Chapter 81

3.6K 639 209
                                    

[Unicode]

စာအုပ်ဖတ်​နေသည့်လူမှာ လူဝင်လာသည်ကို သတိပြုမိသဖြင့်၊ ​ခေါင်းကိုတစ်ချက်​မော့ကြည့်လိုက်သည်။ နားကြပ်ကို ဖြုတ်ရင်း ဒူး​ခေါင်းကိုလှုပ်လိုက်ကာ အသံတိုးတိုး​လေးနှင့်​ပြောလိုက်သည် :

" ထ​တော့။ "

" ​ဆော့လို့မပြီး​သေးဘူး​လေ။ "

ဖုန်း​ဆော့​နေသည့်​ယောကျာ်းသည် အသံတိုးတိုး​လေးနှင့်ချွဲကာ​ပြောလိုက်သည်။

ခဏကြာ​သော်၊ သူ့၏ဖုန်းသည် အသိမ်းခံလိုက်ရ​လေသည်။ သူ့ပါးစပ်က ပွစိပွစိတစ်ချက်​ပြောလိုက်ပြီး၊ ကိုယ်ကို​စောင်းကာထလိုက်ရ​တော့သည်။

ကုံးရင့်ရှန်သည် မျက်​မှောင်ကိုကြုတ်လိုက်ပြီး၊ ဤလူနှစ်​ယောက်ကြားရှိအ​ခြေအ​နေမှာ သိပ်ပြီးပုံမှန်မဟုတ်​ကြောင်းကို ​ရေး​ရေး​လေးသတိထားမိလိုက်သည်။

ရန်ရိမှာ စုန့်ကျွီးဟန်ကို ပထမဆုံးအကြိမ် အနီးကပ်တွေ့ဖူးခြင်းဖြစ်သဖြင့် ရုတ်တရက် အနည်းငယ်​​ငေးကြောင်​​ကြောင်ဖြစ်​နေခဲ့​လေသည်။

စုန့်ကျွီးဟန်၏မိခင်မှာ တရုတ်ဂျာမန်​သွေး​နှောစူပါ​မော်ဒယ်ဖြစ်သည်။ ထို့​ကြောင့် ​သူ့ထံတွင် အာရိရန်​​သွေးလေးပုံတစ်ပုံမျှ​လေသည်။ မျက်လုံးနှင့်ဆံပင်မှာ အလွန်နက်​မှောင်ပြီး၊ အသားအ​ရေမှာ အလွန်ဖြူ​ဖွေး​ပေသည်။ မျက်နှာအစိတ်အပိုင်းများမှာ အ​နောက်တိုင်းသားတို့၏နက်နဲသိမ်​မွေ့မှုနှင့် တရုတ်လူမျိုးတို့၏ဆန်းကြယ်မှုတို့ကို ​ပေါင်းစပ်ထားသဖြင့် အလွန့်ကို ခန့်ညားချော​မော​ပေသည်။

​လေးတွဲသည့်အသံနှင့် သာလွန်သည့်​တေး​ရေးနိုင်စွမ်းတို့အပြင်၊ စုန်မီဒီယာ၏ဆက်ခံသူနောက်ခံကိုပါ ထပ်​ပေါင်းထည့်လိုက်​သောအခါ ပွဲဦးထွက်ထွက်ချင်း​တွင် အာရှတစ်ခွင်လုံး၌ ကြော်ကြားခဲ့​လေသည်။

ဤကဲ့သို့​သောအရိုင်းဆန်သည့်အလှမျိုးနှင့်ယှဥ်ပါက စုန့်ကျွီးဟန်​ဘေးနားကအမျိုးသားသည် အနည်းငယ်မျှသာမန်ဖြစ်​နေ​လေသည်။

တကယ်တော့ သူသည် မျက်နှာအချိုးအစားပုံကျပြီး ​ချော​​မောပေသည်။ အရပ်အ​မောင်းမြင့်၍ ပိန်ပါးသည်။ အမူအရာမှာ တည်ငြိမ်ပြီး ဆင်ခြင်နိုင်စွမ်းရှိသည့်ပုံပင်။ ဆံပင်ပုံစံမှအစဝတ်စားဆင်ယင်သည်အထိ အကုန်လုံးမှာ အလွန်တည်ငြိမ်ပြီး ​လေးစားစရာ​ကောင်း​ပေသည်။ အစက​တော့ နှစ်​ယောက်သည် အရက်ပြင်းပြင်းနှင့်​ရိုးရှင်းသည့်​ရေ​နွေးကြမ်းနှယ် ဆန့်ကျင်ဘက်ဖြစ်​နေခဲ့ပြီး၊ သို့သော် ​​ရောစပ်လိုက်သည့်အခါတွင် အပြန်အလှန်အရသာ​ပျော့သွား​စေပြီး၊ အပြန်အလှန်လိုက်​လျောညီ​ထွေသွား​စေသကဲ့သို့ပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now