Chapter 106

4.3K 556 19
                                    

[Unicode]

ဤစကားဝိုင်းပြီးသွားသည့်​နောက်တွင် နှစ်​ယောက်စလုံး ပိုပြီး​တော့​တောင်မှအိပ်မ​ပျော်​တော့​ချေ။ ယခုအချိန်သည် အရုဏ်မတက်ခင်အ​မှောင်ဆုံးအချိန်ဖြစ်သဖြင့် သူတို့သည် ​ရောင်နီသန်းလာသည်ကိုသာ တိတ်တိတ်က​လေး​ထိုင်စောင့်​နေနိုင်​တော့သည်။

ပိုင်ချစ်ချန်ကို သူတို့ ဘယ်လိုမျိုးတစ်လှမ်းချင်းတစ်လှမ်းချင်းလိုက်စုံစမ်း​နေ​ကြောင်းကို ကုံးရင့်ရှန်က ရန်ရိကို ပြောပြလိုက်သည်။ နား​ထောင်ကြည့်ရသည်မှာ ဘာ​​ရှော့ရစရာဇာတ်လမ်းမှ မရှိသကဲ့သို့ပင်။ အကုန်လုံးက မ​ရေမတွက်နိုင်သည့်အမှုကိုင်တွယ်သူများနှင့်ပက်သက်​နေပြီး၊ အကန့်အသတ်ရှိသည့်သဲလွန်စများအရ လုံးလုံးလျားလျား ဂရုတစိုက်ရှာ​ဖွေပြီး၊ အပတ်တကုတ် စိစစ်​နေကြခြင်းပင်။

သို့​​သော် ရန်ရိတစ်​ယောက် နား​ထောင်ရသည်မှာ အလွန်ထိတ်လန့်လာ​လေသည်။ သူ့​ခေါင်းထဲတွင် ​ပေါ်လာသည်မှာ ကုံးရင့်ရှန်တစ်​ယောက်ပင်ပန်းလွန်းသဖြင့် မျက်ကွင်းနှစ်ဖက်စလုံးညိုမဲ​နေပြီး၊ မျက်လုံးအိမ်ထဲတွင် ​​​သွေးအ​ရောင်များနှင့်ပြည့်နှက်​နေသည့်ပုံစံပင်။ ​နေ့တိုင်းလိုလို၏ တိုးတက်မှုနည်းနည်း​လေးမှတစ်ဆင့် များပြားလှသည့်လူပင်လယ်ထဲမှ သံသယလူတစ်​ယောက်ကို အတည်ပြုနိုင်သည်အထိ၊ ကုံးရင့်ရှန်၏ထိုလုပ်​ဖော်ကိုင်ဖက်ရဲသားများသည် ​နေ့ရောညပါမနားဘဲ အလုပ်များ​နေကြတာများလား။

စကား​ပြော​နေစဥ်တွင်၊ ကုံးရင့်ရှန်သည် မထင်မှတ်ဘဲ ပြတင်း​ပေါက်အပြင်ဘက်သို့ ရုတ်တရက်ကြည့်ကြည့်လိုက်သည်။

ရန်ရိ ​ခေါင်းတစ်ချက်လှည့်ကြည့်လိုက်​သောအခါ၊ ​ကောင်းကင်ယံအထက်တွင် အဖြူ​ရောင်အ​မွေး​အဖတ်သေး​သ​လေးများသည် တဝှီးဝှီးနှင့်ကျဆင်း​နေ​လေသည်။ အ​မှောင်ထုထဲတွင် အလင်း​ရောင်ထွက်နိုင်သည့်မှင်စာက​လေးများနှယ် တိတ်ဆိတ်ပြီးနူးညံ့​ပေသည်။ သူ ရေရွတ်ကာပြောလိုက်သည် :

" နှင်းကျပြီ။ "

၄င်းသည် မြို့တွင်း၌ကျသည့် ယခုနှစ်၏ပထမဆုံးနှင်းဖြစ်​သည်။ ​ဆောင်းရာသီမှာ မကြာခင်တွင် ကုန်ဆုံးတော့မည်ဖြစ်​သော်လည်း ၄င်းသည် အနည်းငယ်​နောက်ကျမှ ရောက်လာခဲ့​လေသည်။ သို့သော် လူကို​တော့ အံ့အားသင့်မြဲသင်​စေဆဲပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now