ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...

By noelnoel7777

515K 83.9K 1.7K

Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... More

Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 75: Beverage Sales
Chapter 76: The Eye-Catching Business
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 85: Everyone shock
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 89: Discover the drug garden
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 100: Meet an acquaintance
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion

Chapter 67: Purchasing a Spiritual Pagoda

4.4K 777 7
By noelnoel7777

Unicode

ခြံဝင်းထဲက ရွှီမုရန်ကို ကြည့်လိုက်ကာ စွင်း​မြောင်​မြောင် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

စွင်း​မြောင်​မြောင်သည် ရွှီမုရန်နှင့် ယခင်က တွေ့ဆုံခဲ့ဖူးသည်။ စွင်း​မြောင်​မြောင်၏အမြင်တွင်၊ ရွှီမုရန်သည် အနည်းငယ်မှုန်မှိုင်းနေတတ်ပြီး အမြဲတမ်း အဝတ်ကြမ်းကို၀တ်ဆင်ထားတတ်သည်။ ယခုမူ သူ၏အဝတ်အစားများသည် ရိုးရှင်းသော်လည်း၊ ၎င်းတို့သည် အနိမ့်ဆုံးမဟုတ်သည့်အပြင်၊ သူသည် နေရောင်ခြည်ကဲ့သို့ အနည်းငယ်တောက်ပနေပုံရသည်။

" ရွှီမုရန်... မင်း အပြင်သွားမလို့လား? " စွင်း​မြောင်​မြောင်က ရွှီမုရန် အနားသို့​ရောက်လာကာ မေးလိုက်သည်။

စွင်း​မြောင်​မြောင်ကို မြင်​သောအခါ ရွှီမုရန်အံ့သြသွားသည်။ ရွှီမုရန်သည် စွင်း​မြောင်​မြောင်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။ သူနဲ့တွေ့သောအခါ စွင်း​မြောင်​မြောင်က သူ့ကို အမြဲတမ်း မျက်စောင်းထိုးခဲ့ပေမယ့် သူ့ကို တစ်ခါမှ မနှုတ်ဆက်ခဲ့ပေ။

" ဟုတ်တယ်! အိမ်မှာ ပစ္စည်းပျက်နေတယ်။ အပြင်ထွက်ပြီးဝယ်ဖို့လိုလို့ပါ။ " ရွှီမုရန်က ပြန်ပြောသည်။

" ရှောင်ကျင့်ထျင်က မင်းစကားကို လုံးဝနာခံတယ်ဆိုတာ ငါကြားတယ်။ ရှောင်ကျင့်ထျင်လိုမျိုး ပွေရှုပ်တတ်တဲ့သူက မမျှော်လင့်ဘဲ လိမ္မာရေးခြားရှိလာတယ်။ မင်းက တကယ်ကိုအရည်အချင်းရှိတဲ့လူပဲ... " စွင်း​မြောင်​မြောင်က ချီးကျူးလိုက်သည်။

စွင်းချီနဲ့ ကျန်းလီမင်က ထွက်ခွာသွားပြီးနောက် နေရာတိုင်းကိုသွားကာ ရှောင်ကျင့်ထျင်က သူ့မိန်းမကိုနာခံပြီး သူ့အကြံဉာဏ်ကို အမြဲလိုက်နာကာ ကြောက်တတ်တဲ့ခင်ပွန်းဖြစ်လာတယ်လို့ ပြောကြသည်။ သူ့မိန်းမက သူ့ကိုခွင့်မပြုဘဲ သူ့အမိန့်ကို လိုက်နာရုံကလွဲလို့ ဘာမှမလုပ်ဝံ့ဘူး။ သူက ဘယ်တော့မှ မ​ကောင်း​သောနေရာ​တွေကို မသွားဘူးဟု ပြောထားကြသည်။

ရှောင်ကျင့်ထျင်သည် သူ၏ဂုဏ်သိက္ခာအတွက် အကဲဆတ်ခဲ့သည်။ ကြောက်တတ်တဲ့ ခင်ပွန်းသည်လို့ သိထားရင် သူရှက်လာပြီး ဒေါသဖြစ်စရာ တစ်ခုခုလုပ်မိသွားနိုင်သည်။

ရွှီမုရန်က ပြုံးပြီးပြောသည်: " ကျွန်တော်တို့က အ​ကြွေးအားလုံးကိုမဆပ်လို့မရဘူးလေ။ ကျင့်ထျင်က တုချိုးကျေးရွာမှာ အချိန်ကာလတစ်ခုအထိ အသက်ရှင်​နေထိုင်စား​သောက်ဖို့အတွက် ရုန်းကန်ခဲ့ရတယ်။ "

" မင်းတို့ တုချိုးရွာမှာ တော်တော်ဒုက္ခရောက်ခဲ့ပုံရတယ်။ " စွင်း​မြောင်​မြောင်က စာနာစိတ်အပြည့်နဲ့ ပြောလိုက်သည်။

" ကျွန်တော်တို့ အများကြီး ဒုက္ခရောက်ခဲ့ပေမယ့် ကံဆိုးခြင်းက ကောင်းချီးတစ်ခုဖြစ်ခဲ့တာပါပဲ။ " ရွှီမုရန်က ပြောသည်။

ရွှီမုရန်ပြောသည်ကို ကြားရ​သောအခါ စွင်း​မြောင်​မြောင်သည် တုချိုးကျေးရွာအနီး တောအုပ်များတွင် ကောင်းကင်ဘုံရတနာအ​ကြောင်း တွေးတောလိုက်ပြီး " ဂုဏ်ယူပါတယ်... မုရန် မင်းက တကယ်ကို ကံ​ကောင်းတာပဲ။ "

" ကျေးဇူးတင်ပါတယ်၊ ကောင်းပြီ... ငါသွားစရာရှိသေးတယ်။ " ဟု ရွှီမုရန်က ပြောသည်။

စွင်း​မြောင်​မြောင်က ခေါင်းညိတ်ပြီး " နောက်မှ​တွေ့မယ်။ "

ရွှီမုရန်၏နောက်ကျောကိုကြည့်ရင်း စွင်း​မြောင်​မြောင်၏မျက်နှာမှာ မှုန်မှိုင်းလာတော့သည်။ ရှောင်ကျင့်ထျင် ပြန်ရောက်လာကတည်းက စွင်း​မြောင်​မြောင်အ​ပေါ် အလွန်အေးစက်သွားခဲ့သည်။ စွင်း​မြောင်​မြောင်သည် သူမအား ယောက်ျားတစ်ယောက်၏ ရိုက်နှက်ခြင်းခံရသလိုအချက်မျိုးကို လက်ခံရန်မဖြစ်နိုင်ပေ။

" မင်း ဘာလို့ဒီလောက်နောက်ကျနေတာလဲ? " ရှောင်ကျင့်ထျင်က ရွှီမုရန်ကို တံခါးဝမှာစောင့်နေရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" ငါ စွင်း​မြောင်​မြောင်နဲ့တွေ့လို့ ခဏလောက် နှောင့်နှေးသွားတာပါ။ " လို့ ရွှီမုရန်က ပြောသည်။

" အို! " ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်သည်။

" ဒီကိုလာဖို့ နောက်တစ်ယောက်ရှိသေးလား? " ရွှီမုရန်က မေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး ပြောသည်: " အင်း၊ ငါ ဒုတိယအစ်ကိုကိုစောင့်ရမယ်။ ငါ့မှာ အမြင်ကောင်းကောင်း မရှိဘူး။ ခဏ​ကြာလို့ ဒုတိယအစ်ကိုရောက်လာရင် ကူညီ​ပေးဖို့ ငါတောင်းဆိုထားတယ်။ "

ရွှီမုရန်က ခေါင်းညိတ်ပြပြီး " မင်းပြောတာ မှန်ပါတယ်။ ဒုတိယအစ်ကိုက ဘယ်တော့ရောက်လာမှာလဲ? "

" သူ မုရှူးယွီကို နေရာချဖို့ကူညီပေးပြီး မကြာခင် သူ ဒီကို​ရောက်လာနိုင်တယ်။ " ဟု ရှောင်ကျင့်ထျင်မှ ပြောသည်။

ရွှီမုရန်က ပြုံးပြီး " ဒုတိယအစ်ကိုနဲ့ ရှူးယွီက ဆက်ဆံရေးကောင်းတယ်။ "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြပြီး " အမှန်ပဲ။ "

" မင်းတို့ကို စောင့်​စေမိပြီ။ " ရှောင်ကျင်းဖုန်းက ထွက်လာပြီး ပြောလိုက်သည်။

" ရပါတယ်။ " ရှောင်ကျင့်ထျင်က​ပြောသည်။

" ဒုတိယအစ်ကို... ကျွန်တော်တို့သွားတော့မှာလား? " ရွှီမုရန်က မေးသည်။

ရှောင်ကျင်းဖုန်းက ခေါင်းညိမ့်လိုက်ကာ " ကောင်းပြီ! "

..........

ရှောင်ကျင့်ထျင်၊ ရွှီမုရန်နှင့် ရှောင်ကျင်းဖုန်းတို့သည် စီးပွားရေးအိမ်သို့ ဝင်ရောက်ပြီးနောက် ကောင်းစွာလေ့ကျင့်ထား​သောဝန်ထမ်းမှ ၎င်းတို့အား ချက်ချင်းလက်ခံကာ ဧည့်ခံ​ပေးသည်။

" သန့်စင်​ရေးဆရာကျောင်း တည်​ဆောက်ထားတဲ့ ဒီသို​လှောင်လက်စွပ်က လှပစွာဒီဇိုင်းထုတ်ထားပြီး အတွင်းပိုင်း ၁၅၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ နေရာလွတ်ဖွဲ့စည်းပုံက အလွန်တည်ငြိမ်တယ်။ ၎င်းတို့က တောရိုင်းထဲမှာ သားကောင်တွေကိုသယ်​ဆောင်ဖို့ရန် အရမ်းအဆင်ပြေပါတယ်။ ဒါက ငွေတစ်သောင်းနှစ်ထောင် တန်ဖိုးရှိပါတယ်။ "

ရှောင်ကျင့်ထျင်က သူ့နှာခေါင်းကိုပွတ်သပ်ပြီး သူ့ကိုယ်သူပြောတယ် ငွေတစ်သောင်းနှစ်ထောင် ဘယ်လောက်တောင်စျေးကြီးလဲ! သူသည် သူကြွယ်တစ်ဦးဟု ထင်ခဲ့သော်လည်း ရုတ်တရက် သူဆင်းရဲခဲ့သည်မှာ အမှန်ပင်ဖြစ်နေသည်။

" ရှောင်သခင်​လေး၊ အဲဒါ လိုအပ်တယ်လို့ မင်းထင်ပါလား? " ဝန်ထမ်းကမေးသည်။

ရှောင်ကျင့်ထျင်သည် လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး ငြိမ်သက်ဟန်ဆောင်ကာ " ငါတို့ကို တခြားအရာတစ်ခုပြပါဦး... "

တကယ်တော့ ရှောင်ကျင်းဖုန်းက ကျေနပ်နေပေမယ့် စျေးနှုန်းကိုတွေးပြီး ကြောက်လန့်နေခဲ့သည်။ တောရိုင်းထဲတွင် သားရဲများကိုသတ်ပြီး​နောက် သွေးက တခြားနတ်ဆိုးသားရဲများကို ဆွဲဆောင်မည်ကိုစိုးရိမ်​သောကြောင့် တစ်ခါတစ်ရံမှာ သူတို့သတ်လိုက်တဲ့ နတ်ဆိုးသားရဲရဲ့ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းတွေကိုသာ ကောက်ယူခဲ့ရသည်။ ဒါကဖြုန်းတီးပစ်တာပဲ! ဒါပေမယ့် သူတို့မှာ သိုလှောင်လက်စွပ်ရှိရင် မတူတော့​ပေ။ သို့သော် သိုလှောင်လက်စွပ်တစ်ခုသည် အရမ်းစျေးကြီးနေသည်။ ယေဘုယျအားဖြင့် ကြေးစားများသည် သို​လှောင်အိတ်ကိုသာ အသုံးပြုကြသည်။

သိုလှောင်လက်စွပ်များကို တွန့်ဆုတ်စွာ တစ်ချက်ကြည့်ပြီးနောက် ရှောင်ကျင်းဖုန်းသည် အခြားပစ္စည်းများဆီသို့ လှည့်ကြည့်လိုက်သည်။

" ဒါတွေက မှော်ပစ္စည်းတွေပါ။ ကျွန်တော်တို့ဆိုင်မှာရှိတဲ့ မှော်ရတနာများက အရည်အသွေးမြင့်ပါတယ်။ ဒါ​တွေက အဆင့် ၄၊ အဆင့် ၅၊ အဆင့် ၆မှော်ပစ္စည်းများဖြစ်ပါတယ်။ ရောင်းဈေးက အဆင့်(၄) မှော်ပစ္စည်းတစ်ခုကို ငွေတစ်ရာ ဝန်းကျင်၊ အဆင့်(၅) မှော်ပစ္စည်းတစ်ခုကို ငွေနှစ်ရာဝန်းကျင်၊ အဆင့်(၆) မှော်ပစ္စည်းတစ်ခုကို ငွေလေးရာဝန်းကျင်ဖြစ်ပါတယ်။ တောထဲမှာ အကြီးတန်း မိစ္ဆာသားရဲတစ်ကောင်ကို တွေ့မိရင် မှော်ပစ္စည်းတစ်ခုလိုအပ်ပါတယ်။ တစ်ခါတလေမှာ နောက်ထပ်မှော်ပစ္စည်းတစ်ခုက မင်းမှာ နောက်ထပ်ဘဝတစ်ခု ရှိတာနဲ့တူပါတယ်။ " ဟု ဧည့်ခံဝန်ထမ်းကဆိုသည်။

ရှောင်ကျင့်ထျင်၏ ငွေအမြောက်အမြားကို ဖြုန်းတီးရန် မှော်ပစ္စည်းများကို အသုံးချခဲ့သည်အားတွေးဆရင်း ရွှီမုရန်သည် အသည်းကွဲသွားသလို ခံစားလိုက်ရသည်။

" မဝေးတော့တဲ့အနာဂတ်မှာ ငါတို့တိုက်ပွဲဖြစ်မှာမဟုတ်ဘူး။ တခြားအရာတွေ ငါတို့ကိုပြပါ။ " ရွှီမုရန်က​ပြောသည်။

ဧည့်ခံဝန်ထမ်းက ပြုံးကာ​ပြောသည်: " သခင်​လေး၊ ကျေးဇူးပြုပြီး အဆင့်မြင့်မှော်ကိရိယာတွေကို ပြသ​ပေးပါ့မယ်။ မကြာသေးခင်ကမှ သခင်​လေးရှောင်ကျင့်ထျင်အတွက် အရမ်းသင့်တော်တဲ့ အသစ်တစ်ခု ရခဲ့ပါတယ်။ "

ရွှီမုရန်က ပြုံးပြီး " ကောင်းသားပဲ! " ရွှီမုရန်သည် ခေတ်မီသော မှော်ကိရိယာများစွာကို မမြင်ဖူး၊ မတတ်နိုင်သော်လည်း အတွေ့အကြုံအချို့ကို ရယူချင်သည်။

" ကျေးဇူးပြုပြီး... ကျွန်တော့် နောက်ကလိုက်ခဲ့ပါ။ "

" ဒါကဝိညာဉ်ရေးစွမ်းအင်ကို တိုးမြှင့်ဖို့ အထူးဖွဲ့စည်းတည်​ဆောက်ထားတဲ့ ဝိညာဉ်ရေးစေတီပါ။ ရှောင်သခင်​လေးက အရာအားလုံးရဲ့စွမ်းအားကိုပြသတဲ့အခါ၊ အခြားမှော်ပညာရပ်များကဲ့သို့ ဤစေတီမျှော်စင်ရဲ့အကူအညီနဲ့ ပညာရပ်နယ်ပယ်ကို ထက်ဝက်ချဲ့ထွင်နိုင်ပါတယ်။ "

" ဒီနတ်မျှော်စင်စေတီဆောက်ရာမှာ သုံးတဲ့ပစ္စည်းက အရမ်းကြမ်းတယ်။ နတ်​မျှော်စင်ကို ချဲ့လို့ရတယ်။ မင်းမထိန်းနိုင်တဲ့ နတ်ဆိုးသားရဲတွေနဲ့တွေ့ရင် နတ်မျှော်စင်ထဲမှာ ပုန်းနေနိုင်တယ်။ နတ်မျှော်စင်က လူ​တွေရဲ့ အသက်ရှုခြင်းကို အပြည့်အ၀ ဖုံးလွှမ်းပေးလိမ့်မယ်။ အချိန်အတော်ကြာပြီးလို့ နတ်ဆိုးသားရဲ ထွက်ခွာသွားရင် ၎င်းက သင့်မှာ နောက်ထပ်အသက်တစ်ခုရလိုက်သလိုပါပဲ။ " နတ်​မျှော်စင်ကို ဝိညာဥ်စိုက်ပျိုးသူများအတွက် အထူးတည်ဆောက်ထားပါသည်။ စိတ်ဝိညာဉ်စိုက်ပျိုးသူအများစုသည် တိုက်ခိုက်ရန်မကျွမ်းကျင်သောကြောင့် ချီလေ့ကျင့်သူများအတွက် ဤလုပ်ဆောင်ချက်ကို ဂရုတစိုက်တီထွင်ခဲ့ကြသည်။

" ဒီဝိညာဥ်စေတီဟာ တိုက်ပွဲအတွက် အသုံးပြုနိုင်တဲ့ မှော်လက်နက်တစ်ခုလည်းဖြစ်ပြီး အဆင့်၈ ချီလေ့ကျင့်သူ ဒါမှမဟုတ် အဆင့်၉ ချီလေ့ကျင့်သူတစ်ဦးကိုတောင် တိုက်ခိုက်နိုင်ပါတယ်။ ဒီမှော်ကိရိယာက အမှန်တကယ် တစ်ပိုင်းကုန်ချောပစ္စည်းဖြစ်ပါတယ်။ အခွင့်အရေးရရင် ရှောင်သခင်​လေးက အဆင့်မြှင့်လို့ရပါတယ်။ "

အဲဒါကိုကြားတော့ ရှောင်ကျင့်ထျင်၏မျက်လုံးများ အရောင်တောက်သွားကာ " ဘယ်လောက်တောင်ကောင်းတဲ့ မှော်ကိရိယာလဲ၊ ဒါက ဈေးကြီးရမယ်။ "

" သူ့ရဲ့စျေးနှုန်းက ငွေတစ်သိန်းနှစ်သောင်းပါ၊ ဒါပေမယ့် အတိုးနည်းနည်းနဲ့ အရစ်ကျပေးချေနိုင်ပါတယ်။ ရှောင်သခင်​လေးက ငွေရောင်ကတ်တစ်ခုအတွက် ငွေသုံးသောင်းဖြင့် မှတ်ပုံတင်နိုင်တယ်။ ယခုမှစပြီး ဆယ်လဆက်တိုက် လစဉ် ငွေတစ်သောင်း လွှဲပေးနိုင်ပါတယ်။ "

ရှောင်ကျင့်ထျင်သည် ဤကမ္ဘာကြီးတွင် အရစ်ကျကဲ့သို့ တန်ဖိုးကြီးသော အရစ်ကျတစ်ခုရှိနေသည်ကို ကြားသိရသဖြင့် အံ့သြမိသော်လည်း မကြာမီတွင် ရှောင်ကျင့်ထျင်က ၎င်းကို တွေးတောမိသည်၊ အကြောင်းမှာ တောရိုင်းတိုက်မကြီးသည် ကမ္ဘာထက် များစွာရှည်လျားသော သမိုင်းကြောင်းရှိသောကြောင့်ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက်တွင် အရစ်ကျများ ရှိလာသည်မှာ အံ့သြစရာမဟုတ်ပေ။ လက်ငင်း သုံး​သောင်း​ပေး​ချေရပြီး ဆယ်လဆက်တိုက် လစဉ် ငွေတစ်သောင်းပေးချေသဖြင့် အားလုံးပေါင်း တစ်သိန်းသုံးသောင်းပေးရပြီး ငွေတစ်သောင်းနှစ်​ထောင် ပိုပေးရသည်။ ရောင်းသူက အရမ်းလောဘကြီးတယ်။

" ရှောင်သခင်​လေး၊ ဒီမှော်ကိရိယာကို အခြေခံအုတ်မြစ်ချအဆင့် ဆရာတစ်ဦးက ဖန်တီးထားပြီး၊ ကျွန်တော်တို့ဆိုင်မှာ တစ်ခုပဲရှိတယ်။ လိုအပ်ရင် မြန်မြန်ဝယ်လိုက်ပါ။ နောက်ကျရင် တခြားလူက ယူသွားပြီး ဆုံးရှုံးရလိမ့်မယ်။ "

ရှောင်ကျင့်ထျင်သည် ဧည့်ခံသူ၏ မျက်နှာပေါ်ရှိ ကြင်နာသော အပြုံးကိုကြည့်ပြီး သူ့နှလုံးသားကို ကြောင်ခြစ်ခံရသလို ခံစားလိုက်ရသည်။

ရှောင်ကျင်းဖုန်းက ရှောင်ကျင့်ထျင်ကို ပြောသည်။ " ကျင့်ထျင်၊ ဒီစေတီမျှော်စင်က မင်းအတွက် အရမ်းသင့်တော်တယ်။ " တကယ်စျေးကြီးပေမယ့် အချိန်အကြာကြီးသုံးလို့ရသည်။ ရှောင်ကျင့်ထျင်သည် အဆင့် ၄ ချီလေ့ကျင့်သူ ဖြစ်စဥ်အချိန်ကတည်းက အံ့သြဖွယ်ငွေရှာနိုင်စွမ်းရှိခဲ့သည်။ ယခု အဆင့် ၅ ချီလေ့ကျင့်သူ တစ်ဦးအနေဖြင့်၊ သူ၏ ငွေရှာမှုစွမ်းရည်သည် ပိုမြင့်မားလာသင့်သည်။

ရွှီမုရန်က ရှောင်ကျင့်ထျင်ကိုကြည့်ပြီး " မင်းကြိုက်ရင် ဝယ်လို့ရတယ် " လို့ပြောလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိမ့်လိုက်ကာ " ကောင်းပြီ။ " ဟု​ပြောသည်။

ရှောင်ကျင့်ထျင်သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး ဝိညာဥ်စေတီကို ဝယ်ယူခဲ့သည်။

ရှောင်ကျင့်ထျင်က မျှော်စင်စေတီဝယ်ယူလိုက်ခြင်းကို ဧည့်ခံဝန်ထမ်းက အံ့သြသွားခဲ့သည်။

ဧည့်ခံဝန်ထမ်းသည် ရှောင်ကျင့်ထျင်က စေတီ​မျှော်စင်ကိုဝယ်ယူမည်ဟု မမျှော်လင့်ထားပေ။ ရှောင်ကျင့်ထျင် အိမ်ပြန်ရောက်သောအခါ၊ ရှောင်ကျင့်ထျင်သည် မှော်ကိရိယာကို ရှောင်လင်ဖုန်းနှင့် ဝမ်လုအား ပြောပြနိုင်မည်ဟု မျှော်လင့်ထားပြီး ရှောင်လင်ဖုန်းနှင့် ဝမ်လုတို့သည် ဤမှော်ကိရိယာကို စိတ်ဝင်စားကြမည်ဟုထင်မိသည်။

...........

" ရှောင်ကျင်းဖုန်း " သံသယနှင့် မသေချာမရေရာသော အသံတစ်ခုထွက်​ပေါ်လာသည်။ ရှောင်ကျင်းဖုန်းက ခေါင်းကိုလှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ရှောင်ကျင့်ထျင် လှည့်ကြည့်လိုက်သောအခါ ကြေးစားစစ်သားများကဲ့သို့ ၀တ်ဆင်ထားသော လူအများအပြား နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် သူတို့၏ပုံစံကို ခန့်မှန်းလိုက်သည်။ ကမ္ဘာကကျဥ်းကျဥ်းလေးပဲ!

အဖွဲ့ခေါင်းဆောင် ဟွားယွီဖုန်းသည် ရှောင်ကျင်းဖုန်းကို အလေးအနက်ထားကြည့်လိုက်သည်။ အနည်းငယ်မှုန်မှိုင်း​နေသောအကြည့်ဖြင့် ဟွားယွီဖုန်း၏ နောက်ကွယ်မှ အခြားသော ကြေးစားရဲဘော်များက ရှောင်ကျင်းဖုန်းကို လှမ်းကြည့်ကြသည်။

" ရှောင်သခင်​လေး၊ ဒါက မင်းရဲ့ *ဗီအိုင်ဗီကတ်ပါ။ သခင်​လေးက ကျွန်တော်တို့ စီးပွား​ရေးအိမ်ရဲ့ ရွှေအဆင့်ဗီအိုင်ဗီ ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ တစ်ခုခုဝယ်ရင် ၁၅% လျှော့စျေးရပါလိမ့်မယ်။ နောက်တစ်ခေါက်လာဖို့ ကြိုဆိုပါတယ်။ " ဟု ဧည့်ဝတ်ကျေပွန်သည့် ဝန်ထမ်းကပြောသည်။

[T/N- *VIP ကို​လေ ဘယ်လို​ဆီ​​လျော်​အောင် ပြော​ပေးရမှန်းမသိ​တော့လို့ပါ။]

ရှောင်ကျင့်ထျင် မျက်နှာမှာတွန့်လိမ်သွားပြီး သူ့ကိုယ်သူ ပြောလိုက်သည်: ဒီဆိုင်က ဘယ်လိုစီးပွားရေးလုပ်ရမှန်းမသိဘူး။ ပစ္စည်းတွေက အရမ်းဈေးကြီးပြီး လျှော့ဈေးက အရမ်းနည်းတယ်။ သူတို့က ၂၀% လျှော့ပေးသင့်တယ်။

ဝန်ထမ်းပြောတာကို ဟွားယွီဖုန်း ကြားသောအခါ ခဏလောက် ထိတ်လန့်သွားသည်။ ဒီစီးပွား​​ရေးလုပ်ငန်းဆိုင်၏ စည်းမျဥ်းစည်းကမ်းများအရ ငွေစင်ပေါင်း တစ်​ထောင်ကျော် ဝယ်ယူသုံးစွဲသူများသည် သာမန်အသင်းဝင်များ၊ ငွေတစ်​သောင်းနှစ်​ထောင်ကျော် သုံးစွဲကြသူများမှာ ငွေအသင်းဝင်များ၊ ငွေစင်​ပေါင်း တစ်သိန်းကျော် သုံးစွဲကြသူများမှာ ရွှေအသင်းဝင်များ၊ ငွေစင်ပေါင်း ဆယ်သိန်းကျော်သည် ခရမ်းရောင်အသင်းဝင်များဖြစ်သည်။

[T/N- members cards တွေကို​ပြောထားတာပါ​နော် 😁]

ဟွားယွီဖုန်းသည် ငွေအသင်းဝင်ဖြစ်သည်။ ရှောင်ကျင့်ထျင်သည် ရွှေအဖွဲ့ဝင်ဖြစ်ကြောင်း ရုတ်တရက်ကြားလိုက်ရသောကြောင့် ဟွားယွီဖုန်းသည် မနာလိုမဖြစ်ဘဲမ​နေနိုင်​တော့​ပေ။

" သွားရအောင်။ " ရှောင်ကျင်းဖုန်းက ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်ကို ပြောလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ပြီး သူတို့ သုံးယောက် အတူတူထွက်သွားကြသည်။ ရှောင်ကျင်းဖုန်းသည် ဟွားယွီဖုန်းနှင့် အခြားသူများကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။

" ဒုတိယအစ်ကို... အဲ့ဒါတွေက မင်းရဲ့အသင်းဖော်ဟောင်းတွေလား? " သူတို့ဆိုင်မှထွက်လာသောအခါ ရှောင်ကျင့်ထျင်ကမေးလိုက်သည်။

ရှောင်ကျင်းဖုန်းက ခေါင်းညိမ့်လိုက်ကာ " ဟုတ်တယ်! "

ရှောင်ကျင်းဖုန်းသည် သဲကန္တာရမြို့သို့ ပြန်ရောက်သောအခါ ထိုလူများနှင့်တွေ့ဆုံမည်ဟု အစောပိုင်းက သိခဲ့ပြီး အချင်းချင်းဆုံတွေ့ကြသောအခါ ဘာဖြစ်မည်ကို စိတ်ကူးခဲ့သည်။ သိပ်အဆင်မပြေဘူးလို့ သူထင်ခဲ့ပေမယ့် သူတို့တကယ်တွေ့တဲ့အခါ အဆင်ပြေသွားတာကို တွေ့လိုက်ရသည်။ အတိတ်​​တွေအကုန်​လုံး ပြီးခဲ့ပြီ။

" ဒုတိယအစ်ကို၊ ဦးဆောင်သူက ကျေးဇူးကန်းတဲ့မျက်နှာနဲ့ပဲ... မင်း ထုတ်ပယ်ခံရတာ ကောင်းပါတယ်၊ မဟုတ်ရင် မကြာခင် သူ မင်းကို ဒုက္ခရောက်အောင်လုပ်လိမ့်မယ်။ " ဟု​ ရှောင်ကျင့်ထျင်က​ပြောသည်။ ရှောင်ကျင့်ထျင်သည် ကြေးစားအဖွဲ့၏ လက်ရှိအခြေအနေကို မေးမြန်းခဲ့သည်။ ဟွားယွီဖုန်း၏ ဦးဆောင်မှုအောက်တွင် ကြေးစားခေါင်းဆောင်အဖွဲ့သည် ကျဆင်းလာခဲ့သည်။ အဖွဲ့ဝင်အများအပြားသည် ကြေးစားခေါင်းဆောင်အဖွဲ့မှ နုတ်ထွက်ခဲ့ကြသည်။

ရှောင်ကျင်းဖုန်း ပြုံးလိုက်သည်။ ဟွားယွီဖုန်း ရုပ်ရည်ကကြည့်ကောင်းပေမယ့် သူ့ဒေါသက....

" ကောင်းပြီ၊ ဒါတွေအားလုံးက အတိတ်တွေပဲ " ရှောင်ကျင်းဖုန်းက ပြောလိုက်သည်။ သူသည်လည်း အကြမ်းဖျင်းအားဖြင့် လူကောင်းမဟုတ်ပေ။ ထိုကဲ့သို့ သစ္စာဖောက်ခံရပြီးနောက် အကောင်းဘက်သို့ ပြန်သွားရန် မဖြစ်နိုင်ပေ။

14.01.22

Thanks for reading ❤

Zawgyi

ၿခံဝင္းထဲက ႐ႊီမုရန္ကို ၾကည့္လိုက္ကာ စြင္း​ေျမာင္​ေျမာင္ အနည္းငယ္စိတ္ရႈပ္ေထြးသြားသည္။

စြင္း​ေျမာင္​ေျမာင္သည္ ႐ႊီမုရန္ႏွင့္ ယခင္က ေတြ႕ဆုံခဲ့ဖူးသည္။ စြင္း​ေျမာင္​ေျမာင္၏အျမင္တြင္၊ ႐ႊီမုရန္သည္ အနည္းငယ္မႈန္မွိုင္းေနတတ္ၿပီး အၿမဲတမ္း အဝတ္ၾကမ္းကို၀တ္ဆင္ထားတတ္သည္။ ယခုမူ သူ၏အဝတ္အစားမ်ားသည္ ရိုးရွင္းေသာ္လည္း၊ ၎တို႔သည္ အနိမ့္ဆုံးမဟုတ္သည့္အျပင္၊ သူသည္ ေနေရာင္ျခည္ကဲ့သို႔ အနည္းငယ္ေတာက္ပေနပုံရသည္။

" ႐ႊီမုရန္... မင္း အျပင္သြားမလို႔လား? " စြင္း​ေျမာင္​ေျမာင္က ႐ႊီမုရန္ အနားသို႔​ေရာက္လာကာ ေမးလိုက္သည္။

စြင္း​ေျမာင္​ေျမာင္ကို ျမင္​ေသာအခါ ႐ႊီမုရန္အံ့ၾသသြားသည္။ ႐ႊီမုရန္သည္ စြင္း​ေျမာင္​ေျမာင္ကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ဖူးသည္။ သူနဲ႕ေတြ႕ေသာအခါ စြင္း​ေျမာင္​ေျမာင္က သူ႕ကို အၿမဲတမ္း မ်က္ေစာင္းထိုးခဲ့ေပမယ့္ သူ႕ကို တစ္ခါမွ မႏႈတ္ဆက္ခဲ့ေပ။

" ဟုတ္တယ္! အိမ္မွာ ပစၥည္းပ်က္ေနတယ္။ အျပင္ထြက္ၿပီးဝယ္ဖို႔လိုလို႔ပါ။ " ႐ႊီမုရန္က ျပန္ေျပာသည္။

" ေရွာင္က်င့္ထ်င္က မင္းစကားကို လုံးဝနာခံတယ္ဆိုတာ ငါၾကားတယ္။ ေရွာင္က်င့္ထ်င္လိုမ်ိဳး ေပြရႈပ္တတ္တဲ့သူက မေမွ်ာ္လင့္ဘဲ လိမၼာေရးျခားရွိလာတယ္။ မင္းက တကယ္ကိုအရည္အခ်င္းရွိတဲ့လူပဲ... " စြင္း​ေျမာင္​ေျမာင္က ခ်ီးက်ဴးလိုက္သည္။

စြင္းခ်ီနဲ႕ က်န္းလီမင္က ထြက္ခြာသြားၿပီးေနာက္ ေနရာတိုင္းကိုသြားကာ ေရွာင္က်င့္ထ်င္က သူ႕မိန္းမကိုနာခံၿပီး သူ႕အႀကံဉာဏ္ကို အၿမဲလိုက္နာကာ ေၾကာက္တတ္တဲ့ခင္ပြန္းျဖစ္လာတယ္လို႔ ေျပာၾကသည္။ သူ႕မိန္းမက သူ႕ကိုခြင့္မျပဳဘဲ သူ႕အမိန႔္ကို လိုက္နာ႐ုံကလြဲလို႔ ဘာမွမလုပ္ဝံ့ဘူး။ သူက ဘယ္ေတာ့မွ မ​ေကာင္း​ေသာေနရာ​ေတြကို မသြားဘူးဟု ေျပာထားၾကသည္။

ေရွာင္က်င့္ထ်င္သည္ သူ၏ဂုဏ္သိကၡာအတြက္ အကဲဆတ္ခဲ့သည္။ ေၾကာက္တတ္တဲ့ ခင္ပြန္းသည္လို႔ သိထားရင္ သူရွက္လာၿပီး ေဒါသျဖစ္စရာ တစ္ခုခုလုပ္မိသြားနိုင္သည္။

႐ႊီမုရန္က ၿပဳံးၿပီးေျပာသည္: " ကြၽန္ေတာ္တို႔က အ​ေႂကြးအားလုံးကိုမဆပ္လို႔မရဘူးေလ။ က်င့္ထ်င္က တုခ်ိဳးေက်း႐ြာမွာ အခ်ိန္ကာလတစ္ခုအထိ အသက္ရွင္​ေနထိုင္စား​ေသာက္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတယ္။ "

" မင္းတို႔ တုခ်ိဳး႐ြာမွာ ေတာ္ေတာ္ဒုကၡေရာက္ခဲ့ပုံရတယ္။ " စြင္း​ေျမာင္​ေျမာင္က စာနာစိတ္အျပည့္နဲ႕ ေျပာလိုက္သည္။

" ကြၽန္ေတာ္တို႔ အမ်ားႀကီး ဒုကၡေရာက္ခဲ့ေပမယ့္ ကံဆိုးျခင္းက ေကာင္းခ်ီးတစ္ခုျဖစ္ခဲ့တာပါပဲ။ " ႐ႊီမုရန္က ေျပာသည္။

႐ႊီမုရန္ေျပာသည္ကို ၾကားရ​ေသာအခါ စြင္း​ေျမာင္​ေျမာင္သည္ တုခ်ိဳးေက်း႐ြာအနီး ေတာအုပ္မ်ားတြင္ ေကာင္းကင္ဘုံရတနာအ​ေၾကာင္း ေတြးေတာလိုက္ၿပီး " ဂုဏ္ယူပါတယ္... မုရန္ မင္းက တကယ္ကို ကံ​ေကာင္းတာပဲ။ "

" ေက်းဇူးတင္ပါတယ္၊ ေကာင္းၿပီ... ငါသြားစရာရွိေသးတယ္။ " ဟု ႐ႊီမုရန္က ေျပာသည္။

စြင္း​ေျမာင္​ေျမာင္က ေခါင္းညိတ္ၿပီး " ေနာက္မွ​ေတြ႕မယ္။ "

႐ႊီမုရန္၏ေနာက္ေက်ာကိုၾကည့္ရင္း စြင္း​ေျမာင္​ေျမာင္၏မ်က္ႏွာမွာ မႈန္မွိုင္းလာေတာ့သည္။ ေရွာင္က်င့္ထ်င္ ျပန္ေရာက္လာကတည္းက စြင္း​ေျမာင္​ေျမာင္အ​ေပၚ အလြန္ေအးစက္သြားခဲ့သည္။ စြင္း​ေျမာင္​ေျမာင္သည္ သူမအား ေယာက္်ားတစ္ေယာက္၏ ရိုက္ႏွက္ျခင္းခံရသလိုအခ်က္မ်ိဳးကို လက္ခံရန္မျဖစ္နိုင္ေပ။

" မင္း ဘာလို႔ဒီေလာက္ေနာက္က်ေနတာလဲ? " ေရွာင္က်င့္ထ်င္က ႐ႊီမုရန္ကို တံခါးဝမွာေစာင့္ေနရင္း ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။

" ငါ စြင္း​ေျမာင္​ေျမာင္နဲ႕ေတြ႕လို႔ ခဏေလာက္ ေႏွာင့္ေႏွးသြားတာပါ။ " လို႔ ႐ႊီမုရန္က ေျပာသည္။

" အို! " ေရွာင္က်င့္ထ်င္က ေခါင္းညိတ္လိုက္သည္။

" ဒီကိုလာဖို႔ ေနာက္တစ္ေယာက္ရွိေသးလား? " ႐ႊီမုရန္က ေမးသည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး ေျပာသည္: " အင္း၊ ငါ ဒုတိယအစ္ကိုကိုေစာင့္ရမယ္။ ငါ့မွာ အျမင္ေကာင္းေကာင္း မရွိဘူး။ ခဏ​ၾကာလို႔ ဒုတိယအစ္ကိုေရာက္လာရင္ ကူညီ​ေပးဖို႔ ငါေတာင္းဆိုထားတယ္။ "

႐ႊီမုရန္က ေခါင္းညိတ္ျပၿပီး " မင္းေျပာတာ မွန္ပါတယ္။ ဒုတိယအစ္ကိုက ဘယ္ေတာ့ေရာက္လာမွာလဲ? "

" သူ မုရႉးယြီကို ေနရာခ်ဖိဳ႕ကူညီေပးၿပီး မၾကာခင္ သူ ဒီကို​ေရာက္လာနိုင္တယ္။ " ဟု ေရွာင္က်င့္ထ်င္မွ ေျပာသည္။

႐ႊီမုရန္က ၿပဳံးၿပီး " ဒုတိယအစ္ကိုနဲ႕ ရႉးယြီက ဆက္ဆံေရးေကာင္းတယ္။ "

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ျပၿပီး " အမွန္ပဲ။ "

" မင္းတို႔ကို ေစာင့္​ေစမိၿပီ။ " ေရွာင္က်င္းဖုန္းက ထြက္လာၿပီး ေျပာလိုက္သည္။

" ရပါတယ္။ " ေရွာင္က်င့္ထ်င္က​ေျပာသည္။

" ဒုတိယအစ္ကို... ကြၽန္ေတာ္တို႔သြားေတာ့မွာလား? " ႐ႊီမုရန္က ေမးသည္။

ေရွာင္က်င္းဖုန္းက ေခါင္းညိမ့္လိုက္ကာ " ေကာင္းၿပီ! "

..........

ေရွာင္က်င့္ထ်င္၊ ႐ႊီမုရန္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ စီးပြားေရးအိမ္သို႔ ဝင္ေရာက္ၿပီးေနာက္ ေကာင္းစြာေလ့က်င့္ထား​ေသာဝန္ထမ္းမွ ၎တို႔အား ခ်က္ခ်င္းလက္ခံကာ ဧည့္ခံ​ေပးသည္။

" သန့္စင္​ေရးဆရာေက်ာင္း တည္​ေဆာက္ထားတဲ့ ဒီသို​ေလွာင္လက္စြပ္က လွပစြာဒီဇိုင္းထုတ္ထားၿပီး အတြင္းပိုင္း ၁၅၀ စတုရန္းမီတာ က်ယ္ဝန္းပါတယ္။ ေနရာလြတ္ဖြဲ႕စည္းပုံက အလြန္တည္ၿငိမ္တယ္။ ၎တို႔က ေတာရိုင္းထဲမွာ သားေကာင္ေတြကိုသယ္​ေဆာင္ဖို႔ရန္ အရမ္းအဆင္ေျပပါတယ္။ ဒါက ေငြတစ္ေသာင္းႏွစ္ေထာင္ တန္ဖိုးရွိပါတယ္။ "

ေရွာင္က်င့္ထ်င္က သူ႕ႏွာေခါင္းကိုပြတ္သပ္ၿပီး သူ႕ကိုယ္သူေျပာတယ္ ေငြတစ္ေသာင္းႏွစ္ေထာင္ ဘယ္ေလာက္ေတာင္ေစ်းႀကီးလဲ! သူသည္ သူႂကြယ္တစ္ဦးဟု ထင္ခဲ့ေသာ္လည္း ႐ုတ္တရက္ သူဆင္းရဲခဲ့သည္မွာ အမွန္ပင္ျဖစ္ေနသည္။

" ေရွာင္သခင္​ေလး၊ အဲဒါ လိုအပ္တယ္လို႔ မင္းထင္ပါလား? " ဝန္ထမ္းကေမးသည္။

ေရွာင္က်င့္ထ်င္သည္ လည္ေခ်ာင္းကို ရွင္းထုတ္လိုက္ၿပီး ၿငိမ္သက္ဟန္ေဆာင္ကာ " ငါတို႔ကို တျခားအရာတစ္ခုျပပါဦး... "

တကယ္ေတာ့ ေရွာင္က်င္းဖုန္းက ေက်နပ္ေနေပမယ့္ ေစ်းႏႈန္းကိုေတြးၿပီး ေၾကာက္လန႔္ေနခဲ့သည္။ ေတာရိုင္းထဲတြင္ သားရဲမ်ားကိုသတ္ၿပီး​ေနာက္ ေသြးက တျခားနတ္ဆိုးသားရဲမ်ားကို ဆြဲေဆာင္မည္ကိုစိုးရိမ္​ေသာေၾကာင့္ တစ္ခါတစ္ရံမွာ သူတို႔သတ္လိုက္တဲ့ နတ္ဆိုးသားရဲရဲ႕ တန္ဖိုးအရွိဆုံး အစိတ္အပိုင္းေတြကိုသာ ေကာက္ယူခဲ့ရသည္။ ဒါကျဖဳန္းတီးပစ္တာပဲ! ဒါေပမယ့္ သူတို႔မွာ သိုေလွာင္လက္စြပ္ရွိရင္ မတူေတာ့​ေပ။ သို႔ေသာ္ သိုေလွာင္လက္စြပ္တစ္ခုသည္ အရမ္းေစ်းႀကီးေနသည္။ ေယဘုယ်အားျဖင့္ ေၾကးစားမ်ားသည္ သို​ေလွာင္အိတ္ကိုသာ အသုံးျပဳၾကသည္။

သိုေလွာင္လက္စြပ္မ်ားကို တြန့္ဆုတ္စြာ တစ္ခ်က္ၾကည့္ၿပီးေနာက္ ေရွာင္က်င္းဖုန္းသည္ အျခားပစၥည္းမ်ားဆီသို႔ လွည့္ၾကည့္လိုက္သည္။

" ဒါေတြက ေမွာ္ပစၥည္းေတြပါ။ ကြၽန္ေတာ္တို႔ဆိုင္မွာရွိတဲ့ ေမွာ္ရတနာမ်ားက အရည္အေသြးျမင့္ပါတယ္။ ဒါ​ေတြက အဆင့္ ၄၊ အဆင့္ ၅၊ အဆင့္ ၆ေမွာ္ပစၥည္းမ်ားျဖစ္ပါတယ္။ ေရာင္းေဈးက အဆင့္(၄) ေမွာ္ပစၥည္းတစ္ခုကို ေငြတစ္ရာ ဝန္းက်င္၊ အဆင့္(၅) ေမွာ္ပစၥည္းတစ္ခုကို ေငြႏွစ္ရာဝန္းက်င္၊ အဆင့္(၆) ေမွာ္ပစၥည္းတစ္ခုကို ေငြေလးရာဝန္းက်င္ျဖစ္ပါတယ္။ ေတာထဲမွာ အႀကီးတန္း မိစာၦသားရဲတစ္ေကာင္ကို ေတြ႕မိရင္ ေမွာ္ပစၥည္းတစ္ခုလိုအပ္ပါတယ္။ တစ္ခါတေလမွာ ေနာက္ထပ္ေမွာ္ပစၥည္းတစ္ခုက မင္းမွာ ေနာက္ထပ္ဘဝတစ္ခု ရွိတာနဲ႕တူပါတယ္။ " ဟု ဧည့္ခံဝန္ထမ္းကဆိုသည္။

ေရွာင္က်င့္ထ်င္၏ ေငြအေျမာက္အျမားကို ျဖဳန္းတီးရန္ ေမွာ္ပစၥည္းမ်ားကို အသုံးခ်ခဲ့သည္အားေတြးဆရင္း ႐ႊီမုရန္သည္ အသည္းကြဲသြားသလို ခံစားလိုက္ရသည္။

" မေဝးေတာ့တဲ့အနာဂတ္မွာ ငါတို႔တိုက္ပြဲျဖစ္မွာမဟုတ္ဘူး။ တျခားအရာေတြ ငါတို႔ကိုျပပါ။ " ႐ႊီမုရန္က​ေျပာသည္။

ဧည့္ခံဝန္ထမ္းက ၿပဳံးကာ​ေျပာသည္: " သခင္​ေလး၊ ေက်းဇူးျပဳၿပီး အဆင့္ျမင့္ေမွာ္ကိရိယာေတြကို ျပသ​ေပးပါ့မယ္။ မၾကာေသးခင္ကမွ သခင္​ေလးေရွာင္က်င့္ထ်င္အတြက္ အရမ္းသင့္ေတာ္တဲ့ အသစ္တစ္ခု ရခဲ့ပါတယ္။ "

႐ႊီမုရန္က ၿပဳံးၿပီး " ေကာင္းသားပဲ! " ႐ႊီမုရန္သည္ ေခတ္မီေသာ ေမွာ္ကိရိယာမ်ားစြာကို မျမင္ဖူး၊ မတတ္နိုင္ေသာ္လည္း အေတြ႕အႀကဳံအခ်ိဳ႕ကို ရယူခ်င္သည္။

" ေက်းဇူးျပဳၿပီး... ကြၽန္ေတာ့္ ေနာက္ကလိုက္ခဲ့ပါ။ "

" ဒါကဝိညာဥ္ေရးစြမ္းအင္ကို တိုးျမႇင့္ဖို႔ အထူးဖြဲ႕စည္းတည္​ေဆာက္ထားတဲ့ ဝိညာဥ္ေရးေစတီပါ။ ေရွာင္သခင္​ေလးက အရာအားလုံးရဲ႕စြမ္းအားကိုျပသတဲ့အခါ၊ အျခားေမွာ္ပညာရပ္မ်ားကဲ့သို႔ ဤေစတီေမွ်ာ္စင္ရဲ႕အကူအညီနဲ႕ ပညာရပ္နယ္ပယ္ကို ထက္ဝက္ခ်ဲ့ထြင္နိုင္ပါတယ္။ "

" ဒီနတ္ေမွ်ာ္စင္ေစတီေဆာက္ရာမွာ သုံးတဲ့ပစၥည္းက အရမ္းၾကမ္းတယ္။ နတ္​ေမွ်ာ္စင္ကို ခ်ဲ့လို႔ရတယ္။ မင္းမထိန္းနိုင္တဲ့ နတ္ဆိုးသားရဲေတြနဲ႕ေတြ႕ရင္ နတ္ေမွ်ာ္စင္ထဲမွာ ပုန္းေနနိုင္တယ္။ နတ္ေမွ်ာ္စင္က လူ​ေတြရဲ႕ အသက္ရႈျခင္းကို အျပည့္အ၀ ဖုံးလႊမ္းေပးလိမ့္မယ္။ အခ်ိန္အေတာ္ၾကာၿပီးလို႔ နတ္ဆိုးသားရဲ ထြက္ခြာသြားရင္ ၎က သင့္မွာ ေနာက္ထပ္အသက္တစ္ခုရလိုက္သလိုပါပဲ။ " နတ္​ေမွ်ာ္စင္ကို ဝိညာဥ္စိုက္ပ်ိဳးသူမ်ားအတြက္ အထူးတည္ေဆာက္ထားပါသည္။ စိတ္ဝိညာဥ္စိုက္ပ်ိဳးသူအမ်ားစုသည္ တိုက္ခိုက္ရန္မကြၽမ္းက်င္ေသာေၾကာင့္ ခ်ီေလ့က်င့္သူမ်ားအတြက္ ဤလုပ္ေဆာင္ခ်က္ကို ဂ႐ုတစိုက္တီထြင္ခဲ့ၾကသည္။

" ဒီဝိညာဥ္ေစတီဟာ တိုက္ပြဲအတြက္ အသုံးျပဳနိုင္တဲ့ ေမွာ္လက္နက္တစ္ခုလည္းျဖစ္ၿပီး အဆင့္၈ ခ်ီေလ့က်င့္သူ ဒါမွမဟုတ္ အဆင့္၉ ခ်ီေလ့က်င့္သူတစ္ဦးကိုေတာင္ တိုက္ခိုက္နိုင္ပါတယ္။ ဒီေမွာ္ကိရိယာက အမွန္တကယ္ တစ္ပိုင္းကုန္ေခ်ာပစၥည္းျဖစ္ပါတယ္။ အခြင့္အေရးရရင္ ေရွာင္သခင္​ေလးက အဆင့္ျမႇင့္လို႔ရပါတယ္။ "

အဲဒါကိုၾကားေတာ့ ေရွာင္က်င့္ထ်င္၏မ်က္လုံးမ်ား အေရာင္ေတာက္သြားကာ " ဘယ္ေလာက္ေတာင္ေကာင္းတဲ့ ေမွာ္ကိရိယာလဲ၊ ဒါက ေဈးႀကီးရမယ္။ "

" သူ႕ရဲ႕ေစ်းႏႈန္းက ေငြတစ္သိန္းႏွစ္ေသာင္းပါ၊ ဒါေပမယ့္ အတိုးနည္းနည္းနဲ႕ အရစ္က်ေပးေခ်နိဳင္ပါတယ္။ ေရွာင္သခင္​ေလးက ေငြေရာင္ကတ္တစ္ခုအတြက္ ေငြသုံးေသာင္းျဖင့္ မွတ္ပုံတင္နိုင္တယ္။ ယခုမွစၿပီး ဆယ္လဆက္တိုက္ လစဥ္ ေငြတစ္ေသာင္း လႊဲေပးနိုင္ပါတယ္။ "

ေရွာင္က်င့္ထ်င္သည္ ဤကမာၻႀကီးတြင္ အရစ္က်ကဲ့သို႔ တန္ဖိုးႀကီးေသာ အရစ္က်တစ္ခုရွိေနသည္ကို ၾကားသိရသျဖင့္ အံ့ၾသမိေသာ္လည္း မၾကာမီတြင္ ေရွာင္က်င့္ထ်င္က ၎ကို ေတြးေတာမိသည္၊ အေၾကာင္းမွာ ေတာရိုင္းတိုက္မႀကီးသည္ ကမာၻထက္ မ်ားစြာရွည္လ်ားေသာ သမိုင္းေၾကာင္းရွိေသာေၾကာင့္ျဖစ္သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ အရစ္က်မ်ား ရွိလာသည္မွာ အံ့ၾသစရာမဟုတ္ေပ။ လက္ငင္း သုံး​ေသာင္း​ေပး​ေခ်ရၿပီး ဆယ္လဆက္တိုက္ လစဥ္ ေငြတစ္ေသာင္းေပးေခ်သျဖင့္ အားလုံးေပါင္း တစ္သိန္းသုံးေသာင္းေပးရၿပီး ေငြတစ္ေသာင္းႏွစ္​ေထာင္ ပိုေပးရသည္။ ေရာင္းသူက အရမ္းေလာဘႀကီးတယ္။

" ေရွာင္သခင္​ေလး၊ ဒီေမွာ္ကိရိယာကို အေျခခံအုတ္ျမစ္ခ်အဆင့္ ဆရာတစ္ဦးက ဖန္တီးထားၿပီး၊ ကြၽန္ေတာ္တို႔ဆိုင္မွာ တစ္ခုပဲရွိတယ္။ လိုအပ္ရင္ ျမန္ျမန္ဝယ္လိုက္ပါ။ ေနာက္က်ရင္ တျခားလူက ယူသြားၿပီး ဆုံးရႈံးရလိမ့္မယ္။ "

ေရွာင္က်င့္ထ်င္သည္ ဧည့္ခံသူ၏ မ်က္ႏွာေပၚရွိ ၾကင္နာေသာ အၿပဳံးကိုၾကည့္ၿပီး သူ႕ႏွလုံးသားကို ေၾကာင္ျခစ္ခံရသလို ခံစားလိုက္ရသည္။

ေရွာင္က်င္းဖုန္းက ေရွာင္က်င့္ထ်င္ကို ေျပာသည္။ " က်င့္ထ်င္၊ ဒီေစတီေမွ်ာ္စင္က မင္းအတြက္ အရမ္းသင့္ေတာ္တယ္။ " တကယ္ေစ်းႀကီးေပမယ့္ အခ်ိန္အၾကာႀကီးသုံးလို႔ရသည္။ ေရွာင္က်င့္ထ်င္သည္ အဆင့္ ၄ ခ်ီေလ့က်င့္သူ ျဖစ္စဥ္အခ်ိန္ကတည္းက အံ့ၾသဖြယ္ေငြရွာနိုင္စြမ္းရွိခဲ့သည္။ ယခု အဆင့္ ၅ ခ်ီေလ့က်င့္သူ တစ္ဦးအေနျဖင့္၊ သူ၏ ေငြရွာမႈစြမ္းရည္သည္ ပိုျမင့္မားလာသင့္သည္။

႐ႊီမုရန္က ေရွာင္က်င့္ထ်င္ကိုၾကည့္ၿပီး " မင္းႀကိဳက္ရင္ ဝယ္လို႔ရတယ္ " လို႔ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိမ့္လိုက္ကာ " ေကာင္းၿပီ။ " ဟု​ေျပာသည္။

ေရွာင္က်င့္ထ်င္သည္ ခက္ခဲေသာ ဆုံးျဖတ္ခ်က္တစ္ခုကိုခ်လိဳက္ၿပီး ဝိညာဥ္ေစတီကို ဝယ္ယူခဲ့သည္။

ေရွာင္က်င့္ထ်င္က ေမွ်ာ္စင္ေစတီဝယ္ယူလိုက္ျခင္းကို ဧည့္ခံဝန္ထမ္းက အံ့ၾသသြားခဲ့သည္။

ဧည့္ခံဝန္ထမ္းသည္ ေရွာင္က်င့္ထ်င္က ေစတီ​ေမွ်ာ္စင္ကိုဝယ္ယူမည္ဟု မေမွ်ာ္လင့္ထားေပ။ ေရွာင္က်င့္ထ်င္ အိမ္ျပန္ေရာက္ေသာအခါ၊ ေရွာင္က်င့္ထ်င္သည္ ေမွာ္ကိရိယာကို ေရွာင္လင္ဖုန္းႏွင့္ ဝမ္လုအား ေျပာျပနိုင္မည္ဟု ေမွ်ာ္လင့္ထားၿပီး ေရွာင္လင္ဖုန္းႏွင့္ ဝမ္လုတို႔သည္ ဤေမွာ္ကိရိယာကို စိတ္ဝင္စားၾကမည္ဟုထင္မိသည္။

...........

" ေရွာင္က်င္းဖုန္း " သံသယႏွင့္ မေသခ်ာမေရရာေသာ အသံတစ္ခုထြက္​ေပၚလာသည္။ ေရွာင္က်င္းဖုန္းက ေခါင္းကိုလွည့္ၾကည့္လိုက္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ေရွာင္က်င့္ထ်င္ လွည့္ၾကည့္လိုက္ေသာအခါ ေၾကးစားစစ္သားမ်ားကဲ့သို႔ ၀တ္ဆင္ထားေသာ လူအမ်ားအျပား နီးကပ္လာသည္ကို ေတြ႕လိုက္ရသည္။ သူသည္ ခ်က္ခ်င္းပင္ သူတို႔၏ပုံစံကို ခန႔္မွန္းလိုက္သည္။ ကမာၻကက်ဥ္းက်ဥ္းေလးပဲ!

အဖြဲ႕ေခါင္းေဆာင္ ဟြားယြီဖုန္းသည္ ေရွာင္က်င္းဖုန္းကို အေလးအနက္ထားၾကည့္လိုက္သည္။ အနည္းငယ္မႈန္မွိုင္း​ေနေသာအၾကည့္ျဖင့္ ဟြားယြီဖုန္း၏ ေနာက္ကြယ္မွ အျခားေသာ ေၾကးစားရဲေဘာ္မ်ားက ေရွာင္က်င္းဖုန္းကို လွမ္းၾကည့္ၾကသည္။

" ေရွာင္သခင္​ေလး၊ ဒါက မင္းရဲ႕ *ဗီအိုင္ဗီကတ္ပါ။ သခင္​ေလးက ကြၽန္ေတာ္တို႔ စီးပြား​ေရးအိမ္ရဲ႕ ေ႐ႊအဆင့္ဗီအိုင္ဗီ ျဖစ္ေနပါၿပီ။ ေနာက္ပိုင္းမွာ တစ္ခုခုဝယ္ရင္ ၁၅% ေလွ်ာ့ေစ်းရပါလိမ့္မယ္။ ေနာက္တစ္ေခါက္လာဖို႔ ႀကိဳဆိုပါတယ္။ " ဟု ဧည့္ဝတ္ေက်ပြန္သည့္ ဝန္ထမ္းကေျပာသည္။

[T/N- *VIP ကို​ေလ ဘယ္လို​ဆီ​​ေလ်ာ္​ေအာင္ ေျပာ​ေပးရမွန္းမသိ​ေတာ့လို႔ပါ။]

ေရွာင္က်င့္ထ်င္ မ်က္ႏွာမွာတြန့္လိမ္သြားၿပီး သူ႕ကိုယ္သူ ေျပာလိုက္သည္: ဒီဆိုင္က ဘယ္လိုစီးပြားေရးလုပ္ရမွန္းမသိဘူး။ ပစၥည္းေတြက အရမ္းေဈးႀကီးၿပီး ေလွ်ာ့ေဈးက အရမ္းနည္းတယ္။ သူတို႔က ၂၀% ေလွ်ာ့ေပးသင့္တယ္။

ဝန္ထမ္းေျပာတာကို ဟြားယြီဖုန္း ၾကားေသာအခါ ခဏေလာက္ ထိတ္လန႔္သြားသည္။ ဒီစီးပြား​​ေရးလုပ္ငန္းဆိုင္၏ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ေငြစင္ေပါင္း တစ္​ေထာင္ေက်ာ္ ဝယ္ယူသုံးစြဲသူမ်ားသည္ သာမန္အသင္းဝင္မ်ား၊ ေငြတစ္​ေသာင္းႏွစ္​ေထာင္ေက်ာ္ သုံးစြဲၾကသူမ်ားမွာ ေငြအသင္းဝင္မ်ား၊ ေငြစင္​ေပါင္း တစ္သိန္းေက်ာ္ သုံးစြဲၾကသူမ်ားမွာ ေ႐ႊအသင္းဝင္မ်ား၊ ေငြစင္ေပါင္း ဆယ္သိန္းေက်ာ္သည္ ခရမ္းေရာင္အသင္းဝင္မ်ားျဖစ္သည္။

[T/N- members cards ေတြကို​ေျပာထားတာပါ​ေနာ္ 😁]

ဟြားယြီဖုန္းသည္ ေငြအသင္းဝင္ျဖစ္သည္။ ေရွာင္က်င့္ထ်င္သည္ ေ႐ႊအဖြဲ႕ဝင္ျဖစ္ေၾကာင္း ႐ုတ္တရက္ၾကားလိုက္ရေသာေၾကာင့္ ဟြားယြီဖုန္းသည္ မနာလိုမျဖစ္ဘဲမ​ေနနိုင္​ေတာ့​ေပ။

" သြားရေအာင္။ " ေရွာင္က်င္းဖုန္းက ေရွာင္က်င့္ထ်င္ႏွင့္ ႐ႊီမုရန္ကို ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္လိုက္ၿပီး သူတို႔ သုံးေယာက္ အတူတူထြက္သြားၾကသည္။ ေရွာင္က်င္းဖုန္းသည္ ဟြားယြီဖုန္းႏွင့္ အျခားသူမ်ားကို စကားတစ္ခြန္းမွ မေျပာခဲ့ေပ။

" ဒုတိယအစ္ကို... အဲ့ဒါေတြက မင္းရဲ႕အသင္းေဖာ္ေဟာင္းေတြလား? " သူတို႔ဆိုင္မွထြက္လာေသာအခါ ေရွာင္က်င့္ထ်င္ကေမးလိုက္သည္။

ေရွာင္က်င္းဖုန္းက ေခါင္းညိမ့္လိုက္ကာ " ဟုတ္တယ္! "

ေရွာင္က်င္းဖုန္းသည္ သဲကႏၲာရၿမိဳ႕သို႔ ျပန္ေရာက္ေသာအခါ ထိုလူမ်ားႏွင့္ေတြ႕ဆုံမည္ဟု အေစာပိုင္းက သိခဲ့ၿပီး အခ်င္းခ်င္းဆုံေတြ႕ၾကေသာအခါ ဘာျဖစ္မည္ကို စိတ္ကူးခဲ့သည္။ သိပ္အဆင္မေျပဘူးလို႔ သူထင္ခဲ့ေပမယ့္ သူတို႔တကယ္ေတြ႕တဲ့အခါ အဆင္ေျပသြားတာကို ေတြ႕လိုက္ရသည္။ အတိတ္​​ေတြအကုန္​လုံး ၿပီးခဲ့ၿပီ။

" ဒုတိယအစ္ကို၊ ဦးေဆာင္သူက ေက်းဇူးကန္းတဲ့မ်က္ႏွာနဲ႕ပဲ... မင္း ထုတ္ပယ္ခံရတာ ေကာင္းပါတယ္၊ မဟုတ္ရင္ မၾကာခင္ သူ မင္းကို ဒုကၡေရာက္ေအာင္လုပ္လိမ့္မယ္။ " ဟု​ ေရွာင္က်င့္ထ်င္က​ေျပာသည္။ ေရွာင္က်င့္ထ်င္သည္ ေၾကးစားအဖြဲ႕၏ လက္ရွိအေျခအေနကို ေမးျမန္းခဲ့သည္။ ဟြားယြီဖုန္း၏ ဦးေဆာင္မႈေအာက္တြင္ ေၾကးစားေခါင္းေဆာင္အဖြဲ႕သည္ က်ဆင္းလာခဲ့သည္။ အဖြဲ႕ဝင္အမ်ားအျပားသည္ ေၾကးစားေခါင္းေဆာင္အဖြဲ႕မွ ႏုတ္ထြက္ခဲ့ၾကသည္။

ေရွာင္က်င္းဖုန္း ၿပဳံးလိုက္သည္။ ဟြားယြီဖုန္း ႐ုပ္ရည္ကၾကည့္ေကာင္းေပမယ့္ သူ႕ေဒါသက....

" ေကာင္းၿပီ၊ ဒါေတြအားလုံးက အတိတ္ေတြပဲ " ေရွာင္က်င္းဖုန္းက ေျပာလိုက္သည္။ သူသည္လည္း အၾကမ္းဖ်င္းအားျဖင့္ လူေကာင္းမဟုတ္ေပ။ ထိုကဲ့သို႔ သစၥာေဖာက္ခံရၿပီးေနာက္ အေကာင္းဘက္သို႔ ျပန္သြားရန္ မျဖစ္နိုင္ေပ။

14.01.22

Thanks for reading ❤

Continue Reading

You'll Also Like

127K 7.6K 47
Strong woman k-drama ​ေလးၾကည္​့ဖူးၾကလားမသိဘူး အဲ့drama​ေလးကိုႀကိဳက္​လို႔ ၿပီး​ေတာ့ YiZhanအတြဲ​ေလးနဲ႔လည္​းလိုက္​မယ္​ထင္​လို႔ ဖန္​တီးျဖစ္​တာပါ​ေနာ္​ Dr...
361K 51.3K 55
Original Title;重生后我只想咸鱼 English Title;After Rebirth , I Just Want To Be A Salted Fish Original Author;雕雕子(Diao Diao Zi) This is Pure Fan Translation...
341K 37.2K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
740K 113K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...