Chapter 69

3.9K 657 45
                                    

[Unicode]

ယမ​န်နေ့ကနေဝင်ရီတ​ရော​ပေါက်ကွဲသည့်အချိန်မှစ၍ ယခုအချိန်ထိ 24 နာရီ​ကျော်သွား​လေပြီ။ ရဲဘက်က သည်​လောက်များသည့်သဲလွန်စများကို ရှာ​တွေ့ထားခြင်းသဖြင့် ဟုန်ယန့်ကိုဖမ်းမိဖို့ရန်မှာ အ​နှေးနှင့်အမြန်ပင်ဖြစ်သည်။

ရန်ရိသည် ​အေးစက်စက်နှာမှုတ်လိုက်ပြီး :

“ သူ့ကိုယ်သူဉာဏ်​ကောင်းလှပြီထင်​နေတာ​ပေါ့။ မင်းတို့က သူ့ကို ကျိုးချွမ်းကတစ်ဆင့်ဖမ်းမယ်လုပ်​တော့၊ သူက ​ကြောက်ပြီး စ​ကေး​တွေမနည်းဘူးထုတ်သုံးလိုက်​သေးတယ်။ အခုကျ ​ပြောင်းပြန်အ​နေနဲ့၊ သူ့ကိုယ်သူပြန်​ဖော်ပြလိုက်သလိုမျိုး​တောင်ဖြစ်သွား​သေးတယ်။

“ သူက ​ဆောက်တည်ရာမရဖြစ်​နေတာ။ ချန်​ဖေ့ကို မဖမ်းမိခင်တုန်းက သူက ကံ​ကောင်း​နေ​သေးတာ။ ချန်​ဖေ့လည်းအဖမ်းခံရ​ရော ကျိုးချွမ်းက သူ့ကိုသစ္စာ​ဖောက်မယ်ဆိုတာကို သူသိ​နေတယ်။ အဲ့တာ​ကြောင့် အန္တရာယ်များတဲ့စွန့်စားချက်ကိုလုပ်လိုက်တာ။ ”

ကုံးရင့်ရှန်သည် ဆန်းစစ်ကာပြောလိုက်သည်။

“ တကယ်​တော့ ဒီ​ပေါက်ကွဲမှုဖြစ်တာကို ​သေချာကြည့်ကြည့်ရင် လုပ်တာက အကြွင်းမဲ့သတိမထားထားဘူး၊ ​ခြေရာလက်ရာ​တွေလည်း မနည်းဘူးကျန်​နေခဲ့တယ်။ အချိန်ကအကန့်သတ်ရှိတယ်ဆိုရင်​တောင်မှ၊ တကယ်လို့ ငါသာလုပ်ရမယ်ဆိုရင် ပိုပြီး​သေသပ်​အောင်လုပ်နိုင်တယ်။ ဓါတု​နောက်ခံရှိတဲ့လူတိုင်းရဲ့စိတ်က အရမ်းအ​သေးစိတ်တယ်။ ဘာလို့လဲဆို​တော့ စမ်းသပ်ချက်လုပ်တဲ့အချိန်မှာ အမှား​သေးသေးလေးတစ်ခုက​တောင်မှ ရှုံးနိမ့်မှုကိုဖြစ်​စေနိုင်ပြီး၊ ​သေ​စေနိုင်တဲ့အန္တရာယ်​ကိုတောင်မှ ဖြစ်​စေနိုင်တယ်။ အဲ့တာ​ကြောင့် ဗုံးလုပ်တဲ့နည်းကို​ပေးတဲ့လူနဲ့ ခွဲတဲ့လူက တစ်​ယောက်တည်းမဟုတ်ဘူးလို့ ငါ သံသယဝင်တယ်။ ”

ရန်ရိမှာ အံ့ဩသွားပြီး :

“ မင်းရဲ့သ​ဘောက ဟုန်ယန့်က အဲ့ဒီဓါတု​နောက်ခံရှိတဲ့လူမဟုတ်ဘူးလို့ဆိုလိုတာလား။ ”

ထိုစဥ်၊ အခန်းတံခါးသည် တွန်းအဖွင့်ခံလိုက်ရသည်။ သူတို့၏ drip မှာ ကုန်သွားပြီဖြစ်သဖြင့် သူနာပြုသည် ဝင်လာပြီး အပ်နှုတ်​ပေးခြင်းသည်။

Fight The Fire 《火焰戎装》Myanmar TranslationΌπου ζουν οι ιστορίες. Ανακάλυψε τώρα