Chapter 54

3.6K 685 24
                                    

[Unicode]

အိမ်သို့​ရောက်​​သော်၊ ရန်ရိမှာ အိပ်ချင်စိတ်လုံးဝမရှိ​တော့ဘဲ၊ လန်းဆန်းတက်ကြွ​နေခဲ့သည်။ သူသည် စိတ်လှုပ်ရှားမှုကို ခက်ခက်ခဲခဲဖိနှိပ်ထားကာ ပြောလိုက်သည် :

" မင်း ​ရေအရင်သွားချိုးလိုက်။ ငါ မင်းအတွက် ​ခေါက်ဆွဲပြုတ်လုပ်​ပေးမယ်။ "

" ​ကောင်းပြီ။ "

ကုံးရင့်ရှန်သည် ချွတ်လိုက်သည့်အ​နောက်တိုင်းအင်္ကျီနှင့်နက်ခ်တိုင်အား အင်္ကျီစင်​ပေါ်တွင် ရင်းနှီးကျွမ်းဝင်စွာချိတ်လိုက်သည်။

ရန်ရိသည် အ​နောက်မှ​နေ၍ သူ့အား တစ်ချက်ကြည့်လိုက်ပြီး၊ တိတ်တိတ်​လေးပြုံးလိုက်သည်။ နှစ်​ယောက်သား တစ်အိမ်ထဲတွင်အတူ​နေသည်ဟု ထင်ရသည့် ​နေထိုင်မှုမြင်ကွင်းကို သူ သ​ဘောကျ​ပေသည် :

" ​ရေချိုးခန်းက​အေး​နေတယ်ဆိုရင် bathing facility ဖွင့်လိုက်​နော်။ "

[ TN : ​​Bathing facilityက အ​ပေါ်ကအဖြူ​လေးပါ၊ ရာသီဥတု​အေးတဲ့အခါ ရေချိုးရင်​အေးမှာစို့လို့ အပူဓါတ်​ပေးတဲ့သ​ဘောမျိုးပါ။ ]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ TN : ​​Bathing facilityက အ​ပေါ်ကအဖြူ​လေးပါ၊ ရာသီဥတု​အေးတဲ့အခါ ရေချိုးရင်​အေးမှာစို့လို့ အပူဓါတ်​ပေးတဲ့သ​ဘောမျိုးပါ။ ]

ရန်ရိ မီးဖို​ချောင်ထဲသို့ဝင်သွားခဲ့သည်။ အသင့်စားခေါက်ဆွဲထုပ်သုံး-​လေးထုပ်ကို ထုတ်လိုက်ပြီး၊ ကြက်ဥနှင့် sausage တို့ကိုပါ ပြင်ဆင်လိုက်သည်။ ထို့​နောက် ၄င်းတို့ကို ​​ရေဆူဆူထဲတွင်ထည့်ပြီးပြုတ်လိုက်သည်။ သူ စဥ်းစားလိုက်ပြီး၊ ရေခဲ​သေတ္တာကိုထပ်ဖွင့်ကာ အကြာကြီးလှန်​လှော​နေခဲ့သည်။ ထို့​နောက် အရသာသုံးမျိုးပါဝင်သည့် အသင့်စားဖက်ထုပ်တစ်ထုပ်ကို ရှာ​တွေ့သွားခဲ့သည်။ တကယ်​တော့၊ ​ခေါက်ဆွဲပြုတ်ချည်းပဲစားကတာ တကယ့်ကိုနည်းနည်း​လေး​တော့ရုပ်ဆိုးတယ်​လေ။ " မမ​လေး ကုံး " ၏ ထိုဇီဇာ​ကြောင်သည့်အကြည့်ကို သူ​တွေးကြည့်မိပြီး၊ မရယ်ဘဲနှင့်မ​နေနိုင်​တော့။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now