Chapter- 111 ကျောင်းရှုလန်၏ဂရုဏာများ(၁)
ဒီခေတ်လူတွေအတွက် သကြားလုံးက အရမ်းရှားသည်။
ကျန်းရှောင်ယာက ကလေးတစ်ယောက်ဖြစ်ပြီး သကြားလုံးများကို မြင်သောအခါတွင် သူမက အာရုံစိုက်မိသည်။
သို့သော် ကျောင်းရှုလန်က သူမကို သကြားလုံးစားရန် ပေးခဲ့သော်လည်း စားချင်ပေမယ့် တံတွေးကိုသာ မျိုချလိုက်ပြီး ရှက်သည့်အတွက် လက်မခံပေ။
ကျောင်းရှုလန်က ကျန်းရှောင်ယာ ရဲ့လက်ထဲကို ပေးလိုက်ကာ “ယူပါ ငါအရင်အလုပ်လုပ်ဖို့ ဝက် ဆီသွားရဦးမယ် မင်းမသွားချင်ရင် အိမ်မှာ ထျဲ့တန် ဘေးမှာနေပြီး စောင့်ရှောက်ပေးပေါ့”
စကားပြောပြီးနောက် ကျောင်းရှုလန် ကျန်းမိသားစု၏အိမ်မှ ပြန်သွားသည်။
ကျန်းရှောင်ယာက သူမလက်ထဲတွင် သကြားလုံးအား ကိုင်ထားပြီး မယုံနိုင်စွာ သေချာကိုင်ထားသည်။
ကျန်းမိသားစုမှ အကြီးအကဲများက ကျောင်းရှုလန်ကို ပို၍ပင် ကျေးဇူးတင်ကြသည်။ ဤကလေးသည် အလွန်ချစ်စရာကောင်း၏။
သူမသည် နောက်ဆုံးတွင် သကြားလုံးရသွားသည်ကို သိသော်လည်း သူမသည် တွန့်တိုမနေဘဲ ထျဲ့တန် အား တိုက်ရိုက်ပေးလိုက်သည်။
ကျန်းရှောင်ယာက သကြားလုံးယူကာ ကျန်းထျဲ့တန် ၏အိပ်ရာဆီသို့ ပြေးသွားပြီး ကျန်းထျဲ့တန် ၏လက်ထဲသို့ သကြားလုံးထည့်ကာ ကျန်းထျဲ့တန် အား “အစ်ကို ဒါကမမရှုလန် ပေးတဲ့ သကြားလုံးပဲ သကြားလုံးအတူတူစားရအောင် အကိုလည်းမြန်မြန်သက်သာရလာအောင်”
သူမကိုယ်တိုင်စားချင်ပေမယ့် ကျန်းရှောင်ယာက မစားဖို့ဆုံးဖြတ်လိုက်သည်။အနည်းဆုံးတော့ ကျန်းထျဲ့တန် စားနိုင်လိမ့်မည်။
ကျောင်းရှုလန်သည် ဝက်အညစ်အကြေးများကို သွန်ရန် ဝက်ကျင်းသို့ ပြန်လာခဲ့သည်။
နောက်နေ့မနက်စောစော အလုပ်ပြန်စတော့ ကျန်းရှောင်ယာက စိတ်လှုပ်ရှားစွာနဲ့ သူ့ရှေ့ကိုပြေးလာပြီး “မမရှုလန် ညီမအကို နိုးလာပြီး မမပေးတဲ့ဆေးသောက်လိုက်တာ အဖျားသက်သာသွားပြီ သိလား”
ကျောင်းရှုလန်က မနေ့ညက ချွေးများစွာ ထွက်လာပြီး ကျန်းထျဲ့တန် အဖျားပျောက်ကြောင်း သူမကြားလိုက်သောအခါတွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။
“ကောင်းတာပေါ့ ဒါဆို့ထျဲ့တန် ကို လိုက်ကြည့်ဦးမယ်” ကျောင်းရှုလန်က ပြောသည်။
“အင်း!”
ကျန်းရှောင်ယာက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ကျောင်းရှုလန် က ဘာမှမပြောဘူးဆိုရင်တောင် ကျန်းရှောင်ယာက ကျောင်းရှုလန်ကို လာစေချင်လေသည်။ မနေ့ကကိစ္စအတွက်ကျောင်းရှုလန်ကို အိမ်ခေါ်ချင်တယ်လို့ အဖွားနဲ့ အဘိုးပြောခဲ့ကြပေသည်။
ခဏအကြာတွင် သူတို့နှစ်ဦးသည် ကျန်း၏အိမ်သို့ရောက်ရှိလာသည်။
ကျောင်းရှုလန်က ကျန်းထျဲ့တန် ၏ အခြေအနေကို ဦးစွာကြည့်လိုက်သည်။ ကလေးမှာ အဖျားသက်သာပြီး နိုးလာသော်လည်း ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေသေးသည်။
ကျန်းမိသားစုရဲ့ အခြေအနေတွေက မကောင်းသလို ထုတ်လုပ်ရေးအဖွဲ့က မကောင်းတဲ့အတွက် သာမန်မိသားစုဖြစ်တဲ့ ကျန်းမိသားစုရဲ့ ကလေးနှစ်ယောက်က အရမ်းပိန်နေသည်။
အခုခေတ်မှာ ဘာမှမစားရသည့်အပြင် စားစရာလည်း လုံလောက်စွာမရှိသည့်အတွက် ပိန်လှီကာ အသားများဝါနေသည်။
ယခု ကျန်းထျဲ့တန် ၌ အခြားရောဂါတစ်ခုရှိနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း အားနည်းနေလေသည်။
ဒီကလေးက သူ့ခန္ဓာကိုယ်အတွက် အားဖြစ်မှရမှာပေါ့။
အာဟာရပြည့်ဝတဲ့ အစားအစာတွေ များများစားဖို့ လိုတယ်လို့ မဆိုလိုပေမဲ့ အနည်းဆုံးတော့ လုံလောက်အောင် စားဖို့ လိုလာပြီ။
ဒါပေမယ့် ကျန်းမိသားစုအခြေအနေက အိမ်မှာစားစရာမရှိ၍ ကျန်းထျဲ့တန် က မည်သို့လုပ်နိုင်မည်နည်း။
ကျောင်းရှုလန်က ဒါကိုစဉ်းစားမိပြီး ကျန်းမိသားစုဆီ အစားအသောက်ပို့ဖို့ အကြောင်းပြချက်ရှာရတော့သည်။
ကျောင်းရှုလန် ရောက်လာတာကိုမြင်တော့ ကျန်းမိသားစုက ကျောင်းရှုလန် ရဲ့လက်ကိုဆွဲပြီး ကျေးဇူးတင်စွာပြောတယ် “မိန်းကလေး ရှုလန် ထျဲ့တန် ရဲ့ရောဂါကုပေးလို့ မင်းကိုကျေးဇူးတင်ပါတယ် မင်းရဲ့ဆေးကြောင့်မဟုတ်ရင် ဘယ်တော့မှပျောက်မလဲ မသိဘူး ဒီကလေးတစ်ခုခု ဖြစ်သွားမှာ”
မဒမ်ကျန်းက သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။
ကျန်းထျဲ့တန် ၏ဖျားနာမှုကြောင့် ကျန်း မိသားစု ဇနီးမောင်နှံသည် အလွန့်အလွန် စိုးရိမ်နေခဲ့သည်။
ယခု ကျန်းမိသားစုတွင် ထိုအတွေးသာရှိနေသည်။ “တစ်ခုခု တကယ်ဖြစ်သွားရင် ငါတို့ ဘာလုပ်ရမလဲ။”
မဒမ်ကျန်းသည် အကျိုးဆက်များကို စိတ်ကူးမယဉ်နိုင်ပေ။
ကျန်းမိသားစုမှ အကြီးအကဲများသည်လည်း အခြေအနေအကြောင်း သိသည်။ အဖျားက အရမ်းပြင်းထန်တယ်။ အဖျားရှိနေပါက ဦးနှောက်ကို ထိခြင်းသာမက အခြားပြင်းထန်သော အခြေအနေများကို ဖြစ်စေနိုင်သည်။
ကျောင်းရှုလန်၏ကူညီမှုသည် ကျန်းထျဲ့တန် ၏အသက်နှင့် ထိုလင်မယား၏ ဘဝကိုကယ်တင်လိုက်သလိုပင်။
Zawgyi
Chapter- 111 ေက်ာင္းရႈလန္၏ဂ႐ုဏာမ်ား(၁)
ဒီေခတ္လူေတြအတြက္ သၾကားလုံးက အရမ္းရွားသည္။
က်န္းေရွာင္ယာက ကေလးတစ္ေယာက္ျဖစ္ၿပီး သၾကားလုံးမ်ားကို ျမင္ေသာအခါတြင္ သူမက အာ႐ုံစိုက္မိသည္။
သို႔ေသာ္ ေက်ာင္းရႈလန္က သူမကို သၾကားလုံးစားရန္ ေပးခဲ့ေသာ္လည္း စားခ်င္ေပမယ့္ တံေတြးကိုသာ မ်ိဳခ်လိဳက္ၿပီး ရွက္သည့္အတြက္ လက္မခံေပ။
ေက်ာင္းရႈလန္က က်န္းေရွာင္ယာ ရဲ႕လက္ထဲကို ေပးလိုက္ကာ “ယူပါ ငါအရင္အလုပ္လုပ္ဖို႔ ဝက္ ဆီသြားရဦးမယ္ မင္းမသြားခ်င္ရင္ အိမ္မွာ ထ်ဲ့တန္ ေဘးမွာေနၿပီး ေစာင့္ေရွာက္ေပးေပါ့”
စကားေျပာၿပီးေနာက္ ေက်ာင္းရႈလန္ က်န္းမိသားစု၏အိမ္မွ ျပန္သြားသည္။
က်န္းေရွာင္ယာက သူမလက္ထဲတြင္ သၾကားလုံးအား ကိုင္ထားၿပီး မယုံနိုင္စြာ ေသခ်ာကိုင္ထားသည္။
က်န္းမိသားစုမွ အႀကီးအကဲမ်ားက ေက်ာင္းရႈလန္ကို ပို၍ပင္ ေက်းဇူးတင္ၾကသည္။ ဤကေလးသည္ အလြန္ခ်စ္စရာေကာင္း၏။
သူမသည္ ေနာက္ဆုံးတြင္ သၾကားလုံးရသြားသည္ကို သိေသာ္လည္း သူမသည္ တြန႔္တိုမေနဘဲ ထ်ဲ့တန္ အား တိုက္ရိုက္ေပးလိုက္သည္။
က်န္းေရွာင္ယာက သၾကားလုံးယူကာ က်န္းထ်ဲ့တန္ ၏အိပ္ရာဆီသို႔ ေျပးသြားၿပီး က်န္းထ်ဲ့တန္ ၏လက္ထဲသို႔ သၾကားလုံးထည့္ကာ က်န္းထ်ဲ့တန္ အား “အစ္ကို ဒါကမမရႈလန္ ေပးတဲ့ သၾကားလုံးပဲ သၾကားလုံးအတူတူစားရေအာင္ အကိုလည္းျမန္ျမန္သက္သာရလာေအာင္”
သူမကိုယ္တိုင္စားခ်င္ေပမယ့္ က်န္းေရွာင္ယာက မစားဖို႔ဆုံးျဖတ္လိုက္သည္။အနည္းဆုံးေတာ့ က်န္းထ်ဲ့တန္ စားနိုင္လိမ့္မည္။
ေက်ာင္းရႈလန္သည္ ဝက္အညစ္အေၾကးမ်ားကို သြန္ရန္ ဝက္က်င္းသို႔ ျပန္လာခဲ့သည္။
ေနာက္ေန႕မနက္ေစာေစာ အလုပ္ျပန္စေတာ့ က်န္းေရွာင္ယာက စိတ္လႈပ္ရွားစြာနဲ႕ သူ႕ေရွ႕ကိုေျပးလာၿပီး “မမရႈလန္ ညီမအကို နိုးလာၿပီး မမေပးတဲ့ေဆးေသာက္လိုက္တာ အဖ်ားသက္သာသြားၿပီ သိလား”
ေက်ာင္းရႈလန္က မေန႕ညက ေခြၽးမ်ားစြာ ထြက္လာၿပီး က်န္းထ်ဲ့တန္ အဖ်ားေပ်ာက္ေၾကာင္း သူမၾကားလိုက္ေသာအခါတြင္ စိတ္ေအးသြားကာ သက္ျပင္းခ်လိဳက္သည္။
“ေကာင္းတာေပါ့ ဒါဆို႔ထ်ဲ့တန္ ကို လိုက္ၾကည့္ဦးမယ္” ေက်ာင္းရႈလန္က ေျပာသည္။
“အင္း!”
က်န္းေရွာင္ယာက ေလးေလးနက္နက္ ေခါင္းညိတ္လိုက္သည္။ ေက်ာင္းရႈလန္ က ဘာမွမေျပာဘူးဆိုရင္ေတာင္ က်န္းေရွာင္ယာက ေက်ာင္းရႈလန္ကို လာေစခ်င္ေလသည္။ မေန႕ကကိစၥအတြက္ေက်ာင္းရႈလန္ကို အိမ္ေခၚခ်င္တယ္လို႔ အဖြားနဲ႕ အဘိုးေျပာခဲ့ၾကေပသည္။
ခဏအၾကာတြင္ သူတို႔ႏွစ္ဦးသည္ က်န္း၏အိမ္သို႔ေရာက္ရွိလာသည္။
ေက်ာင္းရႈလန္က က်န္းထ်ဲ့တန္ ၏ အေျခအေနကို ဦးစြာၾကည့္လိုက္သည္။ ကေလးမွာ အဖ်ားသက္သာၿပီး နိုးလာေသာ္လည္း ခႏၶာကိုယ္မွာ အနည္းငယ္ အားနည္းေနေသးသည္။
က်န္းမိသားစုရဲ႕ အေျခအေနေတြက မေကာင္းသလို ထုတ္လုပ္ေရးအဖြဲ႕က မေကာင္းတဲ့အတြက္ သာမန္မိသားစုျဖစ္တဲ့ က်န္းမိသားစုရဲ႕ ကေလးႏွစ္ေယာက္က အရမ္းပိန္ေနသည္။
အခုေခတ္မွာ ဘာမွမစားရသည့္အျပင္ စားစရာလည္း လုံေလာက္စြာမရွိသည့္အတြက္ ပိန္လွီကာ အသားမ်ားဝါေနသည္။
ယခု က်န္းထ်ဲ့တန္ ၌ အျခားေရာဂါတစ္ခုရွိေနၿပီျဖစ္ၿပီး သူ႕ခႏၶာကိုယ္မွာ ပုံမွန္အတိုင္း အားနည္းေနေလသည္။
ဒီကေလးက သူ႕ခႏၶာကိုယ္အတြက္ အားျဖစ္မွရမွာေပါ့။
အာဟာရျပည့္ဝတဲ့ အစားအစာေတြ မ်ားမ်ားစားဖို႔ လိုတယ္လို႔ မဆိုလိုေပမဲ့ အနည္းဆုံးေတာ့ လုံေလာက္ေအာင္ စားဖို႔ လိုလာၿပီ။
ဒါေပမယ့္ က်န္းမိသားစုအေျခအေနက အိမ္မွာစားစရာမရွိ၍ က်န္းထ်ဲ့တန္ က မည္သို႔လုပ္နိုင္မည္နည္း။
ေက်ာင္းရႈလန္က ဒါကိုစဥ္းစားမိၿပီး က်န္းမိသားစုဆီ အစားအေသာက္ပို႔ဖို႔ အေၾကာင္းျပခ်က္ရွာရေတာ့သည္။
ေက်ာင္းရႈလန္ ေရာက္လာတာကိုျမင္ေတာ့ က်န္းမိသားစုက ေက်ာင္းရႈလန္ ရဲ႕လက္ကိုဆြဲၿပီး ေက်းဇူးတင္စြာေျပာတယ္ “မိန္းကေလး ရႈလန္ ထ်ဲ့တန္ ရဲ႕ေရာဂါကုေပးလို႔ မင္းကိုေက်းဇူးတင္ပါတယ္ မင္းရဲ႕ေဆးေၾကာင့္မဟုတ္ရင္ ဘယ္ေတာ့မွေပ်ာက္မလဲ မသိဘူး ဒီကေလးတစ္ခုခု ျဖစ္သြားမွာ”
မဒမ္က်န္းက သူမ၏ မ်က္လုံးေထာင့္မ်ားမွ မ်က္ရည္မ်ားကို သုတ္ရင္း ေျပာလိုက္သည္။
က်န္းထ်ဲ့တန္ ၏ဖ်ားနာမႈေၾကာင့္ က်န္း မိသားစု ဇနီးေမာင္ႏွံသည္ အလြန႔္အလြန္ စိုးရိမ္ေနခဲ့သည္။
ယခု က်န္းမိသားစုတြင္ ထိုအေတြးသာရွိေနသည္။ “တစ္ခုခု တကယ္ျဖစ္သြားရင္ ငါတို႔ ဘာလုပ္ရမလဲ။”
မဒမ္က်န္းသည္ အက်ိဳးဆက္မ်ားကို စိတ္ကူးမယဥ္နိုင္ေပ။
က်န္းမိသားစုမွ အႀကီးအကဲမ်ားသည္လည္း အေျခအေနအေၾကာင္း သိသည္။ အဖ်ားက အရမ္းျပင္းထန္တယ္။ အဖ်ားရွိေနပါက ဦးေႏွာက္ကို ထိျခင္းသာမက အျခားျပင္းထန္ေသာ အေျခအေနမ်ားကို ျဖစ္ေစနိုင္သည္။
ေက်ာင္းရႈလန္၏ကူညီမႈသည္ က်န္းထ်ဲ့တန္ ၏အသက္ႏွင့္ ထိုလင္မယား၏ ဘဝကိုကယ္တင္လိုက္သလိုပင္။