ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...
By noelnoel7777
522K 84.3K 1.7K
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... More
Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 67: Purchasing a Spiritual Pagoda
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 75: Beverage Sales
Chapter 76: The Eye-Catching Business
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 89: Discover the drug garden
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 100: Meet an acquaintance
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion
Chapter 85: Everyone shock
3.3K 504 12
By noelnoel7777
Unicode
" ဒီမှာ ငွေသုံးသောင်းရှိတယ်။ လက်နက်တွေ၊ အ​ဆောင်စက္ကူတွေ၊ အကာအကွယ်အဝတ်အစားတွေကို မြန်မြန်ပြင်ထားပါ။ မင်းမိဘတွေကို အားကိုးလို့မရဘူးလို့ ငါထင်တယ်။ " ဟု စိတ်ဓာတ်ကျစွာ သက်ပြင်းချပြီး မုရှူးယွီက ပြောသည်။
မနေ့ကညနေပိုင်းမှာ ရှောင်မိသားစုက ရှောင်ကျင်းဖုန်းအတွက်အဆင့်-၄ မှော်ကိရိယာ ၂ခု ဒါမှမဟုတ် ၃ခုလောက်ပါရှိမည့် အဆောင်လက်ဖွဲ့တချို့ကို လူအချို့​စေလွှတ်ကာ ပို့ခိုင်းလိုက်​လေသည်။
ရှောင်ကျင်းဖုန်းသည် အဆင့်-၆ ချီကျင့်ကြံသူအဖြစ်သို့ အဆင့်တိုးမြှင့်ခံရကြောင်း သူ့အဖေနှင့်အမေ မသိသောကြောင့် လက်နက်ကိရိယာများနှင့် အ​ဆောင်ပစ္စည်းများသည် အောက်ခြေအဆင့် ကျင့်ကြံသူများအတွက်သာ အသုံးဝင်သည်။ သို့သော် အဆင့်-၅ ချီကျင့်ကြံသူတစ်ယောက်အတွက်ပင်၊ ထိုအဆင့်-၄ မှော်တူရိယာများသည် အသုံးမဝင်ပေ။ ဟုန်မိသားစုမှ ကျင်းပသော ပြိုင်ပွဲနီးလာသည်နှင့်အမျှ မိသားစုတိုင်း ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့ကြသည်။ သို့သော်လည်း....
သူ့အဖေနဲ့ အမေက ကြိုတင်ပြင်ဆင်ခဲ့ကြပေမဲ့ ရှောင်ကျင်းဖုန်းအတွက်တော့ မဟုတ်ခဲ့​ပေ။
ပြိုင်ပွဲတွင် အဆင့်-၅ ချီကျင့်ကြံသူတစ်ဦးသည် အသက်ရှင် လိမ့်မည် မဟုတ်ပါ။ သူ့အဖေနဲ့ အမေက ရှောင်ကျင်းဖုန်းကို အဆင့်နိမ့်အ​ဆောင်တစ်ခုသာ ပေးခဲ့သည့်အတွက် ရှောင်ကျင်းဖုန်း၏ဘဝကို ဂရုမစိုက်ဘူးလို့ မုရှူးယွီခံစားလိုက်ရသည်။
ရှောင်ကျင့်ထျင်သည်လည်း ရှောင်ကျင်းဖုန်း၏ဝေစုနီးနီး ရရှိခဲ့သော်လည်း ရှောင်ကျင်းဖုန်း ထက်မများပေ။
သူ့အဖေနဲ့အမေက ရှောင်ချင်းယန်ကို သူတို့၏အဓိက အရင်းအမြစ်တွေကို ပေးခဲ့တာ ဖြစ်နိုင်သည်။
" ကိုယ်သိတယ်။ ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။ " လို့ ငွေစက္ကူကို​ကောက်ယူကာ ပြောလိုက်သည်။
" မင်းရဲ့မိဘတွေက ဘက်လိုက်ကြတယ်။ " ဟု မုရှူးယွီက ပြောသည်။ မုရှူးယွီသည် သူ့အဖေနှင့်အမေအကြောင်း မကောင်းတာကို မပြောလိုသော်လည်း သူတို့ကဘက်လိုက်လွန်းလှသည်။
ရှောင်ကျင်းဖုန်းဟာ ​​ခဏတာ စိတ်ရှုပ်သွားပြီး " မင်းအမှားလုပ်မိလို့ စိတ်မကောင်းပါဘူး။ "
မုရှူးယွီက ခေါင်းခါလိုက်ပြီး " ကျွန်တော် အဆင်ပြေပါတယ်.. မင်း ဘေးကင်းကင်းနဲ့ ပြန်လာရမယ်။ " လို့ပြောလိုက်သည်။
" စိတ်မပူပါနဲ့။ အဆင့်-၆ ချီကျင့်ကြံသူတစ်ယောက်အနေနဲ့၊ ကိုယ် သေချာပေါက် ဘေးကင်းစွာ ပြန်လာမှာပါ။ " လို့ ရှောင်ကျင်းဖုန်းက ပြောသည်။
" ကျွန်တော်တို့ညီ ကျင့်ထျင်က တကယ်ကို ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ " လို့ မုရှူးယွီက နှလုံးသားထဲကစကားကို လှိုက်လှိုက်လှဲလှဲနဲ့ ပြောလိုက်သည်။
ရှောင်ကျင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး " သေချာတာ​ပေါ့! "
စာငှက်သစ်ခွပန်းကိုရနိုင်တဲ့ သူ့ညီလေးကို ပိုပိုပြီး သေချာမမြင်နိုင်တော့ပေ။ ထို့အပြင် သူ့ညီက သူ့ကို အမြဲသတိတရရှိနေခဲ့သည်။ ရှောင်ကျင့်ထျင်ကဲ့သို့ ညီအစ်ကို ရှိသည်ဆိုခြင်းမှာ တကယ် ကံကောင်းလှသည်။ တကယ်တော့ ရှောင်ကျင့်ထျင်က လူကောင်းတစ်ယောက်ဖြစ်သည်။ သူ့အစ်ကိုကြီး ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်အပေါ် မလိုမုန်းထားမှုများကို ဖယ်ထားပြီး သူနှင့် သူငယ်ချင်းဖွဲ့နိုင်လျှင် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ကံမကောင်းစွာပဲ.....
သူ့အစ်ကိုအကြီးဆုံး.. သူ့မိဘတွေက ပြုစုစောင့်ရှောက်ပေးနေတဲ့အတွက် သူ့ကို ဂရုစိုက်စရာမလိုပါဘူး။
မကြာမီ ထွက်ခွာမည့်နေ့ ရောက်လာခဲ့သည်။ မိသားစုလေးယောက် အတူတူ ထွက်လာခဲ့ကြသည်။
...........
ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ စုဝေးရာနေရာကို ရောက်သည်နှင့် တပြိုင်နက် ထိတ်လန့်သွားကြသည်။
ပြိုင်ဖက်များကို အစောင့်အကြပ်အဖြစ် တာဝန်ယူနေသည့် အဆင့်-၈ ချီကျင့်ကြံသူလေးဦးရှိနေသည်။ သူတို့သည် ချီကိုဖုံးကွယ်ရန်နည်းပညာမကျွမ်းကျင်သောကြောင့် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့၏ တကယ့်စွမ်းအားအဆင့်ကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်။
ထိုကာလအတွင်း ရှောင်ချင်းယန်သည် ရှောင်လင်ဖုန်းနှင့် ဝမ်လုတို့နှင့်အတူ အိမ်တွင်နေနေပြီး ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် မြို့ပြင်တွင် နေခဲ့ကြသည်။ သူတို့၏သားငယ်နှစ်ယောက်ကို မတရားပြုမူခဲ့သည့်အတွက် တောင်းပန်မှု ဒါမှမဟုတ် အပြစ်ရှိကြောင်း အသိစိတ်ကြောင့် ရှောင်လင်ဖုန်းနဲ့ ဝမ်လုတို့ဟာ သူတို့ရဲ့သားငယ်နှစ်ယောက်ရဲ့ စွမ်းအားအစစ်အမှန်ကို ရှာဖွေဖို့မကြိုးစားခဲ့သည့်အတွက် ရှောင်လင်ဖုန်းနှင့် ဝမ်လုတို့ဟာ သူတို့၏သားတွေက အဆင့်-၆ ချီကျင့်ကြံသူတွေဖြစ်နေပြီဆိုသည့်အချက်ကို လုံးဝမသိကြသေးပေ။
ရှောင်လင်ဖုန်းသည် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် အဆင့်-၆ ချီကျင့်ကြံသူများဖြစ်သည်ကို သူသိသည်နှင့် တပြိုင်နက် တုန်လှုပ်သွားခဲ့သည်။
ရှောင်လင်ဖုန်းသည်လည်း အဆင့်-၈ ချီကျင့်ကြံသူတစ်ဦး အဖြစ် အစောင့်အကြပ် ခေါင်းဆောင်များထဲမှတစ်ဦးလည်း ဖြစ်နေသည်။ အခြားမိသားစုများက ရှောင်လင်ဖုန်းသည် အမှန်တရားကို တမင်တကာဝှက်ထားခဲ့ကာ သူ၏သားများကို လျှို့ဝှက်ကတ်နှစ်ခုအဖြစ် အသုံးပြုရန် ကြိုးစားခဲ့ပြီး သူ၏သားနှစ်ယောက် အဆင့်တတ်ခြင်းကိုသိခဲ့သည်ဟု ယူဆခဲ့ကြသည်။ ထို့​ကြောင့် ရှောင်လင်ဖုန်းကိုကြည့်ကာ  ကရုဏာမဲ့စွာဖြင့် သရော်ခဲ့ကြသည်။
ရှောင်လင်ဖုန်းက ပျော်နေပေမယ့် ရှက်ရွံ့နေခဲ့သည်။ သူသည် သူ၏ အရင်းအမြစ်အများစုကို ရှောင်ချင်းယန်အား ပေးခဲ့သော်လည်း ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ကို အာရုံစိုက်မှု နည်းပါးခဲ့သည်။
..........
" အကြီးအကဲ... ရှောင်ကျင့်ထျင်က အဆင့် ၆ ချီကျင့်ကြံသူဆိုတာ သေချာလား? " စွင်း​မြောင်​မြောင်က သူ့ဘေးနားက အဖိုးအိုကို လှမ်းကြည့်ရင်း အသံတိုးတိုးနဲ့ မေးလိုက်သည်။
" ဟုတ်တယ်၊ သူက မတည်ငြိမ်သေးပေမယ့် သူက အဆင့် ၆ ချီကျင့်ကြံသူဆိုတာ သံသယဖြစ်စရာမလိုဘူး။ "  ဟု စွင်းမိသားစုမှ အကြီးအကဲက အလေးအနက် ပြောကြားလိုက်သည်။
" ဒီကောင်က သူ့ကိုယ်သူ ဘယ်လိုကျင့်ကြံခဲ့တာလဲ? " စွင်း​မြောင်​မြောင်က တီးတိုးပြောနေသည်။
ရှောင်လင်ဖုန်းဟာ ရှောင်ကျင့်ထျင်အတွက် ငွေအများကြီး မသုံးခဲ့ဘူးဆိုတာ သိထားပေမဲ့...! ရှောင်ကျင့်ထျင်သည် ပိုက်ဆံအနည်းအကျဥ်းရရှိခဲ့သော်လည်း သူရရှိပြီးနောက် ဖြုန်းတီးခဲ့သည်။
" ရှောင်ကျင့်ထျင်အပြင်... ရှောင်ကျင်းဖုန်းကလည်း အဆင့် ၆ ချီကျင့်ကြံသူတစ်ဦးဖြစ်နေတယ်။ ရှောင်လင်ဖုန်းက တကယ့်ကို အင်အားကြီးတာပဲ။ သူ့မှာ သားသုံးယောက်ရှိပြီး သူတို့အားလုံးက အဆင့်-၆ ချီကျင့်ကြံသူတွေဖြစ်နေတယ်။ ဒီအကြောင်းကို သူကဘာမှ မပြောဘူး။ " ဟု အကြီးအကဲက သက်ပြင်းချကာ ပြောသည်။
စွင်း​မြောင်ယင်သည် ရှောင်ကျင်းဖုန်း၏ ဦးတည်ရာကို တစ်ချက်ကြည့်လိုက်သည်။ ကျိုးခန်းဟယ်နဲ့ လက်ထပ်ထားပေမယ့် စွင်းမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ ဖြစ်သည်။
စွင်း​မြောင်ယင်သည် တစ်ချိန်က စွန့်ပစ်ထားသော သူမ၏ စေ့စပ်ထားသူက အဆင့်-၆ ချီကျင့်ကြံသူဖြစ်လာရန် စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ရှောင်ကျင်းဖုန်းသည် ကျိုးခန်းဟယ်ထက် အဆင့်-၆ ချီကျင့်ကြံသူ စော​စောဖြစ်လာပုံရသည်။
ကျိုးခန်းဟယ်သည် ရှောင်ကျင့်ထျင်ကိုကြည့်ရင်း မပျော်မရွှင် ဖြစ်နေသည်။ ကျိုးခန်းဟယ်က သူသည် အဆင့်-၆ ချီကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် မိသားစုလေးခု၏ ငယ်ရွယ်သောမျိုးဆက်တွင် သူသည် ပထမဦးဆုံး ဖြစ်သင့်သည်ဟုထင်ခဲ့မိသည်။
သို့သော် မထင်မှတ်ပဲ ရှောင်ချင်းယန်သည် အဆင့် ၆ ချီကျင့်ကြံသူဖြစ်လာပြီး စွင်းမိသားစုမှ စွင်းမင်ချန်နှင့် ကျန်းမိသားစုမှ ကျန်းခဲ့တို့လည်းရှိ​နေခဲ့သည်။ ကျိုးခန်းဟယ်သည် ရှောင်ကျင့်ထျင်ကို ဂရုမစိုက်​သော်လည်း စွင်းမင်ချန်နှင့် ကျန်းခဲ့တို့ကိုတော့ ကြောက်သည်။
ကျိုးခန်းဟယ်က သူ့အတွက် အ​ခြေအ​နေအရမ်းမဆိုး​လောက်ဘူးဟု ထင်ခဲ့ပေမယ့် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ဟာ အဆင့်-၆ ချီကျင့်ကြံသူတွေ တစ်ချိန်တည်းဖြစ်လာမယ်လို့ မထင်ထားခဲ့ပေ။
..........
လူများအားလုံးစုဝေးရာလမ်းသို့ ထွက်လာကြ၏။
ရှောင်လင်ဖုန်းသည် သားနှစ်ယောက်၏ ရုတ်တရက်အဆင့်တတ်ခြင်းအကြောင်းမေးရန် စိတ်အားထက်သန်ခဲ့သော်လည်း အခြားသူများရှိနေခြင်းကြောင့် အခွင့်အလမ်းကောင်းကို ရှာမတွေ့ခဲ့ပေ။
ညမိုးချုပ်သောအခါတွင် မိသားစုလေးစုသည် တည်းခိုရန် မြို့တစ်မြို့ကို ရှာဖွေခဲ့ကြသည်။ တည်းခိုခန်းတစ်ခုတွင် အခြေချပြီးနောက် ရှောင်လင်ဖုန်းသည် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ဆီကို ချက်ချင်းလာရောက်၍ ၎င်းတို့၏အဆင့်တတ်ခြင်းအကြောင်းကို မေးမြန်းခဲ့သည်။
" မင်းက ရှောင်ဖန် လောင်းကစားအိမ်က​နေဝယ်လာပြီး ကျောက်ရိုင်းကနေရလာတဲ့ ဝိညာဥ်ပုလဲလုံးကို ယူပြီး အဆင့်-၆ ချီကျင့်ကြံသူဖြစ်လာတယ်လို့ မင်းကပြောချင်နေတာလား? " ရှောင်လင်ဖုန်းက မေးသည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်ပါတယ်! "
..........
ရှောင်ချင်းယန်က " ရှောင်ဖန်က ကလေးတစ်ယောက်ပါ။ သူကဘယ်လိုလုပ်နိုင်မှာလဲ? သူက လျင်မြန်တဲ့အမြင်ရှိတယ်ဆိုတာ ငါမယုံဘူး။ "
ရှောင်ကျင့်ထျင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ " အစ်ကိုကြီး၊ ကျောက်လောင်းကစားက အမှန်မမြင်ရပေမယ့် ကံကို အားကိုးရတယ်။ ငါ့သားက ကံကောင်းတယ်။ သူ ကျောက်​လောင်းတာ ဝိညာဥ်ပုလဲရခဲ့အတွက် ကျွန်​တော်က ပုလဲကိုယူပြီး အဆင့်တတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့ကို ကျောက်ရိုင်းဝယ်ဖို့ အဓိကလောင်းကစားအိမ်တွေကို ခေါ်သွားတယ်။ ဒါပေမယ့် ရှောင်ဖန်က ပထမအကြိမ်မှာ သူ့ရဲ့ ကံကောင်းခြင်းတွေက ပြီးမြောက်သွားခဲ့တယ်။ သူနောက်ပိုင်းရလာတာ​တွေက အသုံးမဝင်တော့ဘူး။ "
တကယ်တော့ ရှောင်ကျင့်ထျင်က လိမ်ညာခဲ့သည်။ ရှောင်​ရှောင်ဖန်သည် လောင်းကစားအိမ်များအားလုံးကို သွား​ရောက်ခဲ့ပြီး အဖိုးတန်အရာများစွာကို ရရှိခဲ့သည်။ ရှောင်ကျင့်ထျင်သည် အချို့ကို ရွှီမုရန်ထံထားခဲ့ပြီး အချို့ကိုသူကိုယ်တိုင် သိမ်းဆည်းခဲ့သည်။
" မင်း စာငှက်သစ်ခွပန်းအတွက် ပုလဲကို ရောင်းဝယ်ခဲ့တာလား? " ရှောင်လင်ဖုန်းက မေးသည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်! စာငှက်သစ်ခွပန်းက အဆင့် ၅ ချီကျင့်ကြံသူအတွက် အတားအဆီးကို ဖြတ်ကျော်ဖို့ အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်ကြားဖူးတယ်။ "
ရှောင်ချင်းယန်က အကူအညီမဲ့စွာဖြင့် " ဝိညာဥ်ပုလဲက ပန်းတစ်ပွင့်ထက် အများကြီး အဖိုးတန်တယ်။ "
ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်က ရှောင်​ရှောင်ဖန်ကို လောင်းကစားအိမ်ကြီးများသို့ ခေါ်သွားကြောင်း သိထားပြီးဖြစ်ကာ ရှောင်ကျင့်ထျင်ကို ရှောင်လင်ဖုန်း၏ ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခဲ့သည်။ ဒါပေမဲ့ သူမမျှော်လင့်ခဲ့ဘူး... မိုက်မဲလှတဲ့ ရှောင်​ရှောင်ဖန်က ကျောက်တုံးများမှ ဝိညာဉ်ရေးပုလဲရရှိခဲ့သည်အထိ ကံကောင်းခဲ့၏။ သူ့မှာ ဘာလို့ဒီလောက် ကံကောင်းတာမျိုး မရှိတာလဲ?
ရှောင်ချင်းယန်သည်လည်း လောင်းကစားအိမ်သို့ ရောက်ရှိခဲ့သော်လည်း ငွေထောင်​ပေါင်းများစွာကို အချည်းနှီးအသုံးပြုခဲ့ပြီးနောက် အချိန်မီရပ်လိုက်သည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တာပေါ့! ဒါပေမဲ့ စာငှက်သစ်ခွပန်းက ကျွန်တော့်အတွက် ပိုအသုံးဝင်ပါတယ်။ ပြိုင်ပွဲမှာ ကျွန်တော့်အတွက် အန္တရာယ်များစွာရှိမှာဖြစ်တဲ့အတွက် အဆင့်မြှင့်တင်ရေးက ကျွန်တော့်အတွက် အခုအချိန်မှာ အရေးကြီးဆုံးလို့ ထင်ပါတယ်။ "
ရှောင်ချင်းယန်: " ......... "
ရှောင်လင်ဖုန်းသည် ရှောင်ကျင့်ထျင်ကို ကြည့်လိုက်ကာ အချိန်အတော်ကြာပြီးမှ သက်ပြင်းချလိုက်မိသည်။
သူ၏သားအငယ်ဆုံးသည် ယခင်ကဲ့သို့ မတူတော့ချေ။ အရင်တုန်းက သူနဲ့ အနည်းဆုံးတိုင်ပင်ခဲ့မှာဖြစ်ပေမဲ့ အခုတော့ တိတ်တဆိတ် ရွေးချယ်ခဲ့ပြီဖြစ်သည်။
...........
တည်းခို​ဆောင်တွင်....
" အစ်ကို၊ တစ်ခုခုမှားနေပုံရတယ်။ "လို့ ကျိုးခန်းချီက ပြောသည်။
ကျိုးခန်းချီက သူ့အစ်ကိုဟာ သဲကန္တာရမြို့ရဲ့ လူငယ်မျိုးဆက်ထဲမှာ ပထမဆုံး ဖြစ်တယ်လို့ အမြဲထင်ခဲ့သည်။ ဒါပေမဲ့ ဒီပြိုင်ပွဲမတိုင်ခင် ကျန်းမိသားစုနဲ့ စွင်းမိသားစုက အဆင့်-၆ ချီကျင့်ကြံသူဉာဏ်ကြီးရှင်တစ်ယောက်ဆီ အသီးသီး ရရှိခဲ့ပြီး ရှောင်မိသားစုရဲ့ ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့လည်း အဆင့်-၆ ချီကျင့်ကြံသူတွေ ဖြစ်လာခဲ့သည်။
" ကမ္ဘာပေါ်မှာ မင်းထက် အရည်အချင်းပိုရှိတဲ့သူတစ်ယောက် အမြဲရှိတယ်လို့ ဆိုတဲ့ဆိုရိုးစကားရှိတယ်။ ဒီကမ္ဘာမှာ အရည်အချင်းရှိတဲ့ သူ​တွေအများကြီးရှိတယ်။ " လို့ ကျိုးခန်းဟယ်က ပြောလိုက်သည်။ ဒါပေမယ့်လည်း သူ့နှလုံးသားက နာကျင်နေခဲ့သည်။
ကျိုးခန်းဟယ်သည် မြို့ကြီးပြကြီးတွင် သူ့အင်အား မလုံလောက်ဟု အမြဲတွေးထားသော်လည်း သူသည် သဲကန္တာရမြို့၏ အကောင်းဆုံးထဲမှ တစ်ဦးဖြစ်ရမည်ဟုထင်ထားခဲ့သည်။ မထင်မှတ်ပဲ၊ သူ့လို အရည်အချင်းရှိသူတွေ အများကြီး ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ရှောင်ချင်းယန်သည် ငယ်ရွယ်သူမဟုတ်သော်လည်း ရှောင်ကျင့်ထျင်သည် အသက် ၂၀နှစ်အောက်သာ ရှိသေးသည်။ သူသည် အသက် ၂၃ နှစ်အထိ အဆင့်-၆ ချီကျင့်ကြံသူမဖြစ်သေးပေ။ ရှောင်ကျင့်ထျင်သည် သိုးမည်းတစ်ကောင်အနေဖြင့်၊ တစ်ဖန်ပြန်လည်စတင်ရန် အခွင့်ကောင်းရလာခဲ့သည်။
ကျိုးခန်းချီက သူ့ဘာသာတွေး​နေမိရင်း မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ကျင်းဖုန်းကို အဆိပ်ခတ်ဖို့ ထောင်ချောက်ဆင်ထားခဲ့ပြီး ရှောင်ကျင်းဖုန်းဟာ ​​သူ့ဘဝတစ်လျှောက်လုံး အဆင့် ၄ ချီကျင့်ကြံသူသာဖြစ်လိမ့်မယ်လို့ ထိုအဆိပ်ဆရာက ပြောခဲ့သည်။ သို့သော် နောက်နှစ်နှစ်ထက်မနည်းသောအချိန်တွင် အစ်ကိုကြီးနှင့် အဆက်အသွယ်ရခဲ့သည်။ ရှောင်ကျင်းဖုန်းသည် ကြင်နာတတ်သူမဟုတ်ကြောင်းသူသိပြီး ရှောင်ကျင်းဖုန်းက သူ့ကိုဖမ်းမိပြီး အခွင့်ကောင်းတွေ့ပါက သူ့ကိုသတ်ပစ်မည့်သူဖြစ်သည်။
ကျိုးခန်းချီသည် သူ့လည်ပင်းကိုထိလိုက်သည်နှင့် သွေး​ကြောထဲမှကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
" အစ်ကိုကြီး မင်းမှာ ဖြေရှင်းဖို့အတွက်နည်းလမ်းရှိလား? " ကျိုးခန်းချီက မေးသည်။
ကျိုးခန်းဟယ်က အသံကိုနှိမ့်လိုက်ကာ " ဒီအချိန် ပြိုင်ပွဲမှာ ပါဝင်ဖို့ မရေမတွက်နိုင်တဲ့ ဉာဏ်ကြီးရှင်တွေ ရှိတယ်။ မင်းမှာ ပိုကျယ်ပြန့်တဲ့ အမြင်ရှိရမယ်၊ ကန္တာရမြို့က လူတွေကိုပဲ အာရုံစိုက်မနေပါနဲ့။ "
ကျိုးခန်းချီက ဖျော့​တော့သော အပြုံးဖြင့် " ဟုတ်တယ် အစ်ကို၊ မင်းက ငါ့ထက် အမြော်အမြင် ပိုကောင်းတယ်။ "
..........
စွင်းမိသားစု၏ အကြီးအကဲသည် တည်းခိုခန်း၏ အခန်းထဲတွင် ခေါက်တုန့်​ခေါက်ပြန် လမ်းလျှောက်နေသည်။
စွင်း​မြောင်ယင်နဲ့ စွင်း​မြောင်​မြောင်က ဘာမှမပြောဘဲ စားပွဲမှာထိုင်လိုက်သည်။
" ငါဘယ်တုန်းကမှ မတွေးဖူးဘူး! ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့က အခု အဆင့် ၆ချီကျင့်ကြံသူတွေပေါ့။ ဘယ်လိုကံကောင်းမှုမျိုးတွေရှိနေရတာလဲ? မင်းက အခု ရှောင်မိသားစုရဲ့ အဖွဲ့ဝင်ဖြစ်နေပြီလေ။ သတင်းတစ်ခုခု မရဘူးလား? သူတို့အပြင်ထွက်ရင်း အခွင့်ကောင်းရခဲ့တာလား? " ဟု အကြီးအကဲဖြစ်သူက စွင်း​မြောင်​မြောင်အား မေးသည်။
စွင်း​မြောင်​မြောင်က ခေါင်းခါပြီး " ဟင့်အင်း.. ကျွန်မဘာမှမသိဘူး။ " လို့ပြောလိုက်၏။ သူမ တကယ်ပဲ ဘာသတင်းမှ မရခဲ့ပေ။ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ အဆင့်-၅ ချီကျင့်ကြံသူများအဖြစ် အဆင့်တိုးမြှင့်လိုက်သည်ကို သိလိုက်ရတော့ သူမ အံ့အားသင့်ခဲ့ရပြီး ၎င်းတို့သည် အဆင့်-၆ ချီကျင့်ကြံသူများဖြစ်နေပြီဆိုတာ ဘာ​ပြောရမှန်းမသိ​တော့​​ပေ။
" ရှောင်ကျင့်ထျင်ဟာ ​​အခုလောက် အောင်မြင်မယ်လို့ မမျှော်လင့်ထားဘူး။ " ဟု အကြီးအကဲက သက်ပြင်းချကာ ပြောသည်။
စွင်း​မြောင်​မြောင်က သွားတွေကြိတ်လိုက်မိသည်။ သူမ နှိမ့်ချခဲ့သော အမျိုးသားတစ်ဦးက ယခုလို အောင်မြင်မှုမျိုး ရနိုင်မည်ဟု သူမ တစ်ခါမှ အိပ်မက်မမက်ခဲ့ပေ။ ရှောင်မုဟုန်ကို မရွေးချယ်ခဲ့ရင် အရာအားလုံး ကွဲပြားသွားနိုင်သည်။ ရှောင်ကျင့်ထျင်သည် အသက် ၂၆ နှစ်အောက် အဆင့် ၆ ချီကျင့်ကြံသူဖြစ်ပြီး ကျိုးခန်းဟယ်သည် သူ့အစ်မနှင့် လက်ထပ်ပြီးသည့်အတိုင်း သန်မာသူဖြစ်သည်။
သူမသာ ရှောင်ကျင့်ထျင်နဲ့ လက်ထပ်ခဲ့မယ်ဆိုရင် လူ​တော်တစ်ယောက်နဲ့ လက်ထပ်ခဲ့သည့် သူ့အစ်မကို မနာလိုစရာ မလိုတော့​ပေ။
" ရှောင်ကျင်းဖုန်းတို့ မြန်မြန်အဆင့်တတ်ဖို့ဆိုတာ ယုတ္တိမရှိဘူး။ ညီအစ်ကိုနှစ်ယောက်လုံးမှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမယ်။ " ဟု အကြီးအကဲက ပြောသည်။
စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ လျှို့ဝှက်ချက်တစ်ခုရှိရမယ်။ "
ရှောင်ကျင့်ထျင်သည် သူ့စိတ်ဝိဥာဉ်ကိုပြောင်းလဲပြီး ပုံမှန်ပြန်ဖြစ်သွားလျှင်တောင် ထိုမျှတိုတောင်းသောကာလအတွင်း အဆင့်-၆ ချီကျင့်ကြံသူတစ်ဦးဖြစ်လာခြင်းသည် အဓိပ္ပါယ်မရှိပေ။
ယနေ့တုံ့ပြန်မှုအရ ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ အဆင့်-၆ ချီကျင့်ကြံသူအဖြစ် အဆင့်မြှင့်သွားသည်ကို ရှောင်လင်ဖုန်းမသိ​သေးဘူးဟု သူမ ယုံကြည်ခဲ့သည်။ သူသိထားသည့်အတိုင်း ရှောင်လင်ဖုန်းသည် ရှောင်ချင်းယန်ကို ကာကွယ်ရန် အဖိုးတန်ပစ္စည်းများစွာကို ပြင်ဆင်ခဲ့သော်လည်း ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့အတွက် တန်ဖိုးမရှိသောအရာများကိုသာ ပေးခဲ့သည်။
ရှောင်လင်ဖုန်းသည် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့က အဆင့်-၆ ကျင့်ကြံသူများဖြစ်နေပြီဟု သိခဲ့လျှင်၊ သူသည် ရှောင်ချင်းယန်ကို ၎င်းတို့ထက် အလွန်အမင်း မျက်နှာသာပေးမည်မဟုတ်ပေ။ ရှောင်ချင်းယန်သည် ထိုအချိန်တွင် ရှက်ရွံ့နေသောကြောင့် အမှောင်ထဲတွင် ပိတ်လှောင်ထားနိုင်ဖွယ်ရှိသည်။
ရှောင်ကျင်းဖုန်း အကြောင်းကိုတွေးရင်း စွင်း​မြောင်ယင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှောင်ကျင်းဖုန်းကို သူမ နှိမ့်ချခဲ့သော်လည်း ယခုတွင် ရှောင်ကျင်းဖုန်းသည် ကျိုးခန်းဟယ်ထက် မဆိုးကြောင်း သူမ သိခဲ့သည်။ ဘယ်လောက်တောင်နောင်တရစရာ​ကောင်းလိုက်သလဲ...
" ကျန်းမိသားစုက ငါတို့ စွင်းမိသားစုလို ဉာဏ်ကြီးရှင်တစ်ယောက်ကို လျှို့ဝှက်ထားခဲ့တာ ငါမသိလိုက်ဘူး။ " အကြီးအကဲက ပြောသည်။
စွင်း​မြောင်ယင်၏ နှလုံးသားထဲတွင် ခပ်ချဥ်ချဥ်ဖြစ်သွားခဲ့သည်။ စွင်း​မြောင်ယင်သည် ငယ်စဉ်ကတည်းက မိသားစုမှ ပြုစုပျိုးထောင်ပေးခဲ့သော အကောင်းဆုံးစွမ်းရည်ရှိသူများထဲမှ လူငယ်တစ်ဦးဖြစ်သည်။ မိသားစုနှင့်ပတ်သက်သည့် အဓိကကိစ္စရပ်အားလုံးကို သူမသိသည်ဟု သူမထင်ခဲ့သည်။ သို့သော် အဓိကသမီးတစ်ဦးအနေဖြင့် အဆင့်-၆ ချီကျင့်ကြံသူ၏ ဉာဏ်ကြီးရှင်တစ်ဦးကို သူမ၏မိသားစုက ဖုံးကွယ်ထားကြောင်း သူမမသိခဲ့ပေ။
" စွင်းမိသားစုမှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ရှိတယ်ဆိုတာ ကျွန်မမသိခဲ့ဘူး။ " ဟု စွင်း​မြောင်​မြောင်က ကမန်းကတန်းပြောသည်။ စွင်း​မြောင်ယင်ကဲ့သို့ပင် စွင်း​မြောင်​မြောင်သည် စွင်းမင်ချန်ဟုခေါ်သောသူသည် အရည်အချင်းရှိမှန်း သူမသိပြီးနောက် အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။
အကြီးအကဲက မျက်စောင်းထိုးကာ " ငါတို့မိသားစုရဲ့ တည်တံ့ခိုင်မြဲတဲ့ခြေလှမ်းနဲ့ တည်ငြိမ်ရေးအတွက် ငါတို့ ဝှက်ဖဲကို သိမ်းထားရမယ်။ " လို့ပြောလိုက်သည်။
စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " အကြီးအကဲ.. ပြောတာ မှန်ပါတယ်။ " စွင်း​မြောင်ယင်သည် သူမ၏မိသားစုလုပ်ရပ်ကို နားလည်နိုင်သော်လည်း သူမ အဆင်မပြေနိုင်သေးပေ။
Thanks for reading ❤
ဒီကြားထဲပစ်ထားသလိုဖြစ်သွားခဲ့တဲ့ sorry ပါကွယ်...
အိမ်ကိစ္စ​လေး​တွေရှိ​နေလို့ပါ...
စိတ်မဆိုးကြပါနဲ့နော်... ❤❤❤
11.12.2022
Zawgyi
...........
..........
..........
..........
ရှောင်ချင်းယန်: " ......... "
...........
တည်းခို​ဆောင်တွင်....
..........
Thanks for reading ❤
11.12.2022
Continue Reading
You'll Also Like
319K 23.1K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...
280K 39.1K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
381K 51.1K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
1.9M 126K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️