Chapter 36

3.9K 704 54
                                    

[Unicode]

" လဲပြီး......မီးရှို့တာ ?"

ရန်ရိ၏မျက်နှာမှာ မယုံကြည်နိုင်သည့်ပုံပင်။

" လူလဲပြီးသတ်တယ်ဆိုတာက၊ နှစ်​ယောက်က သေချာချိန်းချက်ပြီး​တော့ တစ်ဖက်လူကသတ်ချင်တဲ့လူနဲ့အလဲအလှယ်လုပ်ပြီးသတ်လိုက်တာကို​ပြောတာ။ ဒီလိုဆို၊ တစ်အချက်အ​နေနဲ့ဆိုရင် အခင်း​နေရာမှာမရှိ​ကြောင်းကို ​သေ​သေသပ်သပ်နဲ့သက်​သေပြလိုက်သလိုဖြစ်သွားမယ်၊ နှစ်အချက်အ​နေနဲ့ဆို ပြစ်မှုကျူးလွန်ရတဲ့အ​ကြောင်းအရင်းကို ရဲ​တွေက စုံစမ်းရနိုင်ဖို့အရမ်းခက်သွားမယ်။ "

ကုံးရင့်ရှန်သည် ထန်​ဟောက်ချွန်ကို ကြည့်ရင်း၊

" မင်း ​ဆွေးနွေးပွဲမှာရှာ​တွေတဲ့ post က ပြည်တွင်းကလား ?"

ထန်​ဟောက်ချွန်သည် ​ခေါင်းတငြိမ့်ငြိမ့်ညိတ်ပြီး၊ တခြား web page ကို ဖွင့်လိုက်သည် :

" ဒီဟာပဲ။ အင်္ဂလိပ်လိုဆို​ပေမဲ့၊ ဒါ​ပေမဲ့ post ရဲ့ caption မှာ​တော့ ​နေရာကိုရှင်း​အောင်​ရေးထားတတ်ကြတယ်။ ဒီ​မှာရေးထား​နေရာက ထျန်းချီပဲ။ "

" လွန်ခဲ့တဲ့သုံးကလဟာပဲ။ "

ရန်ရိသည် နေ့စွဲ့ကိုကြည့်ရင်း၊

" ဒီလိုပဲလား ?အများစုက မြို့ကိုပဲ​ရေးကြတယ်၊ တခြားဘာမှလည်းမရှိဘူး ?"

" သူတို့က အချက်လက်အများကြီးမ​ဖော်ပြရဲကြဘူး။ ​နေရာကို​ ရေးလိုက်တယ်၊ ဆန္ဒရှိတဲ့လူက လာချိတ်ပြီး​တော့၊ post ပိုင်ရှင်ကို pravite message နဲ့ဆက်သွယ်လိမ့်မယ်။ "

" သူတို့က ဥပ​ဒေဘက်​တော်သား​တွေ ငါးစာချမှာကို မစိုးရိမ်ကြဘူးလား ?"

" ကျွန်​တော် သူတို့ထဲကလူတစ်​ယောက်နဲ့ pravite message ပို့ဖူးတယ်။ သူက ကျွန်​တော့်ကို ​မေးခွန်းအများကြီး​မေးတယ်။ မီးအ​ပေါ်ခံစားချက်၊ ဘာလို့ ဒီကိစ္စကိုလုပ်ရမှာလဲ၊ ဒီ website က ဘယ်သုံးစွဲမှုမှတ်တမ်းတို့၊ ကိုယ်က ရဲမဟုတ်​ကြောင်းကို ဘယ်လိုသက်​သေပြမလဲဆိုတာ​တွေကို ကျွန်​တော်နဲ့အပြန်အလှန်​ပြော​ခဲ့တယ်။ အဲ့တာအပြင် ကျွန်​တော့် ID card ကိုတောင်မှ ပြစေချင်​နေ​သေးတယ်ဆို​တော့၊ ​သေချာ​ပေါက် ကျွန်​တော်က သူ့ကို အဖက်မလုပ်​တော့ဘူး​​ပေါ့။ အဲ့တာနဲ့ သူလည်း ကျွန်​တော့်ကို အဖက်မလုပ်​​တော့ဘူး။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now