Unicode
“သခင်မလေး.. မတွေ့ပါဘူး” အစေခံတစ်ဦးသည် အိုးယန်မင်ယွဲ့အနီးသို့ ရောက်လာပြီး စကားပြောသည်။
အိုးယန်မင်ယွဲ့က သက်ပြင်းချလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ “ဒါဆို ထားလိုက်တော့” ဟုပြောလိုက်သည်။
“အိုးယန်သခင်မလေး.. မင်း ဘာကိုရှာနေတာလဲ” ရှောင်ကျင့်ထျင်က စိတ်ဝင်တစား မေးသည်။
အိုးယန်မင်ယွဲ့သည် ပခုံးတွန့်ကာ ပြောလေ၏။
“ကြယ်မြို့တော်မှာ ဆေးလုံးတွေ မကြာခဏရောင်းတတ်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရှိတယ်လို့ ငါကြားတယ်။ အစပိုင်းမှာတော့ ရိုးရိုးဆေးအချို့ကို ရောင်းချခဲ့ပေမယ့် နောက်ပိုင်းမှာ အဆင့်ပိတ်ဆို့မှုတွေကို ဖောက်ဖျက်နိုင်တဲ့ ဆေးလုံးတွေကိုလည်း ရောင်းချခဲ့တယ်။ ပြီးတော့ သူက ကြာပွင့်ဆေးလုံးတစ်သုတ်ကိုလည်း ရောင်းချခဲ့သေးတယ်။ အဲဒီလူက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့အင်အားကို ဘယ်သူကမှ မသိကြဘူး။ ငါသူ့ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ ဒီကို ရောက်လာတာပါ”
ရှောင်ကျင့်ထျင် “...” အိုးယန်မင်ယွဲ့က အခု သူနဲ့ ရွှီမုရန် အကြောင်း ပြောနေတာလား?
“အဲဒီ အဂ္ဂိရတ်ပညာရှင်က ကြာပွင့်ဆေးလုံးကိုတောင် သန့်စင်နိုင်တဲ့အတွက် သူ့မှာ အဂ္ဂိရတ်နည်းပညာကောင်းတွေ ရှိရမယ်။ ဒါ့အပြင် သူက သူ့ရဲ့ အထောက်အထားကို ထုတ်ဖော်ချင်ပုံမရတာကြောင့် သူ့ကို ခေါ်ယူဖို့ဆိုတာ မလွယ်ပါဘူးလေ” အိုးယန်မင်ယွဲ့သည် အလွန်နှမျောစရာကောင်းသည်ဟု ခံစားမိသည်။
ရှောင်ကျင့်ထျင် “....” အဂ္ဂိရတ်ပညာရှင်တိုင်း ရဖို့မလွယ်တဲ့ ဝိညာဉ်ဆေးပင်အမြောက်အမြားကို ပိုင်ဆိုင်ထားသည်။ အဂ္ဂိရတ်ပညာရှင်အများစုသည် ၎င်းတို့နောက်တွင် ကြီးမားသော စွမ်းအားအထောက်အပံ့ရှိကြပြီး စွမ်းအားမရှိသော အဂ္ဂိရတ်ပညာရှင်များသည် အလွန်ရှားပါသည်။ သူ့လက်ထဲမှာ ဆေးပင်အမြောက်အမြား ပေါက်နိုင်တဲ့ ကျောက်စိမ်းဆွဲသီး နေရာလွတ်သာမရှိရင် သူ့ရဲ့ အဂ္ဂိရတ်ပညာဟာ လက်ရှိအဆင့်ကို ရောက်နိုင်မည်မဟုတ်ပါချေ။
“အဲဒီ အဂ္ဂိရတ်ပညာရှင်ကို ရှာနေတဲ့သူတွေ အများကြီးရှိတာလား?” ရှောင်ကျင့်ထျင် က မေးသည်။
အိုးယန်မင်ယွဲ့က ခေါင်းယမ်းလိုက်ပြီး “အရင်က သိပ်မများပေမယ့် အဲဒီအဂ္ဂိရတ်ပညာရှင်က မကြာသေးမီက ကြာပွင့်ဆေးလုံးတွေကို အများကြီး ရောင်းချခဲ့တယ်။ ဒါကြောင့် အခု သူ့ကိုရှာတဲ့လူတွေ ပိုများလာတာ” ကြာပွင့်ဆေးလုံးသည် ချီကျင့်ကြံခြင်း၏ နဝမအဆင့်သို့ ဖြတ်ကျော်ရန် ကူညီပေးနိုင်သည်။ အိုးယန်မင်ယွဲ့က အရမ်းစိတ်လှုပ်ရှားနေပေမယ့် သူမ ဝယ်ဖို့ကြံနေတဲ့အချိန်မှာပဲ ဆေးလုံးအားလုံးရောင်းကုန်သွားလေပြီ။
ရှောင်ကျင့်ထျင် မျက်ခုံးပင့်လိုက်သည်။ အုတ်မြစ်ချတည်ဆောက်ခြင်းဆေးကို သန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင်များကို စုဆောင်းရန် ကြာပွင့်ဆေးလုံး တစ်သုတ်ကို ရောင်းချခဲ့ရသည်။ သို့သော် ရလဒ်အနေနဲ့ ယခုအခါ သူတို့သည် ပစ်မှတ်ထားခံနေရပြီဖြစ်သည်။ ကံကောင်းထောက်မစွာ၊ အရာအားလုံးကို ရောင်းချပြီးသွားလေပြီ။ ဝိညာဉ်ကျောက်တုံးများကိုလည်း သူ့နာမည်နဲ့ အပ်ထားပြီးသားဖြစ်သည်။ ကြာပွင့်ဆေးလုံး ရှစ်ခုက သူ့ကို ဝိညာဉ်ကျောက်တုံး ၃၂၀ ရရှိစေတဲ့အတွက် ကြာပွင့်ဆေးလုံးတွေက ငွေအများကြီးတန်သည်ဟု ဆိုရပေမည်။
“အဲဒီ အဂ္ဂိရတ်ပညာရှင်က အရမ်းသတိကြီးတယ်။ လူတော်တော်များများက သူ့ကို ရှာနေကြပေမယ့် မတွေ့နိုင်သေးဘူး” အိုးယန်မင်ယွဲ့က ပြောသည်။
ရှောင်ကျင့်ထျင် “....” ‘သူ့ကို ရှာမတွေ့ဘူးလား? အဆင်ပြေပါတယ်! သူ့ကိုတွေ့ရင် ကြီးမားတဲ့ပြဿနာရှိလိမ့်မယ်’
“အိုးယန်သခင်မလေး တိမ်တိုက်စိမ်းအမတဂိုဏ်းနယ်မြေကို ဘယ်လိုသွားရမလဲ သိလား?” ရှောင်ကျင့်ထျင်က အကြောင်းအရာပြောင်းပြီး မေးလိုက်သည်။
အိုးယန်မင်ယွဲ့က ရှောင်ကျင့်ထျင်ကို အံ့ဩစွာ ကြည့်ပြီး “မင်းက တိမ်တိုက်စိမ်းအမတဂိုဏ်းကို သွားချင်တာလား?”
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “ဟုတ်တယ်! ရှောင်ဖန်က တိမ်တိုက်စိမ်းအမတဂိုဏ်းကို ပါသွားတဲ့အတွက် အမြဲတမ်း စိတ်မသက်မသာဖြစ်မိပြီး လိုက်သွားကြည့်ချင်လို့ပါ”
“မင်း စိတ်ပူစရာ မလိုပါဘူး။ ရှောင်ရှောင်ဖန်က အမတဂိုဏ်းထဲဝင်သွားတဲ့အခါ အိုးယန်မိသားစုဆီက သတင်းရခဲ့တယ်။ သူက ရွှေအမြုတေကျင့်ကြံသူရဲ့ တန်ဖိုးထားခြင်းကိုခံရပြီး ဘဝကို ကောင်းမွန်စွာနေထိုင်နေပါတယ်တဲ့” အိုးယန်မင်ယွဲ့က ပြောသည်။
အိုးယန်မင်ယွဲ့စကားကိုကြားတော့ ရှောင်ကျင့်ထျင်က သက်ပြင်းတစ်ချက်ချပြီး “ဒါကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်သွားကြည့်ချင်သေးတယ်” လို့ပြောလိုက်သည်။
အိုးယန်မင်ယွဲ့က ခဏ တွေးလိုက်ပြီး နောက်ဆုံးမှာ “မင်းသွားချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး” လို့ပြောလိုက်သည်။
ရှောင်ကျင့်ထျင်က အိုးယန်မင်ယွဲ့ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ မေး၏။ “နည်းလမ်းရှိတယ်လား? အိုးယန်သခင်မလေးဆီမှာ နည်းလမ်းရှိရမယ်ဆိုတာ ကျွန်တော်သိတယ်!”
“တိမ်တိုက်စိမ်းအမတဂိုဏ်းနဲ့ မြေရိုင်းတိုက်ကြီး ကြားမှာ ခရီးသွားတဲ့ ကုန်သည်သင်္ဘောတစ်စင်းရှိတယ်။ မင်းဈေးတတ်နိုင်သရွေ့ အဲဒီကုန်သည်သင်္ဘောက မင်းကို တိမ်တိုက်စိမ်းအမတဂိုဏ်းဆီ ခေါ်ဆောင်သွားပေးလိမ့်မယ်”
“မြေရိုင်းတိုက်ကြီးမှာ ကုန်နဲ့ ပစ္စည်းတွေ ပြတ်လပ်နေတော့ ကုန်သည်သင်္ဘောက ပုံမှန်အားဖြင့် နှစ်နှစ်ကနေ သုံးနှစ်ကြား လာလေ့မရှိဘူး။ ကုန်သည်သင်္ဘောက ဒီကို နောက်ဆုံးအကြိမ် လာခဲ့တာ လွန်ခဲ့တဲ့ နှစ်လလောက်ကဖြစ်ပြီး အခု ပြန်ထွက်သွားပြီးပြီ။ ရှောင်သခင်လေး.. မင်း ဒီကုန်သွယ်သင်္ဘောကို စီးချင်ရင် နှစ်နှစ်၊ သုံးနှစ်လောက် ထပ်စောင့်ရလိမ့်မယ်”
“ပြီးတော့ ဈေးကလည်း မနည်းဘူး။ လူတစ်ယောက်အတွက် ဈေးက ဝိညာဉ်ကျောက်တုံးတစ်ထောင်လောက်ရှိတယ်။ ရှောင်သခင်လေးက.. မင်းနဲ့အတူ လူဘယ်နှစ်ယောက်လောက် ခေါ်သွားဖို့ စီစဉ်ထားတာလဲ?”
“ဒီလောက်ဈေးကြီးတာလား?” ဝိညာဉ်ကျောက်တုံးတစ်ထောင်! သို့သော် သူအများဆုံးတတ်နိုင်သမျှမှာ ဝိညာဉ်ကျောက်တုံးငါးရာသာဖြစ်သည်။
အိုးယန်မင်ယွဲ့က ခေါင်းညိတ်ပြီး “ဟုတ်တယ်! မြေရိုင်းတိုက်ကြီးကနေ တိမ်တိုက်စိမ်းအမတဂိုဏ်းကို ဆည်းဆာပင်လယ်ကိုဖြတ်ပြီး ရွက်လွှင့်ဖို့ နှစ်လကြာတယ်။ လမ်းခရီးမှာ အန္တရာယ်မျိုးစုံကို ကြုံတွေ့ရနိုင်တာကြောင့် ဘေးကင်းစေဖို့အတွက် ရွှေအမြုတေအဆင့်ကျင့်ကြံသူကို သင်္ဘောပေါ်မှာ ငှားရမ်းထားတာလေ။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ.. အဲဒါကို တွေးကြည့်ရင် ဒီဈေးက သိပ်မမြင့်ဘူးဆိုတာ တွေ့ရတယ်”
ရှောင်ကျင့်ထျင်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ ဈေးက မမြင့်ပေ.. သို့သော် သူ့တွင် ထိုမျှလောက်သော ဝိညာဉ်ကျောက်တုံးများ မရှိပေ။ ကံကောင်းထောက်မစွာ၊ ကုန်သည်သင်္ဘောသည် နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ်သာ အသွားအပြန် လုပ်နေသောကြောင့် သူ့တွင် ဝိညာဉ်ကျောက်တုံးများရှာရန် အချိန်အလုံအလောက်ရှိသေးသည်။ ယခုအခါ သူ၏ ထိပ်တန်းဦးစားပေးမှာ အုတ်မြစ်ချတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံဆင့် တိုးတက်လာတာနဲ့အမျှ ဝင်ငွေရှာဖို့ ပိုလွယ်လာလိမ့်ပေမည်။
“အိုးယန်သခင်မလေး သင်္ဘောတစ်စင်းရောက်လာရင် ကျွန်တော့်ကို သတင်းပေးလို့ရမလား” ရှောင်ကျင့်ထျင်က မေးသည်။
အိုးယန်မင်ယွဲ့က ခေါင်းညိတ်ပြီးပြော၏။
“သိပ်ရတာပေါ့! ရှောင်သခင်လေး.. အိုးယန် မိသားစုနဲ့တိမ်တိုက်စိမ်းအမတဂိုဏ်းက အခါအားလျော်စွာ သတင်းဖလှယ်ကြတာကြောင့် သတင်းရတာနဲ့ မင်းကို အကြောင်းကြားမယ်!”
အိုးယန်မင်ယွဲ့က ‘ရှောင်ရှောင်ဖန် ဂိုဏ်းထဲဝင်လာတာနဲ့သူ့ကို ရွှေအမြုတေအဆင့်ကျင့်ကြံသူက တပည့်အဖြစ် လက်ခံလိုက်ပြီ။ ဒါပေမယ့် ကျင်းယွဲ့ ရဲ့ စွမ်းဆောင်ရည်ကတော့ အလယ်အလတ်ပဲရှိတယ်’ ဟု တွေးလိုက်သည်။
တိမ်တိုက်စိမ်းအမတဂိုဏ်းတွင် ပြိုင်ဆိုင်မှုသည် ပြင်းထန်ခဲ့ပြီး ဂိုဏ်းတွင်းရှိ အခြေအနေများက ပိုမိုရှုပ်ထွေးလာစေသည်။ ရှောင်ရှောင်ဖန်နှင့် သူမ၏ ခင်မင်ရင်းနှီးမှုကြောင့် အိုးယန်ကျင်းယွဲ့သည် ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ခဲ့သည်။ ရှောင်ရှောင်ဖန်သည် ထူးခြားကြောင်းကို သတိပြုမိပြီး နောက်ပိုင်းတွင် အိုးယန်မင်ယွဲ့သည် ညီမဖြစ်သူ၏ အမြင်ကို အမှန်တကယ် သဘောကျခဲ့သည်။
အိုးယန်ကျင်းယွဲ့၏ အဆိုအရ ရှောင်ရှောင်ဖန်သည် ရှောင်ကျင့်ထျင်နှင့် အခြားသူများအပေါ် အလွန်အမင်း စိတ်ပူခဲ့သည်။ အိုးယန်မိသားစုက ရှောင်ကျင့်ထျင်နဲ့ မိသားစု၏ သတင်းများကို ရှောင်ရှောင်ဖန်ဆီ ပို့ပေးနိုင်ပါက အိုးယန်ကျင်းယွဲ့နဲ့ ရှောင်ရှောင်ဖန်တို့ရဲ့ ဆက်ဆံရေးကလည်း ပိုနီးစပ်လာမည်ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ် အိုးယန်သခင်မလေး” ရွှီမုရန်သည် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော်လည်း ရှောင်ရှောင်ဖန်အကြောင်း အိုးယန်မင်ယွဲ့၏ ပြောကြားချက်ကို နားထောင်ရင်း နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
အိုးယန်မင်ယွဲ့က ပြုံးပြီး “ကိစ္စမရှိပါဘူး”
“ရှောင်သခင်လေး.. မင်း တိမ်တိုက်စိမ်းတိုက်ကြီးကိုသွားဖို့ ဆုံးဖြတ်ပြီးပြီလား?” အိုးယန်မင်ယွဲ့က မေးသည်။
ရှောင်ကျင့်ထျင်က လေးနက်စွာ ခေါင်းညိတ်ပြီး “ဟုတ်တယ်”
“တိမ်တိုက်စိမ်းတိုက်ကြီးက အရင်းအမြစ်တွေ ကြွယ်ဝတယ်။ ဒါပေမယ့် နယ်မြေကို အင်အားကြီးနိုင်ငံတွေနဲ့ ခွဲဝေထားတယ်လို့ ကြားတယ်။ အရင်တုန်းက မြေရိုင်းတိုက်ကြီးက လာတဲ့သူတွေ အကုန်လုံးက အဲဒီမှာ အခက်တွေ့ကြရတယ်” အိုးယန်မင်ယွဲ့က သူ့ကို သတိပေးလိုက်သည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “မင်းရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်”
…
“သခင်မလေး၊ လေလံပွဲစတော့မယ်။” အစောင့်တစ်ဦးသည် အိုးယန်မင်ယွဲ့ထံသို့ ချဉ်းကပ်လာသည်။
အိုးယန်မင်ယွဲ့က ရှောင်ကျင့်ထျင်နဲ့ ရွှီမုရန် ဘက်ကိုလှည့်ပြီး “ငါအရင်သွားတော့မယ်”
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “သခင်မလေး ကျေးဇူးပြုပြီး အရင်သွားပါ”
ရွှီမုရန်သည် အိုးယန်မင်ယွဲ့၏နောက်ကျောကိုကြည့်ပြီးနောက် ရှောင်ကျင့်ထျင်အား “ငါတို့လဲသွားရအောင်”
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုသည်။
အပေါ်ထပ် သီးသန့်ခန်းများကို အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူများ သိမ်းပိုက်ထားပြီး ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့က လစ်လပ်သော ထိုင်ခုံများကို တစ်နေရာရာမှာ ရှာတွေ့ခဲ့သည်။
လေလံပလက်ဖောင်းကိုကြည့်ရင်း ရှောင်ကျင့်ထျင်၏ မျက်လုံးများ တောက်ပလာသည်။ “ဒီလေလံအိမ်က တကယ့်ကို ချမ်းသာပြီး တန်ဖိုးကြီးတယ်!”
ရွှီမုရန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” လေလံပွဲစင်အား အမှန်တကယ်တွင် ဝိညာဉ်ကျောက်များနှင့် ညပုလဲများစွာဖြင့် အလှဆင်ထားပြီး တောက်ပြောင်လှပကာ ဇိမ်ရှိလှသည်။ ၎င်းတို့သည် လုယက်ခံရမှာကိုတောင် မကြောက်ကြပေ။
……
ရှောင်ရှောင်ကျင့်က သူ့နို့ဘူးကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း အခြားလက်တစ်ဖက်ကို စားပွဲဆီ ဆန့်လိုက်သည်။ သူသည် လေလံစားပွဲမှ ဝိညာဉ်ကျောက်တုံးများကို ကောက်ကိုင်နေသလိုမျိုး သူ့လက်ကလေးကို ဖြန့်လိုက် ဆုတ်လိုက် လုပ်နေလေ၏။
ရှောင်ရှောင်တုန်သည် လက်တစ်ဖက်ဖြင့် ရှောင်ရှောင်ကျင့်ကို ထိန်းထားပြီး ကျန်တစ်ဖက်ဖြင့် ရှောင်ရှောင်ကျင့်ရဲ့ ပါးစပ်ကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
“လေလံပွဲမှ ကြိုဆိုပါတယ်။ ရှင်တို့အားလုံးကို ဒီမှာတွေ့ခွင့်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်” ချစ်စရာကောင်းတဲ့ ကျင့်ကြံသူ အမျိုးသမီးတစ်ယောက် ထွက်လာ၏။ သူမသည် ပိုးသား၀တ်စုံကို ၀တ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိသည်။ သူမ ထွက်လာသည်နှင့် တပြိုင်နက် လူအပေါင်းသည် သူမထံမှ မျက်လုံးမခွာနိုင်တော့ပေ။
ရွှီမုရန်က မျက်မှောင်ကြုတ်ပြီး “အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူ” လို့ပြောလိုက်သည်။
ရှောင်ကျင့်ထျင်က မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ‘ကြယ်မြို့တော်မှာရှိတဲ့ လေလံအိမ်က တကယ်ကို အားကောင်းတာပဲ။ လေလံပွဲတာဝန်ခံကတောင် အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူပါလား’ ဟု တွေးလိုက်မိ၏။
“စကားအများကြီးမပြောတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ပထမဆုံးပစ္စည်းဖြစ်တဲ့ အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးကို စတင်ရောင်းချပါရစေ။ အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးရဲ့ လုပ်ဆောင်ချက်ကို လူတိုင်းနားလည်တယ်လို့ယုံကြည်တာကြောင့် ထပ်ပြောမနေတော့ပါဘူး။ ဒီဆေးလုံးရဲ့ဈေးကိုတော့ ဝိညာဉ်ကျောက်တုံးသုံးရာကနေ စခေါ်လိုက်ပါတယ်!”
“လေးရာ”
“ငါးရာ”
“..…”
“ရှစ်ရာရှစ်ဆယ်”
“တစ်ထောင်”
“..…”
ရှောင်ကျင့်ထျင်က တံတွေးမျိုချလိုက်ပြီး ရွှီမုရန်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။ “အရမ်းစျေးကြီးတယ်”
ရွှီမုရန်က ရယ်ပြီး “ဒါက မထူးဆန်းပါဘူး”
ချီကျင့်ကြံခြင်း နဝမအဆင့် ကျင့်ကြံသူအချို့သည် အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးအတွက် ဘာမဆိုလုပ်နိုင်သည်။ ခိုင်ခံ့သော အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူ ရှိစေရန်အတွက် အချို့သော မိသားစုများသည် ၎င်းတို့၏ မိသားစုပိုင်ဆိုင်မှုများကို အသုံးချရန် ဆန္ဒရှိကြသည်။ အိုးယန်မိသားစုကဲ့သို့ အင်အားစုများအတွက်၊ အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူ နောက်ထပ်တစ်ဦးရှိခြင်းသည် ပိုမိုတည်ငြိမ်သောအနေအထားကို ဆိုလိုပါသည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “မှန်တယ်” လို့ပြောလိုက်သည်။ ပထမဆုံးထုတ်သည့် အုတ်မြစ်ချတည်ဆောက်ခြင်း ဆေးပြားသည် ဝိညာဥ်ကျောက်တုံးတစ်ထောင့်နှစ်ရာနှင့် ရောင်းထွက်သွားပြီး လေလံပွဲသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
“နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ကျင့်ကြံသူရဲ့ သက်တမ်းကို ငါးနှစ်ကနေ ဆယ်နှစ်အထိ သက်တမ်းတိုးပေးနိုင်တဲ့ သက်ရှည်အသီးပါ” လေလံပွဲတာဝန်ခံ အမျိုးသမီးက ဆက်ပြောသည်။
သက်ရှည်အသီး ထွက်လာသည်နှင့် တပြိုင်နက် အခန်းတွင်းရှိ အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူများမှ စတင်၍ လေလံဆွဲကြသည်။ အုတ်မြစ်ချတည်ဆောက်ခြင်းကျင့်ကြံသူများ၏ သက်တမ်းမှာ အနှစ် ၂၀၀ ရှိသော်လည်း ကျင့်ကြံသူများအတွက် တိုတောင်းနေသေးသည်။ အသက်ကြီးလာသည်နှင့်အမျှ သေခြင်းတရားကို ပို၍ကြောက်ရွံ့လာကြ၏။ နောက်ဆုံးတွင် သက်ရှည်သစ်သီးသည် ဝိညာဉ်ကျောက်တုံး ၃၈၀ ဖြင့် ရောင်းထွက်ခဲ့သည်။
ရှောင်ကျင့်ထျင်သည် မသိစိတ်က တံတွေးမျိုချလိုက်သည်။
ရှောင်ရှောင်တုန်က ရှောင်ကျင့်ထျင်ကိုကြည့်ဖို့ ခေါင်းကို စောင်းလိုက်ပြီး “ဖေဖေ၊ ဖေဖေက အရမ်းစိတ်လှုပ်ရှားနေတာပဲ!”
ရှောင်ကျင့်ထျင်က သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး “အဆင်ပြေပါတယ်” ဟု ပြောသည်။
“ဒါပေမယ့် ဖေဖေ့လက်တွေ တုန်နေတယ်လေ” ရှောင်ရှောင်တုန်က ပြောသည်။
ရှောင်ကျင့်ထျင်က သူ့ညာလက်ကို ဘယ်လက်နဲ့ ဖိထားလိုက်ပြီး ‘ဒီကလေးက ဒီလောက်ထိ သတိထားနေဖို့ မလိုဘူးလေ’ဟု တွေးလိုက်၏။
“ဒီမှာက ဈေးအရမ်းကြီးတယ်!” ရှောင်ကျင့်ထျင်က မှုန်ကုပ်ကုပ်နဲ့ ပြောလိုက်သည်။
သေစမ်း! မူလက ဝိညာဉ်ကျောက်တုံး သုံးရာကျော်သည် ကြီးကျယ်သော ကံကြမ္မာကို ဆိုလိုသည်ဟု သူထင်ခဲ့သည်။ သို့သော် သူသည် ဆင်းရဲသားဖြစ်နေဆဲပင်။
ရှောင်ရှောင်တုန်သည် ရှောင်ကျင့်ထျင်၏ ထိတ်လန့်သော အသွင်အပြင်ကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်၏။
“ဖေဖေ၊ စိတ်မပူပါနဲ့။ ဒါက အစပဲရှိသေးတယ်။ အစမှာရောင်းတဲ့ပစ္စည်းတွေက အမြဲတမ်းဈေးပိုကြီးပြီး နောက်ပိုင်းရောင်းတဲ့ပစ္စည်းတွေက ပိုစျေးသက်သာတယ်”
ရှောင်ကျင့်ထျင်က မကျေမနပ် ပြုံးကာ “အဲလိုပဲ မျှော်လင့်ပါတယ်”
လေလံပွဲသည် မှော်လက်နက်များနှင့် ဝိညာဉ်ဆေးလုံးအချို့ကို ဆက်တိုက် လေလံတင်ရောင်းချခဲ့သည်။ အဖွင့်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ပစ္စည်းများ၏ အဖိုးတန်မှုသည် အလွန်ကျဆင်းသွားပါသည်။
“အခုလေလံတင်မယ့်ပစ္စည်းက ကြာပွင့်ဆေးလုံးနှစ်ခုပါ၊ အဖွင့်ဈေးကတော့ ဝိညာဉ်ကျောက်တုံးငါးဆယ်ပဲ ဖြစ်ပါတယ်”
ရှောင်ကျင့်ထျင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လေလံပွဲတွင် ကြာပွင့်ဆေးလုံးကို အမှန်တကယ် ရောင်းချခဲ့သည်။ သူ၏ ကြာပွင့်ဆေးလုံးများကို တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ၄၀ ဖြင့် တင်ပို့ရောင်းချခဲ့သည်။ ရလဒ်ကတော့ အချိန်တိုတိုအတွင်းမှာပဲ ရောင်းကုန်သွားခဲ့၏။ ရှောင်ကျင့်ထျင်သည် ယခု လေလံအိမ်ရှိ ကြာပွင့်ဆေးလုံးသည် ယခင်က သူရောင်းခဲ့ဖူးသော ဆေးများဖြစ်ကြောင်းကို လျှို့ဝှက်စွာ သံသယရှိခဲ့သည်။
“တစ်ရာ”
“တစ်ရာ့နှစ်ဆယ်”
“တစ်ရာငါးဆယ်”
“နှစ်ရာ”
…
ကြာပွင့်ဆေးလုံးနှစ်လုံးကို ဝိညာဉ်ကျောက်တုံးနှစ်ရာဖြင့် ရောင်းချခဲ့သည်။
ရှောင်ရှောင်တုန်သည် ရှောင်ကျင့်ထျင်ကိုကြည့်ရင်း မျက်လုံးများကို မှေးကျဉ်းလိုက်၏။
ရှောင်ရှောင်တုန်က ဘာမှ မပြောသော်လည်း သူ့အမူအရာက ‘ဖေဖေ အရှုံးနဲ့ ရောင်းလိုက်တာပဲ’ ဟု အဓိပ္ပါယ်ရနေပါသည်။
ရှောင်ကျင့်ထျင်သည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။ သူသာ အုတ်မြစ်ချတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပါက ဖုံးကွယ်နေစရာ မလိုပါတော့ချေ။
ယခု သူသည် အဂ္ဂိရတ်ပညာရှင်အဖြစ် ထင်ရှားပါက သူ၏ အဂ္ဂိရတ်ပစ္စည်းများ၏ အရင်းအမြစ်ကို လူအများက စိတ်ဝင်စားကြလိမ့်မည်။ သူတို့ထဲက တော်တော်များများက သူ့ကို ထိန်းချုပ်ချင်ကြပြီး စွမ်းအားကြီးတဲ့ ဆေးတွေကို သန့်စင်ပေးဖို့ အတင်းအကြပ် တွန်းအားပေးချင်ကြလိမ့်ပေမည်။ သူသည် မည်သူတစ်ဦးတစ်ယောက်အတွက်မှ အလုပ်သမားမဖြစ်ပေးချင်ပေ။
“ရွှေရွက်ဆေးပင်.. အစဈေးက ဝိညာဉ်ကျောက်တုံးဆယ်လုံး”
ရှောင်ကျင့်ထျင်က စိတ်လှုပ်ရှားသွားသည်။ ‘နောက်ဆုံးတော့ ရောက်လာပြီ။ ရွှေရွက်ဆေးပင်က အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးကို သန့်စင်ဖို့ အဓိကဝိညာဉ်အပင်တွေထဲကတစ်ခုပဲ!’ ရှောင်ကျင့်ထျင်သည် သူ၏ စိတ်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လေလံဆွဲရာတွင် ပါဝင်ခဲ့သည်။
ရွှေရွက်ဆေးပင်၏ဈေးက သိပ်တက်မလာပေ။ တချို့လူတွေက လေလံဆွဲကြပေမယ့် ပြိုင်ဆိုင်မှုကတော့ သိပ်မပြင်းထန်ပါချေ။
ရွှေရွက်ဆေးပင်သည် သက်ရှည်သစ်သီးကဲ့သို့တိုက်ရိုက်အသုံးပြုနိုင်သော ပစ္စည်းများနှင့် ကွဲပြားသည်။ ရွှေရွက်ဆေးပင်ကို ပထမဆုံးအနေဖြင့် ဆေးလုံးအဖြစ် သန့်စင်ရန် လိုအပ်သည်။ အဂ္ဂိရတ်ပညာရှင်များကို ရှာဖွေရန် ခဲယဉ်းပြီး ဆေးသန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းအတွက်လည်း အာမခံချက် မရှိပေ။ အဂ္ဂိရတ်ပညာရှင်များ၏ အခကြေးငွေမှာလည်း မနည်းလှပါချေ။ ဤအချက်အားလုံးသည် ရွှေရွက်ဆေးပင်၏စျေးနှုန်းကို ကန့်သတ်ထားသည်။ ရှောင်ကျင့်ထျင်သည် ဝိညာဉ်ကျောက်တုံး ၄၅ လုံးဖြင့် ရွှေရွက်ဆေးပင်ကို ရယူခဲ့သည်။
ရွှေရွက်ဆေးပင်ကို ဝယ်ပြီးနောက် ရှောင်ကျင့်ထျင်သည် နောက်ထပ် ဝိညာဉ်ကျောက်တုံးရှစ်ဆယ်ဖြင့် ရွှေမီးပုံးသစ်သီးကို ဝယ်ခဲ့လေ၏။ နောက်ဆုံးတွင် သူသည် အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော ဝိညာဉ်အပင်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။
လေလံပွဲမှာ ကောင်းမွန်တဲ့အရာတွေ အဆုံးမရှိ ရောင်းချခဲ့သော်လည်း ရှောင်ကျင့်ထျင်ကတော့ ၎င်းတို့ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ရှောင်ကျင့်ထျင်သည် သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံးအချို့ ရှိနေသေးသည်။ သို့သော် နောက်ထပ်အုတ်မြစ်ချတည်ဆောက်ခြင်းဆေးလုံးများအတွက် လိုအပ်သော ဝိညာဉ်အပင်များဝယ်ရန် ဝိညာဉ်ကျောက်တုံးများ လိုအပ်နေသေးသောကြောင့် ၎င်းတို့ကို လက်လွတ်စပယ် မသုံးစွဲဝံ့ပါချေ။
လေလံပွဲပြီးဆုံးသွားပြီးနောက် တစ်ယောက်ပြီး တစ်ယောက် နေရာမှ ထွက်ခွာသွားကြတော့သည်။
28.01.2024
Thanks for reading ❤
Zawgyi
“သခင္မေလး.. မေတြ႕ပါဘူး” အေစခံတစ္ဦးသည္ အိုးယန္မင္ယြဲ႕အနီးသို႔ ေရာက္လာၿပီး စကားေျပာသည္။
အိုးယန္မင္ယြဲ႕က သက္ျပင္းခ်လိဳက္ၿပီး လက္ကိုေဝွ႕ယမ္းကာ “ဒါဆို ထားလိုက္ေတာ့” ဟုေျပာလိုက္သည္။
“အိုးယန္သခင္မေလး.. မင္း ဘာကိုရွာေနတာလဲ” ေရွာင္က်င့္ထ်င္က စိတ္ဝင္တစား ေမးသည္။
အိုးယန္မင္ယြဲ႕သည္ ပခုံးတြန႔္ကာ ေျပာေလ၏။
“ၾကယ္ၿမိဳ႕ေတာ္မွာ ေဆးလုံးေတြ မၾကာခဏေရာင္းတတ္တဲ့ အဂၢိရတ္ပညာရွင္တစ္ေယာက္ရွိတယ္လို႔ ငါၾကားတယ္။ အစပိုင္းမွာေတာ့ ရိုးရိုးေဆးအခ်ိဳ႕ကို ေရာင္းခ်ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အဆင့္ပိတ္ဆို႔မႈေတြကို ေဖာက္ဖ်က္နိုင္တဲ့ ေဆးလုံးေတြကိုလည္း ေရာင္းခ်ခဲ့တယ္။ ၿပီးေတာ့ သူက ၾကာပြင့္ေဆးလုံးတစ္သုတ္ကိုလည္း ေရာင္းခ်ခဲ့ေသးတယ္။ အဲဒီလူက အရမ္းလွ်ို႔ဝွက္ဆန္းၾကယ္ၿပီး သူ႕ရဲ႕အင္အားကို ဘယ္သူကမွ မသိၾကဘူး။ ငါသူ႕ကို ေခၚယူနိုင္မလားဆိုတာ ေစာင့္ၾကည့္ဖို႔ ဒီကို ေရာက္လာတာပါ”
ေရွာင္က်င့္ထ်င္ “...” အိုးယန္မင္ယြဲ႕က အခု သူနဲ႕ ႐ႊီမုရန္ အေၾကာင္း ေျပာေနတာလား?
“အဲဒီ အဂၢိရတ္ပညာရွင္က ၾကာပြင့္ေဆးလုံးကိုေတာင္ သန႔္စင္နိုင္တဲ့အတြက္ သူ႕မွာ အဂၢိရတ္နည္းပညာေကာင္းေတြ ရွိရမယ္။ ဒါ့အျပင္ သူက သူ႕ရဲ႕ အေထာက္အထားကို ထုတ္ေဖာ္ခ်င္ပုံမရတာေၾကာင့္ သူ႕ကို ေခၚယူဖို႔ဆိုတာ မလြယ္ပါဘူးေလ” အိုးယန္မင္ယြဲ႕သည္ အလြန္ႏွေမ်ာစရာေကာင္းသည္ဟု ခံစားမိသည္။
ေရွာင္က်င့္ထ်င္ “....” အဂၢိရတ္ပညာရွင္တိုင္း ရဖို႔မလြယ္တဲ့ ဝိညာဥ္ေဆးပင္အေျမာက္အျမားကို ပိုင္ဆိုင္ထားသည္။ အဂၢိရတ္ပညာရွင္အမ်ားစုသည္ ၎တို႔ေနာက္တြင္ ႀကီးမားေသာ စြမ္းအားအေထာက္အပံ့ရွိၾကၿပီး စြမ္းအားမရွိေသာ အဂၢိရတ္ပညာရွင္မ်ားသည္ အလြန္ရွားပါသည္။ သူ႕လက္ထဲမွာ ေဆးပင္အေျမာက္အျမား ေပါက္နိုင္တဲ့ ေက်ာက္စိမ္းဆြဲသီး ေနရာလြတ္သာမရွိရင္ သူ႕ရဲ႕ အဂၢိရတ္ပညာဟာ လက္ရွိအဆင့္ကို ေရာက္နိုင္မည္မဟုတ္ပါေခ်။
“အဲဒီ အဂၢိရတ္ပညာရွင္ကို ရွာေနတဲ့သူေတြ အမ်ားႀကီးရွိတာလား?” ေရွာင္က်င့္ထ်င္ က ေမးသည္။
အိုးယန္မင္ယြဲ႕က ေခါင္းယမ္းလိုက္ၿပီး “အရင္က သိပ္မမ်ားေပမယ့္ အဲဒီအဂၢိရတ္ပညာရွင္က မၾကာေသးမီက ၾကာပြင့္ေဆးလုံးေတြကို အမ်ားႀကီး ေရာင္းခ်ခဲ့တယ္။ ဒါေၾကာင့္ အခု သူ႕ကိုရွာတဲ့လူေတြ ပိုမ်ားလာတာ” ၾကာပြင့္ေဆးလုံးသည္ ခ်ီက်င့္ႀကံျခင္း၏ နဝမအဆင့္သို႔ ျဖတ္ေက်ာ္ရန္ ကူညီေပးနိုင္သည္။ အိုးယန္မင္ယြဲ႕က အရမ္းစိတ္လႈပ္ရွားေနေပမယ့္ သူမ ဝယ္ဖို႔ႀကံေနတဲ့အခ်ိန္မွာပဲ ေဆးလုံးအားလုံးေရာင္းကုန္သြားေလၿပီ။
ေရွာင္က်င့္ထ်င္ မ်က္ခုံးပင့္လိုက္သည္။ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးကို သန႔္စင္ရန္အတြက္ ဝိညာဥ္ေဆးပင္မ်ားကို စုေဆာင္းရန္ ၾကာပြင့္ေဆးလုံး တစ္သုတ္ကို ေရာင္းခ်ခဲ့ရသည္။ သို႔ေသာ္ ရလဒ္အေနနဲ႕ ယခုအခါ သူတို႔သည္ ပစ္မွတ္ထားခံေနရၿပီျဖစ္သည္။ ကံေကာင္းေထာက္မစြာ၊ အရာအားလုံးကို ေရာင္းခ်ၿပီးသြားေလၿပီ။ ဝိညာဥ္ေက်ာက္တုံးမ်ားကိုလည္း သူ႕နာမည္နဲ႕ အပ္ထားၿပီးသားျဖစ္သည္။ ၾကာပြင့္ေဆးလုံး ရွစ္ခုက သူ႕ကို ဝိညာဥ္ေက်ာက္တုံး ၃၂၀ ရရွိေစတဲ့အတြက္ ၾကာပြင့္ေဆးလုံးေတြက ေငြအမ်ားႀကီးတန္သည္ဟု ဆိုရေပမည္။
“အဲဒီ အဂၢိရတ္ပညာရွင္က အရမ္းသတိႀကီးတယ္။ လူေတာ္ေတာ္မ်ားမ်ားက သူ႕ကို ရွာေနၾကေပမယ့္ မေတြ႕နိုင္ေသးဘူး” အိုးယန္မင္ယြဲ႕က ေျပာသည္။
ေရွာင္က်င့္ထ်င္ “....” ‘သူ႕ကို ရွာမေတြ႕ဘူးလား? အဆင္ေျပပါတယ္! သူ႕ကိုေတြ႕ရင္ ႀကီးမားတဲ့ျပႆနာရွိလိမ့္မယ္’
“အိုးယန္သခင္မေလး တိမ္တိုက္စိမ္းအမတဂိုဏ္းနယ္ေျမကို ဘယ္လိုသြားရမလဲ သိလား?” ေရွာင္က်င့္ထ်င္က အေၾကာင္းအရာေျပာင္းၿပီး ေမးလိုက္သည္။
အိုးယန္မင္ယြဲ႕က ေရွာင္က်င့္ထ်င္ကို အံ့ဩစြာ ၾကည့္ၿပီး “မင္းက တိမ္တိုက္စိမ္းအမတဂိုဏ္းကို သြားခ်င္တာလား?”
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “ဟုတ္တယ္! ေရွာင္ဖန္က တိမ္တိုက္စိမ္းအမတဂိုဏ္းကို ပါသြားတဲ့အတြက္ အၿမဲတမ္း စိတ္မသက္မသာျဖစ္မိၿပီး လိုက္သြားၾကည့္ခ်င္လို႔ပါ”
“မင္း စိတ္ပူစရာ မလိုပါဘူး။ ေရွာင္ေရွာင္ဖန္က အမတဂိုဏ္းထဲဝင္သြားတဲ့အခါ အိုးယန္မိသားစုဆီက သတင္းရခဲ့တယ္။ သူက ေ႐ႊအျမဳေတက်င့္ႀကံသူရဲ႕ တန္ဖိုးထားျခင္းကိုခံရၿပီး ဘဝကို ေကာင္းမြန္စြာေနထိုင္ေနပါတယ္တဲ့” အိုးယန္မင္ယြဲ႕က ေျပာသည္။
အိုးယန္မင္ယြဲ႕စကားကိုၾကားေတာ့ ေရွာင္က်င့္ထ်င္က သက္ျပင္းတစ္ခ်က္ခ်ၿပီး “ဒါေကာင္းပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္သြားၾကည့္ခ်င္ေသးတယ္” လို႔ေျပာလိုက္သည္။
အိုးယန္မင္ယြဲ႕က ခဏ ေတြးလိုက္ၿပီး ေနာက္ဆုံးမွာ “မင္းသြားခ်င္ရင္ မျဖစ္နိုင္တာေတာ့မဟုတ္ပါဘူး” လို႔ေျပာလိုက္သည္။
ေရွာင္က်င့္ထ်င္က အိုးယန္မင္ယြဲ႕ကိုၾကည့္ၿပီး စိတ္လႈပ္ရွားစြာ ေမး၏။ “နည္းလမ္းရွိတယ္လား? အိုးယန္သခင္မေလးဆီမွာ နည္းလမ္းရွိရမယ္ဆိုတာ ကြၽန္ေတာ္သိတယ္!”
“တိမ္တိုက္စိမ္းအမတဂိုဏ္းနဲ႕ ေျမရိုင္းတိုက္ႀကီး ၾကားမွာ ခရီးသြားတဲ့ ကုန္သည္သေဘၤာတစ္စင္းရွိတယ္။ မင္းေဈးတတ္နိုင္သေ႐ြ႕ အဲဒီကုန္သည္သေဘၤာက မင္းကို တိမ္တိုက္စိမ္းအမတဂိုဏ္းဆီ ေခၚေဆာင္သြားေပးလိမ့္မယ္”
“ေျမရိုင္းတိုက္ႀကီးမွာ ကုန္နဲ႕ ပစၥည္းေတြ ျပတ္လပ္ေနေတာ့ ကုန္သည္သေဘၤာက ပုံမွန္အားျဖင့္ ႏွစ္ႏွစ္ကေန သုံးႏွစ္ၾကား လာေလ့မရွိဘူး။ ကုန္သည္သေဘၤာက ဒီကို ေနာက္ဆုံးအႀကိမ္ လာခဲ့တာ လြန္ခဲ့တဲ့ ႏွစ္လေလာက္ကျဖစ္ၿပီး အခု ျပန္ထြက္သြားၿပီးၿပီ။ ေရွာင္သခင္ေလး.. မင္း ဒီကုန္သြယ္သေဘၤာကို စီးခ်င္ရင္ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ ထပ္ေစာင့္ရလိမ့္မယ္”
“ၿပီးေတာ့ ေဈးကလည္း မနည္းဘူး။ လူတစ္ေယာက္အတြက္ ေဈးက ဝိညာဥ္ေက်ာက္တုံးတစ္ေထာင္ေလာက္ရွိတယ္။ ေရွာင္သခင္ေလးက.. မင္းနဲ႕အတူ လူဘယ္ႏွစ္ေယာက္ေလာက္ ေခၚသြားဖို႔ စီစဥ္ထားတာလဲ?”
“ဒီေလာက္ေဈးႀကီးတာလား?” ဝိညာဥ္ေက်ာက္တုံးတစ္ေထာင္! သို႔ေသာ္ သူအမ်ားဆုံးတတ္နိုင္သမွ်မွာ ဝိညာဥ္ေက်ာက္တုံးငါးရာသာျဖစ္သည္။
အိုးယန္မင္ယြဲ႕က ေခါင္းညိတ္ၿပီး “ဟုတ္တယ္! ေျမရိုင္းတိုက္ႀကီးကေန တိမ္တိုက္စိမ္းအမတဂိုဏ္းကို ဆည္းဆာပင္လယ္ကိုျဖတ္ၿပီး ႐ြက္လႊင့္ဖို႔ ႏွစ္လၾကာတယ္။ လမ္းခရီးမွာ အႏၲရာယ္မ်ိဳးစုံကို ႀကဳံေတြ႕ရနိုင္တာေၾကာင့္ ေဘးကင္းေစဖို႔အတြက္ ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူကို သေဘၤာေပၚမွာ ငွားရမ္းထားတာေလ။ ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူ.. အဲဒါကို ေတြးၾကည့္ရင္ ဒီေဈးက သိပ္မျမင့္ဘူးဆိုတာ ေတြ႕ရတယ္”
ေရွာင္က်င့္ထ်င္က ေျခာက္ကပ္စြာ ရယ္ေမာလိုက္သည္။ ေဈးက မျမင့္ေပ.. သို႔ေသာ္ သူ႕တြင္ ထိုမွ်ေလာက္ေသာ ဝိညာဥ္ေက်ာက္တုံးမ်ား မရွိေပ။ ကံေကာင္းေထာက္မစြာ၊ ကုန္သည္သေဘၤာသည္ ႏွစ္ႏွစ္ သို႔မဟုတ္ သုံးႏွစ္လွ်င္ တစ္ႀကိမ္သာ အသြားအျပန္ လုပ္ေနေသာေၾကာင့္ သူ႕တြင္ ဝိညာဥ္ေက်ာက္တုံးမ်ားရွာရန္ အခ်ိန္အလုံအေလာက္ရွိေသးသည္။ ယခုအခါ သူ၏ ထိပ္တန္းဦးစားေပးမွာ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းအဆင့္သို႔ တက္လွမ္းရန္ ျဖစ္သည္။ သူ႕ရဲ႕ က်င့္ႀကံဆင့္ တိုးတက္လာတာနဲ႕အမွ် ဝင္ေငြရွာဖို႔ ပိုလြယ္လာလိမ့္ေပမည္။
“အိုးယန္သခင္မေလး သေဘၤာတစ္စင္းေရာက္လာရင္ ကြၽန္ေတာ့္ကို သတင္းေပးလို႔ရမလား” ေရွာင္က်င့္ထ်င္က ေမးသည္။
အိုးယန္မင္ယြဲ႕က ေခါင္းညိတ္ၿပီးေျပာ၏။
“သိပ္ရတာေပါ့! ေရွာင္သခင္ေလး.. အိုးယန္ မိသားစုနဲ႕တိမ္တိုက္စိမ္းအမတဂိုဏ္းက အခါအားေလ်ာ္စြာ သတင္းဖလွယ္ၾကတာေၾကာင့္ သတင္းရတာနဲ႕ မင္းကို အေၾကာင္းၾကားမယ္!”
အိုးယန္မင္ယြဲ႕က ‘ေရွာင္ေရွာင္ဖန္ ဂိုဏ္းထဲဝင္လာတာနဲ႕သူ႕ကို ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူက တပည့္အျဖစ္ လက္ခံလိုက္ၿပီ။ ဒါေပမယ့္ က်င္းယြဲ႕ ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ အလယ္အလတ္ပဲရွိတယ္’ ဟု ေတြးလိုက္သည္။
တိမ္တိုက္စိမ္းအမတဂိုဏ္းတြင္ ၿပိဳင္ဆိုင္မႈသည္ ျပင္းထန္ခဲ့ၿပီး ဂိုဏ္းတြင္းရွိ အေျခအေနမ်ားက ပိုမိုရႈပ္ေထြးလာေစသည္။ ေရွာင္ေရွာင္ဖန္ႏွင့္ သူမ၏ ခင္မင္ရင္းႏွီးမႈေၾကာင့္ အိုးယန္က်င္းယြဲ႕သည္ ေကာင္းမြန္ေသာဘဝျဖင့္ ေနထိုင္နိုင္ခဲ့သည္။ ေရွာင္ေရွာင္ဖန္သည္ ထူးျခားေၾကာင္းကို သတိျပဳမိၿပီး ေနာက္ပိုင္းတြင္ အိုးယန္မင္ယြဲ႕သည္ ညီမျဖစ္သူ၏ အျမင္ကို အမွန္တကယ္ သေဘာက်ခဲ့သည္။
အိုးယန္က်င္းယြဲ႕၏ အဆိုအရ ေရွာင္ေရွာင္ဖန္သည္ ေရွာင္က်င့္ထ်င္ႏွင့္ အျခားသူမ်ားအေပၚ အလြန္အမင္း စိတ္ပူခဲ့သည္။ အိုးယန္မိသားစုက ေရွာင္က်င့္ထ်င္နဲ႕ မိသားစု၏ သတင္းမ်ားကို ေရွာင္ေရွာင္ဖန္ဆီ ပို႔ေပးနိုင္ပါက အိုးယန္က်င္းယြဲ႕နဲ႕ ေရွာင္ေရွာင္ဖန္တို႔ရဲ႕ ဆက္ဆံေရးကလည္း ပိုနီးစပ္လာမည္ျဖစ္ေပသည္။
“ေက်းဇူးတင္ပါတယ္ အိုးယန္သခင္မေလး” ႐ႊီမုရန္သည္ တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနခဲ့ေသာ္လည္း ေရွာင္ေရွာင္ဖန္အေၾကာင္း အိုးယန္မင္ယြဲ႕၏ ေျပာၾကားခ်က္ကို နားေထာင္ရင္း ေနာက္ဆုံးတြင္ သူ႕ကိုယ္သူ မထိန္းနိုင္ေတာ့ေပ။
အိုးယန္မင္ယြဲ႕က ၿပဳံးၿပီး “ကိစၥမရွိပါဘူး”
“ေရွာင္သခင္ေလး.. မင္း တိမ္တိုက္စိမ္းတိုက္ႀကီးကိုသြားဖို႔ ဆုံးျဖတ္ၿပီးၿပီလား?” အိုးယန္မင္ယြဲ႕က ေမးသည္။
ေရွာင္က်င့္ထ်င္က ေလးနက္စြာ ေခါင္းညိတ္ၿပီး “ဟုတ္တယ္”
“တိမ္တိုက္စိမ္းတိုက္ႀကီးက အရင္းအျမစ္ေတြ ႂကြယ္ဝတယ္။ ဒါေပမယ့္ နယ္ေျမကို အင္အားႀကီးနိုင္ငံေတြနဲ႕ ခြဲေဝထားတယ္လို႔ ၾကားတယ္။ အရင္တုန္းက ေျမရိုင္းတိုက္ႀကီးက လာတဲ့သူေတြ အကုန္လုံးက အဲဒီမွာ အခက္ေတြ႕ၾကရတယ္” အိုးယန္မင္ယြဲ႕က သူ႕ကို သတိေပးလိုက္သည္။
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “မင္းရဲ႕အႀကံဉာဏ္အတြက္ ေက်းဇူးတင္ပါတယ္”
…
“သခင္မေလး၊ ေလလံပြဲစေတာ့မယ္။” အေစာင့္တစ္ဦးသည္ အိုးယန္မင္ယြဲ႕ထံသို႔ ခ်ဥ္းကပ္လာသည္။
အိုးယန္မင္ယြဲ႕က ေရွာင္က်င့္ထ်င္နဲ႕ ႐ႊီမုရန္ ဘက္ကိုလွည့္ၿပီး “ငါအရင္သြားေတာ့မယ္”
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “သခင္မေလး ေက်းဇူးျပဳၿပီး အရင္သြားပါ”
႐ႊီမုရန္သည္ အိုးယန္မင္ယြဲ႕၏ေနာက္ေက်ာကိုၾကည့္ၿပီးေနာက္ ေရွာင္က်င့္ထ်င္အား “ငါတို႔လဲသြားရေအာင္”
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “ေကာင္းၿပီ” ဟုဆိုသည္။
အေပၚထပ္ သီးသန႔္ခန္းမ်ားကို အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူမ်ား သိမ္းပိုက္ထားၿပီး ေရွာင္က်င့္ထ်င္ႏွင့္ ႐ႊီမုရန္တို႔က လစ္လပ္ေသာ ထိုင္ခုံမ်ားကို တစ္ေနရာရာမွာ ရွာေတြ႕ခဲ့သည္။
ေလလံပလက္ေဖာင္းကိုၾကည့္ရင္း ေရွာင္က်င့္ထ်င္၏ မ်က္လုံးမ်ား ေတာက္ပလာသည္။ “ဒီေလလံအိမ္က တကယ့္ကို ခ်မ္းသာၿပီး တန္ဖိုးႀကီးတယ္!”
႐ႊီမုရန္က ေခါင္းညိတ္ၿပီး “ဟုတ္တယ္” ေလလံပြဲစင္အား အမွန္တကယ္တြင္ ဝိညာဥ္ေက်ာက္မ်ားႏွင့္ ညပုလဲမ်ားစြာျဖင့္ အလွဆင္ထားၿပီး ေတာက္ေျပာင္လွပကာ ဇိမ္ရွိလွသည္။ ၎တို႔သည္ လုယက္ခံရမွာကိုေတာင္ မေၾကာက္ၾကေပ။
……
ေရွာင္ေရွာင္က်င့္က သူ႕နို႔ဘူးကို လက္တစ္ဖက္နဲ႕ ကိုင္ထားရင္း အျခားလက္တစ္ဖက္ကို စားပြဲဆီ ဆန႔္လိုက္သည္။ သူသည္ ေလလံစားပြဲမွ ဝိညာဥ္ေက်ာက္တုံးမ်ားကို ေကာက္ကိုင္ေနသလိုမ်ိဳး သူ႕လက္ကေလးကို ျဖန႔္လိုက္ ဆုတ္လိုက္ လုပ္ေနေလ၏။
ေရွာင္ေရွာင္တုန္သည္ လက္တစ္ဖက္ျဖင့္ ေရွာင္ေရွာင္က်င့္ကို ထိန္းထားၿပီး က်န္တစ္ဖက္ျဖင့္ ေရွာင္ေရွာင္က်င့္ရဲ႕ ပါးစပ္ကို ဂ႐ုတစိုက္ သုတ္ေပးလိုက္သည္။
“ေလလံပြဲမွ ႀကိဳဆိုပါတယ္။ ရွင္တို႔အားလုံးကို ဒီမွာေတြ႕ခြင့္ရတာ တကယ္ကို ဂုဏ္ယူမိပါတယ္” ခ်စ္စရာေကာင္းတဲ့ က်င့္ႀကံသူ အမ်ိဳးသမီးတစ္ေယာက္ ထြက္လာ၏။ သူမသည္ ပိုးသား၀တ္စုံကို ၀တ္ဆင္ထားၿပီး ဆြဲေဆာင္မႈရွိေသာ ႐ုပ္ရည္ရွိသည္။ သူမ ထြက္လာသည္ႏွင့္ တၿပိဳင္နက္ လူအေပါင္းသည္ သူမထံမွ မ်က္လုံးမခြာနိုင္ေတာ့ေပ။
႐ႊီမုရန္က မ်က္ေမွာင္ၾကဳတ္ၿပီး “အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူ” လို႔ေျပာလိုက္သည္။
ေရွာင္က်င့္ထ်င္က မ်က္လုံးကိုေမွးက်ဥ္းလိုက္ၿပီး ‘ၾကယ္ၿမိဳ႕ေတာ္မွာရွိတဲ့ ေလလံအိမ္က တကယ္ကို အားေကာင္းတာပဲ။ ေလလံပြဲတာဝန္ခံကေတာင္ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူပါလား’ ဟု ေတြးလိုက္မိ၏။
“စကားအမ်ားႀကီးမေျပာေတာ့ပါဘူး။ ေက်းဇူးျပဳၿပီး ကြၽန္မတို႔ရဲ႕ပထမဆုံးပစၥည္းျဖစ္တဲ့ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးကို စတင္ေရာင္းခ်ပါရေစ။ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးရဲ႕ လုပ္ေဆာင္ခ်က္ကို လူတိုင္းနားလည္တယ္လို႔ယုံၾကည္တာေၾကာင့္ ထပ္ေျပာမေနေတာ့ပါဘူး။ ဒီေဆးလုံးရဲ႕ေဈးကိုေတာ့ ဝိညာဥ္ေက်ာက္တုံးသုံးရာကေန စေခၚလိုက္ပါတယ္!”
“ေလးရာ”
“ငါးရာ”
“..…”
“ရွစ္ရာရွစ္ဆယ္”
“တစ္ေထာင္”
“..…”
ေရွာင္က်င့္ထ်င္က တံေတြးမ်ိဳခ်လိဳက္ၿပီး ႐ႊီမုရန္ကို ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္သည္။ “အရမ္းေစ်းႀကီးတယ္”
႐ႊီမုရန္က ရယ္ၿပီး “ဒါက မထူးဆန္းပါဘူး”
ခ်ီက်င့္ႀကံျခင္း နဝမအဆင့္ က်င့္ႀကံသူအခ်ိဳ႕သည္ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးအတြက္ ဘာမဆိုလုပ္နိုင္သည္။ ခိုင္ခံ့ေသာ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူ ရွိေစရန္အတြက္ အခ်ိဳ႕ေသာ မိသားစုမ်ားသည္ ၎တို႔၏ မိသားစုပိုင္ဆိုင္မႈမ်ားကို အသုံးခ်ရန္ ဆႏၵရွိၾကသည္။ အိုးယန္မိသားစုကဲ့သို႔ အင္အားစုမ်ားအတြက္၊ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူ ေနာက္ထပ္တစ္ဦးရွိျခင္းသည္ ပိုမိုတည္ၿငိမ္ေသာအေနအထားကို ဆိုလိုပါသည္။
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “မွန္တယ္” လို႔ေျပာလိုက္သည္။ ပထမဆုံးထုတ္သည့္ အုတ္ျမစ္ခ်တည္ေဆာက္ျခင္း ေဆးျပားသည္ ဝိညာဥ္ေက်ာက္တုံးတစ္ေထာင့္ႏွစ္ရာႏွင့္ ေရာင္းထြက္သြားၿပီး ေလလံပြဲသည္ ေနာက္ဆုံးတြင္ ရပ္တန႔္သြားခဲ့သည္။
“ေနာက္ထပ္ ေလလံတင္မယ့္ ပစၥည္းကေတာ့ က်င့္ႀကံသူရဲ႕ သက္တမ္းကို ငါးႏွစ္ကေန ဆယ္ႏွစ္အထိ သက္တမ္းတိုးေပးနိုင္တဲ့ သက္ရွည္အသီးပါ” ေလလံပြဲတာဝန္ခံ အမ်ိဳးသမီးက ဆက္ေျပာသည္။
သက္ရွည္အသီး ထြက္လာသည္ႏွင့္ တၿပိဳင္နက္ အခန္းတြင္းရွိ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူမ်ားမွ စတင္၍ ေလလံဆြဲၾကသည္။ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းက်င့္ႀကံသူမ်ား၏ သက္တမ္းမွာ အႏွစ္ ၂၀၀ ရွိေသာ္လည္း က်င့္ႀကံသူမ်ားအတြက္ တိုေတာင္းေနေသးသည္။ အသက္ႀကီးလာသည္ႏွင့္အမွ် ေသျခင္းတရားကို ပို၍ေၾကာက္႐ြံ႕လာၾက၏။ ေနာက္ဆုံးတြင္ သက္ရွည္သစ္သီးသည္ ဝိညာဥ္ေက်ာက္တုံး ၃၈၀ ျဖင့္ ေရာင္းထြက္ခဲ့သည္။
ေရွာင္က်င့္ထ်င္သည္ မသိစိတ္က တံေတြးမ်ိဳခ်လိဳက္သည္။
ေရွာင္ေရွာင္တုန္က ေရွာင္က်င့္ထ်င္ကိုၾကည့္ဖို႔ ေခါင္းကို ေစာင္းလိုက္ၿပီး “ေဖေဖ၊ ေဖေဖက အရမ္းစိတ္လႈပ္ရွားေနတာပဲ!”
ေရွာင္က်င့္ထ်င္က သူ႕နဖူးက ေခြၽးေတြကို သုတ္လိုက္ၿပီး “အဆင္ေျပပါတယ္” ဟု ေျပာသည္။
“ဒါေပမယ့္ ေဖေဖ့လက္ေတြ တုန္ေနတယ္ေလ” ေရွာင္ေရွာင္တုန္က ေျပာသည္။
ေရွာင္က်င့္ထ်င္က သူ႕ညာလက္ကို ဘယ္လက္နဲ႕ ဖိထားလိုက္ၿပီး ‘ဒီကေလးက ဒီေလာက္ထိ သတိထားေနဖို႔ မလိုဘူးေလ’ဟု ေတြးလိုက္၏။
“ဒီမွာက ေဈးအရမ္းႀကီးတယ္!” ေရွာင္က်င့္ထ်င္က မႈန္ကုပ္ကုပ္နဲ႕ ေျပာလိုက္သည္။
ေသစမ္း! မူလက ဝိညာဥ္ေက်ာက္တုံး သုံးရာေက်ာ္သည္ ႀကီးက်ယ္ေသာ ကံၾကမၼာကို ဆိုလိုသည္ဟု သူထင္ခဲ့သည္။ သို႔ေသာ္ သူသည္ ဆင္းရဲသားျဖစ္ေနဆဲပင္။
ေရွာင္ေရွာင္တုန္သည္ ေရွာင္က်င့္ထ်င္၏ ထိတ္လန႔္ေသာ အသြင္အျပင္ကို ၾကည့္ကာ ႏွစ္သိမ့္ေပးလိုက္၏။
“ေဖေဖ၊ စိတ္မပူပါနဲ႕။ ဒါက အစပဲရွိေသးတယ္။ အစမွာေရာင္းတဲ့ပစၥည္းေတြက အၿမဲတမ္းေဈးပိုႀကီးၿပီး ေနာက္ပိုင္းေရာင္းတဲ့ပစၥည္းေတြက ပိုေစ်းသက္သာတယ္”
ေရွာင္က်င့္ထ်င္က မေက်မနပ္ ၿပဳံးကာ “အဲလိုပဲ ေမွ်ာ္လင့္ပါတယ္”
ေလလံပြဲသည္ ေမွာ္လက္နက္မ်ားႏွင့္ ဝိညာဥ္ေဆးလုံးအခ်ိဳ႕ကို ဆက္တိုက္ ေလလံတင္ေရာင္းခ်ခဲ့သည္။ အဖြင့္ပစၥည္းမ်ားႏွင့္ ႏွိုင္းယွဥ္ပါက ပစၥည္းမ်ား၏ အဖိုးတန္မႈသည္ အလြန္က်ဆင္းသြားပါသည္။
“အခုေလလံတင္မယ့္ပစၥည္းက ၾကာပြင့္ေဆးလုံးႏွစ္ခုပါ၊ အဖြင့္ေဈးကေတာ့ ဝိညာဥ္ေက်ာက္တုံးငါးဆယ္ပဲ ျဖစ္ပါတယ္”
ေရွာင္က်င့္ထ်င္၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ ေလလံပြဲတြင္ ၾကာပြင့္ေဆးလုံးကို အမွန္တကယ္ ေရာင္းခ်ခဲ့သည္။ သူ၏ ၾကာပြင့္ေဆးလုံးမ်ားကို တစ္လုံးလွ်င္ ဝိညာဥ္ေက်ာက္တုံး ၄၀ ျဖင့္ တင္ပို႔ေရာင္းခ်ခဲ့သည္။ ရလဒ္ကေတာ့ အခ်ိန္တိုတိုအတြင္းမွာပဲ ေရာင္းကုန္သြားခဲ့၏။ ေရွာင္က်င့္ထ်င္သည္ ယခု ေလလံအိမ္ရွိ ၾကာပြင့္ေဆးလုံးသည္ ယခင္က သူေရာင္းခဲ့ဖူးေသာ ေဆးမ်ားျဖစ္ေၾကာင္းကို လွ်ို႔ဝွက္စြာ သံသယရွိခဲ့သည္။
“တစ္ရာ”
“တစ္ရာ့ႏွစ္ဆယ္”
“တစ္ရာငါးဆယ္”
“ႏွစ္ရာ”
…
ၾကာပြင့္ေဆးလုံးႏွစ္လုံးကို ဝိညာဥ္ေက်ာက္တုံးႏွစ္ရာျဖင့္ ေရာင္းခ်ခဲ့သည္။
ေရွာင္ေရွာင္တုန္သည္ ေရွာင္က်င့္ထ်င္ကိုၾကည့္ရင္း မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္၏။
ေရွာင္ေရွာင္တုန္က ဘာမွ မေျပာေသာ္လည္း သူ႕အမူအရာက ‘ေဖေဖ အရႈံးနဲ႕ ေရာင္းလိုက္တာပဲ’ ဟု အဓိပၸါယ္ရေနပါသည္။
ေရွာင္က်င့္ထ်င္သည္ သူ႕ႏွာေခါင္းကို ပြတ္လိုက္ၿပီး အနည္းငယ္ အဆင္မေျပသလို ခံစားလိုက္ရသည္။ သူသာ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းအဆင့္ကို ေရာက္သြားပါက ဖုံးကြယ္ေနစရာ မလိုပါေတာ့ေခ်။
ယခု သူသည္ အဂၢိရတ္ပညာရွင္အျဖစ္ ထင္ရွားပါက သူ၏ အဂၢိရတ္ပစၥည္းမ်ား၏ အရင္းအျမစ္ကို လူအမ်ားက စိတ္ဝင္စားၾကလိမ့္မည္။ သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားက သူ႕ကို ထိန္းခ်ဳပ္ခ်င္ၾကၿပီး စြမ္းအားႀကီးတဲ့ ေဆးေတြကို သန႔္စင္ေပးဖို႔ အတင္းအၾကပ္ တြန္းအားေပးခ်င္ၾကလိမ့္ေပမည္။ သူသည္ မည္သူတစ္ဦးတစ္ေယာက္အတြက္မွ အလုပ္သမားမျဖစ္ေပးခ်င္ေပ။
“ေ႐ႊ႐ြက္ေဆးပင္.. အစေဈးက ဝိညာဥ္ေက်ာက္တုံးဆယ္လုံး”
ေရွာင္က်င့္ထ်င္က စိတ္လႈပ္ရွားသြားသည္။ ‘ေနာက္ဆုံးေတာ့ ေရာက္လာၿပီ။ ေ႐ႊ႐ြက္ေဆးပင္က အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးကို သန႔္စင္ဖို႔ အဓိကဝိညာဥ္အပင္ေတြထဲကတစ္ခုပဲ!’ ေရွာင္က်င့္ထ်င္သည္ သူ၏ စိတ္လႈပ္ရွားမႈကို ရပ္တန႔္လိုက္ၿပီး ေလလံဆြဲရာတြင္ ပါဝင္ခဲ့သည္။
ေ႐ႊ႐ြက္ေဆးပင္၏ေဈးက သိပ္တက္မလာေပ။ တခ်ိဳ႕လူေတြက ေလလံဆြဲၾကေပမယ့္ ၿပိဳင္ဆိုင္မႈကေတာ့ သိပ္မျပင္းထန္ပါေခ်။
ေ႐ႊ႐ြက္ေဆးပင္သည္ သက္ရွည္သစ္သီးကဲ့သို႔တိုက္ရိုက္အသုံးျပဳနိုင္ေသာ ပစၥည္းမ်ားႏွင့္ ကြဲျပားသည္။ ေ႐ႊ႐ြက္ေဆးပင္ကို ပထမဆုံးအေနျဖင့္ ေဆးလုံးအျဖစ္ သန႔္စင္ရန္ လိုအပ္သည္။ အဂၢိရတ္ပညာရွင္မ်ားကို ရွာေဖြရန္ ခဲယဥ္းၿပီး ေဆးသန႔္စင္ျခင္း၏ ေအာင္ျမင္မႈႏႈန္းအတြက္လည္း အာမခံခ်က္ မရွိေပ။ အဂၢိရတ္ပညာရွင္မ်ား၏ အခေၾကးေငြမွာလည္း မနည္းလွပါေခ်။ ဤအခ်က္အားလုံးသည္ ေ႐ႊ႐ြက္ေဆးပင္၏ေစ်းႏႈန္းကို ကန႔္သတ္ထားသည္။ ေရွာင္က်င့္ထ်င္သည္ ဝိညာဥ္ေက်ာက္တုံး ၄၅ လုံးျဖင့္ ေ႐ႊ႐ြက္ေဆးပင္ကို ရယူခဲ့သည္။
ေ႐ႊ႐ြက္ေဆးပင္ကို ဝယ္ၿပီးေနာက္ ေရွာင္က်င့္ထ်င္သည္ ေနာက္ထပ္ ဝိညာဥ္ေက်ာက္တုံးရွစ္ဆယ္ျဖင့္ ေ႐ႊမီးပုံးသစ္သီးကို ဝယ္ခဲ့ေလ၏။ ေနာက္ဆုံးတြင္ သူသည္ အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးကို သန႔္စင္ရန္အတြက္ လိုအပ္ေသာ ဝိညာဥ္အပင္အားလုံးကို စုေဆာင္းနိုင္ခဲ့သည္။
ေလလံပြဲမွာ ေကာင္းမြန္တဲ့အရာေတြ အဆုံးမရွိ ေရာင္းခ်ခဲ့ေသာ္လည္း ေရွာင္က်င့္ထ်င္ကေတာ့ ၎တို႔ကို ၾကည့္ေန႐ုံသာ တတ္နိုင္ခဲ့သည္။
ေရွာင္က်င့္ထ်င္သည္ သူ႕လက္ထဲတြင္ ဝိညာဥ္ေက်ာက္တုံးအခ်ိဳ႕ ရွိေနေသးသည္။ သို႔ေသာ္ ေနာက္ထပ္အုတ္ျမစ္ခ်တည္ေဆာက္ျခင္းေဆးလုံးမ်ားအတြက္ လိုအပ္ေသာ ဝိညာဥ္အပင္မ်ားဝယ္ရန္ ဝိညာဥ္ေက်ာက္တုံးမ်ား လိုအပ္ေနေသးေသာေၾကာင့္ ၎တို႔ကို လက္လြတ္စပယ္ မသုံးစြဲဝံ့ပါေခ်။
ေလလံပြဲၿပီးဆုံးသြားၿပီးေနာက္ တစ္ေယာက္ၿပီး တစ္ေယာက္ ေနရာမွ ထြက္ခြာသြားၾကေတာ့သည္။
28.01.2024
Thanks for reading ❤