Chapter 75

3.1K 533 69
                                    

[Unicode]

ရန်ရှန့်ရုန်သည် စကားမ​ပြောဘဲ၊ ​ရေတစ်ငုံကိုသာ ဖြည်းဖြည်း​ချင်း​သောက်ချလိုက်သည်။

ရန်ရိစိတ်ထဲတွင် အပြစ်ရှိစိတ်များပြည့်နှက်လာရ​တော့သည်။ သူ့အ​ဖေက ​စောင့်​ရှောက်​ရေး​ဂေဟာကို ဘယ်​လောက်​တောင်မှမသွားချင်သလဲဆိုတာကို သူသိ​ပေသည်။ ​တောင်တစ်လုံးနှယ်ခိုင်မာပြီး အားအင်ပြည့်ဝခဲ့ဖူးသည့်​ဤအမျိုးသားသည် အသက်ကြီးလာ​သည်ဟု ဝန်ခံဖို့ရန် ဘယ်တုန်းကမှဆန္ဒမရှိခဲ့​ချေ။

သို့​သော် ထိုအရူးတစ်အုပ်လုပ်ခဲ့သည်ကိစ္စများကိုမြင်ပြီး​နောက်၊ လုံခြုံ​ဖို့ရန်အတွက် သူသည် ဤဆုံးဖြတ်ချက်ကို မဖြစ်မ​နေချရ​တော့​လေသည်။ သူသည် ခက်ခဲစွာရှင်းပြလိုက်သည် :

" ပြီး​တော့ အ​ဒေါ်ဝမ်ကလည်း ဇာတိပြန်​တော့မှာ။ ကျွန်​တော် ​အေဂျင်စီကို အကူသုံး-​လေး​ယောက်​လောက်ရှာခိုင်းထားတာ၊ အကုန်လုံးကို သိပ်ပြီးဘဝင်မကျ​တော့ အ​​ဖေ့ကို​စောင့်​ရှောက်ဖို့ သင့်​တော်တဲ့လူမရှိမှာကို ကျွန်​​တော်​ကြောက်မိတယ်။ ​စောင့်​ရှောက်​ရေး​ဂေဟာကျ အနည်းဆုံး​တော့ ကျွမ်းကျင် ...... "

" ​ပြောဖို့မလို​တော့ဘူး။ "

ရန်ရှန့်ရုန်သည် တိုးတိုး​လေး​ပြောလိုက်သည်၊

" မင်းစိတ်ပူတာက လက်သင့်ခံနိုင်စရာပါပဲ။ ဒါဆိုလည်း သွားတာ​ပေါ့။ "

ရန်ရိမှာ ပိုပြီးဝမ်းနည်းလာရ​တော့သည် :

" ......အ​ဖေ၊ ​တောင်းပန်ပါတယ်။ "

" ​တောင်းပန်စရာဘာရှိလို့လဲ။ ရဲကလူဆိုးကိုဖမ်းတာကို မီးသတ်သမားကကူညီ​ပေးတာက ကျိန်း​သေ​ဖြစ်သင့်တာပဲ​လေ။ ငါတို့က ​နေ့တိုင်းမီးနဲ့အလုပ်လုပ်​နေရတာ၊ အ​မှောင်ထဲမှာပုန်း​နေတဲ့ အဲ့ဒီကြွက်စုတ်​တွေကို ဘယ်လိုလုပ်​ကြောက်မှာတဲ့လဲ။ "

ရန်ရှန်ရုန်က​ ပြောသည်၊

" ​စောင့်​ရှောက်​ရေး​ဂေဟာသွားဖို့ ငါသ​ဘောတူပါတယ်။ ​ကြောက်တာ​ကြောင့်ရယ်လို့​​တော့မဟုတ်ဘူး၊ မင်းအလုပ်လုပ်နေတဲ့အချိန်မှာ ငါ့ကိုစိတ်ပူ​နေတာမျိုးကို မဖြစ်​စေချင်လို့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now