Chapter 105

4.6K 606 34
                                    

[Unicode]

ကုံးရင့်ရှန်၏ကားသည် တပ်ဖွဲ့တံခါးအဝတွင် ဖြည်းဖြည်းချင်းရပ်လိုက်သည်။

ရန်ရိသည် လုံခြုံ​ရေးခါးပတ်ကို အလျင်မလိုစွာဖြင့်ဖြုတ်လိုက်သည်။ နှစ်​ယောက်စလုံး တစ်​ယောက်ကိုတစ်​ယောက်​​ တစ်ချက်စွေပြီးခိုးကြည့်လိုက်ကြ​သော်လည်း ဘယ်သူမှ ပါးစပ်မဟကြ​ချေ။

ကားအတွင်းရှိ တိတ်ဆိတ်မှုက နှစ်​ယောက်စလုံးကို အနည်းငယ်နေရခက်​စေ​ပေသည်။ ရန်ရိက ​ပြောလိုက်သည် :

" ဒါဆို......ငါ တက်သွား​တော့မယ်​နော် ?"

မူလကကဲ့သို့ပင် ကုံးရင့်ရှန်တစ်​ယောက် စကားမ​ပြောချေ။ သို့​သော် တစ်ဖက်တွင်ကျ​နေသည့်လက်က ရန်ရိရင်ဘတ်ထဲတွင်ပိုက်ထားသည့် ကုတ်အင်္ကျီ​၏အနားကို တိတ်တိတ်က​လေးဆွဲထား​လေသည်။

ရန်ရိသည် တံခါးလက်ကိုင်ကို ကိုင်ထားရင်းဖြင့် ထပ်ခါထပ်ခါ​တွေ​ဝေ​နေခဲ့သည်။ ​နောက်ဆုံးတွင် မ​နေနိုင်​တော့သဖြင့် ​မေးလိုက်သည် :

" တက်လာပြီး ​မြောင်​​​မြောင်ကို ကြည့်ဦးမလား ?"

" ကြည့်မယ်။ "

ကုံးရင့်ရှန်တစ်​ယောက် အမြန်ပြန်​ဖြေလိုက်သည်။

ယခုအချိန်တွင် တပ်ဖွဲ့၌ မီးပိတ်ထားရမည့်အချိန်ကို ​ကျော်လွန်သွားပြီဖြစ်သဖြင့်၊ အ​ပေါက်ဝတွင်​ကင်းစောင့်​နေသည့်လူမှလွဲ၍ တစ်လမ်းလုံးတွင် လူတစ်​ယောက်နှင့်မှမဆုံခဲ့​ချေ။ အ​ဆောင်ထဲသို့ဝင်သွား​သော်၊ ဖုန့်ဟွမ်သည် ​လှေကား​အောက်ဖက်မှ ရုတ်တရက်​ပြေးထွက်လာခဲ့​လေသည်။ သူသည် အမြှီးကို ယမ်းပြရင်း၊ နှစ်​ယောက်အား တောက်ပသည့်မျက်ဝန်းအစုံဖြင့်ကြည့်​နေ​လေသည်။

ရန်ရိသည် " ရှူး " ဆိုသည့်သ​င်္ကေတကို လုပ်ပြလိုက်ပြီး :

" ပြန်သွားပြီ အိပ်​။ "

နှစ်​ယောက်သား အ​ပေါ်တက်မည်အပြု၊ ​လှေကား​အောက်ဖက်မှ ​ကြောင်​အော်သံကို ကြားလိုက်ရ​လေသည်။

သူတို့သည် ဖုန့်ဟွမ်၏အိပ်ရာကို ​လှေကား​အောက်ဘက်တွင်ထား​ပေးလိုက်ကြသည်။ ဤရက်ပိုင်းတွင် သူနှင့်​မြောင်​မြောင်တို့မှာ ရင်းနှီး​နေကြပြီဖြစ်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now