ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...

By noelnoel7777

522K 84.3K 1.7K

Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... More

Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 67: Purchasing a Spiritual Pagoda
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 76: The Eye-Catching Business
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 85: Everyone shock
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 89: Discover the drug garden
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 100: Meet an acquaintance
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion

Chapter 75: Beverage Sales

4.3K 787 47
By noelnoel7777

Unicode

အဖျော်ယမကာဆိုင်က အခုမှစဖွင့်ပြီး လုပ်ငန်းကလမ်းကြောင်းမှန်ပေါ်ရောက်ပြီးနောက်မှာ ပိုကောင်းလာခဲ့သည်။ တစ်ရက်ကို အချိုရည် ခွက် ၁၂၀၀ လောက်ရောင်းရပြီး ရာသီဥတုပူတဲ့အခါ လုပ်ငန်းကလည်း အထူးကောင်းမွန်ပြီး အမြင့်ဆုံး အခွက်​ရေ ၁၈၀၀ အထိ ရောက်သွားတတ်သည်။

တစ်လခွဲအတွင်း ငွေတစ်သောင်းကျော် ရရှိခဲ့သည်။ မြင့်မားသောအမြတ်အစွန်းများကလည်း ရှောင်ကျင်းဖုန်းကို နေ့တိုင်းစိတ်လှုပ်ရှားစေသည်။

အဖျော်ယမကာဆိုင်ရှိ အချိုရည်များသည် ကလေးများအတွက် အထူးရေပန်းစားပြီး သားသမီးများကို အလိုလိုက်ဖျက်ဆီးတတ်သော မိဘများသည် အိမ်ရှိကလေးများအတွက် ဖျော်ရည်တစ်ခွက်ဝယ်ရန် ရံဖန်ရံခါ ငွေအနည်းငယ်သုံးစွဲရန် ဆန္ဒရှိကြသည်။

" အချိုရည်တွေဝယ်ပြီးလား? ငါ နို့အရသာလိုချင်တယ်။ " ရှောင်ယွဲ့ရုန်က အချိုရည်သွားဝယ်သော အစေခံအား ပြောလိုက်သည်။

" ကျွန်တော်ဝယ်ခဲ့တယ်၊ သူတို့ကဒီမှာပါ။ "

ကျန်း​ဖေးအာသည် မှုန်ကုပ်ကုပ်မျက်နှာဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။

ရှောင်ချင်းယန်သည် ကျောင်း​တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။ အဲဒီနေ့မှာပဲ ရှောင်ကျင့်ထျင်၏ အဖျော်ယမကာဆိုင်လေး ဖွင့်လှစ်ခဲ့သည်။ ရှောင်ချင်းယန်သည် ဆိုင်ကိုလှမ်းကြည့်လိုက်ရာ ဝေးလံခေါင်သီသောနေရာတွင်တည်ရှိပြီး နေရာကသေးငယ်သည်ကို တွေ့လိုက်ရသည်။ ရက်အနည်းငယ်ကြာရင် ပိတ်သွားမည်ဟု သူထင်ခဲ့သည်။

ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်၏ဆိုင်က အနှေးနှင့်အမြန် ပိတ်ပစ်နိုင်သည်ဟု ကောက်ချက်ချပြီးနောက်တွင် သူသည်ကျောင်း​တော်သို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင်၊ ကျန်း​ဖေးအာသည် ရှောင်ကျင့်ထျင်၏ ဆိုင်လေးကို အလေးအနက်မထားခဲ့ပေ။

သို့သော်လည်း အဖျော်ယမကာဆိုင်၏ လုပ်ငန်းသည် တည်ငြိမ်သွားကာ ကျန်း​ဖေးအာက ဆိုင်ကို တစ်စုံတစ်ဦးစေလွှတ်၍ စောင့်ကြည့်​စေခဲ့သည်။ အဖျော်ယမကာဆိုင်၏ နေ့စဉ်ဖောက်သည်ဝင်​ရောက်မှုမှာ၊ တစ်နေ့တာ၀င်ငွေ၏ ၁၅၀၀ ခန့်ရှိသည်ဟု သူမ ခန့်မှန်းခဲ့သည်။

ငွေတစ်​ထောင့်ငါးရာ! တစ်လမှာ ငွေဘယ်လောက်တောင် ရှာနိုင်မှာလဲ?! ကျန်း​ဖေးအာသည် ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် မနာလိုဖြစ်မိသည်။

ကျန်း​ဖေးအာသည် ရှောင်ယွဲ့ရုန်ကို ကြည့်လိုက်သည်။ သူ့သားကိုယ်တိုင်က အဖျော်ယမကာဆိုင်ရဲ့ သစ္စာရှိပရိတ်သတ်ဖြစ်လာတော့ အဖျော်ယမကာဆိုင်ရဲ့ စီးပွားရေးက ဘယ်လိုများ ဆိုးနိုင်တော့မှာလဲ?

ကျန်း​ဖေးအာက အအေးသောက်နေသည့် ရှောင်ယွဲ့ရုန်ကိုတွေ့တော့ မျက်လုံးများ​မှေးမှိန်သွားတော့သည်။

အ​စေခံက ကျန်း​ဖေးအာကိုတွေ့တော့ " မင်္ဂလာပါ သခင်မ​လေး။ "

ကျန်း​ဖေးအာက ထိပ်လန့်တုန်လှုပ်နေသော အစေခံကိုကြည့်ပြီး " သွား... အမျိုးအစားမတူတဲ့ အချိုရည်ဆယ်ခွက် သွားဝယ်ပေး။ " ကျန်း​ဖေးအာက သူမလက်ကိုဝှေ့ယမ်းကာ ငွေဆယ်ချောင်းကို ပေးလိုက်သည်။ အစေခံသည် ခဏတာ ထိတ်လန့်သွားသော်လည်း ငွေကိုအမြန်ယူကာ တုန်တုန်ယင်ယင်ဖြင့် ပြေးထွက်သွားလေသည်။

ရှောင်ယွဲ့ရုန်က အနည်းငယ်အပြစ်ရှိသလိုဖြင့် " မေမေ၊ ဒါဆို မေ​မေလည်း သောက်ချင်နေတာ​ပေါ့! "

ရှောင်ကျင့်ထျင် အအေးဆိုင်ဖွင့်ထားသည်ကို သိလိုက်ရပြီး ရှောင်ယွဲ့ရုန်က ချက်ချင်းပင် လှောင်ပြောင်မိသော်လည်း မကြာမီတွင် မိသားစုအတွင်းရှိ ကလေးများစွာက ၎င်းကို ဝယ်သောက်ကြသည်။ ရှောင်ယွဲ့ရုန်သည် သွေးဆောင်မှုကို မခုခံနိုင်ဘဲ တစ်စုံတစ်ဦးအား ဖျော်ရည်ဝယ်ရန် စေလွှတ်လိုက်သည်။ နောက်ပိုင်းတွင်တော့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ​တော့သည်။

" သောက်၊ သောက်၊ သောက်တာက မင်းကိုသေစေလိမ့်မယ်။ " ကျန်း​ဖေးအာက သူ့ဘာသာသူ တွေးနေမိသည်: ရှောင်ကျင့်ထျင်ရဲ့ ဆိုင်မှာရှိတဲ့ အချိုရည်တွေက ဘာတွေထူးခြားလို့လဲ? သူမ သိချင်မိသည်။

.........

ရှောင်ကျင့်ထျင်ရဲ့ အဖျော်ယမကာဆိုင်တွင်...။

" စုစုပေါင်း ငွေနှစ်ဆယ့်နှစ်ချောင်း " ရှောင်​ရှောင်တုန်က လေးနက်သောပုံစံဖြင့် ပြောသည်။

ရုပ်ရည်ချောမောလှပသော မိန်းကလေးတစ်ယောက်သည် ငွေကိုထုတ်ယူလိုက်ပြီး ရှောင်​ရှောင်တုန်၏မျက်နှာကိုလှမ်းဆွဲကာ " မောင်ငယ်လေး၊ မင်းက တကယ်ချစ်ဖို့ကောင်းတယ်။ "

ရှောင်​ရှောင်တုန်သည် ကောင်မလေးကို မျက်လုံး​လေးစောင်းကြည့်ကာ လေးနက်သော အပြုအမူဖြင့် ပြောသည်: " အစ်မ... အစ်မက ကျွန်တော့်ကို ချစ်ဖို့ကောင်းတယ်လို့ ချီးကျူးရင်တောင် လျှော့မပေးနိုင်ဘူး။ "

ကောင်မလေးက ရယ်ပြီးပြောတယ် " မောင်ငယ်လေး၊ မင်းက အရမ်းချစ်စရာကောင်းတယ်။ "

" အစ်မ၊ အစ်မရဲ့အချိုရည်တွေ အဆင်သင့်ဖြစ်နေပြီ။ " ရှောင်​ရှောင်ဖန်ကပြောသည်။

ကောင်မလေးက ပန်းလေးတစ်ပွင့်လိုပြုံးပြီး " မောင်ငယ်လေး၊ မင်းလည်း ချစ်စရာကောင်းတယ်! "

ရှောင်​ရှောင်ဖန်က လေးလေးနက်နက်နဲ့ပြောတယ် " အစ်မကြီး၊ မင်းနောက်ကလူတွေကို ပိတ်မိနေတယ်၊ ​​ထွက်သွားလိုက်ပါတော့! "

မိန်းမပျိုငယ်လေးသည် ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်ကို စူးစူးဝါးဝါးကြည့်ကာ အချိုရည်များကိုယူကာ ထွက်ခွာသွားခဲ့သည်။

" စုစုပေါင်းငွေ လေးဆယ့်ရှစ်ချောင်းပါ။ " ရှောင်​ရှောင်တုန်က ကောင်မလေးနောက်တွင် ရပ်နေသည့် လူငယ်​လေးကို ပြောလိုက်သည်။

ရှောင်​ရှောင်ဖန်သည် အချိုရည်များ အပြည့်ထည့်ထားသော ခြင်းတောင်းကိုကိုင်ထားကာ " ဧည့်သည်၊ ဧည့်သည်ရဲ့ သောက်စရာ​တွေပါ။ " လို့ ပြောလိုက်သည်။

" ညီ​လေး.... မင်းမှာ ခွန်အားတွေ အများကြီးရှိတယ်...! " ဟုထိုလူက​ပြောသည်။

ရှောင်​ရှောင်ဖန်က ခေါင်းညိတ်လိုက်ပြီး " ဟုတ်ကဲ့၊ ကျွန်တော်က ခွန်အား​တွေရှိပါတယ်။ ကျွန်တော်က အချိုရည်တွေ အများကြီးသောက်ထားလို့ သန်မာတယ်။ ချစ်လှစွာသောဧည့်သည်၊ ဧည့်သည်က ကျွန်တော့်လိုပဲသောက်ရင် ဧည့်သည်လည်း သန်မာလာလိမ့်မယ်။ "

ရှောင်​ရှောင်တုန်: " ....... " အများကြီးစားတာက ဦးနှောက်ကိုမဟုတ်ဘဲ ကြွက်သားတွေ ကြီးထွားဖို့ ကူညီပေးတာ သိသာပါတယ်။

" တကယ်လား? အချိုရည်က ဒီအာနိသင်ရှိတယ်၊ ငါတကယ် ပိုပြီးသောက်ဖို့လိုတယ်။ " ထိုလူက စိတ်ဝင်တစား​ပြောလိုက်သည်။

ဆိုင်ကိုစစချင်းတုန်းက လူအင်အားမရှိသောကြောင့် ရှောင်​ရှောင်တုန်နှင့် ရှောင်​ရှောင်ဖန်တို့နှစ်ယောက်စလုံးဟာ စားသုံးသူတွေကို ဝန်ဆောင်မှုပေးခဲ့ကြသည်။ မမျှော်လင့်ဘဲ ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်တို့သည် ဆိုင်တွင် သက်ရှိကြော်ငြာလေးများဖြစ်လာကြပြီး လူအများက ဤကလေးနှစ်ယောက်ကို အလွန်နှစ်သက်ကြသည်။

အားလပ်ချိန်တွင် ရှောင်ကျင်းဖုန်းက ရှောင်​ရှောင်တုန်နဲ့ ရှောင်​ရှောင်ဖန်ကိုကြည့်ကာ " ရှောင်တုန်၊ ရှောင်ဖန်၊ မင်းတို့က အရမ်းနာမည်ကြီးတာပဲ! "

ရှောင်​ရှောင်တုန်က အဝေးကိုမျက်နှာလွှဲသွားသော်လည်း သူ့ပါးပြင်တွေ ချက်ချင်းပူထူလာတော့သည်။ သို့သော် ချီးကျူးခံရသော ရှောင်​ရှောင်ဖန်သည် ကြီးမားသော အပြုံးကိုပြသလိုက်သည်။

........

ရှောင်ကျင့်ထျင်သည် ကောင်တာရှေ့မှ ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်ကို အဝေးမှလှမ်းကြည့်နေသည်။ သူ့မျက်နှာက ပူလောင်နေပြီး ဒီလိုကလေးလေးတွေကို သုံးရ​သော​ကြောင့် သူကတကယ်ကို အရှက်ကင်းမဲ့တာပဲ!

" အဖေ " ရှောင်ကျင့်ထျင်ကို မြင်လိုက်သောအခါ ရှောင်​ရှောင်ဖန်က သူ့လက်တွေကို စိတ်လှုပ်ရှားမှုတွေအပြည့်ဖြင့် ရှောင်ကျင့်ထျင်ဆီသို့ လက်​ဝှေ့ယမ်းပြလိုက်သည်။

ရှောင်ကျင်းဖုန်းသည် ရှောင်​ရှောင်ဖန်၏ အကြည့်နောက်သို့လိုက်သွားသောအခါ ရှောင်ကျင့်ထျင်ကို အမှန်ပင် မြင်လိုက်ရသည်။

ရှောင်ကျင်းဖုန်းသည် ဆိုင်ကိစ္စကို သူ့ဘေးနားရှိ ဆိုင်လက်​ထောက်ထံ လွှဲအပ်လိုက်ပြီး ရှောင်ကျင့်ထျင်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။

" တတိယညီ... မင်းက ဘယ်လို​ရောက်လာတာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" ကျွန်တော် ဝိုင်ယူလာခဲ့တယ်။ " ရှောင်ကျင့်ထျင်က​ပြောသည်။

" သစ်သီးဝိုင်လား? " ရှောင်ကျင်းဖုန်းက မေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဝိုင်ရဲ့ အရသာက အရမ်းပေါ့ပါးပြီး ချိုတာမို့ မင်းရဲ့အရသာနဲ့ မကိုက်ညီဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့ မုရန်က မင်းရဲ့ဝေစုကို ပို့ပေးမယ်ဆိုတာ​သေချာတယ်! "

ရှောင်ကျင်းဖုန်းသည် ရှောင်ကျင့်ထျင်၏ ပခုံးကို ပုတ်ကာ " ညီလေး၊ မင်းက အရမ်းတော်တာပဲ! " လို့ ပြုံးကာပြောလိုက်သည်။

ရှောင်ကျင့်ထျင်သည် ရှောင်​ရှောင်တုန်၏ ခေါင်းကိုပွတ်ကာ " သား၊ သားက တွက်ချက်တာ တိကျပြီးမြန်တယ်လို့ အ​ဖေ ကြားတယ်! ပိုက်ဆံစစ်တာ အမှားမရှိဘူး၊ အရမ်းအံ့သြစရာကောင်းတယ်! "

ရှောင်​ရှောင်တုန်က မြှောက်ပင့်ခံရသော်လည်း " အဲဒါ ဘာမှမဟုတ်ပါဘူး။ " ဟုပြောကာ သူ့မျက်နှာပေါ်တွင် အေးစက်သောအမူအရာကို ထိန်းထားဆဲဖြစ်သည်။

ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်ကိုကြည့်ကာ မစောင့်နိုင်တော့ဘဲ " သားက​ရော? သားကရော? အဖေ၊ အ​ဖေက သားအစ်ကိုကိုပဲ ချီးကျူးနေတယ်... သားကိုမချီးကျူးဘူး။ "

" မင်း! မင်းက အစားစားချင်စိတ်​တွေအရမ်းကောင်းပြီး အများကြီးစားတယ်၊ မင်းရဲ့ဘောင်းဘီထဲကို ဆီးသွားလုမတတ်လို့ အ​ဖေကြားတယ်။ "

ရှောင်​ရှောင်ဖန်က စိုးရိမ်သောကဖြင့် မျက်နှာလေးနီမြန်းလာကာ " သား ဘောင်းဘီ မစိုဘူး။ ဘောင်းဘီထဲ ဆီးမသွားတာကြာပြီ။ "

ရှောင်ကျင့်ထျင်: " ....... "

အဖျော်ယမကာမျိုးစုံကို မိတ်ဆက်ပြီးနောက်၊ အဖျော်ယမကာဆိုင်သည် ပုလင်းတစ်လုံးလျှင် ငွေငါးရာပေါက်ဈေးရှိသော သစ်သီးဝိုင်များကို ထပ်မံမိတ်ဆက်ခဲ့သည်။ သစ်သီးဝိုင်များ၏ ဈေးနှုန်းမှာ အနည်းငယ်မြင့်မားသော်လည်း အဖျော်ယမကာဆိုင်က နာမည်ရလာသောကြောင့် မြည်းစမ်းကြည့်ရန် ဝယ်ယူနေကြဆဲဖြစ်သည်။

သစ်သီးဝိုင်ကို အ​ကောင်းဆုံးပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် တစ်နေ့လျှင် ခြောက်ပုလင်းသာ ရောင်းချပြီး ဝယ်လိုအားပိုလျှံနေပါသည်။

.........

အဖျော်ယမကာဆိုင်၏ လုပ်ငန်းများမှာ တိုးတတ်ကြီးထွားလာသည်။ ရွှီမုရန်နှင့် ရှောင်ကျင့်ထျင်တို့သည် ထုတ်ကုန်အသစ်များစွာကို တီထွင်ခဲ့ပြီး ၎င်းတို့ကို ဆိုင်ထဲတွင် ထည့်သွင်းခဲ့သည်။

ရှောင်ကျင့်ထျင်၏လယ်ကွင်းများတွင် စိုက်ပျိုးထားသော သီးနှံအားလုံးကို အချောထည်အဖြစ် ပြုလုပ်ပြီး အဖျော်ယမကာဆိုင်သို့ ပေးပို့ခဲ့သည်။ ရှောင်ကျင့်ထျင်သည် ငွေစက္ကူများကို ရေတွက်နေစဉ် သူ့မျက်လုံးများက တောက်ပနေခဲ့သည်။

" စုစုပေါင်း ငွေသုံးသောင်းနှစ်ထောင်၊ ဘယ်​လောက်​တောင်အကျိုးအမြတ်ကြီးလဲ! " ကုန်ကျစရိတ်နှင့် ရှောင်ကျင်းဖုန်း၏ နှစ်ဆယ်ရာခိုင်နှုန်း အမြတ်ဝေစုကို ဖြတ်တောက်ပြီးနောက် ငွေသုံးသောင်းနှစ်ထောင် ကျန်နေသေးသည်။

ရွှီမုရန်က ရှောင်ကျင့်ထျင်ကိုကြည့်ပြီး " အကြွေးပြန်ဆပ်ပြီး ဝိညာဉ်ရေးကျောက်စိမ်းနည်းနည်းဝယ်လို့ရပြီ။ "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဒါ မှန်တယ်! သို​လှောင်လက်စွပ်နောက်တစ်ခုလည်း ထပ်ဝယ်ရအောင်။ "

ရွှီမုရန်က အနည်းငယ် အံ့သြသွားပြီး " ဘာလို့ သို​လှောင်လက်စွပ်တွေကို အရမ်းကြိုက်ရတာလဲ? "

ရှောင်ကျင့်ထျင်က ပခုံးတွန့်ပြီး " ဒါဟာ လူတော်တော်များများရဲ့ ဘဝတစ်လျှောက်လုံး လက်လှမ်းမမီနိုင်တဲ့ အိပ်မက်တစ်ခုပဲ! " လို့ပြောလိုက်သည်။

ရွှီမုရန်သည် ရှောင်ကျင့်ထျင်၏ အသွင်အပြင်ကို ကြည့်ပြီး ချက်ချင်းသဘောပေါက်သွားသည်။ သူပြောနေတဲ့ ဒီ 'လူများ' က တခြားကမ္ဘာကလား? " ပြီးတော့တစ်ခုဝယ်ထားရင် ပစ္စည်းလိုက်ပို့ရတာပိုလွယ်သွားလိမ့်မယ်။ "

" ဝိညာဉ်ရေးကျောက်စိမ်းအခန်းကဏ္ဍက အခုအသုံးဝင်တာနည်းနေပြီ။ တခြားအရာတွေ ရှိသေးတယ်လို့ မင်းထင်လား? " ရှောင်ကျင့်ထျင်က မေးသည်။

ရွှီမုရန်က ခဏလောက်စဉ်းစားပြီး " ဝိညာဉ်ကျောက်စိမ်းတွေက အရည်အသွေးကောင်းတာနဲ့ မကောင်းတာဆိုပြီး ရှိတယ်။ အရင်တွေ့ဖူးတဲ့ အရာတွေက အရည်အသွေးညံ့တယ်။ ဒီဝိညာဥ်ကျောက်စိမ်းအရည်အသွေးအပြင် အလယ်အလတ်တန်းစား ဝိညာဉ်ရေးကျောက်စိမ်းရဲ့စျေးနှုန်းက ငွေ ၅၀၀ မှ ၆၀၀ ကြားရှိပြီး ထိပ်တန်း ဝိညာဉ်ရေးကျောက်စိမ်းရဲ့စျေးနှုန်းက ငွေတစ်ထောင်လောက်ရှိနိုင်တယ်။ ကျောက်စိမ်းရဲ့ထိပ်မှာ ဝိညာဉ်ရေးကျောက်လို့ခေါ်တဲ့ သယံဇာတတစ်မျိုးလည်း ရှိတယ်။ ဒါ​ပေမယ့် ဝိညာဉ်ရေးကျောက်တုံးက မြို့ကြီးတွေမှာပဲ ပျံ့နှံ့နေတယ်။ ဒီလိုနေရာမှာ အနည်းငယ်မျှသာရှိပြီး အရည်အသွေးအဆိုးဆုံး ဝိညာဉ်ရေးကျောက်တုံးက ငွေတစ်သောင်းခန့် ကုန်ကျနိုင်တယ်။ "

ရှောင်ကျင့်ထျင်: " ....... "

" ငွေအရင်ရှာကြရအောင်။ ငွေမရှိရင် အရာအားလုံးက အသုံးမဝင်ဘူး။ " လို့ ရှောင်ကျင့်ထျင်က ဆိုသည်။

ရွှီမုရန်က ခေါင်းညိတ်ကာ " ကောင်းပြီ။ "

" ဒီငွေနဲ့ အရင်ဆုံး အရည်အသွေးကောင်းတဲ့ ဝိညာဉ်ကျောက်စိမ်းတစ်သုတ်ကို ဝယ်လိုက်မယ်။ " လို့ ရှောင်ကျင့်ထျင်က​ပြောသည်။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ကောင်းပြီ၊ ဒါနဲ့ နေရာလွတ်ထဲက စာငှက်သစ်ခွက ဘယ်လိုလဲ? "

ရှောင်ကျင့်ထျင်က သူ့ခေါင်းကိုခါလိုက်ပြီး " နောက်ဆုံးတော့ အ​ညှောင့်ပေါက်နေပြီ၊ ဒါပေမယ့် သူတို့ ကြီးထွားဖို့ အချိန်အတော်ကြာဦးမယ်။ "

ရွှီမုရန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်: " သူတို့တွေ အပင်ပေါက်နိုင်သရွေ့တော့ ချီလေ့ကျင့်မှု ပဉ္စမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အချိန်တော်တော်ကြာလိမ့်မယ်။ "

" မ​သေချာ​သေးပါဘူး။ " ရှောင်ကျင့်ထျင်က ခေါင်းခါလိုက်သည်။ နေ့တိုင်း တရားထိုင်ကျင့်ကြံရုံနဲ့ ချီကျင့်ကြံမှု ပဉ္စမအဆင့်အထိ လေ့ကျင့်ထားမယ်ဆိုရင် တက်လာတဲ့ ရောင်ဝါစွမ်းအားကို ခံစားရမှာ မဟုတ်ပါဘူး။ သို့သော် သူ့ကိုယ်သူ အာဟာရဖြည့်တင်းရန်အတွက် ဝိညာဉ်ရေးစမ်းရေကို နေ့စဉ် မှီခိုအားထားနေရသည့်တိုင် သူသည် အကန့်အသတ်ဖြင့်သာ တိုးလာမှုကို ခံစားနိုင်သည်။ ရှောင်ချင်းယန်သည် ချီကျင့်ကြံမှု၏ ပဉ္စမအဆင့်တွင် လွန်ခဲ့သည့် ၅နှစ် သို့မဟုတ် ၆နှစ်တာကာလအတွင်း ရှိ​နေခဲ့သည်မှာ အံ့သြစရာမရှိပေ။

.........

စွင်း​မြောင်ယင်က လမ်းဘေးအ​ဝေးတစ်​နေရှာမှ အဖျော်ယမကာဆိုင်ကို လှမ်းကြည့်ရင်း " ဒီတစ်ခုလား? " လို့ မေးလိုက်သည်။

" ဟုတ်ပါတယ်။ သခင်မ​လေး ဒီဆိုင်ပါ။ ပိုက်ဆံကောက်နေတဲ့ ကလေးနှစ်ယောက်ကို ကြည့်လိုက်ပါ။ အသက်ကြီးတဲ့က​လေးက အရမ်းဉာဏ်ကောင်းပြီး တစ်ခါမှအမှားမလုပ်ဖူးဘူး။ အငယ်လေးက သိပ်မထက်ပေမယ့် အရမ်းသန်မာတယ်။ " အိမ်အကူက ပြောသည်။

စွင်း​မြောင်ယင်က မျက်လုံးများကို အနည်းငယ်​မှေးကျဥ်းလိုက်သည်။ သူအရမ်းမထက်မြတ်နေဘူး - အဲ့ဒီလို​ပြောဖို့ကောင်းတယ်။ သူမ ညီမရဲ့ အဆိုအရ ရှောင်ကျင့်ထျင်ရဲ့ သားငယ်​လေးဟာ အဖျားကြီးပြီး ဉာဏ်ရည်နိမ့်ပါးသူဖြစ်လာခဲ့တယ်!

" ဒီလိုဆိုင်တစ်ဆိုင်က တစ်နေ့ကို ငွေ ၅၀၀၀ လောက် အမြတ်ရနိုင်တာလား? " စွင်း​မြောင်ယင် အနည်းငယ် အံ့သြသွားသည်။

အိမ်အကူက ခေါင်းညိတ်လိုက်ကာ " ဟုတ်ပါတယ်၊ ဝိညာဥ်ဝိုင်က တစ်ရက်ကို ခြောက်ပုလင်းပဲ​ရောင်းပြီး တစ်ပုလင်းကို ငွေငါးရာ၊ ဒါက ကျပ်သုံးထောင်နဲ့ အအေးရောင်းရတဲ့ပိုက်ဆံကို ထပ်​ပေါင်းပါတယ်။ အနည်းနဲ့အများက ၅၀၀၀ လောက်ပဲ။ မကြာသေးခင်က ဆိုင်မှာတန်ဖိုးကြီးအချိုရည်အချို့ကို ထုတ်လုပ်ခဲ့ပြီး တစ်ခွက်ကို ငွေသုံးလေးချောင်းခန့် ကုန်ကျ​ပေမယ့် လူအများအပြားက ဝယ်ယူနေကြဆဲဖြစ်ကြောင်း သိခဲ့ရပါတယ်။ "

" ဒါက အရမ်းစျေးကြီးတာကို ဝယ်တဲ့သူတွေရှိသေးတာလား? " စွင်း​မြောင်ယင်ကမေးသည်။

" ဟုတ်ပါတယ်! သစ်သီးဖျော်ရည်လုပ်ဖို့ ညှစ်ထားတဲ့ ဝိညာဉ်ရေးအသီးတွေက အဆင့်အတန်းမြင့်ပြီး အရသာကောင်းရုံသာမက ကျင့်ကြံမှုကိုလည်း တိုးတက်စေနိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်ပါတယ်။ ဒါ​ပေမယ့် ၎င်းမှာပါရှိတဲ့ ဝိညာဉ်စွမ်းအင်ကလည်း အကန့်အသတ်ရှိပြီး ၎င်းက စတင်ပြုစုပျိုးထောင်တဲ့ ကလေးအချို့အတွက်ကိုပဲ အသုံးဝင်ပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကို ရှောင်ကျင့်ထျင်က စိုက်ပျိုးထားတယ်လို့ ကြားပါတယ်။ " ဟု အိမ်အကူက ပြောသည်။

စွင်း​မြောင်ယင်က ခေါင်းညိတ်ပြီး " တကယ်လား? သွားရအောင်... "

" မင်္ဂလာပါ... ဧည့်သည်အတွက် ဘာလုပ်​ပေးရမလဲ? " ရှောင်​ရှောင်ဖန်က မေးသည်။

" ဝိညာဉ်ရေးရာဝိုင်ခြောက်ပုလင်းပေးပါ။ " စွင်း​မြောင်ယင်က ပြောသည်။

ရှောင်​ရှောင်ဖန်က ခေါင်းကိုမော့ကာ စွင်း​မြောင်ယင်ဆီသို့ လေးလေးနက်နက် ကြည့်လိုက်ပြီး ပြောသည်: " ခြောက်ပုလင်းမကျန်တော့ပါဘူး၊ သုံးပုလင်းရောင်းပြီးသွားပြီ၊ သုံးပုလင်းပဲကျန်ပါတော့တယ်။ "

" ဒါဆိုလည်း သုံးပုလင်းပေါ့။ " စွင်း​မြောင်ယင်က ပြောသည်။

ရှောင်​ရှောင်ဖန်က သူ့လည်ချောင်းကိုဖွင့်ပြီး " ဒုတိယဦးလေး၊ ဒုတိယဦးလေး၊ ဒီဖောက်သည်က ဝိုင်ဝယ်ဖို့လာတယ်! " ဟု​အော်လိုက်​လေသည်။

" အရူး! " ရှောင်​ရှောင်တုန်က ပြောသည်။

ရှောင်​ရှောင်ဖန်က စိတ်ကောက်သွားကာ " အကိုကြီးက ငါ့ကို တကယ်မုန်းနေတာပဲ။ သူက ငါ့ကို ထပ်ပြီး ကြိမ်းမောင်းပြန်ပြီ။ "

ရှောင်ကျင်းဖုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်လာပြီး " ဖောက်သည်ကြီး လာပါပြီ၊ ကြည့်ပေးပါရစေ။ " ရှောင်ကျင်းဖုန်းသည် ကောင်တာ၏တစ်ဖက်က စွင်း​မြောင်ယင်ကိုမြင်သောအခါ၊ သူ၏အမူအရာသည် လျင်မြန်စွာပြောင်းလဲသွားပြီး​နောက် သူ့အပြုံးကိုအမြန် လုပ်ယူလိုက်ကာ " မိန်းကလေးစွင်း! ဝိုင်ဟုတ်လား? ဝိညာဥ်ဝိုင်သုံးပုလင်းက ငွေ ၁၅၀၀ ကျသင့်ပါတယ်။ "

ရှောင်​ရှောင်တုန်သည် စွင်း​မြောင်ယင်ဘက်သို့ကြည့်ကာ ဘာသိဘာသာဖြင့် " ငွေ ၁၅၀၀ပါ။ " ဟု ပြောလိုက်သည်။

ငွေစက္ကူများကိုထုတ်၍ ရှောင်​ရှောင်တုန်အား ပေးနေစဉ် စွင်း​မြောင်ယင်၏မျက်နှာမှာ တင်းမာသွားသည်။

ရှောင်ကျင်းဖုန်းသည် ဝိုင်ကိုယူ၍ စွင်း​မြောင်ယင်အား ပေးလိုက်ပြီး၊ စွင်း​မြောင်ယင်ကို ဘာမှထပ်မပြောဘဲ အခြားအရာများကို ဆက်လက်လုပ်ကိုင်နေလိုက်သည်။

ရှောင်ကျင်းဖုန်း ထွက်သွားတာကို ကြည့်နေချိန်မှာ စွင်း​မြောင်ယင်၏မျက်နှာက မည်းမှောင်သွားသည်။

" အိုး... ဖောက်သည်ကြီး ထွက်သွားပြီ။ အစ်ကို၊ နောက်တစ်ခေါက်လာဖို့ သူ့ကို ဗီအိုင်ပီကတ်တောင် မပေးလိုက်ဘူး။ " ရှောင်​ရှောင်ဖန်က ရေရွတ်လိုက်သည်။

" သူမကို ပေးမှာမဟုတ်ဘူး။ " လို့ ရှောင်​ရှောင်တုန်က ပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က အံ့သြသွားပြီး " ဘာလို့လဲ? "

" ငါက သူမကို မပေးဘူးလို့ပြောထားတယ်၊ ဒါကြောင့် သူမကို မပေးဘူး။ အကြောင်းပြချက် မရှိဘူး။ " ရှောင်​ရှောင်တုန်က သူ့ခေါင်းကိုမော့လိုက်သည်။

ရှောင်​ရှောင်ဖန်က နှုတ်ခမ်းကို အသာအယာဖွင့်ပြီး " အစ်ကိုက တကယ်ကို သည်းမခံနိုင်ဘူးပဲ! "

ရှောင်​ရှောင်တုန်က နှာ​ခေါင်းရှုံ့လိုက်ပြီး " မင်းက အပြစ်ကင်းစင်တဲ့ ကလေးလေးပဲ၊ မင်း နားမလည်ပါဘူး။ "

ခဏကြာတော့ ရှောင်ကျင်းဖုန်းထွက်လာ၏။ ရှောင်​ရှောင်တုန်က ငွေစက္ကူတွေကို ထုတ်ပြီး ပြောလိုက်သည်: " ဒုတိယဦးလေး၊ ဒါက အခုနက အမျိုးသမီးကပေးတဲ့ ဘဏ်ငွေစက္ကူပါ။ " ရှောင်​ရှောင်တုန်ဟာ ​​ပိုက်ဆံဆုံးရှုံးမှာကို ကြောက်သည့်အတွက် ရှောင်ကျင်းဖုန်းကို ငွေများလွှဲ​​ပေးလိုက်သည်။

" ဒီနေ့ ရောင်းအားကောင်းတယ်။ " ရှောင်ကျင်းဖုန်းက ပြောသည်။

" ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရောင်းအားက အရမ်းကောင်းလာတယ်! ပိုက်ဆံပိုရလာတဲ့အခါ ပျံသန်းနိုင်တဲ့ မြင်းပုလေးဝယ်ပေးဖို့ အဖေကို တောင်းဆိုရမယ်။ " လို့ ရှောင်​ရှောင်ဖန်က ပြောသည်။

ရှောင်​ရှောင်တုန်က ဒေါသတကြီးဖြင့် " ပိုက်ဆံကို မဆင်မခြင် ဖြုန်းပစ်နေတယ်။ "

" အစ်ကို၊ ငါ့ကို တစ်ချိန်လုံး စိတ်ပျက်မနေပါနဲ့။ အစ်ကိုက ဒီလိုပဲ​ပြော​နေတယ်ဆိုရင် မြင်းပုလေးရရင် အစ်ကို့ကိုစီးခွင့်မ​ပေးဘူး။ " လို့ ရှောင်​ရှောင်ဖန်က ခြိမ်းခြောက်လိုက်သည်။

ရှောင်​ရှောင်တုန်: " ....... "

05.02.22

Thanks for reading ❤

Zawgyi

အေဖ်ာ္ယမကာဆိုင္က အခုမွစဖြင့္ၿပီး လုပ္ငန္းကလမ္းေၾကာင္းမွန္ေပၚေရာက္ၿပီးေနာက္မွာ ပိုေကာင္းလာခဲ့သည္။ တစ္ရက္ကို အခ်ိဳရည္ ခြက္ ၁၂၀၀ ေလာက္ေရာင္းရၿပီး ရာသီဥတုပူတဲ့အခါ လုပ္ငန္းကလည္း အထူးေကာင္းမြန္ၿပီး အျမင့္ဆုံး အခြက္​ေရ ၁၈၀၀ အထိ ေရာက္သြားတတ္သည္။

တစ္လခြဲအတြင္း ေငြတစ္ေသာင္းေက်ာ္ ရရွိခဲ့သည္။ ျမင့္မားေသာအျမတ္အစြန္းမ်ားကလည္း ေရွာင္က်င္းဖုန္းကို ေန႕တိုင္းစိတ္လႈပ္ရွားေစသည္။

အေဖ်ာ္ယမကာဆိုင္ရွိ အခ်ိဳရည္မ်ားသည္ ကေလးမ်ားအတြက္ အထူးေရပန္းစားၿပီး သားသမီးမ်ားကို အလိုလိုက္ဖ်က္ဆီးတတ္ေသာ မိဘမ်ားသည္ အိမ္ရွိကေလးမ်ားအတြက္ ေဖ်ာ္ရည္တစ္ခြက္ဝယ္ရန္ ရံဖန္ရံခါ ေငြအနည္းငယ္သုံးစြဲရန္ ဆႏၵရွိၾကသည္။

" အခ်ိဳရည္ေတြဝယ္ၿပီးလား? ငါ နို႔အရသာလိုခ်င္တယ္။ " ေရွာင္ယြဲ႕႐ုန္က အခ်ိဳရည္သြားဝယ္ေသာ အေစခံအား ေျပာလိုက္သည္။

" ကြၽန္ေတာ္ဝယ္ခဲ့တယ္၊ သူတို႔ကဒီမွာပါ။ "

က်န္း​ေဖးအာသည္ မႈန္ကုပ္ကုပ္မ်က္ႏွာျဖင့္ အိမ္ထဲမွ ထြက္လာခဲ့သည္။

ေရွာင္ခ်င္းယန္သည္ ေက်ာင္း​ေတာ္သို႔ ျပန္ေရာက္ေနၿပီျဖစ္သည္။ အဲဒီေန႕မွာပဲ ေရွာင္က်င့္ထ်င္၏ အေဖ်ာ္ယမကာဆိုင္ေလး ဖြင့္လွစ္ခဲ့သည္။ ေရွာင္ခ်င္းယန္သည္ ဆိုင္ကိုလွမ္းၾကည့္လိုက္ရာ ေဝးလံေခါင္သီေသာေနရာတြင္တည္ရွိၿပီး ေနရာကေသးငယ္သည္ကို ေတြ႕လိုက္ရသည္။ ရက္အနည္းငယ္ၾကာရင္ ပိတ္သြားမည္ဟု သူထင္ခဲ့သည္။

ေရွာင္ခ်င္းယန္သည္ ေရွာင္က်င့္ထ်င္၏ဆိုင္က အေႏွးႏွင့္အျမန္ ပိတ္ပစ္နိုင္သည္ဟု ေကာက္ခ်က္ခ်ၿပီးေနာက္တြင္ သူသည္ေက်ာင္း​ေတာ္သို႔ ျပန္သြားခဲ့သည္။ ထိုအခ်ိန္တြင္၊ က်န္း​ေဖးအာသည္ ေရွာင္က်င့္ထ်င္၏ ဆိုင္ေလးကို အေလးအနက္မထားခဲ့ေပ။

သို႔ေသာ္လည္း အေဖ်ာ္ယမကာဆိုင္၏ လုပ္ငန္းသည္ တည္ၿငိမ္သြားကာ က်န္း​ေဖးအာက ဆိုင္ကို တစ္စုံတစ္ဦးေစလႊတ္၍ ေစာင့္ၾကည့္​ေစခဲ့သည္။ အေဖ်ာ္ယမကာဆိုင္၏ ေန႕စဥ္ေဖာက္သည္ဝင္​ေရာက္မႈမွာ၊ တစ္ေန႕တာ၀င္ေငြ၏ ၁၅၀၀ ခန႔္ရွိသည္ဟု သူမ ခန႔္မွန္းခဲ့သည္။

ေငြတစ္​ေထာင့္ငါးရာ! တစ္လမွာ ေငြဘယ္ေလာက္ေတာင္ ရွာနိုင္မွာလဲ?! က်န္း​ေဖးအာသည္ ထိုအေၾကာင္းကို ေတြးၾကည့္႐ုံျဖင့္ မနာလိုျဖစ္မိသည္။

က်န္း​ေဖးအာသည္ ေရွာင္ယြဲ႕႐ုန္ကို ၾကည့္လိုက္သည္။ သူ႕သားကိုယ္တိုင္က အေဖ်ာ္ယမကာဆိုင္ရဲ႕ သစၥာရွိပရိတ္သတ္ျဖစ္လာေတာ့ အေဖ်ာ္ယမကာဆိုင္ရဲ႕ စီးပြားေရးက ဘယ္လိုမ်ား ဆိုးနိုင္ေတာ့မွာလဲ?

က်န္း​ေဖးအာက အေအးေသာက္ေနသည့္ ေရွာင္ယြဲ႕႐ုန္ကိုေတြ႕ေတာ့ မ်က္လုံးမ်ား​ေမွးမွိန္သြားေတာ့သည္။

အ​ေစခံက က်န္း​ေဖးအာကိုေတြ႕ေတာ့ " မဂၤလာပါ သခင္မ​ေလး။ "

က်န္း​ေဖးအာက ထိပ္လန့္တုန္လႈပ္ေနေသာ အေစခံကိုၾကည့္ၿပီး " သြား... အမ်ိဳးအစားမတူတဲ့ အခ်ိဳရည္ဆယ္ခြက္ သြားဝယ္ေပး။ " က်န္း​ေဖးအာက သူမလက္ကိုေဝွ႕ယမ္းကာ ေငြဆယ္ေခ်ာင္းကို ေပးလိုက္သည္။ အေစခံသည္ ခဏတာ ထိတ္လန႔္သြားေသာ္လည္း ေငြကိုအျမန္ယူကာ တုန္တုန္ယင္ယင္ျဖင့္ ေျပးထြက္သြားေလသည္။

ေရွာင္ယြဲ႕႐ုန္က အနည္းငယ္အျပစ္ရွိသလိုျဖင့္ " ေမေမ၊ ဒါဆို ေမ​ေမလည္း ေသာက္ခ်င္ေနတာ​ေပါ့! "

ေရွာင္က်င့္ထ်င္ အေအးဆိုင္ဖြင့္ထားသည္ကို သိလိုက္ရၿပီး ေရွာင္ယြဲ႕႐ုန္က ခ်က္ခ်င္းပင္ ေလွာင္ေျပာင္မိေသာ္လည္း မၾကာမီတြင္ မိသားစုအတြင္းရွိ ကေလးမ်ားစြာက ၎ကို ဝယ္ေသာက္ၾကသည္။ ေရွာင္ယြဲ႕႐ုန္သည္ ေသြးေဆာင္မႈကို မခုခံနိုင္ဘဲ တစ္စုံတစ္ဦးအား ေဖ်ာ္ရည္ဝယ္ရန္ ေစလႊတ္လိုက္သည္။ ေနာက္ပိုင္းတြင္ေတာ့ ထိန္းမနိုင္သိမ္းမရ ျဖစ္လာ​ေတာ့သည္။

" ေသာက္၊ ေသာက္၊ ေသာက္တာက မင္းကိုေသေစလိမ့္မယ္။ " က်န္း​ေဖးအာက သူ႕ဘာသာသူ ေတြးေနမိသည္: ေရွာင္က်င့္ထ်င္ရဲ႕ ဆိုင္မွာရွိတဲ့ အခ်ိဳရည္ေတြက ဘာေတြထူးျခားလို႔လဲ? သူမ သိခ်င္မိသည္။

.........

ေရွာင္က်င့္ထ်င္ရဲ႕ အေဖ်ာ္ယမကာဆိုင္တြင္...။

" စုစုေပါင္း ေငြႏွစ္ဆယ့္ႏွစ္ေခ်ာင္း " ေရွာင္​ေရွာင္တုန္က ေလးနက္ေသာပုံစံျဖင့္ ေျပာသည္။

႐ုပ္ရည္ေခ်ာေမာလွပေသာ မိန္းကေလးတစ္ေယာက္သည္ ေငြကိုထုတ္ယူလိုက္ၿပီး ေရွာင္​ေရွာင္တုန္၏မ်က္ႏွာကိုလွမ္းဆြဲကာ " ေမာင္ငယ္ေလး၊ မင္းက တကယ္ခ်စ္ဖို႔ေကာင္းတယ္။ "

ေရွာင္​ေရွာင္တုန္သည္ ေကာင္မေလးကို မ်က္လုံး​ေလးေစာင္းၾကည့္ကာ ေလးနက္ေသာ အျပဳအမူျဖင့္ ေျပာသည္: " အစ္မ... အစ္မက ကြၽန္ေတာ့္ကို ခ်စ္ဖို႔ေကာင္းတယ္လို႔ ခ်ီးက်ဴးရင္ေတာင္ ေလွ်ာ့မေပးနိုင္ဘူး။ "

ေကာင္မေလးက ရယ္ၿပီးေျပာတယ္ " ေမာင္ငယ္ေလး၊ မင္းက အရမ္းခ်စ္စရာေကာင္းတယ္။ "

" အစ္မ၊ အစ္မရဲ႕အခ်ိဳရည္ေတြ အဆင္သင့္ျဖစ္ေနၿပီ။ " ေရွာင္​ေရွာင္ဖန္ကေျပာသည္။

ေကာင္မေလးက ပန္းေလးတစ္ပြင့္လိုၿပဳံးၿပီး " ေမာင္ငယ္ေလး၊ မင္းလည္း ခ်စ္စရာေကာင္းတယ္! "

ေရွာင္​ေရွာင္ဖန္က ေလးေလးနက္နက္နဲ႕ေျပာတယ္ " အစ္မႀကီး၊ မင္းေနာက္ကလူေတြကို ပိတ္မိေနတယ္၊ ​​ထြက္သြားလိုက္ပါေတာ့! "

မိန္းမပ်ိဳငယ္ေလးသည္ ေရွာင္​ေရွာင္ဖန္ႏွင့္ ေရွာင္​ေရွာင္တုန္ကို စူးစူးဝါးဝါးၾကည့္ကာ အခ်ိဳရည္မ်ားကိုယူကာ ထြက္ခြာသြားခဲ့သည္။

" စုစုေပါင္းေငြ ေလးဆယ့္ရွစ္ေခ်ာင္းပါ။ " ေရွာင္​ေရွာင္တုန္က ေကာင္မေလးေနာက္တြင္ ရပ္ေနသည့္ လူငယ္​ေလးကို ေျပာလိုက္သည္။

ေရွာင္​ေရွာင္ဖန္သည္ အခ်ိဳရည္မ်ား အျပည့္ထည့္ထားေသာ ျခင္းေတာင္းကိုကိုင္ထားကာ " ဧည့္သည္၊ ဧည့္သည္ရဲ႕ ေသာက္စရာ​ေတြပါ။ " လို႔ ေျပာလိုက္သည္။

" ညီ​ေလး.... မင္းမွာ ခြန္အားေတြ အမ်ားႀကီးရွိတယ္...! " ဟုထိုလူက​ေျပာသည္။

ေရွာင္​ေရွာင္ဖန္က ေခါင္းညိတ္လိုက္ၿပီး " ဟုတ္ကဲ့၊ ကြၽန္ေတာ္က ခြန္အား​ေတြရွိပါတယ္။ ကြၽန္ေတာ္က အခ်ိဳရည္ေတြ အမ်ားႀကီးေသာက္ထားလို႔ သန္မာတယ္။ ခ်စ္လွစြာေသာဧည့္သည္၊ ဧည့္သည္က ကြၽန္ေတာ့္လိုပဲေသာက္ရင္ ဧည့္သည္လည္း သန္မာလာလိမ့္မယ္။ "

ေရွာင္​ေရွာင္တုန္: " ....... " အမ်ားႀကီးစားတာက ဦးေႏွာက္ကိုမဟုတ္ဘဲ ႂကြက္သားေတြ ႀကီးထြားဖို႔ ကူညီေပးတာ သိသာပါတယ္။

" တကယ္လား? အခ်ိဳရည္က ဒီအာနိသင္ရွိတယ္၊ ငါတကယ္ ပိုၿပီးေသာက္ဖို႔လိုတယ္။ " ထိုလူက စိတ္ဝင္တစား​ေျပာလိုက္သည္။

ဆိုင္ကိုစစခ်င္းတုန္းက လူအင္အားမရွိေသာေၾကာင့္ ေရွာင္​ေရွာင္တုန္ႏွင့္ ေရွာင္​ေရွာင္ဖန္တို႔ႏွစ္ေယာက္စလုံးဟာ စားသုံးသူေတြကို ဝန္ေဆာင္မႈေပးခဲ့ၾကသည္။ မေမွ်ာ္လင့္ဘဲ ေရွာင္​ေရွာင္ဖန္ႏွင့္ ေရွာင္​ေရွာင္တုန္တို႔သည္ ဆိုင္တြင္ သက္ရွိေၾကာ္ျငာေလးမ်ားျဖစ္လာၾကၿပီး လူအမ်ားက ဤကေလးႏွစ္ေယာက္ကို အလြန္ႏွစ္သက္ၾကသည္။

အားလပ္ခ်ိန္တြင္ ေရွာင္က်င္းဖုန္းက ေရွာင္​ေရွာင္တုန္နဲ႕ ေရွာင္​ေရွာင္ဖန္ကိုၾကည့္ကာ " ေရွာင္တုန္၊ ေရွာင္ဖန္၊ မင္းတို႔က အရမ္းနာမည္ႀကီးတာပဲ! "

ေရွာင္​ေရွာင္တုန္က အေဝးကိုမ်က္ႏွာလႊဲသြားေသာ္လည္း သူ႕ပါးျပင္ေတြ ခ်က္ခ်င္းပူထူလာေတာ့သည္။ သို႔ေသာ္ ခ်ီးက်ဴးခံရေသာ ေရွာင္​ေရွာင္ဖန္သည္ ႀကီးမားေသာ အၿပဳံးကိုျပသလိုက္သည္။

........

ေရွာင္က်င့္ထ်င္သည္ ေကာင္တာေရွ႕မွ ေရွာင္​ေရွာင္ဖန္ႏွင့္ ေရွာင္​ေရွာင္တုန္ကို အေဝးမွလွမ္းၾကည့္ေနသည္။ သူ႕မ်က္ႏွာက ပူေလာင္ေနၿပီး ဒီလိုကေလးေလးေတြကို သုံးရ​ေသာ​ေၾကာင့္ သူကတကယ္ကို အရွက္ကင္းမဲ့တာပဲ!

" အေဖ " ေရွာင္က်င့္ထ်င္ကို ျမင္လိုက္ေသာအခါ ေရွာင္​ေရွာင္ဖန္က သူ႕လက္ေတြကို စိတ္လႈပ္ရွားမႈေတြအျပည့္ျဖင့္ ေရွာင္က်င့္ထ်င္ဆီသို႔ လက္​ေဝွ႕ယမ္းျပလိုက္သည္။

ေရွာင္က်င္းဖုန္းသည္ ေရွာင္​ေရွာင္ဖန္၏ အၾကည့္ေနာက္သို႔လိုက္သြားေသာအခါ ေရွာင္က်င့္ထ်င္ကို အမွန္ပင္ ျမင္လိုက္ရသည္။

ေရွာင္က်င္းဖုန္းသည္ ဆိုင္ကိစၥကို သူ႕ေဘးနားရွိ ဆိုင္လက္​ေထာက္ထံ လႊဲအပ္လိုက္ၿပီး ေရွာင္က်င့္ထ်င္ဆီသို႔ လမ္းေလွ်ာက္သြားလိုက္သည္။

" တတိယညီ... မင္းက ဘယ္လို​ေရာက္လာတာလဲ? " ေရွာင္က်င္းဖုန္းက ေမးသည္။

" ကြၽန္ေတာ္ ဝိုင္ယူလာခဲ့တယ္။ " ေရွာင္က်င့္ထ်င္က​ေျပာသည္။

" သစ္သီးဝိုင္လား? " ေရွာင္က်င္းဖုန္းက ေမးသည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္လိုက္ၿပီး "ဟုတ္တယ္၊ ဝိုင္ရဲ႕ အရသာက အရမ္းေပါ့ပါးၿပီး ခ်ိဳတာမို႔ မင္းရဲ႕အရသာနဲ႕ မကိုက္ညီဘူး။ ဒါေပမယ့္ စိတ္မပူပါနဲ႕ မုရန္က မင္းရဲ႕ေဝစုကို ပို႔ေပးမယ္ဆိုတာ​ေသခ်ာတယ္! "

ေရွာင္က်င္းဖုန္းသည္ ေရွာင္က်င့္ထ်င္၏ ပခုံးကို ပုတ္ကာ " ညီေလး၊ မင္းက အရမ္းေတာ္တာပဲ! " လို႔ ၿပဳံးကာေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္သည္ ေရွာင္​ေရွာင္တုန္၏ ေခါင္းကိုပြတ္ကာ " သား၊ သားက တြက္ခ်က္တာ တိက်ၿပီးျမန္တယ္လို႔ အ​ေဖ ၾကားတယ္! ပိုက္ဆံစစ္တာ အမွားမရွိဘူး၊ အရမ္းအံ့ၾသစရာေကာင္းတယ္! "

ေရွာင္​ေရွာင္တုန္က ျမႇောက္ပင့္ခံရေသာ္လည္း " အဲဒါ ဘာမွမဟုတ္ပါဘူး။ " ဟုေျပာကာ သူ႕မ်က္ႏွာေပၚတြင္ ေအးစက္ေသာအမူအရာကို ထိန္းထားဆဲျဖစ္သည္။

ေရွာင္​ေရွာင္ဖန္သည္ ေရွာင္က်င့္ထ်င္ကိုၾကည့္ကာ မေစာင့္နိုင္ေတာ့ဘဲ " သားက​ေရာ? သားကေရာ? အေဖ၊ အ​ေဖက သားအစ္ကိုကိုပဲ ခ်ီးက်ဴးေနတယ္... သားကိုမခ်ီးက်ဴးဘူး။ "

" မင္း! မင္းက အစားစားခ်င္စိတ္​ေတြအရမ္းေကာင္းၿပီး အမ်ားႀကီးစားတယ္၊ မင္းရဲ႕ေဘာင္းဘီထဲကို ဆီးသြားလုမတတ္လို႔ အ​ေဖၾကားတယ္။ "

ေရွာင္​ေရွာင္ဖန္က စိုးရိမ္ေသာကျဖင့္ မ်က္ႏွာေလးနီျမန္းလာကာ " သား ေဘာင္းဘီ မစိုဘူး။ ေဘာင္းဘီထဲ ဆီးမသြားတာၾကာၿပီ။ "

ေရွာင္က်င့္ထ်င္: " ....... "

အေဖ်ာ္ယမကာမ်ိဳးစုံကို မိတ္ဆက္ၿပီးေနာက္၊ အေဖ်ာ္ယမကာဆိုင္သည္ ပုလင္းတစ္လုံးလွ်င္ ေငြငါးရာေပါက္ေဈးရွိေသာ သစ္သီးဝိုင္မ်ားကို ထပ္မံမိတ္ဆက္ခဲ့သည္။ သစ္သီးဝိုင္မ်ား၏ ေဈးႏႈန္းမွာ အနည္းငယ္ျမင့္မားေသာ္လည္း အေဖ်ာ္ယမကာဆိုင္က နာမည္ရလာေသာေၾကာင့္ ျမည္းစမ္းၾကည့္ရန္ ဝယ္ယူေနၾကဆဲျဖစ္သည္။

သစ္သီးဝိုင္ကို အ​ေကာင္းဆုံးပါဝင္ပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားေသာေၾကာင့္ တစ္ေန႕လွ်င္ ေျခာက္ပုလင္းသာ ေရာင္းခ်ၿပီး ဝယ္လိုအားပိုလွ်ံေနပါသည္။

.........

အေဖ်ာ္ယမကာဆိုင္၏ လုပ္ငန္းမ်ားမွာ တိုးတတ္ႀကီးထြားလာသည္။ ႐ႊီမုရန္ႏွင့္ ေရွာင္က်င့္ထ်င္တို႔သည္ ထုတ္ကုန္အသစ္မ်ားစြာကို တီထြင္ခဲ့ၿပီး ၎တို႔ကို ဆိုင္ထဲတြင္ ထည့္သြင္းခဲ့သည္။

ေရွာင္က်င့္ထ်င္၏လယ္ကြင္းမ်ားတြင္ စိုက္ပ်ိဳးထားေသာ သီးႏွံအားလုံးကို အေခ်ာထည္အျဖစ္ ျပဳလုပ္ၿပီး အေဖ်ာ္ယမကာဆိုင္သို႔ ေပးပို႔ခဲ့သည္။ ေရွာင္က်င့္ထ်င္သည္ ေငြစကၠဴမ်ားကို ေရတြက္ေနစဥ္ သူ႕မ်က္လုံးမ်ားက ေတာက္ပေနခဲ့သည္။

" စုစုေပါင္း ေငြသုံးေသာင္းႏွစ္ေထာင္၊ ဘယ္​ေလာက္​ေတာင္အက်ိဳးအျမတ္ႀကီးလဲ! " ကုန္က်စရိတ္ႏွင့္ ေရွာင္က်င္းဖုန္း၏ ႏွစ္ဆယ္ရာခိုင္ႏႈန္း အျမတ္ေဝစုကို ျဖတ္ေတာက္ၿပီးေနာက္ ေငြသုံးေသာင္းႏွစ္ေထာင္ က်န္ေနေသးသည္။

႐ႊီမုရန္က ေရွာင္က်င့္ထ်င္ကိုၾကည့္ၿပီး " အေႂကြးျပန္ဆပ္ၿပီး ဝိညာဥ္ေရးေက်ာက္စိမ္းနည္းနည္းဝယ္လို႔ရၿပီ။ "

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး " ဒါ မွန္တယ္! သို​ေလွာင္လက္စြပ္ေနာက္တစ္ခုလည္း ထပ္ဝယ္ရေအာင္။ "

႐ႊီမုရန္က အနည္းငယ္ အံ့ၾသသြားၿပီး " ဘာလို႔ သို​ေလွာင္လက္စြပ္ေတြကို အရမ္းႀကိဳက္ရတာလဲ? "

ေရွာင္က်င့္ထ်င္က ပခုံးတြန႔္ၿပီး " ဒါဟာ လူေတာ္ေတာ္မ်ားမ်ားရဲ႕ ဘဝတစ္ေလွ်ာက္လုံး လက္လွမ္းမမီနိုင္တဲ့ အိပ္မက္တစ္ခုပဲ! " လို႔ေျပာလိုက္သည္။

႐ႊီမုရန္သည္ ေရွာင္က်င့္ထ်င္၏ အသြင္အျပင္ကို ၾကည့္ၿပီး ခ်က္ခ်င္းသေဘာေပါက္သြားသည္။ သူေျပာေနတဲ့ ဒီ 'လူမ်ား' က တျခားကမာၻကလား? " ၿပီးေတာ့တစ္ခုဝယ္ထားရင္ ပစၥည္းလိုက္ပို႔ရတာပိုလြယ္သြားလိမ့္မယ္။ "

" ဝိညာဥ္ေရးေက်ာက္စိမ္းအခန္းက႑က အခုအသုံးဝင္တာနည္းေနၿပီ။ တျခားအရာေတြ ရွိေသးတယ္လို႔ မင္းထင္လား? " ေရွာင္က်င့္ထ်င္က ေမးသည္။

႐ႊီမုရန္က ခဏေလာက္စဥ္းစားၿပီး " ဝိညာဥ္ေက်ာက္စိမ္းေတြက အရည္အေသြးေကာင္းတာနဲ႕ မေကာင္းတာဆိုၿပီး ရွိတယ္။ အရင္ေတြ႕ဖူးတဲ့ အရာေတြက အရည္အေသြးညံ့တယ္။ ဒီဝိညာဥ္ေက်ာက္စိမ္းအရည္အေသြးအျပင္ အလယ္အလတ္တန္းစား ဝိညာဥ္ေရးေက်ာက္စိမ္းရဲ႕ေစ်းႏႈန္းက ေငြ ၅၀၀ မွ ၆၀၀ ၾကားရွိၿပီး ထိပ္တန္း ဝိညာဥ္ေရးေက်ာက္စိမ္းရဲ႕ေစ်းႏႈန္းက ေငြတစ္ေထာင္ေလာက္ရွိနိုင္တယ္။ ေက်ာက္စိမ္းရဲ႕ထိပ္မွာ ဝိညာဥ္ေရးေက်ာက္လို႔ေခၚတဲ့ သယံဇာတတစ္မ်ိဳးလည္း ရွိတယ္။ ဒါ​ေပမယ့္ ဝိညာဥ္ေရးေက်ာက္တုံးက ၿမိဳ႕ႀကီးေတြမွာပဲ ပ်ံ့ႏွံ႕ေနတယ္။ ဒီလိုေနရာမွာ အနည္းငယ္မွ်သာရွိၿပီး အရည္အေသြးအဆိုးဆုံး ဝိညာဥ္ေရးေက်ာက္တုံးက ေငြတစ္ေသာင္းခန႔္ ကုန္က်နိဳင္တယ္။ "

ေရွာင္က်င့္ထ်င္: " ....... "

" ေငြအရင္ရွာၾကရေအာင္။ ေငြမရွိရင္ အရာအားလုံးက အသုံးမဝင္ဘူး။ " လို႔ ေရွာင္က်င့္ထ်င္က ဆိုသည္။

႐ႊီမုရန္က ေခါင္းညိတ္ကာ " ေကာင္းၿပီ။ "

" ဒီေငြနဲ႕ အရင္ဆုံး အရည္အေသြးေကာင္းတဲ့ ဝိညာဥ္ေက်ာက္စိမ္းတစ္သုတ္ကို ဝယ္လိုက္မယ္။ " လို႔ ေရွာင္က်င့္ထ်င္က​ေျပာသည္။

႐ႊီမုရန္က ေခါင္းညိတ္ၿပီး " ေကာင္းၿပီ၊ ဒါနဲ႕ ေနရာလြတ္ထဲက စာငွက္သစ္ခြက ဘယ္လိုလဲ? "

ေရွာင္က်င့္ထ်င္က သူ႕ေခါင္းကိုခါလိုက္ၿပီး " ေနာက္ဆုံးေတာ့ အ​ေညွာင့္ေပါက္ေနၿပီ၊ ဒါေပမယ့္ သူတို႔ ႀကီးထြားဖို႔ အခ်ိန္အေတာ္ၾကာဦးမယ္။ "

႐ႊီမုရန္က သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလိုက္သည္: " သူတို႔ေတြ အပင္ေပါက္နိုင္သေ႐ြ႕ေတာ့ ခ်ီေလ့က်င့္မႈ ပၪၥမအဆင့္ရဲ႕ အထြတ္အထိပ္ကို ေရာက္ဖို႔ အခ်ိန္ေတာ္ေတာ္ၾကာလိမ့္မယ္။ "

" မ​ေသခ်ာ​ေသးပါဘူး။ " ေရွာင္က်င့္ထ်င္က ေခါင္းခါလိုက္သည္။ ေန႕တိုင္း တရားထိုင္က်င့္ႀကံ႐ုံနဲ႕ ခ်ီက်င့္ႀကံမႈ ပၪၥမအဆင့္အထိ ေလ့က်င့္ထားမယ္ဆိုရင္ တက္လာတဲ့ ေရာင္ဝါစြမ္းအားကို ခံစားရမွာ မဟုတ္ပါဘူး။ သို႔ေသာ္ သူ႕ကိုယ္သူ အာဟာရျဖည့္တင္းရန္အတြက္ ဝိညာဥ္ေရးစမ္းေရကို ေန႕စဥ္ မွီခိုအားထားေနရသည့္တိုင္ သူသည္ အကန႔္အသတ္ျဖင့္သာ တိုးလာမႈကို ခံစားနိုင္သည္။ ေရွာင္ခ်င္းယန္သည္ ခ်ီက်င့္ႀကံမႈ၏ ပၪၥမအဆင့္တြင္ လြန္ခဲ့သည့္ ၅ႏွစ္ သို႔မဟုတ္ ၆ႏွစ္တာကာလအတြင္း ရွိ​ေနခဲ့သည္မွာ အံ့ၾသစရာမရွိေပ။

.........

စြင္း​ေျမာင္ယင္က လမ္းေဘးအ​ေဝးတစ္​ေနရွာမွ အေဖ်ာ္ယမကာဆိုင္ကို လွမ္းၾကည့္ရင္း " ဒီတစ္ခုလား? " လို႔ ေမးလိုက္သည္။

" ဟုတ္ပါတယ္။ သခင္မ​ေလး ဒီဆိုင္ပါ။ ပိုက္ဆံေကာက္ေနတဲ့ ကေလးႏွစ္ေယာက္ကို ၾကည့္လိုက္ပါ။ အသက္ႀကီးတဲ့က​ေလးက အရမ္းဉာဏ္ေကာင္းၿပီး တစ္ခါမွအမွားမလုပ္ဖူးဘူး။ အငယ္ေလးက သိပ္မထက္ေပမယ့္ အရမ္းသန္မာတယ္။ " အိမ္အကူက ေျပာသည္။

စြင္း​ေျမာင္ယင္က မ်က္လုံးမ်ားကို အနည္းငယ္​ေမွးက်ဥ္းလိုက္သည္။ သူအရမ္းမထက္ျမတ္ေနဘူး - အဲ့ဒီလို​ေျပာဖို႔ေကာင္းတယ္။ သူမ ညီမရဲ႕ အဆိုအရ ေရွာင္က်င့္ထ်င္ရဲ႕ သားငယ္​ေလးဟာ အဖ်ားႀကီးၿပီး ဉာဏ္ရည္နိမ့္ပါးသူျဖစ္လာခဲ့တယ္!

" ဒီလိုဆိုင္တစ္ဆိုင္က တစ္ေန႕ကို ေငြ ၅၀၀၀ ေလာက္ အျမတ္ရနိုင္တာလား? " စြင္း​ေျမာင္ယင္ အနည္းငယ္ အံ့ၾသသြားသည္။

အိမ္အကူက ေခါင္းညိတ္လိုက္ကာ " ဟုတ္ပါတယ္၊ ဝိညာဥ္ဝိုင္က တစ္ရက္ကို ေျခာက္ပုလင္းပဲ​ေရာင္းၿပီး တစ္ပုလင္းကို ေငြငါးရာ၊ ဒါက က်ပ္သုံးေထာင္နဲ႕ အေအးေရာင္းရတဲ့ပိုက္ဆံကို ထပ္​ေပါင္းပါတယ္။ အနည္းနဲ႕အမ်ားက ၅၀၀၀ ေလာက္ပဲ။ မၾကာေသးခင္က ဆိုင္မွာတန္ဖိုးႀကီးအခ်ိဳရည္အခ်ိဳ႕ကို ထုတ္လုပ္ခဲ့ၿပီး တစ္ခြက္ကို ေငြသုံးေလးေခ်ာင္းခန႔္ ကုန္က်​ေပမယ့္ လူအမ်ားအျပားက ဝယ္ယူေနၾကဆဲျဖစ္ေၾကာင္း သိခဲ့ရပါတယ္။ "

" ဒါက အရမ္းေစ်းႀကီးတာကို ဝယ္တဲ့သူေတြရွိေသးတာလား? " စြင္း​ေျမာင္ယင္ကေမးသည္။

" ဟုတ္ပါတယ္! သစ္သီးေဖ်ာ္ရည္လုပ္ဖို႔ ညွစ္ထားတဲ့ ဝိညာဥ္ေရးအသီးေတြက အဆင့္အတန္းျမင့္ၿပီး အရသာေကာင္း႐ုံသာမက က်င့္ႀကံမႈကိုလည္း တိုးတက္ေစနိုင္တဲ့ ဝိညာဥ္စြမ္းအင္ေတြ ပါဝင္ပါတယ္။ ဒါ​ေပမယ့္ ၎မွာပါရွိတဲ့ ဝိညာဥ္စြမ္းအင္ကလည္း အကန႔္အသတ္ရွိၿပီး ၎က စတင္ျပဳစုပ်ိဳးေထာင္တဲ့ ကေလးအခ်ိဳ႕အတြက္ကိုပဲ အသုံးဝင္ပါတယ္။ ပါဝင္ပစၥည္းေတြအားလုံးကို ေရွာင္က်င့္ထ်င္က စိုက္ပ်ိဳးထားတယ္လို႔ ၾကားပါတယ္။ " ဟု အိမ္အကူက ေျပာသည္။

စြင္း​ေျမာင္ယင္က ေခါင္းညိတ္ၿပီး " တကယ္လား? သြားရေအာင္... "

" မဂၤလာပါ... ဧည့္သည္အတြက္ ဘာလုပ္​ေပးရမလဲ? " ေရွာင္​ေရွာင္ဖန္က ေမးသည္။

" ဝိညာဥ္ေရးရာဝိုင္ေျခာက္ပုလင္းေပးပါ။ " စြင္း​ေျမာင္ယင္က ေျပာသည္။

ေရွာင္​ေရွာင္ဖန္က ေခါင္းကိုေမာ့ကာ စြင္း​ေျမာင္ယင္ဆီသို႔ ေလးေလးနက္နက္ ၾကည့္လိုက္ၿပီး ေျပာသည္: " ေျခာက္ပုလင္းမက်န္ေတာ့ပါဘူး၊ သုံးပုလင္းေရာင္းၿပီးသြားၿပီ၊ သုံးပုလင္းပဲက်န္ပါေတာ့တယ္။ "

" ဒါဆိုလည္း သုံးပုလင္းေပါ့။ " စြင္း​ေျမာင္ယင္က ေျပာသည္။

ေရွာင္​ေရွာင္ဖန္က သူ႕လည္ေခ်ာင္းကိုဖြင့္ၿပီး " ဒုတိယဦးေလး၊ ဒုတိယဦးေလး၊ ဒီေဖာက္သည္က ဝိုင္ဝယ္ဖို႔လာတယ္! " ဟု​ေအာ္လိုက္​ေလသည္။

" အ႐ူး! " ေရွာင္​ေရွာင္တုန္က ေျပာသည္။

ေရွာင္​ေရွာင္ဖန္က စိတ္ေကာက္သြားကာ " အကိုႀကီးက ငါ့ကို တကယ္မုန္းေနတာပဲ။ သူက ငါ့ကို ထပ္ၿပီး ႀကိမ္းေမာင္းျပန္ၿပီ။ "

ေရွာင္က်င္းဖုန္းက ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ထြက္လာၿပီး " ေဖာက္သည္ႀကီး လာပါၿပီ၊ ၾကည့္ေပးပါရေစ။ " ေရွာင္က်င္းဖုန္းသည္ ေကာင္တာ၏တစ္ဖက္က စြင္း​ေျမာင္ယင္ကိုျမင္ေသာအခါ၊ သူ၏အမူအရာသည္ လ်င္ျမန္စြာေျပာင္းလဲသြားၿပီး​ေနာက္ သူ႕အၿပဳံးကိုအျမန္ လုပ္ယူလိုက္ကာ " မိန္းကေလးစြင္း! ဝိုင္ဟုတ္လား? ဝိညာဥ္ဝိုင္သုံးပုလင္းက ေငြ ၁၅၀၀ က်သင့္ပါတယ္။ "

ေရွာင္​ေရွာင္တုန္သည္ စြင္း​ေျမာင္ယင္ဘက္သို႔ၾကည့္ကာ ဘာသိဘာသာျဖင့္ " ေငြ ၁၅၀၀ပါ။ " ဟု ေျပာလိုက္သည္။

ေငြစကၠဴမ်ားကိုထုတ္၍ ေရွာင္​ေရွာင္တုန္အား ေပးေနစဥ္ စြင္း​ေျမာင္ယင္၏မ်က္ႏွာမွာ တင္းမာသြားသည္။

ေရွာင္က်င္းဖုန္းသည္ ဝိုင္ကိုယူ၍ စြင္း​ေျမာင္ယင္အား ေပးလိုက္ၿပီး၊ စြင္း​ေျမာင္ယင္ကို ဘာမွထပ္မေျပာဘဲ အျခားအရာမ်ားကို ဆက္လက္လုပ္ကိုင္ေနလိုက္သည္။

ေရွာင္က်င္းဖုန္း ထြက္သြားတာကို ၾကည့္ေနခ်ိန္မွာ စြင္း​ေျမာင္ယင္၏မ်က္ႏွာက မည္းေမွာင္သြားသည္။

" အိုး... ေဖာက္သည္ႀကီး ထြက္သြားၿပီ။ အစ္ကို၊ ေနာက္တစ္ေခါက္လာဖို႔ သူ႕ကို ဗီအိုင္ပီကတ္ေတာင္ မေပးလိုက္ဘူး။ " ေရွာင္​ေရွာင္ဖန္က ေရ႐ြတ္လိုက္သည္။

" သူမကို ေပးမွာမဟုတ္ဘူး။ " လို႔ ေရွာင္​ေရွာင္တုန္က ေျပာလိုက္သည္။

ေရွာင္​ေရွာင္ဖန္က အံ့ၾသသြားၿပီး " ဘာလို႔လဲ? "

" ငါက သူမကို မေပးဘူးလို႔ေျပာထားတယ္၊ ဒါေၾကာင့္ သူမကို မေပးဘူး။ အေၾကာင္းျပခ်က္ မရွိဘူး။ " ေရွာင္​ေရွာင္တုန္က သူ႕ေခါင္းကိုေမာ့လိုက္သည္။

ေရွာင္​ေရွာင္ဖန္က ႏႈတ္ခမ္းကို အသာအယာဖြင့္ၿပီး " အစ္ကိုက တကယ္ကို သည္းမခံနိုင္ဘူးပဲ! "

ေရွာင္​ေရွာင္တုန္က ႏွာ​ေခါင္းရႈံ႕လိုက္ၿပီး " မင္းက အျပစ္ကင္းစင္တဲ့ ကေလးေလးပဲ၊ မင္း နားမလည္ပါဘူး။ "

ခဏၾကာေတာ့ ေရွာင္က်င္းဖုန္းထြက္လာ၏။ ေရွာင္​ေရွာင္တုန္က ေငြစကၠဴေတြကို ထုတ္ၿပီး ေျပာလိုက္သည္: " ဒုတိယဦးေလး၊ ဒါက အခုနက အမ်ိဳးသမီးကေပးတဲ့ ဘဏ္ေငြစကၠဴပါ။ " ေရွာင္​ေရွာင္တုန္ဟာ ​​ပိုက္ဆံဆုံးရႈံးမွာကို ေၾကာက္သည့္အတြက္ ေရွာင္က်င္းဖုန္းကို ေငြမ်ားလႊဲ​​ေပးလိုက္သည္။

" ဒီေန႕ ေရာင္းအားေကာင္းတယ္။ " ေရွာင္က်င္းဖုန္းက ေျပာသည္။

" ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ေရာင္းအားက အရမ္းေကာင္းလာတယ္! ပိုက္ဆံပိုရလာတဲ့အခါ ပ်ံသန္းနိုင္တဲ့ ျမင္းပုေလးဝယ္ေပးဖို႔ အေဖကို ေတာင္းဆိုရမယ္။ " လို႔ ေရွာင္​ေရွာင္ဖန္က ေျပာသည္။

ေရွာင္​ေရွာင္တုန္က ေဒါသတႀကီးျဖင့္ " ပိုက္ဆံကို မဆင္မျခင္ ျဖဳန္းပစ္ေနတယ္။ "

" အစ္ကို၊ ငါ့ကို တစ္ခ်ိန္လုံး စိတ္ပ်က္မေနပါနဲ႕။ အစ္ကိုက ဒီလိုပဲ​ေျပာ​ေနတယ္ဆိုရင္ ျမင္းပုေလးရရင္ အစ္ကို႔ကိုစီးခြင့္မ​ေပးဘူး။ " လို႔ ေရွာင္​ေရွာင္ဖန္က ၿခိမ္းေျခာက္လိုက္သည္။

ေရွာင္​ေရွာင္တုန္: " ....... "

05.02.22

Thanks for reading ❤

Continue Reading

You'll Also Like

195K 30.9K 60
Title - His Little Deer Wife is Very Fierce Alternative Name-小鹿老婆他超凶 Author - Little Baldy 秃子小贰 Status - 56 chapters & 3 extras (complete) Genres...
381K 51K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
230K 32K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
13.7K 1.8K 5
Names_ Please respect the occupation 'evil spirit'/ 请尊重恶灵这个职业 Author_ Lu TianYi/ 吕天逸 Genres_ Comedy, Fantasy, Romance, Shounen Ai, Supernatural, Shor...