Chapter 18

4.4K 777 54
                                    

[Unicode]

" ကုံးတျန့် (နန်းတော်) ရဲ့ ကုံး။ "

" ကြားဖူးတာကတော့ သူတို့အိမ်က ဓါတုလုပ်ငန်းလုပ်တာတဲ့။ "

" တစ်ဝမ်းကွဲအစ်ကိုရဲ့ မိသားစုဝင်တွေက သူ ငယ်ငယ်ကလေးထဲက ဆုံးသွားကြတာ။ "

" ငါ မီးကို မုန်းတယ်။ "

ရန်ရိတစ်ယောက် အင်တာနက်ပေါ်တွင် ပေါင်စန်းဓါတုစက်ရုံပေါက်ကွဲသည့်အမှုကို ရှာနေစဉ်တွင်၊ တစ်ခါတုန်းက ကြားဖူးခဲ့သည့် ဤစကားများသည် ဦးနှောက်ထဲတွင် အဆက်မပြတ် ပြောင်းလဲကာ ကြားယောင်နေခဲ့သည်။

ထိုအချိန်တုန်းက အင်တာနက်လိုင်းများသည် မတွင်ကျယ်သေးပေ။ သို့သော် ဤမတော်တဆမှု၏ ကျော်ကြားမှုနှင့် ကြောက်စရာကောင်းမှုကိုမူ ဇာတ်ရည်လည်နေနှင့်ပြီးဖြစ်သည်။ အမှန်တော့ ရန်ရိသည် လိုင်းပေါ်တက်ပြီး ရှာရန်မလိုအပ်ပေ။ ထိုနှစ်တုန်းက သူကိုယ်တိုင် အခင်းနေရာကို တွေ့ဖူးပေသည်။ နောက်ပိုင်း တက္ကသိုလ်တက်သည့်အချိန်တုန်းကလည်း ဖြစ်ရပ်မှန်ကို စိစစ်ဖူးပေသည်။ သို့သော် ယခု၌ သူသည် ယခင်က အာရုံမစိုက်ခဲ့ဖူးသည့်ရှု့ထောင့်အား နားလည်ရန်လိုအပ်နေပေသည်။

အချက်လက်တစ်ချို့ကို သေချာသွားပြီးနောက်၊ ရန်ရိသည် ဖုခိုင်အား ဖုန်းဆက်လိုက်ပြီး၊ သန်းခေါင်စာရင်းအား တစ်ချက်ရှာပေးရန် သူ့အား အကူညီတောင်းလိုက်သည်။

ဖုခိုင်၏ပြန်စာသည် ရန်ရိ၏မှန်းဆချက်အား အတည်ပြုပေးလိုက်လေသည်။

လွန်ခဲ့သော 18 နှစ်တုန်းက ပေါက်ကွဲခဲ့သည့် ပေါင်စန်းဓါတုစက်ရုံ ဥက္ကဌကုံးမင်ယွီသည်၊ တကယ်ကို ကုံးရင့်ရှန်၏ဖခင် ဖြစ်နေခဲ့သည်။

ရုတ်တရက်ဆိုသလို၊ " ငါ မီးကို မုန်းတယ် " ဆိုသည့် ထိုစကားကို ထပ်တလဲလဲပြောနေသည့် အသံတစ်သံသည် ရန်ရိ၏ ခေါင်းထဲတွင် ပဲ့တင်သံထပ်နေခဲ့သည်။ ၎င်းသည် ကုံးရင့်ရှန်၏ အေးစက်ကာ ခံ့ညားလှသည့်အသံပင်။ ထိုအချိန်တုန်းက ကုံးရင့်ရှန်သည် သူ့အား တမင်သက်သက် ဒေါသထွက်နေသည်ဟု သူ ထင်ခဲ့မိသည်။ လတ်စသတ်တော့ ထိုရိုရှင်းလှသည့် စာလုံးလေးလုံးအနောက်တွင်၊ ဤကဲ့သို့သော အဖြစ်ဆိုးသည် ပုန်းကွယ်နေခဲ့ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now