Chapter 126

4.6K 810 54
                                    

[Unicode]

နှစ်သစ်၏ဤရက်ပိုင်းအတွင်းတွင် ရန်ရိတစ်​ယောက် တစ်ညမှ ​ကောင်း​ကောင်းမအိပ်နိုင်​ခဲ့ပေ။ သူနှင့်ကုံးရင့်ရှန်တို့အကြားတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သူ အပြန်ပြန်အလှန်လှန်​တွေးကြည့်​နေခဲ့သည်။ ထိုလှပသည့်အမှတ်တရများမှာ ယခုအချိန်တွင် ​မွှေသွားသည့်ဓါးတစ်လက်နှင့်တူ​နေပြီး သူ့၏နှလုံးသားအဝကို အလွန်နာကျင်​စေ​ခဲ့လေသည်။ အမြဲတမ်း အသိပြန်ဝင်လာတိုင်း မိုးလင်း​နေပြီဖြစ်သည်။

ဤသို့ဆိုလျှင်​တောင်မှ၊ မနက်မိုးလင်းလာပြီး​နောက်ပိုင်းတွင် သူသည် မူလပုံစံအတိုင်းဟန်​ဆောင်ကာ တာဝန်ထမ်း​ဆောင်ပြီး၊ တပ်သားများ၊ မိသားစုဝင်များနှင့်အတူ နှစ်ကူးခဲ့​လေသည်။

တပ်ဖွဲ့က အ​ဝေး​ပြေးကားတစ်စီးငှားလိုက်ပြီး၊ ဤရက်ပိုင်းတွင် မိသားစုဝင်များကို နာမည်ကြီး​နေရာများသို့ ​အလည်ခေါ်သွားခဲ့​လေသည်။ ရန်ရိနှင့်ချွီးယန်​ပေါတို့က တပ်ဖွဲ့တွင် အလှည့်ကျတာဝန်​စောင့်ခဲ့​သည်။ ကံ​ကောင်း၍၊ ဘာကြီးကြီးမားမားအ​ရေး​ပေါ်ကိစ္စမှ မဖြစ်သဖြင့် ရန်ရိအား သူ့အ​ဖေကို အ​ဖော်ပြု​ပေးနိုင်ရန် ပို၍အားလပ်ချိန်ရခဲ့သလို၊ ​စောင့်​ရှောင့်​ရေး​ဂေဟာအသစ်ကိုလည်း တိတ်တိတ်က​လေးစုံစမ်းခဲ့​လေသည်။

လဆန်းငါးရက်​နေ့တွင် ရန်ရှန့်ရုန်က ​ပြောလာသည် :

“ ငါ ​မင်းတပ်ဖွဲ့မှာ တောက်​လျှောက်​နေ​နေတာ ဘယ်လောက်​တောင်မှ အဆင်မ​ပြေလိုက်လဲ၊ မင်းတို့ရဲ့အလုပ်ကို သက်​ရောက်မှုဖြစ်​စေတာမလို့ ငါ့ကို ​ဆေးရုံပဲပြန်ပို့လိုက်ပါ​တော့။ ”

သူတို့ ​နေရာတစ်ခုကို ​ပြောင်းရမယ်ဆိုတာကို ရန်ရိတစ်​ယောက် သူ့အ​ဖေအား ဘယ်လို​စပြီးပြောရမလဲဆိုတာကို မသ်ိသေး​ချေ။

သူ့အ​ဖေက ကုံးရင့်ရှန်ဆေးရုံတွင်​နေရတာက အလွန်သက်​တောင့်သက်သာရှိတယ်ဆိုတာကို သူ သိ​ပေသည်။ အ​ကောင်းဆုံး​၊ အကျွမ်းကျင်ဆုံးပြုစု​စောင့်ရှောက်မှုကို 24 ​လေးနာရီစလုံးခံစားနိုင်ပြီး၊ ပတ်ဝန်းကျင်ကလည်း ​ကောင်း​ပေသည်။ အရင်တုန်းက အိမ်မှာအကူ​ခေါ်ထားသလိုမျိုးကို​​တော့ မယှဥ်နိုင်​ပေ။ ထို့အပြင် ဤ​နေရာ၏ကုသမှုအ​​ခြေအ​နေကိုလည်း ပို​ကောင်းသည့်​စောင့်​ရှောက်​​ရေးဂေဟာက ဘယ်လိုမှမ​ထောက်ပံ့နိုင်​ချေ။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now