Chapter 6

5.7K 895 16
                                    

[Unicode]

ရန်ရိသည် ကောင်းကောင်းအပန်းဖြေရန် စီစဉ်ထားသဖြင့် ခွင့်ရက်တို သုံးရက်ယူလိုက်သည်။

အိမ်သို့ ပြန်ရောက်သောအခါ၊ မီးတပ်တပ်ဖွဲ့၏ နေ့စဉ်ဝတ် ဝတ်စုံကို အရင်ချွတ်လိုက်ပြီး၊ Cowboy T-shirt နှင့်လဲဝတ်လိုက်သည်။ Supermarket ဆီသို့ ကားမောင်းသွားပြီး၊ သူ့အဖေ ကြိုက်တတ်သည့်စားစရာများနှင့် နေ့စဉ်သုံးပစ္စည်းများကိုပါ တစ်ပါတည်း ဝယ်ယူခဲ့လိုက်သည်။

ပြန်လာသည့်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်ဖြစ်သဖြင့်၊ တစ်ဖက်က ကားကို ရှေ့သို့ တစ်ရွေ့ရွေ့မောင်းရင်း၊ တစ်ဖက်က ဖုန်းခေါ်လေသည်။

ဖုန်းသည် အကြာကြီးမြည်ပြီးမှ ဝင်သွားခဲ့သည်၊ တစ်ဖက်မှ အိပ်ချင်မူးတူးလေသံဖြင့် ပြန်ထူးလာသည်။

" Hello. "

ရန်ရိသည် ရယ်လျက် :

" သောက်တာ များသွားပြန်ပြီလား?"

" အာ......ဘယ်နှနာရီရှိပြီလဲ......"

ထိုဘက်မှ စကားပြောသံမှာ ရပ်သွားပြီး၊

" ဒီလောက် မနက်အစောကြီး သူများကို ဖုန်းဆက်တဲ့လူ ဘယ်မှာရှိလို့လဲဟ။ "

လေယူလေသိမ်းမှာ အလိုလိုက်ခံရသည့်ကလေးတစ်ယောက် စိတ်ကောက်ဆိုးသွမ်းနေသကဲ့သို့ပင်။

" ဆယ်နာရီဖြင့် ထိုးတော့မယ် မနက်အစောကြီးလုပ်နေသေးတယ်။ "

" ငါ့ကို မင်းလိုများ မှတ်နေတာလား၊ နေ့တိုင်း မနက်ခြောက်နာရီဆို training ဆင်းရတာ။ "

ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်နေသဖြင့် မွေ့ယာအိပ်ရာခင်းရှပ်တိုက်သံများမှာ ဖုန်းထဲသို့ ဝင်လာခဲ့သည်၊။

" ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါ့ဆီ ဖုန်းဆက်ရတာလဲ၊ ငါ့လွမ်းလို့လား?"

" အင်း၊ မင်းကို လွမ်းလို့၊ ထျန်းချီမှာလား ?"

" တိုက်ဆိုင်လိုက်တာ၊ ငါလည်း ခုနကမှ ရိုက်ကူးရေးပြီးလို့ ပြန်လာတာ။ "

ရန်ရိသည် ရယ်လျက် :

" မနက်ဖြန် မင်းကို ဝယ်တိုက်မယ် ဘယ်လိုလဲ ?"

Fight The Fire 《火焰戎装》Myanmar TranslationDär berättelser lever. Upptäck nu