The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Five
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Thirteen

7.8K 1.2K 121
By HanXun

အစ္ကို Minseok က Luhan ကိုေရာ Sehunကိုပါ
အလုပ္ဆက္ခန္႔ထားသည္။ အားကိုးရတ့ဲသူႏွစ္ေယာက္ရ
ေလျပီဟု သူက ေၾကြးေၾကာ္ကာ ဆိုင္ကေန လစ္ထြက္
သြားေလ့ရွိသည့္အတြက္ ဆိုင္တြင္ Luhanႏွင့္Sehun
ႏွစ္ေယာက္တည္းက်န္က်န္ခ့ဲတာမ်ားေလသည္။

"နာမည္ "

"Honey "

အသံခြ်ဲခြ်ဲနဲ႕ အထက္တန္းေက်ာင္းသူကို Sehun
ခပ္တည္တည္စိုက္ၾကည့္ေနပါေသာ္လည္း Luhanက
သတိမထားမိသလိုပင္။

အသိသာခ်ည္းေလေနာ္။ အ့ဲကေလးမေလး ႏို႕နံ႕ေတာင္
မစင္ေသးပဲ Luhan့ကို လာေၾကာင္ေနတာေလ။

"Strawberry Smoothie ရျပီလား Sehun"

Large Size ဘူးကိုကမ္းေပးရင္း Luhan ေမးလာသည့္
အခါက်မွ ေရခဲခ်ည္းပဲထည့္ေမႊေနသည့္ Blenderကို
Sehunပင့္ၾကည့္မိေတာ့သည္။

ခပ္တည္တည္စိုက္ၾကည့္ေနသည့္Luhan့အၾကည့္ေတြ
ၿကား ကမန္းကတန္းႏွင့္ စည္သြပ္ဘူးကိုေဖာက္ျပီး
စေတာ္ဘယ္ရီသီးေတြ Blenderထဲထည့္ေမႊရျပန္သည္။

"Honey ကေလ အခ်ိဳၾကိဳက္တာ ကိုၾကီးသိတယ္
မလား ?"

Sehun ဆားတဇြန္းေလာက္ပစ္ထည့္လိုက္သည္။

ျမည္းၾကည့္စရာမလိုေလာက္ေအာင္ ကိုယ့္လက္စကိုယ္
သိသည့္အတြက္ ဘူးထဲကိုသာ smoothieေတြ
ေလာင္းထည့္လိုက္သည္။ အေပၚကေန whipping cream မ်ား ပုံေပါလေအာထည့္ေပးလိုက္သည့္တိုင္
ဆားေလးထပ္ျဖဴးလိုက္ဖို႕ Sehunကမေမ့။

Luhan့ကိုကမ္းမေနေတာ့ပဲ Sehunကိုယ္တိုင္ဘူးကို
သယ္လာကာ အႏွီကေလးမေလးအား အျပံဳးခ်ိဳခ်ိဳျဖင့္
ကိုယ္တိုင္ကိုယ္က်ကမ္းေပးလိုက္မိပါသည္။

"Honeyလိုပဲ ခ်ိဳခ်ိဳေလး"

ေကာင္ေလးေခ်ာေခ်ာ၏အျပံဳးကို လြန္ဆန္ႏိုင္သူေတြရွား
သည္။ သို႔ေပမ့ဲ ေစ်းၾကီးေပးေသာက္ရသည့္ Strawberry
Smoothieကို ငန္ခါးေနေအာင္ ေဖ်ာ္ေပးလိုက္သည့္ဆိုင္
အား ထိုကေလးမ ေနာက္တခါမလာဖို႔ေမွ်ာ္လင့္သည္။

ကေလးမအား အငန္ဓာတ္ေပးျပီးေနာက္ Sehunသည္
ခ်ိဳေသာအျပံဳးမ်ားျဖင့္ Luhan့ဘက္ျပန္လွည့္လာသည္။

ပိုက္ဆံေတြကို အေၾကြခြဲလိုက္၊ အတန္ၾကီးခြဲလိုက္ထည့္
ေနသည့္ Luhanမွာေတာ့ Sehunကိုလွည့္မၾကည့္အား
ေသး။

ေမးေစ့ကိုလက္ညွိဳးျဖင့္တေတာက္ေတာက္ေထာက္ရင္း
Sehunက Luhan့ကို စူးစူးစမ္းစမ္းေငးၾကည့္မိသည္။

Luhan့ကိုျမင္ေနရလွ်င္ ေပ်ာ္ေနေသာစိတ္သည္ ေက်နပ္
ဖို႔ေကာင္းသည္။ ေကာ္ဖီဆိုင္မွာအလုပ္လုပ္ရင္းေန႔တိုင္း
နီးပါးျမင္ေနရသည့္ေနာက္ ေက်ာင္းတက္သည့္ေန႔မ်ားက်
ေန႔တိုင္းမျမင္ရေတာ့မည္ကိုစိုးထိတ္ရသည္။

အကြက္ျမင္သည္႔ ကေဖးပိုင္ရွင္ သူေဌးက ေက်ာင္းဖြင့္
လွ်င္ေတာ့ျဖင့္ Sehun ႏွင့္ Luhanကို တေယာက္
တေန႔ျခားစီ လာဖို႔ေျပာထားျပီးျပီပဲ။

ေက်ာင္းျပန္ဖြင့္ဖို႔က တပတ္ေတာင္မလိုေတာ့။

သတိလက္လြတ္ျဖင့္ Sehun သက္ျပင္းေမာတို႔ခ်မိသည့္
ေနာက္ Luhanက ေမးခြန္းမ်ားစြာႏွင့္လွည့္ၾကည့္လာခ့ဲပါ
၏။

မ်က္မွန္ေအာက္ကိုၾကည့္လွ်င္ပင္ လက္ေနသည့္
မ်က္လုံးေလးမ်ားအား Sehun အၾကည့္ေရွာင္လႊဲဖို႔
ခက္သည္။ မ်က္လုံးခ်င္းဆုံလွ်င္ရင္ခုန္ရလြန္းသျဖင့္
အၾကည့္လႊဲသူမ်ားရွိေနႏုိုင္ပါေသာ္လည္း ရင္ခုန္ျမန္
သည့္ၾကားမွ တစိမ့္စိမ့္ေငးၾကည့္ရျခင္းကို Sehunႏွစ္
သက္ေလသည္။ အၾကည့္ကမလႊဲျဖစ္။ အၾကည့္ခံေနရ
သူကသာ မ်က္ေမွာင္က်ဳံ႕ျပီး ပိုက္ဆံထည့္သည့္အံဆြဲ
ကိုပိတ္လိုက္ကာ

"မင္း ငါ့ကိုေျပာစရာရွိလို႔လား "

"ဗ်ာ ?? မရွိပါဘူး"

"အ့ဲဒါဆို ဘာလို႔စိုက္ၾကည့္ေနတာလဲ "

Luhanေမးပုံက ဘာၾကည့္တာလဲ ရန္ျဖစ္ခ်င္လို႔လား
ဆိုသည့္အသံေပါက္ေနသည္။

ခက္ပါရဲ႕ … ။ သေဘာက်၍ဆက္တိုက္ေငးေနမိျခင္းကို
Sehunကမေက်နပ္၍ၾကည့္ေနျခင္းဟုထင္ရေလာက္
ေအာင္ Sehunသူ႔ကုိဘယ္လိုမ်က္လုံးမ်ိဳးေတြနဲ႕မ်ား
ၾကည့္ေနမိလို္႔ပါလဲ ?

သူ၏စီနီယာ စိတ္ကေလး ပါးပါးတိုသြားရျခင္းကို သိ
သည့္အတြက္ Sehun က Latteေႏြးေႏြးေလးေဖ်ာ္ေပး
ဖို႕လုပ္သည္။

ဟုတ္၏။ ဘယ္သူကမ်ား သူ႔ကိုစိုက္ၾကည့္ေနသည္ကို
ၾကိဳက္မည္နည္း ? မမွားပါ မမွားပါ စီနီယာေလး စိတ္
ဆိုးသည္မွာမမွားပါ။

Sehun ဆိုင္မွာသုံးသည့္ခြက္ေတြယူမေနပဲ အစြန္ဆုံး
မွာတင္ထားသည့္ ေၾကြခြက္အဝါေရာင္ေလးကိုလွမ္း
ူယူလိုက္သည္။

ခြက္သုံးပုံႏွစ္ပုံေလာက္ကို ႏို႔ေလာင္းထည့္လိုက္ျပီး
အက္စ္ပရက္ဆို 1 shotကို သြန္ခ်သည္။ ခပ္သြက္သြက္
လုပ္လိုက္သည့္ milk foamမ်ားကို ခြက္ထဲမထည့္ခင္
မွာပင္ အသည္းပုံေဖာ္ရမလား ? သစ္ရြက္ပုံပဲေဖာ္ရမလား
Sehun ေတြေဝသြား၏။

အစ္ကိုMinseokသင္ေပးထားတာလည္း ထိုႏွစ္မ်ိဳး
တည္း။ Luhanက Latteေသာက္ေလ့ေသာက္ထမရွိ
သည့္အတြက္ Sehunသည္လည္း Latte Artကိုအထူး
တလည္သင္မထားမိ။

ေနာက္ဆုံးမွာေတာ့ စိတ္အလိုဆႏၵကိုလိုက္ျပီး Sehun
လက္ေလးေတြက လႈပ္ရွားသြားသည္။

တမင္ခင္ေႏြးေႏြးျဖစ္ေနေသာ စီမံထားသည့္ Latte
ေၾကြခြက္ေလးကို Sehunမယူလိုက္သည္။

စိုက္ၾကည့္မိ၍စိတ္ဆိုးသြားသည့္အစ္ကိုၾကီးက Sehun
ကိုေက်ာခိုင္းထားသည္။ ေက်ာျပင္ေသးေသးကို ေက်နပ္
စြာေငးရင္း Sehunမွာ ေျခသံလုံလုံျဖင့္ ေနာက္သို႔တိုး
ကပ္သြားလိုက္သည္။

"'Luhan !"

"အင္း … "

ခြမ္းးး……

ေၾကြခြက္ႏွင့္ၾကမ္းခင္းရိုက္သံသည္ သူတို႕စိတ္ကိုထိပ္ပ်ာ
သြားေစသလို ေကာ္ဖီတဆိုင္လုံးကို လႊမ္းသြားေစသည္။

အနားကိုတိုးသြားမိသည့္Sehunကိုပဲအျပစ္ဆိုရေလ
မလား ? ဖုန္းကိုင္ရင္း ေနာက္လွည့္လာသည့္ Luhan
ကိုပဲ အျပစ္တင္ရေလမလား ေဝခြဲမရေပမင့္ လွည့္လာ
သည့္ Luhan၏ လက္ႏွင့္တုိက္မိျပီး ေကာ္ဖီေၾကြခြက္
ကေတာ့ အစိတ္စိတ္အျမႊာျမႊာကြဲသြားရသည္။

ပထမဆုံး အသိဝင္လာသူက Luhanပဲ ျဖစ္ျပီး Sehun
ကိုေဘးဖယ္ေစကာ ေကာင္တာေထာင့္က ညွပ္တံႏွင့္
ေဂၚျပားကိုသြားယူေလသည္။

"ရပါတယ္ ကိုယ္လုပ္လိုက္မယ္"

"မထိနဲ႕ေတာ့ ငါပဲဆက္လုပ္လိုက္မယ္ ဖယ္ေန
Sehun ေျခေထာက္ထိမယ္"

Sehunကို တခ်က္ေမာ့ၾကည့္လို႔ ၾကမ္းျပင္မွာက်ဲက်ေန
သည့္ ေၾကြခြက္ကြဲစမ်ားကို ညွပ္ျဖင့္ညွပ္ကာ ခပ္ျမန္ျမန္
ပင္ ေဂၚျပားထဲထည့္သည္။

Sehunလည္းျငိမ္မေနပဲ ၾကမ္းတိုက္အဝတ္ကုုိယူလို႔
ေကာ္ဖီေတြကိုသုတ္ရသည္။

ဟန္ေဆာင္မရသည့္အတြက္ Sehunမ်က္ႏွာက
မေကာင္း။ စိတ္အလိုလိုက္ျပီး ေဖာ္မိသည့္ ပုံေလးက
အသည္းပုံေလးရယ္ေလ။ ခုေတာ့ ၾကမ္းျပင္မွာ ေမွာက္က်
လို႕ ဘယ္ေရာက္သြားခ့ဲမွန္းေတာင္မသိ။

"Sehun - na ငါေတာင္းပန္ပါတယ္"

"အာ ရပါတယ္ ခင္ဗ်ားမွမသိပဲ "

"ငါေနာက္ကိုဇြတ္မလွည့္လိုက္သင့္ဘူး"

"ခက္ပါျပီ အရင္တိုးတ့ဲသူက ကိုယ္ပါ ဟုတ္ျပီလား ?
ခင္ဗ်ားအမွားမဟုတ္ပါဘူး"

စိတ္မေကာင္းရသည့္အမူအရာက Luhan့ဆီမွာပိုေန
သျဖင့္ Sehunမွာထိတ္ျပာသြားသည္။ ေကာ္ဖီေတြ
တိုက္ထားသည့္ ၾကမ္းသုတ္ဝတ္ကို ေနာက္ေဖးခန္း
မွ ေရသြားစိမ္လိုက္ျပီး Luhan့လက္ထဲက ေဂၚျပားကို
ျမန္ျမန္လက္လႊဲယူရသည္။

"အာ ငါသြားပစ္ပါ့မယ္"

"ရပ္ေနဦး Luhan ထိမယ္ ကို္ယ္ျပီးရင္ တံျမက္စည္း
လာလွည္းဦးမယ္"

ရုတ္တရတ္မို႔ Luhanက လန္႔သြားသည္ထင္သည္။ Sehunကိုလည္း အားနာစိတ္ေတာ္ေတာ္မ်ားသြားသည္
ထင္သည္။

ေအာက္ႏႈတ္ခမ္းႏွင့္အေပၚႏႈတ္ခမ္းကိုခဏခဏဖိျပီး
Sehunလုပ္သမွ်ကို လွမ္းလွမ္းၾကည့္ေနသည့္ပုံက
မဝံ႕မရဲရွိလွသည္။ စစခ်င္း ေၾကြခြက္အကြဲစေတြရွင္းသူက
Luhanျဖစ္ေပမ့ဲ အစအဆုံးရွင္းလင္းသြားသူကSehun
ပင္။ ၾကမ္းျပင္မွာ အကြဲစတစေတာင္မရွိေတာ့တာေသ
ခ်ာပါမွ Sehunက Luhan့ကိုေခါင္းညိမ့္ျပသည္။

"ဟို ငါေလ"

"ရပါတယ္ ကိုယ္ ဘာမွမျဖစ္ပါဘူးဆို"

ယေန႕အဖို႕ သိသြားရသည့္အခ်က္က Luhanဟာ
ိသိပ္အားနာတတ္သည့္ေကာင္ေလးဆိုတာကိုပင္။

အခြင့္အေရးယူတာမဟုတ္ေပမ့ဲ Sehun ရလာသည့္
အခြင့္အလမ္းကို တခ်က္ေကာင္းေကာင္းအသုံးခ်လိုက္
သည္။

မ်က္ႏွာမေကာင္းျဖစ္ေနဆဲျဖစ္သည့္ Luhan့နားကို
တိုးသြားလိုက္ျပီး

"အ့ဲဒါဆို ကိုယ္ latte ထပ္ေဖ်ာ္ေပးမယ္ ေသာက္ေပး
မလား ?"

"ဟင္ ?"

"ကိုယ္က americano ပိုကြ်မ္းတယ္ဆိုေပမ့ဲ latte
လဲေဖ်ာ္ၾကည့္ခ်င္လို႔ ေနာက္ အစ္ကို Minseokသင္
ေပးထားတ့ဲ latte artလဲ နည္းနည္းျပန္က်င့္ခ်င္လို႔"

"ရတယ္ေလ ငါလည္း latteေသာက္ပါတယ္
ခုဏဟာကlatteလား "

"အင္း…"

ခြင့္ျပဳခ်က္ရျပီဆိုသည္ႏွင့္ Sehunက ေကာ္ဖီစက္ဆီ
ေလွ်ာက္သြားသည္။ ဒီတခါမွာေတာ့ Luhanပါလိုက္လာ
ျပီး Sehunလုပ္သမွ်ကို မ်က္စိေဒါက္ေထာက္ၾကည့္ေလ
သည္။

"ဆိမ့္ဆိမ့္ေလးေနာ္"

"အင္းပါ ေဖ်ာ္စရာရွိတာေဖ်ာ္ပါ Oh Sehunရ
အယ္ ႏွစ္ခြက္ေဖ်ာ္ မင္းပါေသာက္"

တခ်က္လႊတ္အမိန္႔နဲ႕ထြက္သြားေတာ့ Oh Sehunနင္
သြားသည္။ ေကာ္ဖီမၾကိဳက္ေပမ့ဲ အမိန္႔ဆိုေတာ့လဲ နာခံ
ရျပန္သည္။ Luhanကေတာ့ ေခ်ာကလက္ကိတ္ေလး
ႏွစ္ခုကို ပန္းကန္ျပားထဲထည့္ျပီး ေကာ္ဖီေဖ်ာ္သည့္နား
ျပန္ေရာက္လာသည္။

မိမိခြက္ထဲႏို႕ပိုပိုသာသာထည့္လိုက္ကာ Luhan၏
Latteခြက္ကို ပုံေဖာ္ျခင္းစသည္။

အေပၚပိုင္းေလးရုပ္လုံးေပၚလာသည့္ အသည္းကေလး
ကို Luhanက စူးစူးစိုက္စိုက္ၾကည့္သည္။ ေအာက္နား
ထိအသည္းပုံကျပည့္စုံျပီးေနာက္ အလယ္ကေနျဖတ္ျပီး
အေပၚထိ တေၾကာင္းထပ္ဆြဲျပီးသည့္အခါမွာ Sehun
ေပးခ်င္သည့္အသဲကေလးသည္ ရုပ္လုံးၾကြသြားသည္။

မ်က္လုံးၾကည္ၾကည္ႏွင့္ႏႈတ္ခမ္းအျပံဳးေလးကိုျမင္ရမွ
Sehunမွာ ဟင္းခ်ျဖစ္သည္။

သိစိတ္ျဖင့္မဝံ႕မရဲဆြဲရသည့္ အသည္းပုံကေလးမဟုတ္ပါ
ပဲ မ်က္စိေရွ႕မွာတင္ ဆြဲျပခြင့္ရေလေသာေၾကာင့္
ေၾကြခြက္ကြဲသြားတာပင္ တန္သည္ဟု Sehun ထင္၏။

"အင္း ေကာင္းတယ္ မင္းကေတာ္သားပဲ အ့ဲဒါ
ေၾကာင့္လဲ အစ္ကိုကသေဘာက်တာျဖစ္မယ္"

- အစ္ကိုMinseokသေဘာက်ဖို႔မလိုပါဘူး ။ ခင္ဗ်ား
သေဘာက်ဖို႕ပဲလိုတယ္ -

Latteကိုတငုံထပ္ေသာက္လိုက္သည့္ Luhanအား
ေခ်ာကလပ္ကိတ္ဖ့ဲစားလိုက္ရင္းမွ Sehunၾကည့္ေနလိုက္
သည္။

Luhan့ႏႈတ္ခမ္းထက္မွာ ပုံပ်က္သြားသည့္ အသည္း
ပုံေလးဆိုေပမ့ဲ Sehunေတာ့ စိတ္တြင္းၾကည္ႏူးသည္။

"အသည္းပုံေလးလဲလွတယ္"

ဝယ္သူလာ၍ Luhan ထသြား၍သာ Sehun မ်က္ႏွာ
ကိုမျမင္လိုက္ရျခင္းျဖစ္သည္။ နီရဲေနခ်က္က
ခ်ိစ္ကိတ္ေပၚက ခ်ယ္ရီသီးလိုပင္။

"Sehun order "

"ဗ်ာ………ဟုတ္"

အသည္းပုံေလးလွတယ္ဟု Luhanက ခ်ီးက်ဴးလိုက္
သည့္အက်ိဳးဆက္ကေတာ့ Sehun တေယာက္ လာသမွ်
Orderကို Latteေတြခ်ည္းေဖ်ာ္ပစ္ျပီး အသည္းပုံေတြ
အကုန္ထဆြဲပစ္ျခင္းျဖစ္သည္။

မွတ္မွတ္ရရ ထိုေန႔က Oh Se Hunတေယာက္
Latte ဆယ့္ငါးခြက္စာ ဖိုးကို လစာထဲကစိုက္ရွင္းလိုက္
ရသည္။

…………………………………

ျဖစ္ရပ္မွန္ကိုေျပာျပခ်င္တာ
Latteေပၚက ႏွလုံးသားထက္ ခင္ဗ်ားကိုသေဘာက်တ့ဲ
ကိုယ့္ႏွလုံးသားက ပိုလွတ့ဲအေၾကာင္း

° The years I have loved him °


ေက်ာင္းေတြစဖြင့္သည့္ေန႔က တိုက္တိုက္ဆိုင္ဆိုင္
အဂၤါေန႔ျဖစ္၏။

အတန္းေတြမဆင္းခင္တည္းက ကလပ္ကို သြားဖို႔
Sehunက တၾကြၾကြျဖစ္ေနခ့ဲျပီ။

အခ်ိန္ဇယားေတြအရ ကလပ္က အဂၤါ ၊ ၾကာသပေတး
ႏွစ္ရက္သာရွိသည္။ ေကာ္ဖီဆိုင္အလုပ္ကိုေတာ့
Luhanက ထုံးစံအတိုင္း တနလၤာ ၊ ဗုဒၶဟူး ၊ ေသာၾကာ
သုံးရက္ဆင္းျပီး Sehun က စေန ၊ တနဂၤေႏြႏွစ္ရက္ကို
အခ်ိန္ျပည့္ဆင္းဖို႕ အစ္ကို Min Seokကေျပာထား
သည္။

ဘာပဲျဖစ္ျဖစ္ Sehunက ေကာ္ဖီဆိုင္ကိုေန႔တိုင္းသြားေန
ရတာပဲ။ အစ္ကိုကေတာ့ ကေဖး အေပၚထပ္ကို တလ
သုံးသိန္းႏွင့္ငွားမည္ဟုေျပာေနဖူးသည္။

"first semတုန္းက အေျခအေနမေကာင္းတ့ဲသူေတြ
ကိုယ့္ကိုကိုယ္သိပါ"

"ဟုတ္…………

အားေပ်ာ့သည့္အသံမ်ားစြာသည္ အခန္းေထာင့္ေတြမွ
အသီးသီးထြက္လာၾကသလို Sehunပင္ေယာင္ယမ္း
ဟုတ္လိုက္မိသည့္အခါ အနီးနားကလူမ်ားကစူးစမ္းမႈ
အျပည့္ျဖင့္ၾကည့္လာသည္။

အတန္းဆင္းေခါင္းေလာင္းထိုးသည့္ေနာက္ အတန္းထဲ
မွ ေရွးဦးစြာထြက္သည့္သူက Sehunျဖစ္ခ့ဲသည္။
အင္ဂ်င္နီယာ႒ာနမွာတင္ရွိေသာ အခန္းျဖစ္သည့္အတြက္
Sehun အခ်ိန္အမ်ားၾကီးေပးစရာမလို။

"ေဟး Sehun အားရင္ သမဂၢကိုလာခ့ဲဦး"

"အင္းအင္း"

အင္ဂ်င္နီယာပထမႏွစ္ေက်ာင္းသားမ်ားကိုယ္စားလွယ္
အေနနဲ႕စီနီယာေတြက Sehunကိုသေဘာက်ေနသည္။
အမွတ္ေကာင္းမည္။ ပညာသင္ဆုအတြက္ အေထာက္
အကူျဖစ္မည္ဆိုေပမ့ဲ သူမ်ားအက်ိဳးမေဆာင္တတ္သည့္
Sehunက ေက်ာင္းသားအဖြဲ႕အစည္းဆိုတာႏွင့္ ေဝးေဝး
မွာေနသည္။

ကလပ္ရွိသည့္ အထပ္ကိုေရာက္ပါေတာ့မွ Sehun
ေလပူေတြကိုမႈတ္ထုတ္ျပီး အေမာေျဖရသည္။

ျပီးပါမွ လြယ္အိတ္ကို စတုိင္လ္က်က်ျပန္ျပင္လြယ္ကာ
အက်ႋီေပၚက မရွိသည့္ဖုန္ကိုခါလို႔ ကလပ္ခန္းဆီေလွ်ာက္
သြားလိုက္သည္။ ေစ့ထားသည့္တံခါးေၾကာင့္ ရင္ထဲဟာ
ဆင္းသြားသည္။ သို႔ေပမ့ဲ အထဲက ပစၥည္းေရႊ႕သံမ်ားၾကား
လိုက္ရသည့္အခါSehun ျပံဳးလိုက္မိျပီး တံခါးကိုတြန္းဖြင့္
လိုက္ေခ်သည္။

"L.

"ေအာ္ Oh Se Hunပါလား"

ျမင္လိုက္ရသည္က Luhanေတာ့မဟုတ္ပါပဲ
တံျမက္စည္းတစ္ေခ်ာင္းႏွင့္တင့္တယ္ေနသည့္ Zhang
Yi Xingျဖစ္သည္။

အားေလ်ာ့သြားသည့္ Sehunကို ေျခဆုံးေခါင္းဆုံးၾကည့္
ျပီး Yi Xingကေခါင္းခါသည္။

"မင္းကေတာ့ျဖစ္ရမယ္ ဟုိမွာၾကည့္"

Yi Xing ေမးေင့ါျပသည့္ Sehunမျမင္ခ့ဲလိုက္သည့္
အခန္းတံခါးမ်က္ႏွာစာကိုျပန္ၾကည့္ရသည္။

- Fan Art Clubအား 10.11.2009 ေနာက္တပတ္
အဂၤါေန႔တြင္ ျပန္ဖြင့္ပါမည္ -

Sehun ကိုယ့္နဖူးကို စိတ္ထဲကေန အခ်က္ေပါင္းမ်ားစြာ
ရိုက္ထည့္လိုက္သည္။ Yi Xingက ဖုန္တက္ေနသည့္
ၾကမ္းကိုတံျမက္စည္းလွည္းရင္း

"ဖြင့္တုန္းကေတာ့မလာဘူး ခုမဖြင့္ေသးမွေရာက္ခ်လာ
တယ္ မင္းကေတာ့အ့ံပါရဲ႕။ ၂လပိတ္ထားတာဆိုေတာ့
ဖုန္ေတြခ်ည္းပဲ ကဲ ေကာေကာကိုတံျမက္စည္းေလးကူ
လွည္းေပးသြားဦး"

Luhanမရွိဘူးဆိုတာႏွင့္ လွည့္ထြက္သြားလို႔ မေကာင္း
တတ္သည့္အတြက္ Sehun လြယ္အိတ္ကိုနီးစပ္ရာခုံ
ေပၚပစ္တင္ျပီး ေဘးနားမွာေထာင္ထားသည့္တံျမက္
စည္းအပိုကိုေကာက္ကိုင္ရသည္။

Yi Xingသည္ကား ေလတခြ်န္ခြ်န္ျဖင့္ Sehun ၾကားဖူး
နားဝရွိသည့္တရုတ္သီခ်င္းတပုဒ္ကိုျငီးရင္း တံျမက္စည္း
လွည္းသည္။

"ဒါနဲ႕ စီနီယာLuhanေရာဟင္"

"အင္း အ့ဲေကာင္ဒီေန႔မအားဘူး"

ေမွ်ာ္လင့္ခ်က္ပူေဖာင္းကေလးကို Yi Xingက
စကားလုံးအပ္ကေလးျဖင့္ေဖာက္ခ်လိုက္သည္။ Sehun
မသိသာရေလေအာင္သက္ျပင္းခ်ျပီး လွည္းျပီးသားေနရာ
ကိုတံျမက္စည္းထပ္လွဲသည္။

Ting……

ေဘာင္းဘီအိတ္ကပ္ထဲကတုန္ခါမႈေၾကာင့္ Sehun ဖုန္း
ကိုထုတ္ယူသည္။ စာတိုတေစာင္ပို႔လာသူသည္ Sehun
ႏွလုံးေသြးတို႔ကိုျမန္ေစသူပင္။

' ကလပ္က ေနာက္တပတ္အဂၤါစဖြင့္ျပီ မင္းmailမစစ္
မွာသိေနလို႔ messageလွမ္းပို႔လိုက္တာ '

Sehun ခ်က္ခ်င္းပင္ Luhan့ကိုဖုန္းေခၚလိုက္မိသည္။

"Hello!"

"ဘယ္မွာလဲဟင္"

"ငါလား ပါခ်ဳပ္ရုံးခန္းနားမွာ"

"အင္း ျပန္ေတာ့မွာမလား "

"မဟုတ္ "

"ေက်ာင္းေပါက္ဝမွာခဏေစာင့္ေပးေနာ္ ကို္ယ္လာခ့ဲမယ္"

ဖုန္းကိုခ်က္ခ်င္းခ်ပစ္ျပီး Sehun တံျမက္စည္းကိုပါပစ္ခ်
လိုက္သည္။ Yi Xingကမေက်မခ်မ္းျဖင့္ၾကည့္သည့္အခါ
တံျမက္စည္းကိုျပန္ေကာက္ျပီး အခန္းေထာင့္မွာေထာင္
ထားေပးလိုက္၏။

"sorryေနာ္ စီနီယာ ကြ်န္ေတာ္ အေရးၾကီးကိစၥေပၚ
လာလို႔"

Yi Xingအေျဖကိုေတာင္ မေစာင့္ပါေတာ့ပဲ ေက်ာပိုး
အိတ္ကိုဆြဲလို႔ ေက်ာင္းေရွ႕ကို Sehunေျပးသည္။

ယေန႔ညေနပိုင္းတစ္ခုလုံးေျပးခ်ည္းေနရပါေသာ္လည္း
Sehunကေမာအ့ံမထင္ေတာ့။

ေက်ာင္းေပါက္ဝနားကိုေရာက္သည့္အခါမွာ ဖုန္းငုံ႕သုံး
ေနသည့္ Luhan ကိုလွမ္းျမင္လိုက္ရသည္။

ဒူးႏွစ္ဖက္ေပၚလက္တင္ျပီးေခါင္းငုံ႕လို႔တခဏအေမာေျဖ
လိုက္ပါေသာ္လည္း အျပာေရာင္ရွပ္လက္ရွည္ကို ေအာက္
ကအျဖဴေရာင္တီရွပ္ခံထားလို႕ sky blue ဂ်င္းေဘာင္းဘီ
ရွည္ႏွင့္ Luhan့ပုံစံက ပိုလို႔သာလို႔အေမာေျပေစသည္။

တခဏေမ့ေမ်ာေနခိုက္ ေမာ့ၾကည့္လာသည့္ Luhanႏွင့္
အၾကည့္ခ်င္းဆုံသြားသည္။ Sehunမျမင္ဘူးအထင္ႏွင့္
Luhanကလက္လွမ္းျပသည္။ Sehun လက္ျပန္ျပလိုက္
ျပီး Luhan့နားကိုသြားလိုက္သည္။

"ေျပးလာတာလား ?"

"နည္းနည္းျမန္ျမန္ေလွ်ာက္လာတာ"

"ေအာ္……"

ေအာ္ ဆိုသည့္ အာေမဋိတ္သည္ စကားစျဖတ္ပစ္ဖို႔
အတြက္ေကာင္းေကာင္းလုံေလာက္၏။ Luhanဘာမွ
ဆက္မေျပာေတာ့သလို Sehunကလည္း စကားဆက္မဆိုလာသည့္အခါ သူတို႔ၾကားတိတ္ဆိတ္သြားရသည္။

"ဘာေျပာမလို႔လဲ ငါ့ကိုေစာင့္ခိုင္းထားတာ"

"အာ……"

ဒီလိုက်ေတာ့လဲ Sehun ဘယ္လိုဆင္ေျခေပးရမည္မွန္း
မသိ။ တေန႔လုံး Luhan့ကို မေတြ႔ရေသးလို႔ သူ႔မွာ ေတြ႔
ခ်င္သည့္ စိတ္တစ္ခုပဲရွိခ့ဲတာေလ။

"ဟို အင္း ခင္ဗ်ားအိမ္ျပန္မွာလား ?"

"မျပန္ပါဘူး"

"ဘယ္သြားမလို႔လဲ ?"

ေမးျမန္းရန္ေကာ ဆိုသည့္အၾကည့္ျဖင့္ Luhanကၾကည့္
သည္။ သို႔ေပသိ Sehunက မသိခ်င္ေယာင္ေဆာင္ကာ
မထုံတက္ေတးပုံျဖင့္ အေျဖကိုေစာင့္ေနသည္။

"တေန႔က ငါတို႔ခဲြလိုက္တ့ဲေၾကြခြက္ေလ အ့ဲဒါ
အစ္ကို Minseokမသိခင္ အစားျပန္ဝယ္ေပးထားမလို႔"

"ေအာ္ အ့ဲဒါကို ကိုယ့္လခထဲကျဖတ္ဖို႔ေျပာလိုက္
မယ္ေလ"

"ေနပါ လူပ်ိဳၾကီးက သူ႔ခြက္ကြဲရင္သိပ္မုန္းတာ
စက္ေသနတ္သံေတြမၾကားခ်င္ဘူး"

ေခါင္းတခါခါျဖင့္ ေက်ာခ်မ္းသည့္သဖြယ္ ေက်ာတြန္႔
ကာLuhanဆိုသည့္ေနာက္ Sehunသည္လည္း
လိုက္ရယ္ျဖစ္သည္။

ရယ္သံေတြတိတ္သြားျပန္သည့္ေနာက္ ကသိကေအာက္
ျဖစ္မႈက အစားထိုးဝင္လာျပန္သည္။ သည္းမခံႏိုင္ေတာ့
သည့္ပုံျဖင့္ Luhanက နားထင္နားကိုလက္ညွိဳးျဖင့္ကုတ္
ရင္း Sehunကိုေျပာသည္။

"အ့ဲဒါဆို ငါသြားေတာ့မယ္"

"အင္း ကိုယ္လည္း ဘာမွေတာ့လုပ္စရာမရွိဘူး
အေဆာင္ပဲျပန္ရမွာ"

"ေအာ္ အင္း …"

Luhanက နားလည္ျပီဆိုသည့္ သေဘာျဖင့္ ေခါင္းျငိမ့္
ျပျပီး လွည့္ထြက္သြားသည္။ Sehunက ေနာက္နား
ဘက္ဆီမွာ ေတြေတြၾကီးရပ္ျပီးက်န္ခ့ဲသည္။

ေျခလွမ္းငါးလွမ္းမျပည့္ခင္မွာပဲ Sehunက လွမ္းေခၚဖို႔
ၾကံရြယ္သည့္အခ်ိန္တြင္ Luhanလွည့္ၾကည့္လာခ်ိန္ႏွင့္
တိုးေလသည္။

"ဟို...…"

"မင္း အားရင္ လိုက္ခ့ဲမလား ?"

တစကၠန္႔ေလာက္အၾကာမွာတင္ Sehun ျပံဳးလိုက္ျပီး
ေခါင္းျငိမ့္ကာ ရပ္ေစာင့္ေနသည့္ Luhan့အနားကို
ေလွ်ာက္သြားလိုက္သည္။

"ကိုယ္တို႔ပုံစံတူခြက္ရပါ့မလား ?"

"မေတြ႔မခ်င္းရွာရမွာေပါ့ကြာ "

………^………

ေကာင္းကင္ေတြျပာျပီး ခင္ဗ်ားလည္း sky blueထဲ
နစ္ေနခ့ဲတ့ဲေန႔တေန႔ေပါ့ ကိုယ္ကေတာ့ အၾကိဳက္ဆုံး
ကဘာအေရာင္လဲေမးလာတိုင္း အျပာေရာင္လို႔ေျဖျဖစ္
သြားခ့ဲေတာ့တယ္ 💙

To Be ConTinued……



အစ်ကို Minseok က Luhan ကိုရော Sehunကိုပါအလုပ်ဆက်ခန့်ထားသည်။ အားကိုးရတဲ့သူနှစ်ယောက်ရလေပြီဟု သူက ကြွေးကြော်ကာ ဆိုင်ကနေ လစ်ထွက်သွားလေ့ရှိသည့်အတွက် ဆိုင်တွင် Luhanနှင့်Sehunနှစ်ယောက်တည်းကျန်ကျန်ခဲ့တာများလေသည်။

"နာမည် "

"Honey "

အသံချွဲချွဲနဲ့ အထက်တန်းကျောင်းသူကို Sehun
ခပ်တည်တည်စိုက်ကြည့်နေပါသော်လည်း Luhanကသတိမထားမိသလိုပင်။

အသိသာချည်းလေနော်။ အဲ့ကလေးမလေး နို့နံ့တောင်မစင်သေးပဲ Luhanကို လာကြောင်နေတာလေ။

"Strawberry Smoothie ရပြီလား Sehun"

Large Size ဘူးကိုကမ်းပေးရင်း Luhan မေးလာသည့်အခါကျမှ ရေခဲချည်းပဲထည့်မွှေနေသည့် BlenderကိုSehunပင့်ကြည့်မိတော့သည်။

ခပ်တည်တည်စိုက်ကြည့်နေသည့်Luhan အ ကြည့် တွေကြား ကမန်းကတန်းနှင့် စည်သွပ်ဘူးကိုဖောက်ပြီးစတော်ဘယ်ရီသီးတွေ Blender ထဲထည့်မွှေရပြန်သည်။

"Honey ကလေ အချိုကြိုက်တာ ကိုကြီးသိတယ်မလား ?"

Sehun ဆားတဇွန်းလောက်ပစ်ထည့်လိုက်သည်။

မြည်းကြည့်စရာမလိုလောက်အောင် ကိုယ့်လက် စကိုယ်သိသည့်အတွက် ဘူးထဲကိုသာ smoothie တွေလောင်းထည့်လိုက်သည်။ အပေါ်ကနေ whipping cream များ ပုံပေါလအောထည့်ပေးလိုက်သည့်တိုင်ဆားလေးထပ်ဖြူးလိုက်ဖို့ Sehunကမမေ့။

Luhanကိုကမ်းမနေတော့ပဲ Sehunကိုယ်တိုင်ဘူးကိုသယ်လာကာ အနှီကလေးမလေးအား အပြုံးချိုချိုဖြင့်ကိုယ်တိုင်ကိုယ်ကျကမ်းပေး လိုက်မိပါသည်။

"Honeyလိုပဲ ချိုချိုလေး"

ကောင်လေးချောချော၏အပြုံးကို လွန်ဆန်နိုင်သူတွေရှားသည်။ သို့ပေမဲ့ ဈေးကြီးပေးသောက်ရသည့် Strawberry Smoothieကို ငန်ခါးနေအောင် ဖျော်ပေးလိုက်သည့်ဆိုင်အား ထိုကလေးမ နောက်တခါမလာဖို့မျှော်လင့်သည်။

ကလေးမအား အငန်ဓာတ်ပေးပြီးနောက် Sehun သည်ချိုသောအပြုံးများဖြင့် Luhanဘက်ပြန်လှည့်လာသည်။

ပိုက်ဆံတွေကို အကြွေခွဲလိုက်၊ အတန်ကြီးခွဲလိုက် ထည့်နေသည့် Luhanမှာတော့ Sehunကိုလှည့်မကြည့်အားသေး။

မေးစေ့ကိုလက်ညှိုးဖြင့်တတောက်တောက်ထောက်ရင်းSehunက Luhanကို စူးစူးစမ်းစမ်းငေးကြည့်မိသည်။

Luhanကိုမြင်နေရလျှင် ပျော်နေသေစိတ်သည် ကျေနပ်ဖို့ကောင်းသည်။ ကော်ဖီဆိုင်မှာအလုပ်လုပ်ရင်းနေ့တိုင်းနီးပါးမြင်နေရသည့်နောက် ကျောင်းတက်သည့်နေ့များကျနေ့တိုင်းမမြင်ရတော့မည်ကိုစိုးထိတ်ရသည်။

အကွက်မြင်သည့် ကဖေးပိုင်ရှင် သူဌေးက ကျောင်း ဖွင့်လျှင်တော့ဖြင့် Sehun နှင့် Luhan ကို တယောက်တနေ့ခြားစီ လာဖို့ပြောထားပြီးပြီပဲ။

ကျောင်းပြန်ဖွင့်ဖို့က တပတ်တောင်မလိုတော့။

သတိလက်လွတ်ဖြင့် Sehun သက်ပြင်းမောတို့ချမိသည့်နောက် Luhanက မေးခွန်းများစွာနှင့်လှည့်ကြည့်လာခဲ့ပါ၏။

မျက်မှန်အောက်ကိုကြည့်လျှင်ပင် လက်နေသည့်
မျက်လုံးလေးများအား Sehun အကြည့်ရှောင်လွှဲဖို့ခက်သည်။ မျက်လုံးချင်းဆုံလျှင်ရင်ခုန်ရလွန်းသဖြင့်အကြည့်လွှဲသူများရှိနေနိုင်ပါသော်လည်း ရင်ခုန်မြန်သည့်ကြားမှ တစိမ့်စိမ့်ငေးကြည့်ရခြင်းကို Sehunနှစ်သက်လေသည်။ အကြည့်ကမလွှဲဖြစ်။ အကြည့်ခံနေရသူကသာ မျက်မှောင်ကျုံ့ပြီး ပိုက်ဆံထည့်သည့်အံဆွဲကိုပိတ်လိုက်ကာ

"မင်း ငါ့ကိုပြောစရာရှိလို့လား "

"ဗျာ ?? မရှိပါဘူး"

"အဲ့ဒါဆို ဘာလို့စိုက်ကြည့်နေတာလဲ "

Luhanမေးပုံက ဘာကြည့်တာလဲ ရန်ဖြစ်ချင်လို့လားဆိုသည့်အသံပေါက်နေသည်။

ခက်ပါရဲ့ … ။ သဘောကျ၍ဆက်တိုက်ငေးနေမိခြင်းကိုSehunကမကျေနပ်၍ကြည့်နေခြင်းဟုထင်ရလောက်အောင် Sehunသူ့ကိုဘယ်လိုမျက်လုံးမျိုးတွေနဲ့များကြည့်နေမိလို့်ပါလဲ ?

သူ၏စီနီယာ စိတ်ကလေး ပါးပါးတိုသွားရခြင်းကို သိသည့်အတွက် Sehun က Latteနွေးနွေးလေးဖျော်ပေးဖို့လုပ်သည်။

ဟုတ်၏။ ဘယ်သူကများ သူ့ကိုစိုက်ကြည့်နေသည်ကိုကြိုက်မည်နည်း ? မမှားပါ မမှားပါ စီနီယာလေး စိတ်ဆိုးသည်မှာမမှားပါ။

Sehun ဆိုင်မှာသုံးသည့်ခွက်တွေယူမနေပဲ အစွန်ဆုံးမှာတင်ထားသည့် ကြွေခွက်အဝါရောင်လေးကိုလှမ်းယူလိုက်သည်။

ခွက်သုံးပုံနှစ်ပုံလောက်ကို နို့လောင်းထည့်လိုက်ပြီး အက်စ်ပရက်ဆို 1 shotကို သွန်ချသည်။ ခပ်သွက်သွက်လုပ်လိုက်သည့် milk foamများကို ခွက်ထဲမထည့်ခင်မှာပင် အသည်းပုံဖော်ရမလား ? သစ်ရွက်ပုံပဲဖော်ရမလားSehun တွေဝေသွား၏။

အစ်ကိုMinseokသင်ပေးထားတာလည်း ထိုနှစ်မျိုးတည်း။ Luhanက Latteသောက်လေ့သောက်ထမရှိသည့်အတွက် Sehunသည်လည်း Latte Artကိုအထူးတလည်သင်မထားမိ။

နောက်ဆုံးမှာတော့ စိတ်အလိုဆန္ဒကိုလိုက်ပြီး Sehunလက်လေးတွေက လှုပ်ရှားသွားသည်။

တမင်ခင်နွေးနွေးဖြစ်နေသော စီမံထားသည့် Latteကြွေခွက်လေးကို Sehunမယူလိုက်သည်။

စိုက်ကြည့်မိ၍စိတ်ဆိုးသွားသည့်အစ်ကိုကြီးက Sehunကိုကျောခိုင်းထားသည်။ ကျောပြင်သေးသေးကို ကျေနပ်စွာငေးရင်း Sehunမှာ ခြေသံလုံလုံဖြင့် နောက်သို့တိုးကပ်သွားလိုက်သည်။

"'Luhan !"

"အင်း … "

ခွမ်းးး……

ကြွေခွက်နှင့်ကြမ်းခင်းရိုက်သံသည် သူတို့စိတ်ကိုထိပ်ပျာသွားစေသလို ကော်ဖီတဆိုင်လုံးကို လွှမ်းသွားစေသည်။

အနားကိုတိုးသွားမိသည့်Sehunကိုပဲအပြစ်ဆိုရလေမလား ? ဖုန်းကိုင်ရင်း နောက်လှည့်လာသည့် Luhanကိုပဲ အပြစ်တင်ရလေမလား ဝေခွဲမရပေမင့် လှည့်လာသည့် Luhan၏ လက်နှင့်တိုက်မိပြီး ကော်ဖီကြွေခွက်ကတော့ အစိတ်စိတ် အမြွှာမြွှာကွဲသွားရသည်။

ပထမဆုံး အသိဝင်လာသူက Luhanပဲ ဖြစ်ပြီး Sehunကိုဘေးဖယ်စေကာ ကောင်တာထောင့်က ညှပ်တံနှင့် ဂေါ်ပြားကိုသွားယူလေသည်။

"ရပါတယ် ကိုယ်လုပ်လိုက်မယ်"

"မထိနဲ့တော့ ငါပဲဆက်လုပ်လိုက်မယ် ဖယ်နေ
Sehun ခြေထောက်ထိမယ်"

Sehunကို တချက်မော့ကြည့်လို့ ကြမ်းပြင်မှာကျဲကျနေသည့် ကြွေခွက်ကွဲစများကို ညှပ်ဖြင့်ညှပ်ကာ ခပ်မြန်မြန်ပင် ဂေါ်ပြားထဲထည့်သည်။

Sehunလည်းငြိမ်မနေပဲ ကြမ်းတိုက်အဝတ်ကိုုယူလို့ကော်ဖီတွေကိုသုတ်ရသည်။

ဟန်ဆောင်မရသည့်အတွက် Sehunမျက်နှာက
မကောင်း။ စိတ်အလိုလိုက်ပြီး ဖော်မိသည့် ပုံလေးကအသည်းပုံလေးရယ်လေ။ ခုတော့ ကြမ်းပြင်မှာ မှောက်ကျလို့ ဘယ်ရောက်သွားခဲ့မှန်းတောင်မသိ။

"Sehun - na ငါတောင်းပန်ပါတယ်"

"အာ ရပါတယ် ခင်ဗျားမှမသိပဲ "

"ငါနောက်ကိုဇွတ်မလှည့်လိုက်သင့်ဘူး"

"ခက်ပါပြီ အရင်တိုးတဲ့သူက ကိုယ်ပါ ဟုတ်ပြီလား ?ခင်ဗျားအမှားမဟုတ်ပါဘူး"

စိတ်မကောင်းရသည့်အမူအရာက Luhanဆီမှာပိုနေသဖြင့် Sehunမှာထိတ်ပြာသွားသည်။ ကော်ဖီတွေတိုက်ထားသည့် ကြမ်းသုတ်ဝတ်ကို နောက်ဖေးခန်းမှ ရေသွားစိမ်လိုက်ပြီး Luhan လက်ထဲက ဂေါ်ပြားကိုမြန်မြန်လက်လွှဲယူရသည်။

"အာ ငါသွားပစ်ပါ့မယ်"

"ရပ်နေဦး Luhan ထိမယ် ကိုယ်ပြီးရင် တံမြက်စည်းလာလှည်းဦးမယ်"

ရုတ်တရတ်မို့ Luhanက လန့်သွားသည်ထင် သည်။ Sehunကိုလည်း အားနာစိတ်တော်တော်များသွားသည်ထင်သည်။

အောက်နှုတ်ခမ်းနှင့်အပေါ်နှုတ်ခမ်းကိုခဏခဏဖိပြီးSehunလုပ်သမျှကို လှမ်းလှမ်းကြည့်နေသည့်ပုံကမဝံ့မရဲရှိလှသည်။ စစချင်း ကြွေခွက်အကွဲစတွေရှင်းသူကLuhanဖြစ်ပေမဲ့ အစအဆုံးရှင်းလင်းသွားသူကSehunပင်။ ကြမ်းပြင်မှာ အကွဲစတစတောင်မရှိတော့တာသေချာပါမှ Sehunက Luhan့ကိုခေါင်းညိမ့်ပြသည်။

"ဟို ငါလေ"

"ရပါတယ် ကိုယ် ဘာမှမဖြစ်ပါဘူးဆို"

ယနေ့အဖို့ သိသွားရသည့်အချက်က Luhanဟာ
သိပ်အားနာတတ်သည့်ကောင်လေးဆိုတာကိုပင်။

အခွင့်အရေးယူတာမဟုတ်ပေမဲ့ Sehun ရလာသည့်အခွင့်အလမ်းကို တချက်ကောင်းကောင်းအသုံးချလိုက်သည်။

မျက်နှာမကောင်းဖြစ်နေဆဲဖြစ်သည့် Luhanနားကိုတိုးသွားလိုက်ပြီး

"အဲ့ဒါဆို ကိုယ် latte ထပ်ဖျော်ပေးမယ် သောက်ပေးမလား ?"

"ဟင် ?"

"ကိုယ်က americano ပိုကျွမ်းတယ်ဆိုပေမဲ့ latteလဲဖျော်ကြည့်ချင်လို့ နောက် အစ်ကို Minseokသင်ပေးထားတဲ့ latte artလဲ နည်းနည်း ပြန်ကျင့်ချင်လို့"

"ရတယ်လေ ငါလည်း latteသောက်ပါတယ်
ခုဏဟာကlatteလား "

"အင်း…"

ခွင့်ပြုချက်ရပြီဆိုသည်နှင့် Sehunက ကော်ဖီစက်ဆီလျှောက်သွားသည်။ ဒီတခါမှာတော့ Luhanပါလိုက်လာပြီး Sehunလုပ်သမျှကို မျက်စိဒေါက်ထောက်ကြည့်လေသည်။

"ဆိမ့်ဆိမ့်လေးနော်"

"အင်းပါ ဖျော်စရာရှိတာဖျော်ပါ Oh Sehunရ
အယ် နှစ်ခွက်ဖျော် မင်းပါသောက်"

တချက်လွှတ်အမိန့်နဲ့ထွက်သွားတော့ Oh Sehun နင်သွားသည်။ ကော်ဖီမကြိုက်ပေမဲ့ အမိန့်ဆိုတော့လဲ နာခံရပြန်သည်။ Luhanကတော့ ချောကလက်ကိတ်လေးနှစ်ခုကို ပန်းကန်ပြားထဲထည့်ပြီး ကော်ဖီဖျော်သည့်နားပြန်ရောက်လာသည်။

မိမိခွက်ထဲနို့ပိုပိုသာသာထည့်လိုက်ကာ Luhan၏Latteခွက်ကို ပုံဖော်ခြင်းစသည်။

အပေါ်ပိုင်းလေးရုပ်လုံးပေါ်လာသည့် အသည်းကလေးကို Luhanက စူးစူးစိုက်စိုက်ကြည့်သည်။ အောက်နားထိအသည်းပုံကပြည့်စုံပြီးနောက် အလယ်ကနေဖြတ်ပြီးအပေါ်ထိ တကြောင်းထပ်ဆွဲပြီးသည့်အခါမှာ Sehunပေးချင်သည့်အသဲကလေးသည် ရုပ်လုံးကြွသွားသည်။

မျက်လုံးကြည်ကြည်နှင့်နှုတ်ခမ်းအပြုံးလေးကိုမြင်ရမှSehunမှာ ဟင်းချဖြစ်သည်။

သိစိတ်ဖြင့်မဝံ့မရဲဆွဲရသည့် အသည်းပုံကလေးမဟုတ်ပါပဲ မျက်စိရှေ့မှာတင် ဆွဲပြခွင့်ရလေသောကြောင့်ကြွေခွက်ကွဲသွားတာပင် တန်သည်ဟု Sehun ထင်၏။

"အင်း ကောင်းတယ် မင်းကတော်သားပဲ အဲ့ဒါ
ကြောင့်လဲ အစ်ကိုကသဘောကျတာဖြစ်မယ်"

- အစ်ကိုMinseokသဘောကျဖို့မလိုပါဘူး ။ ခင်ဗျားသဘောကျဖို့ပဲလိုတယ် -

Latteကိုတငုံထပ်သောက်လိုက်သည့် Luhan အားချောကလပ်ကိတ်ဖဲ့စားလိုက်ရင်းမှ Sehunကြည့်နေလိုက်သည်။

Luhanနှုတ်ခမ်းထက်မှာ ပုံပျက်သွားသည့် အသည်းပုံလေးဆိုပေမဲ့ Sehunတော့ စိတ်တွင်းကြည်နူးသည်။

"အသည်းပုံလေးလဲလှတယ်"

ဝယ်သူလာ၍ Luhan ထသွား၍သာ Sehun မျက်နှာကိုမမြင်လိုက်ရခြင်းဖြစ်သည်။ နီရဲနေချက်က ချိစ်ကိတ်ပေါ်က ချယ်ရီသီးလိုပင်။

"Sehun order "

"ဗျာ………ဟုတ်"

အသည်းပုံလေးလှတယ်ဟု Luhanက ချီးကျူးလိုက်သည့်အကျိုးဆက်ကတော့ Sehun တယောက် လာသမျှOrderကို Latteတွေချည်းဖျော်ပစ်ပြီး အသည်းပုံတွေအကုန်ထဆွဲပစ်ခြင်းဖြစ်သည်။

မှတ်မှတ်ရရ ထိုနေ့က Oh Se Hunတယောက်
Latte ဆယ့်ငါးခွက်စာ ဖိုးကို လစာထဲကစိုက်ရှင်းလိုက်ရသည်။

…………………………………

ဖြစ်ရပ်မှန်ကိုပြောပြချင်တာ
Latteပေါ်က နှလုံးသားထက် ခင်ဗျားကိုသဘောကျတဲ့ကိုယ့်နှလုံးသားက ပိုလှတဲ့အကြောင်း


° The years I have loved him °

ကျောင်းတွေစဖွင့်သည့်နေ့က တိုက်တိုက်ဆိုင်ဆိုင် အင်္ဂါနေ့ဖြစ်၏။

အတန်းတွေမဆင်းခင်တည်းက ကလပ်ကို သွားဖို့
Sehunက တကြွကြွဖြစ်နေခဲ့ပြီ။

အချိန်ဇယားတွေအရ ကလပ်က အင်္ဂါ ၊ ကြာသ ပတေးနှစ်ရက်သာရှိသည်။ ကော်ဖီဆိုင်အလုပ်ကိုတော့Luhanက ထုံးစံအတိုင်း တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာသုံးရက်ဆင်းပြီး Sehun က စနေ ၊ တနင်္ဂနွေနှစ်ရက်ကိုအချိန်ပြည့်ဆင်းဖို့ အစ်ကို Min Seokကပြောထားသည်။

ဘာပဲဖြစ်ဖြစ် Sehunက ကော်ဖီဆိုင်ကိုနေ့တိုင်းသွားနေရတာပဲ။ အစ်ကိုကတော့ ကဖေး အပေါ် ထပ်ကို တလ သုံးသိန်းနှင့်ငှားမည်ဟုပြောနေဖူးသည်။

"first semတုန်းက အခြေအနေမကောင်းတဲ့သူတွေကိုယ့်ကိုကိုယ်သိပါ"

"ဟုတ်…………

အားပျော့သည့်အသံများစွာသည် အခန်းထောင့်တွေမှအသီးသီးထွက်လာကြသလို Sehunပင်ယောင်ယမ်းဟုတ်လိုက်မိသည့်အခါ အနီးနားကလူများကစူးစမ်းမှုအပြည့်ဖြင့်ကြည့်လာသည်။

အတန်းဆင်းခေါင်းလောင်းထိုးသည့်နောက် အတန်းထဲမှ ရှေးဦးစွာထွက်သည့်သူက Sehun ဖြစ်ခဲ့သည်။အင်ဂျင်နီယာဋ္ဌာနမှာတင်ရှိသော အခန်းဖြစ်သည့်အတွက်Sehun အချိန်အများကြီးပေးစရာမလို။

"ဟေး Sehun အားရင် သမဂ္ဂကိုလာခဲ့ဦး"

"အင်းအင်း"

အင်ဂျင်နီယာပထမနှစ်ကျောင်းသားများကိုယ်စားလှယ်အနေနဲ့စီနီယာတွေက Sehunကိုသဘောကျနေသည်။အမှတ်ကောင်းမည်။ ပညာသင်ဆုအတွက် အထောက်အကူ ဖြစ်မည်ဆိုပေမဲ့ သူများအကျိုးမဆောင်တတ်သည့်
Sehunက ကျောင်းသားအဖွဲ့အစည်းဆိုတာနှင့် ဝေးဝေးမှာနေသည်။

ကလပ်ရှိသည့် အထပ်ကိုရောက်ပါတော့မှ Sehunလေပူတွေကိုမှုတ်ထုတ်ပြီး အမောဖြေရသည်။

ပြီးပါမှ လွယ်အိတ်ကို စတိုင်လ်ကျကျပြန်ပြင်လွယ်ကာအင်္ကျီပေါ်က မရှိသည့်ဖုန်ကိုခါလို့ ကလပ်ခန်းဆီလျှောက်သွားလိုက်သည်။ စေ့ထားသည့်တံခါးကြောင့် ရင်ထဲဟာဆင်းသွားသည်။ သို့ပေမဲ့ အထဲက ပစ္စည်းရွှေ့သံများကြားလိုက်ရသည့်အခါSehun ပြုံးလိုက်မိပြီး တံခါးကိုတွန်းဖွင့်လိုက်ချေသည်။

"L.

"အော် Oh Se Hunပါလား"

မြင်လိုက်ရသည်က Luhanတော့မဟုတ်ပါပဲ
တံမြက်စည်းတစ်ချောင်းနှင့်တင့်တယ်နေသည့် Zhang Yi Xingဖြစ်သည်။

အားလျော့သွားသည့် Sehunကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး Yi Xingကခေါင်းခါသည်။

"မင်းကတော့ဖြစ်ရမယ် ဟိုမှာကြည့်"

Yi Xing မေးငေ့ါပြသည့် Sehunမမြင်ခဲ့လိုက်သည့်အခန်းတံခါးမျက်နှာစာကိုပြန်ကြည့်ရသည်။

- Fan Art Clubအား 10.11.2009 နောက်တပတ်
အင်္ဂါနေ့တွင် ပြန်ဖွင့်ပါမည် -

Sehun ကိုယ့်နဖူးကို စိတ်ထဲကနေ အချက်ပေါင်းများစွာရိုက်ထည့်လိုက်သည်။ Yi Xingက ဖုန်တက်နေသည့်ကြမ်းကိုတံမြက်စည်းလှည်းရင်း

"ဖွင့်တုန်းကတော့မလာဘူး ခုမဖွင့်သေးမှရောက်ချလာတယ် မင်းကတော့အံ့ပါရဲ့။ ၂လပိတ်ထားတာဆိုတော့ဖုန်တွေချည်းပဲ ကဲ ကောကောကိုတံမြက်စည်းလေးကူလှည်းပေးသွားဦး"

Luhanမရှိဘူးဆိုတာနှင့် လှည့်ထွက်သွားလို့ မကောင်းတတ်သည့်အတွက် Sehun လွယ်အိတ်ကိုနီးစပ်ရာခုံပေါ်ပစ်တင်ပြီး ဘေးနားမှာထောင် ထားသည့်တံမြက်စည်းအပိုကိုကောက်ကိုင်ရသည်။

Yi Xingသည်ကား လေတချွန်ချွန်ဖြင့် Sehun ကြားဖူးနားဝရှိသည့်တရုတ်သီချင်းတပုဒ်ကိုငြီးရင်း တံမြက်စည်းလှည်းသည်။

"ဒါနဲ့ စီနီယာLuhanရောဟင်"

"အင်း အဲ့ကောင်ဒီနေ့မအားဘူး"

မျှော်လင့်ချက်ပူဖောင်းကလေးကို Yi Xingက
စကားလုံးအပ်ကလေးဖြင့်ဖောက်ချလိုက်သည်။ Sehunမသိသာရလေအောင်သက်ပြင်းချပြီး လှည်းပြီးသားနေရာကိုတံမြက်စည်းထပ်လှဲသည်။

Ting……

ဘောင်းဘီအိတ်ကပ်ထဲကတုန်ခါမှုကြောင့် Sehun ဖုန်းကိုထုတ်ယူသည်။ စာတိုတစောင်ပို့လာသူသည် Sehunနှလုံးသွေးတို့ကိုမြန်စေသူပင်။

' ကလပ်က နောက်တပတ်အင်္ဂါစဖွင့်ပြီ မင်း mailမစစ်မှာသိနေလို့ messageလှမ်းပို့လိုက်တာ '

Sehun ချက်ချင်းပင် Luhan့ကိုဖုန်းခေါ်လိုက်မိသည်။

"Hello!"

"ဘယ်မှာလဲဟင်"

"ငါလား ပါချုပ်ရုံးခန်းနားမှာ"

"အင်း ပြန်တော့မှာမလား "

"မဟုတ် "

"ကျောင်းပေါက်ဝမှာခဏစောင့်ပေးနော် ကိုယ်လာခဲ့မယ်"

ဖုန်းကိုချက်ချင်းချပစ်ပြီး Sehun တံမြက်စည်းကိုပါပစ်ချလိုက်သည်။ Yi Xingကမကျေမချမ်းဖြင့်ကြည့်သည့်အခါတံမြက်စည်းကိုပြန်ကောက်ပြီး အခန်းထောင့်မှာထောင်ထားပေးလိုက်၏။

"sorryနော် စီနီယာ ကျွန်တော် အရေးကြီးကိစ္စပေါ်လာလို့"

Yi Xingအဖြေကိုတောင် မစောင့်ပါတော့ပဲ ကျောပိုးအိတ်ကိုဆွဲလို့ ကျောင်းရှေ့ကို Sehunပြေးသည်။

ယနေ့ညနေပိုင်းတစ်ခုလုံးပြေးချည်းနေရပါသော်လည်းSehunကမောအံ့မထင်တော့။

ကျောင်းပေါက်ဝနားကိုရောက်သည့်အခါမှာ ဖုန်းငုံ့သုံးနေသည့် Luhan ကိုလှမ်းမြင်လိုက်ရသည်။

ဒူးနှစ်ဖက်ပေါ်လက်တင်ပြီးခေါင်းငုံ့လို့တခဏအမောဖြေလိုက်ပါသော်လည်း အပြာရောင်ရှပ်လက်ရှည်ကို အောက်ကအဖြူရောင်တီရှပ်ခံထားလို့ sky blue ဂျင်းဘောင်းဘီရှည်နှင့် Luhanပုံစံက ပိုလို့သာလို့အမောပြေစေသည်။

တခဏမေ့မျောနေခိုက် မော့ကြည့်လာသည့် Luhanနှင့်အကြည့်ချင်းဆုံသွားသည်။ Sehunမမြင်ဘူးအထင်နှင့်Luhanကလက်လှမ်းပြသည်။ Sehun လက်ပြန်ပြလိုက်ပြီး Luhanနားကိုသွားလိုက်သည်။

"ပြေးလာတာလား ?"

"နည်းနည်းမြန်မြန်လျှောက်လာတာ"

"အော်……"

အော် ဆိုသည့် အာမေဋိတ်သည် စကားစဖြတ်ပစ်ဖို့အတွက်ကောင်းကောင်းလုံလောက်၏။ Luhanဘာမှဆက်မပြောတော့သလို Sehunကလည်း စကားဆက်မဆိုလာသည့်အခါ သူတို့ကြားတိတ်ဆိတ်သွားရသည်။

"ဘာပြောမလို့လဲ ငါ့ကိုစောင့်ခိုင်းထားတာ"

"အာ……"

ဒီလိုကျတော့လဲ Sehun ဘယ်လိုဆင်ခြေပေးရမည်မှန်းမသိ။ တနေ့လုံး Luhanကို မတွေ့ရသေးလို့ သူ့မှာ တွေ့ချင်သည့် စိတ်တစ်ခုပဲရှိခဲ့တာလေ။

"ဟို အင်း ခင်ဗျားအိမ်ပြန်မှာလား ?"

"မပြန်ပါဘူး"

"ဘယ်သွားမလို့လဲ ?"

မေးမြန်းရန်ကော ဆိုသည့်အကြည့်ဖြင့် Luhan ကကြည့်သည်။ သို့ပေသိ Sehunက မသိချင်ယောင်ဆောင်ကာမထုံတက်တေးပုံဖြင့် အဖြေကိုစောင့်နေသည်။

"တနေ့က ငါတို့ခွဲလိုက်တဲ့ကြွေခွက်လေ အဲ့ဒါ
အစ်ကို Minseokမသိခင် အစားပြန်ဝယ်ပေးထားမလို့"

"အော် အဲ့ဒါကို ကိုယ့်လခထဲကဖြတ်ဖို့ပြောလိုက်
မယ်လေ"

"နေပါ လူပျိုကြီးက သူ့ခွက်ကွဲရင်သိပ်မုန်းတာ
စက်သေနတ်သံတွေမကြားချင်ဘူး"

ခေါင်းတခါခါဖြင့် ကျောချမ်းသည့်သဖွယ် ကျောတွန့်ကာLuhanဆိုသည့်နောက် Sehunသည်လည်းလိုက်ရယ်ဖြစ်သည်။

ရယ်သံတွေတိတ်သွားပြန်သည့်နောက် ကသိ ကအောက်ဖြစ်မှုက အစားထိုးဝင်လာပြန်သည်။ သည်းမခံနိုင်တော့သည့်ပုံဖြင့် Luhanက နားထင်နားကိုလက်ညှိုးဖြင့်ကုတ်ရင်း Sehunကိုပြော သည်။

"အဲ့ဒါဆို ငါသွားတော့မယ်"

"အင်း ကိုယ်လည်း ဘာမှတော့လုပ်စရာမရှိဘူး
အဆောင်ပဲပြန်ရမှာ"

"အော် အင်း …"

Luhanက နားလည်ပြီဆိုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြပြီး လှည့်ထွက်သွားသည်။ Sehun က နောက်နားဘက်ဆီမှာ တွေတွေကြီးရပ်ပြီးကျန်ခဲ့သည်။

ခြေလှမ်းငါးလှမ်းမပြည့်ခင်မှာပဲ Sehunက လှမ်းခေါ်ဖို့ကြံရွယ်သည့်အချိန်တွင် Luhanလှည့်ကြည့်လာချိန်နှင့်တိုးလေသည်။

"ဟို...…"

"မင်း အားရင် လိုက်ခဲ့မလား ?"

တစက္ကန့်လောက်အကြာမှာတင် Sehun ပြုံးလိုက်ပြီးခေါင်းငြိမ့်ကာ ရပ်စောင့်နေသည့် Luhanအနားကိုလျှောက်သွားလိုက်သည်။

"ကိုယ်တို့ပုံစံတူခွက်ရပါ့မလား ?"

"မတွေ့မချင်းရှာရမှာပေါ့ကွာ "

………^………

ကောင်းကင်တွေပြာပြီး ခင်ဗျားလည်း sky blueထဲနစ်နေခဲ့တဲ့ နေ့တနေ့ပေါ့
ကိုယ်ကတော့ အကြိုက်ဆုံးကဘာအရောင်လဲ မေးလာတိုင်း အပြာရောင်လို့ဖြေဖြစ်
သွားခဲ့တော့တယ် 💙

To Be ConTinued……

Continue Reading

You'll Also Like

29K 6.5K 38
tk sinhala
386K 28.2K 27
​ထြက္​သြားဆိုတဲ့စကားကိုငါအခါခါ​ေျပာခဲ့တာပဲ မင္​းအျမဲအနားမွာပဲတြယ္​ကပ္​​ေနခဲ့တာပဲ​ေလ ဒီတစ္​ခါက်ဘာလို႔ထြက္​သြားတာလည္​း ျပန္​လာ ခုျပန္​လာငါ့နားကို အရင္​...
98.9K 4.6K 44
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
542K 31.9K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...