Chapter 12 + 12.2

5.1K 779 47
                                    

[Unicode]

စိတ်တည်ငြိမ်သွားပြီးသည့်နောက်တွင်၊ ရန်ရိသည် နံရိုး၊ ခြေကျင်းဝတ်နှင့် လက်ဖဝါးနှစ်ဖက်ရှိ ပွန်းပဲ့ဒဏ်ရာတို့မှ နာကျင်မှုကို တဖြည်းဖြည်း ခံစားမိလာသည်။

သို့သော် သူသည် အသံမထွက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကုံးရင့်ရှန်၏လက်မောင်းမှ သွေးများစီးကျနေသည်ကို ရှင်းလင်းစွာ မြင်နေရသောကြောင့် ဖြစ်သည်။ တစ်စက်၊ တစ်စက်နှင့်၊ ခုနလေးတင်မှ လဲထားသည့် ဘောင်းဘီအသန့်ပေါ်သို့ စီးကျနေခဲ့သည်။ ကုံးရင့်ရှန်မျက်နှာမှာမူ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေဆဲ။

ရန်ရိသည် မနေနိုင်တော့သဖြင့် :

" မင်း ကားမောင်းနိုင်သေးရဲ့လား ?မဟုတ်လဲ ငါ မောင်းပေးမယ်လေ။ "

ကုံးရင့်ရှန်သည် စကားမပြောပေ။

" အနီးနားက ဆေးရုံကို သွားပြီး ကုလိုက်ရင်ရော။ မင်း ရှေ့ရက်လေးတင်တုန်းကပဲ ဆေးရုံကို သွားပြီးပြီမလား၊ ကောင်းကောင်းနေနိုင်ခဲ့တာပဲလေ။ ကိုယ့်ဘာသာမကုလို့ မရဘူးလား။ "

ကုံးရင့်ရှန်သည် တိတ်ဆိတ်နေဆဲပင်။

ရန်ရိသည် အသံကို တမင်တကာ မြှင့်လိုက်ပြီး :

" မင်းရဲ့ကားထဲမှာ ဒီလောက် ရှုပ်ယှက်ခတ်နေတဲ့ ပစ္စည်းပစ္စယတွေ အများကြီးထားထားတာ၊ အရေးပေါ်သေတ္တာလေးတစ်ခုတောင် မထားထားတတ်ဘူးလား ?"

ကုံးရင့်ရှန်သည် သူ့အား မျက်လုံးတစ်ချက်စောင်းကြည့်လိုက်သည် :

" ငါ့ကားပေါ်မှာ အရေးပေါ်သေတ္တာရှိတယ်။ ငါ့ဘာသာငါကုမယ်လို့လည်း ငါ ပြောထားတယ်။ နောက်ပြီး ငါ့ရဲ့အထက်လူကြီးနဲ့ တိုင်မယ်ဆိုပြီး မင်းက ငါ့ကို ခြိမ်းခြောက်တယ်။ မင်းမှတ်ဉာဏ်က ဒီလောက်တောင်ပဲဆိုးဝါးရလား ?"

ရန်ရိသည် စိတ်တိုလာသည် :

" ငါက မင်း ကောင်းဖို့အတွက်လေ။ မင်း အရေးပေါ်သေတ္တာလေးတစ်ခုသုံးပြီး ဘာကုနိုင်မှာမလို့လဲ ?ပလတ်စတာကပ်မှာလား ?မင်း အနာကို သန့်စင်ရမယ်၊ ပိုးသတ်ရမယ်၊ ချုပ်တာဘေးကင်းဖို့အတွက် ပိုးသတ်ထားတဲ့အပ်နဲ့ ချုပ်ရဦးမယ်။ ဒါတွေက ကျိန်းသေ ကျွမ်းကျင်တဲ့ဆရာဝန်က ကုပေးမှ ရမှာလေ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now