311-313
Chapter(311)
နှစ်ထပ်ဆက်နွယ်မှုရှိတဲ့ မိသားစု(1)
"ဟုတ်"ဝူယုက ပြန်ဖြေပြီးနောက်မှ သတိပြန်ဝင်လာတယ်။တကယ်လို့သူ့ရဲ့မျက်လုံးစည်းထားတာကို ဖယ်ထားမယ်ဆိုရင် သူက ဝူချန်ဇီ၏ကြောက်စရာကောင်းတဲ့အကြည့်ကြောင့် ကြောက်လန့်သွားနိုင်တယ်။
"ဝူရုန်က သူလုပ်နိုင်တယ်ဆိုတာ ငါ့ကိုပြဖို့မင်းကို ပို့လိုက်တာလား?"ဝူချန်ဇီကခါးသီးစွာ ရယ်လိုက်တယ်။
"........"ခေါင်းဆောင်ဝူ
ဝူယုက ခေါင်းဆောင်ဝူပြောတာကို ကြားပြီး ဝူရုန်က သူ့ကိုဒီကိုပု့လိုက်တာဖြစ်ပြီး သူ့ကိုကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ခိုးယူခိုင်းသည့်အကြောင်းရင်းကို သိသွားပြီဆိုတာ နားလည်လိုက်တာကြောင့် တုန်ရီလာတယ်။
သူ၏မျက်လုံးတွေကု စည်းထားတာကြောင့် သူက ပိုပြီးတောင် ကြောက်တလန့်တကြားတုန်ရီလာတယ်။ဖြစ်နိုင်တာက ဝူချန်ဇီက နောက်တခဏအတွင်းမှာဘဲ သူ့ကိုသတ်ပစ်နိုင်တယ်။
"ဂရန်းမစ္စတာ ကျွန်တော်ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး။ကျေးဇူးပြုပြီးယုံကြည်ပေးပါ။ကျွန်တော်ကတိပေးပါတယ်။ကျွန်တော်မလုပ်...အွင်း"
ဝူချန်ဇီက ဆေးပြားတစ်ပြားကို ဝူယုရဲ့ပါးစပ်ထဲကို ထိုးထည့်လိုက်ပြီး"မင်းဘဝရဲ့နောက်ဆုံးအချိန်မှာ ပျော်ရွှင်ပါစေ"
ဝူယုက ဆေးပြားကို ထိမိတာနှင့်သူကဆေးပြားကိုထွေးထုတ်ဖို့ ကြိုးစားလိုက်တယ်။ဒါပေမဲ့ ဆေးပြားက သူ့ရဲ့တံတွေးနှင့်ထိမိတာနှင့် လျှင်မြန်စွာ သူ့ပါးစပ်ထဲမှာ ပျော်ဝင်သွားတယ်။သူက ဘာဆေးပြားလဲဆိုတာ မေးဖို့အခွင့်အရေးမလိုက်ခင်မှာဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်တဲ့နာကျင်မှုက ဖြစ်ပေါ်လာတယ်။ပြီးတော့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့သွေးပြန်ကြောတွေက ထုံးသွားပြီး တဖြည်းဖြည်းချင်းသိသာစွာနှင့် ကျုံ့ဝင်သွားတယ်။သူက အရိုးတွေရဲ့ကြေမွသွားတဲ့အသံကိုတောင် ကြားနိုင်တယ်။သူက နာကျင်မှုကို တောင့်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ခေါင်းဆောင်ဝူက ဝူယုမှာဖြစ်ပျက်နေတဲ့အရာရာတိုင်းကို မြင်နေရတယ်။ဝူယုရဲ့ခန္ဓာကိုယ်က လျှင်မြန်စွာ ကြုံ့ဝင်သွားပြီး ဝူယုကနာကျင်လွန်းတာကြောင့် ပါးစပါကနေ သွေးတွေအန်ထွက်နေတယ်။သူ့ရဲ့မျက်နှာက ပုံပျက်ပန်းပျက်တွန့်လိမ်သွားပြီး သူ့ရဲ့နှာခေါင်းက ဘယ်ဘက်ကိုရောက်သွားပြီး ပါးစပ်ကတော့ ညာဘက်ကိုရောက်သွားတယ်။ဆယ့်ငါးမိနစ်ခန့်ကြာပြီးချိန်မှာတော့ အသက်ရှင်နေတဲ့ လူသားတစ်ယောက်က ဘယ်တော့မှမရှိခဲ့သလိုမျိုး အရေပြားတစ်ခုနှင့်ရွံ့ရှာဖွယ်ရာ အနံ့ဆိုးတွေသာ ကျန်နေခဲ့တယ်။
ဝူချန်ဇီက ဝူရုန်၏အရည်ပြားကို မြင်တွေ့ရသလိုမျိုး ရူးသွပ်စွာ ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
ခေါင်းဆောင်ဝူက ရူးသွပ်နေတဲ့လူကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
အစောင့်လေးယောက်က ကြောက်လန့်စွာ တံတွေးမျိုချလိုက်ပြီး ဝူချန်ဇီကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြတယ်။
ဝူချန်ဇီက ရုတ်တရက် ရယ်မောတာကို ရပ်တန့်လိုက်ပြီး အစောင့်တွေကို ပြောလိုက်တယ်"ဒီသေတ္တာကို သူ့မိဘတွေဆီကို သယ်သွားလိုက်။ပြီးတော့ သူတို့ကို ဝူရုန်ပို့ပေးတာလို့ပြောလိုက်"
"ဟုတ်"
အစောင့်တွေက သေတ္တာကိုသယ်ပြီး လျှင်မြန်စွာ ထွက်သွားလိုက်တယ်။သူတို့အသက်က ထွက်ပြေးသလိုမျိုးလျှင်မြန်စွာ သွားလိုက်ကြတယ်။သူတို့က ဝူချွင်လီနှင့်ရန်လန်ယုတို့ရဲ့အရှေ့မှာ သေတ္တာကို ချလိုက်ပြီး ဝူရုန်ကပို့ပေးတာဖြစ်ကြောင်းပြောပြီး လျှင်မြန်စွာထွက်သွားလိုက်ကြတယ်။
"အထဲမှာဘာရှိသလဲ?"ဝူချွင်လီက သေတ္တာနားကိုလှေိာက်လာပြီြးောလိုက်တယ်။
"အဲဒါက အတိအကျကိုကောင်းတာမဖြစ်နိုင်ဘူး"ရန်လန်ယုက လှောင်လိုက်တယ်။
သူမက ဝူရုန်က သူတို့ကိုကောင်းတာပို့လိမ့်မယ်လို့ မယုံကြည်ဘူး။
ဝူအန်းရီက သေတ္တာနားကို လျှောက်လာတော့ သေတ္တာထဲကနေ အနံ့ရလိုက်ပြီး ပြောလိုက်တယ်"ဒီထဲက အနံ့က သွေးနံ့နဲ့တူတယ်"
"အား"ရန်လန်ယု ကြောက်လန့်တကြားအော်လိုက်ပြီး သေတ္တာရဲ့အောက်ခြေကို ညွှန်ပြလိုက်ပြီး"အဲမှာကြည့်လိုက် သွေးတွေ"
ဝူအန်းရီက သေတ္တာရဲ့အဖုံးကို ဖွင်လိုက်တော့ အထဲကနေ အနံ့ဆိုးတွေ ထွက်လာတာကြောင့် သူတို့သုံးယောက်က လျှင်မြန်စွာ နောက်ဆုတ်လိုက်ပြီး နှာခေါင်းပိတ်လိုက်ကြတယ်။
"အထဲမှာဘာရှိတာလဲ?ဘာကြောင့်အပုတ်နံ့ထွက်နေတာလဲ?"ဝူချွင်လီက အံ့သြသွားတယ်။
"ကြည့်ရတာသွေးတွေစိုရွဲနေတဲ့ ဝတ်ရုံတစ်ခုနဲ့တူတယ်"ဝူအန်းရီက သေတ္တာထဲကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ငါသိပြီ။အဲဒီခွေးကောင်က ကောင်းတာပို့ဖို့မဖြစ်နိုင်ဘူးလို့ပြောသားဘဲ။သူက ဒါကိုငါတို့စီကိုပို့ပြီးကျိန်စာတိုက်တာဘဲဖြစ်ရမယ်။ငါတို့က ဒါကို မြန်မြန်လေး ပစ်ထုတ်ရမယ်"ရန်လန်ယုက ကြောက်လန့်စွာ ပြောလိုက်တယ်။
"ခဏနေအုန်း။ငါက ကြည့်အုန်းမယ်။ဒီဝတ်ရုံကို ကြည့်ရတာ ရင်းနှီးနေတယ်လို့ခံစားရတယ်။ငါက ဒါကို တစ်နေရာမှ မြင်ဖူးတာဖြစ်လိမ့်မယ်"ဝူချွင်လီက ရန်လန်ယုကို တားဆီးလိုက်တယ်။
ရန်လတ်ယုသည် ဝူချွင်လီ၏စကားကြောင့် လျှင်မြန်စွာ ကြည့်လိုက်တယ်။သူမက ရုတ်တရက်တုန်ရီလာပြီး ကြောက်လန့်စွာ ပြောလိုက်တယ်"ဒါက ယုအာရဲ့ဝတ်ရုံဘဲ။မနေ့တုန်းက သူဝတ်ထားတာ"
ဝူချွင်လီက ကြောက်လန့်စွာ အစောင့်တစ်ယောက်ကို ဝတ်ရုံကို အပြင်ထုတ်ဖို့ ပြောလိုက်တယ်။
"ဝတ်ရုံထဲမှာလူသားအရေပြားတစ်ခုရှိတယ်"ဝူအန်းရီက မျက်ဆမှာင်ကြုတ်ပြီး ပြောလိုက်တယ်။
သူက အနီးက်ကြည့်လိုက်ပြီး သူ့ရဲ့မျက်နှာက ဖြူဖျော့သွားပြီး လြေိုက်တယ်"ဒါက ယုအာဘဲ"
ဒါက အရေပြားအပိုင်းအစတစ်ခုသာဖြစ်သော်လည်းဘဲ သူကတော့ ဘယ်သူလဲဆိုတာ ပြောနိုင်သေးတယ်။
ရန်လန်ယုက အရေပြားကမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါ သူကကြောက်လန့်စွာအော်လိုက်ပြီး မူးဝေသွားတော့တယ်။
အစောင့်ကရှေ့တက်လာပြီး သူမကို ထိန်းထားပေးလိုက်တယ်။
ဝူချွင်လီကသွေးအန်လိုက်ပြီး မြေကြီးပေါ်လဲသွားတော့တယ်။
"သမားတော်ခေါ်စမ်း"ဝူအန်းရီက အော်လိုက်တယ်။
သူတို့ရဲ့ဘေးချင်းကပ်မှာနေတ့ ဝူချွင်တုန်က ဒီသတင်းကိုကြားတော့ စနာသနားမှုမရှိဘဲ လှောင်လိုက်ပြီး"အခု မင်းတို့ရဲ့အဆင့်ခြောက် သားကသေပြီ။ဘယ်သူကများမင်းတို့ကို လာကြွားခိုင်းသေးလဲ?"
သို့သော်လည်း သူပြောတာကို နားထောင်မယ့်သူ တစ်ယောက်မှမရှိဘူး။
အရင်တုန်းက သူ့မှာဇနီးနှင့်ကလေးတွေရှိခဲ့တယ်။ဒါပေမဲ့အခုတော့ အစောင့်နှစ်ယောက်နှင့်အိမ်မှုကိစ္စတွေလုပ်ပေးတဲ့ မိန်းမစေတစ်ယောက်သာရှိတယ်။သူ့ရဲ့ဆံပင်တွေက မီးခိုးရောင်ပြောင်းနေပြီး သူ့မျက်နှာက ဝမ်းနည်းမှုတွေပြည့်နေတယ်။သူက ထိုင်ခုံမှာထိုင်နေပြီး ပြတင်းပေါက်ကို ကြည့်နေပြီး သူကတစ်ယောက်ထဲသာရှိတော့တယ်။
ဆန့်ကျင်ဘက်အနေနှင့်ဟေးအိမ်တော်အတွင်းမှာတော့ နူမူက သူ့ရဲ့ကလန်ကိုပြန်တော့မှာကြောင့် ပြင်ဆင်နေတာကြောင့် အလှုပ်ရှုပ်နေကြပြီး ပျော်ရွှင်နေကြတယ်။စုန်းတွေက ဝက်သားကင်လုပ်နေကြပြီး မီးပုံပွဲလုပ်ပြီး ကနေကြတယ်။
"သခင်နူမူ အင်ပါယာမြို့တော်ကို ဘယ်အချိန်ပြန်လာမှာလဲ?"ဝူရှိက ဒီစိတ်သဘောပွင့်လင်းတဲ့ လူကြီးကို ထွက်သွားစေချင်တာကြောင့် မေးလိုက်တယ်။
"ငါလည်းမသိသေးဘူး။စုန်းတွေနဲ့ကပ်ပါးထိန်းကျောင်းသူတွေကြားမှာ တစ်ဖက်နှင့်တစ်ဖက်ဆန့်ကျင်ပြီး ပြသနာအကြီးကြီးရှိနေပြီ။ငါတို့ကခန်က အရာရာတိုင်းမှာ အခြေမကျခင်အထိ ထွက်လာလို့မရဘူး"
"ဒါဆို မင်းတို့က တိုက်ပွဲဖြစ်မှာလား?"ဝူရှိက စိုးရိမ်စွာ မေးလိုက်တယ်။
ဝူရုန်က "တိုက်ပွဲ"ဆိုသည့် စကားလုံးကြောင့် နူမူကို ကြည့်ပြီး ပြောလိုက်တယ်"ဆရာ ဆရာကကလန်ကို ပြန်ရောက်တဲ့အချိန်ကျရင် ကပ်ပါးထန်းကျောင်းနှင့် အနီးအနားကသူတွေကြားမှာ တည်ရှိတဲ့သူတွေကို ရင်းနှီးမှုရှိအောင် လုပ်ထားသင့်တယ်။ဒါ့အပြင် ဘာစီကို သုံးပြီး ကပ်ပါးထန်းကျောင်းသူခေါင်းဆောင်ကိုလည်း ခြိမ်းခြောက်လို့ရတယ်"
----------------------------------
Chapter(312)
နှစ်ထပ်ဆင်နွယ်မှုရှိတဲ့ မိသားစု(2)
အခုချိန်မှာ ဘာစီက သူ့အတွက်အသုံးမဝင်တော့တာကြောင့် သူကသူ့ကိုပထုတ်ပစ်လိုက်လို့ရပြီ။
"အလွန့်အလွန်ကောင်းတဲ့စိတ်ကူးဘဲ"နူမူက ပြုံးပြီးပြောလိုက်တယ်။
ဝူရုန်နှင့်နူမူက ခွက်ချင်းတိုက်လိုက်ကြတယ်။ဝူရုန်က သောက်ဖို့ရန်ကို ခွက်ကိုမြှောက်လိုက်တဲ့အချိန်မှာ ဟေးရွမ်ရီက ဖန်ခွက်ကို ယူသွားပြီး သောက်လိုက်တယ်။
"ဘာလို့ကျွန်တော့်အရက်ကို ယူသောက်ရတာလဲ?"
"မင်းသောက်ပြီးတဲ့အချိန်ကျရင် မင်းဘယ်လိုဖြစ်လဲသိပါတယ်"ဟေးရွမ်ရီက ဖန်ခွက်ကို စားပွဲပေါ်ပြန်ထားလိုက်တယ်။
"တစ်စုံတစ်ယောက်က မင်းကိုဂရုစိုက်တာက ချစ်မြတ်နိုးတာကိုပြနေတာဘဲ။ရှိအာ မင်းရော ဘယ်လိုထင်လဲ?"နူမူက ရှိအာကို မေးလိုက်တယ်။
ဝူရှိက ခွက်တစ်ဝက်ကို သောက်လိုက်ပြီး ခေါင်းငြိမ့်ပြီး ပြောလိုက်တယ်"ကျွန်မကလည်း ရွမ်ရီက ကျွန်မအကိုကိုချစ်မြတ်နိုးသလိုမျိုး တစ်စုံတစ်ယောက်ကလည်း ကျွန်မကိုချစ်မြတ်နိုးစေဖို့ ဆန္ဒရှိတယ်"
"ကြွားပြောတာမဟုတ်ပေမဲ့ ငါတို့ကလန်က ယောကျာ်းလေးတွေက မိန်းကတွေကို အလွန်ကိုချစ်မြတ်နိုးကြတယ်။နောင်တစ်ချိန်ကျရင် ငါက မင်းကို စုန်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ"နူမူက ပြောလိုက်တယ်။
"သူမက ကျွန်တော့်ဟာ"ဟေးရွမ်ထန်က အရက်မူးနေတာကြောင့် နူမူရဲ့ပခုံးပေါ်မှာမှီနေရင်း ပြောလိုက်တယ်"ခင်ဗျား သူမကို ဘယ်တော့မှ ယောကျာ်းတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ မလုပ်နဲ့"
"မင်းက ဒီလောက်မြန်မြန်ကြီးချစ်မိသွားတယ်ဆိုတာ သေချာရဲ့လား?"
"ဘယ်အချိန်ကတည်းက ငါက နင့်ရဲ့ဟာဖြစ်သွားတာလဲ?"ဝူရှိက ရှက်သွေးဖျာပြီးပြောလိုက်တယ်။
"ဒီအချိန်မှာဘဲ။ငါ မင်းရဲ့အမေကို မင်းနဲ့လက်ထပ်ပေးဖို့ တောင်းဆိုမယ်"ဟေးရွမ်ထန်က ဂေါင်တုန်ရှိတဲ့ဘက်ကို လှည့်ပြီး အော်ပြီးပြောလိုက်တယ်"သခင်မဝူ ကျွန်တော်က ဝူရှိနဲ့စေ့စပ်ချင်တယ်။ဒါကြောင့် သခင်မက သူမကို တစ်ခြားတစ်ယောက်နဲ့ လက်မထပ်ပေးပါနဲ့"
ဂေါင်တုန်က ပြုံးလိုက်ပြီး သူ့ရဲ့စကားတွေကို အပြသ်မတင်ပါဘူး။
"ဒါဆို ဒါက နှစ်ထပ် ဆက်နွယ်တဲ့မိသားစုဖြစ်သွားမှာဘဲ။မဆိုးပါဘူး"ဝူချွင်ချင်က ပြုံးပြီးပြောလိုက်တယ်။
ဒီအကြောင်းကိုပြောရရင် သူက ဟေးရွမ်ထန်ကို နှစ်သက်တယ်။သူက လူကောင်းလေးတစ်ယောက်ဘဲ။သူက တစ်ခါတစ်ရံမှာ ပျော်စရာတွေလုပ်တတ်သော်လည်းဘဲ သူက တခြားသောသူဌေးသားတွေလို အပျော်အပါးလိုက်စားတာမျိုး မဟုတ်တာကြောင့် သူက ဟေးရွမ်ထန်ကို သဘောကျတာဖြစ်တယ်။သူက သူ့သမီးကို ဇနီးသုံးယောက်ရှိတဲ့ ယောကျာ်းတစ်ယောက်နှင့် လက်ထပ်စေဖို့ စိတ်ကူးမရှိဘူး။
ဝူရုန်က ဟေးရွမ်ရီ၏နားထဲကို တိုးတိုးလေးပြောလိုက်တယ်"ခင်ဗျားရဲ့ညီက တကယ်ဘဲရှိအာကို ချစ်နေတာလား?"
ဟေးရွမ်ထန်က အရက်မူးနေတာကြောင့် သူပြောတာက အမှန်လားဆိုတာ မပြောနိုင်ဘူး။
ဟေးရွမ်ရီက သူ့ညီရဲ့အချစ်ရေးကို စိတ်မဝင်စားဘူး။သူက သူ့ဇနီးကို သူ့လက်မောင်းထဲမှာဖက်ထားလိုက်ပြီး သူ့ကို အသားကင်တစ်တုံးကို ကျွေးလိုက်တယ်။
"ကျွန်တော်ဗိုက်ပြည့်ပြီ။ကျွန်တော့်ကို ကျွေးနေတာရပ်တော့"ဝူရုန်က အသားတုံးကို ဝါးနေရင်းပြောလိုက်တယ်။
"မင်းက ပိန်လွန်းတယ်"ဟေးရွမ်ရီက ဝူရုန်၏ခါးကို ဖျစ်ညစ်လိုက်ပြီး ပြောလိုက်တယ်။
"........"ဝူရုန်
သူက ပိန်တယ်လို့ထင်ရပေမဲ့ တကယ်တော့ သူ့ရဲ့ခန္ဓာကိုယ်က ဝတောင်မှဝနေသေးတယ်။
"ပါးပါး"ဥကလေးက ဝူရုန်ထံကို ယိုင်တိုင်တိုင်နှင့်လျှောက်လာပြီး သူ့ကိုယ်သူ ဝူရုန်လက်မောင်းထဲ ပစ်ဝင်လိုက်တယ်။
ဝူရုန်က သူ့ကိုအနံ့ခံကြည့်လိုက်ပြီး ကျင်းရှင်ကို ကြည့်လိုက်ပြီး"ကျင်းရှင် မင်း သူ့ကိုအရက်တိုက်လိုက်တာလား?"
"ဒါက သူကို တစ်ငုံလောက်ဘဲ တိုက်လိုက်တာပါ။သူက အသုံးကိုမကျဘူး။ပြီးတော့ အခုလိုဖြစ်နေတာဘဲ"ကျင်းရှင်က ပြောလိုက်တယ်။
"........."ဝူရုန်
တစ်နှစ်အရွယ်ကလေးတစ်ယောက်က အရက်တိုက်ဘယ်လောက်ကိုများ သောက်နိုင်တယ်ဖို့ လိုအပ်လို့လဲ?
"ပါးပါး ရီကျဲက သားကို ဦးလေးရွမ်ထန်က ဒေါ်လေးကိုလက်ထပ်လိုက်ရင် ဘယ်လိုခေါ်ရမလဲလို့မေးတယ်။သူမက သားပါးပါးရဲ့ညီမလား?ဦးလေးရဲ့ဇနီးလား?ပြီးတော့ ဦးလေးကရော သားရဲ့ဦးလေးလား?ဒေါ်လေးရဲ့ခင်ပွန်းလား?"ဥကလေးက ဒီရှုပ်ထွေးတဲ့မေးခွန်းကြောင့် အရက်ပိုမူးလာပြီး"ဘာကြောင့် သားမှာ ဒီရှုပ်ထွေးတဲ့ မေးခွန်းကို ရှိလာရတာလဲ?"
".........."ရီကျဲ
သူက ရယ်စရာပြောလိုက်တာပါ။
"ဥကလေး ဒီမေးခွန်းက မသင့်တော်ဘူး"ဝူရှိရဲ့ပါးတွေက ပန်းရောင်သန်းနေပြီး ပြောလိုက်တယ်။
"ဒါက မေးခွန်းကောင်းဘဲ"ဟေးရွမ်ထန်က ကျယ်လောင်စွာ ကြို့ထိုးလိုက်ပြီး"ငါက မင်းအဒေါ်ရဲ့ခင်ပွန်း ပြီးတော့ သူမက မင်းဦးလေးရဲ့ဇနီး"
နူမူက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
"ဟုတ်ကဲ့ ဦးလေး ဒေါ်လေး"ဥကလေးက ပြောလိုက်တယ်။
"မှန်တယ်။ဒီလိုမှပေါ့။မင်းဦးလေးရှိက ဘာလိုချင်သလဲ?"ဟေးရွမ်ထန်က ပြောလိုက်တယ်။
"ရယ်စရာလုပ်နေတာ ရပ်တော့။ဥကလေးကို အိပ်ရာထဲခေါ်သွားတော့။အိပ်ချိန်ရောက်နေပြီ"ဂေါင်တုန်က သူတို့ကို တားဆီးလိုက်တယ်။
"ဥကလေးက သူ့ပါးပါးလို သောက်တဲ့နေရာမှာ အညံ့ဆုံးဘဲ"ဟေရှင်းက ဥကလေးကို ဝူရုန်ထံကနေ ခေါ်လိုက်တယ်။
"........ "ဝူရုန်က ဟေးရွမ်ရီကို မေးလိုက်တယ်"ကျွန်တော်က ကောင်းကောင်း မသောက်နိုင်ဘူးလား?"
"အင်း မင်းသောက်ပြီးတဲ့အချိန်ကျရင် ကလူမြူစွယ်တဲ့ အပြုအမူတွေလုပ်တယ်"ဟေးရွမ်ရီက အမှန်တရားကိုပြောပြလိုက်တယ်။
"........."ဝူရုန်
"ငါက တစ်စုံတစ်ယောက်က မူးနေတဲ့အချိန်မှာ ကလူမြူစွယ်တဲ့အမူအရာလုပ်တယ်လို့ ပထမဆုံးအကြိမ်ကြားဖူးတာဘဲ"နူမူက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်တယ်။
အခြားလူတွေကလည်း ရယ်မောလိုက်ကြတယ်။
"ဒါပေမဲ့ ရုန်အာက သောက်ပြီးတာနဲ့ အိပ်ပျော်သွားတတ်တာပါ"ဂေါင်တုန်က ပြောလိုက်တယ်။
"သူက သူ့ခင်ပွန်းရှေ့မှာဘဲ ကလူမြူစွယ်တဲ့အပြုအမူကို လုပ်တာဖြစ်မယ်"နူမူက ပြောလိုက်တယ်။
ဟေးရွမ်ရီက ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။
အဲဒီအချိန်မှာဘဲ ဟေးရင်းက ဟေးရွမ်ရီရှေ့မှာပေါ်လာပြီး သူ့နားထဲကို တိုးတိုးလေးပြောလိုက်တယ်"ဘာစီကို စောင့်ကြည့်နေတဲ့ မကောင်းဆိုးဝါးတွေက စန်းလန်က လင်းဖူဘုရားကျောင်းက ထွက်လာတာနဲ့ ဘာစီကို သွားတွေ့တယ်လို့ တင်ပြလာတယ်"
ဝူရုန်က ဟေးရွမ်ရီ၏လက်မောင်းထဲမှာ ရှိနေတာကြောင့် ဟေးရင်းပြောနေတာကို ကြားရတာကြောင့် ပြောလိုက်တယ်"နှစ်ယောက်စလုံးကို ဖမ်းလိုက်။ဒီအချိန်မှာ သူတို့ကို ထွက်မပြေးစေနဲ့"
"ဟုတ်"
ဟေးရင်းက ပျောက်ကွယ်သွားပြီး တစ်နာရီလောက်ကြာပြီးချိန်မှာ ဘာစီနှင့်အခြားလူတွေနှင့်အတူပြန်ရောက်လာတယ်။ဘာစီနှင့်တခြားသူတွေကို သားရေစနှင့်မျက်လုံးစည်းထားတယ်။
ဝူရုန်က မကောင်းဆိုးဝါးကို စန်းလန်၏မျက်လုံးမှာစည်းထားတာကို ဖယ်ရှားဖို့ အမူအရာနှင့်ညွှန်ကြားလိုက်တယ်။
"မင်းဘဲ"စန်းလန်က သူမြင်နေရတဲ့သူက ဝူရုန်ဆိုတာ မယုံကြည်နိုင်ဘူး။
"မင်းက ငါ့ကိုသိတာလား?"ဝူရုန်က ပြောလိုက်ပြီး စောင်းကြည့်လိုက်ပြီး"ဒါက ဆိုလိုတာက မင်းကတကယ်ဘဲ ငါ့အဖေနဲ့ဝူဝေ့ရွယ်ကို ကပ်ပါးတွေနဲ့ ပြုစားတဲ့သူလို့ဆိုတဲ့ အဓိပ္ပာယ်ပေါ့"
"မင်းက ဒါကိုသိပြီးသားဘဲ မဟုတ်လား?"စန်းလန်က လေးလံစွာပြောလိုက်တယ်။
"ရုန်အာ?"ဘာစီက ဝူရုန်၏အသံကြောင့် တစ်စုံတစ်ခုကို ပြောချင်ပေမဲ့ ဟေးရွမ်ရီက အစောင့်တစ်ယောက်ကို အချက်ပြလိုက်တာကြောင့်သူ့ရဲ့ပါးစပ်ထဲကို အဝတ်စ ထိုးထည့်လိုက်တယ်။
"ငါ့မှာ အတည်ပြုစရာရှိတယ်"ဝူရုန်က အေးစက်စွာ ပြောလိုက်တယ်။
"အနိုင်ရတဲ့သူက အားလုံးကို ရရှိသူဘဲ။မင်းက အားလုံးကိုရရှိကတည်းက မင်းက ငါ့ကိုမင်းကြိုက်သလို လုပ်နိုင်တယ်"စန်းလန်က နှာခေါင်းရှုံ့လိုက်တယ်။
"ငါက မင်းကို အခြေအနေတစ်ခုပေါ်မူတည်ပြီးမသတ်ဘဲနေလို့ရတယ်။ဒါက မင်းက ငါ့မေးခွန်းတွေကိုဖြေပေးပြီး ငါ့လုပ်ခိုင်းတာကို လုပ်ပေးဖို့ဘဲ။ဒါဆို ငါ မင်းကို လွတ်ပေးမယ်"
စန်းလန်က သူကြားလိုက်ရတာကို မယုံကြည်ဘူး။
"သူက အသက်ရှင်နေတဲ့လူတစ်ယောက်ကို ရုပ်သေးရုပ်အဖြစ်ပြောင်းတာကို နှစ်သက်တဲ့သူလား?"ဝူရုန်က ဘာစီကိုညွှန်ပြပြီး မေးလိုက်တယ်။
ဘာစီက ဝူရုန်ပြောလိုက်တာကို ကြားပြီး ရုန်းကန်နေတာကို ရပ်တန့်လိုက်တယ်။
စန်းလန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှမပြောပါဘူး။
----------------------
Chapter(313)
ကြမ်းပြင်ကို လျှာနဲ့လျှက်စမ်း(1)
"သူက အသက်ရှင်နေတဲ့ ရုပ်သေးလာ?သေနေတဲ့ ရုပ်သေးလား?သူက ဘယ်တစ်ခုကို ပိုပြီးနှစ်သက်သလဲ?"ဝူရုန်က ဆက်ပြီးမေးလိုက်တယ်။
"မင်းက ဘာကြောင့် ဒီမေးခွန်းကို သိချင်တာလဲ?"စန်းလန်က မေးလိုက်တယ်။
ဝူရုန်က သူမေးတာကို ပြန်မဖြေဘဲ ထပ်မေးလိုက်တယ်"အသက်ရှင်နေတဲ့ရုပ်သေးလား?သေနေတဲ့ရုပ်သေးလား?ဘယ်တစ်ခုက ပိုပြီးညှင်းပန်းနှိပ်စက်လို့ကောင်းလဲ?"
"........"စန်းလန်
"ဒါတွေက ငါ့ရဲ့မေးခွန်းတွေဘဲ။တကယ်လို့ မင်းက မဖြေဘူးဆိုရင် သူတို့နဲ့အတူ သေရလိမ့်မယ်"
မကောင်းဆိုးဝါးတွေက ဖမ်းလာတဲ့သူတွေကို သတ်လိုက်တဲ့အချိန်မှာ စန်းလန်က လျှင်မြန်စွာ မေးလာတယ်"တကယ်လို့ ငါက မင်းရဲ့မေးခွန်းကို ဖြေပြီး မင်းခိုင်းတာကို လုပ်ရင် တကယ်ဘဲ ငါ့ကို သွားခွင့်ပေးမှာလား?"
"ငါ့စကားအတိုင်းဘဲ"ဝူရုန်က ကတိပေးလိုက်တယ်။
စန်းလန်က ဒီအကြောင်းကိုတွးလိုက်ပြီး အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်"ဘာစီက အသက်ရှင်နေတဲ့သူတွေကို ရုပ်သေးလုပ်ရတာ အကြိုက်ဆုံးဘဲ။သူက အဲဒီလိုကစားဖို့ လှပတဲ့အမျိုးသား အမျိုးသမီးတွေကို ရွေးချယ်ပြီး လုပ်လေ့ရှိတယ်။ပြီးတော့ သူက သေနေတဲ့ရုပ်သေးလုပ်ရတာကိုလည်း ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ အသက်ရှင်နေတဲ့လူကို သေနေတဲ့ရုပ်သေးလုပ်တဲ့ဖြစ်စဉ်အတွင်းမှာ နာကျင်မှုကြီးမားလွန်းပြီး ဒါက သူ့ကိုအရမ်းစိတ်လှုပ်ရှားစေတဲ့အတွက်ကြောင့်ဘဲ"
ဒါက အရင်ဘဝတုန်းက ဘာစီက ဝူရှိကို အသက်ရှင်နေတဲ့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲလိုက်တာဖြသ်နိုင်တယ်လို့ ဆိုလိုတာပေါ့။
ဝူရုန်က ဘာစီကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်းက ဘာစီကို သူ့အနှစ်သက်ဆုံးနည်းလမ်းအတိုင်း ရုပ်သေးရုပ်ပြောင်းလိုက်"
ဒါက ဘာစီကို သူဖော်တဲ့ဆေးရဲ့အရာသာကို ခံစားခိုင်းတာဘဲ။ဒါဆို သူက ဝူရှိကို ရုပ်သေးရုပ်ပြောင်းခဲ့အချိန်တုန်းကလို ဝူရှိခံစားခဲ့ရတဲ့အတွေ့အကြုံကို သူလည်း ပြန်ခံစားရလိမ့်မယ်။
ဘာစီက ဝူရုန်ရဲ့အသံမှ ဝူရုန်က တကယ်ပြောနေတာကို ခံစားမိပြီး သူက ကြောက်လန့်စွာ တုန်ရီလာတယ်။
"အွင်း...."သူက ပြင်းပြင်းထန်ထန်ရုန်းကန်ပြီး ကြောက်လန့်တကြားအော်လိုက်တယ်။
ဝူရုန်က သူ့ကိုဘာကြောင့် ဒီလောက်ထိ သတ်ချင်နေလဲဆိုတာ သူက နားမလည်နိုင်ဘူး။ဂိုလင်းမြို့မှာတုန်းက သူကြံစည်ခဲ့တာကြောင့်ဆိုရင် သူက မအောင်မြင်ခဲ့တာကြောင့် ဒါကြောင့်လည်း မဖြစ်နိုင်ဘူး။
စန်းလန်က ထိတ်လန့်လာတယ်။
"မင်းက လုပ်မှာလား?မလုပ်ဘူးလား?"မကောင်းဆိုးဝါးတစ်ယောက်က သူ့ကို တွန်းလိုက်တယ်။
"အွင်း...."ဘာစီက စန်းလန်ကို ကြည့်ပြီး ခေါင်းခါပြတယ်။
ဝူရုန်က ဘာစီကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက လှောင်ရယ်လိုက်တယ်။
ရုပ်သေးရုပ်လုပ်ပြီး စိတ်လှုပ်ရှားပျော်ရွှင်ခဲ့တာမဟုတ်ဘူးလား?အခု ရုပ်သေးရုပ်ဖြစ်တော့မှာဆိုတော့ ကြောက်နေတာလား?
"ကောင်းပြီ။ငါလုပ်မယ်"စန်းလန်က သွားကို တင်းတင်းစေ့ထားပြီး သဘောတူလိုက်တယ်။
စန်းလန်ရဲ့စကားတွေက ဘာစီကို အံ့အားသင့်သွားစေတယ်။ဒါပေမဲ့ ဒါက သာမန်လူတစ်ယောက်ရဲ့ရွေးချယ်မှုသာဖြစ်တယ်။ဘယ်သူမဆို အခြားသူရဲ့အသက်ထက် ကိုယ့်အသက်ကို ဦးစားပေးမှာဖြစ်တယ်။
"အခုစလို့ရပြီ"ဝူရုန်က ပြောလိုက်တယ်။
"ဒါပေမဲ့ ရုပ်သေးလုပ်ဖို့ ငါ့မှာ ပစ္စည်းကိရိယာတွေမလုံလောက်ဘူး"စန်းလန်က ပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"အဲဒါနဲ့ဆိုရင် မလုံလောက်ဘူးလား?"ဝူရုန်က စန်းလန်၏အိတ်ကို သယ်လာတဲ့ အစောင့်ကို ကြည့်ပြီးပြောလိုက်တယ်။
"အင်း အဲဒါနဲ့ဆိုရပြီ"စန်းလန်က သူ့အိတ်ကို တင်းကျပ်စွာ ကိုင်ပြီးပြောလိုက်တယ်။
"ငါတို့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့။ဒီတစ်အိမ်လုံးမှာ မကောင်းဆိုးဝါးတွေနဲ့ အလောင်းကောင်အစေခံတွေ ရှိနေတယ်။မင်းရဲ့ကပ်ပါးတွေက သူတို့ကို မနာကျင်စေဘူးဆိုတာ မင်းသိသင့်တယ်"ဝူရုန်က သူ့ကို သတိပေးလိုက်တယ်။
"........."စန်းလန်
ဝူရုန်က အစောင့်တစ်ယောက်ကို ဘာစီရဲ့အဝတ်စားတွေ ပါးစပ်ပိတ်ထားတာနှင့် မျက်လုံးစည်းထားတာကို ဖယ်ဖို့ အမိန့်ပေးလိုက်တယ်။
ဘာစီက အပြင်ကို လျှောက်သွားတဲ့ ဝူရုန်ကို ကြည့်ပြီးအော်လိုက်တယ်"ဝူရုန် ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိကတည်းက ငါက ဘယ်တော့မှ မင်းကိုဟထိခိုက်အောင် မလုပ်ခဲ့ဘူး။အခု ဘာကြောင့် င့်ကို သတ်ချင်ရတာလဲ?"
"ငါက တရားမျှတအောင်လုပ်ပေးတာပါ။ဒါက အကြောင်းပြချက်ကောင်းဘဲ မလား?"ဝူရုန်က ပြောလိုက်ပြီး နောက်လှည့်ကြည့်လိုက်တယ်။
မကောင်းဆိုးဝါးတွေက ဘာစီရဲ့အဝတ်အစားအားလုံးကို ချွတ်လိုက်ပြီး စားပွဲပေါ်မှာချည်ထားလိုက်ပြီး စန်းလန်ကို ပြောလိုက်တယ်"မင်းလုပ်ငန်းစလို့ရပြီ"
စန်းလန်က ဘာစီရှိရာကို လျှောက်လာပြီး ပြောလိုက်တယ်"ကျွန်တော်တောင်းပန်ပါတယ် သခင်လေး"
ဘာစီက စိုးရိမ်ကြောက်လန့်စွာ ပြောလိုက်တယ်"စန်းလန် ငါက မင်းရဲ့သခင်လေ။မင်း ငါ့ကို ရုပ်သေးရုပ်လုပ်လို့မရဘူး"
စန်းလန်က ဘာမှမပြောပါဘူး။
"စန်းလန် မင်းငါ့ကို ရုပ်သေးရုပ်လုပ်လိုက်ရင် ငါ့အဖေက မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်းသိပါတယ်"
စန်းလန်က ကြောက်လန့်မှုကြောင့် တုန်သွားပေမဲ့ သူက အိတ်ထဲကနေ ရုပ်သေးရုပ်လုပ်တဲ့ ပစ္စည်းတွေကို ထုတ်ယူလိုက်တယ်။
ဒါက ဘာစီရဲ့မျက်နှာကို ဖြူဖျော့သွားစေတယ်။သူက တုန်နေတဲ့ အသံနှင့် တောင်းပန်လိုက်တယ်"စန်းလန် မင်းငါ့ကို ဒီလိုမလုပ်ပါနဲ့။မင်း ငါ့ကို ရုပ်သေးရုပ်မလုပ်ပါနဲ့"
"သခင်လေး တကယ်လို့မင်းမသေဘူးဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် ကောင်းလိမ့်မယ်"
ဘာစီက ငိုပြီး အခန်းအပြင်မှာရှိနေတဲ့ ဝူရုန်ကို တောင်းပန်လိုက်တယ်"ဝူရုန် ငါတောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ငါ့ကိုလွတ်ပေးပါ။မင်းဖြစ်စေချင်တဲ့အတိုင်း ငါလုပ်ပေးပါ့မယ်။ငါကတိပေးပါတယ်"
ဝူရုန်က မျက်ရည်တွေကျနေပြီး ငိုနေတဲ့လူကို မထူးမခြားကြည့်လိုက်ပြီး ပြောလိုက်တယ်"မြန်မြန်လုပ်"
စန်းလန်က သူ့ရဲ့ခြေချောင်းတွေ ခြေချင်းဝတ် ဒူး လက်ချောင်းတွေလက်ကောက်ဝတ် တံတောင်ဆစ်နှင့် လက်မောင်းတွေကို လှီးလိုက်ပြီး အခွံမရှိဘဲ အချွဲအကျိတွေဖုန်းနေတဲ့အမဲရောင်ကပ်ပါးအနည်းငယ်ကို ထုတ်ယူလိုက်ပြီး လှီးထားတဲ့ နေရာတွေမှာ ထားလိုက်တယ်။
အဲဒီကပ်ပါးတွေက လတ်ဆတ်တဲ့သွေးနံ့ကြောင့် ဘာစီရဲ့ခန္ဓာကိုယ်ကို လျှင်မြန်စွာ စားသောက်ကြတယ်။
"အား အား"ဘာစီက နာကျင်မှုကြီးစွာအော်သံကမှတစ်ပါး ညက ကြောက်စရာကောင်းနေတယ်။ကပ်ပါးတွေက အရည်ပြားထဲကို တွားသွားပြီး ဝင်ရောက်သွားတယ်။ဘာစီရဲ့ဘေးမှာ ရပ်ကြည့်နေတဲ့ မကောင်းဆိုးဝါးတွေက ဘာစီရဲ့မျက်လုံးထဲမှာတောင် ကပ်ပါးတွေ တွးနေတာကို မြင်ရပြီး ကြက်သီးထလာတယ်။မကြာခင်မှာတော့ ဘာစီရဲ့ခန္ဓာကိုယ်မှာ လှီးထားတဲ့နေရာတွေမှာ အနီရောင်အဝိုင်းပုံတွေထွက်ပေါ်လာတယ်။
ရုတ်တရက် ဝူရုန်က ဘာမှမမြင်ရတော့ဘူး။
--------------------------------------
paid gpဝင်လို့ရပြီနော်။paid gpဝင်ချင်ရင် cbကနေပြောပေးနော်။