ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...

By noelnoel7777

522K 84.3K 1.7K

Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... More

Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 67: Purchasing a Spiritual Pagoda
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 75: Beverage Sales
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 85: Everyone shock
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 89: Discover the drug garden
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 100: Meet an acquaintance
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion

Chapter 76: The Eye-Catching Business

4.4K 773 25
By noelnoel7777

Unicode

စွင်း​မြောင်ယင်သည် သူမအနောက်ဘက်ရှိ အဖျော်ယမကာဆိုင်ကို မှုန်မှိုင်းနေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

စွင်း​မြောင်ယင် လျှို့ဝှက်စွာတွေးမိသည်: ရှောင်ကျင်းဖုန်းက မုရှူးယွီကို ရွေးချယ်ပြီးနောက် သူက ကောင်းမွန်တဲ့ဘဝဖြင့် နေထိုင်နေတယ်! ဒီဆိုင်ကို ရှောင်ကျင့်ထျင်က ပိုင်ဆိုင်ပေမယ့် ရှောင်ကျင်းဖုန်းက အမြတ်ဝေစုကို ရရှိထားတယ်လို့ကြားတယ်။ ကလေးနှစ်ယောက်မှလွဲ၍ ဆိုင်ရှိဝန်ထမ်းများအားလုံးမှာ ရှောင်ကျင်းဖုန်း ငှားရမ်းထားသူများဖြစ်တယ်။ ရှောင်ကျင်းဖုန်းက သူ့ဘာသာသူ ပိုက်ဆံနည်းနည်းလောက် ယူချင်နေတယ်ဆိုရင် အဲဒါကို ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ရှောင်ကျင်းဖုန်းက ဘာမှမလုပ်ဘူးဆိုရင်တောင်မှ သိပ်မကြာခင် သူဌေးဖြစ်လာနိုင်တယ်။

အဓိကမိသားစုကြီးလေးခုမှ မျိုးဆက်သစ်လူငယ်အများစုသည် ၎င်းတို့၏မိသားစုထံမှ ပိုက်ဆံတောင်းနေကြဆဲ ဖြစ်သောကြောင့် ရှောင်ကျင်းဖုန်းကဲ့သို့ ငွေအမြောက်အများ ရရှိ​အောင်ပြုလုပ်နိုင်သူ အလွန်နည်းပါးပါသည်။

" သခင်မလေး၊ သွားကြရအောင်။ သခင်မ​လေးမြောင်​မြောင်က စောင့်နေလောက်တယ်။ " အိမ်အကူက စွင်း​​မြောင်ယင်ကို ပြောသည်။

စွင်း​မြောင်ယင်က ခေါင်းညိတ်လိုက်ပြီး " ကောင်းပြီ။ "

" မမ၊ မမက ညီမကိုတွေ့ဖို့လာတယ်။ " စွင်း​မြောင်​မြောင်သည် စွင်း​မြောင်ယင်ကိုတွေ့သောအခါ ဝမ်းသာအားရဖြစ်သွား၏။

စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ မင်းနဲ့ ရှောင်မုဟုန် မကြာသေးခင်က ဘယ်လိုအခြေအ​နေရှိလဲ? "

စွင်း​မြောင်​မြောင်၏မျက်နှာသည် ပြောင်းလဲသွားပြီး " အဆင်ပြေပါတယ်၊ ဒါပေမယ့် သူက ညီမနဲ့ အရင်ကလောက် မရင်းနှီးတော့ဘူး။ " ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ ရှောင်မုဟုန်သည် သူမအား အေးစက်လွန်းနေပြီး သူမသည် ယခင်ကကဲ့သို့ မျှော်လင့်ချက်များ မပြည့်ဝခဲ့ပေ။ လင်နဲ့မယားကြားမှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစား​နေရသည်။

ရှောင်အဘိုးအိုသည် ထွက်လာပြီး နောက်တဖန် တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားခဲ့သည်။ ယခု ဝမ်လုသည် အိမ်တာဝန်ခံဖြစ်ပြီး ၎င်းတို့၏ မိသားစုခွဲကို ပစ်မှတ်ထားခဲ့သည်။ အထက်တန်းအဆင့်ရှိ အဆင့်မြင့်လူများသည် နည်းလမ်းတိုင်းတွင် သာလွန်ကြသည်။ အရင်က သူမ၏ယောက္ခမ လျှိုရှို့သည် အရမ်းတက်ကြွပေမယ့် အခု ဝမ်လု ရှေ့တွင် အသက်တောင်ရဲရဲမရှူဝံ့တော့ပေ။ ယခင်ကမြင်ကွင်းများ လုံးဝပျောက်ကွယ်သွားခဲ့ပြီး စွင်း​မြောင်​မြောင်သည် မိသားစုအတွင်းရှိ ကျွန်များအားလုံး သူမကို ရယ်မောနေကြသည်ဟု အမြဲခံစားနေရသည်။

" ငါဒီကိုမလာခင် ရှောင်ကျင့်ထျင်ရဲ့ အဖျော်ယမကာဆိုင်ကို ဝင်လာခဲ့တယ်။ "

စွင်း​မြောင်ယင်၏ စကားကိုကြားသောအခါ စွင်း​မြောင်​မြောင်၏ အမူအရာမှာ ရှုပ်ထွေးလာတော့သည်။ မကြာသေးမီက ရှောင်မိသားစု၏ ကလေးများ အားလုံးသည် ထိုဆိုင်မှ အချိုရည်များကို သောက်ခဲ့ကြပြီး စွင်းမိသားစုမှ လူအများအပြားလည်း သောက်ခဲ့ကြသည်။ ရှောင်ကျင်းဖုန်းကလည်း အိမ်သို့အချိုရည်များ ပို့ပေးသော်လည်း မျှဝေရန် မလုံလောက်ပေ။

" သူတို့ တစ်နေ့ကို ငွေငါးထောင်လောက် ဝင်ငွေရတယ်လို့ ညီမ ကြားတယ်။ " စွင်း​မြောင်​မြောင်က လက်သီးကိုဆုပ်ထားသည်။

အချိုရည်အတွက် ကုန်ကြမ်းများကို ရှောင်ကျင့်ထျင်ကိုယ်တိုင် စိုက်ပျိုးထားသောကြောင့် ကုန်ကျစရိတ်အများစုမှာ စျေးပေါသည့် အလုပ်သမားတွေဖြစ်သည်။ ဤနည်းဖြင့် အဖျော်ယမကာဆိုင်သည် တစ်လလျှင် ငွေ ၁၀၀,၀၀၀ ထက် ပိုရနိုင်မည်ဖြစ်သည်။ ဤဝင်ငွေသည် မိသားစုရှိ လူကြီးများရ​သော​ငွေနှင့် တူညီသည်။

ကျင့်ကြံခြင်းတွင် အရေးကြီးဆုံးမှာ အရင်းအမြစ်များဖြစ်သည်။ ဤငွေများဖြင့် ရှောင်ကျင့်ထျင်နှင့် သူ့အစ်ကိုတို့သည် ၎င်းတို့၏ခွန်အားကို အနှေးနှင့်အမြန်ဆိုသလို မြှင့်တင်နိုင်မည်ဖြစ်သည်။

စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " ဒါက သိပ်မဆိုးနိုင်ဘူး။ ဟိုကိုသွားတုန်းက အဖျော်ယမကာဆိုင်ရဲ့ အလုပ်ကအရမ်းကောင်းတယ်။ "

စွင်း​မြောင်​မြောင်က သူ့နှုတ်ခမ်းကိုဖွဖွကိုက်ရင်း " ရှောင်ကျင့်ထျင်က ဒီလောက်ထိ အောင်မြင်နိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ " သူမသည် ဤအရှုံးကို အမှန်တကယ် လျှော့တွက်ခဲ့သည်။ အရင်တုန်းက ရှောင်ကျင့်ထျင်ဟာ ကတိတည်တယ်ဆိုတာ သူမ သိခဲ့ရင် သူမဒီမှာရှိမှာမဟုတ်ဘူး... ကံမကောင်းစွာပဲ၊ အရမ်းနောက်ကျသွားပြီ။

" ငါ အဲဒီကနေ သစ်သီးဝိုင်ပုလင်းတချို့ ဝယ်ခဲ့တယ်။ " အဖျော်ယမကာများသည် အစုလိုက်အပြုံလိုက်စားသုံးရန် သင့်လျော်သော်လည်း ဤအသီးအနှံဝိုင်သည် တန်ဖိုးကြီးပြီး အလွန်စျေးကြီးသည်။

စွင်း​မြောင်ယင်သည် သစ်သီးဝိုင်ပုလင်းကိုဖွင့်ပြီး စွင်း​မြောင်​မြောင်နှင့် မျှဝေလိုက်သည်။

" ဒါက အရသာရှိပြီး အရမ်းသန်မာတဲ့ စွမ်းအားလည်းရှိတယ်။ " စွင်း​မြောင်​မြောင်က ထူးထူးခြားခြား မှတ်ချက်ချလိုက်သည်။

စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " ဆိုင်မှာ တစ်ရက်ကို ခြောက်ပုလင်းလောက်ပဲ ကန့်သတ်ထားတော့ နေ့တိုင်းရောင်းကုန်တယ်။ ပစ္စည်း​တွေကမကောင်းရင် ရောင်းဖို့မဖြစ်နိုင်ဘူး။ "

စွင်း​မြောင်​မြောင်က လက်သီးကိုတင်းတင်းဆုပ်ပြီး " ဒါအမှန်ပဲ။ " လို့ပြောလိုက်သည်။ ရှောင်ကျင့်ထျင်၏ အဖျော်ယမကာဆိုင်သည် ယခုအခါ မိသားစုအတွင်း ရင်လေးစရာကိစ္စတစ်ခုဖြစ်လာပြီး မိသားစုအတွင်းရှိ ကျွန်များအားလုံးက ယင်းအကြောင်းကို ယခုတိုင် ပြောဆိုနေကြပြီဖြစ်သည်။ ရှောင်မိသားစု၏ အလားအလာအကောင်းဆုံးလူငယ်များမှာ ယခုအခါ မြေပြင်မှ တွားသွားတတ်လာသော ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့ဖြစ်သည်။

" ဒါပေမယ့် မိသားစုတော်တော်များများက အ​အေးဆိုင်ဖွင့်ချင်နေတယ်လို့ ကြားတယ်။ အကယ်၍ အဲ့ဒီဆိုင်တွေဖွင့်ရင် ရှောင်ကျင့်ထျင်ရဲ့ဆိုင်အပေါ် သက်ရောက်မှုရှိနိုင်တယ်။ "

စွင်း​မြောင်​မြောင်က ခေါင်းညိတ်ပြီးပြောတယ် " ဟုတ်တယ်၊ စီးပွားရေးက လုပ်ရတာမလွယ်ဘူး! လူတိုင်းက အမြတ်အစွန်းရှိတဲ့ လုပ်ငန်းကို စိုက်ကြည့်နေကြတာ။ "

ရှောင်ကျင့်ထျင်၏ အဖျော်ယမကာဆိုင်သည် တစ်လကျော်ကြာ ဖွင့်လှစ်ခဲ့ပြီး သဲကန္တာရမြို့တော်ရှိ အမျိုးမျိုးသော အဖျော်ယမကာဆိုင်များသည်လည်း မှိုလိုပေါက်နေခဲ့သည်။

ရှောင်ကျင့်ထျင်၏ ဆိုင်ထက်များစွာစျေးသက်သာစွာ ရောင်းချသည့် အဖျော်ယမကာဆိုင်များအားလုံးသည် ရှောင်ကျင့်ထျင်၏ အဖျော်ယမကာဆိုင်အပေါ် သက်ရောက်မှုများစွာရှိခဲ့သည်။ သို့သော် ရှောင်ကျင့်ထျင်၏ဆိုင်တွင် ပုံမှန်ဖောက်သည်များ ရှိနေပြီဖြစ်ပြီး အချိုရည်များသည် အရသာရှိပြီး စွမ်းအားပါရှိသောကြောင့် သူ့ဆိုင်မှာ တွင်ကျယ်စွာလူကြိုက်များနေဆဲဖြစ်သည်။ ဒါပေမယ့် စီးပွားရေးက အရင်ကထက် နည်းနည်းလေးတော့ ဆိုးသွားခဲ့သည်။

.........

ရှောင်မိသားစု...

" လင်ဖုန်း၊ ကျင့်ထျင်ဆိုင်ရဲ့ လုပ်ငန်းက အရမ်းကောင်းနေပုံရတယ်။ " ဝမ်လုက ပြောသည်။

ရှောင်လင်ဖုန်းက ခေါင်းညိတ်ပြပြီး " မကြာသေးခင်က မိသားစုထဲက ကလေးတော်တော်များများ အဲ့ဒီနေရာကိုသွားလည်တာ တွေ့ခဲ့တယ်။ "

" ကျွန်မတို့ရဲ့ အကြီးဆုံးချွေးမပြောတာက တစ်နေ့ ၀င်ငွေက ငွေငါးထောင်ကနေ ခြောက်ထောင်လောက်ရနိုင်တယ်လို့ ပြောတယ်။ " ဝမ်လုက​ပြောသည်။

ရှောင်လင်ဖုန်းက အနည်းငယ် အံ့သြသွားပြီး " ဝင်ငွေက အဲ့ဒီလောက်​တောင်များလား? ကျင့်ထျင် နေရာက ရှုပ်နေတာပဲလို့ ချင်းယန်ဆီက ကြားတယ်။ အဲဒီဆိုင်က သေးသေးလေးနဲ့ တိတ်ဆိတ်နေတော့ ဆိုင်ကသိပ်ပြီး အလုပ်မဖြစ်ဘူး! မလုပ်နိုင်ဘူးဆို! "

" လုပ်ငန်းက တော်တော်ကောင်းတယ်။ မကြာသေးခင်က ဆိုင်မှာအရည်အသွေးကောင်းတဲ့ ဝိညာဥ်ဝိုင်အချို့ကို စျေးနှုန်းကြီးမြင့်စွာနဲ့ စတင်ရောင်းချခဲ့တယ်။ ဈေးနှုန်းက အတော်လေးမြင့်ပေမယ့် လူတော်တော်များများက ဝယ်ကြတယ်။ " ဟု ဝမ်လုကပြောသည်။

ရှောင်လင်ဖုန်းက စိတ်ရှုပ်ထွေးသွားပြီး " ဒီလိုကိစ္စမျိုးရှိလား? "

ဝမ်လုက ခေါင်းညိတ်ပြီး " ရှိတယ်။ "

" တစ်ရက်မှာ ဝင်ငွေအများကြီးရရင် တစ်လကို ငွေ ၁၀၀,၀၀၀ ကျော်လောက် ရှိလိမ့်မယ်။ " ရှောင်လင်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ဝမ်လုက ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်၊ ဒုတိယသားနဲ့ တတိယသားက ချီကျင့်ကြံမှုရဲ့ ပဉ္စမအဆင့်မှာပဲ ရှိသေးတယ်။ သူတို့ ဘယ်မှာအများကြီး သုံးနိုင်ပါ့မလဲ? "

ရှောင်လင်ဖုန်းက ခါးခါးသီးသီး ရယ်မောလိုက်ပြီး " ကျင်းဖုန်းက ကောင်းပါတယ်၊ ဒါပေမယ့် ကျင့်ထျင်နဲ့ ပတ်သက်လာရင်၊ သူပိုက်ဆံသုံးချင်ရင်၊ အချိန်တိုအတွင်း အကုန်သုံးနိုင်တယ်။ "

ဝမ်လုက လေးနက်စွာဖြင့် " ဒါအမှန်ပဲ။ " ဟု​ပြောသည်။ ပဉ္စမအဆင့် ချီကျင့်ကြံသူများအတွက် သင့်လျော်သော အရင်းအမြစ်များသည် ၎င်းတို့ကအနည်းငယ် အဖိုးတန်သည့်တိုင် ငွေဖြုန်းလိုသရွေ့ ၎င်းတို့ကို သင်ရနိုင်မည်ဖြစ်သည်။

ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်း ကောင်းစွာလုပ်ဆောင်နေသောကြောင့် ဝမ်လုသည် ပျော်ရွှင်နေသော်လည်း ရှောင်ချင်းယန်အတွက် သူမ မကူညီနိုင်ခဲ့ပေ။ ဝမ်လုသည် ရှောင်ချင်းယန်ကို အလိုအပ်ဆုံးဖြစ်ပြီး သူ့သားအကြီးဆုံး နောက်ကွယ်မှ ပြုတ်ကျသည်ကို မြင်သောအခါတွင် သူ့ကို အမြဲကူညီပေးချင်ခဲ့သည်။

........

အဖျော်ယမကာဆိုင်တွင်။

" မင်း စားတာအရမ်းများ​နေပြီ။ " ရှောင်​ရှောင်တုန်က ရှောင်​ရှောင်ဖန်ကို စက်ဆုပ်စွာကြည့်နေသည်။

ရှောင်​ရှောင်ဖန်က ရင်တထိတ်ထိတ်ဖြင့် " အခုက အလုပ်သိပ်မရှိဘူးဆိုတော့ ပိုစားချင်လာတယ်။ နောက်ပိုင်း အလုပ်များလာတဲ့အခါ ထမင်းစားဖို့ အချိန်မရှိတော့ဘူး။ "

" ဒီနေ့ စီးပွားရေးက မကောင်းတော့ ငါတို့က ပိုလွတ်လပ်နေမှာမို့ မင်း အလျင်လိုနေစရာ မလိုဘူး။ " လို့ ရှောင်​ရှောင်တုန်ကပြောသည်။

" လမ်းပေါ်က အရှက်မဲ့သူတွေက လူတွေကို အနိုင်ကျင့်တာကလွဲလို့ ဘာမှမသိဘူး။ ဘာလို့ ငါတို့နဲ့တူတဲ့ ဆိုင်ကိုဖွင့်ကြတာလဲ? " ရှောင်​ရှောင်ဖန်က ခါးသီးစွာပြောသည်။

" ငါတို့ရဲ့ဆိုင်က တန်ဖိုးကြီးလမ်းကြောင်းကို လျှောက်လှမ်းနေတာပါ။ စျေးနှုန်းစစ်ပွဲတွေကိုပဲ တိုက်နိုင်သူတွေနဲ့ ကွဲပြားတယ်။ အချိန်အ​တော်ကြာပြီးရင်၊ ဖောက်သည်တွေက သဘာဝအတိုင်း ပြန်လာလိမ့်မယ်။ " ရှောင်​ရှောင်တုန်က အနည်းငယ်မောက်မာစွာပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က ခေါင်းညိတ်ပြီး " ဒါမှန်တယ်၊ ကျွန်တော်တို့သောက်စရာတွေက အရသာရှိတယ်၊ သူတို့သောက်တဲ့ သောက်စရာတွေက မကောင်းဘူး။ အဖေလုပ်တဲ့အရာက အကောင်းဆုံးပဲ!"

ရှောင်​ရှောင်တုန်က အမှုမဲ့အမှတ်မဲ့ဖြင့် " ဆိုင်ထဲက သစ်သီးဝိုင်တွေက ပိုက်ဆံရတယ်၊ သစ်သီးဝိုင်တွေ ရောင်းနိုင်သရွေ့ ဖျော်ရည်မရောင်းရရင်​တောင် ကောင်းလာပါလိမ့်မယ်။ "

ရှောင်ကျင်းဖုန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သစ်သီးဝိုင်ဈေးက အနည်းငယ်မြင့်သည်။ ဒါပေမယ့် တချို့လူတွေက ဝယ်နေတုန်းပေ။ ရက်အနည်းငယ်အတွင်း မည်သူမျှလာဝယ်မည် မဟုတ်သော်လည်း တစ်နေ့လျှင် ငွေ ၃၀၀၀ ရရှိနေပါက ကျန်တာအရေးမကြီးပေ။

" အ​ဖေနဲ့ ဖေဖေက အမျိုးအစားအသစ်တွေ ထပ်ပြီး ပြုလုပ်ဖို့လိုလိမ့်မယ်။ ဘယ်လိုအချိုရည်အရသာမျိုးတွေရှိမလဲ မသိဘူး။ " ရှောင်​ရှောင်ဖန်က ရေရွတ်လိုက်သည်။

" လျှော့စားဦး၊ မကြာသေးခင်က မင်းကပိုလေးလာတယ်..." ရှောင်​ရှောင်တုန်က ပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က သူ့ဗိုက်ကိုပွတ်သပ်လိုက်ကာ " မကြာသေးခင်က ကျွန်တော် အရမ်းသန်မာလာတယ်။ ပိုစားရင်ကောင်းတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားကို ရပ်တန့်သွားစေမှာ မဟုတ်ဘူး၊ လူတိုင်းက ကျွန်တော့်ကို ဒီလိုချစ်စရာကောင်းတယ်လို့ ပြောကြတယ်။ "

ရှောင်​ရှောင်တုန်က နှုတ်ခမ်းလေးကွေးသွားပြီး " သူတို့က မင်းကို ချော့မော့ပြီးပြောတာ မင်းက တကယ်ယုံသွားတယ်။ "

ရှောင်​ရှောင်ဖန်က မယုံသင်္ကာဖြင့် " မဟုတ်ဘူး! သူတို့တွေက တကယ်ပြောတာ... "

ရှောင်​ရှောင်တုန်က မျက်လုံးလှိမ့်လိုက်ပြီး " ကလေးက ကလေးပဲ! က​လေးတွေက လူတွေပြောသမျှကို ယုံလိမ့်မယ်။ "

" အစ်ကို၊ မင်းက ငါ့ထက် အသက်အများကြီးမကြီးဘူး! " ရှောင်​ရှောင်ဖန်က ထိုအကြောင်းပြချက်ဖြင့် ငြင်းခုံလိုက်သည်။

.........

ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်ဖန်နဲ့ ရှောင်​ရှောင်တုန်တို့ကို နှုတ်ခမ်းထောင့်မှာအပြုံးမပျက် ကြည့်နေလိုက်သည်။ ခြေသံများကြားလာသောအခါ ရှောင်ကျင်းဖုန်းသည် မသိစိတ်မှမျက်မှောင်ကြုတ်ကာ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ ဧည့်သည်ကိုမြင်လိုက်ရတော့ ရှောင်ကျင်းဖုန်းဟာ ရုတ်တရက် ရှုပ်ထွေးတဲ့ခံစားချက်တွေ ခံစားလာရပြီး " မေမေ၊ ဒီကို ဘာလာလုပ်တာလဲ? "

ဝမ်လုက ရှောင်ကျင်းဖုန်းကို ပြုံးပြပြီး " မင်းမှာ ဆိုင်ကောင်းကောင်းရှိတာပဲ။ "

ရှောင်ကျင်းဖုန်းက အတင်းဖျစ်ညှစ်ပြုံးပြပြီး " အဆင်ပြေပါတယ်။ "

ရှောင်​ရှောင်ဖန်သည် ဝမ်လုကိုမြင်သောအခါ ပါးစပ်ကို အလျင်အမြန်သုတ်လိုက်ပြီး ရန်သူနှင့်ရင်ဆိုင်နေရသလို ရှောင်​ရှောင်တုန်၏နောက်တွင် ရပ်နေလိုက်သည်။ ရှောင်​ရှောင်တုန်ရဲ့ နောက်ကျောကနေ ဝမ်လုကို ချောင်းကြည့်ရင်း ရှောင်​ရှောင်ဖန်က သူ့ရဲ့ အနက်ရောင် စပျစ်သီးနှင့်တူသည့် မျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။

ဝမ်လုသည် ရှောင်ကျင်းဖုန်း၏လက်ပေါ်ရှိ သို​လှောင်လက်စွပ်ကို ကြည့်လိုက်ကာ " မင်း သို​လှောင်လက်စွပ်တစ်ကွင်းကို ဝယ်ခဲ့တယ်။ စီးပွားရေးက တကယ်ကောင်းနေပုံရတယ်။ "

ရှောင်ကျင်းဖုန်းက တုံ့ဆိုင်းစွာပြုံးလိုက်သည်။ ရှောင်ချင်းယန်သည် ကျောင်း​တော်သို့ ဝင်ရောက်သောအခါ သူ့အမေက သူ့ကို ဆုချီးမြှင့်ရန်အတွက် သို​လှောင်လက်စွပ်တစ်ကွင်း ပေးခဲ့သည်။ သူသည် ကြေးစားအဖွဲ့တွင်ရှိစဉ်က သူ၏သိုလှောင်အိတ်ထဲတွင် နေရာအကန့်အသတ်ကြောင့် သူ့သားကောင်ကို မကြာခဏစွန့်လွှတ်ခဲ့ရသည်။ ရှောင်ကျင်းဖုန်းကလည်း သို​လှောင်လက်စွပ်ကိုလိုချင်ပေမယ့် ကံမကောင်းစွာပဲ၊ သူ့မှာ ဒီဆန္ဒကို ဘယ်တုန်းကမှ မပြည့်ခဲ့​ပေ။

သူ့လက်ထဲက တစ်ခုကို ရှောင်ကျင့်ထျင်က သူ့ဆီ ပေးအပ်ခဲ့ပြီး စီးပွားရေးအတွက် သို​လှောင်လက်စွပ်တစ်ခုရှိဖို့ ပိုအဆင်ပြေတယ်လို့ ပြောခဲ့သည်။ ဒါကိုတစ်ခုဝယ်တုန်းက နှစ်ခုရခဲ့ပြီး ဒါက အလကားပဲလို့ပြောကာ တစ်ခုကိုအတင်းအကြပ်ပေးလိုက်သည်။

ဆိုင်သည် ယခုအချိန်တွင် ငွေအမြောက်အများရနေသော်လည်း ရှောင်ကျင့်ထျင်၏ ငွေသုံးနည်းမှာ ချီးကျူးစရာမဟုတ်ပေ။

" ကျင်းဖုန်း... မင်းက ဒီဆိုင်ကိုစောင့်ရင်း မင်းရဲ့ လေ့ကျင့်ချိန်ကို အများကြီးဖြုန်းနေတယ်။ " ဝမ်လုက ပြောသည်။

ရှောင်ကျင်းဖုန်းသည် သူ့အမေက သူ့ကိုစောင့်ရှောက်လိုသောကြောင့်မဟုတ်ဘဲ ဝမ်လုသည် ဘက်လိုက်လွန်းသောကြောင့် သူ့ကိုယ်သူ ခုခံကာကွယ်ရင်း ရုတ်တရက် သတိကြီးစွာတက်လာခဲ့သည်။ ဝမ်လုက ဒါကိုမေးခဲ့ရင်၊ သူမဟာ ဆိုင်ကိုစောင့်ရှောက်ဖို့ အခြားတစ်ယောက်ယောက်ကို ရှာချင်နေတာမဟုတ်လား?

ဒီဆိုင်၏၀င်ငွေက အရမ်းများသည်။ ဝမ်လုက ရှောင်ချင်းယန်ကို ဘက်လိုက်ခဲ့ပြီး ရှောင်ချင်းယန်ကို တစ်လလျှင်ပေး​သောမုန့်ဖိုးမှာ ငွေထောင်ဂဏန်းမျှသာ ဖြစ်သည်။ သို့သော် ဤဆိုင်၏လုပ်ငန်းသည် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး တစ်လလျှင် ငွေ ၁၀၀,၀၀၀ ကျော် ရရှိနိုင်သည်။

" ဒီသားရဲ့ အရည်အချင်းတွေက အကန့်အသတ်နဲ့ဖြစ်ပြီး အရင်က အဆိပ်ခတ်ခံခဲ့ရတာကိုသိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စိုက်ပျိုးမှုမှာ ကြီးကျယ်တဲ့တိုးတက်မှုကို မမျှော်လင့်ရဲဘူး။ လက်ရှိမှာ တစ်ခုခုကို လက်တွေ့လုပ်ပြချင်နေပြီး မိသားစုကို ထောက်ပံ့ဖို့အတွက် ငွေနည်းနည်းလောက်တော့ ရှာပေးချင်နေပါတယ်။ ဆိုင်ရဲ့အလုပ်က အရမ်းမကြီးဘဲ ကျင့်ကြံရင်းနဲ့ လုပ်လို့ရတယ်။ ရှူးယွီက နေ့တိုင်း လယ်ကွင်းထဲမှာ အလုပ်များနေတယ်။ ယောက်ျားကြီးတွေက အိမ်မှာ ဘာမှမလုပ်ရင် လူတွေက အတင်းအဖျင်းပြောလာလိမ့်မယ်။ " လို့ ရှောင်ကျင်းဖုန်းက ပြောလိုက်သည်။

ဝမ်လုသည် ထိုစကားကိုကြားသောအခါတွင် သူမသည် ခဏတာမျှမတုံ့ပြန်နိုင်တော့ဘဲ " ဆိုင်မှာ လူပြတ်နေလို့လား? နှစ်ယောက်လုံးက ဘာလို့ ဆိုင်မှာ ကူနေတာလဲ? အမေက မင်းကိုကူညီဖို့ လူအနည်းငယ်ကို စီစဉ်ပေးနိုင်ပါတယ်။ "

ရှောင်ကျင်းဖုန်းက ကမန်းကတန်းပြောလိုက်သည်: " အစတုန်းကတော့ လူပြတ်တယ်ဆိုပေမယ့် အခုက အဲလိုမဖြစ်တော့ဘူး။ မြို့ထဲမှာ ပေါ်လာတဲ့ ဆိုင်တွေ အများကြီးရှိပြီး တချို့ဆိုင်တွေက ကျွန်တော်တို့ဆိုင်လိုပဲ တမင်တကာ အလှဆင်ထားတယ်။ ကျွန်တော်တို့ဆိုင်က နာမည်ကောင်းရ​နေပြီး စားသုံးသူအများကြီးလည်းရှိပြီး တခြားမြို့ကလူတွေလည်း လာရောက်ဝယ်ယူကြပါတယ်။ ဘယ်ဆိုင်လဲဆိုတာ ခွဲခြားမသိတဲ့သူတွေက ကလေးတွေအလုပ်လုပ်တဲ့ ဆိုင်ကို ရှာကြလိမ့်မယ်။ ရှောင်တုန်နဲ့ ရှောင်ဖန်က အခုချိန်မှာ ကျွန်တော်တို့ဆိုင်ရဲ့ ရွှေ့ပြောင်းနိုင်တဲ့ ကြော်ငြာလေး​တွေပါပဲ။ "

ဝမ်လုက ခေါင်းညိတ်လိုက်ပြီး " အဲ့ဒီလိုလား? "

ရှောင်ကျင်းဖုန်းက ဝမ်လုကိုကြည့်ကာ " မေမေ၊ မေ​မေဒီမှာရှိ​နေ​တော့ ဝိညာဥ်ဝိုင်ကို မေ​မေနဲ့အတူ ယူသွားပါ။ "

" ဒီဝိညာဥ်ဝိုင်ကို မင်းသောက်တယ်။ ဒါကပိုက်ဆံမြန်မြန်ရတယ်လို့ ငါကြားတယ်။ " ဝမ်လုက မေးသည်။

ရှောင်ကျင်းဖုန်းက တည်ငြိမ်စွာဖြင့် " ပိုက်ဆံက သိပ်မရှိပါဘူး။ ဝိညာဉ်ရေးဝိုင်ကို ချက်တဲ့အခါ ကျွန်တော်တို့က ပြင်ပကမှာယူထားတဲ့ အံ့ဖွယ်​ဆေးအချို့ကို မြင့်မားတဲ့စျေးနှုန်းထဲ ပေါင်းထည့်ဖို့လိုအပ်ပါတယ်။ စျေးကမြင့်ပြီး ကုန်ကျစရိတ်လည်းများတဲ့အတွက် အမြတ်အများကြီး မရှိပါဘူး။ "

ဝမ်လုက ခေါင်းညိတ်ပြပြီး " ဒါက ဒီလိုပါပဲ။ "

ဝမ်လုသည် ရှောင်ကျင်းဖုန်းနှင့် စကားစမြည်ပြောရင်း ခဏထိုင်ပြီးနောက် ဝိညာဥ်ဝိုင်နှင့် ထွက်ခွာသွားခဲ့သည်။

ရှောင်​ရှောင်တုန်သည် ဝမ်လု ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး သူမ မရှိတော့သည်ကို မြင်လိုက်ရ​သောအခါ သူက​ပြောလိုက်သည်: " အဘွားက ဒီတစ်ခါတော့ အဖေရဲ့ဆိုင်ကို လွှဲယူချင်တာကြောင့် လာပြီးအကူအညီတခုခုပို့ဖို့​ပြော​နေပေမယ့် သူလျှိုတစ်ချို့ထည့်ဖို့ဖြစ်နိုင်တယ်။ "

ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်တုန်ကို တစ်ချက်ကြည့်လိုက်ပြီး " အဓိပ္ပာယ်မရှိတာ​တွေ မပြောနဲ့။ "

" ဦးလေးအကြီးဆုံးရဲ့ဇနီးက ကျန်းမိသားစုကပဲ မဟုတ်လား? ကျန်းမိသားစုကလည်း အဖျော်ယမကာဆိုင်ဖွင့်ထားပုံရတယ်။ ဒါ​ပေမယ့် သူတို့က ၎င်းကို လျှို့ဝှက်ပြုလုပ်ခဲ့ပြီး ကျန်းမိသားစုရဲ့ အမည်အောက်မှာမရှိဘူး။ သူတို့လုပ်ငန်းကလည်း လုံးဝမကောင်းဘူး။ " ရှောင်​ရှောင်တုန်က အထင်အမြင်သေးမှု အပြည့်ဖြင့်​ပြောလိုက်သည်။

ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်တုန်ရဲ့ ခေါင်းကို ပွတ်လိုက်ပြီး " မင်း! ဒါက လေးနက်တဲ့အ​တွေးတစ်ခုပဲ! ဒါ​ပေမယ့် မင်း ဘယ်တုန်းက သတင်းရခဲ့တာလဲ? "

" ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်! "

" အဲ့ဒီကောင်တွေလား? " ရှောင်ကျင်းဖုန်းကမေးသည်။ ရှောင်​ရှောင်တုန်ဟာ ​​သူတောင်းစားတော်တော်များများနဲ့ ဆက်ဆံရေးကောင်းတာကို သူသတိထားမိသည်။

ရှောင်​ရှောင်တုန်က ခေါင်းညိတ်ပြီး " ဒုတိယဦးလေးက တကယ်ကိုလိမ္မာပါးနပ်တယ်။ "

" လွန်ခဲ့တဲ့ရက်အနည်းငယ်က အဒေါ်ကြီးကို တွေ့လိုက်တယ်။ " ရှောင်​ရှောင်ဖန်က ပြောလိုက်သည်။

ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်ဖန်ကိုကြည့်ကာ " မင်းရဲ့ အဒေါ်ကြီးကို တွေ့လိုက်တာလား? "

" ဟုတ်တယ်! သူမက လမ်းဆုံမှာခဏရပ်ပြီး ပျောက်ကွယ်သွားတယ်။ " ရှောင်​ရှောင်ဖန်က ပြောသည်။

ရှောင်ကျင်းဖုန်း: " ...... "

11.02.22

နောက်ကျသွားလို့​ဆောတီးပါ... ❣

Thanks for reading ❤

Zawgyi

စြင္း​ေျမာင္ယင္သည္ သူမအေနာက္ဘက္ရွိ အေဖ်ာ္ယမကာဆိုင္ကို မႈန္မွိုင္းေနေသာ မ်က္လုံးမ်ားျဖင့္ လွည့္ၾကည့္လိုက္သည္။

စြင္း​ေျမာင္ယင္ လွ်ို႔ဝွက္စြာေတြးမိသည္: ေရွာင္က်င္းဖုန္းက မုရႉးယြီကို ေ႐ြးခ်ယ္ၿပီးေနာက္ သူက ေကာင္းမြန္တဲ့ဘဝျဖင့္ ေနထိုင္ေနတယ္! ဒီဆိုင္ကို ေရွာင္က်င့္ထ်င္က ပိုင္ဆိုင္ေပမယ့္ ေရွာင္က်င္းဖုန္းက အျမတ္ေဝစုကို ရရွိထားတယ္လို႔ၾကားတယ္။ ကေလးႏွစ္ေယာက္မွလြဲ၍ ဆိုင္ရွိဝန္ထမ္းမ်ားအားလုံးမွာ ေရွာင္က်င္းဖုန္း ငွားရမ္းထားသူမ်ားျဖစ္တယ္။ ေရွာင္က်င္းဖုန္းက သူ႕ဘာသာသူ ပိုက္ဆံနည္းနည္းေလာက္ ယူခ်င္ေနတယ္ဆိုရင္ အဲဒါကို ဘယ္သူမွ သိမွာမဟုတ္ဘူး၊ ေရွာင္က်င္းဖုန္းက ဘာမွမလုပ္ဘူးဆိုရင္ေတာင္မွ သိပ္မၾကာခင္ သူေဌးျဖစ္လာနိုင္တယ္။

အဓိကမိသားစုႀကီးေလးခုမွ မ်ိဳးဆက္သစ္လူငယ္အမ်ားစုသည္ ၎တို႔၏မိသားစုထံမွ ပိုက္ဆံေတာင္းေနၾကဆဲ ျဖစ္ေသာေၾကာင့္ ေရွာင္က်င္းဖုန္းကဲ့သို႔ ေငြအေျမာက္အမ်ား ရရွိ​ေအာင္ျပဳလုပ္နိုင္သူ အလြန္နည္းပါးပါသည္။

" သခင္မေလး၊ သြားၾကရေအာင္။ သခင္မ​ေလးေျမာင္​ေျမာင္က ေစာင့္ေနေလာက္တယ္။ " အိမ္အကူက စြင္း​​ေျမာင္ယင္ကို ေျပာသည္။

စြင္း​ေျမာင္ယင္က ေခါင္းညိတ္လိုက္ၿပီး " ေကာင္းၿပီ။ "

" မမ၊ မမက ညီမကိုေတြ႕ဖို႔လာတယ္။ " စြင္း​ေျမာင္​ေျမာင္သည္ စြင္း​ေျမာင္ယင္ကိုေတြ႕ေသာအခါ ဝမ္းသာအားရျဖစ္သြား၏။

စြင္း​ေျမာင္ယင္က ေခါင္းညိတ္ၿပီး " ဟုတ္တယ္၊ မင္းနဲ႕ ေရွာင္မုဟုန္ မၾကာေသးခင္က ဘယ္လိုအေျခအ​ေနရွိလဲ? "

စြင္း​ေျမာင္​ေျမာင္၏မ်က္ႏွာသည္ ေျပာင္းလဲသြားၿပီး " အဆင္ေျပပါတယ္၊ ဒါေပမယ့္ သူက ညီမနဲ႕ အရင္ကေလာက္ မရင္းႏွီးေတာ့ဘူး။ " ဒါက မ်က္ႏွာကို ျဖတ္ရိုက္လိုက္သလိုပါပဲ။ ေရွာင္မုဟုန္သည္ သူမအား ေအးစက္လြန္းေနၿပီး သူမသည္ ယခင္ကကဲ့သို႔ ေမွ်ာ္လင့္ခ်က္မ်ား မျပည့္ဝခဲ့ေပ။ လင္နဲ႕မယားၾကားမွာ တစ္ခုခု ေပ်ာက္ဆုံးေနသလို ခံစား​ေနရသည္။

ေရွာင္အဘိုးအိုသည္ ထြက္လာၿပီး ေနာက္တဖန္ တံခါးပိတ္က်င့္ႀကံဖို႔ ျပန္သြားခဲ့သည္။ ယခု ဝမ္လုသည္ အိမ္တာဝန္ခံျဖစ္ၿပီး ၎တို႔၏ မိသားစုခြဲကို ပစ္မွတ္ထားခဲ့သည္။ အထက္တန္းအဆင့္ရွိ အဆင့္ျမင့္လူမ်ားသည္ နည္းလမ္းတိုင္းတြင္ သာလြန္ၾကသည္။ အရင္က သူမ၏ေယာကၡမ လွ်ိုရွို႔သည္ အရမ္းတက္ႂကြေပမယ့္ အခု ဝမ္လု ေရွ႕တြင္ အသက္ေတာင္ရဲရဲမရႉဝံ့ေတာ့ေပ။ ယခင္ကျမင္ကြင္းမ်ား လုံးဝေပ်ာက္ကြယ္သြားခဲ့ၿပီး စြင္း​ေျမာင္​ေျမာင္သည္ မိသားစုအတြင္းရွိ ကြၽန္မ်ားအားလုံး သူမကို ရယ္ေမာေနၾကသည္ဟု အၿမဲခံစားေနရသည္။

" ငါဒီကိုမလာခင္ ေရွာင္က်င့္ထ်င္ရဲ႕ အေဖ်ာ္ယမကာဆိုင္ကို ဝင္လာခဲ့တယ္။ "

စြင္း​ေျမာင္ယင္၏ စကားကိုၾကားေသာအခါ စြင္း​ေျမာင္​ေျမာင္၏ အမူအရာမွာ ရႈပ္ေထြးလာေတာ့သည္။ မၾကာေသးမီက ေရွာင္မိသားစု၏ ကေလးမ်ား အားလုံးသည္ ထိုဆိုင္မွ အခ်ိဳရည္မ်ားကို ေသာက္ခဲ့ၾကၿပီး စြင္းမိသားစုမွ လူအမ်ားအျပားလည္း ေသာက္ခဲ့ၾကသည္။ ေရွာင္က်င္းဖုန္းကလည္း အိမ္သို႔အခ်ိဳရည္မ်ား ပို႔ေပးေသာ္လည္း မွ်ေဝရန္ မလုံေလာက္ေပ။

" သူတို႔ တစ္ေန႕ကို ေငြငါးေထာင္ေလာက္ ဝင္ေငြရတယ္လို႔ ညီမ ၾကားတယ္။ " စြင္း​ေျမာင္​ေျမာင္က လက္သီးကိုဆုပ္ထားသည္။

အခ်ိဳရည္အတြက္ ကုန္ၾကမ္းမ်ားကို ေရွာင္က်င့္ထ်င္ကိုယ္တိုင္ စိုက္ပ်ိဳးထားေသာေၾကာင့္ ကုန္က်စရိတ္အမ်ားစုမွာ ေစ်းေပါသည့္ အလုပ္သမားေတြျဖစ္သည္။ ဤနည္းျဖင့္ အေဖ်ာ္ယမကာဆိုင္သည္ တစ္လလွ်င္ ေငြ ၁၀၀,၀၀၀ ထက္ ပိုရနိုင္မည္ျဖစ္သည္။ ဤဝင္ေငြသည္ မိသားစုရွိ လူႀကီးမ်ားရ​ေသာ​ေငြႏွင့္ တူညီသည္။

က်င့္ႀကံျခင္းတြင္ အေရးႀကီးဆုံးမွာ အရင္းအျမစ္မ်ားျဖစ္သည္။ ဤေငြမ်ားျဖင့္ ေရွာင္က်င့္ထ်င္ႏွင့္ သူ႕အစ္ကိုတို႔သည္ ၎တို႔၏ခြန္အားကို အေႏွးႏွင့္အျမန္ဆိုသလို ျမႇင့္တင္နိုင္မည္ျဖစ္သည္။

စြင္း​ေျမာင္ယင္က ေခါင္းညိတ္ၿပီး " ဒါက သိပ္မဆိုးနိုင္ဘူး။ ဟိုကိုသြားတုန္းက အေဖ်ာ္ယမကာဆိုင္ရဲ႕ အလုပ္ကအရမ္းေကာင္းတယ္။ "

စြင္း​ေျမာင္​ေျမာင္က သူ႕ႏႈတ္ခမ္းကိုဖြဖြကိုက္ရင္း " ေရွာင္က်င့္ထ်င္က ဒီေလာက္ထိ ေအာင္ျမင္နိုင္မယ္လို႔ ငါ မေမွ်ာ္လင့္ထားဘူး။ " သူမသည္ ဤအရႈံးကို အမွန္တကယ္ ေလွ်ာ့တြက္ခဲ့သည္။ အရင္တုန္းက ေရွာင္က်င့္ထ်င္ဟာ ကတိတည္တယ္ဆိုတာ သူမ သိခဲ့ရင္ သူမဒီမွာရွိမွာမဟုတ္ဘူး... ကံမေကာင္းစြာပဲ၊ အရမ္းေနာက္က်သြားၿပီ။

" ငါ အဲဒီကေန သစ္သီးဝိုင္ပုလင္းတခ်ိဳ႕ ဝယ္ခဲ့တယ္။ " အေဖ်ာ္ယမကာမ်ားသည္ အစုလိုက္အၿပဳံလိုက္စားသုံးရန္ သင့္ေလ်ာ္ေသာ္လည္း ဤအသီးအႏွံဝိုင္သည္ တန္ဖိုးႀကီးၿပီး အလြန္ေစ်းႀကီးသည္။

စြင္း​ေျမာင္ယင္သည္ သစ္သီးဝိုင္ပုလင္းကိုဖြင့္ၿပီး စြင္း​ေျမာင္​ေျမာင္ႏွင့္ မွ်ေဝလိုက္သည္။

" ဒါက အရသာရွိၿပီး အရမ္းသန္မာတဲ့ စြမ္းအားလည္းရွိတယ္။ " စြင္း​ေျမာင္​ေျမာင္က ထူးထူးျခားျခား မွတ္ခ်က္ခ်လိဳက္သည္။

စြင္း​ေျမာင္ယင္က ေခါင္းညိတ္ၿပီး " ဆိုင္မွာ တစ္ရက္ကို ေျခာက္ပုလင္းေလာက္ပဲ ကန႔္သတ္ထားေတာ့ ေန႕တိုင္းေရာင္းကုန္တယ္။ ပစၥည္း​ေတြကမေကာင္းရင္ ေရာင္းဖို႔မျဖစ္နိုင္ဘူး။ "

စြင္း​ေျမာင္​ေျမာင္က လက္သီးကိုတင္းတင္းဆုပ္ၿပီး " ဒါအမွန္ပဲ။ " လို႔ေျပာလိုက္သည္။ ေရွာင္က်င့္ထ်င္၏ အေဖ်ာ္ယမကာဆိုင္သည္ ယခုအခါ မိသားစုအတြင္း ရင္ေလးစရာကိစၥတစ္ခုျဖစ္လာၿပီး မိသားစုအတြင္းရွိ ကြၽန္မ်ားအားလုံးက ယင္းအေၾကာင္းကို ယခုတိုင္ ေျပာဆိုေနၾကၿပီျဖစ္သည္။ ေရွာင္မိသားစု၏ အလားအလာအေကာင္းဆုံးလူငယ္မ်ားမွာ ယခုအခါ ေျမျပင္မွ တြားသြားတတ္လာေသာ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔ျဖစ္သည္။

" ဒါေပမယ့္ မိသားစုေတာ္ေတာ္မ်ားမ်ားက အ​ေအးဆိုင္ဖြင့္ခ်င္ေနတယ္လို႔ ၾကားတယ္။ အကယ္၍ အဲ့ဒီဆိုင္ေတြဖြင့္ရင္ ေရွာင္က်င့္ထ်င္ရဲ႕ဆိုင္အေပၚ သက္ေရာက္မႈရွိနိုင္တယ္။ "

စြင္း​ေျမာင္​ေျမာင္က ေခါင္းညိတ္ၿပီးေျပာတယ္ " ဟုတ္တယ္၊ စီးပြားေရးက လုပ္ရတာမလြယ္ဘူး! လူတိုင္းက အျမတ္အစြန္းရွိတဲ့ လုပ္ငန္းကို စိုက္ၾကည့္ေနၾကတာ။ "

ေရွာင္က်င့္ထ်င္၏ အေဖ်ာ္ယမကာဆိုင္သည္ တစ္လေက်ာ္ၾကာ ဖြင့္လွစ္ခဲ့ၿပီး သဲကႏၲာရၿမိဳ႕ေတာ္ရွိ အမ်ိဳးမ်ိဳးေသာ အေဖ်ာ္ယမကာဆိုင္မ်ားသည္လည္း မွိုလိုေပါက္ေနခဲ့သည္။

ေရွာင္က်င့္ထ်င္၏ ဆိုင္ထက္မ်ားစြာေစ်းသက္သာစြာ ေရာင္းခ်သည့္ အေဖ်ာ္ယမကာဆိုင္မ်ားအားလုံးသည္ ေရွာင္က်င့္ထ်င္၏ အေဖ်ာ္ယမကာဆိုင္အေပၚ သက္ေရာက္မႈမ်ားစြာရွိခဲ့သည္။ သို႔ေသာ္ ေရွာင္က်င့္ထ်င္၏ဆိုင္တြင္ ပုံမွန္ေဖာက္သည္မ်ား ရွိေနၿပီျဖစ္ၿပီး အခ်ိဳရည္မ်ားသည္ အရသာရွိၿပီး စြမ္းအားပါရွိေသာေၾကာင့္ သူ႕ဆိုင္မွာ တြင္က်ယ္စြာလူႀကိဳက္မ်ားေနဆဲျဖစ္သည္။ ဒါေပမယ့္ စီးပြားေရးက အရင္ကထက္ နည္းနည္းေလးေတာ့ ဆိုးသြားခဲ့သည္။

.........

ေရွာင္မိသားစု...

" လင္ဖုန္း၊ က်င့္ထ်င္ဆိုင္ရဲ႕ လုပ္ငန္းက အရမ္းေကာင္းေနပုံရတယ္။ " ဝမ္လုက ေျပာသည္။

ေရွာင္လင္ဖုန္းက ေခါင္းညိတ္ျပၿပီး " မၾကာေသးခင္က မိသားစုထဲက ကေလးေတာ္ေတာ္မ်ားမ်ား အဲ့ဒီေနရာကိုသြားလည္တာ ေတြ႕ခဲ့တယ္။ "

" ကြၽန္မတို႔ရဲ႕ အႀကီးဆုံးေခြၽးမေျပာတာက တစ္ေန႕ ၀င္ေငြက ေငြငါးေထာင္ကေန ေျခာက္ေထာင္ေလာက္ရနိုင္တယ္လို႔ ေျပာတယ္။ " ဝမ္လုက​ေျပာသည္။

ေရွာင္လင္ဖုန္းက အနည္းငယ္ အံ့ၾသသြားၿပီး " ဝင္ေငြက အဲ့ဒီေလာက္​ေတာင္မ်ားလား? က်င့္ထ်င္ ေနရာက ရႈပ္ေနတာပဲလို႔ ခ်င္းယန္ဆီက ၾကားတယ္။ အဲဒီဆိုင္က ေသးေသးေလးနဲ႕ တိတ္ဆိတ္ေနေတာ့ ဆိုင္ကသိပ္ၿပီး အလုပ္မျဖစ္ဘူး! မလုပ္နိုင္ဘူးဆို! "

" လုပ္ငန္းက ေတာ္ေတာ္ေကာင္းတယ္။ မၾကာေသးခင္က ဆိုင္မွာအရည္အေသြးေကာင္းတဲ့ ဝိညာဥ္ဝိုင္အခ်ိဳ႕ကို ေစ်းႏႈန္းႀကီးျမင့္စြာနဲ႕ စတင္ေရာင္းခ်ခဲ့တယ္။ ေဈးႏႈန္းက အေတာ္ေလးျမင့္ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက ဝယ္ၾကတယ္။ " ဟု ဝမ္လုကေျပာသည္။

ေရွာင္လင္ဖုန္းက စိတ္ရႈပ္ေထြးသြားၿပီး " ဒီလိုကိစၥမ်ိဳးရွိလား? "

ဝမ္လုက ေခါင္းညိတ္ၿပီး " ရွိတယ္။ "

" တစ္ရက္မွာ ဝင္ေငြအမ်ားႀကီးရရင္ တစ္လကို ေငြ ၁၀၀,၀၀၀ ေက်ာ္ေလာက္ ရွိလိမ့္မယ္။ " ေရွာင္လင္ဖုန္းက ကူကယ္ရာမဲ့စြာျဖင့္ ေျပာလိုက္သည္။

ဝမ္လုက ေခါင္းညိတ္လိုက္ၿပီး " ဟုတ္တယ္၊ ဒုတိယသားနဲ႕ တတိယသားက ခ်ီက်င့္ႀကံမႈရဲ႕ ပၪၥမအဆင့္မွာပဲ ရွိေသးတယ္။ သူတို႔ ဘယ္မွာအမ်ားႀကီး သုံးနိုင္ပါ့မလဲ? "

ေရွာင္လင္ဖုန္းက ခါးခါးသီးသီး ရယ္ေမာလိုက္ၿပီး " က်င္းဖုန္းက ေကာင္းပါတယ္၊ ဒါေပမယ့္ က်င့္ထ်င္နဲ႕ ပတ္သက္လာရင္၊ သူပိုက္ဆံသုံးခ်င္ရင္၊ အခ်ိန္တိုအတြင္း အကုန္သုံးနိုင္တယ္။ "

ဝမ္လုက ေလးနက္စြာျဖင့္ " ဒါအမွန္ပဲ။ " ဟု​ေျပာသည္။ ပၪၥမအဆင့္ ခ်ီက်င့္ႀကံသူမ်ားအတြက္ သင့္ေလ်ာ္ေသာ အရင္းအျမစ္မ်ားသည္ ၎တို႔ကအနည္းငယ္ အဖိုးတန္သည့္တိုင္ ေငြျဖဳန္းလိုသေ႐ြ႕ ၎တို႔ကို သင္ရနိုင္မည္ျဖစ္သည္။

ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္း ေကာင္းစြာလုပ္ေဆာင္ေနေသာေၾကာင့္ ဝမ္လုသည္ ေပ်ာ္႐ႊင္ေနေသာ္လည္း ေရွာင္ခ်င္းယန္အတြက္ သူမ မကူညီနိုင္ခဲ့ေပ။ ဝမ္လုသည္ ေရွာင္ခ်င္းယန္ကို အလိုအပ္ဆုံးျဖစ္ၿပီး သူ႕သားအႀကီးဆုံး ေနာက္ကြယ္မွ ျပဳတ္က်သည္ကို ျမင္ေသာအခါတြင္ သူ႕ကို အၿမဲကူညီေပးခ်င္ခဲ့သည္။

........

အေဖ်ာ္ယမကာဆိုင္တြင္။

" မင္း စားတာအရမ္းမ်ား​ေနၿပီ။ " ေရွာင္​ေရွာင္တုန္က ေရွာင္​ေရွာင္ဖန္ကို စက္ဆုပ္စြာၾကည့္ေနသည္။

ေရွာင္​ေရွာင္ဖန္က ရင္တထိတ္ထိတ္ျဖင့္ " အခုက အလုပ္သိပ္မရွိဘူးဆိုေတာ့ ပိုစားခ်င္လာတယ္။ ေနာက္ပိုင္း အလုပ္မ်ားလာတဲ့အခါ ထမင္းစားဖို႔ အခ်ိန္မရွိေတာ့ဘူး။ "

" ဒီေန႕ စီးပြားေရးက မေကာင္းေတာ့ ငါတို႔က ပိုလြတ္လပ္ေနမွာမို႔ မင္း အလ်င္လိုေနစရာ မလိုဘူး။ " လို႔ ေရွာင္​ေရွာင္တုန္ကေျပာသည္။

" လမ္းေပၚက အရွက္မဲ့သူေတြက လူေတြကို အနိုင္က်င့္တာကလြဲလို႔ ဘာမွမသိဘူး။ ဘာလို႔ ငါတို႔နဲ႕တူတဲ့ ဆိုင္ကိုဖြင့္ၾကတာလဲ? " ေရွာင္​ေရွာင္ဖန္က ခါးသီးစြာေျပာသည္။

" ငါတို႔ရဲ႕ဆိုင္က တန္ဖိုးႀကီးလမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနတာပါ။ ေစ်းႏႈန္းစစ္ပြဲေတြကိုပဲ တိုက္နိုင္သူေတြနဲ႕ ကြဲျပားတယ္။ အခ်ိန္အ​ေတာ္ၾကာၿပီးရင္၊ ေဖာက္သည္ေတြက သဘာဝအတိုင္း ျပန္လာလိမ့္မယ္။ " ေရွာင္​ေရွာင္တုန္က အနည္းငယ္ေမာက္မာစြာေျပာလိုက္သည္။

ေရွာင္​ေရွာင္ဖန္က ေခါင္းညိတ္ၿပီး " ဒါမွန္တယ္၊ ကြၽန္ေတာ္တို႔ေသာက္စရာေတြက အရသာရွိတယ္၊ သူတို႔ေသာက္တဲ့ ေသာက္စရာေတြက မေကာင္းဘူး။ အေဖလုပ္တဲ့အရာက အေကာင္းဆုံးပဲ!"

ေရွာင္​ေရွာင္တုန္က အမႈမဲ့အမွတ္မဲ့ျဖင့္ " ဆိုင္ထဲက သစ္သီးဝိုင္ေတြက ပိုက္ဆံရတယ္၊ သစ္သီးဝိုင္ေတြ ေရာင္းနိုင္သေ႐ြ႕ ေဖ်ာ္ရည္မေရာင္းရရင္​ေတာင္ ေကာင္းလာပါလိမ့္မယ္။ "

ေရွာင္က်င္းဖုန္းက အသက္ျပင္းျပင္းရႉသြင္းလိုက္သည္။ သစ္သီးဝိုင္ေဈးက အနည္းငယ္ျမင့္သည္။ ဒါေပမယ့္ တခ်ိဳ႕လူေတြက ဝယ္ေနတုန္းေပ။ ရက္အနည္းငယ္အတြင္း မည္သူမွ်လာဝယ္မည္ မဟုတ္ေသာ္လည္း တစ္ေန႕လွ်င္ ေငြ ၃၀၀၀ ရရွိေနပါက က်န္တာအေရးမႀကီးေပ။

" အ​ေဖနဲ႕ ေဖေဖက အမ်ိဳးအစားအသစ္ေတြ ထပ္ၿပီး ျပဳလုပ္ဖို႔လိုလိမ့္မယ္။ ဘယ္လိုအခ်ိဳရည္အရသာမ်ိဳးေတြရွိမလဲ မသိဘူး။ " ေရွာင္​ေရွာင္ဖန္က ေရ႐ြတ္လိုက္သည္။

" ေလွ်ာ့စားဦး၊ မၾကာေသးခင္က မင္းကပိုေလးလာတယ္..." ေရွာင္​ေရွာင္တုန္က ေျပာလိုက္သည္။

ေရွာင္​ေရွာင္ဖန္က သူ႕ဗိုက္ကိုပြတ္သပ္လိုက္ကာ " မၾကာေသးခင္က ကြၽန္ေတာ္ အရမ္းသန္မာလာတယ္။ ပိုစားရင္ေကာင္းတယ္။ ဒါဟာ ကြၽန္ေတာ့္ရဲ႕ ဝိညာဥ္စြမ္းအားကို ရပ္တန႔္သြားေစမွာ မဟုတ္ဘူး၊ လူတိုင္းက ကြၽန္ေတာ့္ကို ဒီလိုခ်စ္စရာေကာင္းတယ္လို႔ ေျပာၾကတယ္။ "

ေရွာင္​ေရွာင္တုန္က ႏႈတ္ခမ္းေလးေကြးသြားၿပီး " သူတို႔က မင္းကို ေခ်ာ့ေမာ့ၿပီးေျပာတာ မင္းက တကယ္ယုံသြားတယ္။ "

ေရွာင္​ေရွာင္ဖန္က မယုံသကၤာျဖင့္ " မဟုတ္ဘူး! သူတို႔ေတြက တကယ္ေျပာတာ... "

ေရွာင္​ေရွာင္တုန္က မ်က္လုံးလွိမ့္လိုက္ၿပီး " ကေလးက ကေလးပဲ! က​ေလးေတြက လူေတြေျပာသမွ်ကို ယုံလိမ့္မယ္။ "

" အစ္ကို၊ မင္းက ငါ့ထက္ အသက္အမ်ားႀကီးမႀကီးဘူး! " ေရွာင္​ေရွာင္ဖန္က ထိုအေၾကာင္းျပခ်က္ျဖင့္ ျငင္းခုံလိုက္သည္။

.........

ေရွာင္က်င္းဖုန္းက ေရွာင္​ေရွာင္ဖန္နဲ႕ ေရွာင္​ေရွာင္တုန္တို႔ကို ႏႈတ္ခမ္းေထာင့္မွာအၿပဳံးမပ်က္ ၾကည့္ေနလိုက္သည္။ ေျခသံမ်ားၾကားလာေသာအခါ ေရွာင္က်င္းဖုန္းသည္ မသိစိတ္မွမ်က္ေမွာင္ၾကဳတ္ကာ တံခါးဆီသို႔ လွမ္းၾကည့္လိုက္သည္။ ဧည့္သည္ကိုျမင္လိုက္ရေတာ့ ေရွာင္က်င္းဖုန္းဟာ ႐ုတ္တရက္ ရႈပ္ေထြးတဲ့ခံစားခ်က္ေတြ ခံစားလာရၿပီး " ေမေမ၊ ဒီကို ဘာလာလုပ္တာလဲ? "

ဝမ္လုက ေရွာင္က်င္းဖုန္းကို ၿပဳံးျပၿပီး " မင္းမွာ ဆိုင္ေကာင္းေကာင္းရွိတာပဲ။ "

ေရွာင္က်င္းဖုန္းက အတင္းဖ်စ္ညွစ္ၿပဳံးျပၿပီး " အဆင္ေျပပါတယ္။ "

ေရွာင္​ေရွာင္ဖန္သည္ ဝမ္လုကိုျမင္ေသာအခါ ပါးစပ္ကို အလ်င္အျမန္သုတ္လိုက္ၿပီး ရန္သူႏွင့္ရင္ဆိုင္ေနရသလို ေရွာင္​ေရွာင္တုန္၏ေနာက္တြင္ ရပ္ေနလိုက္သည္။ ေရွာင္​ေရွာင္တုန္ရဲ႕ ေနာက္ေက်ာကေန ဝမ္လုကို ေခ်ာင္းၾကည့္ရင္း ေရွာင္​ေရွာင္ဖန္က သူ႕ရဲ႕ အနက္ေရာင္ စပ်စ္သီးႏွင့္တူသည့္ မ်က္လုံးေလးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ေနသည္။

ဝမ္လုသည္ ေရွာင္က်င္းဖုန္း၏လက္ေပၚရွိ သို​ေလွာင္လက္စြပ္ကို ၾကည့္လိုက္ကာ " မင္း သို​ေလွာင္လက္စြပ္တစ္ကြင္းကို ဝယ္ခဲ့တယ္။ စီးပြားေရးက တကယ္ေကာင္းေနပုံရတယ္။ "

ေရွာင္က်င္းဖုန္းက တုံ႕ဆိုင္းစြာၿပဳံးလိုက္သည္။ ေရွာင္ခ်င္းယန္သည္ ေက်ာင္း​ေတာ္သို႔ ဝင္ေရာက္ေသာအခါ သူ႕အေမက သူ႕ကို ဆုခ်ီးျမႇင့္ရန္အတြက္ သို​ေလွာင္လက္စြပ္တစ္ကြင္း ေပးခဲ့သည္။ သူသည္ ေၾကးစားအဖြဲ႕တြင္ရွိစဥ္က သူ၏သိုေလွာင္အိတ္ထဲတြင္ ေနရာအကန႔္အသတ္ေၾကာင့္ သူ႕သားေကာင္ကို မၾကာခဏစြန႔္လႊတ္ခဲ့ရသည္။ ေရွာင္က်င္းဖုန္းကလည္း သို​ေလွာင္လက္စြပ္ကိုလိုခ်င္ေပမယ့္ ကံမေကာင္းစြာပဲ၊ သူ႕မွာ ဒီဆႏၵကို ဘယ္တုန္းကမွ မျပည့္ခဲ့​ေပ။

သူ႕လက္ထဲက တစ္ခုကို ေရွာင္က်င့္ထ်င္က သူ႕ဆီ ေပးအပ္ခဲ့ၿပီး စီးပြားေရးအတြက္ သို​ေလွာင္လက္စြပ္တစ္ခုရွိဖို႔ ပိုအဆင္ေျပတယ္လို႔ ေျပာခဲ့သည္။ ဒါကိုတစ္ခုဝယ္တုန္းက ႏွစ္ခုရခဲ့ၿပီး ဒါက အလကားပဲလို႔ေျပာကာ တစ္ခုကိုအတင္းအၾကပ္ေပးလိုက္သည္။

ဆိုင္သည္ ယခုအခ်ိန္တြင္ ေငြအေျမာက္အမ်ားရေနေသာ္လည္း ေရွာင္က်င့္ထ်င္၏ ေငြသုံးနည္းမွာ ခ်ီးက်ဴးစရာမဟုတ္ေပ။

" က်င္းဖုန္း... မင္းက ဒီဆိုင္ကိုေစာင့္ရင္း မင္းရဲ႕ ေလ့က်င့္ခ်ိန္ကို အမ်ားႀကီးျဖဳန္းေနတယ္။ " ဝမ္လုက ေျပာသည္။

ေရွာင္က်င္းဖုန္းသည္ သူ႕အေမက သူ႕ကိုေစာင့္ေရွာက္လိုေသာေၾကာင့္မဟုတ္ဘဲ ဝမ္လုသည္ ဘက္လိုက္လြန္းေသာေၾကာင့္ သူ႕ကိုယ္သူ ခုခံကာကြယ္ရင္း ႐ုတ္တရက္ သတိႀကီးစြာတက္လာခဲ့သည္။ ဝမ္လုက ဒါကိုေမးခဲ့ရင္၊ သူမဟာ ဆိုင္ကိုေစာင့္ေရွာက္ဖို႔ အျခားတစ္ေယာက္ေယာက္ကို ရွာခ်င္ေနတာမဟုတ္လား?

ဒီဆိုင္၏၀င္ေငြက အရမ္းမ်ားသည္။ ဝမ္လုက ေရွာင္ခ်င္းယန္ကို ဘက္လိုက္ခဲ့ၿပီး ေရွာင္ခ်င္းယန္ကို တစ္လလွ်င္ေပး​ေသာမုန႔္ဖိုးမွာ ေငြေထာင္ဂဏန္းမွ်သာ ျဖစ္သည္။ သို႔ေသာ္ ဤဆိုင္၏လုပ္ငန္းသည္ လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီး တစ္လလွ်င္ ေငြ ၁၀၀,၀၀၀ ေက်ာ္ ရရွိနိုင္သည္။

" ဒီသားရဲ႕ အရည္အခ်င္းေတြက အကန႔္အသတ္နဲ႕ျဖစ္ၿပီး အရင္က အဆိပ္ခတ္ခံခဲ့ရတာကိုသိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ စိုက္ပ်ိဳးမႈမွာ ႀကီးက်ယ္တဲ့တိုးတက္မႈကို မေမွ်ာ္လင့္ရဲဘူး။ လက္ရွိမွာ တစ္ခုခုကို လက္ေတြ႕လုပ္ျပခ်င္ေနၿပီး မိသားစုကို ေထာက္ပံ့ဖို႔အတြက္ ေငြနည္းနည္းေလာက္ေတာ့ ရွာေပးခ်င္ေနပါတယ္။ ဆိုင္ရဲ႕အလုပ္က အရမ္းမႀကီးဘဲ က်င့္ႀကံရင္းနဲ႕ လုပ္လို႔ရတယ္။ ရႉးယြီက ေန႕တိုင္း လယ္ကြင္းထဲမွာ အလုပ္မ်ားေနတယ္။ ေယာက္်ားႀကီးေတြက အိမ္မွာ ဘာမွမလုပ္ရင္ လူေတြက အတင္းအဖ်င္းေျပာလာလိမ့္မယ္။ " လို႔ ေရွာင္က်င္းဖုန္းက ေျပာလိုက္သည္။

ဝမ္လုသည္ ထိုစကားကိုၾကားေသာအခါတြင္ သူမသည္ ခဏတာမွ်မတုံ႕ျပန္နိုင္ေတာ့ဘဲ " ဆိုင္မွာ လူျပတ္ေနလို႔လား? ႏွစ္ေယာက္လုံးက ဘာလို႔ ဆိုင္မွာ ကူေနတာလဲ? အေမက မင္းကိုကူညီဖို႔ လူအနည္းငယ္ကို စီစဥ္ေပးနိုင္ပါတယ္။ "

ေရွာင္က်င္းဖုန္းက ကမန္းကတန္းေျပာလိုက္သည္: " အစတုန္းကေတာ့ လူျပတ္တယ္ဆိုေပမယ့္ အခုက အဲလိုမျဖစ္ေတာ့ဘူး။ ၿမိဳ႕ထဲမွာ ေပၚလာတဲ့ ဆိုင္ေတြ အမ်ားႀကီးရွိၿပီး တခ်ိဳ႕ဆိုင္ေတြက ကြၽန္ေတာ္တို႔ဆိုင္လိုပဲ တမင္တကာ အလွဆင္ထားတယ္။ ကြၽန္ေတာ္တို႔ဆိုင္က နာမည္ေကာင္းရ​ေနၿပီး စားသုံးသူအမ်ားႀကီးလည္းရွိၿပီး တျခားၿမိဳ႕ကလူေတြလည္း လာေရာက္ဝယ္ယူၾကပါတယ္။ ဘယ္ဆိုင္လဲဆိုတာ ခြဲျခားမသိတဲ့သူေတြက ကေလးေတြအလုပ္လုပ္တဲ့ ဆိုင္ကို ရွာၾကလိမ့္မယ္။ ေရွာင္တုန္နဲ႕ ေရွာင္ဖန္က အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ဆိုင္ရဲ႕ ေ႐ႊ႕ေျပာင္းနိုင္တဲ့ ေၾကာ္ျငာေလး​ေတြပါပဲ။ "

ဝမ္လုက ေခါင္းညိတ္လိုက္ၿပီး " အဲ့ဒီလိုလား? "

ေရွာင္က်င္းဖုန္းက ဝမ္လုကိုၾကည့္ကာ " ေမေမ၊ ေမ​ေမဒီမွာရွိ​ေန​ေတာ့ ဝိညာဥ္ဝိုင္ကို ေမ​ေမနဲ႕အတူ ယူသြားပါ။ "

" ဒီဝိညာဥ္ဝိုင္ကို မင္းေသာက္တယ္။ ဒါကပိုက္ဆံျမန္ျမန္ရတယ္လို႔ ငါၾကားတယ္။ " ဝမ္လုက ေမးသည္။

ေရွာင္က်င္းဖုန္းက တည္ၿငိမ္စြာျဖင့္ " ပိုက္ဆံက သိပ္မရွိပါဘူး။ ဝိညာဥ္ေရးဝိုင္ကို ခ်က္တဲ့အခါ ကြၽန္ေတာ္တို႔က ျပင္ပကမွာယူထားတဲ့ အံ့ဖြယ္​ေဆးအခ်ိဳ႕ကို ျမင့္မားတဲ့ေစ်းႏႈန္းထဲ ေပါင္းထည့္ဖို႔လိုအပ္ပါတယ္။ ေစ်းကျမင့္ၿပီး ကုန္က်စရိတ္လည္းမ်ားတဲ့အတြက္ အျမတ္အမ်ားႀကီး မရွိပါဘူး။ "

ဝမ္လုက ေခါင္းညိတ္ျပၿပီး " ဒါက ဒီလိုပါပဲ။ "

ဝမ္လုသည္ ေရွာင္က်င္းဖုန္းႏွင့္ စကားစျမည္ေျပာရင္း ခဏထိုင္ၿပီးေနာက္ ဝိညာဥ္ဝိုင္ႏွင့္ ထြက္ခြာသြားခဲ့သည္။

ေရွာင္​ေရွာင္တုန္သည္ ဝမ္လု ထြက္ခြာသြားသည့္ လမ္းေၾကာင္းကို ၾကည့္လိုက္ၿပီး သူမ မရွိေတာ့သည္ကို ျမင္လိုက္ရ​ေသာအခါ သူက​ေျပာလိုက္သည္: " အဘြားက ဒီတစ္ခါေတာ့ အေဖရဲ႕ဆိုင္ကို လႊဲယူခ်င္တာေၾကာင့္ လာၿပီးအကူအညီတခုခုပို႔ဖို႔​ေျပာ​ေနေပမယ့္ သူလွ်ိုတစ္ခ်ိဳ႕ထည့္ဖို႔ျဖစ္နိုင္တယ္။ "

ေရွာင္က်င္းဖုန္းက ေရွာင္​ေရွာင္တုန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး " အဓိပၸာယ္မရွိတာ​ေတြ မေျပာနဲ႕။ "

" ဦးေလးအႀကီးဆုံးရဲ႕ဇနီးက က်န္းမိသားစုကပဲ မဟုတ္လား? က်န္းမိသားစုကလည္း အေဖ်ာ္ယမကာဆိုင္ဖြင့္ထားပုံရတယ္။ ဒါ​ေပမယ့္ သူတို႔က ၎ကို လွ်ို႔ဝွက္ျပဳလုပ္ခဲ့ၿပီး က်န္းမိသားစုရဲ႕ အမည္ေအာက္မွာမရွိဘူး။ သူတို႔လုပ္ငန္းကလည္း လုံးဝမေကာင္းဘူး။ " ေရွာင္​ေရွာင္တုန္က အထင္အျမင္ေသးမႈ အျပည့္ျဖင့္​ေျပာလိုက္သည္။

ေရွာင္က်င္းဖုန္းက ေရွာင္​ေရွာင္တုန္ရဲ႕ ေခါင္းကို ပြတ္လိုက္ၿပီး " မင္း! ဒါက ေလးနက္တဲ့အ​ေတြးတစ္ခုပဲ! ဒါ​ေပမယ့္ မင္း ဘယ္တုန္းက သတင္းရခဲ့တာလဲ? "

" ကြၽန္ေတာ့္မွာ နည္းလမ္းရွိပါတယ္! "

" အဲ့ဒီေကာင္ေတြလား? " ေရွာင္က်င္းဖုန္းကေမးသည္။ ေရွာင္​ေရွာင္တုန္ဟာ ​​သူေတာင္းစားေတာ္ေတာ္မ်ားမ်ားနဲ႕ ဆက္ဆံေရးေကာင္းတာကို သူသတိထားမိသည္။

ေရွာင္​ေရွာင္တုန္က ေခါင္းညိတ္ၿပီး " ဒုတိယဦးေလးက တကယ္ကိုလိမၼာပါးနပ္တယ္။ "

" လြန္ခဲ့တဲ့ရက္အနည္းငယ္က အေဒၚႀကီးကို ေတြ႕လိုက္တယ္။ " ေရွာင္​ေရွာင္ဖန္က ေျပာလိုက္သည္။

ေရွာင္က်င္းဖုန္းက ေရွာင္​ေရွာင္ဖန္ကိုၾကည့္ကာ " မင္းရဲ႕ အေဒၚႀကီးကို ေတြ႕လိုက္တာလား? "

" ဟုတ္တယ္! သူမက လမ္းဆုံမွာခဏရပ္ၿပီး ေပ်ာက္ကြယ္သြားတယ္။ " ေရွာင္​ေရွာင္ဖန္က ေျပာသည္။

ေရွာင္က်င္းဖုန္း: " ...... "

11.02.22

ေနာက္က်သြားလို႔​ေဆာတီးပါ... ❣

Thanks for reading ❤

Continue Reading

You'll Also Like

13.7K 1.8K 5
Names_ Please respect the occupation 'evil spirit'/ 请尊重恶灵这个职业 Author_ Lu TianYi/ 吕天逸 Genres_ Comedy, Fantasy, Romance, Shounen Ai, Supernatural, Shor...
230K 32K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
348K 37.3K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
280K 39.1K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...