Unicode
ကျိုးမိသားစုတွင်။
" အခု အရမ်းနောက်ကျနေပြီ၊ ဘာလို့ မအိပ်သေးတာလဲ? " ကျိုးခန်းဟယ်က အိပ်ခန်းထဲကို ဝင်သွားပြီး စွင်းမြောင်ယင်ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
" ရှောင်ကျင့်ထျင်နဲ့ ရှောင်ချင်းယန်တို့ရဲ့သားလေးတွေ ဒီနေ့ရန်ပွဲဖြစ်တယ်ဆိုတဲ့အကြောင်းကို ရှောင်မြောင်ဆီက သတင်းစကားတစ်ခုရခဲ့တယ်... " လို့ စွင်းမြောင်ယင်က ပြန်ပြောလိုက်သည်။
" ငါလည်း ကြားလိုက်တယ်။ " မိသားစုကြီးလေးစုမှာ တစ်ယောက်နဲ့တစ်ယောက် သူလျှိုတွေရှိကြပြီး မိသားစုတစ်စုမှာ တစ်ခုခုဖြစ်တဲ့အခါတိုင်း ကျန်တဲ့သုံးစုက ချက်ခြင်းသိလိမ့်မည်ဖြစ်သည်။
" ရှောင်ချင်းယန်က ရှောင်ရဲ့ဒုတိယမိသားစုမှာ အထူးချွန်ဆုံးပဲ၊ ဒါပေမယ့် ယခုအချိန်မှာ ရှောင်ကျင်းဖုန်းနဲ့ ရှောင်ကျင့်ထျင်တို့က ချီကျင့်ကြံမှုရဲ့ ပဉ္စမအဆင့်သို့ တက်လှမ်းလာကြပြီး ရှောင်ချင်းယန်ရဲ့ ကျင့်ကြံမှုနှင့် အသက်အရွယ်အရ အားနည်းချက်တွေရှိနေတယ်၊ ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့က ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက်ကို ပြသခဲ့ကြပြီး၊ ရှောင်ချင်းယန်ရဲ့ သာလွန်ကောင်းမွန်သော ရာထူးက ပျောက်ကွယ်သွားနိုင်တယ်။ " ကျိုးခန်းဟယ်က ရယ်မောလိုက်သည်။
" ရှောင်ကျင့်ထျင်က အခုအချိန်မှာသူပြန်လာကတည်းက အသစ်စက်စက် လူတစ်ယောက်အဖြစ် ပုံစံပြောင်းသွားပုံရတယ်။ " ဟု စွင်းမြောင်ယင်မှ ပြောသည်။
ရှောင်ကျင့်ထျင်သည် ယခင်က စွင်းမြောင်မြောင်နှင့် လိုက်လျောညီထွေရှိခဲ့သော်လည်း ယခုအခါ မြောင်မြောင်၏အဆိုအရ သူမအား ဂရုမစိုက်စွာ ဆက်ဆံခဲ့ပြီး သူမကို မုန်းတီးနေပုံရသည်။
"ဒါအမှန်ပဲ၊ ဒီတတိယမြောက်ရှောင်သခင်လေးက ဒီလောက်တောင် ထူးချွန်တဲ့လူဆိုတာ ငါမမြင်ခဲ့ရဘူး၊ အနာဂတ်မှာ သူ့ကို တကယ်လျှော့တွက်လို့မရဘူး။ ရှောင်ကျင့်ထျင်က ရှောင်ကျင်းဖုန်း ဒုက္ခရောက်နေချိန်ကူညီခဲ့ပြီး ရှောင်ကျင်းဖုန်းက ခပ်တုံးတုံးဖြစ်တဲ့အတွက်ကြောင့် သူတို့ကအရမ်းရင်းနှီးလာကြတယ်။ "
ကျိုးခန်းဟယ်က ရှောင်ကျင်းဖုန်းကို ပြောနေတာကို ကြားလိုက်တဲ့အခါ စွင်းမြောင်ယင်၏ စိတ်မှာအနည်းငယ်သိမ်မွေ့သွားခဲ့သည်။ ငယ်စဉ်ကတည်းက ရှောင်ကျင်းဖုန်းနှင့် စေ့စပ်ထားခဲ့သော်လည်း သူမ ကြီးပြင်းလာသောအခါတွင် သူမ၏ အရည်အချင်းရှိမှုကြောင့် စေ့စပ်ပွဲကို မကျေမနပ်ဖြစ်ပြီး၊ စွင်းမိသားစုကလည်း အစပိုင်းတွင် စေ့စပ်ပွဲကို အလျင်စလိုဆုံးဖြတ်ခဲ့သည့်အတွက် နောင်တရခဲ့ကြသည်။
ရှောင်ကျင်းဖုန်း၏ မိဘများမရှိတော့သည့်အခါ စွင်းမိသားစုက စေ့စပ်ပွဲကိုဖြတ်တောက်ဖို့ အခွင့်အရေးရယူခဲ့သည်။
ထို့နောက်တွင် စွင်းမြောင်ယင်မှာ စိတ်သက်သာရာရသွားသည်။ ဒီအတွက် ရှောင်ကျင်းဖုန်းက အချိန်အတော်ကြာ စိတ်ဆိုးလိမ့်မယ်လို့ သူမထင်ခဲ့ပေမယ့် ရှောင်ကျင်းဖုန်းဟာ စွင်းမြောင်ယင်နဲ့ စေ့စပ်ပွဲပျက်သွားချိန်မှာတောင် ရှောင်ကျင်းဖုန်းက ကောဖြစ်တဲ့ မုရှူးယွီကိုချစ်မိသွားကြောင်း သူမကြားသိရပြီး မုရှူးယွီက ထိုအချိန်တွင် ရှောင်ကျင်းဖုန်း၏ကလေးကိုတောင် ပဋိသန္ဓေယူခဲ့ပါသေးသည်။
စွင်းမြောင်ယင်သည် ထိုအချက်ကို သိလိုက်ရသဖြင့် အတော်လေး စိတ်မသက်မသာ ခံစားခဲ့ရသည်။
မုရှူးယွီမှာလည်း ပြုစုပျိုးထောင်မှုစွမ်းရည်ရှိပြီး စွင်းမြောင်ယင်ကဲ့သို့ ချီကျင့်ကြံမှုတွင် အဆင့်ငါးအထိ မြင့်မားလာခဲ့ပြီး သူမကိုပို၍ပင် စိတ်မသက်မသာဖြစ်စေခဲ့သည်။
..........
နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်ကျင့်ထျင်သည် သူ့မိသားစုနှင့်အတူ ထွက်လာခဲ့သည်။
ရှောင်ကျင့်ထျင်သည် ရှောင်ကျင်းဖုန်းနှင့် မုရှူးယွီကို အတူတူသွားရန်အတွက် ဖိတ်ကြားခဲ့သည်။ ရှောင်ကျင်းဖုန်းက ရှောင်ရှောင်ဖန်က ရှောင်ယွဲ့ရုန်ကို ဒဏ်ရာရရှိသွားတဲ့အတွက် အခုလို ဝိုင်းဖွဲ့သွားဖို့ရန် မသင့်တော်ဘူးလို့ ခံစားရပေမယ့် ရှောင်ရှောင်ဖန်နဲ့ ရှောင်ရှောင်တုန်တို့ရဲ့ မျှော်လင့်ထားတဲ့ အမူအရာတွေကို ငြင်းလို့မရခဲ့ပေ။
ရှောင်ရှောင်ဖန်သည် ငယ်စဉ်ကတည်းက စျေးများမရောက်ဖူးသောကြောင့် ကုန်ပစ္စည်းမျိုးစုံ၏ ဆွဲဆောင်မှုကို မှင်တတ်သွားခဲ့သည်။ ရှောင်ရှောင်တုန်သည်လည်း စူးစမ်းချင်စိတ်အပြည့်ရှိခဲ့သည်။
ရှောင်ကျင့်ထျင် သဲကန္တာရမြို့ကို ပြန်လာသောအခါ တုချိုးရွာရှိသူ့လယ်နဲ့ အိမ်တွေကိုရောင်းခဲ့ပြီး... ဒီမှာ မိသားစုအိမ်ခြံမြေတွေ ရှိတာကြောင့် အခုချိန်မှာတော့ သူတော်တော်ချမ်းသာနေခဲ့ကာ ရှောင်ရှောင်ဖန် ကြိုက်တဲ့အရာကို သူဝယ်ပေးဖို့ ဆန္ဒရှိနေသည်။
ရှောင်ကျင့်ထျင်သည် အသုံးစရိတ်တစ်ခုလို ပြုမူသည်ကို မြင်လိုက်ရသဖြင့် ရွှီမုရန်က " သူ့ကို ဒီလိုမျိုး မပျက်ဆီးစေနဲ့။ "
ရှောင်ကျင့်ထျင်က ပြုံးပြီး " ရှောင်ဖန်က အရမ်းငယ်သေးပြီး အပျော်သဘောဆောင်တတ်တဲ့ အရွယ်ပါ။ "
ရွှီမုရန်လည်း ပြုံးပြပြီး သူ့ကိုမတားတော့ပေ။ ရှောင်ဖန်သည် မွေးကတည်းက ဝေဒနာများစွာ ခံစားခဲ့ရသောကြောင့် ရွှီမုရန် ဝမ်းနည်းခဲ့ရသည်။
ရှောင်ရှောင်တုန်၏မျက်နှာသည် အမူအယာမဲ့နေပြီး ရှောင်ရှောင်ဖန်နှစ်သက်သည့် မည်သည့်အရုပ်ကိုမဆို ကဲ့ရဲ့နေသော်လည်း သူ့မျက်လုံးများ၏ နက်နဲသောနေရာတွင် မနာလိုမှုအနည်းငယ်ရှိနေသည်။
ရှောင်ကျင့်ထျင်က ရှောင်ရှောင်တုန်ကိုကြည့်လိုက်ကာ " ရှောင်တုန်! မင်းက အရုပ်မလိုချင်ဘူးလား? "
ရှောင်ရှောင်တုန်က သူ့လက်ကိုအနောက်ဖက်တွင် ဆုပ်ကိုင်ထားပြီး ဂုဏ်ယူနေသောမျက်နှာဖြင့် ခေါင်းကိုပင့်မြှောက်ကာ " ကျွန်တော်က အရုပ်တွေနဲ့မကစားတော့တာ ကြာပြီ။ " ဟုပြောလိုက်သည်။
ရှောင်ရှောင်ဖန်က အံ့သြသောအမူအရာဖြင့် ရှောင်ရှောင်တုန်ကိုကြည့်ကာ: " အစ်ကို၊ အရင်က အရုပ်တွေရှိတယ်မလား? အစ်ကို တိတ်တိတ်လေးပုန်းပြီး ကစားနေတာကို ကျွန်တော်ဘာလို့မသိခဲ့တာလဲ? "
ရှောင်ရှောင်တုန်သည် သူ့စိတ်ဆိုးသွားသလို ရှောင်ရှောင်ဖန်ကို စိုက်ကြည့်နေကာ " လူမိုက် "
" ကျွန်တော့်ကို မဆူပူပါနဲ့အစ်ကိုရယ်... ကျွန်တော်က လူမိုက်မဟုတ်ဘူး။ ကျွန်တော် မမိုက်ရင် အစ်ကို့ကို အပြစ်တင်တယ်။ " လို့ ရှောင်ရှောင်ဖန်က စိတ်ဓာတ်ကျစွာပြောလိုက်သည်။
ရှောင်ရှောင်တုန်တွင် ပြောစရာမရှိတော့ပေ။
ယနေ့တွင် ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်က သူ့မိသားစုကိုအပြင်ထွက်လည်ရန် ခေါ်ဆောင်သွားကြောင်း သိလိုက်ရသဖြင့် အံကြိတ်လုနီးပါးဖြစ်နေသည်။ သူသည် ရှောင်ကျင့်ထျင်ကို တစ်ခုခုပြောရန်ဆန္ဒရှိခဲ့ပြီး ယခု ရှောင်ကျင့်ထျင်ကိုပင် ဒေါသထွက်နေခဲ့သည်။
..........
ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ပြီး လူတိုင်းကို ထိုနေရာသို့ခေါ်သွားခဲ့သည်။
သဲကန္တာရမြို့၏ စားသောက်ဆိုင်တွင် တစ်ဖန်ပြန်ထိုင်ရင်း ရှောင်ကျင်းဖုန်းသည် အခြားကမ္ဘာတစ်ခုလိုခံစားလိုက်ရသည်။
ရှောင်ရှောင်ဖန်သည် ဟင်းလျာအမည်များကိုဖတ်ပြီး ဟင်းပွဲများ တစ်ခုပြီးတစ်ခုမှာယူနေသည်။
ရွှီမုရန်က ရှောင်ကျင့်ထျင်ဘက်လှည့်ပြီး " ငါတို့ ဟင်းတွေအများကြီး မစားနိုင်ဘူး။ " လို့ပြောလိုက်သည်။
ရှောင်ကျင့်ထျင်က လျစ်လျူရှုကာပြောသည်: " ဒါက အဆင်ပြေပါတယ်။ ငါတို့က ဒီလိုမျိုး အမြဲတမ်း သွားစားတာမဟုတ်ဘူး။ ငါတို့သားလေး ဒီမှာစားတာ ဒါပထမဆုံးပဲ၊ ငါတို့ သူ့ကိုသဘာဝအတိုင်းကျွေးသင့်တယ်။ "
ရွှီမုရန်က ပြုံးကာ " ကောင်းပြီ "
မုရှူးယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်: "ငါ ဒီစားသောက်ဆိုင်ကို မရောက်တာကြာပြီ။ နောက်ဆုံးအကြိမ်က ကြေးစားအဖွဲ့မှာ အမှုထမ်းနေချိန်ပဲ မှတ်မိတော့တယ်….. " ဈေးကြီးတဲ့ပွဲကြီးတစ်ခုဆိုတာ သတိရလိုက်ပြီး ရုတ်တရက်ရပ်လိုက်ကာ ရှောင်ကျင်းဖုန်းကို အပြစ်ရှိသလို တစ်ချက်ကြည့်လိုက်သည်။
ဒါပေမယ့် ရှောင်ကျင်းဖုန်းက သူ့ရဲ့လက်ကိုကိုင်ထားပြီးပြောလိုက်သည်: " မင်း ကိုယ်အလေးချိန် အများကြီးကျသွားပြီထင်တယ်၊ ခဏနေရင်ပိုစားလို့ရတယ်.....။ "
မုရှူးယွီက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလေသည်: " ငါကလား? မင်း အဓိပ္ပါယ်မရှိတာတွေပြောနေပြီ! "
ရှောင်ရှောင်ဖူသည် မုရှူးယွီ၏ ရင်ခွင်ထဲတွင် ငြီးငွေ့စွာဖြင့် သမ်းဝေနေသည်။
ဟင်းလျာများမှာယူပြီးနောက် ရှောင်ရှောင်ဖန်က စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်လိုက်သည်။
စားသောက်ဆိုင်သည် အစားအစာများကို အလွန်လျင်မြန်စွာ ဆောင်ရွက်ပေးပြီး မကြာမီ ဟင်းမျိုးစုံ စားပွဲပေါ် ရောက်ရှိလာသည်။
မုရှူးယွီသည် ရှောင်ရှောင်ဖူ့ကို ကြက်ဥအချိုမုန့်ကိုဇွန်းဖြင့်ကျွေးနေသည်။ ကလေးကိုကျွေးမွေးပြုစုရတာ အလုပ်များလွန်းတာကြောင့် ရှောင်ကျင်းဖုန်းက ဖက်ထုပ်ကိုတူဖြင့်ညှပ်ပြီး သူ့နှုတ်ခမ်းနားကို တေ့ပေးလိုက်သည်။ " အရသာ မြည်းကြည့်ပါဦး။ ဖက်ထုပ်က အရသာရှိတယ်။ "
မုရှူးယွီသည် သူ၏မျက်နှာနီရဲလာပြီး ရှက်ရွံ့သွားသလို ခံစားလိုက်ရသော်လည်း သူမငြင်းဆန်ခဲ့ပေ။
........
" ကျိုးသခင်လေး၊ ကျိုးသခင်မလေး.... ကျေးဇူးပြုပြီး ဒီဖက်ကြွပါ... " စားပွဲထိုးက ဧည့်သည်နှစ်ယောက်ကို အပေါ်ထပ်သို့ခေါ်သွား၏။
ရှောင်ကျင့်ထျင်သည် ရောက်ရှိလာသည့်ဧည့်သည်များကို စိတ်ဝင်တစားကြည့်နေသည်။ သူတို့နှစ်ယောက်က အသိအကျွမ်းတွေဖြစ်နေပြီး ကျိုးခန်းဟယ်နဲ့ စွင်းမြောင်ယင်တို့ဖြစ်သည်။
ရှောင်ကျင်းဖုန်းသည် ဧည့်သည်များအား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပဲ မွှေးချိုနေတဲ့ဖက်ထုပ်ပန်းကန်ကိုကိုင်ပြီး မုရှူးယွီရဲ့ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်ကာ " ရှူးယွီ၊ ဖက်ထုပ်တွေက မွှေးကြိုင်နေပြီးအရသာရှိတယ်၊ မြည်းကြည့်စမ်းပါ။ "
မုရှူးယွီက ရှက်ရွံ့စွာပြုံးပြီး ဖက်ထုပ်တစ်ခုကို မျိုချလိုက်သည်။
ရှောင်ကျင်းဖုန်းနှင့် မုရှူးယွီတို့၏ ချစ်ခင်နေမှုနှင့် ရင်းနှီးသောအပြန်အလှန်ဆက်ဆံနေမှုကို မြင်လိုက်ရသောအခါ စွင်းမြောင်ယင်သည် ယင်ကောင်ကိုမျိုချလိုက်ရသလို ခံစားလိုက်ရသည်။
ကျိုးခန်းဟယ်က ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့ကို ကြည့်ပြီး " ရှောင်ညီအကိုနှစ်ယောက်... မင်းတို့ကို မတွေ့တာကြာပြီ။ "
" ဟုတ်တယ်... မတွေ့ရတာကြာပြီ၊ သခင်လေးကျိုး.... "
" ညီအကိုရှောင်.... ဒါက မင်းဇနီးလား? " ကျိုးခန်းဟယ်က ဘေးမှ မုရှူးယွီကိုမြင်သောအခါ ရှောင်ကျင်းဖုန်းကိုမေးလိုက်သည်။
ရှောင်ကျင်းဖုန်းက ခေါင်းညိမ့်လိုက်ကာ " ဟုတ်တယ်။ "
" ဒါက မင်းရဲ့သားလို့ ငါထင်တယ်၊ ဟုတ်လား? သူက အရမ်းချစ်စရာကောင်းတယ်၊ သူက လအနည်းငယ်ပဲရှိသေးပုံရတယ်။ " ကျိုးခန်းဟယ်သည် မုရှူးယွီ၏ရင်ခွင်ထဲမှ ကလေးကိုကြည့်ကာပြောလိုက်သည်။
" သူက သုံးလနီးပါးရှိပါပြီ။ " ကျိုးခန်းဟယ်က သူ့ကိုစူးစမ်းနေမှန်းသိသဖြင့် ရှောင်ကျင်းဖုန်းက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
" ဒါဆို ဒုတိယရှောင်သခင်လေးနဲ့ ဇနီးက တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာအောင် သိနေခဲ့တာပဲ။ " ကျိုးခန်းဟယ်က ပြောသည်။
ရှောင်ကျင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး မုရှူးယွီကို တစိမ့်စိမ့်ကြည့်ကာပြောသည်: " ဟုတ်တယ်! ငါတို့ကြေးစားအဖွဲ့မှာရှိတုန်းကထဲက အချင်းချင်းသိခဲ့ကြတယ်။ ရှူးယွီရဲ့အသက်ကို ငါကယ်ခဲ့တယ်၊ သူလည်းငါ့ကိုကယ်ခဲ့တယ်။ ငါတို့က ဆင်းရဲချမ်းသာခြင်းကို မျှဝေထားတဲ့စုံတွဲပဲလေ။ "
စွင်းမြောင်ယင်၏မျက်နှာမှာ နီရဲလာသည်။ အရင်က စေ့စပ်ပွဲပျက်သွားချိန်တွင် ရှောင်ကျင်းဖုန်းကို လူအချို့က ချစ်စရာကောင်းသော စေ့စပ်ထားသူကို ဆုံးရှုံးခဲ့ရပြီး သနားစရာဟုယူဆခဲ့ကြသည်။ မပျော်မရွှင်ဖြစ်ရပြီး အထီးကျန်ဘဝဖြင့် နေထိုင်မည်ဟု မှန်းဆခဲ့သည်။
သို့သော် မကြာမီတွင် သူသည် အခြားဇနီးမယားနှင့်လက်ထပ်ခဲ့ပြီး သားလေးကိုလည်း ရရှိနေပြီဖြစ်သည်။
ယခုတစ်ကြိမ်မှာတော့ လူတစ်ချို့က ရှောင်ကျင်းဖုန်းဟာ မိန်းကလေးစွင်းကို စေ့စပ်ထားတုန်းကတည်းက လိမ်လည်လှည့်ဖြားခဲ့တာ မဖြစ်သင့်ဘူးဟုပြောဆိုနေကြသည်။
အချို့က စွင်းမြောင်ယင်သည် ဘာမှမဟုတ်ဟုဆိုကြသည်။ ရှောင်ကျင်းဖုန်းသည် သူမအား ကြင်နာမှု တစ်ခါမျှမပြခဲ့ဘဲ စေ့စပ်ပွဲကိုဖြတ်တောက်လိုက်ရုံသာဖြစ်သည်။ မိန်းကလေးစွင်းသည် အရည်အချင်းရှိပြီး လှပသော်လည်း ရှောင်ကျင်းဖုန်းသည် ကောထက် သူမကို အရေးမကြီးဟု ယူဆထားကြသည်။
" ကျိုးသခင်လေး၊ မင်း ဒီမှာ မင်းဇနီးနဲ့ ညစာစားဖို့ ရောက်နေပုံရတယ်! ဒီက အစားအသောက်တွေက အရမ်းအရသာရှိတယ်။ " ရှောင်ကျင့်ထျင်က ပျင်းရိစွာ နှုတ်ဆက်လိုက်သည်။
ရှောင်ရှောင်ဖန်က ရှောင်ကျင့်ထျင်ကို စိုက်ကြည့်ရင်းပြောသည်: " အဖေ၊ အဖေက ဖက်ထုပ်တွေ အကုန်လုံးနီးပါးစားလိုက်ပြီ၊ သားအတွက် နည်းနည်းလောက်ချန်ပါဦး! "
ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်ရဲ့ ခေါင်းကိုပုတ်လိုက်ပြီး " စိတ်ရှုပ်မနေနဲ့၊ ဟင်းတွေ အများကြီး ကျန်သေးတယ်။ " လို့ ပြောလိုက်သည်။
ရှောင်ရှောင်ဖန်က ရှောင်ကျင့်ထျင်ကို မကျေမနပ် စိုက်ကြည့်နေပေမယ့် သူ့အကြံဥာဏ်ကိုလက်ခံလိုက်သည်။
ကျိုးခန်းဟယ်က ရှောင်ကျင့်ထျင်ကိုပြောသည်: " ဟုတ်တယ်! တတိယရှောင်သခင်လေးက အများကြီးပြောင်းလဲသွားတာပဲ! ချီကျင့်ကြံမှုရဲ့ အဆင့် ၅ ကို မြန်မြန်ဆန်ဆန် ရောက်သွားမယ်လို့ မင်းကို ငါ မမျှော်လင့်ထားဘူး။ မင်းအသက်အရွယ်တုန်းက မင်းအစ်ကိုက အဆင့်လေးပဲရှိသေးတယ်။ မင်းရဲ့အရည်အချင်းတွေအရ မင်းက ပီဖုန်းကျောင်းတော်ထဲကို ဝင်သွားနိုင်တယ်။ "
ရှောင်ကျင့်ထျင်က ပြုံးပြီး " ကံကောင်းလို့ပါ။ ကျွန်တော်က မင်းကို ဘယ်လိုယှဥ်နိုင်ရမှာလဲ?! မင်းကိုယ်တိုင် ကြိုးစားအားထုတ်ပြီး အဆင့်ခြောက်ကို တက်လှမ်းနိုင်ပြီလေ။ ပီဖုန်းကျောင်းတော်ကို ၀င်ခွင့်ရဖို့ ကျွန်တော်က အသက်ကြီးနေပြီ၊ အဲဒါကို မမျှော်လင့်ရဲဘူး။ "
" နှမြောစရာပဲ! ရှောင်သခင်လေးစာမေးပွဲဖြေပြီး ပီဖုန်းကျောင်းတော်ကို ၀င်ခွင့်ရခဲ့မယ်ဆိုရင် မင်းကိုလည်း အဆင့်ခြောက်အထိ ပြုစုပျိုးထောင်နိုင်မှာပဲ! " ကျိုးခန်းဟယ်က ပြောသည်။
ရှောင်ကျင့်ထျင်က ပြုံးပြီး " ကျိုးသခင်လေးက ကျွန်တော့်ကို နောက်နေတာလား။ အဆင့်ခြောက်ကို တက်ဖို့ဆိုတာမလွယ်ပါဘူး၊ ဒီလိုမှမဟုတ်ရင် လူတိုင်း အောင်မြင်နေမှာပေါ့....။ "
ကျိုးခန်းဟယ်သည် စွင်းမြောင်ယင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ရှောင်ကျင့်ထျင်က ကျိုးခန်းဟယ်၏ ကျောပြင်ကို လေးနက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
စွင်းမြောင်ယင်သည် ခေါင်းကိုလှည့်ကာ ရှောင်ကျင်းဖုန်းကို ကြည့်လိုက်သည်။
.........
ရှောင်မိသားစုထဲတွင်.....။
" ဝမ်းကွဲချင်းယန်၊ မင်း ဒီနေ့ အပြင်မထွက်ဘူးလား? "
ရှောင်ချင်းယန်က ရှောင်မုဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး " ဘယ်ကိုသွားရမှာလဲ? "
ရှောင်မုဟုန်က မရည်ရွယ်သလိုဟန်ဆောင်ကာ ပြော၏ " ကျင်းဖုန်းနဲ့ ကျင့်ထျင်က မနက်အစောကြီး အပြင်သွားဖို့ချိန်းထားသလိုပဲ၊ သူတို့က မင်းကို မခေါ်ဘူးလား? ကျင်းဖုန်းနဲ့ ကျင့်ထျင် ဒီကိုပြန်လာကတည်းက မင်းတို့ညီအကိုသုံးယောက် ကောင်းကောင်းစကားပြောမယ်လို့ ငါထင်နေခဲ့တာ။ "
ရှောင်ချင်းယန်က အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ပြီး " မင်းက ငါတို့မိသားစုအကြောင်းကို တော်တော်သိနေတာပဲ! "
ရှောင်မုဟုန်က ရယ်မောလိုက်ပြီး " ငါ သူတို့ကို မြင်လိုက်လို့ပါ၊ ယွဲ့ရုန်ရော ဘယ်လိုနေလဲ? "
" သူအဆင်ပြေပါတယ်။ " ရှောင်ချင်းယန်က ပြန်ဖြေသည်။
ရှောင်မုဟုန်က စိတ်သက်သာရာရသလို ဟန်ဆောင်ပြီး " ကြားရတာဝမ်းသာပါတယ်။ ဝမ်းကွဲက ကျောင်းတော်ကို ဘယ်တော့ပြန်မှာလဲ? ငါ့ခယ်မနဲ့တူလေးအတွက် ငါစိတ်ပူတယ်၊ မင်းကျောင်းတော်ကိုပြန်တက်ပြီး ရှောင်မိသားစုမှာ ခွန်အားမရှိလို့ သူတို့အတွက် ခက်ခဲတဲ့အချိန်တွေရှိလာပြီး ဒုက္ခရောက်မှာကိုငါကြောက်မိတယ်။ "
" ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး။ ငါ့တတိယမြောက်ညီကို ချိတ်ထားဆဲဖြစ်ပုံရတဲ့ မင်းမိန်းမကို မင်းဂရုစိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ်... ငါ့ရဲ့ တတိယညီကတော့ အရင်ကနဲ့မတူပါဘူး။ ပြီးတော့ သူတို့ဘာတွေပြောနေမှန်းတော့မသိဘူး... အမှောင်ထဲကစင်္ကြံလမ်းမှာစကားပြောနေတာတွေ့တယ်။ "
ရှောင်မုဟုန်၏ မျက်နှာမှာရုတ်တရက် မည်းမှောင်လာလေသည်။ ရှောင်ချင်းယန်က သူ့ကို ရွဲ့စောင်းကာပြုံးပြလိုက်ပြီး သူ့မိဘတွေမရှိတော့သည့် သတင်းကြားသောအခါ ရှောင်မုဟုန်က သူ့ကိုကန်ထုတ်ဖို့ အခွင့်အရေးအများကြီးရခဲ့သည်။ ယခုဆိုလျှင် ရှောင်မုဟုန်၏ ချော့မော့ပြောဆိုမှုကို ရွံရှာနေလေပြီ။ ရှောင်ချင်းယန်ကလှည့်၍ သူ့ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်ချင်းယန် အသက်ပြင်းပြင်းရှူလိုက်သည်။ ရှောင်မုဟုန်သည် သူနှင့် သူ့ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရန်စပေးရန် ရည်ရွယ်ချက်ရှိရှိ ရောက်လာကြောင်း သူသေချာပေါက်သိသည်။ ယခုမူ ရှောင်ချင်းယန်သည် ဒေါသကိုမထိန်းနိုင်တော့ပေ။ နောက်ဆုံးတွင် ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် အတူတကွ ပေါင်းစည်းခဲ့ကြပြီး၊ ဒီအစ်ကိုကြီးဖြစ်တဲ့ သူ့ကိုဂရုမစိုက်ခဲ့ပေ။
ရှောင်ချင်းယန်၏ နောက်ကျောကိုစိုက်ကြည့်ရင်း ရှောင်မုဟုန်က သူ့လက်သီးတွေကို အကူအညီမဲ့စွာဖြင့်ဆုပ်ထားလိုက်သည်။
သူလက်ထပ်ပြီးနောက် စွင်းမြောင်မြောင်ကို ပိုမိုနားလည်လာခဲ့သည်။ သဘာဝအားဖြင့် သူမသည် သန်မာသောစရိုက်လက္ခဏာရှိပြီး စွမ်းအားကြီးသူကို အလွန်မြတ်နိုးသောအမျိုးသမီးဖြစ်သည်။
ရှောင်ကျင့်ထျင်၏ ပြောင်းလဲမှုသည် သူမကို များစွာ ထိတ်လန့်စေခဲ့သည်။ ရှောင်မုဟုန်ရှေ့မှာ သူမအမြဲနားလည်ပေးတတ်ပေမယ့် ရှောင်ကျင့်ထျင်အကြောင်း ရံဖန်ရံခါပြောတဲ့အခါတိုင်း စွင်းမြောင်မြောင်သည် အမြဲတစေလှည့်ပတ်ပြောတတ်သည်။
ရှောင်မုဟုန်က စိတ်ထဲတွင်ပြောလိုက်သည်: ယောက်ျားနဲ့ မိန်းမက အတူတူပါပဲ၊ မပိုင်ဆိုင်နိုင်တာတွေကို အမြဲတောင့်တကြတယ်။
08.01.22
Thanks for reading ❤
Zawgyi
က်ိဳးမိသားစုတြင္။
" အခု အရမ္းေနာက္က်ေနၿပီ၊ ဘာလို႔ မအိပ္ေသးတာလဲ? " က်ိဳးခန္းဟယ္က အိပ္ခန္းထဲကို ဝင္သြားၿပီး စြင္းေျမာင္ယင္ကို ေပါ့ေပါ့ပါးပါး ႏႈတ္ဆက္လိုက္သည္။
" ေရွာင္က်င့္ထ်င္နဲ႕ ေရွာင္ခ်င္းယန္တို႔ရဲ႕သားေလးေတြ ဒီေန႕ရန္ပြဲျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ေရွာင္ေျမာင္ဆီက သတင္းစကားတစ္ခုရခဲ့တယ္... " လို႔ စြင္းေျမာင္ယင္က ျပန္ေျပာလိုက္သည္။
" ငါလည္း ၾကားလိုက္တယ္။ " မိသားစုႀကီးေလးစုမွာ တစ္ေယာက္နဲ႕တစ္ေယာက္ သူလွ်ိုေတြရွိၾကၿပီး မိသားစုတစ္စုမွာ တစ္ခုခုျဖစ္တဲ့အခါတိုင္း က်န္တဲ့သုံးစုက ခ်က္ျခင္းသိလိမ့္မည္ျဖစ္သည္။
" ေရွာင္ခ်င္းယန္က ေရွာင္ရဲ႕ဒုတိယမိသားစုမွာ အထူးခြၽန္ဆုံးပဲ၊ ဒါေပမယ့္ ယခုအခ်ိန္မွာ ေရွာင္က်င္းဖုန္းနဲ႕ ေရွာင္က်င့္ထ်င္တို႔က ခ်ီက်င့္ႀကံမႈရဲ႕ ပၪၥမအဆင့္သို႔ တက္လွမ္းလာၾကၿပီး ေရွာင္ခ်င္းယန္ရဲ႕ က်င့္ႀကံမႈႏွင့္ အသက္အ႐ြယ္အရ အားနည္းခ်က္ေတြရွိေနတယ္၊ ေရွာင္က်င့္ထ်င္နဲ႕ ေရွာင္က်င္းဖုန္းတို႔က ပူးေပါင္းလုပ္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္ကို ျပသခဲ့ၾကၿပီး၊ ေရွာင္ခ်င္းယန္ရဲ႕ သာလြန္ေကာင္းမြန္ေသာ ရာထူးက ေပ်ာက္ကြယ္သြားနိုင္တယ္။ " က်ိဳးခန္းဟယ္က ရယ္ေမာလိုက္သည္။
" ေရွာင္က်င့္ထ်င္က အခုအခ်ိန္မွာသူျပန္လာကတည္းက အသစ္စက္စက္ လူတစ္ေယာက္အျဖစ္ ပုံစံေျပာင္းသြားပုံရတယ္။ " ဟု စြင္းေျမာင္ယင္မွ ေျပာသည္။
ေရွာင္က်င့္ထ်င္သည္ ယခင္က စြင္းေျမာင္ေျမာင္ႏွင့္ လိုက္ေလ်ာညီေထြရွိခဲ့ေသာ္လည္း ယခုအခါ ေျမာင္ေျမာင္၏အဆိုအရ သူမအား ဂ႐ုမစိုက္စြာ ဆက္ဆံခဲ့ၿပီး သူမကို မုန္းတီးေနပုံရသည္။
"ဒါအမွန္ပဲ၊ ဒီတတိယေျမာက္ေရွာင္သခင္ေလးက ဒီေလာက္ေတာင္ ထူးခြၽန္တဲ့လူဆိုတာ ငါမျမင္ခဲ့ရဘူး၊ အနာဂတ္မွာ သူ႕ကို တကယ္ေလွ်ာ့တြက္လို႔မရဘူး။ ေရွာင္က်င့္ထ်င္က ေရွာင္က်င္းဖုန္း ဒုကၡေရာက္ေနခ်ိန္ကူညီခဲ့ၿပီး ေရွာင္က်င္းဖုန္းက ခပ္တုံးတုံးျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔ကအရမ္းရင္းႏွီးလာၾကတယ္။ "
က်ိဳးခန္းဟယ္က ေရွာင္က်င္းဖုန္းကို ေျပာေနတာကို ၾကားလိုက္တဲ့အခါ စြင္းေျမာင္ယင္၏ စိတ္မွာအနည္းငယ္သိမ္ေမြ႕သြားခဲ့သည္။ ငယ္စဥ္ကတည္းက ေရွာင္က်င္းဖုန္းႏွင့္ ေစ့စပ္ထားခဲ့ေသာ္လည္း သူမ ႀကီးျပင္းလာေသာအခါတြင္ သူမ၏ အရည္အခ်င္းရွိမႈေၾကာင့္ ေစ့စပ္ပြဲကို မေက်မနပ္ျဖစ္ၿပီး၊ စြင္းမိသားစုကလည္း အစပိုင္းတြင္ ေစ့စပ္ပြဲကို အလ်င္စလိုဆုံးျဖတ္ခဲ့သည့္အတြက္ ေနာင္တရခဲ့ၾကသည္။
ေရွာင္က်င္းဖုန္း၏ မိဘမ်ားမရွိေတာ့သည့္အခါ စြင္းမိသားစုက ေစ့စပ္ပြဲကိုျဖတ္ေတာက္ဖို႔ အခြင့္အေရးရယူခဲ့သည္။
ထို႔ေနာက္တြင္ စြင္းေျမာင္ယင္မွာ စိတ္သက္သာရာရသြားသည္။ ဒီအတြက္ ေရွာင္က်င္းဖုန္းက အခ်ိန္အေတာ္ၾကာ စိတ္ဆိုးလိမ့္မယ္လို႔ သူမထင္ခဲ့ေပမယ့္ ေရွာင္က်င္းဖုန္းဟာ စြင္းေျမာင္ယင္နဲ႕ ေစ့စပ္ပြဲပ်က္သြားခ်ိန္မွာေတာင္ ေရွာင္က်င္းဖုန္းက ေကာျဖစ္တဲ့ မုရႉးယြီကိုခ်စ္မိသြားေၾကာင္း သူမၾကားသိရၿပီး မုရႉးယြီက ထိုအခ်ိန္တြင္ ေရွာင္က်င္းဖုန္း၏ကေလးကိုေတာင္ ပဋိသေႏၶယူခဲ့ပါေသးသည္။
စြင္းေျမာင္ယင္သည္ ထိုအခ်က္ကို သိလိုက္ရသျဖင့္ အေတာ္ေလး စိတ္မသက္မသာ ခံစားခဲ့ရသည္။
မုရႉးယြီမွာလည္း ျပဳစုပ်ိဳးေထာင္မႈစြမ္းရည္ရွိၿပီး စြင္းေျမာင္ယင္ကဲ့သို႔ ခ်ီက်င့္ႀကံမႈတြင္ အဆင့္ငါးအထိ ျမင့္မားလာခဲ့ၿပီး သူမကိုပို၍ပင္ စိတ္မသက္မသာျဖစ္ေစခဲ့သည္။
..........
ေနာက္တစ္ေန႕ နံနက္ေစာေစာတြင္ ေရွာင္က်င့္ထ်င္သည္ သူ႕မိသားစုႏွင့္အတူ ထြက္လာခဲ့သည္။
ေရွာင္က်င့္ထ်င္သည္ ေရွာင္က်င္းဖုန္းႏွင့္ မုရႉးယြီကို အတူတူသြားရန္အတြက္ ဖိတ္ၾကားခဲ့သည္။ ေရွာင္က်င္းဖုန္းက ေရွာင္ေရွာင္ဖန္က ေရွာင္ယြဲ႕႐ုန္ကို ဒဏ္ရာရရွိသြားတဲ့အတြက္ အခုလို ဝိုင္းဖြဲ႕သြားဖို႔ရန္ မသင့္ေတာ္ဘူးလို႔ ခံစားရေပမယ့္ ေရွာင္ေရွာင္ဖန္နဲ႕ ေရွာင္ေရွာင္တုန္တို႔ရဲ႕ ေမွ်ာ္လင့္ထားတဲ့ အမူအရာေတြကို ျငင္းလို႔မရခဲ့ေပ။
ေရွာင္ေရွာင္ဖန္သည္ ငယ္စဥ္ကတည္းက ေစ်းမ်ားမေရာက္ဖူးေသာေၾကာင့္ ကုန္ပစၥည္းမ်ိဳးစုံ၏ ဆြဲေဆာင္မႈကို မွင္တတ္သြားခဲ့သည္။ ေရွာင္ေရွာင္တုန္သည္လည္း စူးစမ္းခ်င္စိတ္အျပည့္ရွိခဲ့သည္။
ေရွာင္က်င့္ထ်င္ သဲကႏၲာရၿမိဳ႕ကို ျပန္လာေသာအခါ တုခ်ိဳး႐ြာရွိသူ႕လယ္နဲ႕ အိမ္ေတြကိုေရာင္းခဲ့ၿပီး... ဒီမွာ မိသားစုအိမ္ၿခံေျမေတြ ရွိတာေၾကာင့္ အခုခ်ိန္မွာေတာ့ သူေတာ္ေတာ္ခ်မ္းသာေနခဲ့ကာ ေရွာင္ေရွာင္ဖန္ ႀကိဳက္တဲ့အရာကို သူဝယ္ေပးဖို႔ ဆႏၵရွိေနသည္။
ေရွာင္က်င့္ထ်င္သည္ အသုံးစရိတ္တစ္ခုလို ျပဳမူသည္ကို ျမင္လိုက္ရသျဖင့္ ႐ႊီမုရန္က " သူ႕ကို ဒီလိုမ်ိဳး မပ်က္ဆီးေစနဲ႕။ "
ေရွာင္က်င့္ထ်င္က ၿပဳံးၿပီး " ေရွာင္ဖန္က အရမ္းငယ္ေသးၿပီး အေပ်ာ္သေဘာေဆာင္တတ္တဲ့ အ႐ြယ္ပါ။ "
႐ႊီမုရန္လည္း ၿပဳံးျပၿပီး သူ႕ကိုမတားေတာ့ေပ။ ေရွာင္ဖန္သည္ ေမြးကတည္းက ေဝဒနာမ်ားစြာ ခံစားခဲ့ရေသာေၾကာင့္ ႐ႊီမုရန္ ဝမ္းနည္းခဲ့ရသည္။
ေရွာင္ေရွာင္တုန္၏မ်က္ႏွာသည္ အမူအယာမဲ့ေနၿပီး ေရွာင္ေရွာင္ဖန္ႏွစ္သက္သည့္ မည္သည့္အ႐ုပ္ကိုမဆို ကဲ့ရဲ႕ေနေသာ္လည္း သူ႕မ်က္လုံးမ်ား၏ နက္နဲေသာေနရာတြင္ မနာလိုမႈအနည္းငယ္ရွိေနသည္။
ေရွာင္က်င့္ထ်င္က ေရွာင္ေရွာင္တုန္ကိုၾကည့္လိုက္ကာ " ေရွာင္တုန္! မင္းက အ႐ုပ္မလိုခ်င္ဘူးလား? "
ေရွာင္ေရွာင္တုန္က သူ႕လက္ကိုအေနာက္ဖက္တြင္ ဆုပ္ကိုင္ထားၿပီး ဂုဏ္ယူေနေသာမ်က္ႏွာျဖင့္ ေခါင္းကိုပင့္ျမႇောက္ကာ " ကြၽန္ေတာ္က အ႐ုပ္ေတြနဲ႕မကစားေတာ့တာ ၾကာၿပီ။ " ဟုေျပာလိုက္သည္။
ေရွာင္ေရွာင္ဖန္က အံ့ၾသေသာအမူအရာျဖင့္ ေရွာင္ေရွာင္တုန္ကိုၾကည့္ကာ: " အစ္ကို၊ အရင္က အ႐ုပ္ေတြရွိတယ္မလား? အစ္ကို တိတ္တိတ္ေလးပုန္းၿပီး ကစားေနတာကို ကြၽန္ေတာ္ဘာလို႔မသိခဲ့တာလဲ? "
ေရွာင္ေရွာင္တုန္သည္ သူ႕စိတ္ဆိုးသြားသလို ေရွာင္ေရွာင္ဖန္ကို စိုက္ၾကည့္ေနကာ " လူမိုက္ "
" ကြၽန္ေတာ့္ကို မဆူပူပါနဲ႕အစ္ကိုရယ္... ကြၽန္ေတာ္က လူမိုက္မဟုတ္ဘူး။ ကြၽန္ေတာ္ မမိုက္ရင္ အစ္ကို႔ကို အျပစ္တင္တယ္။ " လို႔ ေရွာင္ေရွာင္ဖန္က စိတ္ဓာတ္က်စြာေျပာလိုက္သည္။
ေရွာင္ေရွာင္တုန္တြင္ ေျပာစရာမရွိေတာ့ေပ။
ယေန႕တြင္ ေရွာင္ခ်င္းယန္သည္ ေရွာင္က်င့္ထ်င္က သူ႕မိသားစုကိုအျပင္ထြက္လည္ရန္ ေခၚေဆာင္သြားေၾကာင္း သိလိုက္ရသျဖင့္ အံႀကိတ္လုနီးပါးျဖစ္ေနသည္။ သူသည္ ေရွာင္က်င့္ထ်င္ကို တစ္ခုခုေျပာရန္ဆႏၵရွိခဲ့ၿပီး ယခု ေရွာင္က်င့္ထ်င္ကိုပင္ ေဒါသထြက္ေနခဲ့သည္။
..........
ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ စားေသာက္ဆိုင္တစ္ဆိုင္ကို ေ႐ြးခ်ယ္ၿပီး လူတိုင္းကို ထိုေနရာသို႔ေခၚသြားခဲ့သည္။
သဲကႏၲာရၿမိဳ႕၏ စားေသာက္ဆိုင္တြင္ တစ္ဖန္ျပန္ထိုင္ရင္း ေရွာင္က်င္းဖုန္းသည္ အျခားကမာၻတစ္ခုလိုခံစားလိုက္ရသည္။
ေရွာင္ေရွာင္ဖန္သည္ ဟင္းလ်ာအမည္မ်ားကိုဖတ္ၿပီး ဟင္းပြဲမ်ား တစ္ခုၿပီးတစ္ခုမွာယူေနသည္။
႐ႊီမုရန္က ေရွာင္က်င့္ထ်င္ဘက္လွည့္ၿပီး " ငါတို႔ ဟင္းေတြအမ်ားႀကီး မစားနိုင္ဘူး။ " လို႔ေျပာလိုက္သည္။
ေရွာင္က်င့္ထ်င္က လ်စ္လ်ဴရႈကာေျပာသည္: " ဒါက အဆင္ေျပပါတယ္။ ငါတို႔က ဒီလိုမ်ိဳး အၿမဲတမ္း သြားစားတာမဟုတ္ဘူး။ ငါတို႔သားေလး ဒီမွာစားတာ ဒါပထမဆုံးပဲ၊ ငါတို႔ သူ႕ကိုသဘာဝအတိုင္းေကြၽးသင့္တယ္။ "
႐ႊီမုရန္က ၿပဳံးကာ " ေကာင္းၿပီ "
မုရႉးယြီက ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္: "ငါ ဒီစားေသာက္ဆိုင္ကို မေရာက္တာၾကာၿပီ။ ေနာက္ဆုံးအႀကိမ္က ေၾကးစားအဖြဲ႕မွာ အမႈထမ္းေနခ်ိန္ပဲ မွတ္မိေတာ့တယ္….. " ေဈးႀကီးတဲ့ပြဲႀကီးတစ္ခုဆိုတာ သတိရလိုက္ၿပီး ႐ုတ္တရက္ရပ္လိုက္ကာ ေရွာင္က်င္းဖုန္းကို အျပစ္ရွိသလို တစ္ခ်က္ၾကည့္လိုက္သည္။
ဒါေပမယ့္ ေရွာင္က်င္းဖုန္းက သူ႕ရဲ႕လက္ကိုကိုင္ထားၿပီးေျပာလိုက္သည္: " မင္း ကိုယ္အေလးခ်ိန္ အမ်ားႀကီးက်သြားၿပီထင္တယ္၊ ခဏေနရင္ပိုစားလို႔ရတယ္.....။ "
မုရႉးယြီက ကူကယ္ရာမဲ့စြာျဖင့္ ျပန္ေျပာေလသည္: " ငါကလား? မင္း အဓိပၸါယ္မရွိတာေတြေျပာေနၿပီ! "
ေရွာင္ေရွာင္ဖူသည္ မုရႉးယြီ၏ ရင္ခြင္ထဲတြင္ ၿငီးေငြ႕စြာျဖင့္ သမ္းေဝေနသည္။
ဟင္းလ်ာမ်ားမွာယူၿပီးေနာက္ ေရွာင္ေရွာင္ဖန္က စိတ္လႈပ္ရွားစြာ လွည့္ပတ္ၾကည့္လိုက္သည္။
စားေသာက္ဆိုင္သည္ အစားအစာမ်ားကို အလြန္လ်င္ျမန္စြာ ေဆာင္႐ြက္ေပးၿပီး မၾကာမီ ဟင္းမ်ိဳးစုံ စားပြဲေပၚ ေရာက္ရွိလာသည္။
မုရႉးယြီသည္ ေရွာင္ေရွာင္ဖူ႕ကို ၾကက္ဥအခ်ိဳမုန့္ကိုဇြန္းျဖင့္ေကြၽးေနသည္။ ကေလးကိုေကြၽးေမြးျပဳစုရတာ အလုပ္မ်ားလြန္းတာေၾကာင့္ ေရွာင္က်င္းဖုန္းက ဖက္ထုပ္ကိုတူျဖင့္ညွပ္ၿပီး သူ႕ႏႈတ္ခမ္းနားကို ေတ့ေပးလိုက္သည္။ " အရသာ ျမည္းၾကည့္ပါဦး။ ဖက္ထုပ္က အရသာရွိတယ္။ "
မုရႉးယြီသည္ သူ၏မ်က္ႏွာနီရဲလာၿပီး ရွက္႐ြံ႕သြားသလို ခံစားလိုက္ရေသာ္လည္း သူမျငင္းဆန္ခဲ့ေပ။
........
" က်ိဳးသခင္ေလး၊ က်ိဳးသခင္မေလး.... ေက်းဇူးျပဳၿပီး ဒီဖက္ႂကြပါ... " စားပြဲထိုးက ဧည့္သည္ႏွစ္ေယာက္ကို အေပၚထပ္သို႔ေခၚသြား၏။
ေရွာင္က်င့္ထ်င္သည္ ေရာက္ရွိလာသည့္ဧည့္သည္မ်ားကို စိတ္ဝင္တစားၾကည့္ေနသည္။ သူတို႔ႏွစ္ေယာက္က အသိအကြၽမ္းေတြျဖစ္ေနၿပီး က်ိဳးခန္းဟယ္နဲ႕ စြင္းေျမာင္ယင္တို႔ျဖစ္သည္။
ေရွာင္က်င္းဖုန္းသည္ ဧည့္သည္မ်ားအား ေပါ့ေပါ့ပါးပါး တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာမွမျဖစ္ခဲ့သလိုပဲ ေမႊးခ်ိဳေနတဲ့ဖက္ထုပ္ပန္းကန္ကိုကိုင္ၿပီး မုရႉးယြီရဲ႕ပါးစပ္ထဲသို႔ ခြံ႕ေကြၽးလိုက္ကာ " ရႉးယြီ၊ ဖက္ထုပ္ေတြက ေမႊးႀကိဳင္ေနၿပီးအရသာရွိတယ္၊ ျမည္းၾကည့္စမ္းပါ။ "
မုရႉးယြီက ရွက္႐ြံ႕စြာၿပဳံးၿပီး ဖက္ထုပ္တစ္ခုကို မ်ိဳခ်လိဳက္သည္။
ေရွာင္က်င္းဖုန္းႏွင့္ မုရႉးယြီတို႔၏ ခ်စ္ခင္ေနမႈႏွင့္ ရင္းႏွီးေသာအျပန္အလွန္ဆက္ဆံေနမႈကို ျမင္လိုက္ရေသာအခါ စြင္းေျမာင္ယင္သည္ ယင္ေကာင္ကိုမ်ိဳခ်လိဳက္ရသလို ခံစားလိုက္ရသည္။
က်ိဳးခန္းဟယ္က ေရွာင္က်င့္ထ်င္နဲ႕ ေရွာင္က်င္းဖုန္းတို႔ကို ၾကည့္ၿပီး " ေရွာင္ညီအကိုႏွစ္ေယာက္... မင္းတို႔ကို မေတြ႕တာၾကာၿပီ။ "
" ဟုတ္တယ္... မေတြ႕ရတာၾကာၿပီ၊ သခင္ေလးက်ိဳး.... "
" ညီအကိုေရွာင္.... ဒါက မင္းဇနီးလား? " က်ိဳးခန္းဟယ္က ေဘးမွ မုရႉးယြီကိုျမင္ေသာအခါ ေရွာင္က်င္းဖုန္းကိုေမးလိုက္သည္။
ေရွာင္က်င္းဖုန္းက ေခါင္းညိမ့္လိုက္ကာ " ဟုတ္တယ္။ "
" ဒါက မင္းရဲ႕သားလို႔ ငါထင္တယ္၊ ဟုတ္လား? သူက အရမ္းခ်စ္စရာေကာင္းတယ္၊ သူက လအနည္းငယ္ပဲရွိေသးပုံရတယ္။ " က်ိဳးခန္းဟယ္သည္ မုရႉးယြီ၏ရင္ခြင္ထဲမွ ကေလးကိုၾကည့္ကာေျပာလိုက္သည္။
" သူက သုံးလနီးပါးရွိပါၿပီ။ " က်ိဳးခန္းဟယ္က သူ႕ကိုစူးစမ္းေနမွန္းသိသျဖင့္ ေရွာင္က်င္းဖုန္းက ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္သည္။
" ဒါဆို ဒုတိယေရွာင္သခင္ေလးနဲ႕ ဇနီးက တစ္ေယာက္နဲ႕တစ္ေယာက္ အခ်ိန္အေတာ္ၾကာေအာင္ သိေနခဲ့တာပဲ။ " က်ိဳးခန္းဟယ္က ေျပာသည္။
ေရွာင္က်င္းဖုန္းက ေခါင္းညိတ္လိုက္ၿပီး မုရႉးယြီကို တစိမ့္စိမ့္ၾကည့္ကာေျပာသည္: " ဟုတ္တယ္! ငါတို႔ေၾကးစားအဖြဲ႕မွာရွိတုန္းကထဲက အခ်င္းခ်င္းသိခဲ့ၾကတယ္။ ရႉးယြီရဲ႕အသက္ကို ငါကယ္ခဲ့တယ္၊ သူလည္းငါ့ကိုကယ္ခဲ့တယ္။ ငါတို႔က ဆင္းရဲခ်မ္းသာျခင္းကို မွ်ေဝထားတဲ့စုံတြဲပဲေလ။ "
စြင္းေျမာင္ယင္၏မ်က္ႏွာမွာ နီရဲလာသည္။ အရင္က ေစ့စပ္ပြဲပ်က္သြားခ်ိန္တြင္ ေရွာင္က်င္းဖုန္းကို လူအခ်ိဳ႕က ခ်စ္စရာေကာင္းေသာ ေစ့စပ္ထားသူကို ဆုံးရႈံးခဲ့ရၿပီး သနားစရာဟုယူဆခဲ့ၾကသည္။ မေပ်ာ္မ႐ႊင္ျဖစ္ရၿပီး အထီးက်န္ဘဝျဖင့္ ေနထိုင္မည္ဟု မွန္းဆခဲ့သည္။
သို႔ေသာ္ မၾကာမီတြင္ သူသည္ အျခားဇနီးမယားႏွင့္လက္ထပ္ခဲ့ၿပီး သားေလးကိုလည္း ရရွိေနၿပီျဖစ္သည္။
ယခုတစ္ႀကိမ္မွာေတာ့ လူတစ္ခ်ိဳ႕က ေရွာင္က်င္းဖုန္းဟာ မိန္းကေလးစြင္းကို ေစ့စပ္ထားတုန္းကတည္းက လိမ္လည္လွည့္ျဖားခဲ့တာ မျဖစ္သင့္ဘူးဟုေျပာဆိုေနၾကသည္။
အခ်ိဳ႕က စြင္းေျမာင္ယင္သည္ ဘာမွမဟုတ္ဟုဆိုၾကသည္။ ေရွာင္က်င္းဖုန္းသည္ သူမအား ၾကင္နာမႈ တစ္ခါမွ်မျပခဲ့ဘဲ ေစ့စပ္ပြဲကိုျဖတ္ေတာက္လိုက္႐ုံသာျဖစ္သည္။ မိန္းကေလးစြင္းသည္ အရည္အခ်င္းရွိၿပီး လွပေသာ္လည္း ေရွာင္က်င္းဖုန္းသည္ ေကာထက္ သူမကို အေရးမႀကီးဟု ယူဆထားၾကသည္။
" က်ိဳးသခင္ေလး၊ မင္း ဒီမွာ မင္းဇနီးနဲ႕ ညစာစားဖို႔ ေရာက္ေနပုံရတယ္! ဒီက အစားအေသာက္ေတြက အရမ္းအရသာရွိတယ္။ " ေရွာင္က်င့္ထ်င္က ပ်င္းရိစြာ ႏႈတ္ဆက္လိုက္သည္။
ေရွာင္ေရွာင္ဖန္က ေရွာင္က်င့္ထ်င္ကို စိုက္ၾကည့္ရင္းေျပာသည္: " အေဖ၊ အေဖက ဖက္ထုပ္ေတြ အကုန္လုံးနီးပါးစားလိုက္ၿပီ၊ သားအတြက္ နည္းနည္းေလာက္ခ်န္ပါဦး! "
ေရွာင္က်င့္ထ်င္က ေရွာင္ေရွာင္ဖန္ရဲ႕ ေခါင္းကိုပုတ္လိုက္ၿပီး " စိတ္ရႈပ္မေနနဲ႕၊ ဟင္းေတြ အမ်ားႀကီး က်န္ေသးတယ္။ " လို႔ ေျပာလိုက္သည္။
ေရွာင္ေရွာင္ဖန္က ေရွာင္က်င့္ထ်င္ကို မေက်မနပ္ စိုက္ၾကည့္ေနေပမယ့္ သူ႕အႀကံဥာဏ္ကိုလက္ခံလိုက္သည္။
က်ိဳးခန္းဟယ္က ေရွာင္က်င့္ထ်င္ကိုေျပာသည္: " ဟုတ္တယ္! တတိယေရွာင္သခင္ေလးက အမ်ားႀကီးေျပာင္းလဲသြားတာပဲ! ခ်ီက်င့္ႀကံမႈရဲ႕ အဆင့္ ၅ ကို ျမန္ျမန္ဆန္ဆန္ ေရာက္သြားမယ္လို႔ မင္းကို ငါ မေမွ်ာ္လင့္ထားဘူး။ မင္းအသက္အ႐ြယ္တုန္းက မင္းအစ္ကိုက အဆင့္ေလးပဲရွိေသးတယ္။ မင္းရဲ႕အရည္အခ်င္းေတြအရ မင္းက ပီဖုန္းေက်ာင္းေတာ္ထဲကို ဝင္သြားနိုင္တယ္။ "
ေရွာင္က်င့္ထ်င္က ၿပဳံးၿပီး " ကံေကာင္းလို႔ပါ။ ကြၽန္ေတာ္က မင္းကို ဘယ္လိုယွဥ္နိုင္ရမွာလဲ?! မင္းကိုယ္တိုင္ ႀကိဳးစားအားထုတ္ၿပီး အဆင့္ေျခာက္ကို တက္လွမ္းနိုင္ၿပီေလ။ ပီဖုန္းေက်ာင္းေတာ္ကို ၀င္ခြင့္ရဖို႔ ကြၽန္ေတာ္က အသက္ႀကီးေနၿပီ၊ အဲဒါကို မေမွ်ာ္လင့္ရဲဘူး။ "
" ႏွေျမာစရာပဲ! ေရွာင္သခင္ေလးစာေမးပြဲေျဖၿပီး ပီဖုန္းေက်ာင္းေတာ္ကို ၀င္ခြင့္ရခဲ့မယ္ဆိုရင္ မင္းကိုလည္း အဆင့္ေျခာက္အထိ ျပဳစုပ်ိဳးေထာင္နိုင္မွာပဲ! " က်ိဳးခန္းဟယ္က ေျပာသည္။
ေရွာင္က်င့္ထ်င္က ၿပဳံးၿပီး " က်ိဳးသခင္ေလးက ကြၽန္ေတာ့္ကို ေနာက္ေနတာလား။ အဆင့္ေျခာက္ကို တက္ဖို႔ဆိုတာမလြယ္ပါဘူး၊ ဒီလိုမွမဟုတ္ရင္ လူတိုင္း ေအာင္ျမင္ေနမွာေပါ့....။ "
က်ိဳးခန္းဟယ္သည္ စြင္းေျမာင္ယင္ႏွင့္အတူ ထြက္ခြာသြားခဲ့သည္။ ေရွာင္က်င့္ထ်င္က က်ိဳးခန္းဟယ္၏ ေက်ာျပင္ကို ေလးနက္ေသာမ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
စြင္းေျမာင္ယင္သည္ ေခါင္းကိုလွည့္ကာ ေရွာင္က်င္းဖုန္းကို ၾကည့္လိုက္သည္။
.........
ေရွာင္မိသားစုထဲတြင္.....။
" ဝမ္းကြဲခ်င္းယန္၊ မင္း ဒီေန႕ အျပင္မထြက္ဘူးလား? "
ေရွာင္ခ်င္းယန္က ေရွာင္မုဟုန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး " ဘယ္ကိုသြားရမွာလဲ? "
ေရွာင္မုဟုန္က မရည္႐ြယ္သလိုဟန္ေဆာင္ကာ ေျပာ၏ " က်င္းဖုန္းနဲ႕ က်င့္ထ်င္က မနက္အေစာႀကီး အျပင္သြားဖို႔ခ်ိန္းထားသလိုပဲ၊ သူတို႔က မင္းကို မေခၚဘူးလား? က်င္းဖုန္းနဲ႕ က်င့္ထ်င္ ဒီကိုျပန္လာကတည္းက မင္းတို႔ညီအကိုသုံးေယာက္ ေကာင္းေကာင္းစကားေျပာမယ္လို႔ ငါထင္ေနခဲ့တာ။ "
ေရွာင္ခ်င္းယန္က ေအးစက္စက္အၾကည့္တစ္ခ်က္ေပးလိုက္ၿပီး " မင္းက ငါတို႔မိသားစုအေၾကာင္းကို ေတာ္ေတာ္သိေနတာပဲ! "
ေရွာင္မုဟုန္က ရယ္ေမာလိုက္ၿပီး " ငါ သူတို႔ကို ျမင္လိုက္လို႔ပါ၊ ယြဲ႕႐ုန္ေရာ ဘယ္လိုေနလဲ? "
" သူအဆင္ေျပပါတယ္။ " ေရွာင္ခ်င္းယန္က ျပန္ေျဖသည္။
ေရွာင္မုဟုန္က စိတ္သက္သာရာရသလို ဟန္ေဆာင္ၿပီး " ၾကားရတာဝမ္းသာပါတယ္။ ဝမ္းကြဲက ေက်ာင္းေတာ္ကို ဘယ္ေတာ့ျပန္မွာလဲ? ငါ့ခယ္မနဲ႕တူေလးအတြက္ ငါစိတ္ပူတယ္၊ မင္းေက်ာင္းေတာ္ကိုျပန္တက္ၿပီး ေရွာင္မိသားစုမွာ ခြန္အားမရွိလို႔ သူတို႔အတြက္ ခက္ခဲတဲ့အခ်ိန္ေတြရွိလာၿပီး ဒုကၡေရာက္မွာကိုငါေၾကာက္မိတယ္။ "
" ဒါက မင္းရဲ႕ကိစၥမဟုတ္ဘူး။ ငါ့တတိယေျမာက္ညီကို ခ်ိတ္ထားဆဲျဖစ္ပုံရတဲ့ မင္းမိန္းမကို မင္းဂ႐ုစိုက္သင့္တယ္။ ဘာပဲျဖစ္ျဖစ္... ငါ့ရဲ႕ တတိယညီကေတာ့ အရင္ကနဲ႕မတူပါဘူး။ ၿပီးေတာ့ သူတို႔ဘာေတြေျပာေနမွန္းေတာ့မသိဘူး... အေမွာင္ထဲကစၾကၤံလမ္းမွာစကားေျပာေနတာေတြ႕တယ္။ "
ေရွာင္မုဟုန္၏ မ်က္ႏွာမွာ႐ုတ္တရက္ မည္းေမွာင္လာေလသည္။ ေရွာင္ခ်င္းယန္က သူ႕ကို ႐ြဲ႕ေစာင္းကာၿပဳံးျပလိုက္ၿပီး သူ႕မိဘေတြမရွိေတာ့သည့္ သတင္းၾကားေသာအခါ ေရွာင္မုဟုန္က သူ႕ကိုကန္ထုတ္ဖို႔ အခြင့္အေရးအမ်ားႀကီးရခဲ့သည္။ ယခုဆိုလွ်င္ ေရွာင္မုဟုန္၏ ေခ်ာ့ေမာ့ေျပာဆိုမႈကို ႐ြံရွာေနေလၿပီ။ ေရွာင္ခ်င္းယန္ကလွည့္၍ သူ႕ၿခံဝင္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။
ေရွာင္ခ်င္းယန္ အသက္ျပင္းျပင္းရႉလိုက္သည္။ ေရွာင္မုဟုန္သည္ သူႏွင့္ သူ႕ညီအကိုႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ရန္စေပးရန္ ရည္႐ြယ္ခ်က္ရွိရွိ ေရာက္လာေၾကာင္း သူေသခ်ာေပါက္သိသည္။ ယခုမူ ေရွာင္ခ်င္းယန္သည္ ေဒါသကိုမထိန္းနိုင္ေတာ့ေပ။ ေနာက္ဆုံးတြင္ ေရွာင္က်င့္ထ်င္ႏွင့္ ေရွာင္က်င္းဖုန္းတို႔သည္ အတူတကြ ေပါင္းစည္းခဲ့ၾကၿပီး၊ ဒီအစ္ကိုႀကီးျဖစ္တဲ့ သူ႕ကိုဂ႐ုမစိုက္ခဲ့ေပ။
ေရွာင္ခ်င္းယန္၏ ေနာက္ေက်ာကိုစိုက္ၾကည့္ရင္း ေရွာင္မုဟုန္က သူ႕လက္သီးေတြကို အကူအညီမဲ့စြာျဖင့္ဆုပ္ထားလိုက္သည္။
သူလက္ထပ္ၿပီးေနာက္ စြင္းေျမာင္ေျမာင္ကို ပိုမိုနားလည္လာခဲ့သည္။ သဘာဝအားျဖင့္ သူမသည္ သန္မာေသာစရိုက္လကၡဏာရွိၿပီး စြမ္းအားႀကီးသူကို အလြန္ျမတ္နိုးေသာအမ်ိဳးသမီးျဖစ္သည္။
ေရွာင္က်င့္ထ်င္၏ ေျပာင္းလဲမႈသည္ သူမကို မ်ားစြာ ထိတ္လန႔္ေစခဲ့သည္။ ေရွာင္မုဟုန္ေရွ႕မွာ သူမအၿမဲနားလည္ေပးတတ္ေပမယ့္ ေရွာင္က်င့္ထ်င္အေၾကာင္း ရံဖန္ရံခါေျပာတဲ့အခါတိုင္း စြင္းေျမာင္ေျမာင္သည္ အၿမဲတေစလွည့္ပတ္ေျပာတတ္သည္။
ေရွာင္မုဟုန္က စိတ္ထဲတြင္ေျပာလိုက္သည္: ေယာက္်ားနဲ႕ မိန္းမက အတူတူပါပဲ၊ မပိုင္ဆိုင္နိုင္တာေတြကို အၿမဲေတာင့္တၾကတယ္။
08.01.22
Thanks for reading ❤