Chapter 142

5.6K 654 29
                                    

[Unicode]

“ ဖင်ရှန်းနို့ထွက်ပစ္စည်းစက်ရုံ ၂ က ဧကနှစ်ရာရှိပြီး အဓိကလုပ်တာက နွားနို့၊ ​သောက်စရာ၊ ​ရေခဲမုန့်စတာတွေ။ အလုပ်သမားက နှစ်​ထောင်နီးပါးရှိတယ်။ ဒီတစ်​ခေါက်မီး​လောင်တာက သူတို့ရဲ့အ​အေးဂိုဒေါင်။ ”

ရန်ရိသည် ကျိုအန်းတပ်ဖွဲ့​ခေါင်း​​ဆောင်လျန်​ဝေးက သူ့ကို ပို့ပေးထားသည့်အချက်အလက်များကိုကြည့်ရင်း အ​ခြေအ​နေကို အတိုချုံးတစ်ချက်မိတ်ဆက်​ပေးလိုက်သည်။

“ ​ဖေးလန် သူတို့က ဖင်ရှန်းရုံ ၂ ရဲ့ဘယ်နေရာကို သွား​လေ့လာတာလဲ ?”

ဖင်ရှန်း group ဆိုသည်မှာ ပြည်တွင်းရှိ ထိပ်တန်းနို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများထဲမှတစ် ခုဖြစ်​လေသည်။ သည်တစ်​ခေါက် အလယ်တန်း​ကျောင်းအဖွဲ့ကသွား​လေ့လာသည်က သူတို့အသစ်​​ဆောက်လုပ်ထားသည့်စက်ရုံဖြစ်ကာ၊ 1.2 ဘီလီယံကုန်ကျပြီး၊ တစ်ကမ္ဘာလုံးရှိ အ​ကောင်းဆုံးနည်းပညာနှင့်စက်ပစ္စည်းများရှိသည်ဟု သိရ​သည်။ ဤကဲ့သို့​သောစက်ရုံကြီးများမှာ အ​လေး​ပေး​ကာကွယ်ရမည့်အ​ဆောက်အအုံအဖြစ် နဂိုကတည်းက မီးသတ်ဌာနက တန်းစီထားပြီးသားဖြစ်သည်။

“ ထုတ်လုပ်​ရေးပိုင်းထင်တယ်၊ အ​အေးဂို​ဒေါင်ပါမပါ​တော့ မသိဘူး။ ”

ကုံးရင့်ရှန်၏မျက်နှာအ​ရောင်မှာ အနည်းဖြူဖပ်​နေပြီး၊ အကြည့်ကလည်း ပျံပြီးသာသွားလိုက်ချင်စိတ်ပေါက်​အောင်ကို အ​ရှေ့သို့ တစိုက်မတ်မတ်ကြည့်​နေ​​လေသည်။

Steering wheel ကို အ​သေဆုပ်ကိုင်ထားသည့် ကုံးရင့်ရှန်၏ထိုလက်​ပေါ်သို့ ရန်ရိသည် လက်ကို ဖွဖွ​လေးအုပ်မိုးလိုက်ပြီး :

“ ရင့်ရှန်၊ မင်း ကျိန်း​သေ​ပေါက်စိတ်အေး​အေးထားမှဖြစ်မယ်။ စက်ရုံက မြို့ပြနဲ့​ဝေးတယ်၊ သတ္တုနဲ့လျှပ်စစ်ပစ္စည်း​တွေကလည်း အများကြီးရှိ​နေတာမလို့ ဖုန်းဆက်လို့မဝင်ဘူးဆိုတာက signal မ​ကောင်းလို့ ဖြစ်နိုင်တယ်။ ခုနတုန်းက အဲ့ဒီနယ်မြေတပ်ဖွဲ့​ခေါင်း​ဆောင်က ငါ့ကို​ပြောတယ်၊ အခုက မီးခိုးပဲတက်​သေးပြီး မီးကို မ​တွေ့ရ​သေးဘူး​တဲ့။ ဆို​တော့ မီးပြင်းအားက ထိန်းချုပ်လို့ရ​သေးတဲ့အ​ခြေအ​နေဆိုတာကို သက်​သေပြ​နေတာပဲ။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now