Unicode
ရှောင်ရှောင်ဖန်သည် အရုပ်များစွာဖြင့် သူတို့အိမ်ခြံဝင်းကို ပြန်လာခဲ့သည်။ ရှောင်ရှောင်ဖန်၏ ပျော်ရွှင်နေသောမျက်နှာကို မြင်လိုက်ရသောအခါ ရှောင်ချင်းယန်သည် ဒေါသမထွက်ဘဲမနေနိုင်အောင် ဖြစ်သွားသည်။
သူ့သားက ဒဏ်ရာကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေသေးပေမယ့် ရှောင်ရှောင်ဖန်ကတော့ ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့နဲ့အတူ အရသာရှိတဲ့ဟင်းလျာတွေကို နှစ်သက်စွာ စားသောက်နေခဲ့တယ်! ရှောင်ကျင့်ထျင်က ဒီအမိုက်အမဲလေးကို သင်ကြားပြသပေးမယ်လို့ ပြောခဲ့ပေမယ့် သူ့သားကို အစားအသောက်ကောင်းကောင်းနဲ့ ကစားစရာအရုပ်တွေ များများစားစား ဝယ်ထားပေးလိုက်တာပဲ ဖြစ်နေတယ်။
ရှောင်ချင်းယန်ကိုမြင်သောအခါ ရှောင်ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏နောက်တွင် အလျင်အမြန် ပုန်းနေလိုက်သည်။
ရှောင်ရှောင်ဖန်သည် ထိုမျှ မလိမ္မာသော်လည်း အားသာချက်များကို မည်သို့ရှာကြံရမည်နှင့် အန္တရာယ်များကို ရှောင်ရှားရန် သဘာဝအားဖြင့် သိနေသေးသည်။ ရှောင်ချင်းယန်သည် အသေးအမွှား ဆက်ဆံရမည့်လူမဟုတ်ကြောင်း သူသိထားသောကြောင့် သူချက်ချင်းပင်သတိရှိလာခဲ့သည်။
ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်ကို စိုက်ကြည့်ကာ လေးနက်စွာပြောသည်: " တတိယညီ... မင်း စိတ်ထားကကောင်းလိုက်တာ! မင်းရဲ့သားကို သင်ပေးမယ်လို့ ကတိမပေးဘူးလား! ဒါက မင်း သူ့ကို သင်ပေးနေတာလား? "
" အစ်ကိုကြီး... ကျွန်တော် သူ့ကိုသင်ပေးပြီးပြီ။ ကျွန်တော်ပြောထားတယ်၊ သူတပါးကို ထပ်ပြီး အနိုင်ကျင့်ရင်၊ အရသာရှိတဲ့ အစားအသောက်တွေနှင့် ကစားစရာအရုပ်တွေကို ရနိုင်မှာမဟုတ်ဘူးလို့! အခု သူကြောက်နေတယ်၊ မင်းမြင်လား.... သူကိုယ်တိုင်က တခြားသူတွေဆီကနေ ပုန်းအောင်းနေတာပဲလေ။ " လို့ ရှောင်ကျင့်ထျင်က ပြောသည်။
ရှောင်ချင်းယန်က အပြုံးတုကို ပြုံးပြပြီး " မင်း ဘယ်လောက်တောင် တွေးနေတာလဲ တတိယညီ။ "
" ဒါပေါ့၊ ကလေးတွေကို သင်ပေးဖို့ အားထုတ်ရမယ်။ " ရှောင်ကျင့်ထျင် သက်ပြင်းချလိုက်သည်။
ထိုစကားကိုကြားလိုက်သဖြင့် ရှောင်ချင်းယန်၏ မျက်နှာမှာပျက်ယွင်းသွားသည်။
ရှောင်ချင်းယန် ထွက်သွားပြီး ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် အခြားခြံဝင်းသို့ပြန်ခဲ့ကြသည်။
ကုတင်ပေါ်တွင်ထိုင်ကာ ပျင်းရိစွာ ခြေဖ၀ါးတွေပွတ်နေသော ရှောင်ကျင့်ထျင်ကို စိုက်ကြည့်ရင်း ရွှီမုရန်သည် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။
" ဒီနေ့ လမ်းပေါ်မှာလုပ်ငန်းကြီးတွေ တွေ့ခဲ့တယ်။ " လို့ ရှောင်ကျင့်ထျင်က ပြောသည်။
ရွှီမုရန်က ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်။ သဲကန္တာရမြို့က ကျေးလက်ဒေသထက်သာလွန်တယ်၊ ဒီကစျေးဆိုင်တွေမှာ ရှေးဟောင်းပစ္စည်းနဲ့ မှော်ပစ္စည်း အများအပြားရှိပေမယ့် သူတို့ကအရမ်းစျေးကြီးတယ်။ "
အရင်တုန်းကတော့ ဒီလိုနေရာမျိုးကိုဝင်ရဖို့ အရမ်းဆင်းရဲခဲ့သည်။ တစ်ခါတစ်ရံ စျေးဆိုင်ထဲဝင်ဖို့ သူစိတ်တွေထင့်နေချိန်မှာတောင် သူ့ရဲ့ ညစ်ပတ်တဲ့ပုံစံကို မြင်လိုက်ရတာကြောင့် ဆိုင်ဝန်ထမ်းတွေက သူ့ကို လက်ခံလိုစိတ်မရှိကြပေ။ တစ်ခါတစ်ရံတွင် ဆိုင်ရှင်အချို့၏ နှင်ထုတ်ခြင်းခံရပြီး ထိုနေရာသည် သူ့လိုလူအတွက်မဟုတ်ကြောင်း လှောင်ပြောင်ပြောဆိုခံခဲ့ရဖူးသည်။
ထိုသို့ တွေ့ကြုံလာရသောအခါတွင် ရွှီမုရန်သည် ဆိုင်အပြင်ဘက်တွင်သာ မတ်တပ်ရပ်ပြီးတောက်ပနေသော ရောင်စုံနံရံကပ်ကြော်ငြာများနှင့် ကြော်ငြာဆိုင်းဘုတ်များကို တောင့်တစွာကြည့်နေမိတတ်သည်။
" ငါ့မှာ ငွေသုံးသောင်းကျော် ဒါမှမဟုတ် လေးသောင်းလောက်ရှိနေသေးတယ်၊ တစ်ရက်တော့ သွားကြည့်ရအောင်။ " ရှောင်ကျင့်ထျင်က ပြောသည်။
ရွှီမုရန်က အံ့သြသွားပြီး " မင်း ဒီနေ့ဘာလို့မသွားတာလဲ? "
ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာ ပြန်ဖြေသည်: " မင်းပြောသလိုပဲ၊ ဘာပဲဖြစ်ဖြစ်.... သူတို့က လုပ်ငန်းကြီးတွေလေ...။ အဲဒီမှာ ပစ္စည်းတွေက ဈေးကြီးနိုင်တယ်။ ငါတို့ ရှောင်ဖန်ကို အဲဒီကို ခေါ်သွားပြီး ရှောင်ဖန်လိုချင်တာ ဘာမဆိုမတတ်နိုင်ရင် ရှက်စရာ ကောင်းလိမ့်မယ်။ "
ရွှီမုရန်: " ...... " အကြောင်းပြချက်က တကယ်ပါပဲ ......
" ဒီနေ့ မင်းအစ်ကိုကြီးကို စော်ကားလိုက်တာပဲ " ဟု ရွှီမုရန်က ပြောသည်။
ရှောင်ကျင့်ထျင်က ပျင်းရိစွာ ပြန်ဖြေသည်: " မင်းက ဘာကိုကြောက်နေတာလဲ? ငါ အရင်က သူ့ကို စိတ်ဆိုးနေတာကြာပြီ၊ အစ်ကိုကြီး ထူးဆန်းနေတယ်လို့ ငါထင်တယ်။ ငါ ပီဖုန်းကျောင်းတော်အကြောင်းကိုပြောတိုင်း သူအများကြီးပြောပြီး ဂုဏ်ယူနေခဲ့တာ၊ ဒါပေမယ့် မကြာသေးခင်က သူသိပ်မပြောတော့တာက ထူးဆန်းနေတယ်။ "
" သူ့မှာ ခက်ခဲတဲ့အချိန်တွေ ရှိကောင်းရှိနိုင်ပါတယ်။ " ဟု ရွှီမုရန်က ပြောလိုက်သည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်: ပီဖုန်းကျောင်းတော်သည် သူ၏ယခင်ဘဝက အထက်တန်းစားကျောင်းတစ်ခုနှင့် ညီမျှသည်။ ၎င်းသည် ၎င်း၏အဖွဲ့ဝင်များကို ဂုဏ်ပြုသောအားဖြင့် ကျော်ကြားသော်လည်း၊ ရန်ဖြစ်မှုများလည်း ရှိနေသည်မှာ မလွဲဧကန်ပင်။ သူ၏ယခင်ဘဝတွင်၊ ချင်းဟွာနှင့် ပေကျင်းတက္ကသိုလ်များမှ ကျောင်းသားများသည် မိမိကိုယ်ကို သတ်သေကြသည်ကို ကြားရသည်မှာ အဆန်းမဟုတ်ပေ။
" မင်း အဲဒီအကြောင်းကို ဘယ်လိုသိတာလဲ? " ရှောင်ကျင့်ထျင်က မေးသည်။
" တစ်ချိန်က မင်းရဲ့အစ်ကိုကြီးက မြင့်မြတ်တဲ့မိသားစုက အိုးယန်ကျင်းကို လွမ်းဆွတ်နေပြီး အခု အိုးယန်ကျင်းက ကျောင်းတော်မှာ ချီကျင့်ကြံမှုအဆင့် ၇ ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ အတူရှိနေခဲ့တယ်၊ မင်းအစ်ကိုကြီးရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတယ်လို့ သူမက ပြောခဲ့တယ်။ နောက်တော့ အဲဒီလူက မင်းရဲ့အစ်ကိုကြီးကို အပြစ်ပေးဖို့ တစ်စုံတစ်ဦးကို တောင်းဆိုလိုက်တာက မင်းရဲ့အစ်ကိုကြီးကို ကျောင်းတော်မှာခက်ခဲစေခဲ့တယ်။ "
" ကံကောင်းတာက ကျောင်းတော်မှာစည်းမျဉ်းစည်းကမ်းတွေရှိတယ်။ မင်းရဲ့အစ်ကိုကြီးကို ပစ်မှတ်ထားခဲ့ပေမယ့် အဲဒီလူတွေက သိပ်ပြီးမလုပ်ရဲကြဘူး။ ဖုန်မှုန့်တွေလွင့်ပြယ်သွားတဲ့အခါ အရာအားလုံး အဆင်ပြေသွားမှာပါ။ "
ရှောင်ကျင့်ထျင်က သူ့မေးစေ့ကိုပွတ်သပ်ရင်း ပြောလိုက်သည်: " အစ်ကိုကြီးက ကျောင်းတော်အကြောင်းကို အများကြီးမပြောဖြစ်တာ အံ့သြစရာမရှိတော့ပါဘူး။ " သူ့မှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာထင်ရှား၏။
ရှောင်ကျင့်ထျင်က ရွှီမုရန်ကို စိုက်ကြည့်ကာ သူ့မျက်လုံးတွေတောက်ပလာရင်း ပြောလိုက်သည်: " ကောင်းပြီ၊ သူ့အကြောင်းပြောမနေနဲ့တော့၊ အိပ်ကြရအောင်... "
ရှောင်ကျင့်ထျင်၏ တောက်ပသောအနက်ရောင်မျက်လုံးများကို ကြည့်လိုက်ရင်း ရွှီမုရန်မျက်နှာမှာ ကူကယ်ရာမဲ့စွာနီရဲလာတော့သည်။
...........
" တတိယသခင်လေး၊ ဧည့်သည်တချို့ မင်းဆီကိုလာလည်တယ်။ " ရှောင်ကျင့်ထျင် နိုးလာတော့ အစေခံတစ်ယောက်ဝင်လာပြီး သတင်းပို့၏။
" သူတို့ကဘယ်သူတွေလဲ? " ရှောင်ကျင့်ထျင်က မေးသည်။
" စွင်းမိသားစုရဲ့သား စွင်းချီနဲ့ ကျန်းမိသားစုရဲ့သား ကျန်းလီမင်ပါ... " လို့ အစေခံကပြောသည်။
ရှောင်ကျင့်ထျင်သည် စိတ်ပျက်သောအမူအရာကိုပြလိုက်သည်။ ရောက်လာသည့်သူများသည် ယခင် ရှောင်ကျင့်ထျင်၏ မြေခွေးလိုသူငယ်ချင်းဆိုးများပင်! သူများတွေပြောသလိုပါပဲ လူကောင်းတစ်ယောက်မှာ အပေါင်းအသင်း သုံးမျိုးရှိတယ်။ ဒါဖြင့် လူဆိုးတွေမှာရော! ကွာခြားချက်မှာ သူတော်ကောင်း၏ အပေါင်းအသင်းများသည် အမှန်တကယ် လိုအပ်နေသော သူငယ်ချင်းများ ဖြစ်ကြသော်လည်း ယုတ်ညံ့သော သူငယ်ချင်းများသည် ဒုက္ခရောက်သောအခါ ထွက်ပြေးလွတ်မြောက်သွားမည့် လူဆိုးများပင်ဖြစ်သည်။
ရွှီမုရန်က ခေါင်းယမ်းရင်း ပြောသည်: " နောက်ဆုံးတော့ သူတို့လာပြီပဲ! ငါမျှော်လင့်ထားတာထက် နည်းနည်းနောက်ကျတယ်။ "
မိသားစုကြီးတစ်ခုတွင် အနားယူ အရက်သောက်ပြီး အမျိုးသမီးများနှင့် ဘဝကိုဖြတ်သန်းနေထိုင်တတ်တဲ့ ပုပ်ပွနေသောပန်းသီးတချို့ အမြဲရှိပါသည်။ ယခင်က ရှောင်ကျင့်ထျင်၊ စွင်းချီနှင့် ကျန်းလီမင်တို့သည် ထိုကဲ့သို့သောလူများဖြစ်သည်။
ကွာခြားချက်မှာ ရှောင်ကျင့်ထျင်သည် ရှောင်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး စွင်းမိသားစုမှ စွင်းချီနှင့် ကျန်းမိသားစုမှ ကျန်းလီမင်တို့သည် ရှောင်မိသားစု၏အခွဲဖြစ်သော ဆွေမျိုးများသာဖြစ်သောကြောင့် ၎င်းတို့သည် ရှောင်ကျင့်ထျင်ထက် များစွာနိမ့်ကျသော အဆင့်အတန်းနှင့် နိမ့်ကျသော ဆက်ဆံမှုမျိုးရှိခဲ့သည်။ အတူတူဆုံကြသည့်အခါတိုင်း ရှောင်ကျင့်ထျင်က အချိန်တိုင်းလိုလိုငွေပေးချေခဲ့ရသည်။
မူလရှောင်ကျင့်ထျင် ဒုက္ခရောက်နေချိန်တွင် သူ့အတ္တကိုနှိမ့်ချပြီး ထိုနှစ်ယောက်ထံမှ အကူအညီတောင်းခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။
ရှောင်ကျင့်ထျင်က သူ့လက်ချောင်းတွေကို ပွတ်သပ်ရင်း " သူတို့က ငါဒုက္ခရောက်တုန်းက ထားခဲ့ပြီး၊ အခုအရှက်နည်းစွာနဲ့ ငါ့ကို ချော့မော့ဖို့ လုပ်နေကြတယ်... "
ရွှီမုရန် ပြုံးလိုက်သည်။ အားနည်းသူကို နှိမ့်ချ၍ စွမ်းအားကြီးသူကို မြတ်နိုးခြင်းသည် ဤလောကအတွက် ပုံမှန်သာဖြစ်သည်။
" မင်း သူတို့ကိုလက်ခံတွေ့ချင်လား? " ရွှီမုရန်ကမေးသည်။
ရှောင်ကျင့်ထျင်က ပခုံးတွန့်ပြီး " သူတို့က ရောက်နေပြီ၊ ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့ကိုတွေ့ရမယ်။ "
ရှောင်ကျင့်ထျင်နဲ့ ရွှီမုရန်ထွက်လာသောအခါ စွင်းချီက ရှောင်ကျင့်ထျင်ကိုတွေ့သည်နှင့် အရမ်းစိတ်လှုပ်ရှားကာ " ညီအစ်ကိုရှောင်.... မင်းကိုမတွေ့တာကြာပြီ၊ ငါမင်းကိုအရမ်းသတိရနေတာ! "
ရှောင်ကျင့်ထျင်က နှာခေါင်းရှုံ့ကာ အကြည့်တစ်ချက်ပေးလိုက်ပြီး " တကယ်လား? မင်းငါ့ကိုတွေ့ဖို့ တုချိုးရွာကို ဘာလို့လာမလည်တာလဲ? "
စွင်းချီက ရှက်ရွံ့စွာပြုံးပြီး " အရင်တုန်းက ငါ့မိသားစုက ငါ့ကို အနီးကပ် စောင့်ကြည့်နေတယ်၊ ငါ့မှာ ဒီလိုလုပ်ဖို့ အချိန်မရှိဘူး။ " လို့ ပြောလိုက်သည်။
ရှောင်ကျင့်ထျင်က ပြုံးကာပြောလိုက်သည်: " ဟုတ်လား? မင်း အခု လွတ်သွားပြီပေါ့။ အရင်က မင်းဆီကို အလည်လာခဲ့တယ်၊ ဒါပေမယ့် မင်းအစေခံက ချီလေ့ကျင့်ဖို့ တံခါးပိတ်ပြီး အဆင့်လေးမတက်မချင်း အပြင်မထွက်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံရေးတွေကို အခု ငါတွေ့လိုက်ရတော့...... " အဆင့်သုံးနေရာမှာပဲ ရှိသေးတယ်!
စွင်းချီက ရယ်မောလိုက်ရင်း " ငါက မင်းလောက်မကျွမ်းကျင်ဘူး၊ ငါကိုယ်တိုင်လေ့ကျင့်ဖို့ လအတော်ကြာအောင်ပိတ်ထားပေမယ့် ငါ့မှာအောင်မြင်မှုမရှိခဲ့ဘူး။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ချီအဆင့်ငါးကို တက်သွားတဲ့အတွက် မင်းကအောင်မြင်နေပြီ။ ငါမြင်နိုင်သလောက်တော့ မင်းအနာဂတ်မှာ အဆင့်ကိုးကို တက်လှမ်းပြီး ဒီဒေသမှာ အံ့သြစရာကောင်းလောက်အောင် လွှမ်းမိုးနိုင်မှာသေချာတယ်။ "
ရှောင်ကျင့်ထျင်က သူ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်: " အဲဒါကို ငါမမျှော်လင့်ရဲဘူး။ ငါ အေးအေးဆေးဆေးနေချင်သေးတယ်။ "
ရှောင်ကျင့်ထျင် လျစ်လျူရှုထားသည်ကိုမြင်တော့ စွင်းချီ ရှက်ရွံ့သွားသည်။
" ညီအစ်ကိုရှောင်၊ မင်း ပြန်လာဖို့က အမြဲတမ်း အခွင့်အရေးမရှိလို့ ချွေ့ဝေတည်းခိုခန်းမှာဧည့်ခံပွဲတစ်ခုပေးရအောင်။ " ကျန်းလီမင်က ပြောသည်။
ရှောင်ကျင့်ထျင်က သူ့နဖူးကိုပွတ်သပ်လိုက်သည်။ သူ့ဇနီးရှေ့တွင် ပြည့်တန်ဆာအိမ်တစ်ခုမှာ ဧည့်ခံပွဲတစ်ခုကျင်းပဖို့ သူဘယ်လိုအကြံပြုနိုင်မလဲ?
ရွှီမုရန်သည် စွင်းချီအား မကျေမနပ်အကြည့်ဖြင့် ကြည့်နေကာ " မင်းတို့ နှစ်ယောက် ဒီလောက် ယဉ်ကျေးနေဖို့မလိုပါဘူး။ ချွေ့ဝေတည်းခိုခန်းက ဈေးကြီးတဲ့နေရာပါ။ မင်းတို့ပိုက်ဆံကို ချွေတာပါဦး။ "
ကျန်းလီမင်က ရွှီမုရန်ကို မျက်မှောင်ကြုတ်ကာကြည့်ပြီး ရှောင်ကျင့်ထျင်ကို လှည့်ကြည့်လိုက်သည်။ ရှင်းရှင်းပြောရရင် သူဘာမှမစဉ်းစားဘဲ ရွှီမုရန်ကို လျစ်လျူရှုလိုက်သည်။
ရှောင်ကျင့်ထျင်က ရွှီမုရန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးရင်းပြန်ပြောသည်: " မုရန်ရဲ့သဘောထားက ငါ့သဘောထားပဲ။ "
ကျန်းလီမင်က အံ့အားသင့်စွာပြောသည်: " ညီအစ်ကိုရှောင်... မင်းက ကိုယ့်ကိုကိုယ်ပြုပြင်နေတာလား? ချွေ့ဝေတည်းခိုခန်းက မိန်းကလေးကျင်ဟုန်က မင်းကို လွမ်းဆွတ်နေပြီး မင်းအကြောင်း ငါ့ကိုမေးနေတုန်းပဲ။ မင်းနောက်ဆုံးထွက်ခွါသွားကတည်းက မင်းအတွက် အကြာကြီးဝမ်းနည်းနေခဲ့တာ။ "
ရှောင်ကျင့်ထျင်သည် မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။ သူ့အထင်အမြင်အရ ကျင်ဟုန်သည် မိန်းမပျိုမဟုတ်ပဲ ရိုင်းစိုင်းစွာ၀တ်ဆင်လေ့ရှိသည်။ တစ်ချိန်က သူမသည် ကျော်ကြားလာခဲ့သော်လည်း ယခုအခါတွင် သူမ၏နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
သူမသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး လူများကိုချော့ပြောတတ်သူဖြစ်သောကြောင့် ယခင်က ရိုးရှင်းသော ရှောင်ကျင့်ထျင်သည် သူမကို စွဲလန်းခဲ့ဖူးသည်။ ဒီလောက် ရိုးရှင်းပြီးချမ်းသာတဲ့ ယောက်ျားတစ်ယောက် ထွက်သွားတော့ သူမ အကြာကြီးဝမ်းနည်းနေမှာမဆန်းပေ...။
ရှောင်ကျင့်ထျင်သည် ထိုအမျိုးသမီးကိုချစ်မြတ်နိုးသည့် မူလခန္ဓာကိုယ်ပိုင်ရှင်၏အမြင်ကို နားမလည်နိုင်ခဲ့ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်လုပ်ခဲ့တာတွေကို ပြန်သတိရသောအခါ ခေါင်းကိုက်လာခဲ့သည်။ ဘုရားသခင်! သူက အဘယ်ကြောင့် ထိုသို့သောလူအဖြစ်သို့ ပြန်လည်မွေးဖွားလာသနည်း!
" မိန်းကလေးကျင်ဟုန်ရဲ့ ဧည့်သည်တွေက အများကြီးရှိတယ်၊ သူ ငါ့ကို ဘယ်လိုမှတ်မိနိုင်မှာလဲ? မင်းငါ့ကိုနောက်နေတာလား... " ရှောင်ကျင့်ထျင်ကပြောသည်။
" မဟုတ်ဘူး! ကျင့်ထျင်... မင်းမှားနေပြီ။ မင်းက သူ့အတွက် ထူးခြားတယ်။ "
ရွှီမုရန်က ရွံရှာစွာနှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်ပြောလိုက်သည်: " လူပေါင်းမြောက်မြားစွာနဲ့ ဆော့ကစားနေတဲ့လူကို ကျင့်ထျင်နဲ့ ဘာလို့မိတ်ဆက်ပေးရတာလဲ? မင်းဘာတွေလုပ်နေတာလဲ? တခြားဘာမှ မရှိဘူးဆိုရင်တော့ အခုပဲ ထွက်သွားလိုက်တော့။ "
စွင်းချီ အံ့အားသင့်သွားပြီး ရွှီမုရန်ကို စိုက်ကြည့်ပြီးနောက် ရှောင်ကျင့်ထျင်၏မျက်လုံးများကို စူးစိုက်ကြည့်ကာ ရွှီမုရန်ကို ထိန်းချုပ်ရန်အကြံပြုလိုက်သည်။
သူ့လက်ပေါ်ရှိ လက်စွပ်ကိုကိုင်ကစားနေရင်း ရှောင်ကျင့်ထျင်သည် စွင်းချီ၏မျက်လုံးများကို လျစ်လျူရှုလိုက်သည်။ စွင်းချီသည် ယခုမှပင် သိနေသကဲ့သို့ ရွှီမုရန်ကို အံ့သြစွာကြည့်လိုက်သည်။
" မင်းတို့ရဲ့ကြင်နာမှုကိုလက်ခံဖို့ ကျင့်ထျင်အတွက် တကယ်ကို ခက်ခဲပါတယ်။ အဲ့ဒီအမျိုးသမီးကျင်ဟုန်နဲ့ မင်းတို့ကိုယ်တိုင်ပဲ ပျော်ရွှင်လိုက်ပါ။ ကျင့်ထျင်ရဲ့ ကျင့်ကြံမှုက အခုမတည်မငြိမ်ဖြစ်နေလို့ သူကတံခါးပိတ်ကျင့်ကြံမှု လိုအပ်နေတယ်။ ဘာမှ ကြီးကြီးမားမားမရှိရင် သူ့ဆီ လာမလည်ပါနဲ့...။ " ရွှီမုရန်က ဒေါသတကြီးပြောလိုက်သည်။
" မုရန်... မင်း ဘယ်လိုပြောလိုက်တာလဲ? " စွင်းချီက မကျေမနပ်နဲ့ပြော၏။
" သူပြောတာမှန်တယ်။ ငါ တံခါးပိတ်လေ့ကျင့်တော့မှာ....။ " လို့ ရှောင်ကျင့်ထျင်က ဆိုသည်။
" ညီအစ်ကိုရှောင်... မင်းနောက်နေတာလား။ " ယေဘူယျအားဖြင့်ပြောရလျှင် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ တိုးလာသူသာလျှင် မိမိကိုယ်ကို လေ့ကျင့်ရန်လိုအပ်သည်။
" ဘယ်မှာနောက်နေလို့လဲ? မင်းတို့နှစ်ယောက်တောင် အဆင့်သုံးနဲ့လေ့ကျင့်ဖို့ ကျိုးကြောင်းဆီလျော်နေပြီး ငါကဘာလို့ မလုပ်နိုင်ရမှာလဲ? ငါက အဆင့်ငါးရောက်နေပြီ။ "
စွင်းချီနှင့် ကျန်းလီမင်သည် အတော်လေး ရှက်သွားခဲ့သည်။ စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားကြသည်။
.........
" ဟွန်း.... သူက မိုက်မဲလိုက်တာ။ တစ်ခုခုဖွံ့ဖြိုးတိုးတတ်လာတာနဲ့ ငါတို့ကို အသိအမှတ်မပြုဘဲ မေ့လိုက်တယ်။ " ရှောင်မိသားစုမှ ထွက်သွားသည်နှင့် တပြိုင်နက် စွင်းချီသည် အခြားလူအဖြစ်သို့ ပြောင်းလဲသွားသည်။
" ရှောင်ကျင့်ထျင်လို ယောက်ျားတစ်ယောက်တောင် ကြောက်တတ်တဲ့ခင်ပွန်းဖြစ်လာနိုင်တယ်။ ရွှီမုရန်က သူ့အပေါ် ဘာလုပ်ခဲ့လဲဆိုတာ ငါနားမလည်နိုင်ဘူး။ " ကျန်းလီမင်က အံ့အားသင့်စွာပြောလိုက်သည်။
" ဒီကောင်... အရင်က ရွှီမုရန်ရဲ့ မျက်လုံးတွေကို မကြည့်ဘူး။ သူ ရွှီမုရန်အကြောင်းကို ပြောတဲ့အခါ ရွံမုန်းစရာကောင်းတဲ့ ညစ်ပတ်တဲ့အရာတွေကို ပြောနေသလိုပဲ။ သူထွက်သွားပြီး ပြန်လာတဲ့နောက်မှာ ကြောက်တတ်တဲ့ခင်ပွန်းဖြစ်လာတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ဖြစ်နိုင်တယ်။ "
" ရှောင်ကျင့်ထျင်ကို ရှောင်မိသားစုကနေ နှင်ထုတ်လိုက်တဲ့နောက်မှာ ရွှီမုရန်တစ်ယောက်တည်းနဲ့ပဲ နေထိုင်ခဲ့တဲ့အတွက် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ရင်းနှီးလာခဲ့တယ်။ "
" ဒီကောင် ရွှီမုရန်က သူ့ကံကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာကိုသိတယ်။ ကျေးလက်တောရွာမှာ အလှတရားတွေ မရှိဘူး၊ အဲ့ဒါကြောင့် ရွှီမုရန်ကို ရှောင်ကျင့်ထျင်က သဘောကျသွားခဲ့တာဖြစ်နိုင်တယ်။ ရက်အနည်းငယ်ကြာပြီးရင် ရှောင်ကျင့်ထျင်က သူရဲ့အကျင့်ဟောင်းနဲ့ပုံမှန်ပြန်ဖြစ်လာရင် သူ့မှာ ငိုစရာနေရာတောင်ရှိမှာ မဟုတ်တော့ဘူး။ "
" ဒါအမှန်ပဲ၊ သူက ဟိုးအရင်ထဲက လူယုတ်မာဖြစ်ပေမဲ့ သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ "
ယခင်က ရှောင်ကျင့်ထျင်၊ စွင်းချီနှင့် ကျန်းလီမင်တို့သည် အမြဲအတူတကွ ကစားလေ့ရှိပြီး ရှောင်ကျင့်ထျင်သည် လူကြိုက်အများဆုံးနှင့် အကောင်းမွန်ဆုံးဖြစ်သောကြောင့် သူသည် ၎င်းတို့တွင် ခေါင်းဆောင်ဖြစ်ခဲ့သည်။
စွင်းချီသည် သူ့ရှေ့တွင် ရှောင်ကျင့်ထျင်ကို လေးစားဟန်ဆောင်သော်လည်း အမှန်တကယ်တော့ ရှောင်ကျင့်ထျင်ကို အလွန်မနာလိုဖြစ်မိသည်။ ရှောင်ကျင့်ထျင်၏မိဘများ မရှိတော့ဘဲ ရှောင်မိသားစုမှ နှင်ထုတ်ခံရချိန်တွင် စွင်းချီသည် အလွန်အမင်းကြည်နူးနေပြီး ဤလူယုတ်မာသည် နောက်ဆုံးတွင် ဆုံးခန်းတိုင်သွားပြီဟု ယူဆခဲ့သည်။
သို့သော် ရှောင်ကျင့်ထျင်၏မိဘများ အသက်ရှင်နေသေးပြီး ရှောင်ကျင့်ထျင်သည် ချီကျင့်ကြံမှု၏ အဆင့်ငါးသို့ တက်လှမ်းသွားမည်ဟု သူမမျှော်လင့်ခဲ့ပေ။
" ကံမကောင်းစွာပဲ၊ ချီကျင့်ကြံမှုအဆင့်ငါးကို သူဘယ်လိုအောင်မြင်သွားလဲဆိုတာ ငါနားမလည်ဘူး။ " ကျန်းလီမင်ကပြောသည်။
" အဲဒါက ကံတရားကြောင့်လို့ငါကြားတယ်။ တုချိုးရွာအနီးမှာရှိတဲ့တောထဲမှာ ကောင်းကင်ဘုံရတနာဝိညာဉ်အပင်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ကို တိုးတက်အောင် ကူညီပေးခဲ့တာ....။ " ဟုစွင်းချီကပြောသည်။
" ဒီလိုသိုးမည်းက ဘယ်လိုကံကောင်းမှုမျိုး ရနိုင်တာလဲ! " ကျန်းလီမင်က မနာလိုဝန်တိုစွာဖြင့် ပြောလိုက်သည်။
" ဟုတ်တယ်။ " စွင်းချီက နီရဲနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
" တုချိုးရွာနားကတောထဲမှာ ကောင်းကင်ဘုံရတနာကို ရှာတွေ့နိုင်တဲ့အတွက် အဲဒါကိုစစ်ဆေးကြည့်ရအောင်။ " ကျန်းလီမင်က အကြံပြုလိုက်သည်။
စွင်းချီက ခါးခါးသီးသီးပြုံးကာ " ဒါကို မင်းတစ်ယောက်ပဲ သိတယ်ထင်လား? ကောင်းကင်ဘုံရတနာရဲ့ အကူအညီနဲ့အဆင့်ငါးကို အောင်မြင်ထားတဲ့ ရှောင်ကျင့်ထျင်ရဲ့လျှို့ဝှက်ချက်ကို နေရာအနှံ့ကလူတွေသိထားပြီးပြီ။ မိသားစုကြီးလေးခုလုံးက သူတို့ရဲ့လူတွေကို အဲ့ဒီတောကိုစစ်ဆေးဖို့ စေလွှတ်လိုက်ကြတယ်။ ဝိညာဉ်ရေးအပင်အချို့ကို တွေ့ရှိခဲ့ကြပေမယ့် ၎င်းတို့အားလုံးက သာမန်မျိုးစိတ်တွေဖြစ်နေတယ်။ "
စွင်းချီနှင့် ကျန်းလီမင် ထွက်သွားပြီးနောက် ရှောင်ကျင့်ထျင် စိတ်သက်သာရာရသွားသည်။ အရင်က သူကဘယ်လိုလူပါလိမ့်၊ ဒီလိုလူမိုက်တွေနဲ့ပဲ သူငယ်ချင်းဖြစ်ခဲ့တာ!
" မုရန်၊ မင်းလုပ်လိုက်တာကောင်းတယ်။ " ရှောင်ကျင့်ထျင်က ရွှီမုရန်ကို ပြောလိုက်သည်။
ရွှီမုရန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ဘယ်လိုတွေတောင် ပြောင်းလဲသွားတာလဲ! တစ်နေ့တွင် ရှောင်ကျင့်ထျင်၏ သူငယ်ချင်းဆိုးများကို ဖြောင့်မတ်စွာ ကြိမ်းမောင်းနိုင်မည်ဟု မထင်ထားခဲ့ပေ။
" မင်းမှာ ဒီလိုသူငယ်ချင်းတွေ အများကြီးရှိတယ်။ " ဟု ရွှီမုရန်က ပြောသည်။
ရှောင်ကျင့်ထျင်က လှောင်ပြောင်ရယ်မောလိုက်ကာ " ဒီကောင်တွေ မလာရင်တောင် လာတဲ့အခါ အားလုံးပေါက်ကွဲကုန်လိမ့်မယ်။ " မူလပိုင်ရှင် ဒုက္ခရောက်တုန်းက အဲဒီသူငယ်ချင်းဆိုးတွေ ဘယ်သူကမှ မကူညီခဲ့ပေ။
" မင်းရဲ့နာမည်ပျက်မှာကို မကြောက်ဘူးလား? " ဟု ရွှီမုရန်က မေးသည်။
ရှောင်ကျင့်ထျင်က အလေးအနက်မထားသလိုပြောသည်: " ဘာလို့လဲ? ဘာပဲဖြစ်ဖြစ် ငါ့မှာ နာမည်ပျက်စရာ အကြောင်းမရှိဘူး။ "
ရွှီမုရန်သည် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။ ဒါအမှန်ပဲ!
10.01.22
တက္ကသိုလ်နာမည်၂ခုကို အသံထွက်မှားမှာစိုးရိမ်နေလို့ ကြာသွားပါတယ်။ ကိုယ်မှားနေရင်လဲ ပြောပေးပါနော်။ ❣
Thanks for reading ❤
Zawgyi
ေရွာင္ေရွာင္ဖန္သည္ အ႐ုပ္မ်ားစြာျဖင့္ သူတို႔အိမ္ၿခံဝင္းကို ျပန္လာခဲ့သည္။ ေရွာင္ေရွာင္ဖန္၏ ေပ်ာ္႐ႊင္ေနေသာမ်က္ႏွာကို ျမင္လိုက္ရေသာအခါ ေရွာင္ခ်င္းယန္သည္ ေဒါသမထြက္ဘဲမေနနိုင္ေအာင္ ျဖစ္သြားသည္။
သူ႕သားက ဒဏ္ရာေၾကာင့္ အိပ္ရာထဲမွာ လဲေလ်ာင္းေနေသးေပမယ့္ ေရွာင္ေရွာင္ဖန္ကေတာ့ ေရွာင္က်င့္ထ်င္နဲ႕ ေရွာင္က်င္းဖုန္းတို႔နဲ႕အတူ အရသာရွိတဲ့ဟင္းလ်ာေတြကို ႏွစ္သက္စြာ စားေသာက္ေနခဲ့တယ္! ေရွာင္က်င့္ထ်င္က ဒီအမိုက္အမဲေလးကို သင္ၾကားျပသေပးမယ္လို႔ ေျပာခဲ့ေပမယ့္ သူ႕သားကို အစားအေသာက္ေကာင္းေကာင္းနဲ႕ ကစားစရာအ႐ုပ္ေတြ မ်ားမ်ားစားစား ဝယ္ထားေပးလိုက္တာပဲ ျဖစ္ေနတယ္။
ေရွာင္ခ်င္းယန္ကိုျမင္ေသာအခါ ေရွာင္ေရွာင္ဖန္သည္ ေရွာင္က်င့္ထ်င္၏ေနာက္တြင္ အလ်င္အျမန္ ပုန္းေနလိုက္သည္။
ေရွာင္ေရွာင္ဖန္သည္ ထိုမွ် မလိမၼာေသာ္လည္း အားသာခ်က္မ်ားကို မည္သို႔ရွာႀကံရမည္ႏွင့္ အႏၲရာယ္မ်ားကို ေရွာင္ရွားရန္ သဘာဝအားျဖင့္ သိေနေသးသည္။ ေရွာင္ခ်င္းယန္သည္ အေသးအမႊား ဆက္ဆံရမည့္လူမဟုတ္ေၾကာင္း သူသိထားေသာေၾကာင့္ သူခ်က္ခ်င္းပင္သတိရွိလာခဲ့သည္။
ေရွာင္ခ်င္းယန္သည္ ေရွာင္က်င့္ထ်င္ကို စိုက္ၾကည့္ကာ ေလးနက္စြာေျပာသည္: " တတိယညီ... မင္း စိတ္ထားကေကာင္းလိုက္တာ! မင္းရဲ႕သားကို သင္ေပးမယ္လို႔ ကတိမေပးဘူးလား! ဒါက မင္း သူ႕ကို သင္ေပးေနတာလား? "
" အစ္ကိုႀကီး... ကြၽန္ေတာ္ သူ႕ကိုသင္ေပးၿပီးၿပီ။ ကြၽန္ေတာ္ေျပာထားတယ္၊ သူတပါးကို ထပ္ၿပီး အနိုင္က်င့္ရင္၊ အရသာရွိတဲ့ အစားအေသာက္ေတြႏွင့္ ကစားစရာအ႐ုပ္ေတြကို ရနိုင္မွာမဟုတ္ဘူးလို႔! အခု သူေၾကာက္ေနတယ္၊ မင္းျမင္လား.... သူကိုယ္တိုင္က တျခားသူေတြဆီကေန ပုန္းေအာင္းေနတာပဲေလ။ " လို႔ ေရွာင္က်င့္ထ်င္က ေျပာသည္။
ေရွာင္ခ်င္းယန္က အၿပဳံးတုကို ၿပဳံးျပၿပီး " မင္း ဘယ္ေလာက္ေတာင္ ေတြးေနတာလဲ တတိယညီ။ "
" ဒါေပါ့၊ ကေလးေတြကို သင္ေပးဖို႔ အားထုတ္ရမယ္။ " ေရွာင္က်င့္ထ်င္ သက္ျပင္းခ်လိဳက္သည္။
ထိုစကားကိုၾကားလိုက္သျဖင့္ ေရွာင္ခ်င္းယန္၏ မ်က္ႏွာမွာပ်က္ယြင္းသြားသည္။
ေရွာင္ခ်င္းယန္ ထြက္သြားၿပီး ေရွာင္က်င့္ထ်င္ႏွင့္ ႐ႊီမုရန္တို႔သည္ အျခားၿခံဝင္းသို႔ျပန္ခဲ့ၾကသည္။
ကုတင္ေပၚတြင္ထိုင္ကာ ပ်င္းရိစြာ ေျခဖ၀ါးေတြပြတ္ေနေသာ ေရွာင္က်င့္ထ်င္ကို စိုက္ၾကည့္ရင္း ႐ႊီမုရန္သည္ ေျပာစရာစကားမဲ့သြားသလို ခံစားလိုက္ရသည္။
" ဒီေန႕ လမ္းေပၚမွာလုပ္ငန္းႀကီးေတြ ေတြ႕ခဲ့တယ္။ " လို႔ ေရွာင္က်င့္ထ်င္က ေျပာသည္။
႐ႊီမုရန္က ေခါင္းညိတ္လိုက္ၿပီး " ဟုတ္တယ္။ သဲကႏၲာရၿမိဳ႕က ေက်းလက္ေဒသထက္သာလြန္တယ္၊ ဒီကေစ်းဆိုင္ေတြမွာ ေရွးေဟာင္းပစၥည္းနဲ႕ ေမွာ္ပစၥည္း အမ်ားအျပားရွိေပမယ့္ သူတို႔ကအရမ္းေစ်းႀကီးတယ္။ "
အရင္တုန္းကေတာ့ ဒီလိုေနရာမ်ိဳးကိုဝင္ရဖို႔ အရမ္းဆင္းရဲခဲ့သည္။ တစ္ခါတစ္ရံ ေစ်းဆိုင္ထဲဝင္ဖို႔ သူစိတ္ေတြထင့္ေနခ်ိန္မွာေတာင္ သူ႕ရဲ႕ ညစ္ပတ္တဲ့ပုံစံကို ျမင္လိုက္ရတာေၾကာင့္ ဆိုင္ဝန္ထမ္းေတြက သူ႕ကို လက္ခံလိုစိတ္မရွိၾကေပ။ တစ္ခါတစ္ရံတြင္ ဆိုင္ရွင္အခ်ိဳ႕၏ ႏွင္ထုတ္ျခင္းခံရၿပီး ထိုေနရာသည္ သူ႕လိုလူအတြက္မဟုတ္ေၾကာင္း ေလွာင္ေျပာင္ေျပာဆိုခံခဲ့ရဖူးသည္။
ထိုသို႔ ေတြ႕ႀကဳံလာရေသာအခါတြင္ ႐ႊီမုရန္သည္ ဆိုင္အျပင္ဘက္တြင္သာ မတ္တပ္ရပ္ၿပီးေတာက္ပေနေသာ ေရာင္စုံနံရံကပ္ေၾကာ္ျငာမ်ားႏွင့္ ေၾကာ္ျငာဆိုင္းဘုတ္မ်ားကို ေတာင့္တစြာၾကည့္ေနမိတတ္သည္။
" ငါ့မွာ ေငြသုံးေသာင္းေက်ာ္ ဒါမွမဟုတ္ ေလးေသာင္းေလာက္ရွိေနေသးတယ္၊ တစ္ရက္ေတာ့ သြားၾကည့္ရေအာင္။ " ေရွာင္က်င့္ထ်င္က ေျပာသည္။
႐ႊီမုရန္က အံ့ၾသသြားၿပီး " မင္း ဒီေန႕ဘာလို႔မသြားတာလဲ? "
ေရွာင္က်င့္ထ်င္က ရွက္႐ြံ႕စြာ ျပန္ေျဖသည္: " မင္းေျပာသလိုပဲ၊ ဘာပဲျဖစ္ျဖစ္.... သူတို႔က လုပ္ငန္းႀကီးေတြေလ...။ အဲဒီမွာ ပစၥည္းေတြက ေဈးႀကီးနိုင္တယ္။ ငါတို႔ ေရွာင္ဖန္ကို အဲဒီကို ေခၚသြားၿပီး ေရွာင္ဖန္လိုခ်င္တာ ဘာမဆိုမတတ္နိုင္ရင္ ရွက္စရာ ေကာင္းလိမ့္မယ္။ "
႐ႊီမုရန္: " ...... " အေၾကာင္းျပခ်က္က တကယ္ပါပဲ ......
" ဒီေန႕ မင္းအစ္ကိုႀကီးကို ေစာ္ကားလိုက္တာပဲ " ဟု ႐ႊီမုရန္က ေျပာသည္။
ေရွာင္က်င့္ထ်င္က ပ်င္းရိစြာ ျပန္ေျဖသည္: " မင္းက ဘာကိုေၾကာက္ေနတာလဲ? ငါ အရင္က သူ႕ကို စိတ္ဆိုးေနတာၾကာၿပီ၊ အစ္ကိုႀကီး ထူးဆန္းေနတယ္လို႔ ငါထင္တယ္။ ငါ ပီဖုန္းေက်ာင္းေတာ္အေၾကာင္းကိုေျပာတိုင္း သူအမ်ားႀကီးေျပာၿပီး ဂုဏ္ယူေနခဲ့တာ၊ ဒါေပမယ့္ မၾကာေသးခင္က သူသိပ္မေျပာေတာ့တာက ထူးဆန္းေနတယ္။ "
" သူ႕မွာ ခက္ခဲတဲ့အခ်ိန္ေတြ ရွိေကာင္းရွိနိုင္ပါတယ္။ " ဟု ႐ႊီမုရန္က ေျပာလိုက္သည္။
ေရွာင္က်င့္ထ်င္က ေခါင္းညိတ္လိုက္ၿပီး စိတ္ထဲတြင္ ေတြးလိုက္သည္: ပီဖုန္းေက်ာင္းေတာ္သည္ သူ၏ယခင္ဘဝက အထက္တန္းစားေက်ာင္းတစ္ခုႏွင့္ ညီမွ်သည္။ ၎သည္ ၎၏အဖြဲ႕ဝင္မ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ေက်ာ္ၾကားေသာ္လည္း၊ ရန္ျဖစ္မႈမ်ားလည္း ရွိေနသည္မွာ မလြဲဧကန္ပင္။ သူ၏ယခင္ဘဝတြင္၊ ခ်င္းဟြာႏွင့္ ေပက်င္းတကၠသိုလ္မ်ားမွ ေက်ာင္းသားမ်ားသည္ မိမိကိုယ္ကို သတ္ေသၾကသည္ကို ၾကားရသည္မွာ အဆန္းမဟုတ္ေပ။
" မင္း အဲဒီအေၾကာင္းကို ဘယ္လိုသိတာလဲ? " ေရွာင္က်င့္ထ်င္က ေမးသည္။
" တစ္ခ်ိန္က မင္းရဲ႕အစ္ကိုႀကီးက ျမင့္ျမတ္တဲ့မိသားစုက အိုးယန္က်င္းကို လြမ္းဆြတ္ေနၿပီး အခု အိုးယန္က်င္းက ေက်ာင္းေတာ္မွာ ခ်ီက်င့္ႀကံမႈအဆင့္ ၇ ရွိတဲ့ ေယာက္်ားတစ္ေယာက္နဲ႕ အတူရွိေနခဲ့တယ္၊ မင္းအစ္ကိုႀကီးရဲ႕ ေႏွာင့္ယွက္မႈကို ခံခဲ့ရတယ္လို႔ သူမက ေျပာခဲ့တယ္။ ေနာက္ေတာ့ အဲဒီလူက မင္းရဲ႕အစ္ကိုႀကီးကို အျပစ္ေပးဖို႔ တစ္စုံတစ္ဦးကို ေတာင္းဆိုလိုက္တာက မင္းရဲ႕အစ္ကိုႀကီးကို ေက်ာင္းေတာ္မွာခက္ခဲေစခဲ့တယ္။ "
" ကံေကာင္းတာက ေက်ာင္းေတာ္မွာစည္းမ်ဥ္းစည္းကမ္းေတြရွိတယ္။ မင္းရဲ႕အစ္ကိုႀကီးကို ပစ္မွတ္ထားခဲ့ေပမယ့္ အဲဒီလူေတြက သိပ္ၿပီးမလုပ္ရဲၾကဘူး။ ဖုန္မႈန႔္ေတြလြင့္ျပယ္သြားတဲ့အခါ အရာအားလုံး အဆင္ေျပသြားမွာပါ။ "
ေရွာင္က်င့္ထ်င္က သူ႕ေမးေစ့ကိုပြတ္သပ္ရင္း ေျပာလိုက္သည္: " အစ္ကိုႀကီးက ေက်ာင္းေတာ္အေၾကာင္းကို အမ်ားႀကီးမေျပာျဖစ္တာ အံ့ၾသစရာမရွိေတာ့ပါဘူး။ " သူ႕မွာ ခက္ခဲတဲ့ အခ်ိန္ေတြ ရွိခဲ့တယ္ဆိုတာထင္ရွား၏။
ေရွာင္က်င့္ထ်င္က ႐ႊီမုရန္ကို စိုက္ၾကည့္ကာ သူ႕မ်က္လုံးေတြေတာက္ပလာရင္း ေျပာလိုက္သည္: " ေကာင္းၿပီ၊ သူ႕အေၾကာင္းေျပာမေနနဲ႕ေတာ့၊ အိပ္ၾကရေအာင္... "
ေရွာင္က်င့္ထ်င္၏ ေတာက္ပေသာအနက္ေရာင္မ်က္လုံးမ်ားကို ၾကည့္လိုက္ရင္း ႐ႊီမုရန္မ်က္ႏွာမွာ ကူကယ္ရာမဲ့စြာနီရဲလာေတာ့သည္။
...........
" တတိယသခင္ေလး၊ ဧည့္သည္တခ်ိဳ႕ မင္းဆီကိုလာလည္တယ္။ " ေရွာင္က်င့္ထ်င္ နိုးလာေတာ့ အေစခံတစ္ေယာက္ဝင္လာၿပီး သတင္းပို႔၏။
" သူတို႔ကဘယ္သူေတြလဲ? " ေရွာင္က်င့္ထ်င္က ေမးသည္။
" စြင္းမိသားစုရဲ႕သား စြင္းခ်ီနဲ႕ က်န္းမိသားစုရဲ႕သား က်န္းလီမင္ပါ... " လို႔ အေစခံကေျပာသည္။
ေရွာင္က်င့္ထ်င္သည္ စိတ္ပ်က္ေသာအမူအရာကိုျပလိုက္သည္။ ေရာက္လာသည့္သူမ်ားသည္ ယခင္ ေရွာင္က်င့္ထ်င္၏ ေျမေခြးလိုသူငယ္ခ်င္းဆိုးမ်ားပင္! သူမ်ားေတြေျပာသလိုပါပဲ လူေကာင္းတစ္ေယာက္မွာ အေပါင္းအသင္း သုံးမ်ိဳးရွိတယ္။ ဒါျဖင့္ လူဆိုးေတြမွာေရာ! ကြာျခားခ်က္မွာ သူေတာ္ေကာင္း၏ အေပါင္းအသင္းမ်ားသည္ အမွန္တကယ္ လိုအပ္ေနေသာ သူငယ္ခ်င္းမ်ား ျဖစ္ၾကေသာ္လည္း ယုတ္ညံ့ေသာ သူငယ္ခ်င္းမ်ားသည္ ဒုကၡေရာက္ေသာအခါ ထြက္ေျပးလြတ္ေျမာက္သြားမည့္ လူဆိုးမ်ားပင္ျဖစ္သည္။
႐ႊီမုရန္က ေခါင္းယမ္းရင္း ေျပာသည္: " ေနာက္ဆုံးေတာ့ သူတို႔လာၿပီပဲ! ငါေမွ်ာ္လင့္ထားတာထက္ နည္းနည္းေနာက္က်တယ္။ "
မိသားစုႀကီးတစ္ခုတြင္ အနားယူ အရက္ေသာက္ၿပီး အမ်ိဳးသမီးမ်ားႏွင့္ ဘဝကိုျဖတ္သန္းေနထိုင္တတ္တဲ့ ပုပ္ပြေနေသာပန္းသီးတခ်ိဳ႕ အၿမဲရွိပါသည္။ ယခင္က ေရွာင္က်င့္ထ်င္၊ စြင္းခ်ီႏွင့္ က်န္းလီမင္တို႔သည္ ထိုကဲ့သို႔ေသာလူမ်ားျဖစ္သည္။
ကြာျခားခ်က္မွာ ေရွာင္က်င့္ထ်င္သည္ ေရွာင္မိသားစုမွ တိုက္ရိုက္ဆင္းသက္လာသူျဖစ္ၿပီး စြင္းမိသားစုမွ စြင္းခ်ီႏွင့္ က်န္းမိသားစုမွ က်န္းလီမင္တို႔သည္ ေရွာင္မိသားစု၏အခြဲျဖစ္ေသာ ေဆြမ်ိဳးမ်ားသာျဖစ္ေသာေၾကာင့္ ၎တို႔သည္ ေရွာင္က်င့္ထ်င္ထက္ မ်ားစြာနိမ့္က်ေသာ အဆင့္အတန္းႏွင့္ နိမ့္က်ေသာ ဆက္ဆံမႈမ်ိဳးရွိခဲ့သည္။ အတူတူဆုံၾကသည့္အခါတိုင္း ေရွာင္က်င့္ထ်င္က အခ်ိန္တိုင္းလိုလိုေငြေပးေခ်ခဲ့ရသည္။
မူလေရွာင္က်င့္ထ်င္ ဒုကၡေရာက္ေနခ်ိန္တြင္ သူ႕အတၱကိုႏွိမ့္ခ်ၿပီး ထိုႏွစ္ေယာက္ထံမွ အကူအညီေတာင္းခဲ့ေသာ္လည္း တုံ႕ျပန္မႈမရရွိခဲ့ေပ။
ေရွာင္က်င့္ထ်င္က သူ႕လက္ေခ်ာင္းေတြကို ပြတ္သပ္ရင္း " သူတို႔က ငါဒုကၡေရာက္တုန္းက ထားခဲ့ၿပီး၊ အခုအရွက္နည္းစြာနဲ႕ ငါ့ကို ေခ်ာ့ေမာ့ဖို႔ လုပ္ေနၾကတယ္... "
႐ႊီမုရန္ ၿပဳံးလိုက္သည္။ အားနည္းသူကို ႏွိမ့္ခ်၍ စြမ္းအားႀကီးသူကို ျမတ္နိုးျခင္းသည္ ဤေလာကအတြက္ ပုံမွန္သာျဖစ္သည္။
" မင္း သူတို႔ကိုလက္ခံေတြ႕ခ်င္လား? " ႐ႊီမုရန္ကေမးသည္။
ေရွာင္က်င့္ထ်င္က ပခုံးတြန႔္ၿပီး " သူတို႔က ေရာက္ေနၿပီ၊ ဘာပဲျဖစ္ျဖစ္ ငါတို႔ သူတို႔ကိုေတြ႕ရမယ္။ "
ေရွာင္က်င့္ထ်င္နဲ႕ ႐ႊီမုရန္ထြက္လာေသာအခါ စြင္းခ်ီက ေရွာင္က်င့္ထ်င္ကိုေတြ႕သည္ႏွင့္ အရမ္းစိတ္လႈပ္ရွားကာ " ညီအစ္ကိုေရွာင္.... မင္းကိုမေတြ႕တာၾကာၿပီ၊ ငါမင္းကိုအရမ္းသတိရေနတာ! "
ေရွာင္က်င့္ထ်င္က ႏွာေခါင္းရႈံ႕ကာ အၾကည့္တစ္ခ်က္ေပးလိုက္ၿပီး " တကယ္လား? မင္းငါ့ကိုေတြ႕ဖို႔ တုခ်ိဳး႐ြာကို ဘာလို႔လာမလည္တာလဲ? "
စြင္းခ်ီက ရွက္႐ြံ႕စြာၿပဳံးၿပီး " အရင္တုန္းက ငါ့မိသားစုက ငါ့ကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္၊ ငါ့မွာ ဒီလိုလုပ္ဖို႔ အခ်ိန္မရွိဘူး။ " လို႔ ေျပာလိုက္သည္။
ေရွာင္က်င့္ထ်င္က ၿပဳံးကာေျပာလိုက္သည္: " ဟုတ္လား? မင္း အခု လြတ္သြားၿပီေပါ့။ အရင္က မင္းဆီကို အလည္လာခဲ့တယ္၊ ဒါေပမယ့္ မင္းအေစခံက ခ်ီေလ့က်င့္ဖို႔ တံခါးပိတ္ၿပီး အဆင့္ေလးမတက္မခ်င္း အျပင္မထြက္ဘူးလို႔ ေျပာခဲ့တယ္။ ဒါေပမယ့္ မင္းရဲ႕ က်င့္ႀကံေရးေတြကို အခု ငါေတြ႕လိုက္ရေတာ့...... " အဆင့္သုံးေနရာမွာပဲ ရွိေသးတယ္!
စြင္းခ်ီက ရယ္ေမာလိုက္ရင္း " ငါက မင္းေလာက္မကြၽမ္းက်င္ဘူး၊ ငါကိုယ္တိုင္ေလ့က်င့္ဖို႔ လအေတာ္ၾကာေအာင္ပိတ္ထားေပမယ့္ ငါ့မွာေအာင္ျမင္မႈမရွိခဲ့ဘူး။ ဒါေပမယ့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ခ်ီအဆင့္ငါးကို တက္သြားတဲ့အတြက္ မင္းကေအာင္ျမင္ေနၿပီ။ ငါျမင္နိုင္သေလာက္ေတာ့ မင္းအနာဂတ္မွာ အဆင့္ကိုးကို တက္လွမ္းၿပီး ဒီေဒသမွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ လႊမ္းမိုးနိုင္မွာေသခ်ာတယ္။ "
ေရွာင္က်င့္ထ်င္က သူ႕လက္ကိုေဝွ႕ယမ္းၿပီး ေျပာလိုက္သည္: " အဲဒါကို ငါမေမွ်ာ္လင့္ရဲဘူး။ ငါ ေအးေအးေဆးေဆးေနခ်င္ေသးတယ္။ "
ေရွာင္က်င့္ထ်င္ လ်စ္လ်ဴရႈထားသည္ကိုျမင္ေတာ့ စြင္းခ်ီ ရွက္႐ြံ႕သြားသည္။
" ညီအစ္ကိုေရွာင္၊ မင္း ျပန္လာဖို႔က အၿမဲတမ္း အခြင့္အေရးမရွိလို႔ ေခြၽ႕ေဝတည္းခိုခန္းမွာဧည့္ခံပြဲတစ္ခုေပးရေအာင္။ " က်န္းလီမင္က ေျပာသည္။
ေရွာင္က်င့္ထ်င္က သူ႕နဖူးကိုပြတ္သပ္လိုက္သည္။ သူ႕ဇနီးေရွ႕တြင္ ျပည့္တန္ဆာအိမ္တစ္ခုမွာ ဧည့္ခံပြဲတစ္ခုက်င္းပဖို႔ သူဘယ္လိုအႀကံျပဳနိုင္မလဲ?
႐ႊီမုရန္သည္ စြင္းခ်ီအား မေက်မနပ္အၾကည့္ျဖင့္ ၾကည့္ေနကာ " မင္းတို႔ ႏွစ္ေယာက္ ဒီေလာက္ ယဥ္ေက်းေနဖို႔မလိုပါဘူး။ ေခြၽ႕ေဝတည္းခိုခန္းက ေဈးႀကီးတဲ့ေနရာပါ။ မင္းတို႔ပိုက္ဆံကို ေခြၽတာပါဦး။ "
က်န္းလီမင္က ႐ႊီမုရန္ကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္ၿပီး ေရွာင္က်င့္ထ်င္ကို လွည့္ၾကည့္လိုက္သည္။ ရွင္းရွင္းေျပာရရင္ သူဘာမွမစဥ္းစားဘဲ ႐ႊီမုရန္ကို လ်စ္လ်ဴရႈလိုက္သည္။
ေရွာင္က်င့္ထ်င္က ႐ႊီမုရန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ၿပဳံးရင္းျပန္ေျပာသည္: " မုရန္ရဲ႕သေဘာထားက ငါ့သေဘာထားပဲ။ "
က်န္းလီမင္က အံ့အားသင့္စြာေျပာသည္: " ညီအစ္ကိုေရွာင္... မင္းက ကိုယ့္ကိုကိုယ္ျပဳျပင္ေနတာလား? ေခြၽ႕ေဝတည္းခိုခန္းက မိန္းကေလးက်င္ဟုန္က မင္းကို လြမ္းဆြတ္ေနၿပီး မင္းအေၾကာင္း ငါ့ကိုေမးေနတုန္းပဲ။ မင္းေနာက္ဆုံးထြက္ခြါသြားကတည္းက မင္းအတြက္ အၾကာႀကီးဝမ္းနည္းေနခဲ့တာ။ "
ေရွာင္က်င့္ထ်င္သည္ မ်က္လုံးမ်ားကိုက်ဥ္းေျမာင္းလိုက္သည္။ သူ႕အထင္အျမင္အရ က်င္ဟုန္သည္ မိန္းမပ်ိဳမဟုတ္ပဲ ရိုင္းစိုင္းစြာ၀တ္ဆင္ေလ့ရွိသည္။ တစ္ခ်ိန္က သူမသည္ ေက်ာ္ၾကားလာခဲ့ေသာ္လည္း ယခုအခါတြင္ သူမ၏ေန႕ရက္မ်ား ကုန္ဆုံးသြားခဲ့ၿပီျဖစ္သည္။
သူမသည္ ဆြဲေဆာင္မႈရွိေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လူမ်ားကိုေခ်ာ့ေျပာတတ္သူျဖစ္ေသာေၾကာင့္ ယခင္က ရိုးရွင္းေသာ ေရွာင္က်င့္ထ်င္သည္ သူမကို စြဲလန္းခဲ့ဖူးသည္။ ဒီေလာက္ ရိုးရွင္းၿပီးခ်မ္းသာတဲ့ ေယာက္်ားတစ္ေယာက္ ထြက္သြားေတာ့ သူမ အၾကာႀကီးဝမ္းနည္းေနမွာမဆန္းေပ...။
ေရွာင္က်င့္ထ်င္သည္ ထိုအမ်ိဳးသမီးကိုခ်စ္ျမတ္နိုးသည့္ မူလခႏၶာကိုယ္ပိုင္ရွင္၏အျမင္ကို နားမလည္နိုင္ခဲ့ေပ။ မူလခႏၶာကိုယ္ပိုင္ရွင္လုပ္ခဲ့တာေတြကို ျပန္သတိရေသာအခါ ေခါင္းကိုက္လာခဲ့သည္။ ဘုရားသခင္! သူက အဘယ္ေၾကာင့္ ထိုသို႔ေသာလူအျဖစ္သို႔ ျပန္လည္ေမြးဖြားလာသနည္း!
" မိန္းကေလးက်င္ဟုန္ရဲ႕ ဧည့္သည္ေတြက အမ်ားႀကီးရွိတယ္၊ သူ ငါ့ကို ဘယ္လိုမွတ္မိနိုင္မွာလဲ? မင္းငါ့ကိုေနာက္ေနတာလား... " ေရွာင္က်င့္ထ်င္ကေျပာသည္။
" မဟုတ္ဘူး! က်င့္ထ်င္... မင္းမွားေနၿပီ။ မင္းက သူ႕အတြက္ ထူးျခားတယ္။ "
႐ႊီမုရန္က ႐ြံရွာစြာႏွာေခါင္းရႈံ႕လိုက္ၿပီး ေအးစက္စက္ေျပာလိုက္သည္: " လူေပါင္းေျမာက္ျမားစြာနဲ႕ ေဆာ့ကစားေနတဲ့လူကို က်င့္ထ်င္နဲ႕ ဘာလို႔မိတ္ဆက္ေပးရတာလဲ? မင္းဘာေတြလုပ္ေနတာလဲ? တျခားဘာမွ မရွိဘူးဆိုရင္ေတာ့ အခုပဲ ထြက္သြားလိုက္ေတာ့။ "
စြင္းခ်ီ အံ့အားသင့္သြားၿပီး ႐ႊီမုရန္ကို စိုက္ၾကည့္ၿပီးေနာက္ ေရွာင္က်င့္ထ်င္၏မ်က္လုံးမ်ားကို စူးစိုက္ၾကည့္ကာ ႐ႊီမုရန္ကို ထိန္းခ်ဳပ္ရန္အႀကံျပဳလိုက္သည္။
သူ႕လက္ေပၚရွိ လက္စြပ္ကိုကိုင္ကစားေနရင္း ေရွာင္က်င့္ထ်င္သည္ စြင္းခ်ီ၏မ်က္လုံးမ်ားကို လ်စ္လ်ဴရႈလိုက္သည္။ စြင္းခ်ီသည္ ယခုမွပင္ သိေနသကဲ့သို႔ ႐ႊီမုရန္ကို အံ့ၾသစြာၾကည့္လိုက္သည္။
" မင္းတို႔ရဲ႕ၾကင္နာမႈကိုလက္ခံဖို႔ က်င့္ထ်င္အတြက္ တကယ္ကို ခက္ခဲပါတယ္။ အဲ့ဒီအမ်ိဳးသမီးက်င္ဟုန္နဲ႕ မင္းတို႔ကိုယ္တိုင္ပဲ ေပ်ာ္႐ႊင္လိုက္ပါ။ က်င့္ထ်င္ရဲ႕ က်င့္ႀကံမႈက အခုမတည္မၿငိမ္ျဖစ္ေနလို႔ သူကတံခါးပိတ္က်င့္ႀကံမႈ လိုအပ္ေနတယ္။ ဘာမွ ႀကီးႀကီးမားမားမရွိရင္ သူ႕ဆီ လာမလည္ပါနဲ႕...။ " ႐ႊီမုရန္က ေဒါသတႀကီးေျပာလိုက္သည္။
" မုရန္... မင္း ဘယ္လိုေျပာလိုက္တာလဲ? " စြင္းခ်ီက မေက်မနပ္နဲ႕ေျပာ၏။
" သူေျပာတာမွန္တယ္။ ငါ တံခါးပိတ္ေလ့က်င့္ေတာ့မွာ....။ " လို႔ ေရွာင္က်င့္ထ်င္က ဆိုသည္။
" ညီအစ္ကိုေရွာင္... မင္းေနာက္ေနတာလား။ " ေယဘူယ်အားျဖင့္ေျပာရလွ်င္ အဆင့္ရွစ္ သို႔မဟုတ္ အဆင့္ကိုးသို႔ တိုးလာသူသာလွ်င္ မိမိကိုယ္ကို ေလ့က်င့္ရန္လိုအပ္သည္။
" ဘယ္မွာေနာက္ေနလို႔လဲ? မင္းတို႔ႏွစ္ေယာက္ေတာင္ အဆင့္သုံးနဲ႕ေလ့က်င့္ဖို႔ က်ိဳးေၾကာင္းဆီေလ်ာ္ေနၿပီး ငါကဘာလို႔ မလုပ္နိုင္ရမွာလဲ? ငါက အဆင့္ငါးေရာက္ေနၿပီ။ "
စြင္းခ်ီႏွင့္ က်န္းလီမင္သည္ အေတာ္ေလး ရွက္သြားခဲ့သည္။ စကားအနည္းငယ္ေျပာၿပီးေနာက္ ထြက္ခြာသြားၾကသည္။
.........
" ဟြန္း.... သူက မိုက္မဲလိုက္တာ။ တစ္ခုခုဖြံ႕ၿဖိဳးတိုးတတ္လာတာနဲ႕ ငါတို႔ကို အသိအမွတ္မျပဳဘဲ ေမ့လိုက္တယ္။ " ေရွာင္မိသားစုမွ ထြက္သြားသည္ႏွင့္ တၿပိဳင္နက္ စြင္းခ်ီသည္ အျခားလူအျဖစ္သို႔ ေျပာင္းလဲသြားသည္။
" ေရွာင္က်င့္ထ်င္လို ေယာက္်ားတစ္ေယာက္ေတာင္ ေၾကာက္တတ္တဲ့ခင္ပြန္းျဖစ္လာနိုင္တယ္။ ႐ႊီမုရန္က သူ႕အေပၚ ဘာလုပ္ခဲ့လဲဆိုတာ ငါနားမလည္နိုင္ဘူး။ " က်န္းလီမင္က အံ့အားသင့္စြာေျပာလိုက္သည္။
" ဒီေကာင္... အရင္က ႐ႊီမုရန္ရဲ႕ မ်က္လုံးေတြကို မၾကည့္ဘူး။ သူ ႐ႊီမုရန္အေၾကာင္းကို ေျပာတဲ့အခါ ႐ြံမုန္းစရာေကာင္းတဲ့ ညစ္ပတ္တဲ့အရာေတြကို ေျပာေနသလိုပဲ။ သူထြက္သြားၿပီး ျပန္လာတဲ့ေနာက္မွာ ေၾကာက္တတ္တဲ့ခင္ပြန္းျဖစ္လာတယ္။ ဒီႏွစ္ကေတာ့ ထူးထူးျခားျခား ျဖစ္နိုင္တယ္။ "
" ေရွာင္က်င့္ထ်င္ကို ေရွာင္မိသားစုကေန ႏွင္ထုတ္လိုက္တဲ့ေနာက္မွာ ႐ႊီမုရန္တစ္ေယာက္တည္းနဲ႕ပဲ ေနထိုင္ခဲ့တဲ့အတြက္ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ရင္းႏွီးလာခဲ့တယ္။ "
" ဒီေကာင္ ႐ႊီမုရန္က သူ႕ကံကို ဘယ္လိုတြန္းလွန္ရမလဲဆိုတာကိုသိတယ္။ ေက်းလက္ေတာ႐ြာမွာ အလွတရားေတြ မရွိဘူး၊ အဲ့ဒါေၾကာင့္ ႐ႊီမုရန္ကို ေရွာင္က်င့္ထ်င္က သေဘာက်သြားခဲ့တာျဖစ္နိုင္တယ္။ ရက္အနည္းငယ္ၾကာၿပီးရင္ ေရွာင္က်င့္ထ်င္က သူရဲ႕အက်င့္ေဟာင္းနဲ႕ပုံမွန္ျပန္ျဖစ္လာရင္ သူ႕မွာ ငိုစရာေနရာေတာင္ရွိမွာ မဟုတ္ေတာ့ဘူး။ "
" ဒါအမွန္ပဲ၊ သူက ဟိုးအရင္ထဲက လူယုတ္မာျဖစ္ေပမဲ့ သူ႕ကိုယ္သူ အထင္ႀကီးေနတာပဲ။ "
ယခင္က ေရွာင္က်င့္ထ်င္၊ စြင္းခ်ီႏွင့္ က်န္းလီမင္တို႔သည္ အၿမဲအတူတကြ ကစားေလ့ရွိၿပီး ေရွာင္က်င့္ထ်င္သည္ လူႀကိဳက္အမ်ားဆုံးႏွင့္ အေကာင္းမြန္ဆုံးျဖစ္ေသာေၾကာင့္ သူသည္ ၎တို႔တြင္ ေခါင္းေဆာင္ျဖစ္ခဲ့သည္။
စြင္းခ်ီသည္ သူ႕ေရွ႕တြင္ ေရွာင္က်င့္ထ်င္ကို ေလးစားဟန္ေဆာင္ေသာ္လည္း အမွန္တကယ္ေတာ့ ေရွာင္က်င့္ထ်င္ကို အလြန္မနာလိုျဖစ္မိသည္။ ေရွာင္က်င့္ထ်င္၏မိဘမ်ား မရွိေတာ့ဘဲ ေရွာင္မိသားစုမွ ႏွင္ထုတ္ခံရခ်ိန္တြင္ စြင္းခ်ီသည္ အလြန္အမင္းၾကည္ႏူးေနၿပီး ဤလူယုတ္မာသည္ ေနာက္ဆုံးတြင္ ဆုံးခန္းတိုင္သြားၿပီဟု ယူဆခဲ့သည္။
သို႔ေသာ္ ေရွာင္က်င့္ထ်င္၏မိဘမ်ား အသက္ရွင္ေနေသးၿပီး ေရွာင္က်င့္ထ်င္သည္ ခ်ီက်င့္ႀကံမႈ၏ အဆင့္ငါးသို႔ တက္လွမ္းသြားမည္ဟု သူမေမွ်ာ္လင့္ခဲ့ေပ။
" ကံမေကာင္းစြာပဲ၊ ခ်ီက်င့္ႀကံမႈအဆင့္ငါးကို သူဘယ္လိုေအာင္ျမင္သြားလဲဆိုတာ ငါနားမလည္ဘူး။ " က်န္းလီမင္ကေျပာသည္။
" အဲဒါက ကံတရားေၾကာင့္လို႔ငါၾကားတယ္။ တုခ်ိဳး႐ြာအနီးမွာရွိတဲ့ေတာထဲမွာ ေကာင္းကင္ဘုံရတနာဝိညာဥ္အပင္အခ်ိဳ႕ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး သူ႕ကို တိုးတက္ေအာင္ ကူညီေပးခဲ့တာ....။ " ဟုစြင္းခ်ီကေျပာသည္။
" ဒီလိုသိုးမည္းက ဘယ္လိုကံေကာင္းမႈမ်ိဳး ရနိုင္တာလဲ! " က်န္းလီမင္က မနာလိုဝန္တိုစြာျဖင့္ ေျပာလိုက္သည္။
" ဟုတ္တယ္။ " စြင္းခ်ီက နီရဲေနေသာမ်က္လုံးမ်ားျဖင့္ ေျပာလိုက္သည္။
" တုခ်ိဳး႐ြာနားကေတာထဲမွာ ေကာင္းကင္ဘုံရတနာကို ရွာေတြ႕နိုင္တဲ့အတြက္ အဲဒါကိုစစ္ေဆးၾကည့္ရေအာင္။ " က်န္းလီမင္က အႀကံျပဳလိုက္သည္။
စြင္းခ်ီက ခါးခါးသီးသီးၿပဳံးကာ " ဒါကို မင္းတစ္ေယာက္ပဲ သိတယ္ထင္လား? ေကာင္းကင္ဘုံရတနာရဲ႕ အကူအညီနဲ႕အဆင့္ငါးကို ေအာင္ျမင္ထားတဲ့ ေရွာင္က်င့္ထ်င္ရဲ႕လွ်ို႔ဝွက္ခ်က္ကို ေနရာအႏွံ႕ကလူေတြသိထားၿပီးၿပီ။ မိသားစုႀကီးေလးခုလုံးက သူတို႔ရဲ႕လူေတြကို အဲ့ဒီေတာကိုစစ္ေဆးဖို႔ ေစလႊတ္လိုက္ၾကတယ္။ ဝိညာဥ္ေရးအပင္အခ်ိဳ႕ကို ေတြ႕ရွိခဲ့ၾကေပမယ့္ ၎တို႔အားလုံးက သာမန္မ်ိဳးစိတ္ေတြျဖစ္ေနတယ္။ "
စြင္းခ်ီႏွင့္ က်န္းလီမင္ ထြက္သြားၿပီးေနာက္ ေရွာင္က်င့္ထ်င္ စိတ္သက္သာရာရသြားသည္။ အရင္က သူကဘယ္လိုလူပါလိမ့္၊ ဒီလိုလူမိုက္ေတြနဲ႕ပဲ သူငယ္ခ်င္းျဖစ္ခဲ့တာ!
" မုရန္၊ မင္းလုပ္လိုက္တာေကာင္းတယ္။ " ေရွာင္က်င့္ထ်င္က ႐ႊီမုရန္ကို ေျပာလိုက္သည္။
႐ႊီမုရန္က ကူကယ္ရာမဲ့စြာ ၿပဳံးလိုက္သည္။ ဘယ္လိုေတြေတာင္ ေျပာင္းလဲသြားတာလဲ! တစ္ေန႕တြင္ ေရွာင္က်င့္ထ်င္၏ သူငယ္ခ်င္းဆိုးမ်ားကို ေျဖာင့္မတ္စြာ ႀကိမ္းေမာင္းနိုင္မည္ဟု မထင္ထားခဲ့ေပ။
" မင္းမွာ ဒီလိုသူငယ္ခ်င္းေတြ အမ်ားႀကီးရွိတယ္။ " ဟု ႐ႊီမုရန္က ေျပာသည္။
ေရွာင္က်င့္ထ်င္က ေလွာင္ေျပာင္ရယ္ေမာလိုက္ကာ " ဒီေကာင္ေတြ မလာရင္ေတာင္ လာတဲ့အခါ အားလုံးေပါက္ကြဲကုန္လိမ့္မယ္။ " မူလပိုင္ရွင္ ဒုကၡေရာက္တုန္းက အဲဒီသူငယ္ခ်င္းဆိုးေတြ ဘယ္သူကမွ မကူညီခဲ့ေပ။
" မင္းရဲ႕နာမည္ပ်က္မွာကို မေၾကာက္ဘူးလား? " ဟု ႐ႊီမုရန္က ေမးသည္။
ေရွာင္က်င့္ထ်င္က အေလးအနက္မထားသလိုေျပာသည္: " ဘာလို႔လဲ? ဘာပဲျဖစ္ျဖစ္ ငါ့မွာ နာမည္ပ်က္စရာ အေၾကာင္းမရွိဘူး။ "
႐ႊီမုရန္သည္ ေျပာစရာစကားမဲ့သြားသလို ခံစားလိုက္ရသည္။ ဒါအမွန္ပဲ!
10.01.22
တကၠသိုလ္နာမည္၂ခုကို အသံထြက္မွားမွာစိုးရိမ္ေနလို႔ ၾကာသြားပါတယ္။ ကိုယ္မွားေနရင္လဲ ေျပာေပးပါေနာ္။ ❣
Thanks for reading ❤