The years I have loved him

By HanXun

522K 70.2K 10.2K

ကိုယ္ သူ႕ကိုခ်စ္ခ့ဲတ့ဲႏွစ္ေတြမနည္းလွဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao More

Prologue
Act One
Act Two
Act Three
Act Four
Act Six
Act Seven
Act Eight
Act Nine
Act Ten
Act Eleven
Act Twelve
Act Thirteen
Act Fourteen
Act Fifteen
Act Sixteen
Act Seventeen
Act Eighteen
Act Nineteen
Act Twenty
Act Twenty-one
Act Twenty-two
Act Twenty-three
Act Twenty-four
Act Twenty-five
Act Twenty-six
Act Twenty-seven
Act Twenty-eight
Act Twenty-nine
Act Thirty
Act Thirty-one
Act Thirty-two
Act Thirty-three
Act Thirty-four
Act Thirty-five
Act Thirty-six
Act Thirty-seven
Act Thirty-eight
Act Thirty-nine
Act Forty
Act Forty-one
Act Forty-two
Act Forty-three
Act Forty-four
Act Forty-five
Act Forty-six
Act Forty-seven
Act Forty-eight
Act Forty-nine
Act Fifty
Act Fifty-one
Act Fifty-two
Act Fifty-three
Act Fifty-four
The years I have loved him
ထာ၀ရထက်နှစ်များစွာ (ထာ၀ရထက္ႏွစ္မ်ားစြာ)
All I want for Christmas is U

Act Five

10.1K 1.4K 101
By HanXun


ေန႕လည္ခင္းအခ်ိန္အေတာ္ၾကာအိပ္ထားမိ၍ ညဘက္
အိပ္မေပ်ာ္ေလာက္ဘူးထင္ေပမင့္ Luhan ႏွစ္ႏွစ္
ျခိဳက္ျခိဳက္ ျပန္လည္အိပ္ေပ်ာ္သြားခ့ဲသည္။

ကိုယ္ႏွင့္မရင္းႏွီးသည့္သူတစ္ေယာက္နားမွာ မအိပ္ရဲပါ
ဘူးဆိုသည့္ Luhan ဘယ္မ်ားေရာက္သြားေလ
သနည္း ?

မနက္ခင္းေနျခည္၏အေႏြးဓာတ္က အခန္းထဲထိစိမ့္ဝင္
လာသည့္ေနာက္ Luhan ႏိုးလာသည္။

ေအာက္ထပ္မွေမေမ၏ေအာ္ေခၚႏိႈးသံကိုမၾကားရပဲႏိုး
လာသည္ကပဲအထူးအဆန္းျဖစ္ေနေလ၏။

"ေအာ္ ငါ ဟိုလူ႕အိမ္မွာပဲ"

မ်က္လုံးမဖြင့္မိေသးပဲ Luhan ခပ္တိုးတိုးေရရြတ္
သည္။ ထို႔ေနာက္ အိပ္ယာထကာစဆို ေလးလံတတ္
သည့္ ခႏၶာကိုယ္အားအသာအယာသယ္မလို႔ ငုတ္တုတ္
ထထိုင္ေစျပီး အခန္းက်ယ္တခန္းလုံးကို လွည့္လည္
ၾကည့္လိုက္မိသည္။

အိ္ပ္ယာႏိုးလာသည့္အခ်ိန္ကစျပီး Sehun သည္ Luhan့အနားမွာမရွိခ့ဲ။ မရွိတာပဲခပ္ေကာင္းေကာင္း
ထိုသို႔မဟုတ္ပဲ Luhanသာအရင္ႏိုးခ့ဲလွ်င္
အိပ္ခ်င္ေယာင္ေဆာင္မိပါဦးမည္။

မ်က္ႏွာခ်င္းဆိုင္ရွိ တိုင္ကပ္နာရီၾကီးမွာ မနက္ရွစ္နာရီ
ထိုးျပီျဖစ္ေၾကာင္းျပေနသည္။ Luhan ပ်င္းေၾကာ
တခ်က္ဆန္႔ကာ ကုတင္ေပၚမွေနဆင္းလိုက္ျပီး ညက
ဆြဲျခံဳထားသည့္ေစာင္ကို ေသေသသပ္သပ္ျပန္ေခါက္
တင္ထားလိုက္သည္။

နံေဘးနားကေနရာကေတာ့ လူအိပ္သြားသည္ဟု မထင္
ရေလာက္ေအာင္ျပန္႔ျပဴးေနျပီးျဖစ္သည္။ Luhan
လူမရွိသည့္ကုတင္ဘက္ျခမ္းကိုတခ်က္မွ်ၾကည့္လိုက္ျပီး
ေရခ်ိဳးခန္းထဲဝင္သြားလိုက္သည္။

မ်က္ႏွာသစ္လို႔ေရမိုးခ်ိဳးျပီး အဝတ္လဲခန္းထဲဝင္လာလိုက္
သည့္အခါ သူ႔အဝတ္မ်ားတန္းစီခ်ိတ္ထားသည့္ဘက္ျခမ္း
တြင္ ေဘာင္းဘီရွည္ႏွင့္ရွပ္လက္တိုတထည္ကိုအဆင္
သင့္ျပင္ဆင္ျပီးခ်ိတ္ထားေပးသည္အားေတြ႔လိုက္ရေလ
သည္။

အေထြအထူးေတြးမေနေတာ့ပဲ Luhan ယူဝတ္လိုက္
သည္။ ထုံးစံအတို္င္း ေရစက္လက္ျဖစ္ေနသည့္ဆံပင္မ်ား
ကို တခ်က္ႏွစ္ခ်က္ဆြဲဖြျပီး အေပၚထပ္အခန္းထဲကထြက္
ကာ ေအာက္ထပ္သို႔ဆင္းလာလိုက္သည္။

မီးဖိုေခ်ာင္ဘက္ကထြက္လာသည့္အနံ႕ေမႊးေမႊးေၾကာင့္
Sehunဆိုသူက အလုပ္သြားျပီး အန္တီလီေရာက္လာျပီ
အထင္နဲ႕ Luhanမွာ မီးဖိုဘက္ဆီတက္ၾကြသည့္ေျခ
လွမ္းမ်ားႏွင့္သြားလိုက္ပါေသာ္လည္း ဝင္လာသည့္
သူ႔အားေက်ာေပးကာ မီးဖိုနားရပ္ေနခ့ဲသည့္ Sehun
ေၾကာင့္ Luhanေျခလွမ္းေတြရပ္ကုန္ရသည္။

"လာထိုင္ေလ……"

ေနာက္သို႕လွည့္မၾကည့္ပဲဆိုလိုက္သည့္အတြက္ Luhan
လန္႕သြားရေလသည္။ ဟန္ကိုယ္ဖို႔ကာေခ်ာင္းတခ်က္
ဟန္႔လ်က္ Sehunနားထိေလွ်ာက္သြားလိုက္သည္။

အသားျပားမ်ားကိုဒယ္အိုးထဲဆီနည္းနည္းျဖင့္ကပ္ေၾကာ္
ေနသည့္သူက အနားေရာက္လာသည့္Luhanကိုလွည့္
ျပံဳးျပေလဖို႔မေမ့ခ့ဲ။

စားပြဲေပၚအဆင္သင့္ခ်ထားျပီးျဖစ္ေသာ ေပါင္မုန္႔မီးကင္
မ်ား၊ ယိုမ်ား ၊ ၾကက္ဥေၾကာ္ ၊  ေကာ္ဖီခြက္မ်ားႏွင့္အတူ
ႏို႕ခြက္မ်ားကို Luhan တခ်က္လွည့္ၾကည့္ျပီးSehun
ဘက္ျပန္လွည့္ၾကည့္လိုက္သည္။

"ဘာစားခ်င္ေသးလဲ ? ေခါက္ဆြဲျပဳတ္စားဦးမလား ?
instantမဟုတ္ဘူးေနာ္ အန္တီလီထားေပးသြားတ့ဲ
ဂ်ဳံေခါက္ဆြဲေတြနဲ႕ၾကက္စြပ္ျပဳတ္ရွိတယ္ စားခ်င္ရင္
ကိုယ္ျပဳတ္ေပးမယ္ေလ"

"အာ ေတာ္ပါျပီ ေတာ္ျပီ "

okေလလို႕ဆိုျပီး အသားျပားမ်ားဆက္ေၾကာ္သည္။

အိမ္ကထြက္မလာခင္ ေမေမကေတာ့မွာလိုက္ပါရဲ႕။
လိမ္လိမ္မာမာေနရမယ္တ့ဲ ။ Sehunကိုလည္း
ဂရုစိုက္ျပီး သူဝန္မေလးေအာင္ေနရမယ္တ့ဲ။

ထို႔အတြက္ေၾကာင့္ Luhan ပါးစပ္ေလးပိတ္ျပီးအနားမွာရပ္ေစာင့္ေနလိုက္သည္။ Sehun က ေရႊညိဳေရာင္သမ္း
လာျပီျဖစ္သည့္အသားျပားေတြကိုပန္းကန္ျပားတခ်ပ္ထဲ
စီစီရီရီထည့္ျပီး ေနာက္လွည့္မည္ျပင္သည့္အခါ Luhan
က Sehunလက္ထဲက ပန္းကန္ျပားကိုယူျပီး သြက္သြက္
လက္လက္ျဖင့္စားပြဲေပၚမွာတင္ထားလိုက္သည္။

ခ်က္ေနတာေတြျပီးျပီထင္လ်က္ ထိုင္ခုံယူဆြဲထိုင္ျပီး
ထမင္းစားပြဲမွာLuhan အသင့္ေစာင့္ေနလိုက္ပါသည္။

ခဏၾကာသည့္ေနာက္ Sehun က ဟငး္ခ်ိဳပန္းကန္လုံး
ႏွစ္လုံးကိုသယ္လာျပီး Luhan့ေရွ႕မွာတပန္းကန္ခ်ေပး
လ်က္ စားပြဲထိပ္ကLuhanအသင့္ထုတ္ေပးထားသည့္
ခုံမွာဝင္ထိုင္လိုက္သည္။

"ေျပာင္းဖူးေကာ္ရည္ ခင္ဗ်ားၾကိဳက္တယ္"

ၾကက္ဥဖတ္ေလးေတြႏွင့္သၾကားေျပာင္းအဝါေစ့ေလးေတြ
သာေမ်ာေနသည့္ဟင္းရည္ပ်စ္ပ်စ္ကို Luhan တဇြန္းခပ္
ျပီးအရင္ေသာက္လိုက္သည္။

"wow……မိုက္တယ္"

လက္မေထာင္ျပီးေခါင္းတဆတ္ဆတ္ျငိမ့္ျပလိုက္သည့္
ေနာက္ Sehunကျပံဳးသည္။ ထို႔ေနာက္မွာ ေပါင္မုန္႔
မီးကင္ေတြကို ယိုတျခမ္း ေထာပတ္တျခမ္းသုတ္ျပီး
Luhan တကုုိက္ စားလို႔ရရုံအေနေတာ္လွီးေပး၏။

ဟင္းရည္ကိုတဇြန္းျပီးတဇြန္းခပ္ေသာက္ေနရင္းမွ
Luhan က Sehun လုပ္ကိုင္သမွ်ေတြကို ျငိမ္ျငိမ္ေလး
ထိုင္ၾကည့္ေနေလသည္။

"မနက္ျဖန္မနက္စာကို ကြ်န္ေတာ္ထလုပ္ေပးမယ္ေနာ္"

"ဟင္ ?? "

မထင္ထားသည့္စကားကိုၾကားလိုက္ရသည့္ႏွယ္ Sehun
ကအ့ံၾသစြာၾကည့္လာသည္။ မပီမသျပံဳးလိုက္သည္ကို
ျမင္ျဖစ္ေအာင္ျမင္ျပန္သည့္ Luhanက သူ႔ကိုေလွာင္ပါ
သည္ဟု ယူဆေလသည္။

"ကြ်န္ေတာ္လည္းမနက္စာေလာက္ေတာ့လုပ္တတ္ပါ
တယ္ အထင္ေသးလို႔"

"မဟုတ္ပါဘူး ခင္ဗ်ားရဲ႕ ကိုယ္က ခင္ဗ်ားလုပ္ေပးတ့ဲ
မနက္စာကိုတခါမွမစားဖူးလို႕ပါ"

"အမ္ တခါဆို တခါမွမစားဖူးဘူးလား "

ဒီတခါအ့ံၾသရမည့္သူက Luhan ျဖစ္ေနျပီး Sehun
ကေတာ့ ျပံဳးလ်က္သာေခါင္းခါသည္။ ျပီးေနာက္
ေကာ္ဖီကို ေၾကြခြက္ထဲ ေလးပုံသုံးပုံေလာက္ထည့္ျပီး
ႏြားႏို႔ထည့္လို႔ ေမႊလိုက္ကာ Luhan့နားတိုးေပးလိုက္
သည္။

Luhanမွာေတာ့ ေတြေတြေငးေငး။

တကယ္ပဲ သူ Sehunအတြက္ မနက္စာတခါမွ
မျပင္ေပးခ့ဲဘူးလား ? ဒါဆိုရင္ေတာ့ သူက အိမ္ေထာင့္
တာဝန္ မေက်ပြန္ဘူးပဲ ။ ဒီလိုရိုးရွင္းတ့ဲ မနက္စာေလး
ေတာင္မျပင္ေပးဖူးတာေလ။

"ခင္ဗ်ားက မနက္အေစာၾကီးထရတာမၾကိဳက္ဘူးေလ
ေနာက္ျပီး ကိုယ္ျပင္ေပးတ့ဲမနက္စာမွမဟုတ္ရင္မစား
ဘူး။ အ့ဲေတာ့ ကိုယ္ပဲျပင္ေပးျဖစ္တယ္ အေထြထူးမွ
မဟုတ္ပဲ ။ ေကာ္ဖီေလးေသာက္လိုက္ဦး"

ခပ္ေႏြးေႏြးရွိေနသည့္ေကာ္ဖီေၾကြခြက္ကို Luhan့
ဘက္သို႔တိုးေပးျပီးေနာက္ Sehunက မနက္စာစစား
သည္။

ျပီးျပည့္စုံမႈဆိုတာရဲ႕အဓိပၸာယ္ကို Sehun ဆိုသူဆီမွာ
အရိပ္အေငြ႔ေလး Luhan ဖမ္းမိေနျပီျဖစ္၏။

ႏွစ္ဦးသားျငိမ္ျငိမ္သက္သက္ျဖင့္ မနက္စာစားၾကရင္း
တေယာက္နဲ႕တေယာက္ မသိေအာင္လည္း ခိုးၾကည့္
ျဖစ္ၾကေသးသည္။

Luhanမွာ ဟင္းခ်ိဳကိုအကုန္အစင္ေသာက္ျပီးသည့္
ေနာက္ စကားဆိုလာသည္။

"ဦးေလး အလုပ္မသြားဘူးလား ?"

ေကာ္ဖီေသာက္ေနရင္းႏွင့္ပင္ Sehunက ေမာ့ၾကည့္
သည္။ လက္ေပၚမွာေမးေလးအသာတင္လ်က္ Sehun
အေျဖကို Luhanကင့ဲလင့္ေနသည္။

"ကို္ယ္ဒီေန႔နားတယ္"

"ဟမ္……ၾကားရက္ၾကီးေလ"

"အင္း ခင္ဗ်ားနားမွာေနေပးခ်င္လို႔"

ေမးေထာက္ထားမိသည့္ Luhan့လက္ေလး ဟန္ခ်က္
ျပတ္ျပီး စားပြဲေပၚက ျပဳတ္က်သည္။ အမွန္တိုင္းသာဆို
ေပးလိုက္သည့္ Sehun က Luhanဘာေၾကာင့္
ခ်က္ခ်င္းၾကီးထထြက္သြားရသလဲမသိလိုက္။

မနက္စာစားျပီးသားပန္းကန္ေတြကိုေတာ့ Sehunသာ
ေဆးလိုက္ရေလသည္။

……^……

' ဟယ္လို ေမေမလား ? '

အန္တီလီေရာက္လာသည့္အခါ Sehun ႏွင့္ Luhan
တို႕ ႏွစ္ေယာက္သား အေပၚတက္ခ့ဲၾကသည္။
ကုတင္ေဘးနားမွာရွိေနသည့္ ၾကိဳးဖုန္းကို သတိထားမိ
ေနသည့္Luhanက ေမေမ့ဆီဖုန္းဆက္ခ်င္ေၾကာင္း
Sehunကိုခြင့္ေတာင္းသည္။ Sehunမွာ ခင္ဗ်ား
ၾကိဳက္တာလုပ္ပါ လို႔ေျပာျပီး စာအုပ္စင္ေတြရွိရာဘက္ဆီ
ေလွ်ာက္သြားသည့္ေနာက္ Luhanက အခ်ိန္မဆိုင္း
ေတာ့ပဲ ေမေမ့ဖုန္းကိုေခၚလိုက္ေလသည္။

' သားငယ္ ဖုန္းေတြဘာေတြဆက္လို႔ပါလား '

' သား ေမေမ့ကိုလြမ္းလို႔ '

အသံတို႕ခြ်ဲလ်က္ေျပာမိကာမွ Sehunၾကားသြားေလ
မလား စဥ္းစားမိျပီး မနည္းပါးစပ္ျပန္ပိတ္ရသည္။

အရွက္ေတြကြဲရခ်ည္ရဲ႕ေနာ္ -

'အမေလး ခြ်ဲစိန္ေလး ကိုယ့္ေယာက်ာ္းကိုခြ်ဲပါေတာ္
ဒီအေမၾကီးကိုခြ်ဲလို႔ကေတာ့ဘာမွမရဘူး '

'ဟာ ေမေမကလဲဗ်ာ '

ျငဴစူသြားသည့္ Luhan ့ေလသံေၾကာင့္ ေမေမက
သည္းလႈိက္စြာရယ္ေမာသည္။

မိနစ္ေတာ္ေတာ္မ်ားမ်ား ေမေမႏွင့္ ဖုန္းေျပာကာ အလြမ္း
သယ္လိုက္ျပီးသည့္ေနာက္ ဖုန္းခ်ခါနီးမွာပင္ ေမေမက
Sehunကိုဂရုစိုက္ဖို႔မွာသြားလိုက္ပါေသးသည္။

"သူ႕သားမက္ကိုပဲစိတ္ပူေနေတာ့တာပဲ "

မေက်မခ်မ္းနဲ႕ Luhanေလးဟာၾကိဳးဖုန္းကိုဖုန္းခြက္ေပၚ
တင္လိုက္ျပီး ကုတင္ေပၚကေနထရပ္လိုက္သည္။

ဖုန္းမေျပာခင္က ျမင္လိုက္ရသည္မွာ Sehun က
စာအုပ္စင္ေတြနားေလွ်ာက္သြားသည္ျဖစ္တာမို႔ Luhan
လည္းထိုေနရာထိေလွ်ာက္လာလိုက္သည္။

စာအုပ္စင္ေနာက္မွာ ယွဥ္လ်က္ထားသည့္ စားပြဲႏွစ္ခု
အနက္ တစ္ခုံတြင္ထိုင္ျပီး Sehunက စာဖတ္ေန
သည္။

မွန္ျပတင္းကြက္ေတြကိုျဖတ္လာသည့္ ေနေရာင္က သဘာဝမီးေရာင္ျဖစ္ေပးေနသည္။

ယခုမွပင္ ဒီအဝန္းဝိုင္းေလး၌ လွ်ပ္စစ္ဖန္မီးအိမ္မရွိသည့္
အေၾကာင္းကိုနားလည္ရသည္။ ေန႔ဘက္ဆိုလည္း ေန
အလင္းေရာင္ရျပီး ညဘက္ဆိုလည္း လအလင္းေရာင္
ကိုေကာင္းေကာင္းရေနေသာေၾကာင့္ မီးအိမ္မလာတာ
ျဖစ္လိမ့္မည္။

"ခင္ဗ်ားကို ဖုန္းတလုံးေလာက္ဝယ္ေပးရဦးမယ္"

"ဖုန္း ? ၾကိဳးဖုန္းလား "

Sehun မွာ စာဖတ္ေနရာမွရပ္သြားျပီး Luhan့ကို
ေမာ့ၾကည့္သည္။ စားပြဲခုံစြန္းကိုလက္ေထာက္လ်က္ ရပ္
ေနသည့္ Luhan့ ပုံစံေလးက အရာအားလုံးကို
နားမလည္သလို ပကတိျဖဴစင္လို႔ေနသည္။

"ဟန္းဖုန္းပါ ခင္ဗ်ားအရင္ဖုန္းက မေတာ္တဆမႈတုန္းက
ေပ်ာက္သြားလို႔ေလ"

"အာ……"

အမွန္ေတာ့ Luhan သိထားသည့္ ဖုန္းက ၾကိဳးဖုန္း
ရယ္ ၊ ေနာက္ ေက်ာင္းက လူခ်မ္းသာသားသမီးေတြ
ကိုင္သည့္ ေခါက္ဖုန္းေလးေတြရယ္သာျဖစ္သည္။

ထို႔အတြက္ေၾကာင့္ Sehun ျပလာသည့္ ဖုန္းကို
Luhanမွာကိုင္ၾကည့္ျပီး သေဘာက်ေနေလ၏။

"အယ္ passwordခံထားတယ္"

Luhanမွာ ဖုန္းကိုျပန္ထိုးေပးလိုက္ပါေသာ္လည္း
Sehunကစာဖတ္မျပတ္ပဲ

"ခင္ဗ်ား လက္ေဗြရာႏွိပ္လိုက္ေလ ေရွ႕မ်က္ႏွာျပင္ကို"

ျဖတ္ကနဲပြင့္သြားသည့္ ဖုန္းေၾကာင့္ Luhanမွာ
လန္႔ေတာင္သြားသည္။ password ခံထားသည့္
Sehunဖုန္းကို သူဘာေၾကာင့္ဖြင့္ရသလဲ မသိေပမ့ဲ
သူမ်ားဖုန္းကို ယူၾကည့္တာမေကာင္းထင္မိ၍ Luhanက
ဖုန္းကိုစားပြဲေပၚျပန္တင္ေပးလိုက္သည္။

"အခ်ိန္မေရြးဖြင့္လို႔ရေအာင္ အစတည္းက
ခင္ဗ်ားfingerprintပါထည့္ေပးထားလိုက္တာ"

"အင္းပါ ဘယ္သူကေမးလို႔လဲ ?"

"ကိုယ္က လွ်ိဳ႕ဝွက္ထားတာေတြမရွိဘူးလို႔ ေျပာခ်င္
တာပါ"

Luhan လွည့္ထြက္သြားလိုက္ျပီး မွန္ျပတင္းေပါက္
တံခါးကိုဖြင့္လို႔ဝရံတာဘက္ထြက္လိုက္သည္။

တလုံးတည္းခံစားလိုက္ရသည့္ေလက သူ႔မ်က္ႏွာကအပူကိုေလ်ာ့မသြားေစခ့ဲပါ။ ဝရံတာလက္ရန္းေပၚ လက္တင္
ျပီး ဟိုဟုိဒီဒီၾကည့္ေနရင္းမွေန မ်က္လုံးထဲဝင္လာ
သည့္ ႏွင္းဆီျခံဳေတြကိုသြားေတြ႔သည္။

ဝမ္းသာအားရႏွင့္ေနာက္သို႔လွည့္လိုက္သည့္ေနာက္
သူ႔ကိုၾကည့္ေနသည့္ Sehun မ်က္ဝန္းေတြႏွင့္တိုးျပန္
သည္။

"အဟမ္း………ကြ်န္ေတာ္ ေအာက္ဆင္းၾကည့္လို႔ရ
မလား ?"

"ရတာေပါ့ ကိုယ္လုိက္ပို႔ေပးမယ္"

Sehun ကဖတ္လက္စစာအုပ္ကိုပိတ္လိုက္ျပီး မတ္
တပ္ထရပ္သည္။

ႏွစ္ေယာက္လုံး အေပၚထပ္ကေနဆင္းလာသည့္အခ်ိန္
အန္တီလီမွာ မီးဖိုခန္းထဲတြင္အလုပ္ရႈပ္ေနသည္။

Sehunက ေရွ႕ကေန ဦးေဆာင္သြားျပီး Luhan
ကေနာက္ကေန လိုက္လို႔ ဧည့္ခန္းက်ယ္ၾကီးကိုျဖတ္
ခ့ဲၾကသည္။

အိမ္အျပင္ဘက္ရွိ ဆင္ဝင္ေအာက္ ကိုေရာက္သည့္အခါ
တြင္ Sehunက Luhan့ကိုတခ်က္င့ဲၾကည့္သည္။

ထို႔ေနာက္ ဆင္ဝင္ေအာက္ကေနထြက္ျပီး ျမက္ခင္းစိမ္း
ေပၚကိုေျခခ်သည္။

ဥယ်ာဥ္မွဴးတေယာက္ စနစ္တက်ပ်ိဳးထားမွန္းသိသာ
သည့္လက္ရာက ပန္းေတြကိုပိုလွေစသည္။

ရာသီမဟုတ္ေသး၍ ပန္းမပြင့္ေသးသည့္အပင္ေလး
မ်ားအားစိမ္းစိမ္းေလးေတြ႔ရသည္။ တခ်ိဳ႕ကိုေရာင္စုံေတြ႔
ရသည္။

တေနရာအေရာက္မွာေတာ့ တျခားေသာႏွင္းဆီေတြ
နဲ႕မတူ တမူထူးေနသည့္ ႏွင္းဆီပင္ေတြကို Luhan
အ့ံအားသင့္ဖြယ္ေတြ႔လိုက္ရသည္။

မက္မြန္ေရာင္ပန္းေလးမ်ားသည္ ရွားပါးမ်ိဳးမွန္းသိသာ
လွစြာႏွင့္ ရနံ႕မွာလည္း ေတာ္ဝင္ဆန္ဆန္ျဖင့္ ဝံ႕ထည္
ေနသည္။

Luhan အနားသို႔သာ တိုးကပ္ၾကည့္မိသည့္အခါ
Sehunသည္လည္း အနားသို႔ေရာက္လာသည္။

"Juliet Roseတ့ဲ အရွားပါးဆုံးနဲ႕ တန္ဖိုးအျမင့္ဆုံး
မ်ိဳးစိတ္ေတြထဲကတခုေပါ့"

"Juliet Rose ?? "

"အင္း"

Sehun ကေခါင္းညိမ့္ျပျပီး ႏွင္းဆီေတြကိုျပံဳးၾကည့္
ေနသည့္ Luhan့အားေငးေနေလသည္။

တန္ဖိုးၾကီးသည္ဆိုေသာအသိေၾကာင့္ မထိတထိျဖစ္
ေနရသူက Luhanျဖစ္သည္။

"ခင္ဗ်ားရယ္ေလ Romeo Juliet ကုိ ျပဇာတ္
ၾကည့္မိျပီး ကိုယ့္ကိုပူဆာခ့ဲတာ ။ အ့ဲအပင္ကအရမ္း
ရွားတာပဲ ကိုယ့္မွာ အေနာက္ႏိုင္ငံေတြတႏိုင္ငံျပီး
တႏိုင္ငံပတ္မွာရတယ္ ေနာက္ ေတြ႔ျပန္ေတာ့လဲ
မပ်ိဳးတတ္ရင္ ေသမွာဆိုးလို႔ ဥယ်ာဥ္မွဴးတေယာက္
ငွားရျပန္တယ္ "

လွမ္းဖို႕ၾကံေနသည့္ Luhan့လက္ေလးရုတ္သြားရျပီး
Sehunကိုမဝံ႕မရဲေမာ့ၾကည့္ရွာသည္။

သူမမွတ္မိသည့္ကိစၥေတြေပမ့ဲ သူ Sehun အေပၚအရမ္း
ဆိုးေနခ့ဲတာမဟုတ္ဘူးလားဟင္ ?

"ဒီေလာက္ထိ ေအာင္ေအာင္ျမင္ျမင္ျဖစ္လာျပီး ႏွစ္တိုင္း
လွလွေလးပြင့္လာတာျမင္ေတာ့ ကိုယ့္မွာ ေက်နပ္ရ
တာပဲ ခင္ဗ်ားကသိပ္သေဘာက်တာကို"

Sehun မ်က္လုံးေတြထဲကို ၾကည့္လိုက္ရုံျဖင့္ သူ
ဘယ္ေလာက္ထိၾကည္ႏူးေနခ့ဲသလဲ သိႏိုင္သည္။
ျဖည့္ဆည္းေပးေနရရင္ ေပ်ာ္ရႊင္ေနတတ္သည့္ လူ
တေယာက္၏မ်က္ဝန္းေတြျဖစ္ခ့ဲသည္။

Luhan ႏွင္းဆီေတြကိုလည္း မၾကည့္မိေတာ့ပါပဲ
Sehunကိုသာ ေမာ့လို႔ၾကည့္တယ္။

"တကယ္ပဲ က်ေနာ္ ေတာ္ေတာ္ဆိုးခ့ဲတယ္မလား
ဟုတ္တယ္မလား ?"

ရုတ္တရတ္ၾကီးထြက္လာသည့္အေမးစကားကို
Sehunက ခဏေလးေတာင္မစဥ္းစားပဲ မဆိုင္းမတြ
ေျဖပါသည္။

"ဟင့္အင္း ခင္ဗ်ားကမဆိုးပါဘူး ကိုယ္ကေတာ့
အလိုလိုက္လို႔ေတာင္မဝဘူး"

ေျပာရင္းဆိုရင္း Luhan့ နဖူးစပ္ေပၚ ေနေရာင္ထိုး
လာသျဖင့္ Sehun ကလက္ႏွင့္ကာေပးျပီး ေနေရာင္
သိပ္မမိေအာင္အိမ္ထဲျပန္ဝင္ၾကဖို႔ဆိုလာသည္။

ဥယ်ာဥ္ထဲမွာ သိမ္ေမြ႔သည့္ရနံ႕ေတြျဖင့္
ဂ်ဴးလိိယက္စ္ႏွင္းဆီေတြ က်န္ခ့ဲေလသည္။

ပန္းတပြင့္သာဆို ခင္ဗ်ားက ဂ်ဴးလိယက္စ္ႏွင္းဆီပဲ
ကိုယ့္အတြက္ တန္ဖိုးအၾကီးဆုံးနဲ႕အရွားပါးဆုံးေပါ့

° The years I have loved him °


To Be ConTinued………


နေ့လည်ခင်းအချိန်အတော်ကြာအိပ်ထားမိ၍ ညဘက်အိပ်မပျော်လောက်ဘူးထင်ပေမင့် Luhan နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်ပျော်သွားခဲ့သည်။

ကိုယ်နှင့်မရင်းနှီးသည့်သူတစ်ယောက်နားမှာ
မအိပ်ရဲပါဘူးဆိုသည့် Luhan ဘယ်များရောက်သွားလေသနည်း ?

မနက်ခင်းနေခြည်၏အနွေးဓာတ်က အခန်းထဲထိစိမ့်ဝင်လာသည့်နောက် Luhan နိုးလာသည်။

အောက်ထပ်မှမေမေ၏အော်ခေါ်နှိုးသံကိုမကြားရပဲနိုးလာသည်ကပဲအထူးအဆန်းဖြစ်နေလေ၏။

"အော် ငါ ဟိုလူ့အိမ်မှာပဲ"

မျက်လုံးမဖွင့်မိသေးပဲ Luhan ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် အိပ်ယာထကာစဆို လေးလံတတ်သည့် ခန္ဓာကိုယ်အားအသာအယာသယ်မလို့ ငုတ်တုတ်ထထိုင်စေပြီး အခန်းကျယ်တခန်းလုံးကို လှည့်လည်ကြည့်လိုက်မိသည်။

အိပ်ယာနိုးလာသည့်အချိန်ကစပြီး Sehun သည် Luhanအနားမှာမရှိခဲ့။ မရှိတာပဲခပ်ကောင်း ကောင်းထိုသို့မဟုတ်ပဲ Luhanသာအရင်နိုးခဲ့လျှင် အိပ်ချင်ယောင်ဆောင်မိပါဦးမည်။

မျက်နှာချင်းဆိုင်ရှိ တိုင်ကပ်နာရီကြီးမှာ မနက်ရှစ်နာရီထိုးပြီဖြစ်ကြောင်းပြနေသည်။ Luhan ပျင်းကြောတချက်ဆန့်ကာ ကုတင်ပေါ်မှနေဆင်းလိုက်ပြီး ညကဆွဲခြုံထားသည့်စောင်ကို သေသေသပ်သပ်ပြန်ခေါက်တင်ထားလိုက်သည်။

နံဘေးနားကနေရာကတော့ လူအိပ်သွားသည်ဟု မထင်ရလောက်အောင်ပြန့်ပြူးနေပြီးဖြစ်သည်။ Luhanလူမရှိသည့်ကုတင်ဘက်ခြမ်းကိုတချက်မျှကြည့်လိုက်ပြီးရေချိုးခန်းထဲဝင်သွားလိုက်သည်။

မျက်နှာသစ်လို့ရေမိုးချိုးပြီး အဝတ်လဲခန်းထဲဝင်လာလိုက်သည့်အခါ သူ့အဝတ်များတန်းစီချိတ်ထားသည့်ဘက်ခြမ်းတွင် ဘောင်းဘီရှည်နှင့်ရှပ်လက်တိုတထည်ကိုအဆင်သင့်ပြင်ဆင်ပြီးချိတ်ထားပေးသည်အားတွေ့လိုက်ရလေသည်။

အထွေအထူးတွေးမနေတော့ပဲ Luhan ယူဝတ်လိုက်သည်။ ထုံးစံအတိုင်း ရေစက်လက်ဖြစ်နေသည့်ဆံပင်များကို တချက်နှစ်ချက်ဆွဲဖွပြီး အပေါ်ထပ်အခန်းထဲကထွက်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။

မီးဖိုချောင်ဘက်ကထွက်လာသည့်အနံ့မွှေးမွှေးကြောင့်Sehunဆိုသူက အလုပ်သွားပြီး အန်တီလီရောက်လာပြီအထင်နဲ့ Luhanမှာ မီးဖိုဘက်ဆီတက်ကြွသည့်ခြေလှမ်းများနှင့်သွားလိုက်ပါသော်လည်း ဝင်လာသည့်သူ့အားကျောပေးကာ မီးဖိုနားရပ်နေခဲ့သည့် Sehunကြောင့် Luhan ခြေလှမ်းတွေရပ်ကုန်ရသည်။

"လာထိုင်လေ……"

နောက်သို့လှည့်မကြည့်ပဲဆိုလိုက်သည့်အတွက် Luhanလန့်သွားရလေသည်။ ဟန်ကိုယ်ဖို့ကာချောင်းတချက်ဟန့်လျက် Sehunနားထိလျှောက်သွားလိုက်သည်။

အသားပြားများကိုဒယ်အိုးထဲဆီနည်းနည်းဖြင့်ကပ်ကြော်နေသည့်သူက အနားရောက်လာသည့်Luhanကိုလှည့်ပြုံးပြလေဖို့မမေ့ခဲ့။

စားပွဲပေါ်အဆင်သင့်ချထားပြီးဖြစ်သော ပေါင်မုန့်မီးကင်များ၊ ယိုများ ၊ ကြက်ဥကြော် ၊  ကော်ဖီခွက်များနှင့်အတူနို့ခွက်များကို Luhan တချက်လှည့်ကြည့်ပြီးSehunဘက်ပြန်လှည့်ကြည့်လိုက်သည်။

"ဘာစားချင်သေးလဲ ? ခေါက်ဆွဲပြုတ်စားဦးမလား ?instantမဟုတ်ဘူးနော် အန်တီလီထားပေးသွားတဲ့ဂျုံခေါက်ဆွဲတွေနဲ့ကြက်စွပ်ပြုတ်ရှိတယ် စားချင်ရင်ကိုယ်ပြုတ်ပေးမယ်လေ"

"အာ တော်ပါပြီ တော်ပြီ "

okလေလို့ဆိုပြီး အသားပြားများဆက်ကြော်သည်။

အိမ်ကထွက်မလာခင် မေမေကတော့မှာလိုက်ပါရဲ့။ လိမ်လိမ်မာမာနေရမယ်တဲ့ ။ Sehunကိုလည်း ဂရုစိုက်ပြီး သူဝန်မလေးအောင်နေရမယ်တဲ့။

ထို့အတွက်ကြောင့် Luhan ပါးစပ်လေးပိတ်ပြီးအနားမှာရပ်စောင့်နေလိုက်သည်။ Sehun က ရွှေညိုရောင်သမ်းလာပြီဖြစ်သည့်အသားပြားတွေကိုပန်းကန်ပြားတချပ်ထဲစီစီရီရီထည့်ပြီး နောက်လှည့်မည်ပြင်သည့်အခါ Luhanက Sehunလက်ထဲက ပန်းကန်ပြားကိုယူပြီး သွက်သွက်လက်လက်ဖြင့်စားပွဲပေါ်မှာတင်ထားလိုက်သည်။

ချက်နေတာတွေပြီးပြီထင်လျက် ထိုင်ခုံယူဆွဲထိုင်ပြီးထမင်းစားပွဲမှာLuhan အသင့်စောင့်နေလိုက်ပါသည်။

ခဏကြာသည့်နောက် Sehun က ဟင်းချိုပန်းကန်လုံးနှစ်လုံးကိုသယ်လာပြီး Luhanရှေ့မှာတပန်းကန်ချပေးလျက် စားပွဲထိပ်ကLuhan အသင့်ထုတ်ပေးထားသည့်ခုံမှာဝင်ထိုင်လိုက်သည်။

"ပြောင်းဖူးကော်ရည် ခင်ဗျားကြိုက်တယ်"

ကြက်ဥဖတ်လေးတွေနှင့်သကြားပြောင်းအဝါစေ့လေးတွေသာမျောနေသည့်ဟင်းရည်ပျစ်ပျစ်ကို Luhan တဇွန်းခပ်ပြီးအရင်သောက်လိုက်သည်။

"wow……မိုက်တယ်"

လက်မထောင်ပြီးခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည့်နောက် Sehunကပြုံးသည်။ ထို့နောက်မှာ ပေါင်မုန့်မီးကင်တွေကို ယိုတခြမ်း ထောပတ်တခြမ်းသုတ်ပြီးLuhan တကိုက် စားလို့ရရုံအနေတော်လှီးပေး၏။

ဟင်းရည်ကိုတဇွန်းပြီးတဇွန်းခပ်သောက်နေရင်းမှLuhan က Sehun လုပ်ကိုင်သမျှတွေကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေလေသည်။

"မနက်ဖြန်မနက်စာကို ကျွန်တော်ထလုပ်ပေးမယ်နော်"

"ဟင် ?? "

မထင်ထားသည့်စကားကိုကြားလိုက်ရသည့်နှယ် Sehunကအံ့သြစွာကြည့်လာသည်။ မပီမသပြုံးလိုက်သည်ကို မြင်ဖြစ်အောင်မြင်ပြန်သည့် Luhanက သူ့ကိုလှောင်ပါသည်ဟု ယူဆလေသည်။

"ကျွန်တော်လည်းမနက်စာလောက်တော့လုပ်တတ်ပါတယ် အထင်သေးလို့"

"မဟုတ်ပါဘူး ခင်ဗျားရဲ့ ကိုယ်က ခင်ဗျားလုပ်ပေးတဲ့မနက်စာကိုတခါမှမစားဖူးလို့ပါ"

"အမ် တခါဆို တခါမှမစားဖူးဘူးလား "

ဒီတခါအံ့သြရမည့်သူက Luhan ဖြစ်နေပြီး Sehunကတော့ ပြုံးလျက်သာခေါင်းခါသည်။ ပြီးနောက် ကော်ဖီကို ကြွေခွက်ထဲ လေးပုံသုံးပုံလောက်ထည့်ပြီးနွားနို့ထည့်လို့ မွှေလိုက်ကာ Luhan့နားတိုးပေးလိုက်သည်။

Luhanမှာတော့ တွေတွေငေးငေး။

တကယ်ပဲ သူ Sehunအတွက် မနက်စာတခါမှ
မပြင်ပေးခဲ့ဘူးလား ? ဒါဆိုရင်တော့ သူက အိမ်ထောင့်တာဝန် မကျေပွန်ဘူးပဲ ။ ဒီလိုရိုးရှင်းတဲ့ မနက်စာလေးတောင်မပြင်ပေးဖူးတာလေ။

"ခင်ဗျားက မနက်အစောကြီးထရတာမကြိုက်ဘူးလေ။နောက်ပြီး ကိုယ်ပြင်ပေးတဲ့မနက်စာမှမဟုတ်ရင်မစားဘူး။ အဲ့တော့ ကိုယ်ပဲပြင်ပေးဖြစ်တယ် အထွေထူးမှမဟုတ်ပဲ ။ ကော်ဖီလေးသောက်လိုက်ဦး"

ခပ်နွေးနွေးရှိနေသည့်ကော်ဖီကြွေခွက်ကို Luhanဘက်သို့တိုးပေးပြီးနောက် Sehunက မနက်စာစစားသည်။

ပြီးပြည့်စုံမှုဆိုတာရဲ့အဓိပ္ပာယ်ကို Sehun ဆိုသူဆီမှာအရိပ်အငွေ့လေး Luhan ဖမ်းမိနေပြီဖြစ်၏။

နှစ်ဦးသားငြိမ်ငြိမ်သက်သက်ဖြင့် မနက်စာစားကြရင်းတယောက်နဲ့တယောက် မသိအောင်လည်း ခိုးကြည့်ဖြစ်ကြသေးသည်။

Luhanမှာ ဟင်းချိုကိုအကုန်အစင်သောက်ပြီးသည့်နောက် စကားဆိုလာသည်။

"ဦးလေး အလုပ်မသွားဘူးလား ?"

ကော်ဖီသောက်နေရင်းနှင့်ပင် Sehunက မော့ ကြည့်သည်။ လက်ပေါ်မှာမေးလေးအသာတင်လျက် Sehunအဖြေကို Luhanကငဲ့လင့်နေသည်။

"ကိုယ်ဒီနေ့နားတယ်"

"ဟမ်……ကြားရက်ကြီးလေ"

"အင်း ခင်ဗျားနားမှာနေပေးချင်လို့"

မေးထောက်ထားမိသည့် Luhan့လက်လေး ဟန်ချက်ပြတ်ပြီး စားပွဲပေါ်က ပြုတ်ကျသည်။ အမှန်တိုင်းသာဆိုပေးလိုက်သည့် Sehun က Luhanဘာကြောင့်ချက်ချင်းကြီးထထွက်သွားရသလဲမသိလိုက်။

မနက်စာစားပြီးသားပန်းကန်တွေကိုတော့ Sehunသာဆေးလိုက်ရလေသည်။

……^……

' ဟယ်လို မေမေလား ? '

အန်တီလီရောက်လာသည့်အခါ Sehun နှင့် Luhanတို့ နှစ်ယောက်သား အပေါ်တက်ခဲ့ကြသည်။ ကုတင်ဘေးနားမှာရှိနေသည့် ကြိုးဖုန်းကို သတိထားမိနေသည့်Luhanက မေမေ့ဆီဖုန်းဆက်ချင်ကြောင်းSehunကိုခွင့်တောင်းသည်။ Sehunမှာ ခင်ဗျားကြိုက်တာလုပ်ပါ လို့ပြောပြီး စာအုပ်စင်တွေရှိရာဘက်ဆီလျှောက်သွားသည့် နောက် Luhanက အချိန်မဆိုင်းတော့ပဲ မေမေ့ဖုန်းကိုခေါ်လိုက်လေသည်။

' သားငယ် ဖုန်းတွေဘာတွေဆက်လို့ပါလား '

' သား မေမေ့ကိုလွမ်းလို့ '

အသံတို့ချွဲလျက်ပြောမိကာမှ Sehunကြားသွားလေမလား စဉ်းစားမိပြီး မနည်းပါးစပ်ပြန်ပိတ်ရသည်။

အရှက်တွေကွဲရချည်ရဲ့နော် -

'အမလေး ချွဲစိန်လေး ကိုယ့်ယောကျာ်းကိုချွဲပါတော်။ဒီအမေကြီးကိုချွဲလို့ကတော့ဘာမှမရဘူး '

'ဟာ မေမေကလဲဗျာ '

ငြူစူသွားသည့် Luhanလေသံကြောင့် မေမေက
သည်းလှိုက်စွာရယ်မောသည်။

မိနစ်တော်တော်များများ မေမေနှင့် ဖုန်းပြောကာ အလွမ်းသယ်လိုက်ပြီးသည့်နောက် ဖုန်းချခါနီးမှာပင် မေမေကSehunကိုဂရုစိုက်ဖို့မှာသွားလိုက်ပါသေးသည်။

"သူ့သားမက်ကိုပဲစိတ်ပူနေတော့တာပဲ "

မကျေမချမ်းနဲ့ Luhanလေးဟာကြိုးဖုန်းကိုဖုန်းခွက်ပေါ်တင်လိုက်ပြီး ကုတင်ပေါ်ကနေထရပ်လိုက်သည်။

ဖုန်းမပြောခင်က မြင်လိုက်ရသည်မှာ Sehun က
စာအုပ်စင်တွေနားလျှောက်သွားသည်ဖြစ်တာမို့ Luhanလည်းထိုနေရာထိလျှောက်လာလိုက်သည်။

စာအုပ်စင်နောက်မှာ ယှဉ်လျက်ထားသည့် စားပွဲနှစ်ခုအနက် တစ်ခုံတွင်ထိုင်ပြီး Sehunက စာဖတ်နေသည်။

မှန်ပြတင်းကွက်တွေကိုဖြတ်လာသည့် နေရောင်က သဘာဝမီးရောင်ဖြစ်ပေးနေသည်။

ယခုမှပင် ဒီအဝန်းဝိုင်းလေး၌ လျှပ်စစ်ဖန်မီးအိမ်မရှိသည့်အကြောင်းကိုနားလည်ရသည်။ နေ့ဘက်ဆိုလည်း နေအလင်းရောင်ရပြီး ညဘက်ဆိုလည်း လအလင်းရောင်ကိုကောင်းကောင်းရနေသောကြောင့် မီးအိမ်မလာတာဖြစ်လိမ့်မည်။

"ခင်ဗျားကို ဖုန်းတလုံးလောက်ဝယ်ပေးရဦးမယ်"

"ဖုန်း ? ကြိုးဖုန်းလား "

Sehun မှာ စာဖတ်နေရာမှရပ်သွားပြီး Luhan
ကိုမော့ကြည့်သည်။ စားပွဲခုံစွန်းကိုလက်ထောက်လျက် ရပ်နေသည့် Luhan ပုံစံလေးက အရာအားလုံးကိုနားမလည်သလို ပကတိဖြူစင်လို့နေသည်။

"ဟန်းဖုန်းပါ ခင်ဗျားအရင်ဖုန်းက မတော်တဆမှုတုန်းကပျောက်သွားလို့လေ"

"အာ……"

အမှန်တော့ Luhan သိထားသည့် ဖုန်းက ကြိုးဖုန်းရယ် ၊ နောက် ကျောင်းက လူချမ်းသာသားသမီးတွေကိုင်သည့် ခေါက်ဖုန်းလေးတွေရယ်သာဖြစ်သည်။

ထို့အတွက်ကြောင့် Sehun ပြလာသည့် ဖုန်းကို
Luhanမှာကိုင်ကြည့်ပြီး သဘောကျနေလေ၏။

"အယ် passwordခံထားတယ်"

Luhanမှာ ဖုန်းကိုပြန်ထိုးပေးလိုက်ပါသော်လည်း
Sehunကစာဖတ်မပြတ်ပဲ

"ခင်ဗျား လက်ဗွေရာနှိပ်လိုက်လေ ရှေ့မျက်နှာပြင်ကို"

ဖြတ်ကနဲပွင့်သွားသည့် ဖုန်းကြောင့် Luhanမှာ
လန့်တောင်သွားသည်။ password ခံထားသည့်
Sehunဖုန်းကို သူဘာကြောင့်ဖွင့်ရသလဲ မသိပေမဲ့သူများဖုန်းကို ယူကြည့်တာမကောင်းထင်မိ၍ Luhanကဖုန်းကိုစားပွဲပေါ်ပြန်တင်ပေးလိုက်သည်။

"အချိန်မရွေးဖွင့်လို့ရအောင် အစတည်းက
ခင်ဗျားfingerprintပါထည့်ပေးထားလိုက်တာ"

"အင်းပါ ဘယ်သူကမေးလို့လဲ ?"

"ကိုယ်က လျှို့ဝှက်ထားတာတွေမရှိဘူးလို့ ပြောချင်တာပါ"

Luhan လှည့်ထွက်သွားလိုက်ပြီး မှန်ပြတင်းပေါက်တံခါးကိုဖွင့်လို့ဝရံတာဘက်ထွက်လိုက်သည်။

တလုံးတည်းခံစားလိုက်ရသည့်လေက သူ့မျက်နှာကအပူကိုလျော့မသွားစေခဲ့ပါ။ ဝရံတာလက်ရန်းပေါ် လက်တင်ပြီး ဟိုဟိုဒီဒီကြည့်နေရင်းမှနေ မျက်လုံးထဲဝင်လာသည့် နှင်းဆီခြုံတွေကိုသွားတွေ့သည်။

ဝမ်းသာအားရနှင့်နောက်သို့လှည့်လိုက်သည့် နောက်သူ့ကိုကြည့်နေသည့် Sehun မျက်ဝန်းတွေနှင့်တိုးပြန်သည်။

"အဟမ်း………ကျွန်တော် အောက်ဆင်းကြည့်လို့ရမလား ?"

"ရတာပေါ့ ကိုယ်လိုက်ပို့ပေးမယ်"

Sehun ကဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ထရပ်သည်။

နှစ်ယောက်လုံး အပေါ်ထပ်ကနေဆင်းလာသည့်အချိန်အန်တီလီမှာ မီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေသည်။

Sehunက ရှေ့ကနေ ဦးဆောင်သွားပြီး Luhan
ကနောက်ကနေ လိုက်လို့ ဧည့်ခန်းကျယ်ကြီးကိုဖြတ်ခဲ့ကြသည်။

အိမ်အပြင်ဘက်ရှိ ဆင်ဝင်အောက် ကိုရောက်သည့်အခါတွင် Sehunက Luhan့ကိုတချက်ငဲ့ကြည့်သည်။

ထို့နောက် ဆင်ဝင်အောက်ကနေထွက်ပြီး မြက်ခင်းစိမ်းပေါ်ကိုခြေချသည်။

ဥယျာဉ်မှူးတယောက် စနစ်တကျပျိုးထားမှန်းသိသာသည့်လက်ရာက ပန်းတွေကိုပိုလှစေသည်။

ရာသီမဟုတ်သေး၍ ပန်းမပွင့်သေးသည့်အပင်လေးများအားစိမ်းစိမ်းလေးတွေ့ရသည်။ တချို့ကိုရောင်စုံတွေ့ရသည်။

တနေရာအရောက်မှာတော့ တခြားသောနှင်းဆီတွေနဲ့မတူ တမူထူးနေသည့် နှင်းဆီပင်တွေကို Luhanအံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။

မက်မွန်ရောင်ပန်းလေးများသည် ရှားပါးမျိုးမှန်းသိသာလှစွာနှင့် ရနံ့မှာလည်း တော်ဝင်ဆန်ဆန်ဖြင့် ဝံ့ထည်နေသည်။

Luhan အနားသို့သာ တိုးကပ်ကြည့်မိသည့်အခါ
Sehunသည်လည်း အနားသို့ရောက်လာသည်။

"Juliet Roseတဲ့ အရှားပါးဆုံးနဲ့ တန်ဖိုးအမြင့်ဆုံး
မျိုးစိတ်တွေထဲကတခုပေါ့"

"Juliet Rose ?? "

"အင်း"

Sehun ကခေါင်းညိမ့်ပြပြီး နှင်းဆီတွေကိုပြုံးကြည့်နေသည့် Luhanအားငေးနေလေသည်။

တန်ဖိုးကြီးသည်ဆိုသောအသိကြောင့် မထိတထိဖြစ်နေရသူက Luhanဖြစ်သည်။

"ခင်ဗျားရယ်လေ Romeo Juliet ကို ပြဇာတ်
ကြည့်မိပြီး ကိုယ့်ကိုပူဆာခဲ့တာ ။ အဲ့အပင်ကအရမ်းရှားတာပဲ ကိုယ့်မှာ အနောက်နိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံပတ်မှာရတယ် နောက် တွေ့ပြန်တော့လဲမပျိုးတတ်ရင် သေမှာဆိုးလို့ ဥယျာဉ်မှူးတယောက်ငှားရပြန်တယ် "

လှမ်းဖို့ကြံနေသည့် Luhanလက်လေးရုတ်သွားရပြီးSehunကိုမဝံ့မရဲမော့ကြည့်ရှာသည်။

သူမမှတ်မိသည့်ကိစ္စတွေပေမဲ့ သူ Sehun အပေါ်အရမ်းဆိုးနေခဲ့တာမဟုတ်ဘူးလားဟင် ?

"ဒီလောက်ထိ အောင်အောင်မြင်မြင်ဖြစ်လာပြီး နှစ်တိုင်းလှလှလေးပွင့်လာတာမြင်တော့ ကိုယ့်မှာ ကျေနပ်ရတာပဲ ခင်ဗျားကသိပ်သဘောကျတာကို"

Sehun မျက်လုံးတွေထဲကို ကြည့်လိုက်ရုံဖြင့် သူ
ဘယ်လောက်ထိကြည်နူးနေခဲ့သလဲ သိနိုင်သည်။
ဖြည့်ဆည်းပေးနေရရင် ပျော်ရွှင်နေတတ်သည့် လူတယောက်၏မျက်ဝန်းတွေဖြစ်ခဲ့သည်။

Luhan နှင်းဆီတွေကိုလည်း မကြည့်မိတော့ပါပဲ
Sehunကိုသာ မော့လို့ကြည့်တယ်။

"တကယ်ပဲ ကျနော် တော်တော်ဆိုးခဲ့တယ်မလား
ဟုတ်တယ်မလား ?"

ရုတ်တရတ်ကြီးထွက်လာသည့်အမေးစကားကို
Sehunက ခဏလေးတောင်မစဉ်းစားပဲ မဆိုင်းမတွဖြေပါသည်။

"ဟင့်အင်း ခင်ဗျားကမဆိုးပါဘူး ကိုယ်ကတော့
အလိုလိုက်လို့တောင်မဝဘူး"

ပြောရင်းဆိုရင်း Luhanနဖူးစပ်ပေါ် နေ ရောင်ထိုးလာသဖြင့် Sehun ကလက်နှင့်ကာပေးပြီး နေရောင်သိပ်မမိအောင်အိမ်ထဲပြန်ဝင်ကြဖို့ဆိုလာသည်။

ဥယျာဉ်ထဲမှာ သိမ်မွေ့သည့်ရနံ့တွေဖြင့်
ဂျူးလိယက်စ်နှင်းဆီတွေ ကျန်ခဲ့လေသည်။


ပန်းတပွင့်သာဆို ခင်ဗျားက
ဂျူးလိယက်စ်နှင်းဆီပဲ
ကိုယ့်အတွက် တန်ဖိုးအကြီးဆုံးနဲ့
အရှားပါးဆုံးပေါ့

° The years I have loved him °

To Be ConTinued………

Continue Reading

You'll Also Like

52.6K 3.2K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
14.5K 758 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...
134K 11.1K 32
Relationship between Richest Kid or Highest boss and Ordinary boy. Ordinary boy... No, he is not ordinary people since he is one and so special for m...
88.9K 5.6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥