Chapter 17 + 17.2

5.2K 764 40
                                    

[Unicode]

" ပိုက်ဆံ......ဘာပိုက်ဆံလဲ ?"

ချိုက်ဝမ်၏အသံတွင် အနည်းငယ် တုန်ရီမှုရှိနေခဲ့သည်။

" ခင်ဗျားအဖေ ထွက်ပြေးတုန်းက၊ သုံးသိန်းယူသွားတယ်။ "

ကုံးရင့်ရှန်သည် မျက်နှာသေနှင့် ပြောလိုက်သည်၊

" ကျန်တာက ခင်ဗျားကို မေးဖို့ ကျွန်တော့်ကို သူပြောလိုက်တယ်။ "

" မဖြစ်နိုင်ဘူး !"

ချိုက်ဝမ်သည် စိတ်လှုပ်ရှားစွာ ပြောလာသည်၊

" သူ အဲ့လိုပြောတာ မဖြစ်နိုင်ဘူး။ "

ရန်ရိသည် မျက်ခုံးကို ပင့်လိုက်သည်။

ကုံးရင့်ရှန်သည် မိမိ၏မှတ်စုစာအုပ်ကို ဟန်ဆောင်ကာ လှန်လိုက်ပြီး :

" သူကတော့ ဒီလိုပြောတာပဲ။ သူက ကျွန်တော့်ကို ခင်ဗျားဆီ မေးခိုင်းလိုက်တယ်။ ကျန်တဲ့ပိုက်ဆံတွေက ဘယ်မှာလဲ ?"

ချိုက်ဝမ်သည် ခေါင်းကို ငုံ့လိုက်ပြီး၊ မျက်ရည်ကို ဖြေးဖြေးချင်း သုတ်လိုက်သည်။

ကုံးရင့်ရှန်သည် အကြာကြီး စောင့်နေခဲ့ပြီး၊ စားပွဲကို ခေါက်လိုက်သည် :

" ခေါင်းကို မော့ပြီး၊ မေးတာကို ဖြေ။ "

ချိုက်ဝမ်သည် ထိုအချိန်ကျမှ ခေါင်းမော့လာခဲ့သည်။ သူမသည် နှာခေါင်းကို ရှုံ့လိုက်ပြီး၊ ဖြေးဖြေးချင်း မျက်ရည်ကျနေသည့်ပုံဖြင့် :

" သူ ဘာကိုဆိုလိုလဲ ကျွန်မ မသိဘူး။ ဘာကျန်တဲ့ပိုက်ဆံဆိုတာလည်း ကျွန်မ မသိဘူး။ သူက ကျန့်ကောကို မီးလောင်သေစေချင်တာ။ မတော်တဆအမှုအဖြစ် ဖန်တီးပြီး၊ ကျန့်ကောရဲ့ပိုက်ဆံတွေ အကုန်လုံးကို သူ ယူသွားတာ။ "

" သုံးသိန်းထဲလား ?"

ကုံးရင့်ရှန်က ပြောသည်၊

" ခင်ဗျားတို့သုံးတဲ့ မူးယစ်ဆေးပုံစံအသစ်က ဈေးကွက်ပေါ် ရောက်တာမကြာသေးဘူး။ မူးယစ်ဆေးကုန်ကြမ်းအရောသုံးမျိုးလည်း လိုသေးတယ်။ ကြားရတာတော့၊ အဲ့ဒီဟာက အရမ်းတန်ဖိုးကြီးတဲ့သုံးနည်းဖြစ်ပြီး၊ ဘယ်လိုလူမျိုးဖြစ်ဖြစ် သုံးနိုင်တာမျိုးမဟုတ်ဘူးတဲ့။ တစ်ချိန်တည်းမှာပဲ၊ ထောင်ကျန့်က ညဝက်လောက်အချိန်လေးမှာ ယွမ်သုံးသိန်းလောက်ကို 4th viewpoint မှာ သုံးပစ်လိုက်တယ်။ သူ့မှာ ပိုက်ဆံဒီလောက်ပဲရှိတာလား ?"

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now