။ Sehunကို
ၾကည့္ျပီးေနာက္ ေခါင္းျပန္ငုံ႕သြားျပန္သည္။
"ေျပာေလ ညီမေလး"
"ဟို စီနီယာ ညီမ ပုံေလးဝယ္ခ်င္လို႔"
"ဘယ္idolပုံလဲ ညီမေလး ေရွ႕မွာေတာ့ ေလလံဆြဲေန
ၾကတယ္ေလ"
Luhanေျပရာေျပေၾကာင္းေလေျပေလးျဖင့္ဆိုသည့္အခါ
ေကာင္မေလးကေခါင္းခါသည္။ ထို႔ေနာက္မွာ Sehun
ကိုလက္ညွိဳးထိုးျပီး
"သူ႕ပုံလိုခ်င္တာ"
"အမ္......င့ါပုံ ??"
Sehunႏွင့္ရြယ္တူ ပထမႏွစ္ျဖစ္ဟန္တူေသာ
ေကာင္မေလးက ေခါင္းတဆတ္ဆတ္ျငိမ့္သည္။ Sehun
က သူ႔idolပဲလို႔ဆိုေသးသည္။ စိတ္ရႈပ္သြားဟန္ရွိသည့္
Luhanက အျပံဳးမပ်က္ေပမ့ဲ ေခါင္းခါယမ္းကာ
"ညီမေလးရဲ႕ သူကအႏုပညာရွင္မဟုတ္ဘူးေလ သူ႔ပုံကို
ဆြဲေပးဖို႔က်"
"အစ္ကိုတို႕ ေလလံေအာင္ရင္ ပိုက္ဆံေတြကိုလွဴတယ္
မလား ? လွဴေငြမ်ားမ်ားပိုရတယ္ပဲသေဘာထားလိုက္ပါ
အစ္ကိုေနာ္ ။ "
Sehunပုံတူလိုခ်င္ပါတယ္ဆိုေသာေကာင္မေလးက
Sehunကိုေတာ့တစက္ေလးမွလွည့္မၾကည့္ပဲ Luhan့ကို
သာဂ်စ္တိုက္ေနခ့ဲသည္။ Sehunကျပံဳးမိသည္။
အနည္းဆုံးေတာ့ ဒီေကာင္မေလးက သူ႔ထက္ သတိၱ
ပိုရွိေနသည္။
"ကဲပါဗ်ာ ဆြဲေပးလိုက္ပါ သူေျပာတာလဲဟုတ္တာပဲ"
"ဟမ္ ?? Oh Sehun တကယ္ၾကီးလား ? "
"အင္း ေဟ့ မင္း ငါ့ပုံတူကိုေတာ့ ေပါက္တတ္ကရေနရာမွာေလွ်ာက္မသုံးရဘူးေနာ္"
"အင္းပါ မွန္ေဘာင္သြင္းျပီးေတာ့ပဲ ကုတင္ေခါင္းရင္း
မွာခ်ိတ္ထားမွာ"
စိတ္လႈပ္ရွားလြန္းသည့္ပုံျဖင့္ ခပ္သြက္သြက္ဆိုလိုက္ျပီး
ေတာ့မွ ေကာင္မေလးခင္ဗ်ာ ရွက္သြားပုံရသည္။ပါးေလး
ေတြနီေစြးျပီးေခါင္းကျပန္ငုံ႕သြားေတာ့ Sehunလည္း
သေဘာတက်ျဖင့္ရယ္မိေသးသည္။
"ရယ္မေနနဲ႕ ငါအာရုံပ်က္တယ္"
"အာ......ခင္ဗ်ားဆြဲေပးမွာလား ?"
"က်စ္ . ...... က်န္တ့ဲသူေတြမွမအားပဲ"
ကားခ်ပ္ႏွင့္ေဆးေတြကိုျပင္လိုက္ျပီး Luhanကဆိုသည္။
တကယ္လဲ က်န္သည့္သူေတြကမအား။ အမွန္ပင္Luhan
ကသူ႔ပုံကိုဆြဲမည္ဟုျပင္သည့္အခါက် Sehunမွာဟိုနား
ကယားသလို ဒီနားကယံသလိုျဖစ္လာေတာ့သည္။
ေကာ္ဖီဘူးကိုကိုင္လိုက္ခ်လိုက္ျဖင့္ ကို႔ရို႕ကားယားျဖစ္ေန
သည့္Sehunအား Luhanကပုံဆြဲေနရင္းမွမ်က္လုံးလွန္
ၾကည့္သည္။
"မင္းဘာလုပ္ေနတာလဲ ?"
"ဟို ...... "
"ဒီမွာလုပ္စရာမရွိရင္ အစ္ကိုMinseokကိုသြားကူေပး
လိုက္"
"ခင္ဗ်ား ကိုယ့္ပုံတူဆြဲေနတာမဟုတ္ဘူးလား ?"
"မင္းကိုမၾကည့္ပဲနဲ႕လဲ ငါမင္းပုံတူဆြဲတတ္ပါတယ္"
မ်က္လုံးတခ်က္လွန္မၾကည့္ေတာ့ပဲ ပုံမွာအာရုံထားလ်က္
Luhanကဆိုလာသည္။ အခ်ိန္ခဏၾကာသည့္အခါက်မွ
Sehunသေဘာက်စြာ ခိုးရယ္မိသည္။
ေကာင္မေလးကိုႏႈတ္ဆက္လိုက္ျပီး အာရုံဝင္စားေနသည့္
Luhanကိုေတာ့စကားမဆ္ိုေတာ့ပဲ Sehun တဲထဲကေန
ထြက္လာခ့ဲပါသည္။
"မၾကည့္ပဲနဲ႕ေတာင္ ဆြဲတတ္တယ္ေပါ့"
ဒါဟာ သေဘာက်စရာေကာင္းရဲ႕လားေတာ့မသိပါ။
Sehunကေတာ့ ရင္ထဲေႏြးသြားရျပီး ေျခလွမ္းေတြက
ေျမာက္ၾကြေနခ့ဲသည္။
ထိုေန႔က လူအင္အားအမ်ားဆုံးႏွင့္ အလွဴေငြအမ်ားဆုံး
ရသည့္ boothက fan art clubကျဖစ္ျပီး အလွဴေငြ၏
သုံးပုံတစ္ပုံကိုခ်က္ခ်င္းပင္ ေက်ာင္းအားျပန္လည္လွဴဒါန္း
ခ့ဲပါသည္။
ေပ်ာ္ပြဲရႊင္ပြဲေတြတခန္းရပ္သြားသည့္အခါက် ေက်ာင္းသား
ေတြ၏ သမိုင္းေပးတာဝန္ေတြ ခ်ထားခံရေတာ့သည္။
ေနာက္ဆုံးႏွစ္ေက်ာင္းသားမ်ားသည္ Sehunတို႔လို
ပထမႏွစ္ေက်ာင္းသားမ်ားထက္ စာေမးပြဲေစာသည္။
ထို႔ေၾကာင့္ Zhang Yi Xingတို႔ေမဂ်ာမွ ေနာက္ဆုံး
ႏွစ္ေက်ာင္းသားမ်ား၏ ေနာက္ဆုံးျပဇာတ္ပြဲေန႔သည္
ျမန္ျမန္ဆန္ဆန္ေရာက္လာေလသည္။ ျပဇာတ္ေမဂ်ာမွ ဘြဲ႕ရမည့္စာေမးပြဲသည္ ေဖ်ာ္ေျဖျခင္းျဖစ္သည့္အတြက္
ဒီျပဇာတ္ကYi Xingတို႔အတြက္အေရးၾကီးသည္။
Zhang Yi Xingဆိုသည့္နာမည္တလုံးေၾကာင့္
ျပဇာတ္ေနာက္ဆုံးႏွစ္ေက်ာင္းသားမ်ား၏ ျပဇာတ္
သည္ ခုံလက္မွတ္မ်ားေစ်းအျမင့္ဆုံးျဖင့္ပင္ ေရာင္းထြက္
ကုန္သည္။ Yi Xingက နာမည္ၾကီးအင္တာတိန္းမန္႔
တစ္ခု၏ သင္တန္းသားပင္ျဖစ္ေနျပီျဖစ္ေသာေၾကာင့္
ပို၍နာမည္ၾကီးလာခ့ဲသည္။
သူငယ္ခ်င္းဆိုသည့္နာမည္တပ္ျပီး Luhanက လက္မွတ္
လည္ပင္းညွစ္ေတာင္းသည္။ လက္မွတ္သုံးေစာင္ရသည့္
အခါ Sehunကိုတေစာင္ေပးျပီး ျပဇာတ္အတူၾကည့္ၾက
မည္ဟုဆိုေလသည္။
"ကိုယ္လာရမွာေပါ့ဗ် မဟုတ္ရင္အစ္ကိုYi Xingက
စိတ္ဆိုးလိမ့္မယ္"
"ေအာ္ ငါတို႔ပန္းခ်ီျပပြဲတုန္းကက် မလာတာေနာ္
မင္းက"
ကမ္းေပးထားသည့္လက္မွတ္ကို ျပန္ယူရင္း Luhanက
မေက်မခ်မ္းဆိုသည္။ တမင္တကာမလာတာမဟုတ္
ေၾကာင္း အလုပ္ေတြမ်ားေနခ့ဲတာျဖစ္ေၾကာင္းကို အခါ
သုံးဆယ္ေျမာက္ Sehunရွင္းျပရျပန္သည္။
ေခါင္းညိမ့္လိုက္ေသာ္လည္း Luhanကေက်နပ္ေသးပုံ
မေပၚ။ ျပဇာတ္ေန႔က် Sehunက ရုံေရွ႕အေစာၾကီးေရာက္
ေနေလသည္။ သမဂၢမွာပါသည့္ ျပဇာတ္ေနာက္ဆုံးႏွစ္
စီနီယာမ်ားကိုကူညီေပးရန္အတြက္ Sehunစာရင္းေပးျပီး
ျဖစ္ေသာေၾကာင့္ ေစာေရာက္ေနျခင္းျဖစ္သည္။
"အ့ဲေတာ့မင္းက ငါနဲ႕အတူမၾကည့္ဘူးေပါ့"
"ကိုယ္ ပြဲတဝက္ေလာက္က်ရင္ေတာ့ထြက္လာလို႔ရ
မယ္ထင္တာပဲ"
"လုပ္အားေပးဖို႔က မင္းတစ္ေယာက္ပဲရွိတာလား"
Sehunျပန္ေျဖခ်ိန္မရလိုက္ပဲ Luhanကဖုန္းခ်သြားသည္။
ဖုန္းျပန္ေခၚမည္ျပင္ေပမ့ဲ စီနီယာတစ္ေယာက္ကလွမ္း
ေခၚေလသည္။
Luhanစိတ္ဆိုးသြားသည္ဟု Sehunထင္သည္။ သူ႔မွာ
တကူးတကYi Xingဆီကလက္မွတ္ေတာင္းထားရေပမ့ဲ
Sehunကအတူမၾကည့္ႏိုင္သည့္သေဘာျဖစ္ေနသည္။
"Sehunလာေလ "
"ဟုတ္ ဟုတ္ လာျပီ"
လုပ္အားေပးစာရင္းမွာ ကိုယ့္နာမည္ကိုပင္ Sehunဖ်က္
ခ်င္သြားသည္။ နာမည္စာရင္းေပးထားသူေတြမ်ားေပမ့ဲ
လည္း သမဂၢကစီစစ္ေရြးသြားသည့္အခါ လူအင္အားက
ထင္ထားသည္ထက္နည္းသြားသည္။
ကားလိပ္တင္ဖို႔ ၊ အခ်ိန္မွီျပန္ခ်ဖို႕တာဝန္ကိုေတာ့ Sehun
ေရွာင္သည္။ ပြဲခ်ိန္တဝက္ေလာက္ပဲျဖစ္ျဖစ္ Luhan့နား
သြားထိုင္ဖို႔ပဲျဖစ္သည္။
စင္ေပၚတက္ဖို႔ျပင္ေနသည့္Yi Xingက Sehunကို
ျမင္သည့္အခါ လက္လွမ္းျပသည္။ Sehunႏႈတ္ဆက္
စကားေတာင္သြားမဆိုႏိုင္ပဲ Fightingဟုေအာ္ေျပာ
လိုက္ျပီး micေတြကိုစစ္ေဆးရျပန္သည္။
"Sehun ကူညီပါဦး"
ျပဇာတ္ထြက္ခါနီးအခ်ိန္က်ကာမွ မင္းသမီးသုံးမည့္
ပန္းစည္းပ်က္စီးသြားသျဖင့္ Sehunမွာ နီးစပ္ရာဆိုင္ကို
ေျပးရျပန္သည္။ ျပန္ေရာက္လာသည့္အခ်ိန္က မင္းသမီး
ပန္းစည္းကိုင္ျပီး စင္ေပၚသို႔ျပန္တက္ရမည့္အခ်ိန္ႏွင့္
ကြက္တိေလာက္သြားက်ျပီး ျပဇာတ္တဝက္လဲက်ိဴးသည့္
အခ်ိန္ျဖစ္ေနျပီ။
"ေက်းဇူးပဲ ငါ့ေမာင္ရယ္ တကယ္ေက်းဇူးေနာ္"
ေက်းဇူးစကားဆိုလာသည့္ျပဇာတ္၏မင္းသမီးျဖစ္ေသာ
အမကို Sehunလက္သာကာျပလိုက္ရသည္။ Sehun
ကမ္းေပးသည့္ ပန္းစည္းကိုယူလိုက္ကာ စင္ေပၚသို႔
ေအာင္ေအာင္ျမင္ျမင္တက္သြားႏိုင္ကာမွ အေမာေျပရ
သည္။
စင္ေနာက္ဘက္ႏွင့္စင္ဆက္ထားသည့္ ကားလိပ္ထားရာ
ေနရာမွာ မတ္တပ္ရပ္ေနမိသည့္Sehunသည္ ပရိသတ္
တန္း၏ေရွ႕ဆုံးတန္းကို ေကာင္းေကာင္းျမင္ရပါသည္။
မီးပြင့္တို႔လည္းထိုးထားပါသျဖင့္ Sehun ျပဇာတ္ကုိ
မၾကည့္မိပဲ Luhanထိုင္ေနမည့္ေရွ႕ဆုံးတန္းကိုေဝ႔
ၾကည့္လိုက္သည္။
အစ္ကိုYi Xingက ေနရာေကာင္းေကာင္းေပးထားတာ
ျဖစ္သည္။ ေရွ႕ဆုံးတန္း၏အလယ္နားေလာက္ကေန
ျပဇာတ္ကုိစိတ္ဝင္တစားၾကည့္ေနသည့္ Luhanသည္
သူ႕ေဘးနားက မိန္းမပ်ိဳကို တခ်က္တခ်က္လွည့္ၾကည့္
ျပီးစကားေျပာဆိုေလသည္။
ထိုမိန္းကေလးအား Sehunသိသည္။ Yi Xingႏွင့္
Luhanတို႔၏ မိတ္ဆက္ေပးမႈျဖင့္ သူတို႔၏ငယ္
သူငယ္ခ်င္း Lee ShiYeonဟုသိရသည္။ ေဆးေက်ာင္းသူျဖစ္ေသာ ထိုမိန္းကေလးက ေက်ာင္း၏ပြဲေတာ္ေတြ
မွာ ပါေလ့ပါထမရွိေသာေၾကာင့္ Luhanတို႔ႏွင့္ သိပ္
မတြဲမိေတာ့တာသာျဖစ္သည္ဟုဆိုသည္။
ShiYeonႏွင့္စကားေျပာဆိုကာျပံဳးရယ္ေနသည့္Luhan
အား Sehunကေငးစိုက္ၾကည့္သည္။
"Sehun - na ခုံရထားတယ္ဆို သြားၾကည့္ေလ"
ေငးေမာေနခိုက္မွာပင္ စီနီယာတစ္ေယာက္က Sehun
ပခုံးကိုပုတ္ျပီး အသိေပးစကားေျပာလာသည္။
Luhanတို႕ဘက္ကို တခ်က္ျပန္လွည့္ၾကည့္ရင္းSehun
ေခါင္းခါလိုက္သည္။
"အစ္ကိုတို႕မႏိုင္ပဲေနဦးမယ္ ကြ်န္ေတာ္ကူေပးပါ့မယ္"
"ဒါဆို ငါတို႕ကေက်းဇူးေပါ့"
ထိုစီနီယာႏွင့္အတူ စင္အေနာက္ဘက္သို႔သာ Sehun
ဆင္းျဖစ္ခ့ဲေတာ့သည္။
ထိုေန႔က ပြဲျပီးသည့္အခ်ိန္ထိ ပြဲတဝက္မွာလာမယ္ဆိုျပီး
မင္းဘာလို႔မလာျပန္တာလဲဆိုသည့္ Luhan့ဆီက စာတိုတေစာင္တေလလဲSehun မရခ့ဲပါေလ။
......^......
စီစဥ္ထားသည့္အတိုင္း စီနီယာေတြစာေမးပြဲျပီးသည့္
အခါ ပြဲမွရခ့ဲသည့္ အလွဴေငြမ်ားမွ က်န္ေငြမ်ားကို နယ္ရွိ
မိဘမ့ဲေဂဟာတြင္သြားလွဴရန္ျပင္ဆင္ၾကသည္။
ပထမႏွစ္ေတြစာေမးပြဲျပီီးတာႏွင့္ စီနီယာေတြက
အလုပ္သင္အတြက္၊ဘြဲ႕ယူဖို႔အတြက္ ျပင္ဆင္ရေတာ့
မည္ျဖစ္ေသာေၾကာင့္ နယ္သို႕ေစာေစာသြားခ်င္ၾကသည္။
စာေမးပြဲရွိသည့္ ပထမႏွစ္ေတြ မလိုက္လဲရတယ္ဟု
ေျပာၾကေပမ့ဲ စာအရမ္းပိုင္ေနသည့္ Sehunတို႔ပထမႏွစ္
ေတြက ခရီးသြားရမွာကို အၾကီးေတြထက္ပိုတက္ၾကြေနခ့ဲ
ၾကေလသည္။
ရွစ္နာရီထြက္မ့ဲရထားေပမ့ဲ ဘူတာရုံကို ေျခာက္နာရီခြဲ
တည္းကေရာက္ေနသည့္ Sehunတို႔အငယ္အုပ္စုပါပဲ။
"အမေလး သိပ္မသြားခ်င္ၾကဘူး မနည္းေခၚရတာေနာ္"
အေအးဘူးေတြသယ္လာသည့္ Yi Xingက Sehunတို႔
ကိုေတြ႔တာႏွင့္ေျပာေတာ့သည္။ အားရပါးရရယ္ေမာ
မိၾကျပီး ပစၥည္းေတြကားထဲမွာက်န္ခ့ဲသည္ဆိုပါေသာ
ေၾကာင့္ သယ္ဖို႔အတြက္ Sehunတို႕ထြက္ခ့ဲသည္။
ဘူတာရုံအျပင္ဘက္မွာရပ္ထားေသာ အငွားယာဥ္ေလး
ထဲမွ စားစရာ၊ ေသာက္စရာမ်ားႏွင့္ မိဘမ့ဲေဂဟာသို႔
လွဴမည့္ စာေရးကိရိယာထုတ္မ်ားကို Luhanက
တေယာက္ခ်င္းစီလက္ထဲသယ္ဖို႔ထည့္ေပးေနသည္။
ၾကံစည္ထားတာမဟုတ္ေပမ့ဲ Sehunေနာက္ဆုံးမွ
သြားျဖစ္သည္။ မခ်ိဳေသာအၾကည့္ျဖင့္ေမာ့ၾကည့္လာ
ျပီး Sehunလက္ထဲကို ေခါက္ဆြဲေျခာက္ႏွစ္ဖာဆင့္
ထပ္လ်က္ နစ္ကနဲပစ္ခ်သည္။
"oi......ခင္ဗ်ား"
"သယ္ခ့ဲ"
ကိုယ္၌က ေဝဖာဘူးငါးဘူးတထုပ္ကိုသယ္ျပီး ေရွ႕
ကေနဦးေဆာင္ထြက္သြားသည္။ စုေဝးေနၾကသည့္
ေက်ာင္းသားေတြနားေရာက္သည့္အခါမွာလည္း Sehun
ႏွင့္ခပ္လွမ္းလွမ္းမွာသြားထိုင္ေနပါေသာLuhanျဖစ္သည္။
ဘာေၾကာင့္လဲမသိေပမ့ဲ Luhan စိတ္ဆိုးေနသည့္ပုံ
ျဖစ္ေနသည္။ Sehun မၾကာမၾကာၾကည့္မိရုံမွအပ အနား
သို႕လဲမသြားျဖစ္ခ့ဲ။
ရထားဆိုက္လာသည့္အခါမွာ လုတက္သူမရွိေပမ့ဲလဲ
သူ႕ထက္ငါအလုအယက္ တက္ၾကျပီး ေနရာဦးၾက
သည္။ ဥကၠဌကအစ ရထားေပၚေျပးတက္ေနေလေတာ့
အားလုံးကေျခေႏွးမေနခ့ဲ။
Sehunကေတာ့ ေအးေဆးမွတက္မည္ဆိုျပီး ေနာက္မွ
က်န္ခ့ဲသည္။ Luhanလည္းထိုနည္းလည္းေကာင္းျဖစ္
သည့္အတြက္ ရထားေပါက္ဝတြင္ ထိပ္တိုက္ဆုံၾကျပန္
သည္။ Sehunေနာက္သို႔ႏွစ္လွမ္းေလာက္ဆုတ္ေပးလိုက္
သည့္အခါ Luhanကအလ်င္တက္သြားသည္။
ရထားေပၚေရာက္ေတာ့ တတြဲလုံးကိုေမာင္ပိုင္စီးထားသည့္
သူတို႔အုပ္စုကေအာ္ဟစ္ေနေလျပီ။ ေရွ႕ဆင့္ေနာက္ဆင့္
တက္လာသည့္ Sehunႏွင့္ Luhanကို Yi Xingက သူ႔
ေရွ႕ကခုံမွာေနရာဦးေပးထားေၾကာင္းဆိုသည္။
ထိုင္စရာခုံလည္းမက်န္ေတာ့သည့္အတြက္ ျပတင္းေပါက္
နားထိုင္လိုက္သည့္ Luhan့ေဘးနားမွာသာကပ္ထိုင္
လိုက္ရသည္။
မိနစ္အေတာ္ၾကာလာသည့္တိုင္ စကားမဆိုလာသည့္သူကို Sehunမွာ င့ဲင့ဲၾကည့္ရတာအေမာျဖစ္၏။ က်န္ေသာ
သူမ်ားအားလုံးကေတာ့ သီခ်င္းေတြေအာ္ဆိုကာျမဴးၾကြ
ေနၾကျပီး သူတို႔ႏွစ္ေယာက္တည္းကြက္လို႕တိတ္ဆိတ္ေန
သည္။
"မင္း ငါ့ကိုေျပာစရာရွိလို႔လား ?"
"ဗ်ာ ??"
ရုတ္တရတ္ၾကီးမ်က္ႏွာလွည့္လာကာဆိုသည့္Luhan
ေၾကာင့္ Sehun လန္႔ျဖန္႔သြားသည္။ Luhanကမ်က္
ေမွာင္က်ဳံ႕ကာ
"မင္းငါ့ကိုဆက္တိုက္ၾကည့္ေနတာေလ"
"အာ...အ့ဲဒါက.........ခင္ဗ်ားစကားမေျပာလို႔.........
ကိုယ့္ကိုစိတ္ဆိုးေနတာလားလို႔"
Sehunစကားေၾကာင့္ Luhanကအ့ံၾသသြားသလိုရွိသည္။
ထို႔ေနာက္ ရယ္ေမာျပီးေခါင္းခါယမ္းကာ
"ဘာကိစၥစိတ္ဆိုးရမွာလဲ ? ဘာဆိုင္လို႔ ! ငါ
အလုပ္သင္အတြက္နည္းနည္းစိတ္ဖိစီးေနလို႔ပါ"
"ေအာ္......"
ထိုအခါမွပင္ Sehunက ေခါင္းတျငိမ့္ျငိမ့္ျဖင့္ရင္ေအး
သြားေတာ့သည္။ သို႔ေပမ့ဲ ခဏအၾကာ ေစာင္းင့ဲၾကည့္
မိျပန္သည္။ Luhanကရယ္ေမာျပီး ေတာ္ပါေတာ့ကြာ
ဆိုကာ Sehunမ်က္ႏွာကိုတဖက္သို႔တြန္းထုတ္ပစ္ရ
သည္။
မ်က္ႏွာခ်င္းဆိုင္ခုံမွာ ထိုင္ေနခ့ဲသည့္ Yi Xingႏွင့္ ေနာက္
တေယာက္က ခုံမွာမထိုင္ေတာ့ပဲ ဂစ္တာတီးလို႔လူစုေန
သည့္ေနရာဆီေရာက္သြားၾကေလသည္။
Sehun ေဘးနားက Luhanကေတာ့ သီခ်င္းဆိုပြဲေတြ
စိတ္မဝင္စားပဲ ျပတင္းမွန္ကိုတဒုန္းဒုန္းေဆာင့္လို႔အိပ္
ငိုက္ေနရွာသည္။
"Luhan !! Luhan ?"
"အင္း"
"ခင္ဗ်ားေခါင္းနာေနမယ္ထင္တယ္"
ျပတင္းမွန္ေၾကာင့္ နာက်င္ေနမည့္နဖူးေစာင္းကိုလက္ျဖင့္
ပြတ္ျပီးအိပ္မႈန္စုံမြားမ်က္လုံးမ်ားႏွင့္Sehunကိုေမာ့ၾကည့္
သည္။ ပခုံးေပၚမွီအိပ္ခိုင္းလွ်င္လည္း ခဏသာ သက္
ေတာင့္သက္သာျဖစ္မည္ ေရရွည္က် ဇက္နာေပလိမ့္မည္။
ထို႕ေၾကာင့္Sehun မတ္တပ္ထရပ္လို႔ ေက်ာပိုးအိတ္ကို
သူထိုင္ခ့ဲသည့္ေနရာမွာခ်လိုက္သည္။ သူကို္ယ္၌က
တဖက္မ်က္ႏွာခ်င္းဆိုင္ခုံသို႕ေနရာေရႊ႕ထိုင္လိုက္ကာ
"လွဲအိပ္လိုက္ ခင္ဗ်ားတကိုယ္ေကာင္းေကာင္းလွဲလို႔ရမွာ"
သုံးေယာက္ထိုင္ဖို႕ထိ က်ယ္ျပန္႔ေသာခုံေပမ့ဲ Luhan
ေခြျပီးလွဲခ်လိုက္လို႔ရသည္။ ဒီတေခါက္ေတာ့Sehun
စကားကိုနားေထာင္ကာ ခ်ေပးခ့ဲသည့္ေခါင္းအုံးကိုခုျပီး
လွဲအိပ္ခ်သည္။
သီခ်င္းသံေတြဆူေနေပမဲ့လဲ Luhanကအိပ္တတ္ပုံရ
သည္။
"ေစာင္ယူဦးမလား "
"ဟင့္အင္း မေအးဘူး"
ဝိုးတဝါးအသံျဖင့္Luhanေျဖသည္။ ႏွစ္ႏွစ္ျခိဳက္ျခိဳက္
အိပ္ေပ်ာ္သြားသည့္ပုံျဖင့္ မိနစ္အနည္းငယ္ၾကာသည့္
အခါ ေဟာက္သံထြက္လာသည္။ Sehunမတ္တပ္
ထရပ္လိုက္ျပီး အေပၚအကန္႔ထဲမွာ ေစာင္ေပးထားသလား
ရပ္ၾကည့္သည္။
ေသေသသပ္သပ္ေခါက္ထည့္ထားသည့္ေစာင္ေတြျမင္
သည့္အခါ တထည္ကိုထုတ္ယူျပီး Luhan့ကို္ယ္ေပၚလႊား
ျခံဳေပးလိုက္သည္။
မေအးဘူးဆိုကာျငင္းခ့ဲေပမ့ဲ ေစာင္ျခံဳေပးလိုက္သည့္
အခါ ေစာင္အနားစေလးကို လက္ေလးမ်ားျဖင့္ဆြဲ
တင္လာပါသည္။
ထိုအခ်င္းအရာေၾကာင့္ Sehun ခပ္တိုးတိုးရယ္ေမာမိ
သည္။
ရထားကတေရြ႕ေရြ႕သြားေနျပီး ပတ္ဝန္းက်င္အေနအထား
သည္လည္း တျဖည္းျဖည္းခ်င္းျဖင့္ ျမင္ကြင္းေျပာင္းလာ
သည္။ Sehunကျဖင့္ ႏွစ္ျခိဳက္စြာအိပ္ေနသည့္ Luhan့
ကိုေငးၾကည့္ေနတုန္းျဖစ္သည္။
..........................................
ကိုယ့္ရဲ႕စိတ္ခ်မ္းေျမ႕ရာေလးက ခင္ဗ်ားပါပဲ
° The years I have loved him °
To Be ConTinued......
ဆောင်းရာသီသို့လုံးလုံးလျားလျားရောက်လာပြီးနောက်တက္ကသိုလ်မှာ ဆောင်းရာသီအားကစားပွဲ
ကျင်းပကြသည်။
လုပ်အားပေးအနေနဲ့ Sehunသည်လည်း မအားခဲ့။စာတမ်းတွေနှင့်နီးကပ်လာသောစာမေးပွဲကြောင့် မအားခဲ့သလို နာမည်ရလူကျလာသည့် ကော်ဖီဆိုင်ကြောင့်လဲမအားမလပ်ဖြစ်နေခဲ့သည်။
ထူးဆန်းစွာပင် ပိုပြီးပွင့်ပွင့်လင်းလင်းရှိလာခဲ့သည့်Sehunနှင့်Luhanတို့ကြားကဆက်ဆံရေးမှာ အရင်ကထက် ပို၍ရင်းနှီးလာခဲ့သည်။
Luhanကလပ်မှာညလုံးပေါက်ရှိနေတတ်လျှင် Sehunကထိုင်စောင့်ပေးတာမျိုးရှိလာတတ်ပြီး စာကြည့်တိုက်မှာLuhanအလုပ်ကိုဝိုင်းကူလုပ်ပေးတာမျိုးလဲ Luhanကခွင့်ပြုပေးလာသည်။
Luhanဘက်မှစိတ်ရင်းနှင့်ခင်မင်နေခြင်းမှာ သိသာလှစွာပင် Sehunကို Yi Xingအားဆက်ဆံပုံအတိုင်းပင်ဆက်ဆံလာခဲ့သည်။
ကျန်းမာရေးကိုစိတ်ပူပေးသည်။ စာမေးပွဲအတွက်စိတ်ပူပေးသည်။ မထင်ရင်မထင်သလို အရိုက်လဲခံရပြီး သူ့ပြောစကားနားမထောင်ပါက Sehunကို တသက်မခေါ်မပြောတော့မည့်ပုံဖြင့်နေလာတတ်သည်။
Yi Xingကတော့ Luhanခုမှ အရင်ကနဲ့ပိုတူလာတယ်လို့ Sehunကိုပြောလေ့ရှိသည်။ Luhan
အရင်ကဘယ်လိုပုံစံမျိုးလဲမသိရပေမဲ့ Sehun ကတော့သဘောကျသည်။ Luhan၏ဘယ်လိုပုံမျိုးကိုမဆို သဘောကျသည်။
အားကစားပွဲတော်ပြီးသည့်နောက်မှာ ခရစ်စမတ်နှင့်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကိုပါ တခါတည်းကျင်းပလေသည်။ Sehunတို့ တက္ကသိုလ်သည် စာမေးပွဲတွေလည်းများသလို ပျော်ပွဲရွှင်ပွဲတွေလဲများသည်။
ကလပ်မှာ ထုံးစံအတိုင်း boothတခုရသဖြင့် Sehunနှင့်ဥက္ကဌZhangမှာ မိုးမလင်းခင်တည်းက ပြင်ကြဆင်ကြရသည်။ ဆေးများ၊ ကားလိပ်များကို တဲအတွင်း နေရာတကျချထားပြီး ဆွဲ ထားပြီးသည့် ပုံများအား မှန်ဘောင်သွင်းလို့တဖုံ ။ ကြိုးလေးများဖြင့်တွဲချိတ်လို့တမျိုးအလှဆင်ရသည်။
အစ်ကိုMinseokကလည်း ကျောင်းသားဟောင်းဖြစ်သဖြင့် ပွဲအတွင်းမှာ ကော်ဖီဆိုင်ပိစိလေးလာဖွင့်ပြန်လေသည်။
ထို့ကြောင့် Sehunမှာ ကလပ်၏လက်ကမ်းစာ
စောင်များဝေပြီးသည်နှင့် ကော်ဖီဆိုင်လေးသို့ပြေးရလေသည်။
Minseokတယောက်တည်းရှိနေတုန်းက လက် မလည်သောကော်ဖီဆိုင်သည် Sehunရောက်လာသည့်အခါပိုစည်ကားသွားသည်။
တည်ငြိမ်ပါသည်ဟု ပြောချင်ကြသည့်မမများက
Sehunဆီမှာ cappuccino ဝယ်ကြပြီး အငယ်လေးများက chocolate latteဖြင့် ချိုမြိန်ချင်ကြသည်။
Sehunကတော့ လူနည်းနည်းပါးသွားသည်နှင့် Iced Americanoဘူးကိုဆွဲလို့ကလပ် ၏booth သို့အပြေးလာခဲ့လေသည်။
ကလပ်boothရှေ့မှာလည်းလူတွေက အုံခဲနေလေပြီးSehunရောက်သွားသည့်အချိန်သည် နာမည် ကြီးidol ဂျောင်ယွန်ဟို၏ fan artကို လေလံပစ်နေချိန်ဖြစ်သည်။
လူနည်းနည်းရှင်းသည့်အနောက် ဘက်ကနေပတ်ဝင်လိုက်ပြီး Sehun အနောက်ပေါက်ကနေတဲထဲသို့ဝင်လိုက်သည်။
လေလံအောင်သွားသည့်ပုံများကို မှန်ဘောင်သွင်းပေးနေသည့်Luhanက ကျောခိုင်းထားပါသဖြင့် Sehunကိုမမြင်ခဲ့။ တိုးတိုးတိတ်တိတ်လို့လဲမရည်ရွယ်ပါပဲ Sehunဘေးနားကနေ ကပ်လို့ဖြတ်လျှောက်လိုက်ပြီး Luhanလက်နားမှာ ကော်ဖီဘူးကိုချပေးလိုက်သည်။
ရေငွေ့ပင်မသီးသေးသည့်ကော်ဖီဘူးကိုအရင်တချက်ကြည့်ပြီး Sehunကိုမော့ကြည့်လာသည်။ ထို့နောက်ပြုံးပြကာ ကျေးဇူးစကားဆိုပြီး ကော်ဖီယူသောက်သည်။
"အစ်ကိုMinseokဆီခဏသွားနေတာ"
"အင်း Yi Xingပြောတယ် ငါလည်းလာတော့မလို့ပဲဒီမှာအလုပ်တွေများသွားတာနဲ့"
Yi Xingကတော့ လေလံဈေးတွေအော်ပြီး ကျောင်းသူကျောင်းသားတွေကြားပျော်မြူးနေသည်။ Sehunမှာခဏနားပြီးကာမှ Luhanနှင့်အတူ ကူညီပေးနေလိုက်သည်။
"ဟို ဒီမှာရှင့်"
တိုးလွန်းသည့်မိန်းကလေးအသံကြောင့် Sehun နှင့်Luhanနှစ်ယောက်လုံး လှည့်ကြည့်မိသည်။
Sehunဝင်သလို အနောက်ပေါက်ကနေလှည့်ဝင်လာဟန်တူသော ကောင်မလေးသည် သူတို့နှစ်ယောက်ရှေ့တွင်ခေါင်းငုံ့လို့မတ်တပ်ရပ်နေသည်။ Luhanကခေါ်လိုက်သည့်အခါ ခေါင်းမော့ကြည့်သည်။ Sehunကိုကြည့်ပြီးနောက် ခေါင်းပြန်ငုံ့သွားပြန်သည်။
"ပြောလေ ညီမလေး"
"ဟို စီနီယာ ညီမ ပုံလေးဝယ်ချင်လို့"
"ဘယ်idolပုံလဲ ညီမလေး ရှေ့မှာတော့ လေလံဆွဲနေကြတယ်လေ"
Luhanပြေရာပြေကြောင်းလေပြေလေးဖြင့်ဆိုသည့်အခါကောင်မလေးကခေါင်းခါသည်။ ထို့နောက်မှာ Sehunကိုလက်ညှိုးထိုးပြီး
"သူ့ပုံလိုချင်တာ"
"အမ်......င့ါပုံ ??"
Sehunနှင့်ရွယ်တူ ပထမနှစ်ဖြစ်ဟန်တူသော
ကောင်မလေးက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ Sehunက သူ့idolပဲလို့ဆိုသေးသည်။ စိတ်ရှုပ်သွားဟန်ရှိသည့်Luhanက အပြုံးမပျက်ပေမဲ့ ခေါင်းခါယမ်းကာ
"ညီမလေးရဲ့ သူကအနုပညာရှင်မဟုတ်ဘူးလေ သူ့ပုံကိုဆွဲပေးဖို့ကျ"
"အစ်ကိုတို့ လေလံအောင်ရင် ပိုက်ဆံတွေကိုလှူတယ်မလား ? လှူငွေများများပိုရတယ်ပဲသဘောထားလိုက်ပါအစ်ကိုနော် ။ "
Sehunပုံတူလိုချင်ပါတယ်ဆိုသောကောင်မလေးကSehunကိုတော့တစက်လေးမှလှည့်မကြည့်ပဲ Luhanကိုသာဂျစ်တိုက်နေခဲ့သည်။ Sehunကပြုံးမိသည်။
အနည်းဆုံးတော့ ဒီကောင်မလေးက သူ့ထက် သတ္တိပိုရှိနေသည်။
"ကဲပါဗျာ ဆွဲပေးလိုက်ပါ သူပြောတာလဲဟုတ်တာပဲ"
"ဟမ် ?? Oh Sehun တကယ်ကြီးလား ? "
"အင်း ဟေ့ မင်း ငါ့ပုံတူကိုတော့ ပေါက်တတ်ကရနေရာမှာလျှောက်မသုံးရဘူးနော်"
"အင်းပါ မှန်ဘောင်သွင်းပြီးတော့ပဲ ကုတင်ခေါင်းရင်းမှာချိတ်ထားမှာ"
စိတ်လှုပ်ရှားလွန်းသည့်ပုံဖြင့် ခပ်သွက်သွက်ဆိုလိုက်ပြီးတော့မှ ကောင်မလေးခင်ဗျာ ရှက်သွားပုံရသည်။ပါးလေးတွေနီစွေးပြီးခေါင်းကပြန်ငုံ့သွားတော့ Sehunလည်းသဘောတကျဖြင့်ရယ်မိသေးသည်။
"ရယ်မနေနဲ့ ငါအာရုံပျက်တယ်"
"အာ......ခင်ဗျားဆွဲပေးမှာလား ?"
"ကျစ် . ...... ကျန်တဲ့သူတွေမှမအားပဲ"
ကားချပ်နှင့်ဆေးတွေကိုပြင်လိုက်ပြီး Luhanကဆိုသည်။တကယ်လဲ ကျန်သည့်သူတွေကမအား။ အမှန်ပင်Luhanကသူ့ပုံကိုဆွဲမည်ဟုပြင်သည့်အခါကျ Sehunမှာဟိုနားကယားသလို ဒီနားကယံသလိုဖြစ်လာတော့သည်။
ကော်ဖီဘူးကိုကိုင်လိုက်ချလိုက်ဖြင့် ကို့ရို့ကားယားဖြစ်နေသည့်Sehunအား Luhanကပုံဆွဲနေရင်းမှမျက်လုံးလှန်ကြည့်သည်။
"မင်းဘာလုပ်နေတာလဲ ?"
"ဟို ...... "
"ဒီမှာလုပ်စရာမရှိရင် အစ်ကိုMinseokကိုသွားကူပေးလိုက်"
"ခင်ဗျား ကိုယ့်ပုံတူဆွဲနေတာမဟုတ်ဘူးလား ?"
"မင်းကိုမကြည့်ပဲနဲ့လဲ ငါမင်းပုံတူဆွဲတတ်ပါတယ်"
မျက်လုံးတချက်လှန်မကြည့်တော့ပဲ ပုံမှာအာရုံ ထားလျက်Luhanကဆိုလာသည်။ အချိန်ခဏကြာသည့်အခါကျမှSehunသဘောကျစွာ ခိုးရယ်မိသည်။
ကောင်မလေးကိုနှုတ်ဆက်လိုက်ပြီး အာရုံဝင်စားနေသည့်Luhanကိုတော့စကားမဆိုတော့ပဲ Sehun တဲထဲကနေထွက်လာခဲ့ပါသည်။
"မကြည့်ပဲနဲ့တောင် ဆွဲတတ်တယ်ပေါ့"
ဒါဟာ သဘောကျစရာကောင်းရဲ့လားတော့မသိပါ။Sehunကတော့ ရင်ထဲနွေးသွားရပြီး ခြေလှမ်းတွေကမြောက်ကြွနေခဲ့သည်။
ထိုနေ့က လူအင်အားအများဆုံးနှင့် အလှူငွေအများဆုံးရသည့် boothက fan art clubကဖြစ်ပြီး အလှူငွေ၏သုံးပုံတစ်ပုံကိုချက်ချင်းပင် ကျောင်းအားပြန်လည်လှူဒါန်းခဲ့ပါသည်။
ပျော်ပွဲရွှင်ပွဲတွေတခန်းရပ်သွားသည့်အခါကျ ကျောင်းသားတွေ၏ သမိုင်းပေးတာဝန်တွေ ချထားခံရတော့သည်။
နောက်ဆုံးနှစ်ကျောင်းသားများသည် Sehunတို့လို ပထမနှစ်ကျောင်းသားများထက် စာမေးပွဲစောသည်။
ထို့ကြောင့် Zhang Yi Xingတို့မေဂျာမှ နောက် ဆုံးနှစ်ကျောင်းသားများ၏ နောက်ဆုံးပြဇာတ်ပွဲနေ့သည် မြန်မြန်ဆန်ဆန်ရောက်လာလေသည်။ ပြဇာတ်မေဂျာမှ ဘွဲ့ရမည့်စာမေးပွဲသည် ဖျော်ဖြေခြင်းဖြစ်သည့်အတွက် ဒီပြဇာတ်ကYi Xingတို့အတွက်အရေးကြီးသည်။
Zhang Yi Xingဆိုသည့်နာမည်တလုံးကြောင့်
ပြဇာတ်နောက်ဆုံးနှစ်ကျောင်းသားများ၏ ပြဇာတ်သည် ခုံလက်မှတ်များဈေးအမြင့်ဆုံးဖြင့်ပင် ရောင်းထွက်ကုန်သည်။
Yi Xingက နာမည်ကြီးအင်တာတိန်းမန့်တစ်ခု၏ သင်တန်းသားပင်ဖြစ်နေပြီဖြစ်သောကြောင့်
ပို၍နာမည်ကြီးလာခဲ့သည်။
သူငယ်ချင်းဆိုသည့်နာမည်တပ်ပြီး Luhanက လက်မှတ်လည်ပင်းညှစ်တောင်းသည်။ လက်မှတ်သုံးစောင်ရသည့်အခါ Sehunကိုတစောင်ပေးပြီး ပြဇာတ်အတူကြည့်ကြမည်ဟုဆိုလေသည်။
"ကိုယ်လာရမှာပေါ့ဗျ မဟုတ်ရင်အစ်ကို Yi Xingကစိတ်ဆိုးလိမ့်မယ်"
"အော် ငါတို့ပန်းချီပြပွဲတုန်းကကျ မလာတာနော်
မင်းက"
ကမ်းပေးထားသည့်လက်မှတ်ကို ပြန်ယူရင်း Luhan ကမကျေမချမ်းဆိုသည်။ တမင်တကာ
မလာတာမဟုတ်ကြောင်း အလုပ်တွေများနေခဲ့တာဖြစ်ကြောင်းကို အခါသုံးဆယ်မြောက် Sehun ရှင်းပြရပြန်သည်။
ခေါင်းညိမ့်လိုက်သော်လည်း Luhanကကျေနပ်သေးပုံမပေါ်။ ပြဇာတ်နေ့ကျ Sehunက ရုံရှေ့အစောကြီးရောက်နေလေသည်။ သမဂ္ဂမှာပါသည့် ပြဇာတ်နောက်ဆုံးနှစ်စီနီယာများကိုကူညီပေးရန်အတွက် Sehunစာရင်းပေးပြီးဖြစ် သောကြောင့် စောရောက်နေခြင်းဖြစ်သည်။
"အဲ့တော့မင်းက ငါနဲ့အတူမကြည့်ဘူးပေါ့"
"ကိုယ် ပွဲတဝက်လောက်ကျရင်တော့ထွက်လာလို့ရမယ်ထင်တာပဲ"
"လုပ်အားပေးဖို့က မင်းတစ်ယောက်ပဲရှိတာလား"
Sehunပြန်ဖြေချိန်မရလိုက်ပဲ Luhanကဖုန်းချသွားသည်။ဖုန်းပြန်ခေါ်မည်ပြင်ပေမဲ့ စီနီယာတစ်ယောက်ကလှမ်းခေါ်လေသည်။
Luhanစိတ်ဆိုးသွားသည်ဟု Sehunထင်သည်။ သူ့မှာတကူးတကYi Xingဆီကလက်မှတ်တောင်း ထားရပေမဲ့Sehunကအတူမကြည့်နိုင်သည့်သဘောဖြစ်နေသည်။
"Sehunလာလေ "
"ဟုတ် ဟုတ် လာပြီ"
လုပ်အားပေးစာရင်းမှာ ကိုယ့်နာမည်ကိုပင် Sehunဖျက်ချင်သွားသည်။ နာမည်စာရင်းပေးထားသူတွေများပေမဲ့လည်း သမဂ္ဂကစီစစ်ရွေးသွားသည့်အခါ လူအင်အားကထင်ထားသည်ထက်နည်းသွားသည်။
ကားလိပ်တင်ဖို့ ၊ အချိန်မှီပြန်ချဖို့တာဝန်ကိုတော့ Sehunရှောင်သည်။ ပွဲချိန်တဝက်လောက်ပဲဖြစ်ဖြစ် Luhanနားသွားထိုင်ဖို့ပဲဖြစ်သည်။
စင်ပေါ်တက်ဖို့ပြင်နေသည့်Yi Xingက Sehunကို
မြင်သည့်အခါ လက်လှမ်းပြသည်။
Sehunနှုတ်ဆက်စကားတောင်သွားမဆိုနိုင်ပဲ Fightingဟုအော်ပြောလိုက်ပြီး micတွေကိုစစ်ဆေးရပြန်သည်။
"Sehun ကူညီပါဦး"
ပြဇာတ်ထွက်ခါနီးအချိန်ကျကာမှ မင်းသမီးသုံးမည့်ပန်းစည်းပျက်စီးသွားသဖြင့် Sehunမှာ နီးစပ်ရာဆိုင်ကိုပြေးရပြန်သည်။ ပြန်ရောက်လာသည့်အချိန်က မင်းသမီးပန်းစည်းကိုင်ပြီး စင်ပေါ်သို့ပြန်တက်ရမည့်အချိန်နှင့်ကွက်တိလောက်သွားကျပြီး ပြဇာတ်တဝက်လဲကျိူးသည့်
အချိန်ဖြစ်နေပြီ။
"ကျေးဇူးပဲ ငါ့မောင်ရယ် တကယ်ကျေးဇူးနော်"
ကျေးဇူးစကားဆိုလာသည့်ပြဇာတ်၏မင်းသမီးဖြစ်သောအမကို Sehunလက်သာကာပြလိုက်ရသည်။ Sehunကမ်းပေးသည့် ပန်းစည်းကိုယူလိုက်ကာ စင်ပေါ်သို့အောင်အောင်မြင်မြင်တက်သွားနိုင်ကာမှ အမောပြေရသည်။
စင်နောက်ဘက်နှင့်စင်ဆက်ထားသည့် ကားလိပ်ထားရာနေရာမှာ မတ်တပ်ရပ်နေမိသည့် Sehun သည် ပရိသတ်တန်း၏ရှေ့ဆုံးတန်းကို ကောင်း ကောင်းမြင်ရပါသည်။
မီးပွင့်တို့လည်းထိုးထားပါသဖြင့် Sehun ပြဇာတ်ကိုမကြည့်မိပဲ Luhanထိုင်နေမည့်ရှေ့ဆုံးတန်းကိုဝေ့ကြည့်လိုက်သည်။
အစ်ကိုYi Xingက နေရာကောင်းကောင်းပေးထားတာဖြစ်သည်။ ရှေ့ဆုံးတန်း၏အလယ်နားလောက်ကနေပြဇာတ်ကိုစိတ်ဝင်တစားကြည့်နေသည့် Luhanသည်သူ့ဘေးနားက မိန်းမပျိုကို တချက်တချက်လှည့်ကြည့်ပြီးစကားပြောဆိုလေသည်။
ထိုမိန်းကလေးအား Sehunသိသည်။ Yi Xingနှင့်
Luhanတို့၏ မိတ်ဆက်ပေးမှုဖြင့် သူတို့၏ငယ်
သူငယ်ချင်း Lee ShiYeonဟုသိရသည်။
ဆေးကျောင်းသူဖြစ်သော ထိုမိန်းကလေးက ကျောင်း၏ ပွဲတော်တွေမှာ ပါလေ့ပါထမရှိသော ကြောင့် Luhanတို့နှင့် သိပ်မတွဲမိတော့တာသာဖြစ်သည်ဟုဆိုသည်။
ShiYeonနှင့်စကားပြောဆိုကာပြုံးရယ်နေသည့် Luhanအား Sehunကငေးစိုက်ကြည့်သည်။
"Sehun - na ခုံရထားတယ်ဆို သွားကြည့်လေ"
ငေးမောနေခိုက်မှာပင် စီနီယာတစ်ယောက်က Sehunပခုံးကိုပုတ်ပြီး အသိပေးစကားပြောလာသည်။
Luhanတို့ဘက်ကို တချက်ပြန်လှည့်ကြည့်ရင်းSehunခေါင်းခါလိုက်သည်။
"အစ်ကိုတို့မနိုင်ပဲနေဦးမယ် ကျွန်တော်ကူပေးပါ့မယ်"
"ဒါဆို ငါတို့ကကျေးဇူးပေါ့"
ထိုစီနီယာနှင့်အတူ စင်အနောက်ဘက်သို့သာ Sehunဆင်းဖြစ်ခဲ့တော့သည်။
ထိုနေ့က ပွဲပြီးသည့်အချိန်ထိ ပွဲတဝက်မှာလာမယ်ဆိုပြီး မင်းဘာလို့မလာပြန်တာလဲဆိုသည့် Luhan့ဆီက စာတိုတစောင်တလေလဲSehun မရခဲ့ပါလေ။
......^......
စီစဉ်ထားသည့်အတိုင်း စီနီယာတွေစာမေးပွဲပြီးသည့်အခါ ပွဲမှရခဲ့သည့် အလှူငွေများမှ ကျန်ငွေများကို နယ်ရှိမိဘမဲ့ဂေဟာတွင်သွားလှူရန်ပြင်ဆင်ကြသည်။
ပထမနှစ်တွေစာမေးပွဲပြီးတာနှင့် စီနီယာတွေက
အလုပ်သင်အတွက်၊ဘွဲ့ယူဖို့အတွက် ပြင်ဆင်ရတော့မည်ဖြစ်သောကြောင့် နယ်သို့စောစောသွားချင်ကြသည်။
စာမေးပွဲရှိသည့် ပထမနှစ်တွေ မလိုက်လဲရတယ်ဟုပြောကြပေမဲ့ စာအရမ်းပိုင်နေသည့် Sehunတို့ပထမနှစ်တွေက ခရီးသွားရမှာကို အကြီးတွေထက်ပိုတက်ကြွနေခဲ့ကြလေသည်။
ရှစ်နာရီထွက်မဲ့ရထားပေမဲ့ ဘူတာရုံကို ခြောက်နာရီခွဲတည်းကရောက်နေသည့် Sehunတို့အငယ်အုပ်စုပါပဲ။
"အမလေး သိပ်မသွားချင်ကြဘူး မနည်းခေါ်ရတာနော်"
အအေးဘူးတွေသယ်လာသည့် Yi Xingက Sehunတို့ကိုတွေ့တာနှင့်ပြောတော့သည်။ အားရပါးရရယ်မောမိကြပြီး ပစ္စည်းတွေကားထဲမှာကျန်ခဲ့သည်ဆိုပါသောကြောင့် သယ်ဖို့အတွက် Sehunတို့ထွက်ခဲ့သည်။
ဘူတာရုံအပြင်ဘက်မှာရပ်ထားသော အငှားယာဉ်လေးထဲမှ စားစရာ၊ သောက်စရာများနှင့် မိဘမဲ့ဂေဟာသို့လှူမည့် စာရေးကိရိယာထုတ်များကို Luhanက တယောက်ချင်းစီလက်ထဲသယ်ဖို့ထည့်ပေးနေသည်။
ကြံစည်ထားတာမဟုတ်ပေမဲ့ Sehunနောက်ဆုံးမှ
သွားဖြစ်သည်။ မချိုသောအကြည့်ဖြင့်မော့ကြည့်လာပြီး Sehunလက်ထဲကို ခေါက်ဆွဲခြောက်နှစ်ဖာဆင့်ထပ်လျက် နစ်ကနဲပစ်ချသည်။
"oi......ခင်ဗျား"
"သယ်ခဲ့"
ကိုယ်၌က ဝေဖာဘူးငါးဘူးတထုပ်ကိုသယ်ပြီး ရှေ့ကနေဦးဆောင်ထွက်သွားသည်။ စုဝေးနေကြသည့်ကျောင်းသားတွေနားရောက်သည့်အခါမှာလည်း Sehunနှင့်ခပ်လှမ်းလှမ်းမှာသွားထိုင်နေပါသောLuhanဖြစ်သည်။
ဘာကြောင့်လဲမသိပေမဲ့ Luhan စိတ်ဆိုးနေသည့် ပုံဖြစ်နေသည်။ Sehun မကြာမကြာကြည့်မိရုံမှအပ အနားသို့လဲမသွားဖြစ်ခဲ့။
ရထားဆိုက်လာသည့်အခါမှာ လုတက်သူမရှိပေမဲ့လဲ သူ့ထက်ငါအလုအယက် တက်ကြပြီး နေရာဦးကြသည်။ ဥက္ကဌကအစ ရထားပေါ်ပြေးတက် နေလေတော့အားလုံးကခြေနှေးမနေခဲ့။
Sehunကတော့ အေးဆေးမှတက်မည်ဆိုပြီး နောက်မှကျန်ခဲ့သည်။ Luhanလည်းထိုနည်းလည်းကောင်းဖြစ်သည့်အတွက် ရထားပေါက်ဝတွင် ထိပ်တိုက်ဆုံကြပြန်
သည်။
Sehunနောက်သို့နှစ်လှမ်းလောက်ဆုတ်ပေးလိုက်သည့်အခါ Luhanကအလျင်တက်သွားသည်။
ရထားပေါ်ရောက်တော့ တတွဲလုံးကိုမောင်ပိုင်စီးထားသည့်သူတို့အုပ်စုကအော်ဟစ်နေလေပြီ။ ရှေ့ဆင့်နောက်ဆင့်တက်လာသည့် Sehunနှင့် Luhanကို Yi Xingက သူ့ရှေ့ကခုံမှာနေရာဦးပေးထားကြောင်းဆိုသည်။
ထိုင်စရာခုံလည်းမကျန်တော့သည့်အတွက် ပြတင်းပေါက်နားထိုင်လိုက်သည့် Luhanဘေးနားမှာသာကပ်ထိုင်လိုက်ရသည်။
မိနစ်အတော်ကြာလာသည့်တိုင် စကားမဆိုလာသည့်သူကို Sehunမှာ ငဲ့ငဲ့ကြည့်ရတာအမောဖြစ်၏။ ကျန်သောသူများအားလုံးကတော့ သီချင်းတွေအော်ဆိုကာမြူးကြွနေကြပြီး သူတို့နှစ်ယောက်တည်းကွက်လို့တိတ်ဆိတ်နေသည်။
"မင်း ငါ့ကိုပြောစရာရှိလို့လား ?"
"ဗျာ ??"
ရုတ်တရတ်ကြီးမျက်နှာလှည့်လာကာဆိုသည့် Luhanကြောင့် Sehun လန့်ဖြန့်သွားသည်။ Luhanကမျက်မှောင်ကျုံ့ကာ
"မင်းငါ့ကိုဆက်တိုက်ကြည့်နေတာလေ"
"အာ...အဲ့ဒါက.........ခင်ဗျားစကားမပြောလို့.........ကိုယ့်ကိုစိတ်ဆိုးနေတာလားလို့"
Sehunစကားကြောင့် Luhanကအံ့သြသွားသလိုရှိသည်။ထို့နောက် ရယ်မောပြီးခေါင်းခါယမ်းကာ
"ဘာကိစ္စစိတ်ဆိုးရမှာလဲ ? ဘာဆိုင်လို့ ! ငါ
အလုပ်သင်အတွက်နည်းနည်းစိတ်ဖိစီးနေလို့ပါ"
"အော်......"
ထိုအခါမှပင် Sehunက ခေါင်းတငြိမ့်ငြိမ့်ဖြင့်ရင်အေးသွားတော့သည်။ သို့ပေမဲ့ ခဏအကြာ စောင်းငဲ့ကြည့်မိပြန်သည်။ Luhanကရယ်မောပြီး တော်ပါတော့ကွာဆိုကာ Sehunမျက်နှာကိုတဖက်သို့တွန်းထုတ်ပစ်ရသည်။
မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေခဲ့သည့် Yi Xingနှင့် နောက်တယောက်က ခုံမှာမထိုင်တော့ပဲ ဂစ်တာတီးလို့လူစုနေသည့်နေရာဆီရောက်သွားကြလေသည်။
Sehun ဘေးနားက Luhanကတော့ သီချင်းဆိုပွဲတွေစိတ်မဝင်စားပဲ ပြတင်းမှန်ကိုတဒုန်းဒုန်းဆောင့်လို့အိပ်ငိုက်နေရှာသည်။
"Luhan !! Luhan ?"
"အင်း"
"ခင်ဗျားခေါင်းနာနေမယ်ထင်တယ်"
ပြတင်းမှန်ကြောင့် နာကျင်နေမည့်နဖူးစောင်းကိုလက်ဖြင့်ပွတ်ပြီးအိပ်မှုန်စုံမွားမျက်လုံးများနှင့်Sehunကိုမော့ကြည့်သည်။ ပခုံးပေါ်မှီအိပ်ခိုင်းလျှင်လည်း ခဏသာ သက်တောင့်သက်သာဖြစ်မည် ရေရှည်ကျ ဇက်နာပေလိမ့်မည်။
ထို့ကြောင့်Sehun မတ်တပ်ထရပ်လို့ကျောပိုး အိတ်ကိုသူထိုင်ခဲ့သည့်နေရာမှာချလိုက်သည်။ သူကိုယ်၌ကတဖက်မျက်နှာချင်းဆိုင်ခုံသို့နေရာရွှေ့ထိုင်လိုက်ကာ
"လှဲအိပ်လိုက် ခင်ဗျားတကိုယ်ကောင်းကောင်းလှဲလို့ရမှာ"
သုံးယောက်ထိုင်ဖို့ထိ ကျယ်ပြန့်သောခုံပေမဲ့ Luhanခွေပြီးလှဲချလိုက်လို့ရသည်။ ဒီတခေါက်တော့Sehunစကားကိုနားထောင်ကာ ချပေးခဲ့သည့်ခေါင်းအုံးကိုခုပြီးလှဲအိပ်ချသည်။
သီချင်းသံတွေဆူနေပေမဲ့လဲ Luhanကအိပ်တတ်ပုံရသည်။
"စောင်ယူဦးမလား "
"ဟင့်အင်း မအေးဘူး"
ဝိုးတဝါးအသံဖြင့်Luhanဖြေသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်ပုံဖြင့် မိနစ်အနည်းငယ်ကြာသည့်အခါ ဟောက်သံထွက်လာသည်။ Sehunမတ်တပ်ထရပ်လိုက်ပြီး အပေါ်အကန့်ထဲမှာ စောင်ပေးထားသလားရပ်ကြည့်သည်။
သေသေသပ်သပ်ခေါက်ထည့်ထားသည့်စောင်တွေမြင်သည့်အခါ တထည်ကိုထုတ်ယူပြီး Luhanကိုယ်ပေါ်လွှားခြုံပေးလိုက်သည်။
မအေးဘူးဆိုကာငြင်းခဲ့ပေမဲ့ စောင်ခြုံပေးလိုက်သည့်အခါ စောင်အနားစလေးကို လက်လေးများဖြင့်ဆွဲတင်လာပါသည်။
ထိုအချင်းအရာကြောင့် Sehun ခပ်တိုးတိုးရယ်မောမိသည်။
ရထားကတရွေ့ရွေ့သွားနေပြီး ပတ်ဝန်းကျင်အနေအထားသည်လည်း တဖြည်းဖြည်းချင်းဖြင့် မြင်ကွင်းပြောင်းလာသည်။ Sehunကဖြင့် နှစ်ခြိုက်စွာအိပ်နေသည့် Luhanကိုငေးကြည့်နေတုန်းဖြစ်သည်။
..........................................
ကိုယ့်ရဲ့စိတ်ချမ်းမြေ့ရာလေးက ခင်ဗျားပါပဲ
° The years I have loved him °
To Be ConTinued......