ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...

By noelnoel7777

522K 84.3K 1.7K

Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... More

Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 67: Purchasing a Spiritual Pagoda
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 75: Beverage Sales
Chapter 76: The Eye-Catching Business
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 85: Everyone shock
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 100: Meet an acquaintance
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion

Chapter 89: Discover the drug garden

3.2K 513 18
By noelnoel7777

Unicode

မီးခိုးရောင်ချိုးငှက်ခြောက်ကောင်တွင် နှစ်​ကောင်သည် ချီကျင့်ကြံမှု၏အဆင့်၆တွင် ရှိနေသည်။ ကော​ဟောင့်က ထို​နှစ်​ကောင်လုံးကို ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ဆီသို့ ဆွဲသွင်းဖို့ စိတ်ထဲတွင်မှတ်ထားပြီးသားဖြစ်သည်။

ရှောင်ကျင့်ထျင်သည် ဝိညာဉ်မျှော်စင်ကိုပစ်လိုက်ပြီး ၎င်းအောက်ရှိ ဆဋ္ဌမအဆင့် မီးခိုးရောင်ချိုးငှက်ကိုဖုံးအုပ်ပြီး ရှောင်ကျင်းဖုန်းနှင့်ပူးပေါင်းကာ အခြားသော ချီကျင့်ကြံမှုဆဋ္ဌမအဆင့်ရှိ မီးခိုးရောင်ချိုးငှက်ကို ကိုင်တွယ်ရန်ပြုလုပ်လိုက်သည်။

ဆဋ္ဌမအဆင့် မီးခိုးရောင်ချိုးငှက်တစ်ကောင်သေဆုံးပြီး နောက်တစ်ကောင်မှာပိတ်မိနေသဖြင့် ကျန်သည့်မီးခိုးရောင်ချိုးငှက်များကို စိုးရိမ်စရာမရှိတော့​​ပေ။

ရှောင်ကျင့်ထျင်တို့ဖက်က တိုက်ပွဲကိုသပ်သပ်ရပ်ရပ် ဖြေရှင်းနေသည်ကို​တွေ့​သောအခါ ကော​ဟောင့်က အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။

ကော​ဟောင့်က ရှောင်ညီအကိုနှစ်ယောက် ချိုးဖြူငှက်ကို တိုက်ခိုက်ရာမှာ ထိခိုက်ဒဏ်ရာရခဲ့လျှင် သူတို့နှစ်ယောက်နှင့်သူလုပ်ထားသည့် သဘောတူညီချက်ကို လိုက်နာဖို့မလိုသလို ရှီးဝူးပန်းကိုလည်း သူတို့ကြားထဲမှာ မျှဝေပေးစရာမလိုတော့ဟု ကော​ဟောင့်က မူလကထင်ထားခဲ့သည်။

ရှောင်ကျင့်ထျင်၏ ဝိညာဥ်​ရေး​မျှော်စင်သည် ဆဋ္ဌမအဆင့် မီးခိုးရောင်ချိုးငှက်ကိုဖမ်းမိနိုင်သည်အထိ အလွန်အစွမ်းထက်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ရှောင်ကျင့်ထျင်သည် အမှန်တကယ် ချမ်းသာပြီးရက်​ရောကာ အချိန်မကုန်ဘဲ ချိုးငှက်ကို ချက်ခြင်းသတ်နိုင်ပြီး အ​ဆောင်ပစ္စည်းများစွာကို အသုံးပြုနိုင်သည်အထိ ချမ်းသာကြွယ်ဝသူဖြစ်နေသည်။

ရှောင်ကျင့်ထျင်သည် ဝိညာဥ်​ရေး​မျှော်စင်ကို ငွေအမြောက်အမြားဖြင့် ဝယ်ယူခဲ့ကြောင်း ကော​ဟောင့်သည်အရင်ထဲက ကြားသိခဲ့ရသည်။ ကော​ဟောင့်က ဤဝိညာဥ်​​ရေး​မျှော်စင်သည် လယ်လုပ်ငန်းအတွက် ကောင်းမွန်သည်ဟုသာ ကြားသိရသော်လည်း ၎င်းကနတ်ဆိုးသားရဲများကို ထောင်ချောက်ဆင်ရန်လည်း အသုံးပြုနိုင်မည်ဟု မထင်ထားခဲ့ပေ။

" ရှောင်မိသားစုထဲက ညီအကိုနှစ်ယောက်က တကယ်ကို အစွမ်းထက်တာပဲ! " ကော​ဟောင့်သည် သူအရင်အသုံးပြုခဲ့သော နည်းဗျူဟာအတွက် အပြစ်မရှိသလိုပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ရှောင်ကျင်းဖုန်းက ကော​ဟောင့်ကို အေးစက်နေသည့်အကြည့်ဖြင့်ကြည့်ကာ " ကြေးစားအဖွဲ့ရဲ့ စည်းမျဉ်းတွေအရ အလုပ်ပိုလုပ်ရင် အမြတ်များများရတယ်။ ငါတို့ ရှီးဝူးပန်းကိုသုံးပုံနှစ်ပုံလောက်လိုချင်တယ်။ "

ကော​ဟောင့်က မည်း​မှောင်​နေသည့်မျက်နှာဖြင့် " ဒါက စည်းကမ်းနဲ့မညီဘူး၊ ငါတို့အရင်ထဲက သဘောတူထားခဲ့တယ်လေ။ "

" ငါတို့အရင်ပြောတုန်းက၊ ဆဋ္ဌမအဆင့် မီးခိုးရောင်ချိုးငှက်တွေအားလုံးက ငါနဲ့ ငါ့ရဲ့ဒုတိယအစ်ကိုကိုင်တွယ်ရမယ် မပြောခဲ့ကြဘူး။ ငါ ဒါမှမဟုတ် ငါ့ရဲ့ ဒုတိယအစ်ကို တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ ရှီးဝူးပန်းရဲ့ ဝေစုကိုမရနိုင်တော့ဘူး မဟုတ်လား... " ရှောင်ကျင့်ထျင်က အေးစက်စွာပြောလိုက်သည်။

" တတိယသခင်​လေးက နောက်နေတာဖြစ်မယ်။ ဆဋ္ဌမအဆင့် ချိုးဖြူငှက်တွေက မင်းတို့နှစ်ယောက်ဆီ ဘာလို့သွားတာလဲ ငါမသိဘူး။ မင်းတို့နှစ်ယောက်က ဆွဲဆောင်မှုရှိ​နေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ.... ငါသုံးပုံတစ်ပုံပဲယူပါမယ်။ "လို့ ကော​ဟောင့်က ပြောလိုက်သည်။

ကော​ဟောင့်နှင့် ချီကျင့်ကြံမှုပဉ္စမအဆင့်ရှိလူများသည် ဝိညာဉ်ပန်းကိုယူကာ ထွက်ခွာသွားကြသည်။ စွင်း​မြောင်​မြောင်နှင့် ချီကျင့်ကြံမှုစတုတ္ထအဆင့်ရှိ အခြားလူအနည်းငယ်သာ နောက်ကျကျန်ရစ်နေခဲ့ကြသည်။

ရှောင်ကျင်းဖုန်းက ဝိညာဉ်မျှော်စင်ကိုကြည့်ပြီး " အဲဒီ ချိုးဖြူငှက်ကို ငါတို့ လွှတ်ပေးလိုက်ရမှာလား? "

ရှောင်ကျင့်ထျင်ကပိတ်မိနေသော နတ်ဆိုးသားရဲသည် ချီကျင့်ကြံမှု၏ အဆင့်၇နှင့် နီးကပ်နေပြီဖြစ်သည်။ အကယ်၍ သူတို့သာလွှတ်လိုက်လျှင် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ်မည်ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ရှောင်ကျင့်ထျင်က လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့သည်။ မဟုတ်လျှင် အခြေအနေတွေက ထိန်းရခက်ကုန်မည်ဖြစ်သည်။

ရှောင်ကျင့်ထျင်က ပြုံးပြီး " မလိုပါဘူး။ "

" ကျုံ့စမ်း... " ရှောင်ကျင့်ထျင်က ဝိညာဉ်မျှော်စင်ကို ကျုံ့ခိုင်းပြီး ဝိညာဉ်မျှော်စင်အောက်မှာ ပိတ်မိနေသည့်ချိုးငှက်က တူညီသည့်စွမ်းရည်မရှိတာကြောင့် ညှပ်ပြီးအသက်ရှုကြပ်ကာ သေဆုံးသွားခဲ့သည်။

ရှောင်ကျင်းဖုန်းသည် ချိုးငှက်၏အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်သဖြင့် အံ့သြထိတ်လန့်သွားရသည်။

ရှောင်ကျင်းဖုန်းက ရှောင်ကျင့်ထျင်ကို ဗလာဖြစ်စွာစိုက်ကြည့်ပြီး " ကျင့်ထျင်၊ မင်းမှာ ထိုးထွင်းဥာဏ်ရှိတာပဲ... " လို့ပြောလိုက်သည်။

ယခင်က ရှောင်ကျင့်ထျင် ဝိညာဉ်မျှော်စင်ကို ဝယ်ခဲ့သောအချိန်တွင် ရှောင်ကျင်းဖုန်းသည် ၎င်းကမထိုက်တန်ဟု အမှန်တကယ် ခံစားခဲ့ရသည်။ သို့သော်လည်း ရှောင်ကျင့်ထျင်၏ ဝိညာဉ်မျှော်စင်သည် ဝိညာဉ်ရေးဆေးပင်များ ကြီးထွားလာစေရန်သာမက အံ့ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများလည်း ရရှိနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဒီမျှော်စင်က နတ်ဆိုးသားရဲပိတ်မိနေသရွေ့ သေတဲ့အထိညှစ်နိုင်သည်။ ၎င်းသည် ကျုံ့သွားကာ သားရဲကိုသေသည်အထိ နှိပ်စက်နိုင်သည်။

ထူးခြားသောအသွေးအသားရှိသော သားရဲတိရစ္ဆာန်များမှလွဲ၍ အများစုမှာ အုတ်မြစ်ချ (ဖောင်ဒေးရှင်း)အဆင့်သို့မရောက်မချင်း ၎င်းတို့အများစုသည် ပိုကြီးအောင် သို့မဟုတ် သေးသွားအောင် လုပ်နိုင်စွမ်းမရှိကြ​​ပေ။

ရှောင်ကျင့်ထျင်၏ ဝိညာဉ်မျှော်စင်ကို မြင်သောအခါ စွင်း​မြောင်​မြောင်၏အကြည့်သည် အနည်းငယ်ရှုပ်ထွေးလာသည်။

" ကျင်းဖုန်း၊ ကျင့်ထျင်.... ရှင်တို့က အခု အရမ်းစွမ်းအားကြီးနေပြီ! " စွင်း​မြောင်​မြောင်က ရှေ့ကိုလှမ်းလာပြီးချီးကျူးလိုက်သည်။

ရှောင်ကျင်းဖုန်းက ပြုံးပြီး " အဲ့ဒီလောက်လဲမဟုတ်ပါဘူး၊ မင်း တခြား ရှောင်မိသားစုဝင်တွေနဲ့ တွေ့သေးလား? "

စွင်း​မြောင်​မြောင်က ခေါင်းယမ်းလိုက်ပြီး " မ​တွေ့မိဘူး၊ လျှို့ဝှက်နယ်မြေထဲကိုဝင်ပြီးပြီးချင်းပဲ တစ်စုံတစ်ယောက်ရဲ့ လိုက်ဖမ်းခြင်းကိုခံခဲ့ရလို့ ထွက်ပြေးပြီးခြေရာမခံနိုင်ဖို့ သတိထားပြီး ဖုံးကွယ်ထားခဲ့ရတယ်။ နောက်ပိုင်းမှာ ကော​ဟောင့်နဲ့ အဲဒီလူတွေကို တွေ့ခဲ့တယ်။ "

" ကော​ဟောင့်နဲ့ အဲဒီလူတွေက ငါတို့ရဲ့ သက်သေခံကတ်ပြားတွေကို ဆုကြေးအနေနဲ့ လွှဲပေးလိုက်ရင် ခိုလှုံစရာတွေ ပေးနိုင်မယ်လို့ ပြောခဲ့တယ်၊ ဒါကြောင့် ငါတို့ လုပ်ခဲ့တာ။ "

" အဲဒီကောင်တွေက ငါတို့ကို ကာကွယ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ရလဒ်အနေနဲ့ ဝိညာဥ်အပင်တွေကို မြင်တဲ့အချိန်မှာ နတ်ဆိုးသားရဲတွေကိုဆွဲဆောင်ဖို့ ငါတို့ကိုအသုံးပြုချင်ကြတယ်။ " စွင်း​မြောင်​မြောင်က မနှစ်မြို့စွာ​ပြောလိုက်သည်။

ရှောင်ကျင့်ထျင် ရိတ်သိမ်းနေသော ဝိညာဉ်အပင်များကိုကြည့်ရင်း စွင်း​မြောင်​မြောင်က အနည်းငယ်မနာလိုဖြစ်သွားမိသည်။ ရှီးဝူးပန်းသည် ကောင်းမွန်သောအရာများဖြစ်သည့် ဆေးများနှင့် လဲလှယ်နိုင်သည်။ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် ဝိညာဉ်အပင်ကို လက်ခံရရှိပြီးနောက် ၎င်းတို့နှင့် မျှဝေရန် ရည်ရွယ်ချက်မရှိသည်က နှ​မြောစရာကောင်းလှသည်။

စွင်း​မြောင်​မြောင် တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူမသည် ပထမဆုံးအမဲလိုက်ခံရပြီး အသတ်ခံရလုနီးပါးဖြစ်ခဲ့ကာ ကော​ဟောင့်နှင့် အခြားသူများစွာကိုတွေ့ဆုံခဲ့သည်။ သူတို့ကကူညီသော်လည်း အပင်များကိုရိတ်သိမ်းပြီး ခွဲ​ဝေပေးရန်ဆန္ဒမရှိ​ကြပေ။

" ဝမ်းကွဲမရီး မင်းဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ? " ရှောင်ကျင့်ထျင်က မေးသည်။

" ငါ မင်းတို့နောက်ကိုလိုက်မယ်! " စွင်း​မြောင်​မြောင်က ဘာမှမတွေးဘဲ ပြောလိုက်သည်။

စွင်း​မြောင်​မြောင်သည် သူမကြီးပြင်းလာစဉ်တွင် စွင်းမိသားစု၏ ဂရုစိုက်မှုကိုခံခဲ့ရပြီး ရှောင်မိသားစုသို့ ဝင်ရောက်လာသောအခါတွင် မတရားမှုများစွာကို ခံစားခဲ့ရသည်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ သူမပါဝင်ချိန်ကစပြီး စွင်း​မြောင်​မြောင်ဟာ ဒီကမ္ဘာကြီး၏ရက်စက်ကြမ်းကြုတ်မှုကိုနက်နဲစွာ နားလည်လာခဲ့သည်။ ထိုလူများက သူမအား လုံးဝထည့်သွင်းမစဉ်းစားဘဲ အသက်နှင့်သေခြင်း၏အစွန်းတွင် အကြိမ်ကြိမ်လမ်းလျှောက်ခဲ့ပြီးနောက် စွင်း​မြောင်​မြောင်၏မာနသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

" ဒုတိယအစ်ကိုနဲ့ ငါက အခွင့်အ​ရေးတွေရှာဖို့ တောနက်ကြီးထဲသွားမှာ... မင်းကို ငါတို့နဲ့ ခေါ်သွားဖို့အဆင်မပြေဘူး။ " ရှောင်ကျင့်ထျင်က အေးစက်စွာပြောလိုက်သည်။

စွင်း​မြောင်​မြောင်က ရှောင်ကျင့်ထျင်ကို မကျေနပ်ချက်တစ်ချို့ဖြင့် ကြည့်နေသော်လည်း ရှောင်ကျင့်ထျင်ကတော့ မတုန်လှုပ်ခဲ့​ပေ။ သူနှင့် စွင်း​မြောင်​မြောင်သည် သူတို့ကြားတွင် ကြင်နာမှုမရှိခဲ့ပေ။ စွင်း​မြောင်​မြောင်၏မောင်ငယ်သည် တစ်ချိန်က မူလကိုယ်ခန္ဓာပိုင်ရှင်ကို တိုက်ခိုက်ရန် စိတ်ကူးရှိသောကြောင့် စွင်း​မြောင်​မြောင်၏အသက်ကို ကယ်တင်ခြင်းမှာ သူ့ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သည်။ တောက အရမ်းအန္တရာယ်များ၏။ တစ်ယောက်တည်းထွက်သွားနိုင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်သည့်အတွက် ဝန်ထုပ်ဝန်ပိုးကိုမယူချင်ပေ။

စွင်း​မြောင်​မြောင်သည် ရှောင်ကျင့်ထျင်၏ အမူအယာကိုကြည့်ပြီး သူမ၏နှလုံးသားသည် စိတ်မပူဘဲမနေနိုင်ပေ။ " ကျင့်ထျင်... ရှင် ကျွန်မကို ဂရုမစိုက်တော့ဘူး။ "

ရှောင်ကျင့်ထျင်က ခေါင်းခါပြီး " ဝမ်းကွဲမရီး မင်းကို ငါမကူညီနိုင်ဘူး။ တောနက်ကြီးထဲမှာ အကျပ်အတည်းတွေ အများကြီးရှိတယ်။ မင်းက​တောနက်ထဲ ဝင်ဖို့အဆင်​ပြေမှာမဟုတ်ဘူး။ ငါနဲ့ ဒုတိယအစ်ကိုက မင်းကိုဂရုမစိုက်ပေးနိုင်ဘူး။ "

ရှောင်ကျင့်ထျင်၏အသိပညာအရ ပိယွဲ့သစ်တောသည် ကောင်းချီး​ပေးခံရသောနေရာတစ်ခုဖြစ်သည်။ ရှေးယခင်က ထိုနေရာတွင် ကျင့်ကြံသူများ၏သီးသန့်ဂူများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူ့တွင် လျှို့ဝှက်ချက်များစွာရှိပြီး ရှောင်ကျင်းဖုန်းနှင့် အတူရှိနေခြင်းသည် ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သည်။ ရှောင်ကျင့်ထျင်က စွင်း​မြောင်​မြောင်ကို သူတို့နောက်သို့ခေါ်မသွားစေချင်ပေ။

ရှောင်မိသားစုနှင့် စွင်းမိသားစု၏ဆက်ဆံရေးအရ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့မထွက်ခွာမီ စွင်း​မြောင်​မြောင်ကိုလျှို့ဝှက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားပေးကြသည်။

..........

စွင်း​မြောင်​မြောင်ကို ဖယ်ရှားပြီးနောက်၊ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် ကံကောင်းခြင်းမရှိဘဲ နောက်ထပ်ရက်အနည်းငယ်ကြာအောင် တောထဲတွင်လှည့်လည်နေခဲ့ကြသည်။

ခုနစ်ရက်ကြာပြီး​နောက်။

" ယွဲ့ကျန့်​ဆောင်... ရင့်မှည့်ပြီး။ "

" သုံးရောင်စုံ ဟူသျဲ့လန်... တစ်ပိုင်းရင့်မှည့်ပြီး။ "

" ရှန်းခဲ့လိုင်... တစ်ပိုင်းရင့်မှည့်ပြီး။ "

" ချီယဲ့ရှူး... တစ်ပိုင်းရင့်မှည့်ပြီး။ "

.........

ရှောင်ကျင့်ထျင်၏နားထဲတွင် အချက်ပေးသံများ ဆက်တိုက်မြည်လာသဖြင့် အနည်းငယ်ထူးဆန်းသွားသည်။ ဝိညာဥ်အပင်များသည် အများအားဖြင့် တစ်ခုနှင့်တစ်ခု တွန်းလှန်လေ့ရှိပြီး အဖိုးတန်ဝိညာဉ်အပင်များသည် များသောအားဖြင့် တစ်နေရာတည်းတွင် ပေါက်မည်မဟုတ်ပေ။ သို့သော် ကျောက်စိမ်းဆွဲသီးသည် မတူကွဲပြားသော ဝိညာဥ်အပင်မျိုးစုံတစ်ဒါဇင်ခန့်ကို တစ်ပြိုင်နက်ထွက်ပေါ်လာခဲ့ပြီး ဆေးဖက်ဆိုင်ရာဥယျာဉ်တစ်ခုကို တွေ့နိုင်သည်ဟုဆိုလိုနေသည်။

ရှောင်ကျင့်ထျင်မှာအနည်းငယ် စိတ်လှုပ်ရှားနေသည်ကို မထိန်းနိုင်တော့​​ပေ။ ဆေးဥယျာဉ်....! ဆေးဥယျာဉ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်မှာ အခွင့်ကောင်းတစ်ခုဖြစ်သည်။

ရှောင်ကျင့်ထျင်သည် ကျောက်စိမ်းဆွဲသီး၏ ညွှန်ကြားချက်ကို လိုက်နာပြီး တောင်ပေါ်တက်သွားကာ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် တောင်နံရံအပြင်ဘက်တွင် ဖုံးကွယ်ထားသော အခင်းကျင်းကိုချိုးဖျက်ပြီး ရှောင်ကျင်းဖုန်းနှင့်အတူ ဂူထဲသို့ဝင်သွားခဲ့သည်။ ရှောင်ကျင့်ထျင်က ထိုအရာကိုလုပ်နေသည့်အချိန်တွင် သူ့အမြင်အာရုံကိုစူးစိုက်ကာ နည်းနည်းလေးပဲ ပျက်စီးစေခဲ့သည်။ ထို့နောက်တခြားသူတွေ ရှာမတွေ့အောင် ပြန်လည်ဖုံးကွယ်ထားခဲ့သည်။

" ကျင့်ထျင်၊ အပြင်မှာ အခင်းအကျင်းတစ်ခု ရှိနေတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ? " ရှောင်ကျင်းဖုန်းသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

" ကျွန်တော့်မှာ သစ်သားစွမ်းရည်ရှိပြီး ဒီမှာ သစ်သားရဲ့စွမ်းအားက အရမ်းကြွယ်ဝတာကိုသတိထားမိလိုက်တယ်။ ဒါ့​ကြောင့်အဆင့်မြင့် ဝိညာဉ်အပင်အချို့ ရှိသင့်တယ်လို့ထင်တယ်၊ ဒါပေမယ့် မတွေ့တဲ့အတွက် ကျွန်တော်စမ်းကြည့်လိုက်တာပါ။ " ရှောင်ကျင့်ထျင်သည် အမှန်တစ်ဝက်ဖြင့်ပြောလိုက်သည်။

ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် လှိုဏ်ဂူထဲသို့ လျှောက်သွားနေရင်း အတွင်းတွင်ပိုကြီးလာသည်ကို တွေ့လိုက်ရသည်။

ဂူအတွင်း ကျင့်ကြံခန်း၊ ဆေးဘက်ဆိုင်ရာဥယျာဉ်တစ်ခုနှင့် စာကြည့်ခန်းတစ်ခုရှိနေသည်။ ကျင့်ကြံသူတစ်​​ယောက်​ ကျင့်ကြံခန်းထဲတွင်ထိုင်​​နေသည်​။ ရှောင်ကျင်းဖုန်းသည် ကျင့်ကြံသူက ကျင့်ကြံခန်းထဲတွင်ရှိ​နေသည်မှာ အနည်းဆုံးနှစ်တစ်ရာရှိနိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။

ကျင့်ကြံသူ၏ဘေးတွင် ကျောက်စိမ်းပြားတစ်ချပ်ရှိ​နေပြီး ထိုကျင့်ကြံသူအား ဝမ်ဟွားချန်ဟုခေါ်ကြောင်း ရှောင်ကျင့်ထျင်ထံမှ သိရှိခဲ့ရသည်။ သူသည် အုတ်မြစ်ချအဆင့်သို့ ရောက်ဖူးသော သစ်သားဒြပ်စင်ကျင့်ကြံသူဖြစ်သည်။ သို့သော် အုတ်မြစ်ချတည်ဆောက်သည့်အဆင့်တွင် သူလျှို့ဝှက်ကြံစည်ခံခဲ့ရခြင်းကြောင့် သူ၏ကျင့်ကြံမှုမှာ အလွန်လျော့ကျသွားပြီး သူ၏သက်တမ်းမှာ သိသိသာသာတိုတောင်းသွားခဲ့သည်။

သူ့ရန်သူလက်မှပုန်းအောင်းပြီး ကျင့်ကြံမှုပြန်ရရန်အတွက် ဝမ်ဟွားချန်သည် ပိယွဲ့တောင်ပေါ်တွင် ဂူတစ်ခုပြုလုပ်ကာ ရင့်မှည့်လာမည့်အချိန်ကိုစောင့်ရင်း ဝိညာဉ်အပင်များကို စိုက်ပျိုးခဲ့သည်။ ကံမကောင်းစွာပဲ သူသည် ဝိညာဉ်အပင်မရင့်မှည့်မီတွင် သေဆုံးသွားခဲ့သည်။ ဝမ်ဟွားချန်ကွယ်လွန်ပြီးနောက်တွင် သူစိုက်ထားသော ဝိညာဉ်အပင်များသည် အဆက်မပြတ် ကြီးထွားလာခဲ့သည်။

ဝမ်ဟွားချန်သည် အ​ခြေခံအုတ်မြစ်တည်​ဆောက်ခြင်းအဆင့်တွင်ရှိသောကြောင့် သူရွေးချယ်ထားသော ဤဂူအိမ်သည် သဘာဝအတိုင်း အထူးအဆန်းဖြစ်နေသည်။ ရှောင်ကျင့်ထျင်သည် ဝမ်ဟွားချန်၏လှိုဏ်ဂူအား ဝိညာဉ်ရေးသွေးကြောပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိခဲ့သည်။

ဂူအတွင်းရှိစွမ်းအင်သည် အလွန်သိပ်သည်းပြီး ဝိညာဉ်နို့ရည်များစွာ စုပုံနေသည့် လှိုဏ်ဂူအတွင်း ကျောက်ရေကန်တစ်ခုလည်းရှိနေသည်။

ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် ဂူပေါက်ဝတွင် ပုံရိပ်​ယောင်ခင်းကျင်းမှုများကို ရိုးရှင်းစွာပြုပြင်ပြီး ဂူအတွင်းကျင့်ကြံရန် ရုပ်ဖျက်မှုအချို့ကို ပြုလုပ်ခဲ့သည်။

လှိုဏ်ဂူထဲတွင် ဝိညာဉ်ရေးစွမ်းအင် လုံလောက်စွာရှိနေပြီး ခန္ဓာကိုယ်ကို ထိန်းညှိရန်အတွက် မန်ရိဒန်များကို ချဲ့ထွင်ထားသည့် ဝိညာဉ်နို့ရည်လည်းရှိသည်။ ထို့အပြင် ၎င်းတို့သည် ဝမ်ဟွားချန်၏ ခန္ဓာကိုယ်ပေါ်တွင် ဆေးပြားအချို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့နှင့်အတူ သူတို့၏ကျင့်ကြံမှုမှာ ခုန်တက်သွားပြီး မကြာမီတွင် ၎င်းတို့သည် ချီကျင့်ကြံမှုသတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

..........

ရှောင်ကျင့်ထျင်သည် ဆေးဖက်ဝင်ဥယျာဉ်ရှိ ရင့်မှည့်သော ဝိညာဉ်အပင်များကို ရှောင်ကျင်းဖုန်းနှင့်မျှဝေခဲ့ပြီး ပျိုးပင်ငယ်အချို့ကို သူ၏ကျောက်စိမ်းဆွဲသီးနေရာတွင် လျှို့ဝှက်စွာ အစားထိုးစိုက်ပျိုးခဲ့သည်။

ရှောင်ကျင့်ထျင်သည် ကျောက်စိမ်းဆွဲသီးနေရာက ဝိညာဉ်အပင်များကို မှည့်စေနိုင်သော်လည်း ရင့်မှည့်နေသောအပင်များသည် နေရာလွတ်အတွင်းရှိစွမ်းအားကို လျော့နည်းစေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့်၊ ဝိညာဉ်ရေးအပင်များကို နေရာလွတ်ထဲသို့ များများထည့်လေ၊ ပိုကောင်းလေဖြစ်သည်။ ကျောက်စိမ်းနှင့် ဝိညာဉ်ကျောက်များသည် ကျောက်စိမ်းဆွဲသီးနေရာရှိ စွမ်းအားကိုပြင်းထန်စွာမြှင့်တင်နိုင်ပြီး ဝိညာဉ်ရေးအပင်များ ပိုမိုရင့်မှည့်စေရန် ကူညီပေးနိုင်သည်။ ဝိညာဥ်ကျောက်တုံးများနှင့် နေရာလွတ်ထဲသို့ပစ်ထည့်ခဲ့သော ဝိညာဉ်ရေးအပင်များကို ဟန်ချက်ညီစေရန်အတွက် သူသည် ဝိညာဉ်ကျောက်တုံးများပိုမိုရရှိရန်လည်း လိုအပ်သည်။

ရှောင်ကျင့်ထျင်သည် ဝမ်ဟွားချန်၏ခန္ဓာကိုယ်တွင် အဆင့်နိမ့်ဆေးပြား အနည်းငယ်ကိုလည်းတွေ့ရှိခဲ့သည်။ သို့သော် ဝိညာဉ်ကျောက်တုံးများကို မတွေ့ခဲ့ပေ။ ရှောင်ကျင့်ထျင်က ဝမ်ဟွားချန်သည် ဝိညာဉ်ကျောက်တုံးများအားလုံးကို အသုံးပြုခဲ့ကြောင်းမှန်းဆခဲ့ပြီး ၎င်းတို့၏ အဆင့်နိမ့်သောကြောင့် ဆေးပြားများကို နှမြောခဲ့သည်။ ဝမ်ဟွားချန်သည် အခြေခံအုတ်မြစ်တည်ဆောက်သူဖြစ်ပြီး၊ သူ့ရဲ့ကျင့်ကြံမှု မကျသွားခဲ့လျှင်သူ ဒီလောက်ထိအားနည်းလိမ့်မည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း တစ်လကျော်ကြာပြီးနောက် လျှို့ဝှက်နယ်မြေမှာ ပိတ်သွားတော့မည်အချိန်​ရောက်လာလေသည်။ စဉ်ဆက်မပြတ် ကျင့်ကြံပြီးနောက်၊ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် ချီကျင့်ကြံမှုအဆင့်၇တွင် ခိုင်မာ​သောကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။

" ဒီကနေ ထွက်သွားကြရအောင်။ " ရှောင်ကျင်းဖုန်းက ပြောလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ကောင်းပြီ။ "

အချိန်ရောက်သောအခါ၊ ပိယွဲ့သစ်တောမှာပိတ်သွားပြီး နောက် ဆယ်နှစ်ကျော်ကြာမှ ပြန်ဖွင့်မည်ဖြစ်သည်။

တကယ်တော့ ပိယွဲ့သစ်တောထဲမှာ သယံဇာတပေါများပြီး တချို့လူတွေကမထွက်သွားချင်ကြ​ပေ။ ဒါပေမယ့် လျှို့ဝှက်နယ်​မြေမပိတ်ခင် မထွက်သေးသူတွေကို ခရိုင်ကဖယ်ရှားရှင်းလင်းဖို့ အုတ်မြစ်ချတည်​ဆောက်ခြင်းအဆင့်ရှိသူတွေကို စေလွှတ်ခဲ့သည်။ ခရိုင်မှာ သောင်တင်နေသည့်သူတွေ၏ ရိတ်သိမ်းမှုအားလုံးကို သိမ်းထားမည်ဖြစ်သည်။ ပြဿနာရှိ၍ အပြင်မထွက်နိုင်လျှင်အဆင်​ပြေသော်လည်း မ​ကောင်းသောရည်ရွယ်ချက်ဖြင့် ဆက်နေသူများကို အပြစ်ပေးမည်ဖြစ်သည်။

အစပိုင်းတွင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသူ ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ဒါပေမယ့် ဆယ်ယောက်မှာ တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ထွက်လာကြပြီး အများစုကတော့ စိတ်ထဲတွင်မကျေမနပ်ဖြစ်နေကြသည်။

လျှို့ဝှက်နယ်​မြေထဲ၌ အခွင့်ကောင်းရပြီး ကောင်းကင်သို့ပျံတက်သွားသူ အနည်းစုလည်း ရှိသေးသည်။

ရှောင်ကျင်းဖုန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိအပင်အားလုံးကို ရှောင်ကျင့်ထျင်အား လွှဲပြောင်းပေးခဲ့သည်။ ဤပြိုင်ပွဲတွင် ပထမဆယ်ဦးသည် ရေခဲနှလုံးသား​ဆေးလုံးကို လက်ခံရရှိမည်ဖြစ်ပြီး ရှောင်ကျင်းဖုန်းနှင့် ရှောင်ကျင့်ထျင်တို့သည် ကျင့်ကြံခြင်းအတွက် သုံးစွဲမည့်အချိန်ကို နောက်ကျစေခဲ့သည်။ သက်သေခံကတ်ပြား အမြောက်အမြားကို အလွယ်တကူ ထုတ်ယူနိုင်သူများနှင့် နှိုင်းယှဉ်၍မရ​ပေ။ ကောင်းသည့်အချက်မှာ ဆေးဥယျာဉ်ထဲကဝိညာဥ်အပင်တွေ အများကြီးရခဲ့သည်။ မြင့်မားသော ဝိညာဉ်အပင်များကို အမှတ်များစွာဖြင့် လဲလှယ်နိုင်သည်။

ရှောင်ကျင့်ထျင်သည် သူ၏ ကျောက်စိမ်းဆွဲသီးနေရာရှိ လျှို့ဝှက်နယ်မြေတွင် သူရရှိသော ဝိညာဥ်အပင်တစ်ခုစီ၏ အနည်းဆုံးတစ်အုပ်ဆီကို သိမ်းဆည်းထားသည်။ ကျန်တာတွေကို အမှတ်နဲ့ ဆေးပြားတွေနဲ့ လဲလှယ်ဖို့ ထုတ်ယူခဲ့သည်။

ရိတ်သိမ်းပြီးနောက်တွင် ရှောင်ကျင့်ထျင်သည် အသုံးဝင်သောဆေးအချို့နှင့်လဲလှယ်ပြီး အဆင့်ရှစ်နေရာရခဲ့သည်။

ရှောင်ချင်းယန်၏ကံက မဆိုးသလို အရမ်းလည်းကောင်းမ​နေ​ပေ။ ရှောင်ချင်းယန်နှင့် ပီဖုန်း​အကယ်ဒမီမှလူများသည် အမဲလိုက်ခြင်းတွင် ပူးပေါင်းပါဝင်ရန် အဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့သည်။ ဒါပေမယ့် ရလဒ်အနေနဲ့ကတော့ လမ်းတစ်ဝက်မှာ လုယက်မှုတွေ မညီမညာခွဲဝေမှုကြောင့် လမ်းခွဲလိုက်ကြသည်။ ရှောင်ချင်းယန်သည် ချီကျင့်ကြံမှုဆဋ္ဌမအဆင့်သို့ တက်လှမ်းရန် အထူးနည်းလမ်းများကို အသုံးပြုခဲ့သော်လည်း၊ သူသည် ချီကျင့်ကြံမှုဆဋ္ဌမအဆင့်တွင်သာ ရှိနေသောကြောင့် လမ်းတစ်လျှောက်တွင် အနည်းငယ်သာ တိုးတက်လာခဲ့သည်။

လျှို့ဝှက်နယ်မြေမှ ထွက်ခွာရမည့်အချိန်တွင် တောထဲမှထွက်ခွာလာသော ကျင့်ကြံသူများကိုတားဆီးရန် အထူးဖွဲ့စည်းထားသည့်သတ္တမအဆင့် ချီကျင့်ကြံသူဦးဆောင်သောအဖွဲ့နှင့် ကြုံတွေ့ခဲ့ရသည်။ ရှောင်ချင်းယန်သည် သူ့အသက်ကိုကယ်တင်ရန် သူ့ပိုင်ဆိုင်မှုအားလုံးကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာမရှိသောကြောင့် ဤပြိုင်ပွဲတွင် သူဘာမျှမရရှိခဲ့သော်လည်း အနည်းဆုံးတော့ သူအသက်ကိုကယ်တင်နိုင်ခဲ့သည်။

ရှောင်မိသားစုမှ လူများစွာသည် ဤတစ်ကြိမ်တွင် သေဆုံးသွားခဲ့သည်။ ရှောင်မုဟုန်ပျောက်ကွယ်သွားပြီး စွင်း​မြောင်​မြောင်မှာ လွတ်မြောက်ခဲ့သော်လည်း အမြတ်မရခဲ့ပေ။

05.02.2023

ဘာမှမ​ပြောဘဲ​ပျောက်​ပျောက်သွားတာ တောင်းပန်ပါတယ်တယ် အသဲတို့​ရေ... ကိုယ့်ညာဖက်လက်မ လက်ဆစ်က​ရောင်​နေပြီး ဘာမှလုပ်မရလို့ရယ်... အလုပ်ကို​တောင် ခွင့်ယူလိုက်ရတာ​ကြောင့်ပါ... အခု​တော့ အရှင်းမ​ပျောက်​သေး​ပေမယ့် ဂရု​တော့စိုက်​ပေး​နေရတုန်းပဲ... ဒီအပိုင်းက ဆေးပင်နာမည်တွေတိုင်ပတ်​နေလို့ ပိုကြာသွားတယ်... ကိုယ့်ကို ဘယ်​တော့တင်မှာလဲလာ​မေး​နေတဲ့သူ​တွေနဲ့ စောင့်​နေတဲ့သူ​တွေအတွက် တင်​ပေးလိုက်ပါပြီနော်... အကြာကြီးစောင့်ခိုင်းမိလို့ sorry ပါ​...

Thanks for reading ❤

Zawgyi

မီးခိုးေရာင္ခ်ိဳးငွက္ေျခာက္ေကာင္တြင္ ႏွစ္​ေကာင္သည္ ခ်ီက်င့္ႀကံမႈ၏အဆင့္၆တြင္ ရွိေနသည္။ ေကာ​ေဟာင့္က ထို​ႏွစ္​ေကာင္လုံးကို ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔ဆီသို႔ ဆြဲသြင္းဖို႔ စိတ္ထဲတြင္မွတ္ထားၿပီးသားျဖစ္သည္။

ေရွာင္က်င့္ထ်င္သည္ ဝိညာဥ္ေမွ်ာ္စင္ကိုပစ္လိုက္ၿပီး ၎ေအာက္ရွိ ဆ႒မအဆင့္ မီးခိုးေရာင္ခ်ိဳးငွက္ကိုဖုံးအုပ္ၿပီး ေရွာင္က်င္းဖုန္းႏွင့္ပူးေပါင္းကာ အျခားေသာ ခ်ီက်င့္ႀကံမႈဆ႒မအဆင့္ရွိ မီးခိုးေရာင္ခ်ိဳးငွက္ကို ကိုင္တြယ္ရန္ျပဳလုပ္လိုက္သည္။

ဆ႒မအဆင့္ မီးခိုးေရာင္ခ်ိဳးငွက္တစ္ေကာင္ေသဆုံးၿပီး ေနာက္တစ္ေကာင္မွာပိတ္မိေနသျဖင့္ က်န္သည့္မီးခိုးေရာင္ခ်ိဳးငွက္မ်ားကို စိုးရိမ္စရာမရွိေတာ့​​ေပ။

ေရွာင္က်င့္ထ်င္တို႔ဖက္က တိုက္ပြဲကိုသပ္သပ္ရပ္ရပ္ ေျဖရွင္းေနသည္ကို​ေတြ႕​ေသာအခါ ေကာ​ေဟာင့္က အနည္းငယ္အကူအညီမဲ့သြားသလို ခံစားလိုက္ရသည္။

ေကာ​ေဟာင့္က ေရွာင္ညီအကိုႏွစ္ေယာက္ ခ်ိဳးျဖဴငွက္ကို တိုက္ခိုက္ရာမွာ ထိခိုက္ဒဏ္ရာရခဲ့လွ်င္ သူတို႔ႏွစ္ေယာက္ႏွင့္သူလုပ္ထားသည့္ သေဘာတူညီခ်က္ကို လိုက္နာဖို႔မလိုသလို ရွီးဝူးပန္းကိုလည္း သူတို႔ၾကားထဲမွာ မွ်ေဝေပးစရာမလိုေတာ့ဟု ေကာ​ေဟာင့္က မူလကထင္ထားခဲ့သည္။

ေရွာင္က်င့္ထ်င္၏ ဝိညာဥ္​ေရး​ေမွ်ာ္စင္သည္ ဆ႒မအဆင့္ မီးခိုးေရာင္ခ်ိဳးငွက္ကိုဖမ္းမိနိုင္သည္အထိ အလြန္အစြမ္းထက္မည္ဟု သူမေမွ်ာ္လင့္ထားခဲ့ေပ။ ေရွာင္က်င့္ထ်င္သည္ အမွန္တကယ္ ခ်မ္းသာၿပီးရက္​ေရာကာ အခ်ိန္မကုန္ဘဲ ခ်ိဳးငွက္ကို ခ်က္ျခင္းသတ္နိုင္ၿပီး အ​ေဆာင္ပစၥည္းမ်ားစြာကို အသုံးျပဳနိုင္သည္အထိ ခ်မ္းသာႂကြယ္ဝသူျဖစ္ေနသည္။

ေရွာင္က်င့္ထ်င္သည္ ဝိညာဥ္​ေရး​ေမွ်ာ္စင္ကို ေငြအေျမာက္အျမားျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေကာ​ေဟာင့္သည္အရင္ထဲက ၾကားသိခဲ့ရသည္။ ေကာ​ေဟာင့္က ဤဝိညာဥ္​​ေရး​ေမွ်ာ္စင္သည္ လယ္လုပ္ငန္းအတြက္ ေကာင္းမြန္သည္ဟုသာ ၾကားသိရေသာ္လည္း ၎ကနတ္ဆိုးသားရဲမ်ားကို ေထာင္ေခ်ာက္ဆင္ရန္လည္း အသုံးျပဳနိုင္မည္ဟု မထင္ထားခဲ့ေပ။

" ေရွာင္မိသားစုထဲက ညီအကိုႏွစ္ေယာက္က တကယ္ကို အစြမ္းထက္တာပဲ! " ေကာ​ေဟာင့္သည္ သူအရင္အသုံးျပဳခဲ့ေသာ နည္းဗ်ဴဟာအတြက္ အျပစ္မရွိသလိုေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။

ေရွာင္က်င္းဖုန္းက ေကာ​ေဟာင့္ကို ေအးစက္ေနသည့္အၾကည့္ျဖင့္ၾကည့္ကာ " ေၾကးစားအဖြဲ႕ရဲ႕ စည္းမ်ဥ္းေတြအရ အလုပ္ပိုလုပ္ရင္ အျမတ္မ်ားမ်ားရတယ္။ ငါတို႔ ရွီးဝူးပန္းကိုသုံးပုံႏွစ္ပုံေလာက္လိုခ်င္တယ္။ "

ေကာ​ေဟာင့္က မည္း​ေမွာင္​ေနသည့္မ်က္ႏွာျဖင့္ " ဒါက စည္းကမ္းနဲ႕မညီဘူး၊ ငါတို႔အရင္ထဲက သေဘာတူထားခဲ့တယ္ေလ။ "

" ငါတို႔အရင္ေျပာတုန္းက၊ ဆ႒မအဆင့္ မီးခိုးေရာင္ခ်ိဳးငွက္ေတြအားလုံးက ငါနဲ႕ ငါ့ရဲ႕ဒုတိယအစ္ကိုကိုင္တြယ္ရမယ္ မေျပာခဲ့ၾကဘူး။ ငါ ဒါမွမဟုတ္ ငါ့ရဲ႕ ဒုတိယအစ္ကို တစ္ခုခုျဖစ္ခဲ့ရင္ ငါတို႔ ရွီးဝူးပန္းရဲ႕ ေဝစုကိုမရနိုင္ေတာ့ဘူး မဟုတ္လား... " ေရွာင္က်င့္ထ်င္က ေအးစက္စြာေျပာလိုက္သည္။

" တတိယသခင္​ေလးက ေနာက္ေနတာျဖစ္မယ္။ ဆ႒မအဆင့္ ခ်ိဳးျဖဴငွက္ေတြက မင္းတို႔ႏွစ္ေယာက္ဆီ ဘာလို႔သြားတာလဲ ငါမသိဘူး။ မင္းတို႔ႏွစ္ေယာက္က ဆြဲေဆာင္မႈရွိ​ေနတာလည္း ျဖစ္နိုင္တယ္။ ဘာပဲျဖစ္ျဖစ္ပါ.... ငါသုံးပုံတစ္ပုံပဲယူပါမယ္။ "လို႔ ေကာ​ေဟာင့္က ေျပာလိုက္သည္။

ေကာ​ေဟာင့္ႏွင့္ ခ်ီက်င့္ႀကံမႈပၪၥမအဆင့္ရွိလူမ်ားသည္ ဝိညာဥ္ပန္းကိုယူကာ ထြက္ခြာသြားၾကသည္။ စြင္း​ေျမာင္​ေျမာင္ႏွင့္ ခ်ီက်င့္ႀကံမႈစတုတၳအဆင့္ရွိ အျခားလူအနည္းငယ္သာ ေနာက္က်က်န္ရစ္ေနခဲ့ၾကသည္။

ေရွာင္က်င္းဖုန္းက ဝိညာဥ္ေမွ်ာ္စင္ကိုၾကည့္ၿပီး " အဲဒီ ခ်ိဳးျဖဴငွက္ကို ငါတို႔ လႊတ္ေပးလိုက္ရမွာလား? "

ေရွာင္က်င့္ထ်င္ကပိတ္မိေနေသာ နတ္ဆိုးသားရဲသည္ ခ်ီက်င့္ႀကံမႈ၏ အဆင့္၇ႏွင့္ နီးကပ္ေနၿပီျဖစ္သည္။ အကယ္၍ သူတို႔သာလႊတ္လိုက္လွ်င္ ေနာက္တစ္ႀကိမ္ တိုက္ပြဲထပ္ျဖစ္မည္ျဖစ္သည္။ ကံေကာင္းေထာက္မစြာပင္ ေရွာင္က်င့္ထ်င္က လ်င္ျမန္စြာတုံ႕ျပန္နိုင္ခဲ့သည္။ မဟုတ္လွ်င္ အေျခအေနေတြက ထိန္းရခက္ကုန္မည္ျဖစ္သည္။

ေရွာင္က်င့္ထ်င္က ၿပဳံးၿပီး " မလိုပါဘူး။ "

" က်ဳံ႕စမ္း... " ေရွာင္က်င့္ထ်င္က ဝိညာဥ္ေမွ်ာ္စင္ကို က်ဳံ႕ခိုင္းၿပီး ဝိညာဥ္ေမွ်ာ္စင္ေအာက္မွာ ပိတ္မိေနသည့္ခ်ိဳးငွက္က တူညီသည့္စြမ္းရည္မရွိတာေၾကာင့္ ညွပ္ၿပီးအသက္ရႈၾကပ္ကာ ေသဆုံးသြားခဲ့သည္။

ေရွာင္က်င္းဖုန္းသည္ ခ်ိဳးငွက္၏အေငြ႕အသက္မ်ား ေပ်ာက္ကြယ္သြားသည္ကို ေတြ႕ရွိလိုက္သျဖင့္ အံ့ၾသထိတ္လန႔္သြားရသည္။

ေရွာင္က်င္းဖုန္းက ေရွာင္က်င့္ထ်င္ကို ဗလာျဖစ္စြာစိုက္ၾကည့္ၿပီး " က်င့္ထ်င္၊ မင္းမွာ ထိုးထြင္းဥာဏ္ရွိတာပဲ... " လို႔ေျပာလိုက္သည္။

ယခင္က ေရွာင္က်င့္ထ်င္ ဝိညာဥ္ေမွ်ာ္စင္ကို ဝယ္ခဲ့ေသာအခ်ိန္တြင္ ေရွာင္က်င္းဖုန္းသည္ ၎ကမထိုက္တန္ဟု အမွန္တကယ္ ခံစားခဲ့ရသည္။ သို႔ေသာ္လည္း ေရွာင္က်င့္ထ်င္၏ ဝိညာဥ္ေမွ်ာ္စင္သည္ ဝိညာဥ္ေရးေဆးပင္မ်ား ႀကီးထြားလာေစရန္သာမက အံ့ဖြယ္ေကာင္းေသာ အက်ိဳးသက္ေရာက္မႈမ်ားလည္း ရရွိနိုင္မည္ဟု သူ မေမွ်ာ္လင့္ခဲ့ေပ။ ဒီေမွ်ာ္စင္က နတ္ဆိုးသားရဲပိတ္မိေနသေ႐ြ႕ ေသတဲ့အထိညွစ္နိုင္သည္။ ၎သည္ က်ဳံ႕သြားကာ သားရဲကိုေသသည္အထိ ႏွိပ္စက္နိုင္သည္။

ထူးျခားေသာအေသြးအသားရွိေသာ သားရဲတိရစာၦန္မ်ားမွလြဲ၍ အမ်ားစုမွာ အုတ္ျမစ္ခ် (ေဖာင္ေဒးရွင္း)အဆင့္သို႔မေရာက္မခ်င္း ၎တို႔အမ်ားစုသည္ ပိုႀကီးေအာင္ သို႔မဟုတ္ ေသးသြားေအာင္ လုပ္နိုင္စြမ္းမရွိၾက​​ေပ။

ေရွာင္က်င့္ထ်င္၏ ဝိညာဥ္ေမွ်ာ္စင္ကို ျမင္ေသာအခါ စြင္း​ေျမာင္​ေျမာင္၏အၾကည့္သည္ အနည္းငယ္ရႈပ္ေထြးလာသည္။

" က်င္းဖုန္း၊ က်င့္ထ်င္.... ရွင္တို႔က အခု အရမ္းစြမ္းအားႀကီးေနၿပီ! " စြင္း​ေျမာင္​ေျမာင္က ေရွ႕ကိုလွမ္းလာၿပီးခ်ီးက်ဴးလိုက္သည္။

ေရွာင္က်င္းဖုန္းက ၿပဳံးၿပီး " အဲ့ဒီေလာက္လဲမဟုတ္ပါဘူး၊ မင္း တျခား ေရွာင္မိသားစုဝင္ေတြနဲ႕ ေတြ႕ေသးလား? "

စြင္း​ေျမာင္​ေျမာင္က ေခါင္းယမ္းလိုက္ၿပီး " မ​ေတြ႕မိဘူး၊ လွ်ို႔ဝွက္နယ္ေျမထဲကိုဝင္ၿပီးၿပီးခ်င္းပဲ တစ္စုံတစ္ေယာက္ရဲ႕ လိုက္ဖမ္းျခင္းကိုခံခဲ့ရလို႔ ထြက္ေျပးၿပီးေျခရာမခံနိုင္ဖို႔ သတိထားၿပီး ဖုံးကြယ္ထားခဲ့ရတယ္။ ေနာက္ပိုင္းမွာ ေကာ​ေဟာင့္နဲ႕ အဲဒီလူေတြကို ေတြ႕ခဲ့တယ္။ "

" ေကာ​ေဟာင့္နဲ႕ အဲဒီလူေတြက ငါတို႔ရဲ႕ သက္ေသခံကတ္ျပားေတြကို ဆုေၾကးအေနနဲ႕ လႊဲေပးလိုက္ရင္ ခိုလႈံစရာေတြ ေပးနိုင္မယ္လို႔ ေျပာခဲ့တယ္၊ ဒါေၾကာင့္ ငါတို႔ လုပ္ခဲ့တာ။ "

" အဲဒီေကာင္ေတြက ငါတို႔ကို ကာကြယ္ေပးမယ္လို႔ေျပာတယ္။ ဒါေပမယ့္ ရလဒ္အေနနဲ႕ ဝိညာဥ္အပင္ေတြကို ျမင္တဲ့အခ်ိန္မွာ နတ္ဆိုးသားရဲေတြကိုဆြဲေဆာင္ဖို႔ ငါတို႔ကိုအသုံးျပဳခ်င္ၾကတယ္။ " စြင္း​ေျမာင္​ေျမာင္က မႏွစ္ၿမိဳ႕စြာ​ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္ ရိတ္သိမ္းေနေသာ ဝိညာဥ္အပင္မ်ားကိုၾကည့္ရင္း စြင္း​ေျမာင္​ေျမာင္က အနည္းငယ္မနာလိုျဖစ္သြားမိသည္။ ရွီးဝူးပန္းသည္ ေကာင္းမြန္ေသာအရာမ်ားျဖစ္သည့္ ေဆးမ်ားႏွင့္ လဲလွယ္နိုင္သည္။ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ ဝိညာဥ္အပင္ကို လက္ခံရရွိၿပီးေနာက္ ၎တို႔ႏွင့္ မွ်ေဝရန္ ရည္႐ြယ္ခ်က္မရွိသည္က ႏွ​ေျမာစရာေကာင္းလွသည္။

စြင္း​ေျမာင္​ေျမာင္ တိတ္တိတ္ေလး သက္ျပင္းခ်လိဳက္မိသည္။ လွ်ို႔ဝွက္နယ္ေျမထဲသို႔ ဝင္ေရာက္ၿပီးေနာက္ သူမသည္ ပထမဆုံးအမဲလိုက္ခံရၿပီး အသတ္ခံရလုနီးပါးျဖစ္ခဲ့ကာ ေကာ​ေဟာင့္ႏွင့္ အျခားသူမ်ားစြာကိုေတြ႕ဆုံခဲ့သည္။ သူတို႔ကကူညီေသာ္လည္း အပင္မ်ားကိုရိတ္သိမ္းၿပီး ခြဲ​ေဝေပးရန္ဆႏၵမရွိ​ၾကေပ။

" ဝမ္းကြဲမရီး မင္းဘာဆက္လုပ္ဖို႔ အစီအစဥ္ရွိလဲ? " ေရွာင္က်င့္ထ်င္က ေမးသည္။

" ငါ မင္းတို႔ေနာက္ကိုလိုက္မယ္! " စြင္း​ေျမာင္​ေျမာင္က ဘာမွမေတြးဘဲ ေျပာလိုက္သည္။

စြင္း​ေျမာင္​ေျမာင္သည္ သူမႀကီးျပင္းလာစဥ္တြင္ စြင္းမိသားစု၏ ဂ႐ုစိုက္မႈကိုခံခဲ့ရၿပီး ေရွာင္မိသားစုသို႔ ဝင္ေရာက္လာေသာအခါတြင္ မတရားမႈမ်ားစြာကို ခံစားခဲ့ရသည္။ ဒါေပမယ့္ ဒီၿပိဳင္ပြဲမွာ သူမပါဝင္ခ်ိန္ကစၿပီး စြင္း​ေျမာင္​ေျမာင္ဟာ ဒီကမာၻႀကီး၏ရက္စက္ၾကမ္းၾကဳတ္မႈကိုနက္နဲစြာ နားလည္လာခဲ့သည္။ ထိုလူမ်ားက သူမအား လုံးဝထည့္သြင္းမစဥ္းစားဘဲ အသက္ႏွင့္ေသျခင္း၏အစြန္းတြင္ အႀကိမ္ႀကိမ္လမ္းေလွ်ာက္ခဲ့ၿပီးေနာက္ စြင္း​ေျမာင္​ေျမာင္၏မာနသည္ ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သည္။

" ဒုတိယအစ္ကိုနဲ႕ ငါက အခြင့္အ​ေရးေတြရွာဖို႔ ေတာနက္ႀကီးထဲသြားမွာ... မင္းကို ငါတို႔နဲ႕ ေခၚသြားဖို႔အဆင္မေျပဘူး။ " ေရွာင္က်င့္ထ်င္က ေအးစက္စြာေျပာလိုက္သည္။

စြင္း​ေျမာင္​ေျမာင္က ေရွာင္က်င့္ထ်င္ကို မေက်နပ္ခ်က္တစ္ခ်ိဳ႕ျဖင့္ ၾကည့္ေနေသာ္လည္း ေရွာင္က်င့္ထ်င္ကေတာ့ မတုန္လႈပ္ခဲ့​ေပ။ သူႏွင့္ စြင္း​ေျမာင္​ေျမာင္သည္ သူတို႔ၾကားတြင္ ၾကင္နာမႈမရွိခဲ့ေပ။ စြင္း​ေျမာင္​ေျမာင္၏ေမာင္ငယ္သည္ တစ္ခ်ိန္က မူလကိုယ္ခႏၶာပိုင္ရွင္ကို တိုက္ခိုက္ရန္ စိတ္ကူးရွိေသာေၾကာင့္ စြင္း​ေျမာင္​ေျမာင္၏အသက္ကို ကယ္တင္ျခင္းမွာ သူ႕ကန႔္သတ္ခ်က္ျဖစ္ေနၿပီျဖစ္သည္။ ေတာက အရမ္းအႏၲရာယ္မ်ား၏။ တစ္ေယာက္တည္းထြက္သြားနိုင္မယ္လို႔ ဘယ္သူမွ အာမမခံနိုင္သည့္အတြက္ ဝန္ထုပ္ဝန္ပိုးကိုမယူခ်င္ေပ။

စြင္း​ေျမာင္​ေျမာင္သည္ ေရွာင္က်င့္ထ်င္၏ အမူအယာကိုၾကည့္ၿပီး သူမ၏ႏွလုံးသားသည္ စိတ္မပူဘဲမေနနိုင္ေပ။ " က်င့္ထ်င္... ရွင္ ကြၽန္မကို ဂ႐ုမစိုက္ေတာ့ဘူး။ "

ေရွာင္က်င့္ထ်င္က ေခါင္းခါၿပီး " ဝမ္းကြဲမရီး မင္းကို ငါမကူညီနိုင္ဘူး။ ေတာနက္ႀကီးထဲမွာ အက်ပ္အတည္းေတြ အမ်ားႀကီးရွိတယ္။ မင္းက​ေတာနက္ထဲ ဝင္ဖို႔အဆင္​ေျပမွာမဟုတ္ဘူး။ ငါနဲ႕ ဒုတိယအစ္ကိုက မင္းကိုဂ႐ုမစိုက္ေပးနိုင္ဘူး။ "

ေရွာင္က်င့္ထ်င္၏အသိပညာအရ ပိယြဲ႕သစ္ေတာသည္ ေကာင္းခ်ီး​ေပးခံရေသာေနရာတစ္ခုျဖစ္သည္။ ေရွးယခင္က ထိုေနရာတြင္ က်င့္ႀကံသူမ်ား၏သီးသန႔္ဂူမ်ားကို ရွာေဖြေတြ႕ရွိခဲ့ၾကသည္။ သူ႕တြင္ လွ်ို႔ဝွက္ခ်က္မ်ားစြာရွိၿပီး ေရွာင္က်င္းဖုန္းႏွင့္ အတူရွိေနျခင္းသည္ ကန႔္သတ္ခ်က္ျဖစ္ေနၿပီျဖစ္သည္။ ေရွာင္က်င့္ထ်င္က စြင္း​ေျမာင္​ေျမာင္ကို သူတို႔ေနာက္သို႔ေခၚမသြားေစခ်င္ေပ။

ေရွာင္မိသားစုႏွင့္ စြင္းမိသားစု၏ဆက္ဆံေရးအရ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔မထြက္ခြာမီ စြင္း​ေျမာင္​ေျမာင္ကိုလွ်ို႔ဝွက္ေနရာတစ္ခုသို႔ ေခၚေဆာင္သြားေပးၾကသည္။

..........

စြင္း​ေျမာင္​ေျမာင္ကို ဖယ္ရွားၿပီးေနာက္၊ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ ကံေကာင္းျခင္းမရွိဘဲ ေနာက္ထပ္ရက္အနည္းငယ္ၾကာေအာင္ ေတာထဲတြင္လွည့္လည္ေနခဲ့ၾကသည္။

ခုနစ္ရက္ၾကာၿပီး​ေနာက္။

" ယြဲ႕က်န့္​ေဆာင္... ရင့္မွည့္ၿပီး။ "

" သုံးေရာင္စုံ ဟူသ်ဲ့လန္... တစ္ပိုင္းရင့္မွည့္ၿပီး။ "

" ရွန္းခဲ့လိုင္... တစ္ပိုင္းရင့္မွည့္ၿပီး။ "

" ခ်ီယဲ့ရႉး... တစ္ပိုင္းရင့္မွည့္ၿပီး။ "

.........

ေရွာင္က်င့္ထ်င္၏နားထဲတြင္ အခ်က္ေပးသံမ်ား ဆက္တိုက္ျမည္လာသျဖင့္ အနည္းငယ္ထူးဆန္းသြားသည္။ ဝိညာဥ္အပင္မ်ားသည္ အမ်ားအားျဖင့္ တစ္ခုႏွင့္တစ္ခု တြန္းလွန္ေလ့ရွိၿပီး အဖိုးတန္ဝိညာဥ္အပင္မ်ားသည္ မ်ားေသာအားျဖင့္ တစ္ေနရာတည္းတြင္ ေပါက္မည္မဟုတ္ေပ။ သို႔ေသာ္ ေက်ာက္စိမ္းဆြဲသီးသည္ မတူကြဲျပားေသာ ဝိညာဥ္အပင္မ်ိဳးစုံတစ္ဒါဇင္ခန႔္ကို တစ္ၿပိဳင္နက္ထြက္ေပၚလာခဲ့ၿပီး ေဆးဖက္ဆိုင္ရာဥယ်ာဥ္တစ္ခုကို ေတြ႕နိုင္သည္ဟုဆိုလိုေနသည္။

ေရွာင္က်င့္ထ်င္မွာအနည္းငယ္ စိတ္လႈပ္ရွားေနသည္ကို မထိန္းနိုင္ေတာ့​​ေပ။ ေဆးဥယ်ာဥ္....! ေဆးဥယ်ာဥ္တစ္ခုႏွင့္ ႀကဳံေတြ႕ခဲ့ရသည္မွာ အခြင့္ေကာင္းတစ္ခုျဖစ္သည္။

ေရွာင္က်င့္ထ်င္သည္ ေက်ာက္စိမ္းဆြဲသီး၏ ၫႊန္ၾကားခ်က္ကို လိုက္နာၿပီး ေတာင္ေပၚတက္သြားကာ အားစိုက္ထုတ္မႈ အနည္းငယ္ျဖင့္ ေတာင္နံရံအျပင္ဘက္တြင္ ဖုံးကြယ္ထားေသာ အခင္းက်င္းကိုခ်ိဳးဖ်က္ၿပီး ေရွာင္က်င္းဖုန္းႏွင့္အတူ ဂူထဲသို႔ဝင္သြားခဲ့သည္။ ေရွာင္က်င့္ထ်င္က ထိုအရာကိုလုပ္ေနသည့္အခ်ိန္တြင္ သူ႕အျမင္အာ႐ုံကိုစူးစိုက္ကာ နည္းနည္းေလးပဲ ပ်က္စီးေစခဲ့သည္။ ထို႔ေနာက္တျခားသူေတြ ရွာမေတြ႕ေအာင္ ျပန္လည္ဖုံးကြယ္ထားခဲ့သည္။

" က်င့္ထ်င္၊ အျပင္မွာ အခင္းအက်င္းတစ္ခု ရွိေနတယ္ဆိုတာ မင္းဘယ္လိုသိတာလဲ? " ေရွာင္က်င္းဖုန္းသည္ စူးစမ္းလိုစိတ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။

" ကြၽန္ေတာ့္မွာ သစ္သားစြမ္းရည္ရွိၿပီး ဒီမွာ သစ္သားရဲ႕စြမ္းအားက အရမ္းႂကြယ္ဝတာကိုသတိထားမိလိုက္တယ္။ ဒါ့​ေၾကာင့္အဆင့္ျမင့္ ဝိညာဥ္အပင္အခ်ိဳ႕ ရွိသင့္တယ္လို႔ထင္တယ္၊ ဒါေပမယ့္ မေတြ႕တဲ့အတြက္ ကြၽန္ေတာ္စမ္းၾကည့္လိုက္တာပါ။ " ေရွာင္က်င့္ထ်င္သည္ အမွန္တစ္ဝက္ျဖင့္ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ လွိုဏ္ဂူထဲသို႔ ေလွ်ာက္သြားေနရင္း အတြင္းတြင္ပိုႀကီးလာသည္ကို ေတြ႕လိုက္ရသည္။

ဂူအတြင္း က်င့္ႀကံခန္း၊ ေဆးဘက္ဆိုင္ရာဥယ်ာဥ္တစ္ခုႏွင့္ စာၾကည့္ခန္းတစ္ခုရွိေနသည္။ က်င့္ႀကံသူတစ္​​ေယာက္​ က်င့္ႀကံခန္းထဲတြင္ထိုင္​​ေနသည္​။ ေရွာင္က်င္းဖုန္းသည္ က်င့္ႀကံသူက က်င့္ႀကံခန္းထဲတြင္ရွိ​ေနသည္မွာ အနည္းဆုံးႏွစ္တစ္ရာရွိနိုင္သည္ဟု ဆုံးျဖတ္လိုက္သည္။

က်င့္ႀကံသူ၏ေဘးတြင္ ေက်ာက္စိမ္းျပားတစ္ခ်ပ္ရွိ​ေနၿပီး ထိုက်င့္ႀကံသူအား ဝမ္ဟြားခ်န္ဟုေခၚေၾကာင္း ေရွာင္က်င့္ထ်င္ထံမွ သိရွိခဲ့ရသည္။ သူသည္ အုတ္ျမစ္ခ်အဆင့္သို႔ ေရာက္ဖူးေသာ သစ္သားျဒပ္စင္က်င့္ႀကံသူျဖစ္သည္။ သို႔ေသာ္ အုတ္ျမစ္ခ်တည္ေဆာက္သည့္အဆင့္တြင္ သူလွ်ို႔ဝွက္ႀကံစည္ခံခဲ့ရျခင္းေၾကာင့္ သူ၏က်င့္ႀကံမႈမွာ အလြန္ေလ်ာ့က်သြားၿပီး သူ၏သက္တမ္းမွာ သိသိသာသာတိုေတာင္းသြားခဲ့သည္။

သူ႕ရန္သူလက္မွပုန္းေအာင္းၿပီး က်င့္ႀကံမႈျပန္ရရန္အတြက္ ဝမ္ဟြားခ်န္သည္ ပိယြဲ႕ေတာင္ေပၚတြင္ ဂူတစ္ခုျပဳလုပ္ကာ ရင့္မွည့္လာမည့္အခ်ိန္ကိုေစာင့္ရင္း ဝိညာဥ္အပင္မ်ားကို စိုက္ပ်ိဳးခဲ့သည္။ ကံမေကာင္းစြာပဲ သူသည္ ဝိညာဥ္အပင္မရင့္မွည့္မီတြင္ ေသဆုံးသြားခဲ့သည္။ ဝမ္ဟြားခ်န္ကြယ္လြန္ၿပီးေနာက္တြင္ သူစိုက္ထားေသာ ဝိညာဥ္အပင္မ်ားသည္ အဆက္မျပတ္ ႀကီးထြားလာခဲ့သည္။

ဝမ္ဟြားခ်န္သည္ အ​ေျခခံအုတ္ျမစ္တည္​ေဆာက္ျခင္းအဆင့္တြင္ရွိေသာေၾကာင့္ သူေ႐ြးခ်ယ္ထားေသာ ဤဂူအိမ္သည္ သဘာဝအတိုင္း အထူးအဆန္းျဖစ္ေနသည္။ ေရွာင္က်င့္ထ်င္သည္ ဝမ္ဟြားခ်န္၏လွိုဏ္ဂူအား ဝိညာဥ္ေရးေသြးေၾကာေပၚတြင္ တည္ေဆာက္ထားသည္ကို ေတြ႕ရွိခဲ့သည္။

ဂူအတြင္းရွိစြမ္းအင္သည္ အလြန္သိပ္သည္းၿပီး ဝိညာဥ္နို႔ရည္မ်ားစြာ စုပုံေနသည့္ လွိုဏ္ဂူအတြင္း ေက်ာက္ေရကန္တစ္ခုလည္းရွိေနသည္။

ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ ဂူေပါက္ဝတြင္ ပုံရိပ္​ေယာင္ခင္းက်င္းမႈမ်ားကို ရိုးရွင္းစြာျပဳျပင္ၿပီး ဂူအတြင္းက်င့္ႀကံရန္ ႐ုပ္ဖ်က္မႈအခ်ိဳ႕ကို ျပဳလုပ္ခဲ့သည္။

လွိုဏ္ဂူထဲတြင္ ဝိညာဥ္ေရးစြမ္းအင္ လုံေလာက္စြာရွိေနၿပီး ခႏၶာကိုယ္ကို ထိန္းညွိရန္အတြက္ မန္ရိဒန္မ်ားကို ခ်ဲ့ထြင္ထားသည့္ ဝိညာဥ္နို႔ရည္လည္းရွိသည္။ ထို႔အျပင္ ၎တို႔သည္ ဝမ္ဟြားခ်န္၏ ခႏၶာကိုယ္ေပၚတြင္ ေဆးျပားအခ်ိဳ႕ကို ေတြ႕ရွိခဲ့ၿပီး ၎တို႔ႏွင့္အတူ သူတို႔၏က်င့္ႀကံမႈမွာ ခုန္တက္သြားၿပီး မၾကာမီတြင္ ၎တို႔သည္ ခ်ီက်င့္ႀကံမႈသတၱမအဆင့္သို႔ ေရာက္ရွိသြားခဲ့သည္။

..........

ေရွာင္က်င့္ထ်င္သည္ ေဆးဖက္ဝင္ဥယ်ာဥ္ရွိ ရင့္မွည့္ေသာ ဝိညာဥ္အပင္မ်ားကို ေရွာင္က်င္းဖုန္းႏွင့္မွ်ေဝခဲ့ၿပီး ပ်ိဳးပင္ငယ္အခ်ိဳ႕ကို သူ၏ေက်ာက္စိမ္းဆြဲသီးေနရာတြင္ လွ်ို႔ဝွက္စြာ အစားထိုးစိုက္ပ်ိဳးခဲ့သည္။

ေရွာင္က်င့္ထ်င္သည္ ေက်ာက္စိမ္းဆြဲသီးေနရာက ဝိညာဥ္အပင္မ်ားကို မွည့္ေစနိုင္ေသာ္လည္း ရင့္မွည့္ေနေသာအပင္မ်ားသည္ ေနရာလြတ္အတြင္းရွိစြမ္းအားကို ေလ်ာ့နည္းေစေၾကာင္း ရွာေဖြေတြ႕ရွိခဲ့သည္။

ထို႔ေၾကာင့္၊ ဝိညာဥ္ေရးအပင္မ်ားကို ေနရာလြတ္ထဲသို႔ မ်ားမ်ားထည့္ေလ၊ ပိုေကာင္းေလျဖစ္သည္။ ေက်ာက္စိမ္းႏွင့္ ဝိညာဥ္ေက်ာက္မ်ားသည္ ေက်ာက္စိမ္းဆြဲသီးေနရာရွိ စြမ္းအားကိုျပင္းထန္စြာျမႇင့္တင္နိုင္ၿပီး ဝိညာဥ္ေရးအပင္မ်ား ပိုမိုရင့္မွည့္ေစရန္ ကူညီေပးနိုင္သည္။ ဝိညာဥ္ေက်ာက္တုံးမ်ားႏွင့္ ေနရာလြတ္ထဲသို႔ပစ္ထည့္ခဲ့ေသာ ဝိညာဥ္ေရးအပင္မ်ားကို ဟန္ခ်က္ညီေစရန္အတြက္ သူသည္ ဝိညာဥ္ေက်ာက္တုံးမ်ားပိုမိုရရွိရန္လည္း လိုအပ္သည္။

ေရွာင္က်င့္ထ်င္သည္ ဝမ္ဟြားခ်န္၏ခႏၶာကိုယ္တြင္ အဆင့္နိမ့္ေဆးျပား အနည္းငယ္ကိုလည္းေတြ႕ရွိခဲ့သည္။ သို႔ေသာ္ ဝိညာဥ္ေက်ာက္တုံးမ်ားကို မေတြ႕ခဲ့ေပ။ ေရွာင္က်င့္ထ်င္က ဝမ္ဟြားခ်န္သည္ ဝိညာဥ္ေက်ာက္တုံးမ်ားအားလုံးကို အသုံးျပဳခဲ့ေၾကာင္းမွန္းဆခဲ့ၿပီး ၎တို႔၏ အဆင့္နိမ့္ေသာေၾကာင့္ ေဆးျပားမ်ားကို ႏွေျမာခဲ့သည္။ ဝမ္ဟြားခ်န္သည္ အေျခခံအုတ္ျမစ္တည္ေဆာက္သူျဖစ္ၿပီး၊ သူ႕ရဲ႕က်င့္ႀကံမႈ မက်သြားခဲ့လွ်င္သူ ဒီေလာက္ထိအားနည္းလိမ့္မည္မဟုတ္ေပ။

မ်က္စိတစ္မွိတ္အတြင္း တစ္လေက်ာ္ၾကာၿပီးေနာက္ လွ်ို႔ဝွက္နယ္ေျမမွာ ပိတ္သြားေတာ့မည္အခ်ိန္​ေရာက္လာေလသည္။ စဥ္ဆက္မျပတ္ က်င့္ႀကံၿပီးေနာက္၊ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ ခ်ီက်င့္ႀကံမႈအဆင့္၇တြင္ ခိုင္မာ​ေသာက်င့္ႀကံသူမ်ား ျဖစ္လာခဲ့ၾကသည္။

" ဒီကေန ထြက္သြားၾကရေအာင္။ " ေရွာင္က်င္းဖုန္းက ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး " ေကာင္းၿပီ။ "

အခ်ိန္ေရာက္ေသာအခါ၊ ပိယြဲ႕သစ္ေတာမွာပိတ္သြားၿပီး ေနာက္ ဆယ္ႏွစ္ေက်ာ္ၾကာမွ ျပန္ဖြင့္မည္ျဖစ္သည္။

တကယ္ေတာ့ ပိယြဲ႕သစ္ေတာထဲမွာ သယံဇာတေပါမ်ားၿပီး တခ်ိဳ႕လူေတြကမထြက္သြားခ်င္ၾက​ေပ။ ဒါေပမယ့္ လွ်ို႔ဝွက္နယ္​ေျမမပိတ္ခင္ မထြက္ေသးသူေတြကို ခရိုင္ကဖယ္ရွားရွင္းလင္းဖို႔ အုတ္ျမစ္ခ်တည္​ေဆာက္ျခင္းအဆင့္ရွိသူေတြကို ေစလႊတ္ခဲ့သည္။ ခရိုင္မွာ ေသာင္တင္ေနသည့္သူေတြ၏ ရိတ္သိမ္းမႈအားလုံးကို သိမ္းထားမည္ျဖစ္သည္။ ျပႆနာရွိ၍ အျပင္မထြက္နိုင္လွ်င္အဆင္​ေျပေသာ္လည္း မ​ေကာင္းေသာရည္႐ြယ္ခ်က္ျဖင့္ ဆက္ေနသူမ်ားကို အျပစ္ေပးမည္ျဖစ္သည္။

အစပိုင္းတြင္ လွ်ို႔ဝွက္နယ္ေျမထဲသို႔ ဝင္ေရာက္လာသူ ေထာင္ေပါင္းမ်ားစြာ ရွိခဲ့သည္။ ဒါေပမယ့္ ဆယ္ေယာက္မွာ တစ္ေယာက္ သို႔မဟုတ္ ႏွစ္ေယာက္သာ ထြက္လာၾကၿပီး အမ်ားစုကေတာ့ စိတ္ထဲတြင္မေက်မနပ္ျဖစ္ေနၾကသည္။

လွ်ို႔ဝွက္နယ္​ေျမထဲ၌ အခြင့္ေကာင္းရၿပီး ေကာင္းကင္သို႔ပ်ံတက္သြားသူ အနည္းစုလည္း ရွိေသးသည္။

ေရွာင္က်င္းဖုန္းသည္ သူ႕ခႏၶာကိုယ္ေပၚရွိအပင္အားလုံးကို ေရွာင္က်င့္ထ်င္အား လႊဲေျပာင္းေပးခဲ့သည္။ ဤၿပိဳင္ပြဲတြင္ ပထမဆယ္ဦးသည္ ေရခဲႏွလုံးသား​ေဆးလုံးကို လက္ခံရရွိမည္ျဖစ္ၿပီး ေရွာင္က်င္းဖုန္းႏွင့္ ေရွာင္က်င့္ထ်င္တို႔သည္ က်င့္ႀကံျခင္းအတြက္ သုံးစြဲမည့္အခ်ိန္ကို ေနာက္က်ေစခဲ့သည္။ သက္ေသခံကတ္ျပား အေျမာက္အျမားကို အလြယ္တကူ ထုတ္ယူနိုင္သူမ်ားႏွင့္ ႏွိုင္းယွဥ္၍မရ​ေပ။ ေကာင္းသည့္အခ်က္မွာ ေဆးဥယ်ာဥ္ထဲကဝိညာဥ္အပင္ေတြ အမ်ားႀကီးရခဲ့သည္။ ျမင့္မားေသာ ဝိညာဥ္အပင္မ်ားကို အမွတ္မ်ားစြာျဖင့္ လဲလွယ္နိုင္သည္။

ေရွာင္က်င့္ထ်င္သည္ သူ၏ ေက်ာက္စိမ္းဆြဲသီးေနရာရွိ လွ်ို႔ဝွက္နယ္ေျမတြင္ သူရရွိေသာ ဝိညာဥ္အပင္တစ္ခုစီ၏ အနည္းဆုံးတစ္အုပ္ဆီကို သိမ္းဆည္းထားသည္။ က်န္တာေတြကို အမွတ္နဲ႕ ေဆးျပားေတြနဲ႕ လဲလွယ္ဖို႔ ထုတ္ယူခဲ့သည္။

ရိတ္သိမ္းၿပီးေနာက္တြင္ ေရွာင္က်င့္ထ်င္သည္ အသုံးဝင္ေသာေဆးအခ်ိဳ႕ႏွင့္လဲလွယ္ၿပီး အဆင့္ရွစ္ေနရာရခဲ့သည္။

ေရွာင္ခ်င္းယန္၏ကံက မဆိုးသလို အရမ္းလည္းေကာင္းမ​ေန​ေပ။ ေရွာင္ခ်င္းယန္ႏွင့္ ပီဖုန္း​အကယ္ဒမီမွလူမ်ားသည္ အမဲလိုက္ျခင္းတြင္ ပူးေပါင္းပါဝင္ရန္ အဖြဲ႕တစ္ခုကိုဖြဲ႕စည္းခဲ့သည္။ ဒါေပမယ့္ ရလဒ္အေနနဲ႕ကေတာ့ လမ္းတစ္ဝက္မွာ လုယက္မႈေတြ မညီမညာခြဲေဝမႈေၾကာင့္ လမ္းခြဲလိုက္ၾကသည္။ ေရွာင္ခ်င္းယန္သည္ ခ်ီက်င့္ႀကံမႈဆ႒မအဆင့္သို႔ တက္လွမ္းရန္ အထူးနည္းလမ္းမ်ားကို အသုံးျပဳခဲ့ေသာ္လည္း၊ သူသည္ ခ်ီက်င့္ႀကံမႈဆ႒မအဆင့္တြင္သာ ရွိေနေသာေၾကာင့္ လမ္းတစ္ေလွ်ာက္တြင္ အနည္းငယ္သာ တိုးတက္လာခဲ့သည္။

လွ်ို႔ဝွက္နယ္ေျမမွ ထြက္ခြာရမည့္အခ်ိန္တြင္ ေတာထဲမွထြက္ခြာလာေသာ က်င့္ႀကံသူမ်ားကိုတားဆီးရန္ အထူးဖြဲ႕စည္းထားသည့္သတၱမအဆင့္ ခ်ီက်င့္ႀကံသူဦးေဆာင္ေသာအဖြဲ႕ႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။ ေရွာင္ခ်င္းယန္သည္ သူ႕အသက္ကိုကယ္တင္ရန္ သူ႕ပိုင္ဆိုင္မႈအားလုံးကို အသုံးျပဳရန္မွလြဲ၍ ေ႐ြးခ်ယ္စရာမရွိေသာေၾကာင့္ ဤၿပိဳင္ပြဲတြင္ သူဘာမွ်မရရွိခဲ့ေသာ္လည္း အနည္းဆုံးေတာ့ သူအသက္ကိုကယ္တင္နိုင္ခဲ့သည္။

ေရွာင္မိသားစုမွ လူမ်ားစြာသည္ ဤတစ္ႀကိမ္တြင္ ေသဆုံးသြားခဲ့သည္။ ေရွာင္မုဟုန္ေပ်ာက္ကြယ္သြားၿပီး စြင္း​ေျမာင္​ေျမာင္မွာ လြတ္ေျမာက္ခဲ့ေသာ္လည္း အျမတ္မရခဲ့ေပ။

05.02.2023

ဘာမွမ​ေျပာဘဲ​ေပ်ာက္​ေပ်ာက္သြားတာ ေတာင္းပန္ပါတယ္တယ္ အသဲတို႔​ေရ... ကိုယ့္ညာဖက္လက္မ လက္ဆစ္က​ေရာင္​ေနၿပီး ဘာမွလုပ္မရလို႔ရယ္... အလုပ္ကို​ေတာင္ ခြင့္ယူလိုက္ရတာ​ေၾကာင့္ပါ... အခု​ေတာ့ အရွင္းမ​ေပ်ာက္​ေသး​ေပမယ့္ ဂ႐ု​ေတာ့စိုက္​ေပး​ေနရတုန္းပဲ... ဒီအပိုင္းက ေဆးပင္နာမည္ေတြတိုင္ပတ္​ေနလို႔ ပိုၾကာသြားတယ္... ကိုယ့္ကို ဘယ္​ေတာ့တင္မွာလဲလာ​ေမး​ေနတဲ့သူ​ေတြနဲ႕ ေစာင့္​ေနတဲ့သူ​ေတြအတြက္ တင္​ေပးလိုက္ပါၿပီေနာ္... အၾကာႀကီးေစာင့္ခိုင္းမိလို႔ sorry ပါ​...

Thanks for reading ❤

Continue Reading

You'll Also Like

130 21 6
სიბნელე რომელიც ყველაშია
280K 39.1K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
1.8M 274K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
651K 77.6K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...