Chapter 74

2.9K 533 6
                                    

[Unicode]

ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး၊ ရန်ရိသည် ​ခွေး​ခြေကိုလက်ညှိုးထိုးပြလိုက်သည် :

" ထိုင်။ "

နှစ်​ယောက်သည် အလုပ်စားပွဲအ​ရှေ့တွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး၊ ရန်ရိသည် လီဆာ့အားကြည့်​နေခဲ့သည်။

လီဆာ့၏အကျင့်စရိုက်သည် ပွင့်လင်းကာ လက်သင့်မခံနိုင်စရာမရှိဘဲ၊ ​ယောကျ်ား​လေးစိတ်အနည်းငယ်ရှိ​ပေသည်။ တစ်ဦးတည်း​သောမိန်းက​လေးတစ်​ယောက်အ​နေဖြင့် တပ်ဖွဲ့ထဲသို့ဝင်လာခြင်းကလည်း ဘာသိသာသည့်အ​နှောင့်အယှက်ကိုမှ မကြုံခဲ့ဖူး​ချေ။ ဤတစ်ချက်သည် အ​စောပိုင်းတုန်းက စိတ်ပူပြီးသံသယဖြစ်ခဲ့သည့်ရန်ရိအား မနည်းဘူးစိတ်သက်သာရာရ​စေခဲ့​လေသည်။

သို့​သော် သည်တစ်ဖြစ်ပျက်ခဲ့သည့်ကိစ္စမှာ သူမအ​ပေါ်သက်​ရောက်မှုက မ​သေးမည်ကို စိုးရိမ်မိသည်။

ရန်ရိပါးစပ်ပင်မဟရ​သေး၊ လီဆာ့သည် အရင်ဦး​​အောင်ပြောလိုက်သည် :

" ​ခေါင်း​ဆောင်ရန်၊ နည်းပြ ကျွန်မကို ​​ခေါ်ပြောပြီးပါပြီ။ ကျွန်မလည်း စိတ်​ဖြေပြီးပါပြီ။ တကယ်​တော့ အဲ့လောက်ကြီးပုံကြီးချဲ့​နေစရာမလိုပါဘူး။ ကျွန်မ ဘာမှမဖြစ်ပါဘူး။ "

" မင်းတို့ရဲ့ စိတ်​ရောကိုယ်ပါကျန်းမာ​ရေးကို ဂရုစိုက်​ပေးရမှာက ငါတို့ရဲ့တာဝန်။ ဘာ ' ပုံကြီးချဲ့စရာ ' ရှိတယ်လို့မှ ငါမထင်ပါဘူး။ အဲ့တုန်းကအ​ခြေအ​နေက မင်းကို သွားပြီးစွန့်စားခိုင်းဖို့မသင့်​တော်ဘူး။​နောက်ပိုင်းဖြစ်ခဲ့တဲ့ကိစ္စကလည်း ငါနဲ့နည်းပြကို မင်းအတွက်ကိုအရမ်းစိတ်ပူ​မိစေတယ်။ "

ရန်ရိသည် လီဆာ့အားကြည့်ရင်း၊

" လူ​တွေအကုန်လုံး မင်းရဲ့အ​ခြေအ​နေကမ​ကောင်းဘူးဆိုတာကို သိတယ်။ မင်း ' ဘာမှမဖြစ်ပါဘူး ' ဆိုတဲ့စကားတစ်ခွန်းနဲ့ ငါ့ကိုဝတ်​ကျေတမ်း​ကျေ​ပြောတာမျိုးကို ငါမလိုချင်ဘူး။ "

လီဆာ့သည် ​ခေါင်းကိုငုံ့ထားပြီး၊ မိမိ၏လက်​ချောင်းများကို ​​ဟိုလုပ်ဒီလုပ်လုပ်​နေကာ၊ စကားမ​ပြော​ချေ။

Fight The Fire 《火焰戎装》Myanmar TranslationDonde viven las historias. Descúbrelo ahora