Chapter 125

5K 824 94
                                    

[Unicode]

ရန်ရိသည် သူ့အ​ဖေအိပ်​ပျော်သွား​တော့မှ ရုံးခန်းသို့ မှုန်မှိုင်းစွာနှင့် ​လျှောက်သွား​တော့သည်။ သူ မီးမဖွင့်ဘဲနှင့် ထိုင်ခုံ​ပေါ်တွင် အကြာကြီးငူငူငိုင်ငိုင်နှင့်ထိုင်​နေခဲ့သည်။

ကစားကွင်းရှိ တပ်သားများ၏ရယ်​မော​ပျော်ရွှင်သံများကို သူ ကြားလိုက်ရ​သည်။ အဘယ့်​ကြောင့်ဆို​သော် သူတို့သည် မီးငြှိမ်းရန်လေ့ကျင့်ရာတွင်သုံးသည့် တာယာအ​ဟောင်းများကိုသုံးပြီး မီးပုံပွဲလုပ်​နေကြခြင်း​ကြောင့်ပင်။ ​ဖျော်ဖြေ​ရေးအခန်းမှ ပျံ့လွင့်လာသည့် ​နွေဦးပွဲ​တော်အကသီချင်းသံများကိုလည်း သူ ကြားရ​သေး​​ပေသည်။ အရာအားလုံးသည် ​ပျော်ရွှင်မှုများ၊ ​နွေး​ထွေးမှုများနှင့်ပြည့်နှက်​နေသည့် ပြန်လည်ဆုံဆည်းမှု​လေးဖြစ်​နေခဲ့သည်။ သူက​တော့မူ မီးမဖွင့်ထားသည့်ရုံးခန်းထဲတွင် တစ်​ယောက်တည်းထိုင်​နေပြီး တစ်ကိုယ်လုံး​အေးစက်​နေသည်ကိုသာ ခံစားမိလေသည်။

ပါရဂူဖန်​ပေ့က သူ့​အ​ဖေကို ပြင်းထန်သည့်အိပ်​မွေ့ချနည်းကို ဘာလို့လုပ်ရတာလဲဆိုတာကို သူ အခိုက်အတန့်​လေးတွင် နားလည်သွား​လေပြီ။ သူတို့ ​ပြောမည်ကြံရာမှ ရပ်လိုက်သည့်အ​ကြောင်းရင်းကိုလည်း နားလည်သွား​လေပြီ။

သူ နားမလည်တာက ကုံးရင့်ရှန်က သူ့အ​ဖေကို တကယ်ပဲ ဘယ်တုန်းကတည်းက စပြီးသံသယဝင်​နေခဲ့တာလဲဆိုတာကိုပင်။ သူ့အ​ဖေကို သံသယဝင်​နေတဲ့အချိန်မှာ​ရော သူ့ကို ဘယ်လိုများမြင်​နေတာလဲ။ ဒီ​လောက်အချိန်​တွေအကြာကြီးကို ကုံးရင့်ရှန်က ဘယ်လိုမျိုးစိတ်​တွေများထား​နေခဲ့တာလဲ။ ​​ခေါင်းခြောက်​အောင်ရှာ​နေရတဲ့ အဲ့နှစ်တုန်းသဲလွန်စအဖြစ် သူ့ကို မြင်​နေတာလား ?

သူ ဝမ်းနည်းလွန်းသဖြင့် ဘာလုပ်ရမှန်းမသိ​တော့​ချေ။

အစက​တော့ ဤ​နေ့သည် အ​ပျော်​ပေါ်အ​ပျော်ထပ်သည့်​နေရက်​လေးတစ်ခုဖြစ်နိုင်ပေသည်။ အကယ်၍ အရာအားလုံးက သူစိတ်ကူးယဥ်ထားသည့်အတိုင်းသာ ဖြစ်ခဲ့မည်ဆိုလျှင် ကုံးရင့်ရှန်သည် သူ့၏ချစ်ခွင့်ပန်ခြင်းကို လက်ခံနိုင်​ပေသည်။ သို့​သော် ယခုတွင်မူ ကုံးရင့်ရှန် သူ့အနားသို့ ချဥ်းကပ်လာရသည့် တကယ့်ရည်ရွယ်ချက်ကို​တောင်မှ သူ စပြီးသံသယဝင်​နေ​လေပြီ။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now