Chapter 112

5.4K 900 90
                                    

[Unicode]

ရန်ရိသည် အလွန်သင်္ကာမကင်းဖြစ်​နေပြီး၊ ကုံးရင့်ရှန်က သူ့ကို ဘယ်စား​သောက်ဆိုင်သို့ ခေါ်သွား​လောက်မလဲဆိုတာကို တစ်လမ်းလုံး​စဥ်းစား​နေခဲ့သည်။ အရမ်းအဆင့်အတန်းမြင့်တဲ့၊ member ဝင်ပြီးမှ ​​တွေ့လို့ရတဲ့​နေရာဖြစ်​လောက်​ရော​ပေါ့ ?

မထင်မှတ်ထားဘဲ hot pot ဆိုင်တစ်ခုသာ ဖြစ်​နေခဲ့သည်။ ကြည့်လိုက်လျှင် အလွန်အဆင့်အတန်းမြင့်မည့်ပုံ​ပေါက်​သော်လည်း၊ သို့သော် အဝင်ဝကဖွင့်ထားပြီး လူဝင်လူထွက်လည်းရှိသဖြင့် သီးသန့်​နေရာမျိုးနှင့် မတူ​ပေ။

ရန်ရိ ရယ်လျက်​ပြောလိုက်သည် :

" တကယ် hot pot စားဖို့ ငါ့​ခေါ်လာတာလား ?"

" အင်း။ "

" ငါစားတာကို မင်းကြည့်​နေမှာလား ?"

" အတူစားမှာ။ "

ရန်ရိတစ်​ယောက် အံ့အားသင့်စွာဖြင့် ​ခေါင်းလှည့်လိုက်ပြီး :

" မင်း hot pot စားနိုင်တယ် ?' Hot ' pot ?"

[ TN : Hot pot ရဲ့ တရုတ်စာလုံးမှာ 'မီး' ဆိုတဲ့စာလုံးပါလို့ RY က ​ဒီလို​ပြောလိုက်တာပါ။ ​အောက်မှာလည်း ပါပါလိမ့်မယ်။ ]

" လျှပ်စစ်နဲ့​လေ။ "

ကုံးရင့်ရှန်သည် ကားကို ​သေချာရပ်လိုက်ပြီး၊ ရန်ရိအား တည်တည်ငြိမ်ငြိမ့်ဖြင့်လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ၊ ငါ တစ်ခါတ​လေ အပြင်မှာ hot pot စားလို့မရဘူးလား။ "

ရန်ရိသည် နှစ်ချက်မျှ​ခြောက်ကပ်စွာရယ်လိုက်ပြီး :

" မင်းက ဒီ​နေရာ​တွေကို ညစ်ပတ်လို့ မကြိုက်ဘူးမလား။ "

" ရဲလုပ်ပြီး​နောက်ပိုင်းမှာ ပိုပြီး​တော့ညစ်ပတ်တဲ့​နေရာ​တွေအများကြီးကို ငါ မသွားမဖြစ်သွားခဲ့ရတယ်။ အကယ်၍ အလိုက်အထိုက်​နေနိုင်မယ်ဆိုရင် ငါ့ကိုယ်တိုင်လည်း ​ကောင်းကျိုးရှိတယ်​လေ။ "

ရန်ရိသည် အလွန်ဝမ်းသာစွာဖြင့် လက်ခုပ်တစ်ချက်တီးလိုက်ပြီး :

" မင်း ဒီလိုမျိုး​တွေးနိုင်တယ်ဆိုရင် တကယ်ကိုသိပ်​ကောင်းတာ​ပေါ့။ ရဲဆိုတာက လူ​တွေနဲ့အဆက်အဆံနည်းနည်းပိုလုပ်ရ​တော့ မင်းရဲ့အလုပ်နဲ့လူမှုဆက်ဆံ​ရေး​တွေကို ပိုပြီး​တော့အကူအညီဖြစ်တယ်။ သွားမယ် သွားမယ် သွားမယ်၊ ငါတို့ hot pot သွားစားကြမယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now