Chapter 26

5K 756 84
                                    

[Unicode]

ရန်ရိတစ်​ယောက် ကုံးရင့်ရှန်သည် သူ့အား ဆဲ​နေသည်ဟု ရုတ်တရက်ထင်သွားခဲ့သဖြင့်၊ ခဏမျှ ​​ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။

ကုံးရင့်ရှန်က ​​ပြောသည် :

" ​မြေပြင်​ပေါ် မှာ ကျန်ခဲ့ဟာ​တွေက အမှိုက်​တွေဖြစ်လိမ့်မယ်လို့။ "

" ​အော့်၊ ဟုတ်တယ်။ "

ရန်ရိသည် ​ခြေ​ထောက်ဖြင့်ကန်ကြည့်လိုက်သည်။ အ​တော်များများသည် ခွဲခြားရခက်​လောက်​အောင်​လောင်သွားပြီဖြစ်​သော်လည်း၊ သို့​သော် ၄င်းအရာများသည် တကယ်ကို အမှိုက်ဖြစ်​ကြောင်းကို ခွဲခြားနိုင်​ပေသည်။

" ​ကြွေပြား​ပေါ်က အမည်း​ရောင်အမှတ်သား​တွေက အရည်​လောင်တဲ့အချိန်တုန်းက ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကပျက်စီးပြီး ကာဗွန်ထွက်လာတဲ့အမှတ်အသားပဲ။ ဒါ​ပေမဲ့ ဓါတ်ဆီဆို​​တော့ မင်း ​သေချာရဲ့လား ?"

ကုံးရင့်ရှန်သည် နှာ​ခေါင်းကိုရှုံ့ပြီး ရှူကြည့်လိုက်သည်။ ဤ​နေရာတွင် မီး​လောင်သွားသည်မှာ အလွန်ပြင်းသဖြင့် ​လေထုထဲရှိ မီး​လောင်ထားသည့်အနံ့ဆိုးသည် ဓါတ်ဆီဟုတ်မဟုတ်ကို အတည်ပြုရန် အလွန်ခက်ခဲ​​စေပေသည်။

" တကယ်လို့ ဓါတ်ဆီကို အကူပစ္စည်းအဖြစ် နည်းနည်း​လေးပဲသုံးထားတယ်ဆိုရင် အနံ့ရှူကြည့်ရုံ​​လေးနဲ့ မကွဲပြားနိုင်ဘူး။ ငါ အဲ့တုန်းက ဒီ​နေရာနဲ့ အကွာ​​ဝေးတစ်ခု​လောက်မှာရှိ​နေတာ။ ဘာလို့လဲဆို​​​တော့ မီးစ​လောင်တဲ့ဗဟိုက အရမ်းပူလွန်း​တော့ ငါတို့မလာကြဘူးဆို​တော့ ငါလည်း အ​သေချာမ​ပြောရဲဘူး။ "

ရန်ရိ ​အော်​​ပြောလိုက်သည်၊

" ကျန်းဝန်၊ ဘာကိရိယာ​တွေ ယူခဲ့လဲ ?"

ကျန်းဝန်သည် တန်ဆာပလာ​သေတ္တာကို ဖွင့်လိုက်ပြီး :

" ​ခေါင်း​ဆောင်ရန်၊ ကျွန်​တော် Hydrocarbon detector ပဲ ယူလာခဲ့တယ်။ အမျိုးစားကို စစ်လို့မရဘူး။ ကျွန်​တော် ဓါတ်ခွဲခန်းကို နမူနာယူသွားရလိမ့်မယ်။ "

" လာပါ။ "

ရန်ရိသည် ကြမ်းပြင်မှ ကျိုးပဲ့​​နေသည့်​ကြွေပြားတစ်ချပ်ကို ချိုးဖဲ့လိုက်ပြီး လှန်လိုက်သည်။ အရည်သည် စိမ့်ဝင်နိုင်စွမ်းရှိသည့်အတွက် ကြမ်းပြင်နှင့်​ကြွေပြား​အောက်ဘက်တွင် ကျန်ရစ်​နေခဲ့သည့်ထင်ရှားသည့်အမှတ်အသားများထဲသို့ စီးဝင်သွားနိုင်သည်။ အ​ငွေ့ပျံလွယ်သည့်အရည်များမှာမူ မစီးဝင်နိုင်​​​ပေ။ ဥပမာ- Ethanol(အရက်ပြန်)၊ Ether စသည်။ ၄င်းမှာ 4th viewpoint တွင် မီး​လောင်ရသည့်အ​ကြောင်းအရင်းကို စစချင်းတုန်းက သူတို့မသိခဲ့ရသည့်​အ​ကြောင်းအရင်းပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now